ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 686 ဟောင်းနွမ်းနေသော ရတနာသေတ္တာ
” သူတို့က အဖော်တစ်ကောင်ကို ဆင့်ခေါ်တာလား …”
ရှီဖုန်းသည် အရှင့်အဆင့် ဦးချိုတစ်ချောင်းခြင်္သေ့ဘုရင်ကို မြင်သောအခါ မျက်မှောင်ကြုတ်မိသွား၏။
ကမ္ဘာ့ထပ်သီးရှိ မွန်းစတားများက ကြယ်လတိုင်းပြည်တွင် တွေ့နေကျမွန်းစတားများနှင့် ပိုသန်မာနေပြီ ဖြစ်ပြီ ဖြစ်သည်။ ပတ်ဝန်းကျင်သက်ရောက်မှုအပြင် ထိုမွန်းစတားများကို ဖြေရှင်းရခြင်းက အတော်လေး စိန်ခေါ်မှုများ၏။
လက်ရှိနတ်ဘုရားနယ်မြေထဲတွင် အဆင့် (၄၅) အရှင်အဆင့် ချိုတစ်ချောင်းခြင်္သေ့ဘုရင်ကို တစ်ကိုယ်တော်ဖြေရှင်းနိုင်သည့် ကစားသမားတစ်ဦးတောင် ပေါ်ထွက်မလာသေးပေ။ ရှီဖုန်းက ရှေးစစ်တော်နှစ်ဆကို အသက်သွင်းခဲ့လျှင်တောင် အဆင့် (၄၅) အရှင်ကို အနိုင်ယူရန် မျှော်လင့်ချက်မရှိပေ။ ၎င်း၏ HP လေးသန်းအပြင် ရှီဖုန်းကလည်း ဘော့စ်စကေးများအကြောင်း အချက်အလက်လည်း မရထား။ ၎င်းက နောက်ထပ်အရှင်ကို ဆင့်ခေါ်လိုက်လျှင် သူလွတ်မြောက်ရန်တောင် ခက်ခဲသွားမှာ ဖြစ်၏။
ချိုတစ်ချောင်းခြင်္သေ့ဘုရင်က ရှီဖုန်းကို သူ့အခြေအနေအား တွေးတောနေခွင့်မပေးပေ။ ၎င်း၏ ကြီးမားသည့် ခြေထောက်တစ်ဖက်ကိုမြောက်ပြီးနောက် ခြင်္သေ့ဘုရင်က ပုံရိပ်ယောင်အဖြစ် ရုတ်တရက်အသွင်ပြောင်းကာ ရှီဖုန်းဆီ လေပြင်းတစ်ချက်နယ် ခုန်ဝင်လာ၏။ ၎င်း၏ အရှိန်က ရှီဖုန်းလေလျှောက်လှမ်းခြင်းကို အသက်သွင်းသည့်အချိန်နှင့်တောင် ယှဉ်နိုင်ပေ၏။ ၎င်းက ခြင်္သေဘုရင်ကို ကိုက်နှစ်ဆယ်ကျော်အကွာ ဖြတ်ကျော်နိုင်ရန် တခဏသာ အချိန်ယူလိုက်ရ၏။ ရှေ့လက်သည်းများက လေကိုကွဲထွက်သွားစေ၏။
” များလိုက်တဲ့ အဖျက်စွမ်းအား …”
ရှီဖုန်းသည် အသူရာနှောင်ကြိုးကို ချက်ချင်းအသုံးလိုက်ပြီး ဂရုမစိုက်ပဲ မနေရဲပေ။ အသူရာဓားသွားသည် ဆင့်ကဲဖြစ်စဉ်ပြောင်းလဲပြီးနောက် ၎င်း၏ စကေးအားလုံးသည် အလွှာတစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အရှင်အဆင့် မွန်းစတားတစ်ကောင်က အလွှာနှစ်အမျိုးအစားနှင့် ညီမျှပေသည်။ အလွှာတစ်ခုကွာခြားရုံဖြင့် အသူရာနှောင်ကြိုးက ၎င်း၏ သက်ရောက်မှုအပေါ် ကွာဟချက်ကြီးကြီးမားမာ ရှိနေနိုင်၏။
ရှီ … ရှီ … ရှီ …
ပါးလွှာသည့် လေထုထဲ၌ အနက်ရောင်ချိန်းကြိုး ဆယ့်နှစ်ကြိုးက ရုပ်ချည်းပေါ်ထွက်လာပြီး ချိုတစ်ချောင်းခြင်္သေ့ဘုရင်၏ ခြေလက်များကို ချက်ချင်းချီနှောင်လိုက်ကာ ၎င်းကို မလှုပ်ရှားနိုင်အောင် ဟန့်တားထား၏။ ခြင်္သေ့ဘုရင်က ဒေါသတကြီး ဟိန်းဟောက်ပြီး ချီထားသည့် ချိန်းကြိုးများထဲမှ ရုန်းကန်နေ၏။ ရှီဖုန်းက အသူရာဓားသွား အဆင့်မတက်ခင် တိုက်ခိုက်ခဲ့ပါက ဦးချိုတစ်ချောင်းခြင်္သေ့ဘုရင်သည် အသူရာနှောင်ကြိုးထံမှ အလွယ်တကူရုန်းနိုင်မှာ ဖြစ်သည်။ သို့သော် ၎င်း၏ ခွန်အား မည်မျှရှိစေကာမူ တစ်လက်မတောင် မလှုပ်နိုင်ချေ။ အလွန်ဆုံးဖြစ်စေသည်က ချိန်းကြိုးများကို အနည်းငယ်လှုပ်သွားစေတာပဲ ဖြစ်သည်။ ချိန်းကြိုးများက ပြိုကွဲသည့် လက္ခဏာပြနေသော်ငြား ၎င်းတို့ တစ်စဆီ မပြိုကွဲခင် အချိန်အတိုင်းအတာတစ်ခုအထိ ခံနိုင်အုံးမှာ ဖြစ်သည်။
” နောက်ဆုံးတော့ ငါ အသူရာနှောင်ကြိုးကို ထပ်အသုံးပြုနိုင်ပြီ …”
ရှီဖုန်းသည် ထိုရလဒ်ကြောင့် အတော်လေးကျေနပ်နေမိ၏။ မွန်းစတားတစ်ကောင်က ပိုသန်မာလေ အသူရာနှောင်းကြိုး၏ အာနိသင်က ပိုအားနည်းလာလေ ဖြစ်၏။ ထို့ကြောင့် တိုက်ပွဲထဲတွင် အသူရာနှောင်ကြိုးကို အသုံးပြုတာ ရှားတယ်။ သို့သော် ၎င်း၏ စကေးက အသုံးဝင်သောကြောင့် သူသည် အစွမ်းထက်သည့်မွန်းစတားများကို ရင်ဆိုင်တိုက်ခိုက်ရန် နောက်ထပ်ကတ်တစ်ကတ် ရှိသွားပြီ ဖြစ်၏။ သို့သော် ရှီဖုန်းက ကြာကြာမနေရဲဘဲ လေလျှောက်လှမ်းခြင်းကို အသက်သွင်းပြီး ပြန်ပြေးသွား၏။
အစက အသူရာနှောင်ကြိုးသည် ပစ်မှတ်ကို လှုပ်ရှားခြင်းမှ လေးစက္ကန့်သာ ဟန့်တားနိုင်မှာ ဖြစ်သည်။ ဦးချိုတစ်ချောင်းခြင်္သေ့ဘုရင်ကို ရင်ဆိုင်ရာတွင် စကေးက နှစ်စက္ကန့်တာ ခံလျှင် သူကံကောင်းမှာ ဖြစ်သည်။ ၎င်းကို သင့်တော်စွာထုတ်ဖော်လျှင် သူနှင့် နှင်းခြင်္သေ့ကြားထဲ၌ အကွာအဝေးတစ်ချို့ ရှိသွားမှာ ဖြစ်၏။
လုံလောက်သွားချေပြီ။ ရှီဖုန်းက အသူရာနှောင်ကြိးကို အသက်သွင်းပြီး နှစ်စက္ကန့်အကြာ၌ ဦးချိုတစ်ချောင်းခြင်္သေ့ဘုရင်သည် ထိန်းချုပ်ထားမှုမှ လွတ်မြောက်သွားသည်။ တုံ့ဆိုင်းမနေဘဲ ခြင်္သေ့သည် ၎င်း၏ သားကောင်နောက်သို့ လိုက်ပေ၏။ ထိုနည်းဖြင့် လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် နှင်းတောအုပ်ထဲ ဖြတ်ပြေးနေတော့သည်။
ရှီဖုန်းသည် သူထွက်ပြေးနေစဉ် အတောအတွင်း မွန်းစတားများစွာ၏ အာရုံစိုက်မှုကို ရခဲ့သော်လည်း သူတို့ကို သူ့အရှိန်ဖြင့် အလွယ်လေးဖယ်ချနိုင်ခဲ့သည်။ သူခါမချနိုင်သည့် တစ်ကောင်တည်းသော မွန်းစတားက ချိုတစ်ချောင်းခြင်္သေ့ဘုရင် ဖြစ်ပေသည်။ ကံကောင်းသည်မှာ ခြင်္သေ့ဘုရင်က အရှိန်အမျိုးအစား အရှင်မဟုတ်ပေ။ လေလျှောက်လမ်းခြင်းကို အသက်သွင်းပြီးနောက် ရှီဖုန်း၏ အရှိန်သည် ခြင်္သေ့ဘုရင်၏ အရှိန်နှင့် အကြမ်းမျဉ်းတူသွားပြီ ဖြစ်၏။ ထို့ကြောင့် ခြင်္သေ့ဘုရင်သည် နှစ်စက္ကန့်တာ ကွာနေသည့် အတောအတွင်း အကွာအဝေးနီးကပ်လာအောင် မပြုလုပ်နိုင်ပေ။
ထိုအတိုင်း ဆက်ပြေးနေ၍ မဖြစ်ချေ။ သူသည် ပျံနိုင်သည့်မွန်းစတားကို မတွေ့သေးပေ။ ထို့ကြောင့် လေလျှောက်လှမ်းခြင်းကို အသုံးပြုသင့်ပေ၏။ ရှီဖုန်းက ထွက်ပြေးနေစဉ် လေထဲရှိလှုပ်ရှားမှုကို ရှာဖွေလိုက်၏်
ပျံသန်းနိုင်သည့် အရည်အချင်းရှိခြင်းက မွန်းစတားများကြားထဲတွင် တစ်ပန်းသာတာ ဖြစ်သည်။ သို့သော် ကစားသမားများက ပိုမြင့်သည့်အဆင့်သို့ရောက်လေ ပျံသန်းနိုင်သည့်မွန်းစတားများ ပါဝင်သည့် အဆင့်မြင့်မြေပုံများလည်း ပေါ်လာလေ ဖြစ်သည်။ ကစားသမားများက ထိုကဲ့သို့ မွန်းစတားတစ်ကောင်နှင့် ရင်ဆိုင်ရလျှင် ထွက်ပြေးခြင်းက ရွေးချယ်မှုတစ်ခု မဟုတ်တော့ပေ။ သူတို့သည် ပျံသန်းနိုင်သည့် မွန်းစတားကို အနိုင်ယူနိုင်လျှင်အနိုင်ယူ မဟုတ်လျှင် မွန်းစတားက သူတို့အသက်ကို ယူသွားမှာ ဖြစ်၏။ ပျံနိုင်သည့် မွန်းစတားတစ်ကောင်ထံမှ လွတ်မြောက်ခြင်းက ဆန်းကျယ်မှုတစ်ခုသာ ဖြစ်ပေသည်။
ကမ္ဘာ့ထိပ်သီးက ကျွမ်းကျင်သူများသာ စိန်ခေါ်နိုင်သည့် ဧရိယာတစ်ခုအဖြစ် လူသိများသည်။ ဤနေရာ၏ အဆင့်နိမ့်ဒေသတွင်တောင် ရှင်သန်ရန်ခက်ခဲကြောင်း ရှာတွေ့နိုင်ပေသည်။ ကံကောင်းသည်မှာ ရှီဖုန်းတွင်လည်း အကျော်ဇေယျခုနှစ်ပါးလက်စွပ် ရှိနေ၏။ သူ့ကိုသူ ထွက်ပြေးရာ၌ အလွန်တော်သည့် လူတစ်ဦးအဖြစ် တွေးထားနိုင်သေးသည်။
သို့သော် ရှီဖုန်းက သူ၏ စကေးများကို ကမ္ဘာ့ထိပ်သီး၌ အရမ်းမဲ့အသုံးမပြုရဲပေ။ တစ်ချက်မှားသွားပါက သသေသွားနိုင်သောကြောင့် ဖြစ်၏။
ကောင်းကင်ထက်တွင် သူ့ကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ရှီဖုန်းသည် လေစီးနင်းခြင်းကို အသက်သွင်းပြီးနောက် ကောင်းကင်ထဲသို့ တက်သွား၏။ ချိုတစ်ချောင်းခြင်္သေ့ဘုရင်က ဒေါသတကြီးဟိန်းဟောက်ပြီး ၎င်း၏ သားကောင် လွတ်မြောက်သွားတာကို ကြည့်နေရ၏။
ရှီဖုန်းက အဆင့် (၃၂) သာ ရှိသေးသော်လည်း လေစီးနင်းခြင်းက သူ့ကို အဆင့် (၄၅) အရှင်ထက်တောင် လှုပ်ရှားမှုအရှိန် (၂၂၀) ရာခိုင်နှုန်းတိုးစေ၏။
ဓာတ်အမြုတေပေါ်တွင် မှတ်သားထားသည့် တည်နေရာက စောလမွန်း၏ ရတနာသည် ဇိုဂါးတောင်၏ အတွင်းပိုင်းဒေသတွင်ရှိကြောင်း ပြသနေ၏။ လေစီးနင်းခြင်းအာနိသင်ကို အသာစီးယူပြီးနောက် ရှီဖုန်းသည် မြေပုံ၏ အလယ်ဗဟိုသို့ သွားလိုက်သည်။
လေစီးနင်းခြင်းက (၂၄) စက္ကန့်သာ အသုံးပြုနိုင်သော်လည်း ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန်က နှစ်မိနစ် ဖြစ်သည်။ ရှီဖုန်းသည် သူပျံသန်းနေစဉ် အတောတွင်း ရပ်တန့်ရန် ဖိအားပေးခံရ၏။ ရှီဖုန်းက ခြေကျင်လျှောက်ရန် သတ္တိမရှိပေ။
လေထဲတွင် (၂၄) စက္ကန့်ကြာပြီးနောက် သူသည် အနည်းဆုံးအရှင်အဆင့် မွန်းစတားသုံးကောင်ကို ရှာတွေ့ခဲ့ရပြီ ဖြစ်သည်။ ထို့အပြင် နှင်းတောအုပ်တစ်ဝိုက်တွင် မျိုးနွယ်စုအကြီးအကဲများနှင့် လက်ရွေးစဉ် မွန်းစတားများက လှည့်လည်သွားလာ၏။ သူက ခွဲထွက်ခြင်းစာလိပ်တစ်ခုကို အသုံးပြုခဲ့လျှင်တောင် ထိုမျှများပြားပြီး အစွမ်းထက်သည့် မွန်းစတားများ ရှာတွေ့ခံရခြင်းမှ လွတ်မြောက်ရန်မဖြစ်နိုင်ပေ။
တစ်နာရီကျော်ခန့် ပျံသန်းပြီးနောက် ဇိုဂါးတောင်၏ တောင်ခြေသို့ ရောက်လာခဲ့သည်။
” ငါ ကံကောင်းလို့ ဒီအထိ ပျံလာနိုင်ခဲ့ပြီ …။ မဟုတ်ရင် ငါတော့ ဒီနေရာမှာ တကယ် အသက်ရှင်နိုင်မှာ မဟုတ်ဘူး …”
ရှီဖုန်းသည် တောင်ခြေရှိ နှင်းတောအုပ်ကို ကြည့်ပြီးနောက် စိတ်ထဲအောင်ပွဲမခံဘဲ မနေနိုင်ပေ။ သူ ဤသို့လာတဲ့လမ်းတွင် အရှင်အပြင် ရှီဖုန်းက အဆင့် (၅၀) အရှင်တစ်ပါးကိုတောင် တွေ့ခဲ့သည်။
ရှီဖုန်း၏ လက်ရှိ စံသတ်မှတ်ချက်ဖြင့် မပျံသန်းဘဲ သူက မဟာအရှင်ထံမှ မလွတ်မြောက်နိုင်ပေ။
တောင်ခြေသို့ ရောက်ပြီးနောက် ရှီဖုန်းသည် လေစီးနင်းခြင်းကို အသုံးမပြုတော့ဘဲ တောင်ပေါ်သို့ သူ့ဘာသာသူတက်ခဲ့၏။
တောင်ထိပ်သည့် ပျံသန်းခြင်းအမျိုးအစားများ၏ နယ်မြေဖြစ်သည်။ သူသာ ထိုမွန်းစတားများ၏ တစ်ကောင်ထံ၌ အာရုံစိုက်မှုကို ရခဲ့လျှင် သူပြဿနာကြီးတက်မှာပင်။
ပြီးနောက် ရှီဖုန်းသည် သီးခြားစာလိပ်တစ်ခုကို အသုံးပြုလိုက်ပြီး တောင်တန်းတစ်လျှောက် ကျောက်ခြေနင်းများကို ဂရုတစိုက် တက်လိုက်၏။
ဇိုဂါးတောင်၏ နှလုံးသားသို့ ရောက်ရှိပြီးနောက် သူကြုံတွေ့ခဲ့ရသည့် မွန်းစတားများက အနိမ့်ဆုံးအဆင့် (၅၀) တွင် ရှိသည်။ ရှီဖုန်းက အဆင့် (၃၂) မျှသာ ရှိ၏။ အဆင့် ကွာဟချက်ကြီးမားလွန်းသောကြောင့် မွန်းစတားများက ခပ်ဝေးဝေးထဲက သူတည်ရှိမှုကို အလွယ်တကူ အာရုံခံနိုင်၏။ သူသည် သီးခြားစာလိပ်တစ်ခုဖြင့် သူ၏ တည်ရှိမှုကို လျော့ချနိုင်သော်လည်း ရှာတွေ့ခံရမှာကို ရှောင်ရှားချင်ပါက သူသည် ထိုမွန်းစတားများနှင့် ကိုက်ရှစ်ဆယ်အကွာတွင် ရှိနေရအုံးမှာ ဖြစ်သည်။ ကံကောင်းသည်မှာ ထိုအကွာအဝေးက သူ့အမြင်အတွင်း ရှိနေသေးသောကြောင့် အလွယ်တကူပုန်းနိုင်ပေ၏။
ဇိုဂါးတောင်သို့ တက်သည့်လမ်းကြောင်းက အင်မတန်ကျဉ်းမြောင်းကာ မက်စောက်သည့် ကျောက်ထရံများ ရှိနေသည်။ ၎င်းက တောင်ပေါ်သို့တက်ရန်အတွက် အင်မတန်ခက်ခဲရုံသာမက ကျောက်လူဝံများကလည်း အုပ်စုဖွဲ့ပြီး လမ်းကြောင်းအတွင်း ကင်းလှည့်သွားလာနေကြသည်။ ကံဆိုးသည်မှာ တောင်ပေါ်သွားရန် လမ်းကြောင်းတစ်ခုသာ ရှိပေ၏။
[ကျောက်လူဝံ] (ဓာတ်ကြီးလေးပါးသတ္တဝါ/ လက်ရွေးစဉ်အဆင့်)
အဆင့် (၅၀)
HP (၃ သိန်း/၃ သိန်း)
ကျောက်လူဝံများက ရှီဖုန်းကို ကိုယ်တိုင်တော့ မခြိမ်းခြောက်နိုင်တော့။ အမှန်တကယ်တွင် မျိုးနွယ်စုအကြီးအကဲ ကျောက်လူဝံသုံးကောင်၊ လေးကောင်ကို တစ်ဆက်ထဲ အလွယ်တကူ ဖြေရှင်းနိုင်၏။ သို့သော် ကျောက်လူဝံအစောင့်က အဖွဲ့ထဲတွင် ပါလာသောအခါ အခြေအနေက ကွဲပြားခြားနားသွားပြီ ဖြစ်သည်။
[ကျောက်လူဝံအစောင့်] (ဓာတ်ကြီးလေးပါးသတ္တဝါ/ မျိုးနွယ်စုအကြီးအကဲအဆင့်)
အဆင့် (၅၀)
HP (၂၈ သိန်း/ ၂၈ သိန်း)
တောင်ပေါ်သို့ သွားသည့်လမ်းထဲတွင် ကျောက်လူဝံများကို ရှောင်ရှားနိုင်ရန်အတွက် ရှီဖုန်းက မက်စောက်သည့် ကျောက်ထရံပေါ်ရှိ ဂူအသေးလေးတစ်ခုတွင် ကမန်းကတမ်း ပုန်းလိုက်ရ၏။
” အိုး လျှို့ဝှက်ငွေရတနာ သေတ္တာတစ်လုံးပါလား …”
ရှီဖုန်း၏ မျက်လုံးက လပ်သွားသည်။
ဂူလေးက အခန်းတစ်ခန်း အရွယ်အစားခန့်သာ ရှိသည်။ ဟောင်းနွမ်းနေသည့် ရတနာသေတ္တာတစ်လုံးက ဂူ၏ အနက်ဆုံးအပိုင်းတွင် တည်ရှိနေပြီး ငွေရောင်ပြပြက ပေါ်ထွက်နေကာ ကျောက်စင်မြင့်ထက်တွင် ရှိနေ၏။
နတ်ဘုရားနယ်မြေထဲတွင် သာမန်ရတနာသေတ္တာကတောင် မြင်ရန်ရှားပါးလွန်း၏။ လျှို့ဝှက်ငွေအဆင့်ဆိုလျှင် ပြောနေရန်မလိုတော့ချေ။
လျှို့ဝှက်ငွေ ရတနာသေတ္တာတစ်လုံးထံမှ ရနိုင်သည့်အိုင်တမ်က အရှင်အဆင့်ဘော့စ်ထံမှ ကျသည့်အရာများထက်တောင် ပိုကောင်း၏။ သူသည် ကံကောင်းထောက်မပြီး ဇိုဂါးတောင်သို့ ရောက်ပြီးနောက် ကံစကောင်းလာပြီး ဖြစ်သည်။ သို့သော် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရှီဖုန်းက ဂူအတွင်းပိုင်းရှိ ထောင်ချောက်များကို ရှာဖွေရန် မလုံးစုံသိမြင် မျက်လုံးကို အသုံးပြုလိုက်၏။
အတိတ်တုန်းက မရေမတွက်နိုင်သည့် ကစားသမားများသည် ရတနာသေတ္တာကို ရှာဖွေတွေ့ရှိပြီး စိတ်လှုပ်ရှားမှုကြောင့် ထောင်ချောက်ထဲတိုးဝင်မိကြကာ အသက်ဆုံးရှုံးသွားကြ၏။
အလုံးစုံသိမြင်မျက်လုံး၏ ရှာဖွေမှုအောက်တွင် ရှီဖုန်းက ကျောက်စင်မြင့်ဘေးရှိ မှော်အတက်အကျဖြစ်မှုကို သတိပြုမိလိုက်သည်။ အနားကပ်ကြည့်သောအခါ ဂူနံရံအတွင်း ထွင်းထုထားသည့် မှော်အစီအရင်တစ်ခု ရှာတွေ့သွား၏။ နံရံတွင် ဆူးချွန်များ၊ ရေညှိများ ရှိနေပြီး မှော်အစီအရင်ကို ကာထားသည်။ ကံကောင်းသည်မှာ အလုံးစုံသိမြင်မျက်လုံး၏ ရှာဖွေမှုအောက်တွင် ထိုရိုးရှင်းသည့် အရာများက ဖောက်ထွင်းမြင်နိုင်သည့် ဖန်နှင့်မခြားပေ။
” လုံလောက်သွားပြီ …။ ဒီမှာ မှော်ထောင်ချောက်တစ်ခု ရှိနေတယ် …”
ရှီဖုန်းက ရယ်မောပြီးနောက် ပုံရိပ်ယောင်သတ်ဖြတ်ခြင်းကို အသက်သွင်းလိုက်၏။
ပြီးနောက် သူ့၏ ကိုယ်ခွဲက ဂူဝင်ပေါက်တွင်ရပ်ကာ သူသည် ရတနာသေတ္တာဆီသို့ သွားလိုက်၏။