ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 703 ပင်ကိုယ်အရည်အချင်းများ
” ပြောင်းလဲမယ် …”
ရှီဖုန်းက အတည်ပြုဟုသော ခလုတ်ကို နှိပ်လိုက်သည်။ သွေးသန့်စင်ခြင်းကျောက်တုံးကို သွေးသန့်စင်ခြင်းသလင်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ပြီးနောက် မည်သို့သော ပြောင်းလဲမှုရှိမည်မှန်း သူမသိသော်လည်း သွေးစွမ်းအင်များစုဆောင်းရန် အချိန်များစွာသုံးစွဲရသည်ကို ကြည့်ခြင်းအားဖြင့် သလင်းသည် သာမန်အိုင်တမ် မဖြစ်လောက်ပေ။ မဟုတ်ပါက ခေါင်းကိုးလုံးမှော်မြွေဆီမှ ပြုတ်ကျလာမှာ မဟုတ်ချေ။
ရုတ်တရက်တွင် ရှီဖုန်း၏ လက်ထဲရှိ မှော်အနက်ရောင်ကုဗတုံးက ပြိုကွဲသွားပြီး တစ်ဝက် ဖောက်ထွင်းမြင်နေရသည့် သွေးနီရောင် သလင်းလုံးအဖြစ် ပြောင်းလဲသွား၏။
သွေးနီရောက်သလင်းအတွင်း အနီရောင်ရေစက်များရှိနေပြီး တစ်ခုချင်းစီ၌ အစွမ်းထက်သော အသက်ဓာတ်များ ပါဝင်သည်။
” အသက်ဓာတ်တွေ ဘာကြောင့် ဒီလောက်များနေတာလဲ …”
ရှီဖုန်းက ထိုသွေးစက်များထဲမှ အသက်ကို ရှင်းလင်းစွာ ခံစားမိသည်။ ၎င်းက ရေ၏ အသက်ဓာတ်အောက် အနည်းငယ်သာ အားလျော့ပေသည်။
သို့သော် ရေ၏ အသက်ဟူသည် မည်ကဲ့သို့သော ရတနာနည်း။ တစ်စက်ကတင် ထိခိုက်သည့် NPC တစ်ဦးကို ကုသရန် လုံလောက်သည်။ ရတနာရေ ပမာဏများစွာကို စုဆောင်ပြီးနောက် သေဆုံးသွားသည့် NPC ကို အသက်ပြန်သွင်းနိုင်ပေသည်။
သူ၏ လက်ထဲရှိ သွေးနီရောင်သလင်းတွင် ရေအသက်ဓာတ်နှင့် ယှဉ်နိုင်သည့် သွေးစက်ဆယ်စက် ပါဝင်၏။
” ဒါ ဘယ်လိုအိုင်တမ်မျိုးလဲ …”
သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ရှီဖုန်းက သွေးသန့်စင်ခြင်းသလင်း၏ အချက်အလက်များကို ကြည့်လိုက်သည်။
[သွေးသန့်စင်ခြင်သလင်း] (မဟူရာရွှေအဆင့်အိုင်တမ်)
အသုံးပြုသူ သတ်လိုက်သည့် အစွမ်းထက်သော မွန်းစတားများ၏ အသက်ဓာတ်ကို စုပ်ယူနိုင်သည်။ သွေးစွမ်းအင် တစ်ရာမှတ်စုဆောင်းပြီးနောက် ကစားသမားများသည် အသက်အဆီအနှစ်တစ်စက်ကို ထုတ်လုပ်နိုင်၏။
အသက်အဆီအနှစ်
အသက်အဆီအနှစ်၏ အစက်တစ်ထောင်အထိ စုပ်ယူနိုင်သည်။ တစ်စက်ဆီက ကစားသမားတစ်ဦး၏ သက်လုံအားနှင့် ပြန်ကောင်းသည့်အရှိန်ကို နှစ်နာရီကြာ တိုးမြှင့်ပေးနိုင်၏။
လက်ရှိ ဘဝအဆီအနှစ် (၁၂/၁၀၀၀)
” ဒါက သွေးသန့်စင်ခြင်းရဲ့ စစ်မှန်တဲ့စွမ်းအားလား …”
ရှီဖုန်းက အချက်အလက်များကို ဖတ်မိသောအခါ လန့်သွား၏။
နတ်ဘုရားနယ်မြေထဲတွင် ကစားသမားများသည် သူတို့၏ သက်လုံအားနှင့် အာရုံစူးစိုက်မှု ပြန်ကောင်းရန်အတွက် အနားယူရန် လိုအပ်ကြောင်း အားလုံးသိထားကြပေသည်။ ထို့ကြောင့် ကစားသမားများသည် အချိန်ကြာမြင့်စွာ စီးနင်းတိုက်ခိုက်နိုင်ခြင်း မရှိပေ။ သူတို့က အနားယူရပေမည်။
စားစရာနှင့် ကွင်းပြင်တဲကဲ့သို့ သက်လုံအားကို ပြန်ကောင်းစေသည့်ကိရိယာအချို့ ရှိသော်ငြား ထိုအိုင်တမ်များက တိုက်ပွဲဝင်စွမ်းအားအပြင် အသုံးပြုနိုင်ရုံသာ ရှိသည်။
ရှီဖုန်းကလည်း သက်လုံအားနှင့် အာရုံစူးစိုက်နိုင်စွမ်းကို ပြန်ကောင်းစေနိုင်သည့် အိုင်တမ်အချို့ကို သိပေ၏။ သို့သော် ထိုအိုင်တမ်များက ရရှိရန် အလွန်ခက်ခဲသည်။ ရေအသက်သည်လည်း ထိုကဲ့သို့ အိုင်တမ်တစ်မျိုး ဖြစ်သည်။ သို့သော် ရေအသက်ကို အသုံးပြုပြီး အချိန်ကြာမြင့်စွာ တိုးတက်ခြင်းက ချဲ့ကားခြင်းထက် မပိုပေ။
နတ်ဘုရားနယ်မြေထဲရှိ ကျန်သည့်အစည်းအရုံးများက ထိုဖြုန်းတီးမှုကို မတက်နိုင်ပေ။ ကျန်သည့် ကိရိယာများက ရေအသက်နှင့် တူညီ၏။ ၎င်းတို့က ရရှိရန် အလွန်ခက်ခဲပြီး တန်ဖိုးကြီးလွန်း ကြပေသည်။ အစည်းအရုံးကြီးတစ်ခုက ၎င်း၏ တပ်ဖွဲ့ကို တပ်ဆင်ပေးနိုင်လျှင်တောင် လက်တစ်ဆုပ်စာ ကျွမ်းကျင်သူအတွက်သာ လုံလောက်သည့်အိုင်တမ်များ ပေးနိုင်မှာ ဖြစ်၏။
ရှီဖုန်းက ခေါင်းကိုးလုံးမှော်မြွေသည် ထိုကဲ့သို့ တန်ဖိုးရှိသည့်အိုင်တမ် ကျလာလိမ့်မည်ဟု မထင်ထားပေ။
သွေးသန့်စင်ခြင်းသလင်းဖြင့် သူသည် သက်လုံအားနှင့် အာရုံစူးစိုက်မှုက ပြန်ကောင်းလာပြီး သတ်ဖြတ်မှု ရပ်တန့်စရာ မလိုတော့ပေ။ ထို့အရာဖြင့် သူသည် ကျန်သည့်ကစားသမားများထက် ပိုကြာမြင့်စွာ တိုက်ခိုက်နိုင်မှာ ဖြစ်၏။
ကံဆိုးသည်မှာ အသက်အဆီအနှစ်စုဆောင်းခြင်းက နှေးကွေးသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အလွန်ဆုံးမှ ကစားသမားနှစ်ဦး၊ သုံးဦးသာလျှင် သလင်းကို ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်သည်။
” သွေးသန့်စင်ခြင်းသလင်းနဲ့ ငါ အချိန်ပိုချွေတာနိုင်မှာ …”
သွေးတိုက်ခိုက်ရေးသမားများကို သတ်ဖြတ်ရန် ရှီဖုန်းက နည်းစနစ်များပေါ် မှီခိုအားထားခြင်းကြောင့် သူသည် ခါတိုင်းထက် သက်လုံအားနှင့် အာရုံစူးစိုက်မှု ပိုကုန်သည်။ ထို့အပြင် သွေးသန့်စင်ခြင်းလမ်းကြောင်းရှိသွေးတိုက်ခိုက်ရေးသမားများက လွယ်ကူသည့်ပြိုင်ဘက် မဟုတ်ပေ။ ပြင်းထန်သည့်တိုင်ပွဲတွင် ကစားသမားတစ်ဦး၏ သက်လုံအားနှင့် အာရုံစူးစိုက်မှု ကုန်ဆုံးနှုန်းက အစပိုင်းများစွာ မြင့်တက်နေ၏။ ထို့ကြောင့် သွေးသန့်စင်ခြင်းသလင်းက ထိုအချိန်တွင် ရှီဖုန်းအတွက် သင့်တော်သည့် အိုင်တမ်တစ်ခု ဖြစ်နေသည်။
ရှီဖုန်းက သူ၏ လက်ထဲ အသက်အဆီအနှစ်တစ်စက် ချပြီးနောက် ၎င်းကို သောက်လိုက်သည်။ ရှီဖုန်းတစ်ကိုယ်လုံး ပေါ့ပါးသွားတာကို ခံစားလိုက်ရပြီး မောပန်းမှုများ ပျောက်ကွယ်သွားကာ စိတ်ကလည်း ကြည်လင်လာ၏။
” ဒါက တကယ်အိုင်တမ်ကောင်းပဲ …”
အစက ရှီဖုန်းသည် အနည်းငယ် တိုက်ခိုက်ပြီး အနားယူရန် စဉ်စားထားတာ ဖြစ်သည်။ ယခု သူအနားယူစရာ မလိုတော့ပုံပေ။
သွေတိုက်ခိုက်ရေးသမားများကို တစ်ရက်ကျော် တိုက်ခိုက်ပြီနောက် ရှီဖုန်းသည် သူတို့၏ တိုက်ခိုက်သည့် ပုံသဏ္ဍာန်နှင့် အတော်လေးရင်းနှီးလာပြီ ဖြစ်သည်။ သူ၏ ဓားသိုင်း ကျွမ်းကျင်မှုကလည်း ပိုတိုးတက်လာ၏။ တိုက်ပွဲအတောအတွင်း ရှီဖုန်းက အပိုတိုက်ကွက်များကို ရှောင်ရှားနိုင်ကာ ကျွမ်းကျင်စွာ တိုက်ခိုက်နိုင်ခဲ့၏။ ရလဒ်အနေဖြင့် သူ၏ ဓားသိုင်းက ပိုမြန်ဆန်လာပြီး အားစိုက်ထုတ်စရာ သိပ်မလိုပဲ သွေးတိုက်ခိုက်ရေးသမားများကို အနိုင်ယူနိုင်ခဲ့သည်။
ရှီဖုန်းသည် ယခင်က ထိုနည်းစနစ်ကို တစ်ခါမှ မတွေးခဲ့မိပေ။ သူသည် စွမ်းအင်များကို ထုတ်ဖော်ပြီး မွန်းစတားများကို အဆုံးသတ်ရန်သာ အာရုံစိုက်ခဲ့တာ ဖြစ်၏။ သွေးသန့်စင်ခြင်း လမ်းကြောင်းသို့ ရောက်ပြီးနောက် သူသည် ပြိုင်ဘက်ကို လျင်မြန်စွာ သတ်ဖြတ်ချင်ပါက စကေးအသုံးအပြုနိုင်သောကြောင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုကို တိုးမြှင့်အောင် လုပ်ရုံသာ ရှိသည်။
ရှီဖုန်းအတွက် လောကသစ်တစ်ခု ဖွင့်လှစ်ပေးလိုက်သလိုပင်။ အစက သွေးတိုက်ခိုက်ရေးသမား လေးကောင်နှင့် ဆက်တိုက်ရင်ဆိုင်ရချိန်တွင် ရှီဖုန်းက သူတို့ကို အဆုံးသတ်ရန် အကွက် တစ်ရာ့ငါးဆယ်ကျော် လိုအပ်ခဲ့သည်။ အကွက်တစ်ရာ့ငါးဆယ်တွင် ငါးဆယ်ကျော်က သူ့ကိုသူ ခုခံရပေသည်။ အကြောင်းမှာ သူ၏ ပတ်ဝန်းကျင်နှင့် မရင်းနှီးသောကြောင့် ဖြစ်သည်။
ရလဒ်အနေဖြင့် သွေးတိုက်ခိုက်ရေးသမားအဖို့ တန်ပြန်တိုက်ခိုက်ရန် ခွင့်ပြုထားသလို ဖြစ်သွား၏။ သို့သော် တိုက်ခိုက်ရသည့် လက်ရွေးစင်အရည်အတွက် တိုးလာသည်နှင့်အမျှ သူ့ကိုသူ ခုခံရန် တိုက်ကွက်များ သိပ်သုံးစရာတောင် မလိုတော့ပေ။ ယခုဆို သူက သွေးတိုက်ခိုက်ရေးသမားကို အကွက်တစ်ရာ့သုံးဆယ် အကြမ်းမျဉ်းဖြင့် အနိုင်ယူနိုင်လာသည်။ အချိန်အတိုင်းအတာတစ်ခုအတွက် ရှီဖုန်း၏ အဆင့်တက်သည်နှုန်းကလည်း သိသိသာသာ တိုးတက်လာသည်။
အချိန်က တဖြေးဖြေးခြင်း ကုန်ဆုံးသွားကာ ရှီဖုန်း၏ ဓားသိုင်းက ပိုကျွမ်းကျင်လာ၏။ သူသည် တိုက်ကွက်ထုတ်ရန် စဉ်းစားနေစရာ မလိုတော့ပေ။ သက်လုံအားကုန်ခါနီးတွင် သူက တိုက်ပွဲပြန်မဝင်ခင် အသက်အဆီအနှစ် တစ်စက်သောက်ရန်သာ လိုအပ်၏။
ရှီဖုန်းက အဆင့် (၃၅) သို့ ရောက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်များ ဖြာထွက်လာပြီးနောက် အာရုံငါးပါး ပြန်ရသွားပြီ ဖြစ်သည်။
“ဒီလောက်အကြာကြီး လေ့ကျင့်ပြီးနောက် ငါ့ရဲ့ အကန့်အသတ်ရောက်လောက်ပြီ …။ သွေးစစ်သည်တော်ကို ထပ်စိန်ခေါ်ရမယ့် အချိန်ရောက်ပြီပဲ …”
ရှီဖုန်းက ပြုံးလိုက်ပြီးနောက် အရည်အချင်းအသစ်ကို ကြည့်လိုက်သည်။
သူအဆင့် (၃၅) သို့ရောက်သောအခါ ရွှေရောင်ဝါက သူ့ကို အခြေခံအရည်အချင်း ငါးမှတ်တိုးပေးပြီး အခမဲ့အရည်အချင်းမှတ် ဆယ်မှတ်ပေး၏။ အလွှာတစ်ကစားသမားတစ်ဦး အနေဖြင့် သူသည် အဆင့်တိုးတိုင်း အရည်အချင်းမှတ် ရှစ်မှတ် ရရှိသည်။ အသူရာဓားသွားက အရည်အချင်းမှတ် နှစ်မှတ် ရရှိ၏။
အဆင့် (၃၅) သို့ ရောက်ပြီးနောက် ရှီဖုန်းသည် စုစုပေါင်းအမှတ်နှစ်ဆယ်နှင့် အရည်အချင်းတွင် အမှတ်ငါးမှတ် ရရှိ၏။ ထို့အပြင် သူ၏ အလွှာတစ်အစုံ ချပ်ဝတ်တန်ဆာ၊ အကျော်ဇေယျခုနှစ်ပါးလက်စွပ်၊ ကောင်းကင်ဘုံဝင်သက်ငွေ့ကလည်း အရည်အချင်းများ သိသိသာသာတိုးတက်သွားသည်။
သွေးစစ်သည်တော်ဖြင့် ရှီဖုန်း၏ ယခင် တိုက်ပွဲအတောအတွင်း သူက အရှိန်လုံလောက်အောင် မရှိတာ သိသာသည်။ ထို့ကြောင့် သူသည် အခမဲ့အရည်အချင်းအမှတ်နှစ်ဆယ်ကို လျင်မြန်ဖျတ်လတ်မှုတွင် အစားထိုးလိုက်၏။
တစ်ဆင့်သာ တက်သွားသော်ငြား ရှီဖုန်းက အဆင့် (၃၅) မဟူရာရွှေချပ်ဝတ်တန်ဆာ ထပ်တိုးအပိုင်းအစတစ်ခု တပ်ဆင်လိုက်သည့်အလာ သူ၏ အရည်အချင်များက တိုးတက်သွား၏။ ခွန်အားသည်လည်း တိုးတက်လာသည်။
သွေးသန့်စင်ခြင်းလမ်းကြောင်း
သွေးစစ်သည်တော်၏ တိုက်ပွဲဝင်လမ်းကြောင်းထဲတွင် သွေးစစ်သည်တော်က နှစ်ဖက်ကိုင် ဆေဘာကို ကိုင်ဆောင်ထားပြီး ထပ်မံပေါ်လာပြန်၏။ ရှီဖုန်းက အထူးလက်ရွေးစင်ကို တိုက်ခိုက်ရာတွင် အတွေ့အကြုံရှိပြီ ဖြစ်သောကြောင့် စစ်သည်တော်ကို ဦးစွာတိုက်ခိုက်ခွင့်မပေးပဲ သူက ရှေ့တစ်လှမ်းတိုးကာ သွေးစစ်သည်တော်ကို တိုက်ခိုက်တော့၏။
ယခင်က ထိုကဲ့သို့ ပြုမူပုံသည် သက်သေရာရောက်မှာ ဖြစ်သည်။ သွေးစစ်သည်တော်၏ တိုက်ခိုက်မှု အရှိန်ဖြင့် ရှီဖုန်းက တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ပေ။ အထူးလက်ရွေးစင်၏ ကြောက်မက်ဖွယ်ဆေဘာကို ရှောင်ဖို့က မဖြစ်နိုင်ပေ။
သွေးစစ်သည်တော်က ဆေဘာကို ဆုပ်ကိုင်ထားပြီးနောက် ရှေ့သို့ပိုင်းဖြတ်ကာ ရှီဖုန်းဆီ ငွေရောင်အလင်းတန်းများ ပို့လွှတ်တော့သည်။
ဖုန်း …
ငွေရောင်နှစ်ဖက်ကိုင် ဆေဘာက ရှီဖုန်းကို မထိသွားပေ။ ရှီဖုန်းသည် သွေးစစ်သည်တော်၏ လွှဲယမ်းမှု လမ်းကြောင်းကို အစောထဲက ပိုခန့်မှန်းမိပြီ ဖြစ်၏။ သွေးစစ်သည်တော်က တိုက်ကွက်ကြိုပြင်ခဲ့လျှင်တောင် ရှီဖုန်းက ရှောင်ရန် ပြင်ထားပြီးသားပင်။ သူက သွေးစစ်သည်တော် လက်နက်ထုတ်ပြီးမှ ရှောင်ခဲ့လျှင် သူ့လက်ရှိ အရည်အချင်းဖြင့် ရှောင်နိုင်မှာ မဟုတ်ပေ။ ၎င်းကို ပိတ်ဆို့ရန်ကတောင် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
ရှီဖုန်းက ပထမတစ်ကွက်ကို ရှောင်ပြီးနောက် တန်ပြန်တိုက်ကွက်ကို ချက်ချင်းမထုတ်ဖော်ပေ။ ထိုအစား သူက နောက်သို့ ဆုတ်လိုက်၏။
ဝါး …
နောက်ထပ်ငွေရောင်အလင်းတန်းတစ်ခုက ရှီဖုန်း၏ ခေါင်းထက်သို့ ရောက်လာသည်။ ရှီဖုန်းက တိုက်ကွက်ငါးကွက်ကို ရှောင်ပြီးနောက် သွေးစစ်သည်တော်ကို သူ၏ တိုက်ကွက်တစ်ကွက်ပို့လိုက်ရာ (-၂၁၇၄) ထိခိုက်စေ၏။ ထိုတိုက်ကွက်က အထူးလက်ရွေးစင်ကို ခြေလှမ်းတစ်လှမ်းခန့်ဆုတ်ရန် ဖိအားပေးနိုင်သော်လည်း တိုက်ပွဲဝင်စွမ်းအားပေါ် အနည်းငယ်လေးတောင် သက်ရောက်မှု မရှိစေပေ။
ထိုသို့တိုင် ဤရလဒ်က ရှီဖုန်းကို စိတ်လှုပ်ရှားစေသေးသည်။
သူသည် ယခင်က သွေးစစ်သည်တော်ကို တိုက်ခိုက်ခဲ့ရာတွင် ခုခံနိုင်ခြင်းတောင် မရှိခဲ့ပေ။ ယခုမူ အထူးလက်ရွေးစင်ကို ထိခိုက်အောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုနည်းဖြင့် သွေးစစ်သည်တော်၏ HP နှစ်သိန်းလေးသောင်းကို ဖြေရှင်းဖို့က အချိန်အတိုင်းအတာတစ်ခုသာ ကြာမှာ ဖြစ်သည်။