ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 715 မိုးကြိုးဧကရာဇ်
သူ့ကို ကြည့်နေသည့် မျက်လုံးများဖြင့် ရှီဖုန်းက မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်ရဲပေ။ NPC ဖြစ်စေ၊ လူသားဖြစ်စေ၊ နတ်သူငယ်ဖြစ်စေ၊ အောခ်တစ်ဝက်ဖြစ်စေ တစ်ယောက်ချင်းဆီက အံ့သြဖွယ်ကောင်းသည့် အဆင့်ရှိသည်။
အဆင့် (၁၅၀)
ထိုအဆင့်ရှိ သာမန်မွန်းစတားတစ်ကောင်တောင် ရှီဖုန်းကို အလွယ်တကူသတ်နိုင်၏။ အလွှာသုံးအမျိုးအစားဖြစ်သည့် လူသားနှင့် နတ်သူငယ်များဆိုလျှင် ပြောနေရန်မလိုတော့ချေ။
” လူငယ်လေး ငါတို့ကို ကယ်လိုက်တဲ့သူက မင်းလား …”
သက်လတ်ပိုင်းအရွယ် လူရွယ်က ရှီဖုန်းဘက်လှည့်ပြီး သူ၏ ယခင်ရောင်ဝါများ ရုတ်တရက် ပျောက်ကွယ်သွား၏။
ထိုလူရွယ်က အလွှာသုံးမှော်ပညာရှင်တစ်ဦးဖြစ်၏။ မြစ်ဖြူမြို့ထဲတွင်တောင် သူက အံ့မခမ်းအစွမ်းထက်သည့် ပုဂ္ဂိုလ်ဟူ၍ သတ်မှတ်ထားနိုင်ပေသည်။ ကစားသမားများက ထိုကဲ့သို့ ဇာတ်ကောင်မျိုးနှင့် တွေ့ဆုံခွင်ရရန် ခက်ခဲမှာဖြစ်သည်။
” ကျုပ် မသေချာဘူး …။ ကျုပ်က ဒီမှာရှိတဲ့ သလင်းပိုးကောင်တွေကို ရှင်းလိုက်ရုံပဲ …”
ရှီဖုန်းက ထို NPC များကြားထဲတွင် မကောင်းသည့် ရည်ရွယ်ချက်မရှိတာကို မြင်ပြီးနောက် စိတ်အေးသွားကာ အမှန်အတိုင်းပြောလိုက်၏။
သလင်းပိုးများအကြောင်း ရှီဖုန်းပြောတာကို ကြားသောအခါ အဆင့် (၁၅၀) NPC များက သူတို့၏ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး သူတို့၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှု ပေါ်လာ၏။ သူတို့သည်လည်း အခြေအနေကို မသေချာမရေရာ ဖြစ်နေတာ သိသာသည်။
ထို NPC များက သူတို့အချင်းချင်း ပြောပြီးနောက် ဂါလီရယ်ဝေါ့ခ်ကာ အမည်ရသော အလွှာသုံးမှော်ပညာရှင်က ရှီဖုန်းရှေ့ လျှောက်လာ၏။
” ဘာတွေဖြစ်သွားမှန်း ငါတို့ အတိအကျမသိပေမဲ့ မင်းရဲ့ အပြုအမူက ငါတို့ကို ကယ်ခဲ့တယ်ဆိုတာ သေချာတယ် …။ ငါတို့ ကျေးဇူးတရားကို ဖော်ပြတဲ့အနေနဲ့ မင်းဆီ ဒီအိုင်တမ်ကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်ထားလိုက်တယ် …”
ဂါလီရယ် ဝေါ့ခ်ကာက ပြောလိုက်၏။ သူက ရွှေရောင်သန်းနေသည့် ခရမ်းရောင်လျှပ်စီးသဏ္ဍာန်တံဆိပ်ကိုထုတ်ပြီး ရှီဖုန်းအား ဂရုတစိုက် ပေးလိုက်၏။
” ဒီတံဆိပ်က ငါတို့ တော်ဝင်တပ်ဖွဲ့ရဲ့ ဂုဏ်သရေဆောင်တံဆိပ်ပဲ …။ မင်း ဒါကို လက်ခံမယ်လို့ မျှော်လင့်တယ် …”
ရှီဖုန်းက တံဆိပ်ကို လက်ခံလိုက်၏။ သူသည် တံဆိပ်၏ အချက်အလက်ကို စစ်ဆေးလိုက်သောအခါ ထိတ်လန့်သွား၏။
မိုးကြိုးဧကရာဇ်၏ တံဆိပ်
ဤအရာက မိုးကြိုးသားရဲအင်ပါယာ၏ ဂုဏ်သရေဆောင်တံဆိပ်ဖြစ်၏။ ၎င်းက မိုးကြိုးသားရဲအင်ပါယာအတွင်းတွင် ဂုဏ်သရေဆောင် အမျိုးသားတစ်ဦး ဖြစ်စေနိုင်သည်။
မိုးကြိုးသားရဲအင်ပါယာက ရှေးယခင်ထဲက ဖျက်ဆီးခံခဲ့ရပြီ မဟုတ်ဘူးလား။
ရှီဖုန်းသည် နတ်ဘုရားနယ်မြေ၏ သမိုင်းအကြောင်း အတော်လေးသိပေသည်။ မိုးကြိုးသားရဲအင်ပါယာက နတ်ဘုရားနယ်မြေထဲရှိ အစွမ်းထက်သောအင်ပါယာများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ အထွဠ်အထိပ်ကာလအတွင်း ၎င်း၏ နယ်မြေက တိုင်းပြည်ဆယ့်နှစ်ခုကို လွှမ်းခြုံနိုင်ခဲ့၏။ နတ်ဘုရားနယ်မြေ၏ ကုန်းပြင်မြင့်ပေါ်တွင် မည့်သည့်တိုင်းပြည် မည်သည့်အင်ပါယာများမှ သူတို့ကို ရင်မဆိုင်ရဲခဲ့ချေ။ မိုးကြိုးသားရဲအင်ပါယာ၏ အုပ်ချုပ်သူက မိုးကြိုးဧကရာဇ်ခိုင်ဇာ ဖြစ်သည်။
သို့သော် နတ်ဘုရားနယ်မြေ၏ သမိုင်းကြောင်း မှတ်တမ်များအရ ထာဝရရှင်သန်ပြီး နတ်ဘုရားတစ်ပါးဖြစ်စေဖို့ရာ ခိုင်ဇာသည် တားမြစ်ချက်များစွာကို ချိုးဖောက်ခဲ့၏။ ရလဒ်အနေဖြင့် သူ၏ အပြုအမူများက နတ်ဘုရားများကို အမျက်ထွက်စေခဲ့ပြီး အင်ပါယာမြို့တော်က ရုတ်တရက် ပျောက်ကွယ်သွားသည်။ မြို့တော်ပျောက်ကွယ်သွားပြီးနောက် မိုးကြိုးသားရဲအင်ပါယာကလည်း များစွာသော တိုင်းပြည်လေးများအဖြစ် ခွဲထွက်သွား၏။
ယခုအချိန်တွင် မိုးကြိုးသားရဲအင်ပါယာက ၎င်း၏ တည်ရှိမှုမှ မှေးမှိန်ခဲ့တာ အတော်ကြာပြီဖြစ်၏။ ဤမိုးကြိုးအင်ပါယာ၏ တံဆိပ်က မည်သည့်အဓိပ္ပါယ်မှ မရှိပေ။
” စွန့်စားသူလေး ငါတို့လွတ်မြောက်သွားပြီဆိုပေမဲ့ ကျိန်စာအောက်မှာ ငါတို့အဖော်အပေါင်းတွေ မိနေသေးတယ် …။ မင်း သူတို့ကို ကယ်ပေးနိုင်မယ်လို မျှော်လင့်တယ် …။ မင်းအောင်မြင်ခဲ့ရင် မင်းကို အင်ပါယာရဲ့ အကြီးအမြတ်ဆုံးရတနာလက်ဆောင် ပေးမှာပါ …”
ဂါလီရယ်ဝေါ့ခ်ကာက ပြောပြီးနောက် သူ၏ မျက်လုံထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ရောင်ပြန်ဟက်နေ၏။
” ခင်ဗျာတို့က ကျုပ်နဲ့ မလိုက်ဘူးလား …”
ရှီဖုန်းက မမေးဘဲ မနေနိုင်တော့ချေ။ ြ
ဂါလီရယ်ဝေါ့ခ်ကာက ခေါင်းခါပြီး ပြောလိုက်၏။
” ဒီကမ္ဘာလောကမှာ ငါတို့ရဲ့အချိန်က ကုန်လွန်ခဲ့တာကြာပြီ …။ ကျိန်စာပြေသွားတယ်ဆိုပေမဲ့ ငါတို့ ခွန်အားက ဆုတ်ယုတ်ကုန်ပြီလေ …။ ဒါ့အပြင် ငါတို့ အဲ့ဒီနေရာကို ချဉ်းကပ်တာနဲ့ ငါတို့ရဲ့ ခွန်အားတွေ ပိုလျင်လျင်မြန်မြန် ကုန်ဆုံးကုန်မှာပဲ …။ ဒါကြောင့် ငါတို့ အဖော်အပေါင်းတွေကို မင်းပဲ ကယ်နိုင်မှာ …”
“ဒါဆိုကောင်းပြီလေ …။ ကျုပ်ကတိပေးတယ် …။ ခင်ဗျားရဲ့ အဖော်အပေါင်းတွေကိုကယ်ဖို့ ဘယ်နေရာကို သွားရမလဲ …”
ရှီဖုန်းက အင်ပါယာ၏ ရတနာအကြောင်း ကြားသောအခါ သူသည် သူအလိုရှိသည့် လက်နက်နှင့် သက်ဆိုင်နေတာ ဖြစ်ရမည်ဟု တွေးမိလိုက်သည်။
သူရထားသည့် သဲလွန်စများအရ နဂါးမေးရိုးထဲတွင် လက်နက်ကိုဝှက်ထားကြောင်း ညွှန်ပြနေသည်။
အတိတ်တုန်းက အင်မတန်တန်ခိုးထွားခဲ့သည့် အင်ပါယာတစ်ခု ဖြစ်သည်နှင့်အညီ မိုးကြိုးသားရဲအင်ပါယာက မရေမတွက်နိုင်သည့် ရတနာများ ရှိရပေမည်။ သူရှာနေသည့်လက်နက်က ဧကရာဇ်အင်ပါယာ၏ လက်နက်ဖြစ်နိုင်လောက်၏။ ရတနာလက်နက်ကို မျက်ကန်းရှာနေသည်ထက် တာဝန်ကို လက်ခံလိုက်တာက ပိုကောင်းပေမည်။
” ငါတို့က တော်ဝင်မြို့တော်က လွတ်မြောက်လာခဲ့တဲ့သူတွေပဲ …။ ငါတို့ အဖော်အပေါင်းတွေက မြို့တော်မှာ ပိတ်မိနေသေးတုန်း …။ ဒါက တော်ဝင်မြို့တော်ရဲ့ မြေပုံပဲ …။ မင်းအတွက် အကူအညီတချို့ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ် …”
ဂါလီရယ်ဝေါ့ခ်ကာက ပြော၏။ ပြီးနောက် တော်ဝင်မြို့တော်၏ မြေပုံကိုထုတ်ကာ ရှီဖုန်းအား ပေးလိုက်၏။
စနစ် : အံ့ဖွယ်တာဝန် အင်ပါယာ၏ အတိတ် လက်ခံပြီးပါပြီ။
တာဝန်အကြောင်းအရာ : တော်ဝင်မြို့တော်ရှိ လူများကို ဆယ်ရက်အတွင်း ကယ်တင်ပါ။ တာဝန်က သတ်မှတ်သည့်အချိန်အတွင်း မပြီးမြောက်ခဲ့လျှင် သင်သည် ကျောက်ရုပ်ကျိန်စာ သက်ရောက်ခံရမည် ဖြစ်၏။
ဆုကြေး = အမည်မသိ
အံ့ဖွယ်တာဝန်ကို ဆယ်ရက်နဲ့ အချိန်ကန့်သတ်ထားတာလား။ ရှီဖုန်းသည် စနစ်အသိပေးသံကို ကြားသောအခါ ချက်ချင်းအံ့သြမှင်သက်သွား၏။ တာဝန်ထိုမျှ ခက်ခဲလိမ့်မည်ဟု မည်သည့်အခါကမှ မထင်ခဲ့မိချေ။ သို့သော် အနည်းငယ်စဉ်းစားပြီးနောက် ၎င်းက ယုတ်တိရှိမှန်း သိလိုက်ရသည်။ သူလိုချင်သည့်လက်နက်က သေးသေးမွှားမွှားအိုင်တမ် မဟုတ်ပေ။ ထို့ကြောင့် ဂိမ်းသည် မည်ကဲသို့ အလွယ်တကူ ပေးမည်နည်း။
ရှီဖုန်းက မြေပုံကို လက်ခံပြီးနောက် နောက်ထပ်အလွှာသုံးနတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်လိုက်၏။ အလွှာသုံးနတ်ဆိုးနှစ်ကောင်က လမ်းကြောင်းကို ဦးဆောင်သွားသောကြောင့် သလင်းပိုးများကို ဖြေရှင်းရာတွင် ပိုလွယ်ကူသွားပေလိမ့်မည်။
ယခု ရှီဖုန်းတွင် မြေပုံတစ်ခု ရှိနေပြီး နဂါးမေးရိုး၏ မြေအောက်ဝင်ကမ္ဘာဦးမှင်က သူ့အတွက် ပိုလွယ်ကူသွားပြီ ဖြစ်သည်။ ရှီဖုန်းက နဂါးမေးရိုး၏ ဒုတိယမြေအောက်အလွှာကို ရောက်ပြီးနောက် များစွာသောနတ်ဆိုးသားရဲများက မှောင်မဲနေသော ဦးမှင်တွင် ပေါ်လာ၏။ တစ်ချက်ကြည့်လိုက်ရာ ရှီဖုန်းသည် အကောင်ငါးရာကျော်တာ တွေ့လိုက်ရ၏။ မွန်းစတားများ ကြပ်ပိတ်နေပြီး ရှီဖုန်း၏ လမ်းကြောင်းကို ပိတ်ဆို့ထား၏။
[ဧရာမကျောက်ကြွက်] (နတ်ဆိုးသားရဲ/ လက်ရွေးစင်အဆင့်)
အဆင့် (၆၀)
တုံ့ဆိုင်းမနေဘဲ ရှီဖုန်းက ထိုကြွက်များကိုရှင်းရန် အလွှာသုံးနတ်ဆိုးကို ခိုင်းလိုက်၏။
ဧရာမကြွက်များက အလွှာသုံးနတ်ဆိုးနှစ်ကောင်ကို မြင်သောအခါ နားဆူဖွယ်အော်သံများ ထုတ်လွင့်ပြီးနောက် အလွှာသုံးနတ်ဆိုးဆီ တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်လာကြသည်။ သူတို့က အလွှာသုံးနှစ်ဆိုးနှစ်ကောင်ကို ကြောက်လန့်သည့် အရိပ်အယောင် မပြပေ။
ပုံမှန်ဆို မွန်းစတားများတောင် အစွမ်းထက်သော ရန်သူကို ကြောက်ကြသည်။ ထိုသို့တိုင် ဧရာမကြွက်များက ကြောက်ရွံ့ခြင်း မရှိချေ။
ရှီဖုန်းက အလွှာသုံးနတ်ဆိုးတစ်ကောင်ကို ဧရာမကျောက်ကြွက်များ အာရုံစိုက်မှုကို မြှားခိုင်းထားစဉ် ကျန်သည့် နတ်ဆိုးကိုမူ အလွှာသုံးဂါထာရွတ်ခိုင်းလိုက်၏။
ကျောက်ကြွက်များက တိုက်ခိုက်မှုစွမ်းအား အလွန်မြင့်မားသည်။ အလွှာသုံးနတ်ဆိုးကို ရင်ဆိုင်နေသည့်တိုင် သူတို့၏ ကိုက်ဖျက်မှုက (-၁၀၀၀) ထိခိုက်မှု ဖြစ်စေ၏။ ထိုလက်ရွေးစင်များသာ အလွှာတူ MT ကစားသမားတစ်ဦးကို ရင်ဆိုင်ခဲ့ရလျှင် သူတို့က ကစားသမား၏ HP တစ်ဝက်ခန့်ကို အလွယ်တကူဝါးမျိုနိုင်မှာ ဖြစ်သည်။
ထိုစဉ် ဧရာမကျောက်ကြွက်များက ဆယ့်နှစ်ကောင်တစ်ဖွဲ့ဆီ အုပ်စုဖွဲ့ တိုက်ခိုက်နေကြတာ ဖြစ်၏။ သူတို့သည် အဆင့်တူကစားသမားများကို ချက်ချင်းဝါးမျိုနိုင်လောက်ပေသည်။ HP ကိုးသန်းဖြင့် အလွှာသုံးနတ်ဆိုးသာလျှင် သူတို့၏ တိုက်ခိုက်မှုကို အချိန်အတော်ကြာ တောင့်ခံနိုင်မှာ ဖြစ်သည်။
” ဒါက …ေ
ရှီဖုန်းသည် အလွှာသုံးနတ်ဆိုးက ကြွက်များကြောင့် ကျောက်ရုပ်ဖြစ်တော့မည့် လက္ခဏာပေါ်နေတာကို ရုတ်တရက် သတိပြုမိလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းက မီးခိုးရောင်ပြောင်းနေပြီ ဖြစ်သည်။ေ
အလွှာလေးကစားသမားတွေတောင် ဒီနေရာမှာ ကျရှုံးသွားကြတာ ဒါကြောင့်များလား။ ဧရာမကြွက်များသည် အလွှာလေးကစားသမားကို သူတို့၏ အစွမ်းထက်သော ကိုက်ဖြတ်မှုများဖြင့် အနိုင်ယူနိုင်လိမ့်မည်ဆိုတာ ရှီဖုန်း မယုံပေ။ သို့သော် သူတို့၏ ပစ်မှတ်ကို ကျောက်ရုပ်ဖြစ်သွားစေလျှင် ၎င်းတို့က မတူတော့ချေ။ အလွှာသုံးနတ်ဆိုး၏ ဗျူဟာကိုကြည့်လျှင် ၎င်းက HP တစ်ရာခိုင်နှုန်းတောင် မဆုံးရှံးသော်ငြား ကျောက်ရုပ်ဖြစ်သည့် တန်ဖိုးပါ ပေါ်လာ၏။ လက်ရှိတွင် နတ်ဆိုးက ကျောက်ရုပ်တန်ဖိုး၏ (၀•၈၄) ပြသပြီးဖြစ်ကာ ဧရာမကြွက်များထံမှ ကိုက်ဖဲ့မှုတစ်ခုချင်းဆီက ထိုအနည်းငယ်တိုးစေ၏။
ပြောနေရန်တောင် မလိုချေ။ ဤကျောက်ဖြစ်စေသည့်တန်ဖိုးက (၁၀၀) ရာခိုင်နှုန်းရောက်သွားသည်နှင့် အလွှာသုံးနတ်ဆိုးက ၎င်း၏ HP (၁၀၀) ရာခိုင်နှုန်း ကျန်နေလျှင်တောင် ကျောက်တုံးဖြစ်သွားမှာပင်။
ဒီတော့ သူတို့အလုပ်လုပ်ပုံက ဒီလိုကို။ ရှီဖုန်းက သက်ပြင်းချလိုက်မိ၏။
ကံကောင်းသည်မှာ သူသည် တိုက်ခိုက်ရန်အတွက် နတ်ဆိုးများကို ဆင့်ခေါ်ခဲ့တာ ဖြစ်သည်။ ထိုမွန်းစတားများကို သူကိုယ်တိုင် ရင်ဆိုင်ရလျှင် နောက်ဆက်တွဲက ဆိုးဝါးမှာ ဖြစ်၏။
သူဆင့်ခေါ်ထားသည့် အလွှာသုံးနတ်ဆိုးက ငါးနာရီကြာ တောင့်ခံနိုင်မှာ ဖြစ်သည်။ ကျောက်ရုပ်ဖြစ်စေသည့် တန်ဖိုးတိုးလာသည်နှင့် သူတို့သည် ငါးနာရီအပြည့်အဝ ခံနိုင်ရည်ရှိမှာ မဟုတ်သော်လည်း သုံးနာရီ သို့မဟုတ် လေးနာရီတိုက်ခိုက်လည်း ပြဿနာမရှိလောက်ပေ။ ကံကောင်းသည်မှာ သူသည် သုံးနာရီကြာတိုင်း နတ်ဆိုးသစ်တစ်ကောင်ကို ဆင့်ခေါ်နိုင်၏။ တစ်နည်းဆိုလျှင် သူ့အတွက် တိုက်ခိုက်ရန် သူဆင့်ခေါ်ထားသည့် နတ်ဆိုးများကိုသာ အားကိုးရမှာဖြစ်ပြီး သူကျောက်ရုပ်ဖြစ်မှာ သို့မဟုတ် သူ၏ လုပ်ငန်းစဉ် နှောင့်နှေးမှာကို စိုးရိမ်ပူပန်စရာ မလိုချေ။