ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 695 အပြစ်ခုနှစ်ပါး ပန်းပွင့်
အနက်ရောင်ဝတ်ရုံ ဓာတ်ကြီးလေးပါးအသုံးပြုသူက အဆင့် (၃၃) ဖြစ်သည်။ ကြယ်လတိုင်းပြည်၏ ထိပ်တန်းအဆင့်သတ်မှတ်ချက်တွင် သူက အယောက်နှစ်ဆယ် အတွင်း ဝင်ပေ၏။ သူ၏ ချပ်ဝတ်တန်ဆာအများစုတွင် အဆင့် (၃၀) ရွှေစင်ပါဝင်ပြီး ကျန်သည့်အရာများက မဟူရာရွှေအဆင့် ဖြစ်သည်။ လက်ရှိတွင် သူ၏ တောင်ဝှေးက မီးတောက်နီရုန်းများ လှည့်ပတ်နေပြီး ၎င်းက သာမန်မဟူရာရွှေတောင်ဝှေး မဟုတ်ပေ။
” နေရောင်မှုန် …”
ဓားသုံးလက်က ဓာတ်ကြီးလေးပါးအသုံးပြုသူကို မြင်သောအခါ ထိတ်လန့်သွား၏။
” မင်း ဒီမှာ ဘာလုပ်နေတာလဲ …”
ကြယ်လတိုင်းပြည်၏ နာမည်နီစာရင်းရှိ ထိပ်တန်းဆယ်ယောက်ကြားထဲတွင် ခြေရာမဲ့သွေးက အဆင့် (၇) ဖြစ်သည်။ နေရောင်မှုန်က အထက်တွင် ရှိကာ နာမည်နီစာရင်းတွင် အဆင့် (၃) ဖြစ်၏။
နာမည်နီစာရင်းက အဆင့်သတ်မှတ်ချက်နှင့် မတူပေ။ ကစားသမားများကို သူတို့၏ အဆင့်ဖြင့် အဆင့်သတ်မှတ်ခြင်းထက် နာမည်နီစာရင်းပေါ်ရှိ ကစားသမားများကို သူတို့၏ ခွန်အားဖြင့် အကဲဖြတ်ထားတာ ဖြစ်၏။ လျှို့ဝှက်မျှော်စင်က ထုတ်ထားသည့်အရာထက် ပိုတိကျပေသည်။
” ဒီတော့ မင်းက နေရောင်မှုန်ပေါ့ …။ ကြယ်တာရာမဟာမိတ်၏ ထိပ်သီးကျွမ်းကျင်သူ ငှက်မွေးနီကို အနိုင်ယူခဲ့တဲ့သူ …”
မိုင်နာလေက နေရောင်မှုန်ကို ကြည့်သည့်အချိန်တွင် တည်ကြည်လေးနက်သွား၏။ သူက အေးတိအေးစက် မေးလိုက်သည်။
” မင်းက ဇီးရိုးဝင်းကို ပစ်မှတ်ထားနေတာလား …”
ငှက်မွေးနီသည် ကြယ်တာရာမဟာမိတ်ထဲရှိ အသန်မာဆုံး တိုက်ခိုက်ရေးသမားများထဲမှ တစ်ဦးဖြစ်ပြီး နတ်ဘုရားနယ်မြေ ကျွမ်းကျင်သူစာရင်း၏ အဆင့်သတ်မှတ်ချက်တွင်ပါသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
နေရောင်မှုန်က ငှက်မွေးနီကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးကို အနိုင်ယူနိုင်ခဲ့သည့် အချက်က ဓာတ်ကြီးလေးပါးအသုံးပြုသူကလည်း ကြယ်လတိုင်းပြည်၏ ထိပ်တန်းတွင် အဆင့်ဝင်မှန်း သက်သေပြပြီးသား ဖြစ်သွားသည်။ ထို့ကြောင့် သူသည် နေရောင်မှုန်အနားရောက်လာသောအခါ ဂရုမစိုက်ပဲ မနေရဲပေ။ အမှား တစ်ချက်လေးကတောင် သူသေခြင်းတရားကို ဖြစ်ပေါ်သွားစေနိုင်၏။
“အစကတော့ ငါက လက်ဦးမှုရယူဖို့ စဉ်းစားထားရုံပဲ၊ အခုတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်”
နေရောင်မှုန်က ပြောပြီးနောက် ရှင်းလင်းနေသည့် ဧရိယာဘက်လှည့်ကာ မိုင်နာလေကို ပြောလိုက်၏။ သူက ခေါင်းခါကာ
” ဇီးရိုးဝင်းမှာ ကျွမ်းကျင်သူတွေ တကယ်များတာပဲ …။ သူ့ရဲ့ ဂုဏ်သတင်းက မထိုက်တန်တာ မဟုတ်ဘူး …”
နေရောင်မှုန်၏ တုံ့ပြန်ချက်ကို မြင်သောအခါ ဓားသုံးလက်က အလွန်ဇဝေဇဝါ ဖြစ်သွားသည်။
နေရောင်မှုန်၏ ခွန်အား၊ သူ၏ အဖော်အပေါင်းများ၏ ခွန်အားဖြင့် သူတို့သည် မိုင်နာလေကို ဖြေရှင်းနိုင်လောက်ပေသည်။ ထိုသို့တိုင် ဓာတ်ကြီးလေးပါးအသုံးပြုသူက အရှုံးပေးရန် ရွေးချယ်ခဲ့၏။
မိုင်နာလေဘေး၌ ပုံရိပ်တစ်ခု ပေါ်လာ၏။
ထိုပုံရိပ်က တိတ်ဆိတ်ခြင်းနယ် ဝင်ရောက်နေသည့် အရိပ်ပျံသန်းခြင်းသာ ဖြစ်သည်။
” ငါအထင်ကြီးသွားပြီ …။ သူက အစောတည်းကြီးထဲက ငါ့ကို အာရုံခံမိတယ် …”
အရိပ်ပျံသန်းခြင်းက တအံ့တသြပြောလိုက်၏။ သူ၏ စံသတ်မှတ်ချက်ဖြင့် အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းမှအပ မီးလျှံကကြိုးနှင့် ခရမ်းတိမ်တို့သာလျှင် ထိုမျှ အကွာအဝေးတွင် သူ့ကို အာရုံခံမိတာ ဖြစ်သည်။ နေရောင်မှုန် မည်မျှ အစွမ်းထက်ကြောင့် ခန့်မှန်းနိုင်ပေ၏။
” မင်းကိုမင်း ထုတ်ဖော်လိုက်တာကြောင့် ဒီကိစ္စ အဆုံးသတ်သွားမယ်လို့ ထင်ထားတာတော့ မဟုတ်ဘူးမလား …”
အရိပ်ပျံသန်းခြင်းက နေရောင်မှုန်ကို စိုက်ကြည့်ပြီး မေးလိုက်၏။
နေရောင်မှုန်နှင့် သူ့အဖော်အပေါင်းများသည် အစကထဲက ဇီးရိုးဝင်းကို ပစ်မှတ်ထားနေတာ ဖြစ်သည်။ ထိုသို့တိုင် အခြေအနေက ပြောင်းလဲသွားသည်နှင့် သူတို့က လက်လျှော့ပြီး ထွက်သွားချင်နေသည်။ ၎င်းက မလေးစားခြင်းထက် မပိုပေ။
” မဟုတ်ဘူး …”
နေရောင်မှုန်က တည်ကြည်စွာ ပြော၏။
” ဇီးရိုးဝင်းအတွက် အင်မတန်အသုံးဝင်တဲ့ သတင်းရထားတယ် …။ ဒါကို လျော်ကြေးအဖြစ် ပေးခွင့်ပြု …။ ဘယ်လိုထင်လဲ …”
” ဘယ်လို အချက်အလက်မျိုးလဲ …”
အရိပ်ပျံသန်းခြင်းက မေးလိုက်၏။
” လက်ရှိမှာ နာမည်နီတွေနဲ့ အလုပ်ရုံလေးတွေက ဇီးရိုးဝင်းကို ပစ်မှတ်ထားနေတယ် …။ ဒါပေမဲ့ ဒါက အစပဲ ရှိသေးတာ …။ ငါတို့ အလုပ်ရှင်က အပြစ်ခုနှစ်ပါးပန်းပွင့်ကို ငှားရမ်းဖို့ လုပ်နေတယ်လို့ ငါကြားတယ် …”
နေရောင်မှုန်က ဖြည်းဖြည်းခြင်း ပြောလိုက်၏။
အပြစ်ခုနှစ်ပါးပန်းပွင့်ဟူသော အစ်မည်ကို ကြားသည်နှင့် အားလုံးက အေးစက်သည့် လေထုကို ရှူရှိုက်မိသွားသည်။
ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် အင်အားစုများစွာ ရှိပေသည်။ အစည်းအရုံးများ၊ အလုပ်ရုံများ၊ အပြစ်ခုနှစ်ပါးပန်းပွင့်ကဲ့သို့ ထူးခြားသောအဖွဲ့အစည်းများ ဖြစ်သည်။
အပြစ်ခုနှစ်ပါးပန်းပွင့်က အလုပ်ရုံတစ်ခုမဟုတ်သလို အစည်းအရုံးတစ်ခုလည်း မဟုတ်ပေ။ သို့သော် အဖွဲ့အစည်း၏ အစ်မည်က ပုံရိပ်ယောင်ဂိမ်းလောကကို လှုပ်ခါသွားစေနိုင်သည်။ သူတို့၏ ဂုဏ်သတင်းကျယ်ပြန့်လာသည်မှာ အပြစ်ခုနှစ်ပါးပန်းပွင့်က လုပ်ကြံ သတ်ဖြတ်သည့်တာဝန်ကို အထူးဆောင်ရွက်ပေးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့်ပင်။
သူတို့က ကစားသမားများ၏ ဇာတ်ကောင်ကို အထူးပစ်မှတ်ထားသည်။
ပုံရိပ်ယောင်ဂိမ်းလောကက ကစားသမားချင်းတိုက်ခိုက်မှု ပိုင်ဆိုင်ပြီး အပြစ်ခုနှစ်ပါး ပန်းပွင့်ကလည်း ရှိနေသည်။ ကစားသမားတစ်ဦးက တန်ကြေးကို တတ်နိုင်သရွေ့ မွန်းစတားကဲ့သို့ ဂိမ်းသမားတစ်ဦးဖြစ်စေ၊ စူပါအစည်းအရုံးတစ်ခု၏ အစည်းအရုံးခေါင်းဆောင် ဖြစ်စေ အပြစ်ခုနှစ်ပါးပန်းပွင့်က သူတို့၏ ပစ်မှတ်ကို လုပ်ကြံသတ်ဖြတ်နိုင်ပေ၏။
ထို့အပြင် ထိုကြေညာချက်များက သက်သေမရှိတာ မဟုတ်ပေ။ အတိတ်တုန်းက စူပါအစည်းအရုံး၏ အစည်းအရုံးခေါင်းဆောင်တစ်ဦးကို ဖယ်ရှားရန် တစ်စုံတစ်ယောက်က အခကြေးငွေပေးခဲ့၏။ အဆုံးတွင် အပြစ်ခုနှစ်ပါးပန်းပွင့်က တာဝန်ကို ပြီးမြောက်ခဲ့သည်။ ထိုစဉ်က အပြစ်ခုနစ်ပါး ပန်းပွင့်သည် စူပါအစည်းအရုံးကို အင်မတန်ဒေါသထွက်စေခဲ့ကာ စူပါအစည်းအရုံးသည် အစည်းအရုံးကို စစ်ကြေညာခဲ့သည်။ အဆုံးတွင် ထိုစူပါအစည်းအရုံးက တည်ရှိမှု ရပ်ဆဲရတော့သည်။ အပြစ်ခုနှစ်ပါးပန်းပွင့်က အစည်းအရုံးကို ဖျက်ဆီးပစ်ခဲ့ပြီ ပုံရိပ်ယောင်ဂိမ်းလောကထဲမှ ၎င်း၏ အစ်မည်ကို ထာဝရဖယ်ရှားပစ်ခဲ့၏။
ထို့ကြောင့် အပြစ်ခုနှစ်ပါးပန်းပွင့်၏ အလုပ်ဈေးနှုန်းက အလွန်မြင့်သည်။ သာမန်လူများက မတက်နိုင်ပေ။
မီးလျှံကကြိုးက အဖွဲ့နှစ်ဖွဲ့ကြားထဲ၌ ရုတ်တရက်ပေါ်လာကာ သုန်မှုန်သည့်အသံဖြင့် မေးလိုက်၏။
” ရှင် အမှန်တိုင်း ပြောနေတာလား …”
မီးလျှံကကြိုး၏ ရုတ်တရက်ပေါ်ပေါက်လာမှုက နေရောင်မှုန်ကိုတောင် အံ့သြသွားစေပြီး သူ့ကို ဖိအားခံစားလိုက်ရစေ၏။
ဒီလောက်နီးကပ်တဲ့ အကွာအဝေးမှာတောင် သူမကို ရှာတွေ့ဖို့ ကျရှုံးခဲ့တာပဲ။
နေရောင်မှုန်က တည်ကြည်သည့် အမူအရာဖြင့် မီးလျှံကကြိုးကို ကြည့်လိုက်သည်။ သူ့နား ထိုမျှ နီးကပ်လာသည့်သူကို သူအာရုံမခံမိတာ ပထမဆုံးအကြိမ် ဖြစ်သည်။ သာမန် ကစားသမားများထက် အမြင်ပိုကြွယ်ဝသည့် အထူးစကေးကို ပိုင်ဆိုင်ထားသည်။ မဟုတ်ပါက သူသည် အရိပ်ပျံသန်းခြင်းကို အလွယ်တကူ ရှာတွေမှာ မဟုတ်ပေ။
မီးလျှံကကြိုးက ဤမျှ နီးကပ်သည့်အကွာအဝေးတွင် သူ့ကို တိုက်ခိုက်ခဲ့လျှင် သူသေလောက်ပေ၏။
ဇီးရိုးဝင်းက အင်မတန်ကြောက်စရာ ကောင်းလှသည်။ ထိုလူက အပြစ်ခုနှစ်ပါးပန်းပွင့်ကို ငှားရမ်းခဲ့တာ အံ့သြစရာမရှိပေ။ နေရောင်မှုန်ကလည်း နောက်ဆုံးတွင် သဘောပေါက်သွား၏။ သူက မီးလျှံကကြိုးဘက် လှည့်ပြီး ခါးသက်စွာ ပြုံးကာ ပြန်ပြောလိုက်၏။
“ဒီအချက်အလက်မှန်တယ်ဆိုတာ အာမခံတယ် …။ ဒါပေမဲ့ အဲ့ဒီလူက အပြစ်ခုနှစ်ပါးပန်းပွင့်ကို ဘာလုပ်ဖို့ တောင်းဆိုထားလဲဆိုတာတော့ ငါမသိဘူး …”
” ရှင်သွားလို့ရပြီ …”
မီးလျှံကကြိုးက သူတို့ကို လက်တစ်ချက် ရမ်းပြီးနောက် သွားခိုင်းလိုက်သည်။
နေရောင်မှုန်က သူမကို လိမ်သည်ဖြစ်စေ မလိမ်သည်ဖြစ်စေ သူမက သူ့စကားကို သံသယဝင်ပေ၏။ ကျွမ်းကျင်သူများက ကာကွယ်ရန် သူတို့ကိုယ်ပိုင် ဂုဏ်သက္ခာရှိကြသည်။ အထူးသဖြင့် နေရောင်မှုန်ကဲ့သို့ ထိပ်သီးကျွမ်းကျင်သူအတွက် မှန်ကန်ပေသည်။
နေရောင်မှုန်က သူ့အဖွဲ့ကို ဦးဆောင်ခေါ်သွား၏။ ဓားသုံးလက်အတွက်မူ သူ့ကို အသက်ရှင်လျှက် မလွတ်ပေးနိုင်ပေ။ အရိပ်ပျံသန်းခြင်းက ညှိနှိုင်းမှုပြီးသွားသည်နှင့် ရှေးစစ်သည်တော်၏ အသက်ကို ချက်ချင်းအဆုံးသတ်လိုက်၏။
နေရောင်မှုန်အတွက်မူ သူက စိတ်ထဲမထားပေ။ သူနှင့် ဓားသုံးလက်က နှစ်ယောက်လုံး နာမည်နီများ ဖြစ်သော်ငြား သူတို့က တစ်ဖွဲ့ထဲမဟုတ်။ ဓားသုံးလက်ကို ကယ်ဆယ်ရန် အကြောင်းမရှိပေ။
” အစ်မကြီးမီး …။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ …”
အရိပ်ပျံသန်းခြင်းက ဓားမြှောင်ကို သိမ်းပြီးနောက် စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
ကစားသမား၏ ရင်ထဲတွင် အပြစ်ခုနှစ်ပါးပန်းပွင့်၏ ကြောက်မက်ဖွယ်ကောင်းမှုများကို ရင်းနှီးနေပေသည်။ ယနေ့အချိန်ထိ သူတို့က တာဝန်တစ်ခုမှ မကျရှုံးခဲ့ဖူးပေ။ စူပါအစည်းအရုံးကြီးများတောင် အပြစ်ခုနှစ်ပါးပန်းပွင့်ကို ရန်မစရဲခဲ့ပေ။ ထိုကဲ့သို့ အဖွဲ့အစည်းက ဇီးရိုးဝင်းကို ပစ်မှတ်ထားနေ၏။ ဇီးရိုးဝင်း၏ လက်ရှိခွန်အားဖြင့်တောင် ဇီးရိုးဝင်းက အပြစ်ခုနှစ်ပါးပန်းပွင့်ကို ခုခံနိုင်ပါ့မလားဆိုတာ အရိပ်ပျံသန်းခြင်း သံသယဝင်မိ၏။
“ဒီကိစ္စက အရေးကြီးတယ်၊ ရေနှင်းဆီရယ် အစည်းအရုံး ခေါင်းဆောင်တို့ရယ်နဲ့ အရင်ဆွေးနွေးရအောင် …”
မီးလျှံကကြိုးက ဘာလုပ်ရမယ်မှန်း မသိတော့ပေ။ အပြစ်ခုနှစ်ပါးပန်းပွင့် ဂုဏ်သတင်းက ကြီးမားလွန်း၏။ ပုံရိပ်ယောင်ဂိမ်းလောကထဲရှိ လူတိုင်း ထိုအဖွဲ့အစည်းအကြောင်း သိကြပေသည်။ အပြစ်ခုနှစ်ပါးပန်းပွင့်က ကစားသမားများကြားထဲတွင် သာလွန်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
အပြစ်ခုနှစ်ပါးပန်းပွင့်က ဇီးရိုးဝင်းကို သုတ်သင်ရှင်းလင်းပစ်ရန် ရည်ရွယ်ခဲ့ပါလျှင် ၎င်းက သူတို့အစည်းအရုံးရင်ဆိုင်ရမည့် အကြီးမားဆုံ အန္တရာယ် ဖြစ်လာပေလိမ့်မည်။
ကမ္ဘာ့ထိပ်သီး ဇိုဂါးတောင်တွင် ဖြစ်သည်။
အလွှာသုံးနတ်ဆိုးနှစ်ကောင်၏ အကူအညီဖြင့် ရှီဖုန်းသည် ဇိုဂါးတောင်ထွတ်နားရှိ ပိတ်ထားသောတံခါးတည်နေရာကို ရှာတွေ့သွားတာ ဖြစ်သည်။ ကျောက်တံခါးပေါ်တွင် ရုန်းများထွင်းထုထားပြီး သူတို့ကို အနက်ရောင်ချိန်းကြိုးများ ချီနှောင်ထားကာ ချိန်းကြိုးတစ်ခုဆီက ဖိအားများ ဖြာထွက်နေ၏။
ထိုဖိအားက ရှီဖုန်းနှင့် ရင်းနှီနေပေသည်။
နတ်ဘုရားစွမ်းရည်
နတ်ဘုရားစွမ်းရည် ချိန်းကြိုးများက ခပ်ဖျော့ဖျော့ဖြစ်သော်လည်း နတ်ဘုရားစွမ်းရည်ကို ကြုံတွေ့ဖူးသည့် မည်သူကမှ ထိတွေ့မှုကို မမေ့ထားနိုင်ပေ။
ရှီဖုန်းက အဆင့် (၃၄) သို့ ရောက်ပြီးဖြစ်၏။ သူ၏ အဆင့်က ကြယ်လတိုင်းပြည်၏ အဆင့်သတ်မှတ်ချက်အတွင်း ထိပ်တန်းအဆင့်သုံးဦးထဲ၌ ဝင်ရောက်နေပြီ ဖြစ်သည်။ သို့သော် ဇိုဂါးတောင်ပေါ်တွင် သူက မထင်မရှားတည်ရှိမှုတစ်ခုသာ ဖြစ်သည်။ သူ၌ အလွှာသုံးနတ်ဆိုးနှစ်ကောင် မပိုင်ဆိုင်ထားခဲ့လျှင် ယခုနေရာထိ ရောက်လာမှာ မဟုတ်ပေ။
ရှီဖုန်းသည် တောင်ပေါ်သို့တက်သည့်လမ်းတစ်လျှောက်တွင် အဆင့် (၅၀) အရှင်များစွာကို ကြုံတွေ့ခဲ့ရ၏။ သူ၏ ခွန်အားသက်သက်ဖြင့် လေဟာနယ်ရောင်ဝါ၏ လေဟာနယ် ရွေ့လျားမှုကို မထုတ်ဖော်လျှင် သူအသက်ရှင်နိုင်မှာ မဟုတ်ပေ။
ကျောက်တံခါး၏ ဘေးတစ်ဖက်တွင် ဧရာမသားရဲတစ်ကောင်က စောင့်ကြပ်နေ၏။
တာဝန်က ခက်ခဲမှုများစွာ ရှိပေသည်။ ရှီဖုန်းက စိတ်ထဲခါးသက်စွာ ရယ်မောပြီးနောက် ဧရာမသားရဲကို ကြည့်လိုက်သည်။
[ခေါင်းကိုးလုံးမှော်မြွေ] (ရက်စက်ကြမ်းကြုတ်သောသားရဲ၊ မဟာအရှင်)
အဆင့် (၅၅)
HP (သန်း ၉၀/သန်း ၉၀)