ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 688 အလွှာသုံး အရှင်သခင်
အလွှာသုံးမှော်စာလိပ်ကို ဘေးချိတ်ထားပြီး ရှီဖုန်းက ရတနာသေတ္တာထဲမှ ကျန်ရှိသည့် ရတနာများကို သူ့အိတ်ထဲထည့်လိုက်၏။ ပြီးနောက် အမှောင်ထုကျမ်းစာကို ဂရုတစိုက် ထုတ်ယူလိုက်သည်။
” မင်းအောင်မြင်ရမယ် …”
ရှီဖုန်းသည် အလွှာသုံးနတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ရန် ယုံကြည်ချက် အပြည့်အဝ မရှိပေ။ ဆိုရလျှင် အမှောင်ထုကျမ်းစာက ဒဏ္ဍာရီလာ အပိုင်းအစအိုင်တမ်တစ်ခုသာ ဖြစ်၏။ ဒဏ္ဍာရီလာ အပိုင်းအစ အိုင်တမ်တစ်ခု၏ စကေးကိုမြင့်တင်ဖို့က လွယ်ကူသည့်အလုပ် မဟုတ်ပေ။ အလွှာသုံး မှော်စာလိပ်ဖြင့်တောင် ၎င်း၏ အောင်မြင်နိုင်ခြေက နိမ့်၏။
မှော်တိုးချဲ့ခြင်းစာလိပ်ကို ဖြည်ပြီးနောက် ရှီဖုန်းက ၎င်း၏ ဂါထာကို စတင်ရွတ်ဆိုလိုက်သည်။
ရုတ်တရက်တွင် ဝိညာဉ်ဓာတ်စွမ်းအားများက ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်၏။ အဆုံးမရှိသည့် ဝိညာဉ်ဓာတ်စီးကြောင်းတစ်ခုက အပြင်ဘက်ကနေ ဂူထဲသို့ ဝင်ရောက်လာပြီးနောက် ဂူအတွင်းရှိ သိပ်သည်းမှုသည် ပကတိမျက်ဝန်းဖြင့် မြင်နိုင်ရသည်အထိ ဖြစ်လာတော့၏။ သိပ်သည်းသည့် ဝိညာဉ်ဓာတ်စွမ်းအားက ဂူထဲတွင်ပြည့်နေသည့် ရောင်စုံမြူနှင်းမှုန်တစ်ခုကို ဖွဲ့တည်လိုက်ပြီး လှပသည့်မြင်ကွင်း ဖြစ်ပေါ်စေ၏။
” သိပ်သည်းလိုက်တဲ့ ဝိညာဉ်ဓာတ်စွမ်းအား …”
ရှီဖုန်းသည် ဂူ၌ နှလုံးသားဖြစ်လာရာ ဝိညာဉ်ဓာတ်စွမ်အားက သူ၏ ခန္ဓာကိုယ်ထဲ တိုးဝင်လာပြီးနောက် လေပွေကြီးတစ်ခု ဖွဲ့တည်လိုက်၏။
” နတ်ဆိုးဂိတ်ပေါ်ထွက်စေ …”
ရှီဖုန်းက နတ်ဆိုးဆင့်ခေါ်မှုကို အသက်သွင်းလိုက်၏။
ဗန် ..
ရုတ်တရက်တွင် ဂူက စတင်လှုပ်ခါလာတော့၏။ မျက်တောင်တစ်ခတ်အတွင်း ဂိတ်တံခါးတစ်စုံက လေထုပါးပါးလေးထဲမှ ရုတ်တရက်ပေါ်လာ၏။ ထိုဂိတ်က အလွှာနှစ်နတ်ဆိုးများကို ဆင့်ခေါ်စဉ်က ပေါ်လာသည့်ဂိတ်များထက် နှစ်ဆခန့် ရှိပေသည်။ ရှီဖုန်းတောင် ထိုဂိတ်က ဖြာထွက်နေသည့် ဖိအားများအောက်တွင် လှုပ်ရှားနိုင်ရန် ရုန်းကန်နေရ၏။
” ငါအောင်မြင်သွားတာလား …”
ရှီဖုန်းသည် နတ်ဆိုးဂိတ်ကို ကြည့်နေစဉ် စိတ်လှုပ်ရှားမှုတို့ ကြီးထွားလာသည်။
မှော်ချဲ့ထွင်ခြင်းစာလိပ်နှင့် အမှောင်ထုကျမ်းစာ၏ ပေါင်းစည်းမှု
သူသာ ထိုပေါင်းစည်းမှုကို အစည်းအရုံးစစ်ပွဲတစ်ခုတွင် အသုံးပြုနိုင်ခဲ့လျှင် ၎င်းက တိုက်ပွဲ၏ ရလဒ်ကို သေချာပေါက် ပြောင်းပြန်လှန်နိုင်မှာ ဖြစ်သည်။
မည်သည့်အချိန် မည်သည့်နေရာမဆို မဟာအရှင်အဆင့် မွန်းစတားတစ်ကောင်က ကစားသမားတစ်ယောက်ကို အလွန်ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။ ရန်သူကစားသမား၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မဟာအရှင်ဆိုလျှင် ပိုဆိုးပေလိမ့်မည်။ ထိုကဲ့သို့ မဟာအရှင်တစ်ဦး၏ ခြိမ်းခြောက်မှုအဆင့်က အနည်းဆုံး ဆယ်ဆ တိုးသွားမှာ ဖြစ်၏။
နတ်ဆိုးဂိတ်က ဖြည်းဖြည်းခြင်းပွင့်သွားပြီး လူပုံသဏ္ဍာန်နတ်ဆိုးက ကြေးသွေးရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး အနက်ရောင်စစ်ပုဆိန်ကို ကိုင်ဆောင်ထားလျက် အမှောင်ထုထဲမှ ပျံဝဲကာ ထွက်လာတော့၏။ နတ်ဆိုးက လူပုံသဏ္ဍာန်ရှိသော်ငြား ၎င်းက အရွယ်အစားပိုကြီးပေသည်။ နတ်ဆိုးက ရပ်နေရာ သူက သုံးမီတာခန့်မြင့်ပြီး မြေပြင်ထက်မှ ပျံဝဲသွားစေနိုင်သည့် သွေးနီရောင်တောင်ပံတစ်စုံ ရှိနေသည်။
” အားနည်းတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်က ငါ သုတ်သင်ခြင်းနတ်ဆိုးကို ဆင့်ခေါ်ရဲတယ်ပေါ့ …”
သုတ်သင်ခြင်းနတ်ဆိုးက နှာခေါင်းရှုံ့ပြီးနောက် သူ၏ သွေးနီရောင်မျက်လုံးများက တဖျတ်ဖျတ် လက်နေကာ ရှီဖုန်းကို ငုတ်ကြည့်လိုက်၏။ တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ သုတ်သင်ခြင်းနတ်ဆိုးက ချက်ချင်းပင် ဆယ်ကိုက်အကွာကို ဖြတ်ကျော်လာ၏။ ၎င်း၏ အရှိန်က မဟာအရှင်တစ်ပါးထက်တောင် သာလွန်ပေသည်။ ပြီးနောက် နတ်ဆိုးက စစ်ပုဆိန်ကို ရှီဖုန်ဆီ လွဲခုတ်ကာ အော်ပြောလိုက်၏။
” သေပေတော့ …”
အနက်ရောင်စစ်ပုဆိန်က ထိတ်လန့်ဖွယ်လှိုင်းများ ရုတ်တရက်ဖြာထွက်လာပြီးနောက် ပတ်ဝန်းကျင်လေထုကို မတည်မငြိမ်ဖြစ်သွားစေ၏။
ပုဆိန်ဆင်းသက်လာသည်နှင့် ရှီဖုန်းက သူမလှုပ်နိုင်တာ သိလိုက်ရသည်။
၎င်းက အလွှာသုံတားမြစ်စကေး လေဟာနယ်ဖိနှိပ်ခြင်းဖြစ်၏။ ရှီဖုန်းက မှင်သက်နေမိသည်။
သူ ဆင့်ခေါ်ခဲ့သည့်နတ်ဆိုး ထိုမျှအစွမ်းထက်လိမ့်မည်ဟု မထင်ခဲ့မိပေ။ အလွှာသုံး နတ်ဆိုးအမျိုးအစားများစွာ ရှိပေ၏။ ထို့အပြင် အလွှာသုံးနတ်ဆိုးများက အလွန်မြင့်မားသည့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားသည်။ ထိုကြောင့် အရေအတွက်အနည်းငယ်သာလျှင် အလွှာသုံးတားမြစ်စကေးကို သင်ယူနိုင်တာ ဖြစ်၏။ အလွှာသုံနတ်ဆိုးများ ကြားထဲတွင် သူတို့ တစ်ဦးချင်းဆီက စစ်ပွဲသခင်အဆင့် တည်ရှိမှုမျိုး ဖြစ်၏။
ရှီဖုန်းက အလွှာတစ်အမျိုးအစားမျှသာ ဖြစ်သည်။ သူသည် အလွှာသုံးတားမြစ်စကေး၏ ဖိနှိပ်မှုအောက်မှာ လွတ်မြောက်နိုင်ရန် မျှော်လင့်ချက် မရှိပေ။ သူက စကေးတစ်ခုတောင် အသုံးမပြုနိုင်ပေ။ သူ့ပေါ် ပုဆိန်ရောက်လာတာကိုသာ ကြည့်နေရ၏။
ဖုန် …
အနက်ရောင်ပုဆိန်ကျရောက်လာသည့်အချိန် သက်ရောက်မှုက ဂူတစ်ခုလုံးကို ပျက်ဆီးသွားတော့၏။
” ဟား … ဟား … ဟား … ဒီလို အားနည်းတဲ့သူကလည်း အမှောင်ထုကျမ်းစာကို အသုံးပြုရဲတယ်ပေါ့ …။ ဒါနဲ့ဆိုရင် အမှောင်ထုကျမ်းစာက ငါ့အပိုင် ဖြစ်ပြီ …”
ပျံဝဲနေသည့် သုတ်သင်ခြင်းနတ်ဆိုးက မရယ်မောဘဲ မနေနိုင်တော့ပေ။ ြ
သို့သော် ၎င်းရယ်သံက ခဏတဖြုတ်သာကြာသည်။ နတ်ဆိုး၏ မျက်နှာထက်တွင် တည်ကြည်လေးနက်သည့်အမူအရာက ရုတ်တရက်ပေါ်လာ၏။ ၎င်း၏ အကြည့်သည် သူရှေ့မှ အပျက်အဆီးပုံကို အာရုံစိုက်မိသွားသည်။
” မင်းဘာကြောင့် အသက်ရှင်နေသေးတာလဲ …”
သုတ်သင်ခြင်းနတ်ဆိုးက ရှီဖုန်းကို အထိတ်တလန့် စိုက်ကြည့်နေ၏။
ရှီဖုန်းက အပျက်အစီးပုံ ကြားထဲမှ တွားသွားပြီးထွက်လာသည်။
ရှီဖုန်းသည်လည်း သူ၏ တစ်ကိုယ်လုံးဖုန်မှုန့်များ ကပ်နေကာ အတော်လေးဆုပ်ပျက်နေ၏။ သို့သော် သူ၏ HP က အပြည့်အဝဖြစ်နေဆဲ ဖြစ်ကာ သုတ်သင်ခြင်းနတ်ဆိုး၏ မည်သည့်ထိခိုက်မှုမှ မရလိုက်ပေ။
” အလွှာသုံးနတ်ဆိုးတစ်ကောင်က ထင်ထားတဲ့အတိုင်းပဲ …။ ငါသာ မှော်ထောင်ချောက်အတွက် ကြိုတင်သတိထားပြီး ပုံရိပ်ယောင်သတ်ဖြတ်ခြင်းကို မပြင်ဆင်ထားရင် ငါ့ကို တကယ်ထိသွားမှာ …” ြ
ရှီဖုန်းက ပြောပြီးနောက် ပျံဝဲနေသည့် သုတ်သင်ခြင်းနတ်ဆိုးဘက်ကို ပြုံးကြည့်လိုက်သည်။
သုတ်သင်ခြင်းနတ်ဆိုးပေါ်လာသည်နှင့် ရှီဖုန်းက ၎င်းကို အပြည့်အဝထိန်းချုပ်နိုင်မှာ မဟုတ်မှန်း သတိပြုမိသည်။ ထို့ကြောင့် အစားထိုးခြင်းစကေးကို ချက်ချင်းအသက်သွင်းပြီးနောက် သူ၏ ကိုယ်ခွဲနှင့် နေရာချင်း လဲလိုက်သည်။ သို့သော် နတ်ဆိုး၏ အလွှာသုံးတားမြစ်စကေးမှ ထိတ်လန့်ဖွယ်လှိုင်းများက သူ့ကို သက်ရောက်စေသေး၏။ ကံကောင်းသည်မှာ သူက ခုခံခြင်းဓားသွားကို ထုတ်ဖော်နိုင်ခဲ့ပြီး သူ့ဆီ ဝင်လာသည့်ထိခိုက်မှုကို တားဆီးခဲ့သည်။
” ကံကောင်းတဲ့ ပုရွက်ဆိတ် …။ ဒါပေမယ့် နောက်တစ်ခေါက် မင်းကံကောင်းမှာ မဟုတ်တော့ဘူး …
သုတ်သင်ခြင်းနတ်ဆိုးက ကောက်ကျစ်သည့်အမူအရာတစ်ခု ထုတ်ဖော်ပြီးနောက် ၎င်းသည် သူ၏ ပုဆိန်ကို ရှီဖုန်းဆီ ထပ်မံလွှဲယမ်းလိုက်ပေသည်။
လျင်မြန်ပြီး ဖျက်ဆီးမှုများသည့် တိုက်ကွက်ကို တုံ့ပြန်ရန် ရှီဖုန်းက ပြုံးပြီး အေးတိအေးစက် ပြောလိုက်သည်။
” ခင်ဗျားအချိန်စေ့ပြီ ဖြစ်တာကြောင့် နောက်တစ်ကြိမ်ဆိုတာ ရှိမှာမဟုတ်ဘူး …”
” အချိန်လား …”
သုတ်သင်ခြင်းနတ်ဆိုး၏ မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်သည့် အရိပ်အယောင်ပေါ်လာသည်။ သူ၏ မျက်နှာထက်၌ ကြောက်လန့်မှု ချက်ချင်းပေါ်လာပြီးနောက် ရှီဖုန်း၏ လက်ထဲရှိ အမှောင်ထုကျမ်းစာကို ကြည့်လိုက်မိသည်။ အမှောင်ထုကျမ်းစာထဲမှ အရေမတွက်နိုင်သည့် ချိန်းကြိုးများက ရုတ်တရက် ပေါ်ထွက်လာကာ ၎င်းတို့က ဆာလောင်နေသည့် ဝံပုလွေတစ်အုပ်ကဲ့ပင် ချိန်းကြိုးများက သုတ်သင်ခြင်းနတ်ဆိုးဆီ ဝင်လာ၏။ သုတ်သင်ခြင်းနတ်ဆိုးက စိတ်ပျက်အားငယ်စွာ အော်လိုက်၏။
” မဟုတ်ဘူး …”
သုတ်သင်ခြင်းနတ်ဆိုးက ရှီဖုန်းကို မတိုက်ခိုက်နိုင်တော့ပေ။ ထိုအစား ယခုဆို အားအစွမ်းကုန်သုံးပြီး ရှီဖုန်းထံမှ ထွက်ပြေးနေရ၏။ သို့သော် သုတ်သင်ခြင်းနတ်ဆိုးက လျင်မြန်သည့်တိုင် ၎င်းမှ အပြာရောင်ချိန်းကြိုးများထံမှ လွတ်အောင်မပြေးနိုင်ပေ။ အပြာရောင်ချိန်းကြိုးများက နတ်ဆိုး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားကာ လှုပ်ရှားမှုများကို အပြည့်အဝ ပိတ်ထားလိုက်၏။ ိ
၎င်းက မြေကြီးပေါ်မှ နာနာကျင်ကျင်ငြီးထွားနေရုံသာ တက်နိုင်သည်။ စက္ကန့်အနည်းငယ်ကြာ ငြီးထွားပြီးနောက် သုတ်သင်ခြင်းနတ်ဆိုး၏ မျက်လုံးများက မှိန်ကျသွား၏။ သူသည် လမ်းလျှောက်နေသည့် အလောင်းကောင်သဖွယ် မြေကြီးပေါ်မှ ဖြည်းဖြည်းခြင်းထရပ်ကာ ရှီဖုန်းထံမှအမိန့်ကို စောင့်စားနေသည့်တိုင် ရှီဖုန်းကို ကြည့်နေတော့၏။ နတ်ဆိုးကို ချီနှောင်ထားသည့် အပြာရောင်ချိန်ကြိုးများက စတင်မှေးမိန်လာပြီ ဖြစ်၏။
” ကပ်သီးလေးပဲ …။ ကံကောင်းလို့ ငါ့ရဲ့ ကိုယ်ခွဲကို ထုတ်ဖော်ဖို့ အချိန်တစ်ချို့ ရလိုက်တာ …”
ရှီဖုန်းသည် သုတ်သင်ခြင်းနတ်ဆိုး၏ အသက်မဲ့သောမျက်လုံးများကို မြင်သောအခါ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်၏။ အလွှာသုံးနတ်ဆိုးက နောက်ဆုံးတွင် သူ၏ ထိန်းချုပ်မှုအောက် ရောက်ခဲ့ပြီ ဖြစ်သည်။
ဆင့်ခေါ်သည့်သတ္တဝါက ပုန်ကန်ဖို့က ဖြစ်နိုင်ပေသည်။ သို့သော် ပုန်ကန်နိုင်ခြေကို ဆင့်ခေါ်သူ၏ ခွန်အားဖြင့် ဆုံးဖြတ်တာ ဖြစ်၏။ လက်ရှိတွင် ရှီဖုန်းက အလွှာတစ်ကစားသမားတစ်ဦးမျှသာ ရှိသေးသည်။ သူက အလွှာသုံးနတ်ဆိုးကို ဖိအားပေးဆင့်ခေါ်ရန် အလွှာသုံးမှော်စာလိပ်ကို အသုံးပြုခဲ့လျှင် ပုန်ကန်နိုင်ခြေက အတော်လေးမြင့်မား၏။ ဆင့်ခေါ်သည့်သတ္တဝါ ပုန်ကန်သည့်အချိန်တွင် ၎င်း၏ ပထမဆုံးပစ်မှတ်က သူ့ကို ဆင့်ခေါ်သူ ဖြစ်မှာပင်။
ပုန်ကန်မှုကို အဆုံးသတ်ရန် နည်းလမ်းတစ်ခုလည်း ရှိသည်။ ဥပမာအနေဖြင့် အမှောင်ထုကျမ်းစာက ဆင့်ခေါ်ထားသောနတ်ဆိုး၏ သတိတရားများကို ထုတ်ဖယ်နိုင်သည့် စွမ်းအားရှိသည်။ သို့သော် ထိုသို့ပြုလုပ်ရန် အချိန်လိုအပ်၏။ ဆင့်ခေါ်ထားသည့် သတ္တဝါ၏ ဆန္ဒကိုသတ်ပြီးနောက် ၎င်းက ရုပ်သေးတစ်ရုပ် ဖြစ်လာမှာပင်။ ဆင့်ခေါ်ထားသည့် သတ္တဝါကို ထိန်းချုပ်ရန် အလွန်ခက်ခဲပြီး ၎င်း၏ တိုက်ပွဲဝင်စွမ်းအားကိုလည်း လျော့ကျသွားစေ၏။
ပုံမှန်ဆို သတ္တဝါတစ်ကောင်က ဆင့်ခေါ်ခံရပြီးနောက် ဆင့်ခေါ်သူသည် ရိုးရိုးရှင်းရှင်းအမိန့်များ ပေးရန်သာ လိုအပ်၏။ ဆင့်ခေါ်ခံထားသော သတ္တဝါက အမိန့်အတိုင်း အလိုအလျောက်ဆောင်ရွက်မှာ ဖြစ်သည်။ သို့သော် ရုပ်သေးတစ်ကောင်ဖြစ်သွားပြီးနောက် ဆင့်ခေါ်သူသည် သူတို့၏ ဆင့်ခေါ်ထားသည့် သတ္တဝါ၏ လှုပ်ရှားမှုတိုင်းကို လမ်းညွှန်ပေးဖို့ရာ ရှီဖုန်း၏ အသိစိတ်တစ်ချို့ကို ခွဲဝေပေးရမှာ ဖြစ်သည်။ ၎င်းက ဆင့်ခေါ်သူ၏ ကိုယ်ပိုင်တိုက်ပွဲဝင်စွမ်အားကို သက်ရောက်မှု ရှိပေ၏။ အကြောင်းမှာ ဆင့်ခေါ်ထားသည့်သတ္တဝါသည် ဆုံးရှုံးသွားပြီးနောက် ကစားသမားများသည် မွန်းစတား၏ စကေးကို အသုံးပြုသည့်အချိန် အခက်အခဲများနှင့် ရင်ဆိုင်ရတာ ဖြစ်သည်။ မွန်းစတားတစ်ကောင်က သူကိုယ်တိုင် သတိရှိချန်၌ တိုက်ပွဲဝင်စွမ်းအား (၁၀၀) ရာခိုင်နှုန်း ရရှိမှာဖြစ်သည်။ ဆင့်ခေါ်ထားသည့် သတ္တဝါ၏စွမ်အားကို ယခင်က တစ်ခါမှအသုံးမပြုခဲ့ဖူးသည့် ကစားသမားများအတွက်မှု မွန်းစတားကိုထိန်းချုပ်ရန် အာရုံစိုက်မှုကို ခွဲဝေနေရပြီး သူတို့က ဆင့်ခေါ်ထားသည့် သတ္တဝါ၏စကေးအာနိသင် (၅၀) ရာခိုင်နှုန်းကို ထုတ်ဖော်နိုင်ခဲ့လျှင် ဆန်းကြယ်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။
သို့သော် ရှီဖုန်းက ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ ပြန်လှန်နိုင်သည့် အလွှာသုံးနတ်ဆိုးထက် စာလျှင် ရုပ်သေးအလွှာသုံးနတ်ဆိုးက ပိုအသုံးဝင်ပေလိမ့်မည်။ နတ်ဆိုးကို ထိန်းချုပ်ရန်သောကြောင့် ၎င်း၏ တိုက်ပွဲဝင်စွမ်းအား လျော့ချသွားမည်ဖြစ်သော်လည်း ဘာမှမရှိတာထက်တော့ ပိုကောင်းပေ၏။
” ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ မဟုတ်တာကြောင့် အရည်အချင်းတွေကို မကြည့်ရဘူး …။ အလွှာသုံးသုတ်သင်ခြင်းနတ်ဆိုးမှာ ဘယ်လိုအရည်အချင်းတွေ ပိုင်ဆိုင်ထားလဲ ငါသိချင်မိတယ် …”
ရှီဖုန်းက အလွှာသုံးနတ်ဆိုး၏ အရည်အချင်းများအကြောင်း အလွန်သိချင်နေသည်။ အလွှာသုံးတားမြစ်စကေးတစ်ခုကို အသုံးပြုနိုင်သောကြောင့် ၎င်းသည် သာမန်အလွှာသုံးနတ်ဆိုးထက် သန်မာမှာ သေချာ၏။