ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 693 မှော်လက်နက်နှင့် မှော်လက်နက်ဆန့်ကျင်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 693 မှော်လက်နက်နှင့် မှော်လက်နက်ဆန့်ကျင်ခြင်း
ခြေရာမဲ့သွေးက အင်မတန်မြန်ဆန်သည်။ အရာအားလုံးက မျက်တောင်တခတ်အတွင်း ဖြစ်သွားတာပင်။
လုပ်ကြံသတ်ဖြတ်ရေးသမားက ခရမ်းတိမ်ကို သူမ၏ စကေးများထုတ်ဖော်ရန် အခွင့်အရေးမပေးခဲ့ပေ။
ခြေရာမဲ့သွေးက ခရမ်းတိမ်ကို စုံစမ်းစစ်ဆေးခဲ့သည်။ ထို့ကြောင့် ဘာသာရေးခေါင်းဆောင် အလွန်သန်မာမှန်း သူသိပေသည်။ သူသာ သူမကို အသက်တစ်ရှိုက်ရှုစာ အချိန်ပေးခဲ့လျှင် သူ၏ လုပ်ကြံသတ်ဖြတ်မှု ကျရှုံးနိုင်လောက်သည်။ ထို့ကြောင့် သူအချိန်ယူကာ ဖြည်းဖြည်းခြင်း ဂရုတစိုက် ခရမ်းတိမ်နားချဉ်ကပ်ခဲ့ပြီး အမြင့်ဆုံးအကွာအဝေး၌ အရိပ်ခြေလှမ်းကို အသုံးပြုခဲ့တာ ဖြစ်သည်။ ထိုနည်းဖြင့် ခရမ်းတိမ်၏ အာရုံများက တုံ့ပြန်သည့်အချိန်တွင် သူမက နောက်ကျသွားပေလိမ့်မည်။
အနက်ရောင်ရုမ်းများ ထွင်းထုထားသည့်ဓားမြှောင်က လေထုကို ဖြိုခွင်းကာ ခရမ်းတိမ်၏ နောက်ကျောကို ထိမိသွားသည်။
သူ၏ ပထမဆုံးတိုက်ကွက်အောင်မြင်စွာ ကျရောက်သွားပြီး ခရမ်းတိမ်ကို အစွမ်းအထက်ဆုံး လုပ်ကြံသတ်ဖြတ်သည့် စကေးဖြစ်သော အကြွင်းမဲ့ထိုးနှက်ခခြင်းကို ချက်ချင်း အသုံးပြုလိုက်သည်။ နောက်ကျောထိုးစိုက်ခြင်းကို အသုံးမပြုခဲ့ပေ။ နောက်ကျောထိုးစိုက်ခြင်းနှင့်မတူဘဲ အကြွင်းမဲ့ထိုးနှက်ခြင်းက ထူးခြားသည့်တိုက်ကွက်လှုပ်ရှားမှု မလိုအပ်ဘဲ ပိုမြန်သည့် တိုက်ကွက်တစ်ခု ဖြစ်ပေသည်။
ရုတ်တရက်တွင် ခြေရာမဲ့သွေးက အနက်ရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီးနောက် ခရမ်းတိမ်ကို ထိုးဖောက်သွား၏။ ဘာသာရေးခေါင်းဆောင်ရှေ့သို့ ရောက်ပြီးနောက် ခြေရာမဲ့သွေးက လေထဲလှည့်ပတ်သွားကာ သူ၏ ဓားမြှောင်၏ အစွမ်းထက်ဆုံးထပ်တိုးစကေး အလင်းစီးဆင်းခြင်းကို ဘာသာရေးခေါင်းဆောင်ပေါ် အသုံးပြုလိုက်၏။ အလင်းစီးဆင်းခြင်း၏ ပစ်မှတ်တစ်ခုက အကြွင်းမဲ့ ထိုးနှက်ချက်ထက်တောင် ပိုမြင့်သည်။ စကေးကလည်း ပိုမြန်ဆန်ကာ ဖြစ်စဉ်တစ်ခုလုံးက နှလုံးခုန်စာ တစ်ချက်မပြည့်မီ၌ ပြီးသွားတာပင်။
” မင်း …”
ခြေရာမဲ့သွေး၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ၏ ဓားမြှောင်ကို မယုံနိုင်စွာ ကြည့်နေသည်။ သူ၏ လက်ကို ခွန်အားမည်မျှထည့်စေကာမူ သူ၏ ဓားမြှောင်က ခရမ်းတိမ်၏ ရွှေရောင်ဝတ်ရုံကို မထိုးဖောက်နိုင်ပေ။ သူမ၏ ဝတ်ရုံက မပျက်ဆီးနိုင်သည့်အရာဖြင့် ပြုလုပ်ထားသလိုပင်။
” ကျွန်မသာ အန္တရာယ်ရဲ့ ပထမလက္ခဏာပြတဲ့အချိန် အကြွင်းမဲ့လေဟာနယ်ကို အသက်မသွင်းခဲ့လျှင် အခုလောက်ဆို သေနေပြီးပြီ …”
ခရမ်းတိမ်က အနက်ရောင်ရုမ်းများဖြင့် ဓားမြှောင်ကို ကြည့်လိုက်သည်။ ထိုအနက်ရောင်ရုမ်းများက သူမနှင့် အင်မတန်ရင်းနှီးနေသည်။ သူတို့က မှော်လက်နက်များပေါ်ရှိ ရုမ်းများနှင့် အလွန်ဆင်တူပေ၏။ ဓားမြှောင်သာ သူမကို အနိုင်ရသွားစေခဲ့လျှင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာပင်။
သူ၏ တိုက်ခိုက်မှု ကျရှုံးသောကြောင့် ခြေရာမဲ့သွေးသည် ထိတ်လန့်နေသော်ငြား ချက်ချင်းပင် လှည့်ပြေးသွား၏။ ခရမ်းတိမ်ကို တိုက်ခိုက်ရန်အကြံကို စွန့်ပစ်ခဲ့ပြီး သူသည် ဘာသာရေးခေါင်းဆောင်ကို ထိခိုက်အောင် မလုပ်နိုင်တော့မှန်း သိလိုက်၏။ ထို့အပြင် သူသည် ဘာသာရေးခေါင်းဆောင်တစ်ဦး၏ လေဟာနယ်ကြာချိန် မည်မျှရှိမှန်း သူမသိပေ။ သူမှ၌ ထိုကာကွယ်မှု ရှိနေသည့်အချိန်တွင် သူက သက်ရှိပစ်မှတ်တစ်ခုနှင့် မခြားပေ။ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာက ပြေးပြီးပုန်းရန်သာ ဖြစ်သည်။
” ရှင် မလွှတ်မြောက်နိုင်ဘူး …”
ခရမ်းတိမ်က ခြေရာမဲ့သွးကို ထွက်ပြေးရန် အခွင့်အရေးတစ်ခု မပေးပေ။ အကြွင်းမဲ့လေဟာနယ်က ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် ရှည်ကြာပေ၏။ သူမက လုပ်ကြံသတ်ဖြတ်ရေးသမားကို ထွက်ပြေးသွားခွင့် ပေးလိုက်ပါက သူမကို သူထပ်မံလာတိုက်ခိုက်သည့်အချိန်တွင် ကာကွယ်နိုင်မှာ မဟုတ်တော့ပေ။
သူမ၏ လက်ချောင်းကို ဝှေ့ရမ်းပြီးနောက် အလွှာတစ်စကေး ကြယ်တာရာလမ်းညွှန်မှုကို အသုံးပြုလိုက်သည်။ ချက်ချင်းပင်အစွမ်းထက်သည့် မြေဆွဲငင်အားက ခြေရာမဲ့သွေးကို ဆွဲချကာ သူ့ကို ခရမ်းတိမ်ဆီ ပြန်ဆွဲယူနေ၏။
” ဒါ ဘယ်လို စကေးမျိုးလဲ …”
ထိုသို့သော ထုံးစံမဟုတ်သည့်စကေးကို ခြေရာမဲ့သွေးမြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။ ချည်မျှင်များက သူ့နားရစ်ပတ်နေသလို သူ့ကို သူရန်သူဆီ ဆွဲယူနေသည်။
နောက်ဆုံးကတ်တစ်ခုအနေဖြင့် သူသည် ချုပ်နှောင်မှုဖယ်ခြင်းစကေးကို အသုံးပြုပြီး ကြယ်တာရာလမ်းညွှန်မှု၏ အာနိသင်ကို ဖယ်ရှားပစ်လိုက်၏။
” မြင့်မြတ်သော ချိတ်ပိတ်ခြင်း …”
သူမ၏ တိုက်ကွက်ကျရှုံးသွားသည်ကို မြင်သောအခါ ခရမ်းတိမ်က ဘာသာရေးခေါင်းဆောင်များ၏ အမှတ်အသားပြုစကေးဖြစ်သော မြင့်မြတ်သောချိတ်ပိတ်ခြင်းကို အသုံးပြုလိုက်၏။ ရုတ်တရက်တွင် မြင့်မြတ်သောအလင်းတန်းက ခြေရာမဲ့သွေး၏ နဖူးပေါ်တွင်ပေါ်လာကာ သူ့ကို တိတ်ဆိတ်ခြင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်လိုက်သည်။
” သေစမ်း …။ သူမက ဒီလိုစကေးကို ကောင်းကောင်းသိနေတာပဲ …”
ခြေရာမဲ့သွေးက စတင် ကြောက်လန့်လာသည်။ တိတ်ဆိတ်ခြင်းသို့ မဝင်ရောက်နိုင်ခြင်းက သူ့အတွက် အလွန်အရေးနိမ့်ပေ၏။ ထိုနည်းဖြင့် သူသည် နောက်တိုက်ပွဲထဲတွင် ခရမ်းတိမ်ကို ချောင်းမြောင်း တိုက်ခိုက်နိုင်တော့မှာ မဟုတ်ပေ။
ခြေရာမဲ့သွေးက စတင်ထွက်ပြေးပြီး မကြာမီ၌ သူ့ဆီ အနက်ရောင်အရိပ်တစ်ခု ပြေးဝင်လာသည်။
” ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းစားနဲ့ …”
အရိပ်ဓားက မိုးသက်မုန်တိုင်း ဝင်သက်ငွေကို ထုတ်ဖော်ပြီး လုပ်ကြံသတ်ဖြတ်ရေးသမားကို တိုက်ခိုက်လိုက်သည်။
ခြေရာမဲ့သွေး၏ ထိန်းချုပ်မှုဖယ်ရှားသည့်စကေးကို အသုံးပြုခဲ့ပြီ ဖြစ်သောကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ လေခြေလှမ်းကို အသုံးပြုလိုက်သည်။ သူက အရိပ်ဓား၏ တိုက်ကွက်ကို စကေးအသုံးပြုပြီး ပိတ်ဆို့လိုက်၏။ တစ်ဖက်သို့လှည့်ကာ ခြေရာမဲ့သွေးက သူ၏ဓားမြောင်ကို ပြောင်းပြန် ဆုပ်ကိုင်ပြီးနောက် အရိပ်ဓား၏ ဝမ်းဗိုက်ကို ဓားဖြင့်ထိုးစိုက်လိုက်သည်။
ကျောက်ကပ်ကို တိုက်ခိုက်ခြင်း
စကေးက ရှေးစစ်သည်တော်ကို နှစ်စက္ကန့်တာ သို့မဟုတ် သုံးစက္ကန့်တာ မေ့လျော့သည့် အခြေအနေထဲရောက်အောင် ဖိအားပေးနိုင်သည်နှင့် သူ့အဖို့ လွတ်မြောက်ရန် လုံလောက်နေပြီ ဖြစ်သည်။ ဝင်လာသည့်တိုက်ကွက်ကို အချိန်မီမပိတ်ဆို့နိုင်မှန်း သတိဝင်သွားသောအခါ အရိပ်ဓားသည် လေပွေပိုင်းဖြတ်ခြင်းကို ထုတ်ဖော်ပြီး မိုးသက်မုန်တိုင်း၏ ဝင်သက်ငွေကို ခြေရာမဲ့သွေးဆီ လွဲခုတ်လိုက်သည်။ အရိပ်ဓားက ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ထားပေ၏။ ထို့အရာကိုမြင်သောအခါ အရိပ်မဲ့သွေးသည် ရွေးချယ်စရာမရှိတော့ဘဲ သူ၏ တိုက်ကွက်ကိုရပ်တန့်ကာ ချက်ချင်းနောက်ဆုတ်ပြီး အရိပ်ဓား၏ လေပွေပိုင်းဖြတ်ခြင်းကို ရှောင်တိန်းလိုက်၏။
သူသည် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦးမျှသာ ဖြစ်သည်။ သူ၏ သာမန်တိုက်ကွက်က ရှေးစစ်သည်တော်တစ်ဦးထက် မည်ကဲ့သို့ ထိခိုက်မှုပိုများနိုင်သနည်း။ ထို့အပြင် သူက သရေသံချပ်ကာကို ဝတ်ဆင်ထားပြီး ရှေးစစ်သည်တော်က ရင်ကာသံချပ်ကာကို ဝတ်ဆင်ထားတာ ဖြစ်၏။ သူ၏ လက်နက်က မှော်လက်နက်ဖြစ်ခဲ့လျှင်တောင် ထိပ်တိုက်ရင်ဆိုင်ရာတွင် နှစ်ဖက်ထိခိုက်သွားမှာ ဖြစ်၏။ ထို့အပြင် သူက လက်ရှိတွင် ရန်သူအစီအရင်၏ နောက်တန်းတွင် ရောက်နေတာ ဖြစ်သည်။
သူ၏ HP ကို ပြန်ကောင်းစေရန် ကုသသူများ မရှိပေ။ သို့သော် အရိပ်ဓားကမူ မတူပေ။ သူ့တွင် ခရမ်းတိမ်ကဲ့သို့ ကုသသူ၏ အကူအညီရှိနေသည်။ ရှေးစစ်သည်တော်က တိုက်ခိုက်ရမှာကို ကြောက်စရာမလိုပေ။ ထို့ကြောင့် အရိပ်ဓားတိုက်ခိုက်သည့်အချိန်တွင် သူ၏ မျက်လုံးထဲ၌ ကြောက်လန့်မှု မရှိပေ။
အရိပ်ဓား၏ တိုက်ကွက်ကိုရှောင်ပြီးနောက် ခြေရာမဲ့သွေးက ချက်ချင်းလှည့်ပြေးကာ ရှေးစစ်သည်တော်နှင့် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ပေ။
သူ၏ ပြိုင်ဘက်များက ကျွမ်းကျင်သည့် ဘာသာရေးခေါင်းဆောင်နှင့် ကျွမ်းကျင်သည့် ရှေးစစ်သည်တော် ဖြစ်သည်။ တစ်ယောက်ချင်းလုပ်ကြံသတ်ဖြတ်ရန် ယုံကြည်ချက်ရှိသော်ငြား နှစ်ယောက်ဆက်တိုက်တိုက်ခိုက်ဖို့ကတော့ အဆင်မပြေပေ။
သို့သော် အရိပ်ဓားက လုပ်ကြံသတ်ဖြတ်ရေးသမားကို အလွှတ်ပေးမည့် ရည်ရွယ်ချက် ရှိပုံမရပေ။ သူက တိုက်ကွက်ချက်ချင်းရပ်သွားသည်နှင့် နောက်မှလိုက်သွားသည်။ သူသည် လေဖြိုခွင်းခြင်းနှင့် မိုးကြိုးကို အသုံးပြုလိုက်ရာ စကေးနှစ်ခု၏ လှုပ်ရှားမှုအရှိန် လျှော့ချသည့်အာနိသင်ဆက်သွားသောအခါ ခြေရာမဲ့သွေးက ရှေးစစ်သည်တော်ထံမှ လွှတ်မြောက်ရန် မျှော်လင့်ချက်ကင်းမဲ့သွား၏။
ခြေရာမဲ့သွေးသည် ရွေးချယ်စရာမရှိတော့ဘဲ အရိပ်မဲ့ဓားနှင့် အနီးကပ်တိုက်ပွဲဝင်ရတော့သည်။
ဖန် …
လက်နက်နှစ်ခု ဆုံတွေ့သွားသည့်အချိန်တွင် တစ်လက်လက်တောက်ပနေသည့် မီးပွင့်များက ပတ်ဝန်းကျင်အနှံ ပျံ့နှံသွားသည်။ သက်ရောက်မှုအားက ခြေရာမဲ့သွေးကို နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားစေပြီး သူ၏ မျက်နှာထက်တွင် သုန်မှုန်သည့်အမူအရာတစ်ခု ပေါ်လာသည်။ အကြောင်းမှာ သူ၏ ပြိုင်ဘက်က မူလနေရာတွင် တည်တည်ငြိမ်ငြိမ် ရှိနေသောကြောင့် ဖြစ်၏။
” သူ ဘာကြောင့် ဒီလောက်သန်မာရတာလဲ …”
ခြေရာမဲ့သွေးသည် သူ၏ ကိုယ်ပိုင်ခွန်အား၊ အရည်အသွေးမြင့်တာကို သိပြီးသားဖြစ်သည်။ သူသည် သာမန်ရှေးစစ်သည်တော်ထက်တောင် အနည်းငယ်မြင့်ပေ၏။ ထို့သို့တိုင် အရိပ်ဓား၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ထိုရှေးစစ်သည်တော်၏ ခွန်အားက သူ့ကို လွှမ်းမိုးထားသည်။ သူကိုင်ဆောင်ထားသည့် မှော်လက်နက်က ခွန်အား၏ သိသာထင်ရှားသောပမာဏပေး၏။ ခြေရာမဲ့သွေးက ခွန်အားအရာတွင် သာလွန်သည့်တိုင် ရှေးစစ်သည်တော်၏ တိုက်ခိုက်မှုက သူ့ကို နောက်သို့ သုံးလှမ်းဆုတ်တာ မဖြစ်သင့်ပေ။ ယခုအချိန်ထိ တိုက်ကွက်ဖလှယ်ရာမှ သူ၏လက် ထုံကျင်နေသေးတာကို ခံစားမိသည်။
ဇီးရိုးဝင်းက ဒီလောက်များတဲ့ ထိပ်တန်းအလွှာကျွမ်းကျင်သူတွေ တကယ်ပိုင်ဆိုင်ထားတယ်လား။
ခရမ်းတိမ်က ပြုံးပြီးနောက် သူ၏ ဂါထာရွတ်မှုကို အဆုံးသတ်လိုက်သည်။ ပြီးနောက် သူက ခြေရာမဲ့သွေးကို လက်ညိုးထိုးလိုက်သည်။
အလွှာတစ်ဂါထာ အနက်ရောင်အခေါင်း
အနက်ရောင်အရံအတားတစ်ခုက ခြေရာမဲ့သွေးနား ရုတ်တရက်ပေါ်ပြီး ရစ်ပတ်သွားတော့၏။ ရွေးချယ်စရာမရှိတော့ဘဲ ခြေရာမဲ့သွေးသည် ကွယ်ပျောက်ခြင်းကို အသုံးလိုက်ရသည်။ ကွယ်ပျောက်ခြင်းကို အသက်သွင်းပြီးနောက် သူသည် တိုက်ကွက်အားလုံး ယာယီမထိ ဖြစ်သွားပေလိမ့်မည်။ စကေးက သူ့ကို ကိုယ်ပျောက်သည့်အခြေအနေတွင် သုံးစက္ကန့်တာ ရှိနေမှာ ဖြစ်ပြီး တိတ်ဆိတ်သည့်အခြေအနေသို့ ရောက်သွားစေမှာ ဖြစ်၏။ မြင့်မြတ်သော ချိတ်ပိတ်ခြင်းတောင် ကိုယ်ပျောက်ခြင်း၏ အာနိသင် သုံးစက္ကန့်အတွင်း သက်ရောက်မှုမရှိပေ။ ထိုသုံးစက္ကန့်က သူနှင့် ကျွမ်းကျင်သူနှစ်ယောက်ကြားရှိ အကွာအဝေးကိုချဲ့ရန် လုံလောက်တာထက် ပိုနေပြီ ဖြစ်သည်။
” ကွယ်ပျောက်သွားတာလား …”
အရိပ်ဓားက ထိုစကေးကို ရင်ဆိုင်နိုင်သည့် နည်းလမ်းမရှိပေ။ ၎င်းက အဓိကအမျိုးအစားဆယ့်နှစ်ခုထဲမှ တစ်မျိုးဖြစ်သော လုပ်ကြံသတ်ဖြတ်ရေးသမား၏ အစွမ်းအထက်ဆုံး အသက်ကယ်စကေး ဖြစ်သည်။ အသံတိတ်စကေး မရှိလျှင် ကျွမ်းကျင်သူ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦးကို သတ်ဖြတ်ရန် အလွန်ခက်ခဲနေပေမည်။
သုံးစက္ကန့်ခန့်ကြာပြီးနောက် ခြေရာမဲ့သွေးက အရိပ်ဓားနှင့် ခပ်လှမ်းလှမ်း၌ ပြန်ပေါ်လာ၏။ ထိုအကွာအဝေးတွင် ရှေးစစ်သည်တော်၏ တိုက်ခိုက်မှုတောင် သူ့ဆီ မရောက်နိုင်ပေ။ ထို့အပြင် လုပ်ကြံသတ်ဖြတ်ရေးသမားများက လျင်မြန်ဖျက်လက်မှုကို အခြေခံသည့် အမျိုးအစားဖြစ်၏။
လှုပ်ရှားမှုအရှိန်တွင် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦးက ရှေးစစ်သည်တော်တစ်ဦးထက် လျင်မြန်ပေသည်။ ထို့အပြင် ခြေရာမဲ့သွေးကလည်း သူ၏ အရှိန်ကို တိုးမြှင့်ပေသည့် ချပ်ဝတ်တန်ဆာ ပိုင်ဆိုင်ထားသည်။ အရိပ်ဓားအဖို့ သူ့ကို အခုအချိန်တွင် အမှီလိုက်နိုင်ဖို့က မဖြစ်နိုင်ပေ။
ထို့ကြောင့် ဂလက်ဆီပါ့စ်သည် ခြေရာမဲ့သွေးကို လိုက်ဖမ်းရာတွင် ကျရှုံးခဲ့ရတာ ဖြစ်သည်။
” ဒါဘာလဲ …”
ခြေရာမဲ့သွေးသည် သူ့ခြေထောက်အောက်ရှိ အနက်ရောင်မှော်အစီအရင်ကို ရုတ်တရက် သတိပြုမိသွားသည်။
ခြေရာမဲ့သွေးက အဝေးသို့ရောက်အောင် ရုန်းကန်ခဲ့ရသော်လည်း ထိုမှော်အစီအရင်က တွင်းနက်တစ်ခုကဲ့သို့ပင် သူမည်မျှ ရုန်းကန်စေကာမူ ဝါမျိုခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။
ပြီးနောက် မှော်အစီအရင်က လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး၏ တစ်ကိုယ်လုံးကို ဝါးမျိုသွားပြီး ခြေရာလက်ရာတောင်မကျန်ဘဲ သူခန္ဓာကိုယ် ပျောက်ကွယ်သွားတော့၏။
ခြေရာမဲ့သွေးက အလင်းကို ထပ်မံမြင်သည့်အချိန်တွင် ထိတ်လန့်သွားတော့သည်။
” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
သူသည် ခရမ်းတိမ်နှင့် မလှမ်းမကမ်း၌ ထပ်မံပေါ်လာပြန်သည်။ ယခုအခေါက်တွင် သူက ဝိညာဉ်ဓာတ်စွမ်းအားဘောလုံးများနှင့် အရံအတားများဖြင့် အဝိုင်းခံထားရသည်။ ရှေးစစ်သည်တော် အရိပ်ဓားကလည်း အနားတွင် ရပ်နေ၏။ သူသည် အလင်း၏ အရံအတားများ အဝိုင်းခံထားရသောကြောင့် ထွက်ပြေးရန် မဖြစ်နိုင်ပေ။
” ရှင် မလွတ်မြောက်နိုင်ဘူးလို့ ပြောပြီးသားပဲ …”
သူမ၏ လက်ထဲတွင် အနက်ရောင်သော့တစ်ချောင်းကို ကိုင်ဆိုင်ထားပြီး ခရမ်းတိမ်က ခြေရာမဲ့သွေးကို ပြုံးပြကာ တည်ငြိမ်စွာ ပြောလိုက်၏။
” ရှင်မှာ မှော်လက်နက်တစ်ခု ရှိတယ် …။ ကျွန်မမှာလည်း မှော်လက်နက်တစ်ခု ရှိတယ် …”
ခြေရာမဲ့သွေးကဲ့သို့ ခြိမ်းခြောက်နိုင်သည့်သူကို ဖြေရှင်းရန်အတွက် ခရမ်းတိမ်သည် သူမ၏ နောက်ဆုံးလျှို့ဝှက်ကတ် ကြယ်တာရာစုစည်းခြင်းကို အသုံးပြုလိုက်၏။ ထိုစကေးက နက္ခတ်ဗေဒဆရာတစ်ဦး၏ အဓိကလက်နက်လည်း ဖြစ်ပေသည်။ စကေး၏ အာနိသင်များထဲမှတစ်ခုက လေဟာနယ်ချုပ်နှောင်ခြင်း ဖြစ်သည်။
အသက်သွင်းလိုက်သည်အချိန်တွင် ကြယ်တာရာစုစည်းခြင်းက ပစ်မှတ်ကို တိကျသည့် လေဟာနယ်တစ်ခုထဲတွင် ချုပ်နှောင်ထားမှာ ဖြစ်သည်။ ပစ်မှတ်က သူတို့၏ အချုပ်အနှောင်မှ ထွက်ပြေးချင်လျှင် သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာက လေဟာနယ်အရံအတားကို ဖြိုခွဲခြင်း သို့မဟုတ် အသုံးပြုသူက စကေးကို ဖယ်ရှားခြင်းသာ ဖြစ်သည်။ အသုံးပြုသူ၏ လေဟာနယ် အရံအတားက ထိခိုက်မှုကို မည်မျှစုပ်ယူနိုင်ကြောင်း ဆုံးဖြတ်ပေး၏။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသည့် အာနိသင်ဖြင့် စကေးတစ်ခု ဖြစ်ပေသည်။
သို့သော် စကေး ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန်ကလည်း နှစ်နာရီဖြစ်သည်။
ငါတကယ် ဒီလို သေတော့မှာပဲ။
ခြေရာမဲ့သွေးက ကောင်းကင်ထက်၌ ဝိုင်းရံနေသည့် ဝိညာဉ်ဓာတ်ဘောလုံးများနှင့် သူ့ကို ရက်စက်သည့်ကျားတစ်ကောင်သဖွယ် ကြည့်နေသည့် ရှေးစစ်သည်တော်ကို မြင်သောအခါ ခါးသက်စွာပြုံးမိလိုက်၏။