ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 694 ဇီးရိုးဝင်း၏ ခွန်အား
ကျောက်လက်သည်းတောင်တန်း အပြင်ပိုင်းဒေသတွင် ဖြစ်သည်။
လက်ရှိတွင် နာမည်နီအယောက်လေးရာကျော်က ကျောက်လက်သည်းတောင်တန်း၏ အတွင်းပိုင်းဒေသသို့ ခပ်နက်နက်တိုးဝင်နေသည်။ သို့သော် သူတို့ ဧရိယာနားချဉ်ကပ်လာချိန်တွင် သူတို့ရင်ဆိုင်ရသည့် မွန်းစတားများက ပိုသန်မာလာရုံသာမက ရင်ဆိုင်တွေ့ရသည့် မွန်းစတားအရေအတွက်ကလည်း တိုးလာသည်။ ထို့အပြင် သူတို့အဖွဲ့တွင် ကစားသမားပိုများလေလေ မွန်းစတားများက သူတို့ကို ရှာတွေ့ရန် ပိုလွယ်ကူလေဖြစ်၏။ ရလဒ်အနေဖြင့် တိုက်ပွဲများက ရံဖန်ရံခါ ဖြစ်ပွားနေသည်။
အစတွင် အဖွဲ့က အဆင့် (၄၅) လက်ရွေးစဉ်အော့ခ်တ်ဝက် နှစ်ရာ၊ သုံးရာခန့်နှင့် အထူးလက်ရွေးစဉ် မျိုးနွယ်စုအကြီးအကဲ ဘော့စ်တစ်ဝက်များကို ရင်ဆိုင်တွေ့ခဲ့ရသည်။ ယခုမူ အဖွဲ့က အဆင့် (၃၈) လက်ရွေးစဉ်အော့ခ်တစ်ဝက် အယောက်လေးရာ၊ ငါးရာခန့်အဖွဲ့ကို အဆင့် (၃၉) အော့ခ်တစ်ဝက်အရှင် ဦးဆောင်လာတာကို တွေ့လိုက်ရပြီ ဖြစ်သည်။ တိုက်ပွဲက ယခုဆို နှစ်ဆခန့်ပိုခက်ခဲသွား၏။
” သူတို့ မျိုးပွားတဲ့နှုန်း ဒီလောက်မြန်မှန်း သိခဲ့ရင် ငါတို့တွေ အဖွဲ့ဝင်တွေ ပိုစုဆောင်းပြီး အချိန်ဖြုန်းနေမှာ မဟုတ်ဘူး …။ ခြေရာမဲ့သွေးကို ငါတို့ထက် အရင်သွားခိုင်လိုက်မှာ မဟုတ်ဘူး …”
အဖွဲ့ဝင်များက ခြေရာမဲ့သွေးအဖွဲ့ကို အားကျနေကြသည်။
ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ကို အနိုင်ယူရန် ပိုကောင်းသည့်အခွင့်အရေးရှိဖို့ရာ သူသည် အဖွဲ့ဝင်များ ပိုစုဆောင်းရန် အချိန်ယူခဲ့ရ၏။ ထိုသို့တိုင် ယခုမူ သူတို့က အော့ခ်တစ်ဝက်များကို ဖြေရှင်းနေရသည်။ သူတို့က ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ကို အမှီလိုက်နိုင်ရန် အချိန်တစ်ချို့ယူရအုံးမှာပင်။
တိုက်ပွဲက စနေပြီးပြီလို့ ငါကြားတယ် …။ ငါတို့ အချိန်မီ ရောက်နိုင်ပါ့မလာဆိုတာ မသိဘူး …”
” ငါတို့ နောက်ကျမှရောက်ရင် ပိုပြီးအကျိုးသက်ရောက်မှု ရှိတာပေါ့ …။ ပြောရရင် ဇီးရိုးဝင်းရဲ့ ပင်မတပ်ဖွဲ့ပဲလေ …။ ခြေရာမဲ့သွေးက သူတို့ကို အပြည့်အဝသုတ်သင်ရှင်းလင်းနိုင်မှာ မဟုတ်ဘူး …။ ငါတို့က အကြွင်းအကျန်တွေ ကောက်လို့ရတယ် …”
“ဟေ့ မင်းပြောနေတာ ခြေရာမဲ့သွေးအကြောင်းနော် …။ သူ့ရဲ့ ရန်လိုကြမ်းတမ်းမှုနဲ့ ဘယ်လောက်များများ လွတ်နိုင်မယ်လို့ မင်းဝင်လဲ …”
” အမှန်ပဲလို့ ခန့်မှန်းမိတာပဲ …။ ငါတို့ မြန်မြန်သွားကြရအောင် …။ မဟုတ်ရင် ဒီခရီးစဉ်က အလာဟသ ဖြစ်သွားမှာ …”
ထိုအချက်ကို သဘောပေါက်သောအခါ သူတို့အဖွဲ့က အပြင်းအထန် စတင်တိုက်ခိုက်ကြတော့၏။ နတ်ဘုရားနယ်မြေထဲတွင် အမှောင်ကစားသမားများနှင့် အလင်းကစားသမားများက အပြန်အလှန် ဆက်ဆံရေးကောင်းတာ ရှားသည်။ တစ်ဖက်နှင့်တစ်ဖက် အထင်သေးနေကြတာ ဖြစ်သည်။ အမှောင်ကစားသမားများအဖို့ အလင်းကစားသမားများသည် တိုက်ပွဲဝင်စွမ်းအား အနည်းငယ်မျှသာ ရှိသည့် ကစားသမားတပ်ဖွဲ့တစ်ဖွဲ့သာ ဖြစ်သည်။ သူတို့က မြေအောက်စခန်းများ စီးနင်းတိုက်ခိုက်ရာတွင် သာလွန်၏။ ထိုကဲ့သို့သော ကစားသမားများက သူတို့ကဲ့သို့ သွေးသန်ရဲရဲ တိုက်ပွဲများကို ဖြတ်ကျော်လာသည့် သူများနှင့် မည်သို့ယှဉ်နိုင်မည်နည်း။ ထိုကြောင့် အစည်းအရုံးကျွမ်းကျင်သူက မည်မျှနာမည်ကြီး အစွမ်းထက်စေကာမူ နာမည်နီများ၏ အမြင်တွင် ထိုကျွမ်းကျင်သူများက အသေးအမွှား တည်ရှိမှုသာ ဖြစ်သည်။ နာမည်နီများက အလင်းအဖွဲ့အစည်းများကို စိတ်ထဲမထားပေ။
” ငါတို့လမ်းမှာ ကစားသမားအဖွဲ့ကြီးတစ်ဖွဲ့ ရှိတယ် …”
ရှိန်းဂျားတစ်ဦးက ရုတ်တရက်သတင်းပို့လိုက်၏။
“ဇီးရိုးဝင်းရဲ့ ပင်မတပ်ဖွဲ့ မဟုတ်လောက်ဘူးမလား …။ သူတို့တွေ ဒီလောက်မြန်မြန် လက်လျှော့လိမ့်မယ်လို့ မထင်ထားဘူး …။ ဇီးရိုးဝင်းက ဒီလောက်များများသုံးခဲ့တဲ့ပေါ်မှာပဲ ကောလဟာလတွေအရ အစည်းအရုံးအစွမ်းထက်တယ်ဆိုတာ အလိမ်အညာတွေပဲ ဖြစ်မှာ …”
နာမည်နီများက အစည်းအရုံးကို ပြက်ရယ်ပြု ကဲ့ရဲ့ကြတော့သည်။
“ကောင်းပြီ …။ တော်လောက်ပြီ …။ အသင့်ပြင်ထား …။ ဇီးရိုးဝင်းကစားသမားတစ်ယောက်ကိုမှ အလွတ်မပေးနဲ့ …”
သူတို့က ကျောက်လက်သည်းတောင်တန်း အတွင်းပိုင်းဒေသထဲသို့ လျင်မြန်စွာ ချဉ်းကပ်လာပြီ ဖြစ်၏။ ဇီးရိုးဝင်းနှင့် ချုံခိုတိုက်ခိုက်သည့် နာမည်နီများအပြင် ထိုဧရိယာအတွင်း ကစားသမားမရှိပေ။ သူတို့နားသို့ကပ်လာသည့် ကစားသမားများက အတွင်းပိုင်းဒေသမှ ဖြစ်သောကြောင့် သူတို့သည့် သံသယဖြစ်ဖွယ်မရှိ ဇီးရိုးဝင်းအဖွဲ့ဝင်များ ဖြစ်ပေမည်။
ချက်ချင်းပင် နာမည်နီအယောက်လေးရာက ဖြန့်ကျက်ကာ ဇီးရိုးဝင်းကို ဝိုင်းထားရန်စောင့်စားလိုက်၏။
စက္ကန့်တို့ တတိတိကုန်ဆုံးသွားသည်။ တောထဲမှ ကစားသမားဆယ့်ယောက်ကျော် ပေါ်ထွက်လာပြီး သူတို့တစ်ယောက်ချင်းစီက စုတ်ပြတ်သက်နေကြ၏။ ထိုကစားသမားများသည် အမောတကော အသက်ရှူနေရကာ အချိန်ကြာညောင်းစွာ ပြေးလွှားပြီး သူတို့၏ သက်လုံအားကုန်ခမ်းတာ သိသာပေ၏။
စောင့်စားနေသည့် နာမည်နီများကလည်း ရှေ့သို့ပြေးသွားပြီး မောပန်းနေသည့် ကစားသမားများကို ဝိုင်းလိုက်သည့်အချိန်တွင် တစ်စုံတစ်ခု လွဲချော်နေတာကို ရုတ်တရက် သဘောပေါက်သွား၏။
“ဟမ် …။ အဲ့ဒါ ရှေးစစ်သည်တော် ဓားသုံးလက်မလား …။ သူက နာမည်နီစာရင်းမှာ အဆင့် (၉၁) မဟုတ်ဘူးလား …”
” သူတို့က ခြေရာမဲ့သွေးရဲ့ အဖွဲ့သားတွေ မဟုတ်ဘူးလား …”
” ဘာကြောင့် ဒီလောက် ဆုပ်ပျက်နေတာလဲ …”
မေးခွန်းများစွာက လူတိုင်း၏ စိတ်ထဲ တစ်ဆက်ထဲ ပေါ်လာသည်။ သို့သော် မကြာမီ၌ အဖြေကို ရှာတွေ့သွား၏။
တောထဲကနေ မြားများ၊ ဂါထာများ ပေါ်ထွက်လာ၏။ မျက်တောင်တခတ်အတွင်း ထွက်ပြေးလာသည့် နာမည်နီများက မြေပြင်ပေါ်လဲကျကာ သူတို့၏ ချပ်ဝတ်တန်ဆာအပိုင်းအစများ ပြန့်ကျဲကုန်တော့၏။ အဖွဲ့၏ရှေ့မှ ထွက်ပြေးလာသည့် ဓားသုံးလက်က ပိတ်ဆို့ခံလိုက်ရပြီး ဝင်လာသည့်တိုက်ကွက်များကို ရှောင်နေရသည်။ သို့သော် မြားနှစ်စင်းက သူ့ကိုရှာတွေ့သွားကာ သူ၏ HP သည် (၃၀၀၀) နီးပါးချက်ချင်း လျော့ကျသွား၏။
” မင်းတို့တွေက ဇီးရိုးဝင်းကို ရန်စပြီး ထွက်ပြေးလို့ရမယ် ထင်နေလား …”
သစ်ပင်နားတွင် ပေါ်လာသည့် မိုင်နေလေက ဓားသုံးလက်ကို အေးတိအေးစက်စိုက်ကြည့်ပြီး ပြောလိုက်၏။ သူနောက်တွင် ဇီးရိုးဝင်းအဖွဲ့ဝင်များ လိုက်ပါလာသည်။
” ငါမလွတ်မြောက်နိုင်ဘူးဆိုမှတော့ မင်းတို့ကို ငါနဲ့အတူ သေတွင်းထဲ ခေါ်သွားမယ် …”
ပြေးလွှားပြီး မောပန်းနေသည့် ဓားသုံးလက်က အသေအကျေတိုက်ခိုက်ရန်အတွက် ရပ်တန့်လိုက်သည်။
ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့၏ တိုက်ခိုက်မှုက တစ်ဖက်သက်အပြစ်ပေးခြင်းသာ ဖြစ်သည်။ သူတို့၏ အသန်မာဆုံး တိုက်ပွဲဝင်သူခြေရာမဲ့သွေးတောင် အလွယ်တကူ ရှုံးနိမ့်သွား၏။ သူတို့အဖွဲ့၏ ကျန်သည့်သူများဆိုလျှင် ပြောနေရန်မလိုတော့ချေ။
ဇီးရိုးဝင်းနှင့် သူတို့တိုက်ပွဲစတင်ပြီး ငါးမိနစ်မပြည့်မီ၌ သူတို့၏ အဖွဲ့ဝင်တစ်ဝက်ကျော် ဆုံးရှုံးသွားပြီ ဖြစ်သည်။ တစ်ဖက်တွင် ဇီးရိုးဝင်းက တစ်ယောက်တောင် မသေသေးပေ။ ၎င်းက မယုံနိုင်စရာ ကောင်းလွန်းလှ၏။
ယခုအချိန်တွင် နှစ်ဖက်၏ခွန်အားက သိသာနေပြီ ဖြစ်သည်။ သူတို့က ကွဲပြားခြားနားသည့်အဆင့်တွင် တည်ရှိ၏။ ထို့နောက် သူသည် အားလုံးကို ချက်ချင်းဆုတ်ရန် အမိန့်ပေးလိုက်သည်။
သူတို့စတင်ဆုတ်ခွာသည့်အချိန်တွင် ကစားသမားတစ်ရာကျော်ရှိသေးသည်။ ယခုမူ ဆယ်နှစ်ယောက်ခန့်သာ အသက်ရှင်တော့၏။ မိုင်နာလေက သူတို့အဖွဲ့ဝင်အများစု၏ အသက်ကို ကိုယ်တိုင်နုတ်ခဲ့တာ ဖြစ်သည်။ ရိန်းဂျား၏ မြားမျာက အင်မတန်မြန်ဆန်ရုံသာမက AOE စကေးကလည်း ဧရိယာကျယ်သည့် ကြယ်လတိုင်းပြည်၏ နာမည်နီစာရင်းတွင် အဆင့် (၉၁) ဖြစ်သော ဓားသုံးလက်တောင် မိုင်နာလေ၏ တိုက်ကွက်များကို မခုခံနိုင်ခဲ့ပေ။ သူ့အဖွဲ့ဝင်များဆိုလျှင် ပိုဆိုးချေ၏။
” အပြန်အလှန် ဖျက်ဆီးတာလား …”
မိုင်နာလေက မရယ်မောဘဲ မနေနိုင်တော့ပေ။
” ကံဆိုးတာက မင်းတို့ ဒီလိုလုပ်ဖို့ အရည်အချင်းမရှိဘူး …”
ဓားသုံးလက်က သန်မာပြီး ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ဝင်အချို့ထက် သာလွန်သော်လည်း ရှေးစစ်သည်တော်၏ စကေးပြီးနောကသည့်နှုန်းက မမြင့်ပေ။ သူတို့ချပ်ဝတ်တန်ဆာ၏ ကွာဟချက်များကို ထည့်တွက်ပြီးနောက် ဓားသုံးလက်သည် ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ထဲတွင် အဆင့် (၅၆) မျှသာ ရှိပေမည်။
အမှောင်ထုစွမ်းအားကို ထည့်မတွက်ရသေးချေ။
မိုင်နာလေက ပြောပြီးနောက် သူ၏ လေးကိုဆွဲကာ မြားများကို ကျန်သည့်နာမည်နီများဆီ ဆက်တိုက်ပစ်လွှတ်လိုက်၏။
ဓားသုံးလက်နှင့် ကျန်သည့်နာမည်နီများက မိုင်နာလေချဉ်းကပ်လာတာကို ဟန့်တားရန် ကြိုးစားသော်ငြား သူတို့နှင့် ရိန်းဂျားကြားထဲ၌ ကိုက်လေးဆယ်အကွာသာ ရှိသည်။ သူတို့အဖို့ ရိန်းဂျားဆီရောက်ရန် မလုံလောက်ပေ။ ထို့အပြင် နာမည်နီက ဆယ့်နှစ်ယောက်ခန့်သာ ကျန်ပြီး မည်သူကမှ အကွာအဝေးအမျိုးအစား မဟုတ်ပေ။ ထို့ကြောင့် သူတို့အဖွဲ့သည် ရွေးချယ်စရာမရှိတော့ဘဲ မြားမိုးများကို ကာနေရ၏။
သို့သော် အလွှာတစ်လက်နက် လေဖမ်းသူက အသေးအမွှားအိုင်တမ်မဟုတ်ပေ။ ထိုအရာဖြင့် မိုင်နာလေသည် သူ၏ သာမန်တိုက်ကွက်များတွင် (-၁၅၀၀) ထိခိုက်မှု ဖြစ်စေခဲ့သည်။ ဓားသုံးလက်နှင့် ကျန်သည့်သူများက အလွန်ဆုံး HP ခုနစ်ထောင်ကျော်သာ ရှိတာဖြစ်သည်။ ဓားအချို့က သူတို့ကို အဆုံးသတ်သွားရန် လုံလောက်နေပြီ ဖြစ်သည်။
ထို့အပြင် မိုင်နာလေ၏ မြားများက ဆဠခံကြယ်အာနိသင်ဖော်ဆောင်ထား၏။ ဆယ်ကိုက်ပတ်လည် အတွင်းရှိသူများ ထိသွားကာ ဓားသုံးလက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ရှေးစစ်သည်တော်က HP လည်း အနည်းငယ်သာ ကျန်တော့၏။
ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေသည့် နာမည်နီများက ထိတ်လန့်ကုန်သည်။
သူ၏ လေးဖြင့် မိုင်နာလေက သူတို့အနားတောင် မကပ်ရသေးခင် နာမည်နီတစ်ဒါဇင်ကျော်ကို အနိုင်ယူခဲ့သည်။ ဓားသုံးလက်တောင် သေလုနီးပါး ဖြစ်နေပြီပင်။ ဘေးနားတွင် ပုန်းခိုနေသည့် နာမည်နီများက သူတို့မျက်လုံးတောင် သူတို့မယုံနိုင် ဖြစ်နေ၏။
” ငါအိပ်မက်မက်နေတာများလား …”
” အဲ့ဒီ ရိန်းဂျားက ဘာကြောင့် ဒီလောက် အစွမ်းထက်ရတာလဲ …”
ရုတ်တရက်တွင် ဇီးရိုးဝင်းကို ချုံခိုတိုက်ခိုက်ရန် သွားနင်းသည့် သူတို့၏ နာမည်နီအဖော်အပေါင်းများ သေပြီးဆိုတာ ကျန်သည့်နာမည်နီများအားလုံးက သဘောပေါက်လိုက်သည်။ ထို့အပြင် ရှင်ကျန်ရစ်သည့်သူက HP တစ်မျှင်ထက် ပိုမကျန်တော့ပေ။
သူတို့ စိတ်ကူးထဲရှိ အလင်းကစားသမားများနှင့် ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ဝင်များကြားရှိ ကွာဟချက်က ကြီးမားလွန်းသည်။
” ဪ မင်းက စစ်ကူခေါ်တာလား …”
မိုင်နာလေက ချုံထဲတွင် ပုန်းနေသည့် နာမည်နီများဆီ အကြည့်ရွေ့လိုက်၏။ လင်းယုန်မျက်လုံးဖြင့် သူသည် ကစားသမားလေးရာကျော်ကို သတိပြုမိသောကြောင့် သူက ပြုံးပြီးပြောလိုက်၏။
” အစ်မကြီးမီးနဲ့ ကျန်သည့်သူတွေ အနားမှာ မရှိမှတော့ မင်းတို့ကို ငါ့ရဲ့ စစ်မှန်တဲ့ခွန်အားကို အသုံးပြုပြီး မင်းတို့ကို စမ်းသပ်ကြည့်ရမှာပေါ့ …”
နာမည်နီက မိုင်နာလေ၏ စကားများကို ကြားသောအခါ သူ၏ ရင်ထဲ တင်းကြပ်သွားသည်။
မိုင်နာလေ၏ တိုက်ခိုက်ရေးစွမ်းအားက မြင့်လွန်းသည်။ ထို့အပြင် မည်သူကမှ သူ၏ မြားမိုးမှ လွတ်မြောက်ရန် ယုံကြည်ချက်မရှိပေ။ ဓားသုံးလက်က အကောင်းဆုံးသက်သေ ဖြစ်၏။
ရုတ်တရက်တွင် ဦးဆောင်သည့် ဝတ်ရုံနက် ဓာတ်ကြီးလေးပါးအသုံးပြုသူက ပုန်းကွယ်နေရာမှ ခုန်ထွက်ပြီးနောက် အော်လိုက်၏။
” ခဏစောင့်ပါအုံး …”