ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 710 ဆန်းကြယ်သောရှီဖုန်း
ရှီဖုန်း၏ ဦးနှောက်စွမ်းဆောင်ရည် တိုးတက်လာချိန်မှစပြီး သူ၏ အာရုံများက အင်မတန် ထက်လာတော့၏။ သူ့ရှေ့ရှိ ဝတ်စုံဖြူအဖိုအိုက ခွန်အားကိုကောင်းမွန်စွာ သိုဝှက်ထားပေသည်။ သူက ငြိမ်စမ်သည့် သမုဒ္ဒရာတစ်စင်းကဲ့သို့ အရာအားလုံးကို အလိုက်သင့် ရှိနေသယောင်ပင်။ သူက ပတ်ဝန်းကျင်နှင့် အလွန်သက်သောင့်သက်သာ ရှိနေပုံရ၏။ ထိုလူရှေ့တွင် ရှီဖုန်းက ရန်လိုစိတ်တို့ ဖြစ်ပေါ်မလာပင်။်
သို့သော် ထိုအကြောင်းကြောင့် ရှီဖုန်းသည် သူ့ကို ကြောက်မိနေတာ ဖြစ်သည်။ သူသည် နတ်ဘုရားနယ်မြေထဲတွင် သေခြင်း၊ ရှင်ခြင်းတိုက်ပွဲများကို ရင်ဆိုင်တွေ့ခဲ့ရပြီး သူ၏ အာရုံတို့က ထက်မြက်လာခဲ့၏။ သူ၏ ဦးနှောက်စွမ်းဆောင်ရည် တိုးတက်လာပြီးနောက် ၎င်းက ကျန်သည့်သူများကို သူ့စိတ်ထဲထားဖို့က ခက်ခဲလာခဲ့သည်။ သို့သော် ထိုဝတ်စုံဖြူအဖိုးအို၏ လှုပ်ရှားမှုတိုင်းက သူ၏ သတိထားနေသည့်အာရုံများမှ အလွယ်တကူဖြတ်ကျော်သွား၏။
သူ့ရှေ့ရှိလူသား သူ့ကို ရုတ်တရက်တိုက်ခိုက်လျှင် နောက်ဆက်တွဲက အလွန်အလွန်အန္တရာယ်များမှာပင် ဖြစ်သည်။
” မောင်ရင် …။ မင်းက တကယ်အထင်ကြီးဖို့ ကောင်းတာပဲ …။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဇီးရိုးဝင်းရဲ့ အထက်အရာရှိတွေထဲကတစ်ယောက် ဖြစ်လာခဲ့တယ် …။ ဇီးရိုးဝင်းက သူတို့ရဲ့အင်အားကို ဒီလောက် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ …ေ
ဝတ်ရုံဖြူအဖိုးအိုက ရှီဖုန်းကို ပြုံးပြပြီး ဖော်ရွေသည့်လေသံဖြင့် ပြော၏။
” အား ဟုတ်သား …။ ငါ့ကိုငါ မိတ်မဆက်ရသေးဘူး …။ ငါက ယွမ်ထျယ်ရှင်း …။ လျှို့ဝှက်မျှော်စင်ရဲ့ အကြီးအကဲတစ်ယောက်ပဲ …”
” ရှီဖုန်း …။ နင် နတ်ဘုရားနယ်မြေထဲမှာ ဆော့တာ အတော်ကြာပြီ မဟုတ်ဘူးလား …။ ဦးလေးယွမ်က ပုံရိပ်ယောင်ဂိမ်းလောက လူကြီးမျိုးဆက်က ကျွမ်းကျင်သူတစ်ယောက်ပဲ …။ သူက အပြင်ကမ္ဘာမှာ မင်းနဲ့ မယှဉ်နိုင်လောက်ပေမဲ့ ပုံရိပ်ယောင်ဂိမ်းလောကထဲမှာတော့ မင်းထက် ပိုအစွမ်းထက်ကောင်း ထက်နိုင်လောက်တယ် …။ သူ့ကို လမ်းညွှန်မှုတစ်ခုတောင်းဖို့က အခွင့်အရေးကောင်းပဲ …”
ကျောက်ရော့ရှီကပြောပြီး သူမက ရှီဖုန်း၏ အံ့သြနေသည့် အမူအရာကို မြင်သောအခါ ပြုံးလိုက်သည်။ ယခင်က ရှီဖုန်းသည် တည်ငြိမ်သည့်ပုံသဏ္ဍာန်ကို ထိန်းထားနေဆဲ ဖြစ်၏။ သူက ပင်ကိုယ် အရည်အချင်းရှိသူ ဖြစ်၏။ ယခုမူ တစ်စုံတစ်ယောက်က ရှီဖုန်းကို ကပျာကသီ ဖြစ်စေသည်ကို သိလိုက်ရသောအခါ သူမက ဂုဏ်မယူဘဲ မနေနိုင်ပေ။
ရှီဖုန်းက ကျောက်ရော့ရှီ၏ ရွှတ်နောက်နောက်အကြည့်ကို မြင်သောအခါ အံ့သြကာ ဆွံ့အသွား၏။
ယွမ်ထျယ်ရှင်းက အစစ်မှန်ဆုံး အနှစ်သာရဟူသော စကားထဲက ရွက်ပုန်းသီး ကျွမ်းကျင်သူ တစ်ယောက်ပဲ ။ တိုက်ခိုက်ရေးမှာရော ဂိမ်းမှာပါ လူရွယ်က သူ့ထက်သာပြီးသား။
အမှန်တကယ်တော့ သူသည် နတ်ဘုရားနယ်မြေကို ဆော့ကစားခဲ့တာ ဆယ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် နတ်ဘုရားနယ်မြေထဲတွင် ကစားခဲ့သည့်အချိန်ကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်၏ သာလွန်မှုကို ဆုံးဖြတ်နိုင်ခြင်း မရှိချေ။ မဟုတ်ပါက ကစားသမားများစွာက ဆယ်နှစ်ကြာပြီးသည့်တိုင် အလွှာနှစ်တွင် ပိတ်မိနေကာ အလွှာသုံးကို မတက်နိုင်ပဲ ဖြစ်နေကြမှာ မဟုတ်ပေ။ အခွင့်အရေးပါရမီနှင့် ကံကောင်းမှုကဲ့သို့ အခန်းကဏ္ဍများကိုလည်း ထည့်တွက်ရမှာ ဖြစ်သည်။
ဥပမာအနေဖြင့် အမှောင်ထဲတွင် နေသည့်သူအများစုထဲတွင် အချို့ကမူ နှစ်အနည်းငယ်ကုန်ဆုံးပြီး ကျန်သည့်သူများ တစ်ဘဝလုံး မရောက်နိုင်သည့် အမြင်ထိ ရောက်နိုင်ကြပေ၏။
နတ်ဘုရားနယ်မြေကလည်း တူညီပေသည်။ ရှီဖုန်းက နတ်ဘုရားနယ်မြေထဲတွင် ပြိုင်ဘက်ကင်းဟု တွေးရလောက်သည်အထိ မောက်မာသူမဟုတ်ပေ။ သူက သေချာသည့်အခွင့်အရေးများကို ရယူရန် သူ၏ မှတ်ဉာဏ်များကို အသုံးချနေတာ ဖြစ်သည်။
” မိန်းကလေး မင်းက ငါ့ကို ပြောတာ မြင့်လွန်းတယ် …။ မောင်ရင် ရော့ရှီက အလားအလာရှိတဲ့ တစ်စုံတစ်ယောက်ဖြစ်တဲ့ ဇီးရိုးဝင်းရဲ့ အထက်အရာရှိတွေထဲက တစ်ယောက်ကို ခေါ်လာမယ်လို့ကြားပြီးတော့ မင်းကို တကယ် စိတ်ဝင်စားနေတာ …။ လမ်းညွှန်မှုအတွက် မေးမယ်ဆိုရင်တော့ ငါက အဲ့လို အံ့သြဖို့ကောင်းတဲ့သူ မဟုတ်ဖူး …။ ငါ့ကို ဦးလေးယွမ်လို့ ခေါ်လို့ရတယ် …”
ယွမ်ထျယ်ရှင်းက ပြောပြီးနောက် ရယ်မောကာ ခေါင်းခါလိုက်၏။
” စကားဆက်မပြောခင် အရင်ထိုင်ကြရအောင် …”
ယွမ်ထျယ်ရှင်းက သာမန်ကာလျှံကာ ပြောလိုက်သည့်တိုင် ရှီဖုန်းက ထိုလူနားတွင် သတိလက်လွတ် မနေရဲပေ။
လျှို့ဝှက်မျှော်စင်က မည်သည့်အစည်းအရုံးမှ မဟုတ်ချေ။ ၎င်းက ပုံရိပ်ယောင်ဂိမ်းလောကထဲရှိ လူတိုင်းသိသည့် တည်ရှိမှုတစ်ခု ဖြစ်၏။ လျှို့ဝှက်မျှော်စင်က ပုံရိပ်ယောင်ဂိမ်းထဲရှိ အဓိကအင်အားစုများထဲရှိ အချက်အလက်များကို စုဆောင်းရောင်းချခြင်းကို အထူးပြုထားတာ ဖြစ်သည်။ လျှို့ဝှက်မျှော်စင်သည် နတ်ဘုရားနယ်မြေ၏ ကျွမ်းကျင်သူစာရင်းကို စုဆောင်းနိုင်သည့် အရည်အချင်းက အချက်အလက်များစုဆောင်းရာတွင် သူတို့က မည်မျှအရည်အချင်းရှိကြောင်း ပြသရာရောက်ပေသည်။
” ဦးလေးယွမ် …။ ဦးလေးက ဇီးရိုးဝင်းမှာ ရှီဖုန်းရဲ့ အဆင့်အတန်းအကြောင်း ပြောနေတာဆိုတော့ ဇီးရိုးဝင်းက အံ့သြဖို့ကောင်းတဲ့ အစည်းအရုံးတစ်ခုလား …”
ကျောက်ရော့ရှီက သိချင်စိတ်ဖြင့် မေးလိုက်၏။
ကျောက်ကျန်းဟွားကလည်း သိချင်နေသည်။
ယွမ်ထျယ်ရှင်းက ဇီးရိုးဝင်းကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီး ရှီဖုန်း၏ အလားအလာကို ပိုတောင်ချီးကျူးခဲ့၏။ ယွမ်ထျယ်ရှင်းကိုသိတာ အတော်ကြာပြီးနောက် သူ ထိုနည်းဖြင့် လူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။
သူသည် ပုံရိပ်ယောင်ဂိမ်းလောကနှင့် ထိတွေ့မှုသိပ်မရှိသည့်တိုင် ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် ယွမ်ထျယ်ရှင်း၏ အဆင့်အတန်းအတော်လေးမြင့်တာကို သိပေ၏။
လက်ရှိတွင် နတ်ဘုရားနယ်မြေကျော်ကြားလာပြီးနောက် ယွမ်ထျယ်ရှင်း၏ အဆင့်အတန်းကလည်း တိုးတက်လာသည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုများက ယွမ်ထျယ်ရှင်းကို ဆက်သွယ်ပြီး သူ့ကို အချို့ကမူ မျက်နှာချိုသွေးရန် ကြိုးစားနေကြ၏။ သူတို့ ကျောက်ကုမ္ပဏီက ကျင်းဟိုင်မြို့တွင် အဆင့်အတန်းနှင့် ကြွယ်ဝမှုအချို့ပိုင်ဆိုင်ထားသော်ငြား သူတို့က အဓိကနိုင်ငံတကာလုပ်ငန်းစုများနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ သူတို့က အဆင့်တူတွင်တောင် ရှိမနေပေ။ ထိုသို့တိုင် ထိုသို့သော အင်အားစုမျာက ယွမ်ထျယ်ရှင်းကို မျက်နှာချိုသွေးနေရသည်။
ယခုက ကျောက်ရော့ရှီ၏ မွေးနေ့ပွဲဖြစ်သော်ငြား ကျောက်ကျန်းဟွားက ယွမ်ထျယ်ရှင်း တက်ရောက်နိုင်သည့်အတွက် သူ အမှန်တကယ်အံ့သြမိသည်။
ကျောက်ကျန်းဟွားက ယွမ်ထျယ်ရှင်း၏ ခရီးစဉ်အကြောင်း သိပေသည်။ ယနေ့တွင် သူက နိုင်ငံတကာလုပ်ငန်းစုတစ်ခု၏ အထက်အရာရှိများနှင့် တွေ့ဆုံရမှာ ဖြစ်သည်။ ထိုသို့တိုင် သူက ဤနေရာကိုသာ ရောက်လာခဲ့တာ ဖြစ်သည်။ ထိုလူက ကျောက်ကျန်းဟွားကို လေးစားသောကြောင့် ရောက်လာတာမဟုတ်ဘဲ ရှီဖုန်းကို တွေ့ရန်အတွက် ဤနေရာသို့ ရောက်လာတာဖြစ်သည်။ ထိုအချက်ကို တွေးမိသောအခါ ကျောက်ကျန်းဟွားက ရင်ထဲ သက်ပြင်းမချပဲ မနေနိုင်ပေ။ သို့သော် သူကလည်း ကျေနပ်နေ၏။
” မင်းတို့က နတ်ဘုရားနယ်မြေထဲမှာ မဆော့ဖူးဘူးဆိုတော့ ဒါကို မသိတာဖြစ်နိုင်တယ် …။ ဒါပေမဲ့ ဇီးရိုးဝင်းက ပုံရိပ်ယောင်ဂိမ်းလောကထဲမှာ နာမည်ကြီးတဲ့ အစည်းအရုံးတစ်ခုပဲ …။ အမျိုးမျိုးသောလုပ်ငန်းစုတွေရဲ့ အာရုံစိုက်မှုကိုလည်း ရထားတယ် …။ နားလည်သဘောပေါက်ထားတာကို အခြေခံကြည့်ရင် ရင်းမြစ်ဖွင့်လှစ်ခြင်းတောင် ဇီးရိုးဝင်းကို မျက်စိကျနေပြီ …။ အစည်းအရုံးရဲ့ ရှယ်ယာတစ်ချို့နဲ့ ဝယ်ယူဖို့တောင် ဈေးမြင့်မြင့် ကမ်းလှမ်းခဲ့တယ် …။ ဒါပေမဲ့ ဇီးရိုးဝင်းက ရင်းမြစ်ဖွင့်လှစ်ခြင်းကို ငြင်းဆိုခဲ့တာ …”
ယွမ်ထျယ်ရှင်းက ထုတ်ဖော်ပြောလိုက်၏။
“ရင်းမြစ်ဖွင့်လှစ်ခြင်းလား …။ စွမ်းအင်သစ်ကုန်သွယ်ရေးကို အာရုံစိုက်နေတဲ့ ရင်းမြစ်ဖွင့်လှစ်ခြင်း လုပ်ငန်းစုလား …”
ကျောက်ကျန်းဟွားက အမှန်ဖြစ်ကြောင်း မယုံနိုင်ပေ။ ထို့ကြောင့် သူသည် ယွမ်ထျယ်ရှင်းပြောသည့် ရင်းမြစ်ဖွင့်လှစ်ခြင်းက သူသိသည့် အဓိကလုပ်ငန်းစုကြီး ဟုတ်၊ မဟုတ် အတည်ပြုချင်နေ၏။
“ဟုတ်တယ် …။ ငါ သတင်းရတုန်းက အတော်လန့်သွားသေးတာ …။ ယနေ့ခေတ်လူငယ်တွေ ဒီလောက်ထိ စိတ်လက်မာန်ပါ လုပ်လိမ့်မယ်လို့ မထင်ထားဘူး …။ OSC ရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုကို ရဖို့အတွက် မရေမတွက်နိုင်တဲ့ အစည်းအရုံးတွေက မျှော်လင့်နေကြတာ …။ OSC ရဲ့ ကမ်းလှမ်းမှုကို တစ်စုံတစ်ယောက်ငြင်းပယ်တာကြားတာ ပထမဆုံးအကြိမ်ပဲ …”
ယွမ်ထျယ်ရှင်းက ခေါင်းညိတ်ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။
” ဒီကိုလာတာ အကြောင်းပြချက် နှစ်ချက်ရှိတယ် …။ ပထမအချက်က ရော့ရှီကို တွေ့ဖို့ပဲ …။ ဒုတိယအချက်က ဇီးရိုးဝင်းရဲ့ အထက်ပိုင်းအရာရှိနဲ့ တွေ့ချင်တာကြောင့်ပဲ …။ ဆန်းကြယ်တဲ့ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းနဲ့ တွေ့ခွင့်ရမလားဆိုတာ မျှော်လင့်မိတာပဲ …။ ငါ ဒီလိုအခွင့်အရေးမျိုး ရနိုင်ပါ့မလားဆိုတာ သိချင်မိတယ် …”
ကျောက်ကျန်းဟွားနှင့် ကျောက်ရော့ရှီက ယွမ်ထျယ်ရှင်း၏ စကားကိုကြားသောအခါ အံ့သြကာဆွံ့အသွား၏။ သူတို့က ရှီဖုန်းကို ကြည့်လိုက်ကြသည်။
ရင်းမြစ်ဖွင့်လှစ်ခြင်းလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံမှုကို ငြင်းပယ်ခြင်းက ထိတ်လန့်ဖွယ်ကောင်းနေပြီးသားပင်။ ယွမ်ထျယ်ရှင်းက ရှီဖုန်း၏ အကူအညီကို ရယူရန်အတွက် ဤနေရာသို့ လူကိုယ်တိုင်လာရောက်လိမ့်မည်ဟု မထင်ထားပေ။
ကျောက်ကျန်းဟွားနှင့် ကျောက်ရော့ရှီ၏ စိတ်များက ခဏတဖြုတ်တော့ ရှင်းလင်းသွားခဲ့ပေသည်။
သို့သော် ရှီဖုန်းကမူ တည်ငြိမ်သည့်အမူအရာဖြင့် ပြောလိုက်သည်။
” ဦးလေးယွမ်က ကျုပ်တို့ အစည်းအရုံးခေါင်းဆောင်ကို တွေ့ချင်တယ်ဆိုမှတော့ တွေ့ပေးဖို့အတွက် အကောင်းဆုံးကြိုးစားပါ့မယ် …။ ဒါပေမဲ့ အစည်းအရုံးခေါင်းဆောင်က အမြဲတမ်းအလုပ်များနေတာ သူတွေ့ပါ့မလားဆိုတာတော့ အာမမခံနိုင်ဘူး …။ ဦးလေးယွမ် ခွင့်လွတ်ပေးမယ်လို့ မျှော်လင့်ပါတယ် …”
” သေချာတာပေါ့ …။ ငါ့အတွက် အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းဆီ စာတစ်စောင့်ပို့ပေးဖို့ မျှော်လင့်ပါ့ရစေ …။ အပြစ်ခုနှစ်ပါးပန်းပွင့်က မကြာခင်မှာ စတင်တော့မှာ …”
ယွမ်ထျယ်ရှင်းက အလွန်ယုံကြည်ချက်ရှိရှိ ပြေညလိုက်၏။
” ဒီအချက်အလက်ကို ရတာနဲ့ အစည်အရုံးခေါင်းဆောင်ဘလက်ဖလိမ်းက ငါ့ရဲ့ တောင်းဆိုချက်ကို လက်ခံမယ်ဆိုတာ ယုံကြည်တယ် …”
ရှီဖုန်းသည့် အပြစ်ခုနှစ်ပါးပန်ပွင့် လှုပ်ရှားတော့မည့် သတင်းကိုကြားသောအခါ သူ့ရင်ထဲ တုန်လှုပ်သွားခဲ့ကာ သူ့မျက်နှာထက်တွင် တည်ကြည်လေးနက်သည့် အမူအရာပေါ်လာခဲ့၏။
လျှို့ဝှက်မျှော်စင်က ထိုအချက်အလက်ကို ရခဲ့သောကြောင့် ၎င်းက အစစ်အမှန်ဆိုတာ အမေးထုတ်စရာ မလိုပေ။
ယွမ်ထျယ်ရှင်းက အပြစ်ခုနှစ်ပါးပန်းပွင့် လှုပ်ရှားပြီဆိုသောကြောင့် ဆိုလိုသည်မှာ စံထားမိုးမခသည် အပြစ်ခုနှစ်ပါးပန်းပွင့်ကို တန်ကြေးပေးရန် ဆန္ဒရှိနေတာ ဖြစ်သည်။
အစည်းအရုံး၏ အထက်အရာရှိများ လျင်မြန်စွာတိုးတက်နေကြောင်း ရေနှင်းဆီက သူ့ကို ပြောပြခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့ထဲမှ သုံးယောက်က အဋ္ဌမအလွှာသို့ ရောက်ခဲ့ပြီး ခုနှစ်ယောက်က သတ္တမအလွှာသို့ ရောက်နေကြသည်။ လူတိုင်းသည် ဆဠမအလွှာ၏ နောက်ဆုံးအဆင့်သို့ ရောက်နေကြတာ ဖြစ်သည်။ အပြစ်ခုနှစ်ပါးပန်းပွင့်၏ တန်ကြေးက အလွန်မြင့်မားမှာ သံသယဖြစ်ဖွယ် မရှိပေ။
ဒီမိန်းမ စိတ်လွတ်သွားတာလား။ ရှီဖုန်းက မည်သို့ပင် တွေးမိစေကာမူ ထိုက်တန်သည့် အပေးအယူမဟုတ်ခဲ့ပေ။ မဟုတ်လျှင် …