ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 687 အလွှာသုံးမှော်စာလိပ်
နတ်ဘုရားနယ်မြေထဲတွင် ထောင်ချောက်ပုံစံများစွာ ရှိပေ၏။ ထိုထောင်ချောက်များက ကစားသမားတစ်ဦးကို အလွယ်တကူ အဆုံးသတ်သွားနိုင်၏။ အရိုးရှင်းဆုံးထောင်ချောက်များက သာမန်ရုပ်ခန္ဓာဆိုင်ရာ ဖြစ်၏။ ကစားသမားအများစုက ထိုထောင်ချောက်များကို ဖြေရှင်းနိုင်ပေသည်။
အနည်းငယ်ပို အဆင့်မြင့်သည့် ထောင်ချောက်များက မှော်ထောင်ချောက် ဖြစ်သည်။ ကျွမ်းကျင်သူများတောင် ဂရုမစိုက်မိခဲ့လျှင် သူတို့သည် ထိုထောင်ချောက်အတွင်း အသက်ဆုံးရှုံးနိုင်၏။
အဆင့်အမြင့်ဆုံး ထောင်ချောက်များက စိန်ခေါ်ခြင်းထောင်ချောက်များ ဖြစ်သည်။ အစပျိုးသွားသည်နှင့် စိန်ခေါ်ခြင်းထောင်ချောက်များက အရံအတားတစ်ခုအတွင်း ကစားသမားတစ်ဦးကို ချိတ်ပိတ်ထားမှာ ဖြစ်သည်။ ပြီးနောက် ကစားသမားများသည် စိန်ခေါ်မှုတစ်ခုကို ဖြေရှင်းရန် လိုအပ်ကာ စိန်ခေါ်မှုကို ရှင်းလင်းနိုင်မှသာ သူတို့ ဆုကြေးကို ရရှိမှာဖြစ်၏။
စိန်ခေါ်ခြင်းထောင်ချောက်များက အဆင့်သုံးဆင့်ထဲတွင် အမြင့်ဆုံးဖြစ်သော်လည်း ပထမနှစ်ခုက အစပျိုးသည်နှင့် သေစေနိုင်လောက်ပေ၏။ ဆိုရလျှင် ကစားသမားများသည် သူတို့အသက်ကို မစွန့်စားချင်လျှင် ရတနာကို လျစ်လျူရှူ့ထားရန် ရွေးချယ်ရပေ၏။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် မှော်ထောင်ချောက်များက အသက်အနုတ်နိုင်ဆုံး ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်ရေးကဲ့သို့ အမျိုးအစားများသည် ထောင်ချောက်များကို ပိတ်ထားနိုင်သည့် စကေးများ ပိုင်ဆိုင်ထားပေ၏။ ထို့ကြောင့် တစ်ကိုယ်တော်လုပ်ကြံသတ်ဖြတ်ရေးသမားများ အများစုက နတ်ဘုရားနယ်မြေထဲတွင် အဆင်ပြေကြပေ၏။
ရှီဖုန်းက ပယ်ဖျက်ခြင်းစကေး မရှိသည့် ဓားသမားတစ်ဦး ဖြစ်သော်လည်း ထိုသို့သော လုပ်ဆောင်ချက်ကို ပြုလုပ်နိုင်သည့် မှော်စာလိပ်များ သူ့တွင် ရှိပေသည်။ ထိုအိုင်တမ်က ကျသည့်နှုန်း အင်မတန်နိမ့်သည်။ ထို့အပြင် ၎င်းက မှော်ထောင်ချောက်များနှင့် စိန်ခေါ်ခြင်းထောင်ချောက်များကိုသာ ပယ်ဖျက်နိုင်တာ ဖြစ်၏။ ဇီးရိုးဝင်း၏ ခွန်အားဖြင့်တောင် အစည်းအရုံးက စာလိပ်နှစ်ဆယ်ကျော်သာ ရအောင်လုပ်နိုင်ပေ၏။ ဇိုဂါးတောင်သို့ မလာခင် ရှီဖုန်းက ထိုစာလိပ်များထဲမှ ငါးခုကို သူနှင့်အတူ ယူလာခဲ့တာ ဖြစ်သည်။ သူတစ်ခုကို ထိုမျှမြန်မြန် အသုံးပြုရလိမ့်မည်ဟု မထင်ထားပေ။
ကျောက်စင်မြင့်ထက်သို့ ရောက်သွားပြီးနောက် ရှီဖုန်းက သေတ္တာကိုဖွင့်ရန် အလျင်မလိုပေ။ ထိုအစား သူက ကျောက်စင်မြင့်ပေါ် ကာနေသည့် ဆူးချွန်များ၊ ရေညှိများကို ရှင်းလင်းလိုက်သည်။ ပြီးနောက် ငွေမှင်ရောင်စာလိပ်တစ်ခုကို ထုတ်လုပ်လိုက်ပြီးနောက် ၎င်းကို ဖြေချလိုက်ကာ အတွင်းတွင် မှတ်တမ်းတင်ထားသည့်ဂါထာကို စတင်ရွတ်ဆိုတော့သည်။
ထိုငွေမှင်ရောင်စာလိပ်က အလွှာတစ် ပယ်ဖျက်ခြင်းစာလိပ်တစ်ခုပင် ဖြစ်သည်။ ၎င်းက ရွှေစင်အဆင့်နှင့် သူ့အောက်ရှိ ရတနာသေတ္တာများရှိ မှော်နှင့် စိန်ခေါ်ခြင်းထောင်ချောက်များကို ပယ်ဖျက်နိုင်သည့် အာနိသင်ရှိသည်။ သို့သော် လိုအပ်ချက်က ထောင်ချောက်၏ အသက်သွင်းသည့် အစီအရင်ကို တည်နေရာခံရန် လိုအပ်သည်။ မဟုတ်ပါက စာလိပ်သည် အသုံးမဝင် ဖြစ်ပေသည်။
ပယ်ဖျက်ခြင်းစာလိပ် အသက်ဝင်သွားသည်နှင့် မီးခိုးရောင်အငွေ့များက ထောင်ချောက်၏ အသက်သွင်းအစီအရင်ထဲသို့ ဝင်သွားသည်။ အစီအရင်အတွင်ရှိ ဝိညာဉ်ဓာတ်စွမ်းအားများက စတင် တမြေ့မြေ့ ပျက်ဆီးလာ၏။ အစီအရင်ကို အသက်သွင်းရန် ဝိညာဉ်ဓာတ်စွမ်းအားမရှိဘဲ မှော်ထောင်ချောက်သည် အစပျိုးနိုင်တော့မှာ မဟုတ်ပေ။
” ဒီတစ်ခေါက် ငါဘယ်အိုင်တမ်ကို ရှာတွေ့မလဲဆိုတာ သိချင်မိတယ် …”
ရှီဖုန်းက လျှို့ဝှက်ငွေရတနာသေတ္တာဆီ ထပ်ကြည့်မိပြန်သည်။
လျှို့ဝှက်ငွေရတနာသေတ္တာတစ်လုံးအတွက် အလွှာတစ်မှော်စာလိပ်ကို လဲလှယ်ခြင်းက အကျိုးရှိသည့် လဲလှယ်မှု ဖြစ်သည်။ ထို့အပြင် ထိုအရာက ကမ္ဘာ့ထိပ်သီးရှိ မြေပုံများထဲမှ တစ်ခုထဲတွင် ရောက်နေတာ ဖြစ်သည်။ ဤဧရိယာရှိ ကစားသမားများက မလာနိုင်သေးပေ။ ရတနာသေတ္တာက တစ်ခါမှ မဖွင့်ရသေးတာ ဖြစ်နိုင်သည်။ သူတို့ကျသည့် ပစ္စည်းများက မက်မောလောက်စရာ ဖြစ်မှာပင်။ ၎င်းက မြေအောက်စခန်း ပထမဆုံး သုတ်သင်ရှင်းလင်းမှုကို ရသည့်ဖြစ်စဉ်နှင့်တူကာ ရလာမည့်ဆုကြေးများက မက်မောစရာ ကောင်းလောက်ပေ၏။
သို့သော် ရှီဖုန်းက ရတနာသေတ္တာကိုဖွင့်ရန် အလျင်မလိုသေးပေ။ သူက နတ်ဘုရားစောင့်ရှောက်ခြင်းကို ဦးစွာအသက်သွင်းလိုက်၏။ ချက်ချင်းပင် သူ၏ ကံကောင်းမှုက သုံးဆယ်စက္ကန့်တာအတွက် သုံးဆယ့်နှစ်မှတ် တိုးသွား၏။
ဒီတော့မှ ရှီဖုန်းက ရတနာသေတ္တာကို ဖွင့်လိုက်သည်။ ပြီးနောက် ရတနာသေတ္တာပေါ်ရှိ ဘားတန်းတစ်ခုက ပေါ်လာပြီးနောက် ဖြည်းဖြည်းခြင်း ပြည့်သွားတော့သည်။ လျှို့ဝှက်ငွေ ရတနာသေတ္တာတစ်လုံးကို ဖွင့်ရန်အတွက် စက္ကန့်နှစ်ဆယ် အချိန်လိုအပ်၏။ ျ
ယခုအခေါက်အတွက် လိုအပ်သည့်အချိန်က သာမန်မဟုတ် ရှည်ကြာလှပေသည်။ ရှီဖုန်းသည် အသက်သွင်းရန် လိုအပ်သည့်အချိန်ကို မြင်သောအခါ အနည်းငယ်စိုးရိမ်ပူပန်လာ၏။
ရတနာသေတ္တာ၏ အသက်သွင်းသည့်အချိန်က ပုံမှန်ဆို သုံးစက္ကန့်မှ ဆယ်စက္ကန့်ကြာလေ့ရှိသည်။ လျှို့ဝှက်ငွေ ရတနာသေတ္တာများတောင် စက္ကန့်နှစ်ဆယ်ထိ ရှည်ကြာအောင် မလိုပေ။
တစ်ဆယ်စက္ကန့်ဆီက တဖြေးဖြေး တတိတိ ကုန်ဆုံးသွား၏။
စက္ကန့်နှစ်ဆယ်ကျော် ရှည်ကြာပြီးနောက် ဟောင်းနွမ်းနေသည့် ရတနာသေတ္တာသည် ကလစ်လို့ အသံပေါ်ထွက်လာကာ ၎င်း၏ အဖုံးက နောက်ဆုံးတော့ ပွင့်လာခဲ့သည်။ ပြီးနောက် ရတနာသေတ္တာထဲမှ အစီအရင်ရောင်ဝါများ ပေါ်ထွက်လာပြီးနောက် ဂူတစ်ခုလုံးကို လင်းထိန်သွားစေသည်။
” အထဲမှာ အိုင်တမ်တွေ အများကြီးပဲ …”
ရှီဖုန်းရှေ့၌ လျှို့ဝှက်ငွေရတနာသေတ္တာထဲတွင် ပါဝင်မှုများက အပြည့်အဝပေါ်လာသည်။ သေတ္တာတစ်ခုလုံး အိုင်တမ်များ ပြည့်နေ၏။ ရှီဖုန်းဘဝတွင် မြင်တွေ့ဖူးသမျှထဲ အပြည့်ဆုံးဖြစ်သည့် ရတနာသေတ္တာတစ်လုံးဖြစ်တာ သေချာသည်။
သူသည် အတွင်း၌ အလွှာသုံးကျောက်ရိုင်းတုံး ဆယ်တုံးကျော်ကို မြင်ခဲ့ရ၏။ မှော်သလင်းများနှင့် ငွေပြားများစွာလည်း ရှိပေ၏။ သေတ္တာအတွင်း လက်နက်သုံးမျိုးနှင့် ချပ်ဝတ်တန်ဆာတောင် ရှိနေသေးသည်။ အိုင်တမ်အားလုံးက အဆင့် (၅၀) ဖြစ်ကြ၏။
အဆင့် (၅၀) က နတ်ဘုရားနယ်မြေထဲတွင် မှတ်ကျောက်တစ်ခုဟူ၍ သတ်မှတ်ထားနိုင်သည်။ ကစားသမားများသည် သူတို့၏ အလွှာနှစ်အမျိုးအစားကို ထိုအဆင့်တွင် ဝတ်ဆင်နိုင်သည့်အကြောင်း တစ်စိတ်တစ်ပိုင်း ရှိသော်လည်း အဓိကအားဖြင့် ချပ်ဝတ်တန်ဆာတွင် များသည်။ အဆင့် (၅၀) ချပ်ဝတ်တန်ဆာသည် အဆင့် (၄၅) ချပ်ဝတ်တန်ဆာထက် သန်မာမှု ပိုများသည်။
မူလက အဆင့် (၄၀) လျှို့ဝှက်ငွေ ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ခု၏ အရည်အချင်းများက အဆင့် (၄၅) ဆန်းကြယ်သံမဏိချပ်ဝတ်တန်ဆာ၏ အပိုင်းအစတစ်ခုနှင့် ညီမျှရုံသာရှိသည်။ အဆင့် (၄၅) ဆန်းကြယ်သံမဏိချပ်ဝတ်တန်ဆာက ခုခံမှုအနည်းငယ် ပိုမြင့်မားတာပဲ ဖြစ်သည်။ သို့သော် အဆင့် (၄၅) လျှို့ဝှက်ငွေချပ်ဝတ်တန်ဆာရှိ အရည်အချင်းများက အဆင့် (၅၀) ကြေးနီချပ်ဝတ်တန်ဆာနှင့် ညီမျှပေ၏။ ၎င်းက အဆင့်နှစ်ခု၏ ကွာဟချက် ဖြစ်သည်။
ထိုအကြောင်းကြောင့် ကစားသမားများကြားရှိ ပင်ကိုယ်အရည်အချင်း ကွာဟချက်က သိသိသာသာ ကျယ်လာ၏။ ါ
သို့သော် အဆင့် (၅၀) သို့ရောက်ပြီးနောက် ကစားသမားများသည် အရည်အသွေးမြင့်သည့် အဆင့် (၅၀) လက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို ရရန်ပိုခက်ခဲလာတာကို တွေ့လိုက်ရ၏။ ထို့အပြင် မြေအောက်စခန်းများမှကျသည့် လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ၏ အရေအတွက်က သိသိသာသာ လျော့နည်းသွားပေသည်။
ရင်းနှီးမြှုပ်နှံသည့် ကစားသမားများက အချိန်အတော်ကြာ အားစိုက်ပြီးမှ ကြေးနီချပ်ဝတ်တန်ဆာ အစုံအပြည့်ကို စုဆောင်းနိုင်တာ ဖြစ်သည်။ အများစုသည် ဆန်းကြယ်သံမဏိ ချပ်ဝတ်တန်ဆာအပိုင်းအစအချို့ကို သူတို့၏ အစုံနှင့် ရောစပ်ထားလိုက်၏။ သို့သော် သာမန်အဆင့် (၅၀) ကစားသမားတစ်ဦးက အဆင့် (၅၀) ကြေးနီချပ်ဝတ်တန်ဆာ အစုံအပြည့်အဝဖြင့် လျှောက်သွားပါက အထင်ကြီးဖွယ်ကောင်းနေမှာ ဖြစ်သည်။
အဆင့် (၅၀) ဆန်းကြယ်သံမဏိချပ်ဝတ်တန်ဆာတောင် အစည်းအရုံး၏ သာမန်အဖွဲ့ဝင်များတွင် မြင်တွေ့ရန် ခဲယဉ်း၏။ လက်ရွေးစဉ်အဖွဲ့ဝင်များသာလျှင် ဆန်းကြယ်သံမဏိ ချပ်ဝတ်တန်ဆာ အစုံအပြည့်အဝကို ဝတ်ဆင်ထားနိုင်တာ ဖြစ်သည်။ အရည်အသွေးမြင့်မားသည့် အဆင့် (၅၀) ချပ်ဝတ်တန်ဆာများကိုရရန် မည်မျှခက်ခဲကြောင်း မှန်းဆနိုင်ပေသည်။
လက်ရှိတွင် ရတနာသေတ္တာအတွင်းရှိ အဆင် (၅၀) အပိုင်းအစသုံးခုတွင် နှစ်ခုက လျှို့ဝှက်ငွေအပိုင်းအစဖြစ်ကာ တစ်ခုက ရွှေစင်အဆင့် ဖြစ်သည်။ သူ ယခုအခေါက်တွင် ခွင်ကောင်း မိခဲ့တာ ဖြစ်ပေ၏။ သို့သော် ရှီဖုန်း၏ အာရုံစိုက်မှုကို ရသွားသည့်အိုင်တမ်ကမူ ရွှေရောင်ဖျော့ဖျာ့ပေလွှာတစ်ခု ဖြစ်သည်။
ထိုပေလွှာက ရတနာသေတ္တာထဲတွင် ငြိမ်သက်စွာ ရှိနေသည့်တိုင် ဖြာထွက်နေသည့် ဝိညာဉ်ဓာတ်စွမ်းအားပမာဏက ကြောက်မက်ဖွယ်ကောင်း၏။ ပေလွှာအသက်သွင်းလိုက်လျှင် ၎င်းသည် မည်ကဲ့သို့သော စွမ်းအားမျိုး ပြသနိုင်မှန်း မသိရပေ။
၎င်းက အလွှာသုံးမှော်စာလိပ် သို့မဟုတ် ထိုအထက်ရှိသည့် မှော်စာလိပ်၏ အာနိသင်သာ ဖြစ်သည်။ အလွှာလေးမှော်စာလိပ်များက နတ်ဘုရားနယ်မြေထဲတွင် ဖီးနစ်ငှက်မွှေးကဲ့သို့ ရှားပါးလွန်းသည်။ ၎င်းကို ရောင်းချခဲ့လျှင် အင်မတန်များပြားသည့် ငွေကြေးကို ရရှိမှာ ဖြစ်သည်။ သို့သော် မည်သူကမှ အလွှာလေးမှော်စာလိပ်ကို ရောင်းချလောက်ရသည်အထိ ရူးမိုက်မှာ မဟုတ်ပေ။ အလွှာသုံးမှော်စာလိပ်က အလွှာလေးမှော်စာလိပ်နှင့် မယှဉ်ပြိုင်နိုင်သော်ငြား စာလိပ်တစ်ခုချင်းဆီက အစည်းအရုံးတစ်ခုကို တည်ဆောက်ရန် အသုံးဝင်သည့် အိုင်တမ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ အရေးပေါ်ကိစ္စများမှလွဲလျှင် အစည်းအရုံးက အလွှာသုံးမှော်စာလိပ်များကို ကျန်အချိန်တွင် သုံးမှာမဟုတ်။
” အလွှာသုံးမှော်စာလိပ်မှာ ဘယ်လိုအရာမျိုးပါမလဲ သိချင်မိတယ် …”
ရှီဖုန်းက ရွှေရောင်ဖျော့ဖျော့စာလိပ်ကို ကောက်ယူပြီးနောက် ငေးကြည့်လိုက်၏။
မှော်ချဲ့ထွင်ခြင်းစာလိပ် အလွှာသုံးမှော်စာလိပ်
စကေးတစ်ခု၏ အလွှာကို အလွှာတစ်ဆင့်အထိ မြင့်တင်ပေးနိုင်ကာ အလွန်ဆုံးအလွှာသုံးအထိ မြင့်တင်ပေးနိုင်သည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ၁ နာရီ
အသုံးပြုရန်ကျန်ရှိမှု = ၃၀
ညွှန်ကြားချက်ကို ဖတ်ပြီးနောက် ရှီဖုန်းက မှင်သက်သွားသည်။
မှော်ချဲ့ထွင်ခြင်းစာလိပ်တစ်ခုက အံ့ဖွယ်အိုင်တမ်တစ်ခုထက် တန်ဖိုးမနည်းပေ။
သာမန်ကစားသမားများအဖို့ ဤစာလိပ်က သူတို့၏ စကေးကို အလွှာတစ်ခု တိုးနိုင်မှာ ဖြစ်သည်။ ထိုစာလိပ်များကို သေရေးရှင်ရေးအခိုက်အတန့်တွင် အသုံးပြုခဲ့လျှင် ဆန်းကြယ်သည့် သက်ရောက်မှုကို ရရှိစေမှာပင်။
ဥပမာအနေဖြင့် အလွှာတစ်စကေးသာ အသုံးပြုနိုင်သည့် ကစားသမားနှစ်ဦးကြားရှိ တိုက်ပွဲတစ်ခုတွင် ရှုံးသည့်ကစားသမားက သူတို့စကေးများထဲမှ တစ်ခုကို အလွှာနှစ်အဖြစ် ရုတ်တရက်တိုးမြင့်လိုက်ပါက တိုက်ပွဲ၏ အလားအလာကို ပြောင်းလဲသွားနိုင်မှာ ဖြစ်သည်။ ဘော့စ်များကို တိုက်ခိုက်သည့်အချိန်တွင် အလွှာတစ်စကေး၏ ထိန်းချုပ်သည့် သက်ရောက်မှုက အကန့်အသတ်ခံထားရမှာ ဖြစ်သည်။ သို့သော်စကေးသည် အလွှာနှစ်၌ ကွာခြားချက်တစ်ခု ရှိသွားမှာပင်။ ထိုသို့တိုင် ၎င်းက မှော်ချဲ့ထွင်ခြင်းစာလိပ်အတွက် နောက်ဆုံးလုပ်ဆောင်ချက် မဟုတ်သေးပေ။
၎င်း၏ စစ်မှန်သည့် ရည်ရွယ်ချက်က ဆင့်ခေါ်ခြင်းဖြစ်သည်။
၎င်းက ဆင့်ခေါ်သူ အမျိုးအစားအတွက် အသုံးဝင်ပေ၏။ အလွှာတစ် ဆင့်ခေါ်သူက သူတို့အတွက် တိုက်ခိုက်ပေးဖို့ရာ အလွှာတစ်မွန်းစတားကိုသာ ဆင့်ခေါ်နိုင်မှာ ဖြစ်သည်။ သူတို့စကေးပေါ်တွင် မှော်ချဲ့ထွင်ခြင်းကို အသုံးပြုပြီးနောက် သူတို့သည် အလွှာနှစ်မွန်းစတားများကို ဆင့်ခေါ်နိုင်မှာ ဖြစ်သည်။ အလွှာနှစ်ဆင့်ခေါ်သူများအတွက်မူ သူတို့က အလွှာသုံးမွန်းစတားများကို ဆင့်ခေါ်နိုင်မှာ ဖြစ်၏။
အလွှာသုံးမွန်းစတားများက မဟာအရှင်အဆင့်နှင့် ညီမျှပေသည်။
ကွင်းပြင်ထဲတွင်ဖြစ်စေ မြေအောက်စခန်းတွင် ဖြစ်စေ ကစားသမားချင်း ယှဉ်တိုက်ခိုက်သည့် ပွဲတွင်ဖြစ်စေ အရှင်အဆင့်မွန်းစတားကို ခေါ်ထားနိုင်ခြင်းက များစွာသော အကျိုးကျေးဇူးရှိပေ၏။ ထိုကဲ့သို့သော မွန်းစတားသည် ကစားသမားသောင်းချီပါသည့် တပ်ဖွဲ့တစ်ဖွဲ့ကို အလွယ်လေး ရှင်းသွားနိုင်သည်။
” ငါက ဆင့်ခေါ်သူမဟုတ်ပေမဲ့ ငါ့မှာ အမှောင်ထုကျမ်းစာ ရှိတယ် …။ ငါက မှော်ချဲ့ထွင်ခြင်းစာလိပ်ကို အသုံးပြုလိုက်ရင် ဘယ်လိုသက်ရောက်မှု ရှိမလဲသိချင်မိတယ် …”
ရှီဖုန်းက အလွှာသုံးနတ်ဆိုးကို ဆင့်ခေါ်နိုင်ခြေကို တွေးမိချိန်၌ သူက စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ပေ။
သူသာ အလွှာသုံးနတ်ဆိုးကို ဆင့်ခေါ်နိုင်ခဲ့လျှင် စော်လမွန်၏ရတနာကို ရှာဖွေသည့်အချိန်၌ ပိုလွယ်ကူလာမှာ ဖြစ်၏။
အလွှာသုံးနတ်ဆိုး၏ အကူအညီဖြင့် သူသည် ကျောက်လူဝံအစောင့် မျိုးနွယ်စု အကြီးအကဲအုပ်စုကိုတောင် အလွယ်တကူ အနိုင်ယူနိုင်ပေ၏။