ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 704 နောက်ဆုံးလျှို့ဝှက်ကတ်
သွေးစစ်သည်တော်က တိုက်ကွက်တစ်ကွက်ပြီးတစ်ကွက် ထုတ်ဖော်ရာ ရှီဖုန်းက တိုက်ကွက်များကို ရှောင်ပြီး အထူးလက်ရွေးစင်၏ တိုက်ကွက်များကို ပိတ်ဆို့လိုက်၏။ သူတို့က တိုက်ကွက်များ ပိုဖလှယ်သည်နှင့် ရှီဖုန်းက သူ၏ ကိုယ်ပိုင်တိုက်ကွက်များကို ပြန်စမ်းစစ်မိလာကာ ထိခိုက်မှု လျင်မြန်စွာ ဖော်ဆောင်နိုင်သည့်နည်းများကို တွေးနေ၏။
(-၁၀၄၂)
(-၂၁၀၈)
(-၂၀၇၈)
သွေးစစ်သည်တော်၏ ခေါင်းထက်တွင် ထိခိုက်မှုတစ်ခုပြီးတစ်ခု ပေါ်လာရာ ၎င်း၏ HP က ပကတိမျက်လုံး မြင်နိုင်သည့်နှုန်းဖြင့် ကျလာတော့သည်။ အစက ရှီဖုန်းသည် တိုက်ခိုက်ရန်အခွင့်အရေးကို မရှာနိုင်သေးခင် တိုက်ကွက်ငါးကွက်ကို ရှောင်ရ၏။ သို့သော် သူ၏ လှုပ်ရှားမှုများကို စမ်းစစ်ပြီးနောက် သူအခြေအနေကို ဖမ်းဆုပ်မိသည့်အချိန်တွင် တိုက်ကွက်လေးကွက် ရှောင်ပြီးနောက် ပြန်တိုက်ခိုက်သည်။
ငါးမိနစ်မပြည့်မီ၌ သွေးစစ်သည်တော်၏ HP က (၃၀) ရာခိုင်နှုန်းအထိ ကျသွားကာ ဆန့်ကျင်ဘက်အနေဖြင့် ရှီဖုန်းက မည်သည့်ထိခိုက်မှုမှ မရတော့ပေ။ သွေးစစ်သည်တော်၏ HP က (၃၀) ရာခိုင်နှုန်းအောက် လျော့သွားချိန်တွင် ကြေးသွေးမီးတောက်က အစိမ်းရင့်ရင့် ပြောင်းလဲသွားတော့သည်။ ၎င်း၏ လက်ထဲရှိ ဆေဘာက ပျောက်ကွယ်သွားကာ လက်တစ်ဖက်ဆီ၌ ဓားရှည်တစ်လက်ဆီ ပေါ်လာ၏။
” သေစမ်း …”
ရှီဖုန်းက ပြောင်းလဲမှုကိုမြင်ပြီး ပြောမိသွား၏။
နှစ်ဖက်ကိုင်လက်နက်တစ်မျိုးကို ရှောင်ရခြင်းနှင့် တစ်လက်ကိုင်လက်နက်တစ်မျိုးကို ရှောင်ရခြင်းကြား ကွာဟချက်ရှိပေ၏။
သွေးစစ်သည်တော်က နှစ်ဖက်ကိုင်လက်နက်ကို အသုံးပြုသည့်အချိန်တွင် ၎င်း၏ တိုက်ကွက်များက အကြွင့်မဲ့စွမ်းအားကို သယ်ဆောင်လာတာ သိသာသည်။ တိုက်ကွက်တစ်ကွက်က သူ့ကို လွင့်ထွက်သွားစေပေ၏။ သို့သော် သူသာ ထိုတိုက်ကွက်များကို ရှောင်နိုင်သရွေ့ အောင်ပွဲက သူသာ အနိုင်ရမှာ ဖြစ်သည်။
ယခုသွေးစစ်သည်တော်သည် နှစ်လက်ကိုင်လက်နက်နှစ်ခု အသုံးပြုသောကြောင့် အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအားက လျော့သွားသော်ငြား တိုက်ခိုက်မှု အရေအတွက်က နှစ်ဆဖြစ်သွားသည်။ ယခုအချိန်ထိ ရှင်သန်ရန်အတွက် ရှောင်တိန်းမှုကိုသာ မှီခိုအားထားနေရသည့် ရှီဖုန်းအဖို့ ၎င်းက အရေနိမ့်သည့် အခြေအနေ ဖြစ်နေသည်။
သွေးစစ်သည်တော်၏ ရုတ်တရက်ပြောင်းလဲမှုက ရှီဖုန်းကို စိတ်ပင်ပန်းသွားစေ၏။ သွေးစစ်သည်တော်က ပထမတိုက်ကွက်ထုတ်ဖော်ချိန်တွင် ၎င်း၏ ဓားသွားက နှစ်လက်ကိုင်ဓားသွားကဲ့သို့ လျင်မြန်ဆဲဖြစ်ကာ လျက်တပြက်သကဲ့သို့ မြန်ဆန်လှ၏။ သူသည် သွေးစစ်သည်တော်၏ တိုက်ကွက်မျာကို ကြိုမတွက်ထားခဲ့လျှင် ထိသွားမှာပင်။
ပထမဆုံးတိုက်ကွက်ကို ဆန့်ကျင်ရန် ရှီဖုန်းက ဘေးသို့လှည့်ပြီးနောက် ငွေရောင်ဓားရှည်ကို သူ၏ ရင်ဘက်ဘေးတိုက်သွားခွင့်ပြုလိုက်ရသည်။ ရှီဖုန်းက နောက်သို့ တစ်လှမ်းဆုတ်မည်ဟု တွေးလိုက်သည့်အချိန်တွင် သွေးစစ်သည်တော်၏ နောက်ထပ်ဓားက သူ့ရှေ့သို့ရောက်လာ၏။
ထန် …
မီးပွင့်များ လွင့်စင်သွား၏။
ရှီဖုန်း၏ လက်ထဲရှိ အသူရာဓားသွားက သွေးစစ်သည်တော်၏ သေစေနိုင်လောက်သည့် တိုက်ကွက်ကို အချိန်မီ ကာနိုင်ရုံမျှသာ ရှိသည်။
ရလဒ်အနေဖြင့် ရှီဖုန်းက နောက်သို့ လေးလှမ်းခန့်ဆုတ်အောင် ဖိအားပေးခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကို ဟန့်ချက်ညီအောင် ပြန်လုပ်လိုက်ရ၏။ သူ၏ ဦးခေါင်းထက်တွင် (-၄၀၀) ထိခိုက်မှု ပေါ်လာသည်။
သွေးစစ်သည်တော်၏ အဖျက်စွမ်းအားက နှစ်ဖက်ကိုင် ဆေဘာထက် ပိုအားနည်းသည်။ ရှီဖုန်း၌ ရွေးချယ်စရာရှိခဲ့ပါက သူသည် ဆေဘာကို ကိုင်ဆောင်ထားသည့် သွေးစစ်သည်တော်နှင့် ပိုတိုက်ခိုက်ချင်တာ ဖြစ်၏။
” ငါ့ဘာသာ အကောင်းဆုံးကြိုးစားရုံပဲ ရှိတယ် …”
ရှီဖုန်းက ခြေသိုင်းကို ထိန်းညှိပြီးနောက် လေဟာနယ်ခြေလှမ်းကို အသုံးပြုလိုက်သည့်အချိန်တွင် သွေးစစ်သည်တော်က ဒုတိယအကြိမ်တိုက်ခိုက်တာကို မြင်လိုက်ရ၏။ ရုတ်တရက်တွင် ရှီဖုန်းက သွေးစစ်သည်တော်၏ မြင်ကွင်းထဲ၌ ပျောက်ကွယ်သွားတော့သည်။ ရှီဖုန်းက ဤတိုက်ပွဲကို အလျော့ပေးရန် ရည်ရွယ်ချက်မရှိပေ။ လက်ရှိတွင် သွေးစစ်သည်တော်က HP ခုနှစ်သောင်းတောင် မကျန်တော့ပေ။ သူက အနည်းငယ် ထက်တိုက်ခိုက်ခဲ့ပါက အထူးလက်ရွေးစင်ကို အနိုင်ယူနိုင်လောက်သည်။
၎င်းက ကစားသမားများ၊ မွန်းစတား သို့မဟုတ် NPC ကို ဆန့်ကျင်သည်ဖြစ်စေ လေဟာနယ်ခြေလှမ်းက အင်မတန်အာနိသင်ရှိသည့် နည်းစနစ်တစ်ခု ဖြစ်ပေသည်။
လေဟာနယ်ခြေလှမ်းက အလွှာမြင့် မွန်းစတားများနှင့် NPC များကို ဆန့်ကျင်ရာတွင်သာ မသင့်တော်တာ ဖြစ်သည်။ ထိုအမျိုးအစားများက နယ်မြေများ ပိုင်ဆိုင်၏။ နယ်မြေပိုင်ဆိုင်သူက သူတို့နယ်မြေအတွင်းရှိ လှုပ်ရှားမှုတိုင်းကို ဖမ်းဆုပ်မိသည်။ သူတို့ အမြင်အာရုံထက် ပိုသိမြင်နိုင်တာ ဖြစ်သည်။ လေဟာနယ်ခြေလှမ်းက အသုံးမဝင်ပေ။
သို့သော် သွေးစစ်သည်တော်က အထူးလက်ရွေးစင် တစ်ကောင်မျှသာ ဖြစ်သည်။ ထို့အပြင် ၎င်းက ဉာဏ်ရည်မြင့် NPC မဟုတ်သလို အလွှာမြင့်မွန်းစတားတစ်ကောင်လည်း မဟုတ်ပေ။ ရှီဖုန်း၏ လေဟာနယ်ခြေလှမ်းကို မဖြေရှင်းနိုင်ချေ။
ရှီဖုန်းက လေဟာနယ်ခြေလှမ်း အသုံးပြုပြီးနောက် သူသည် ရံဖန်ရံခါ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ ပေါ်လာသည့်အချိန်တိုင်းတွင် သွေးစစ်သည်တော်ကို ထိခိုက်မှုများ သိသိသာသာ ဖြစ်သွားစေ၏။ ထို့အပြင် သွေးစစ်သည်တော်က တိုက်ခိုက်ရန်ကြိုးစားသည့်အချိန်၌ ရှီဖုန်းက ပျောက်ကွယ်သွားပြီး သွေးစစ်သည်တော်၏ ပစ်မှတ်ဖြစ်ခြင်းမှ ကာကွယ်ထားနိုင်၏။
၎င်းက ဘက်တစ်ခုဟု ထင်ရသော်ငြား ရှီဖုန်း၏ နောက်ထပ်လျှို့ဝှက်ကတ်ဖြစ်သောကြောင့် အသုံးပြုရန် ရှောင်လေ့ရှိသည်။ လေဟာနယ်ခြေလှမ်းက ခြေသိုင်းနှင့် အသက်ရှူနည်းစနစ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အသုံးပြုသူ၏ သက်လုံအားပေါ်ရှိ ဝန်ထုပ်ဝန်ပိုးက ဒုတိယဖြစ်၏။ ၎င်း၏ ပင်မကျဆင်းမှုက အသုံးပြုသူ၏ အာရုံစူးစိုက်မှုအပေါ် စိတ်ဖိစီးမှု များနေတာ ဖြစ်သည်။ ရှီဖုန်း၏ ဦးနှောက်စွမ်းဆောင်မှုက သိသိသာသာ တိုးတက်လာသည့်တိုင် လေဟာနယ်ခြေလှမ်းကို အသုံးပြုခြင်းက အစွန်းနှစ်ဖက်ဓားနှင့် တူပေ၏။ သူ၏ နည်းစနစ်သည် မည်သည့်အချိန်တွင် နောက်ပြန်ကန်ပြီး သူ့ကို ထိခိုက်စေမလဲဆိုတာ မသိပေ။
ရှီဖုန်းက တစ်ချက်ထဲ လေဟာနယ်ခြေလှမ်းကို အသုံးပြုခဲ့ပြီး သူ၏ ယခင်စံချိန်ကို ချိုးခဲ့၏။ သွေးစစ်သည်တော်၏ HP က လျင်မြန်စွာ ကျလာသည်။ ယခု HP လေးသောင်းတောင် မကျန်တော့ပေ။ ရှီဖုန်းက အဆင့်မြင့်ခြေသိုင်းကို အကြိမ်များစွာ အသုံးပြုပြီးနောက် မူးဝေလာတော့၏။ မဖော်ပြတက်အောင် မောပန်းမှု ခံစားနေရ၏။ သို့သော် ထိုအတိုင်းဆိုလျှင် သူ့ကိုသူ ဆက်ဖိအားပေးရုံသာ ရှိ၏။
ကံကောင်းသည်မှာ ပွဲမစခင် ရှီဖုန်းက အသက်အဆီအနှစ်တစ်စက်ကို သောက်ခဲ့၏။ ထို့ကြောင့် သူ၏ သက်လုံအားနှင့် အာရုံစူးစိုက်မှုက ယခုအချိန်တွင် လျင်မြန်စွာ ပြန်ကောင်းနေပြီ ဖြစ်သည်။ မဟုတ်ပါက သူသည် သတိရှိနေတော့မှာ မဟုတ်ချေ။
တစ်ချက်ထိ၊ နှစ်ချက်ထိ၊ သုံးချက်ထိ။
သွေးစစ်သည်တော်က မခုခံနိုင်တော့ပေ။ သူက ရှီဖုန်း၏ တိုက်ခိုက်မှုကို တိတ်တဆိတ်သာ ခံယူနေရပြီး ၎င်း၏ HP များက လျော့ကျသွား၏။
အထူးလက်ရွေးစင်၏ ကျန်ရှိသည့် HP လေးသောင်းမှ သုံးသောင်း၊ သုံးသောင်းမှ နှစ်သောင်း လျင်မြန်စွာ လျော့ကျသွားပေသည်။ ပြီးနောက် သေစေနိုင်သည့် အခြေအနေအထိ ကျသွားသည်။ အဆုံးတွင် ရှီဖုန်းက သွေးစစ်သည်တော်၏ နောက်တွင် ရုတ်တရက်ပေါ်လာကာ သူ၏ ဓားဖြင့် နောက်ကျောကို ထိုးစိုက်လိုက်ပြီး ၎င်း၏ နောက်ဆုံး HP အကျန်ကို ဖျက်ဆီးပစ်လိုက်၏။
” ငါ့ကိုငါ ဒီအကန့်အသတ်ထိ တွန်းတင်ခဲ့ရတာပဲ …”
ရှီဖုန်းက သွေးစစ်သည်တော်လဲကျသွားတာကို မြင်သောအခါ သက်ပြင်းချပြီး မြေကြီးပေါ် ထိုင်ချလိုက်၏။
ရှီဖုန်းက တိုက်ပွဲဆက်ဖြစ်ပွားလျှင် မောပန်းနေမှာဖြစ်ပြီး လေဟာနယ်ခြေလှမ်းကို အသုံးပြုနိုင်သည့် အရည်အချင်း မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်ကိုလည်း သေချာ မထိန်းချုပ်နိုင်တော့။ သူသည် အသတ်ခံရမည့် သိုးတစ်ကောင်ဖြစ်လာမှာပင်။
ကံကောင်းသည်မှာ သူက အောင်မြင်သွား၏။ သွေးစစ်သည်တော်သေသွားပြီးနောက် ရှီဖုန်း၏ အတွေ့အကြုံဘားက ထိုးတက်သွားတော့သည်။ အထူးလက်ရွေးစင်ထံမှ ရရှိသည့် EXP က အဆင့် (၅၀) အရှင်တစ်ကောင်ကို သတ်ခြင်းထက် ပိုရပေ၏။ သူသည် အဆင့် (၃၅) ၏ (၉) ရာခိုင်နှုန်းသို့ ချက်ချင်း ရရှိသွားသည်။
ရှီဖုန်းသည် EXP များစွာအပြင် သွေးစစ်သည်တော်က အဆင့် (၅၀) ရွှေစင်ဝတ်ရုံတစ်ခုလည်း ကျလာသည်။
[သွေးသန့်စင်ခြင်းဝတ်ရုံ] (ရွှေစင်အဆင့်)
အဆင့် (၅၀)
ချပ်ဝတ်တန်ဆာလိုအပ်ချက်
ခွန်အား = ၄၀၀
လျင်မြန်ဖျတ်လတ်မှု = ၈၀၀
ခုခံမှု = +၅၇၁
ခွန်အား = +၆၈
လျင်မြန်ဖျတ်လတ်မှု = +၅၄
ခံနိုင်ရည် = +၅၆
လှုပ်ရှားမှုအရှိန် = +၅
ရှောင်တိမ်းခြင်း = +၁၅
ထပ်တိုးအလိုအလျောက်စကေး။ ။ ဖုံးကွယ်ခြင်း
ဝတ်ဆင်သူကို လေ့လာမိရန် ခက်ခဲစေ၏။
ထပ်တိုးတိုက်ခိုက်စကေး ။ ။လျှပ်တပြက်တိုက်ကွက်
အလွန်ဆုံးပစ်မှတ်လေးခု၏ နောက်တွင် ရုတ်တရက် ပေါ်လာနိုင်သည့် ထိခိုက်မှုက (၂၀) ရာခိုင်နှုန်း တိုးမြှင့်၏။ အသုံးပြုနိုင်သည့်ကြာချိန်က ငါးစက္ကန့် ဖြစ်သည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ၂ မိနစ်
” အိုင်တမ်ကောင်းတစ်ခုပဲ …”
ရှီဖုန်းက သွေးသန့်စင်ခြင်းဝတ်ရုံကို စစ်ဆေးကြည့်လိုက်သည့်အချိန် သူ၏ မျက်လုံးများ တောက်ပသွား၏။
ဝတ်ရုံများက နတ်ဘုရားနယ်မြေထဲတွင် အလွန်ရှားပါးပေသည်။ သူတို့က လက်စွပ်များနှင့် လည်ဆွဲများထက်တောင် ပိုရှားပါးသည်။ ရှီဖုန်းသည် ယခုဘဝတွင် နတ်ဘုရားနယ်မြေထဲ ဝင်ချိန်မှစကာ အသုံးပြုဖူးသည့် ကျန်သည့်ဝတ်ရုံက အမှောင်ဖမ်းသူ၏ ဝတ်ရုံသာ ဖြစ်သည်။
အမှောင်ဖမ်းသူ၏ ဝတ်ရုံက သူ၏ အရည်အချင်းတွင် အပိုဆောင်းတိုးမှုများပေးပြီး တိတ်ဆိတ်ခြင်းခြေလှမ်းစကေးကို တိုးမြှင့်ပေးသော်ငြား ထိုသို့အသုံးပြုနိုင်ရန်က အလွန်အစွမ်းထက်မှ ရပေမည်။ ၎င်းက လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ အရိပ်ခြေလှမ်းနှင့်တောင် ယှဉ်နိုင်ပေ၏။ စကေး၏ ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန်က အလွန်ရှည်ကြာနေတာသာ ဖြစ်၏။ သို့သော် ၎င်းကို သင့်တော်စွာ အသုံးပြုလျှင် ရုပ်ချည်းသတ်ဖြတ်မှုအတွက် အသုံးပြုနိုင်၏။ တိုက်ပွဲဝင်ရာတွင် ထိုသို့သောစကေးက ပင်ကိုယ်အရည်အချင်းများထက် ပိုတန်ဖိုးရှိပေ၏။
ယခု သူက သွေးသန့်စင်ခြင်းဝတ်ရုံ ရှိနေပြီဖြစ်ကာ ချပ်ဝတ်တန်ဆာလိုအပ်ချက်များကို ဖြည့်ဆည်းပေးသရွေ့ အမှောင်လိုက်ဖမ်းသူ၏ ဝတ်ရုံကို ချက်ချင်းအစားထိုးနိုင်မှာ ဖြစ်သည်။
အဆင့် (၅၀) လိုအပ်ချက်က ရှီဖုန်းအတွက် ပြဿနာ မဟုတ်တော့ပေ။ သူ့၌ အိုင်တမ်၏ အဆင့်လိုအပ်ချက်ကို ဆယ်ဆင့်လျော့ချပေးနိုင်သည့် ကောင်းကင်ဘုံနဂါး ဝင်သက်ငွေ့ ရှိနေသည်။ တစ်နည်းဆိုရလျှင် သူက အဆင့် (၄၀) သို့ရောက်သည်နှင့် သွေးသန့်စင်ခြင်းဝတ်ရုံကို ဝတ်ဆင်နိုင်မှာ ဖြစ်သည်။ အကျော်ဇေယျခုနှစ်ပါးလက်စွမ်းကလည်း အိုင်တမ်များအားလုံး၏ အဆင့်လိုအပ်ချက်ကို ငါးဆင့်လျော့ချပေးနိုင်သော်လည်း နတ်ဘုရားနယ်မြေထဲတွင် ထိုအာနိသင်က မရှားပေ။ အမြင့်ဆုံးအာနိသင်သာ မထုတ်ဖော်နိုင်တာ ဖြစ်၏။
သွေးသန့်စင်ခြင်းဝတ်ရုံ ကျသည့်အပြင် သွေးစစ်သည်တော်က ရှေးရွှေရောင်စာအုပ်ကိုလည်း ကျလာ၏။ ထိုရွှေရောင်စာအုပ်မှ ထုတ်ဖော်သည့်ဖိအားက ရှီဖုန်းကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေ၏။
စကားလုံးနှစ်လုံးက စာအုပ်၏ အဖုံးတွင် ရေးထားသည်။
စောလမွန်၏ ရတနာ