ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 716 တော်ဝင်မြို့တော်၏ အပျက်အစီးများ
ရှီဖုန်း၏ ထိန်းချုပ်မှုအောက်တွင် အဆင့် (၅၂) အလွှာသုံးနတ်ဆိုးနှစ်ကောင်က ဧရာမကျောက်ကြွက်များအားလုံးကို ကျောက်ခန်းမထဲမှ လျင်မြန်စွာ ရှင်းထုတ်ပစ်လိုက်သည်။
စနစ် အသိပေးသံ ကြားလိုက်ပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခုက ရှီဖုန်းကို လွှမ်းခြုံသွားသည်။ သူသည် အဆင့် (၃၆) သို့ နောက်ဆုံးတွင် ရရှိသွားပြီ ဖြစ်၏။ ရှီဖုန်းက တုံ့ဆိုင်းမနေဘဲ အခမဲ့အရည်အချင်းမှတ်ကို လျင်မြန်ဖျက်လက်မှုတွင် အသုံးပြုလိုက်၏။ သူက လျင်မြန်ဖျက်လက်မှု ဆုံးရှုံးသည့် နှစ်ဆယ့်ငါးမှတ်ကို ပြန်ဖာထေးလိုက်တာ ဖြစ်သည်။
ဧရာမကျောက်ကြွက်များက အဆင့် (၆၀) လက်ရွေးစဉ်များ ဖြစ်၏။ သူတို့က တန်ဖိုးကြီးပစ္စည်းများ ကျပေသည်။ အချို့သော ကုန်ကြမ်းများအပြင် သူတို့က အဆင့် (၅၀) နှင့် အထက် သာမန်နှင့်း ကြေးနီချပ်ဝတ်တန်ဆာများကျ၏။ အပြင်လောကတွင် ရှီဖုန်းက ထိုမျှများပြားသော အိုင်တမ်များကို ရရန်အတွက် အချိန်ကြာမြင့်စွာ စီးနင်းတိုက်ခိုက်ရမှာ ဖြစ်သည်။
” ဟမ် … အလွှာနှစ်စကေးစာအုပ်ပဲ …”
ရှီဖုန်းသည် အနည်းငယ်အံ့သြသွားကာ စာအုပ်အဖုံးတွင် ငွေရောင်ပိုးသားဖြင့် စီခြယ်ထားသည့် စာအုပ်ကို ကောက်ယူလိုက်၏။
နတ်ဘုရားနယ်မြေထဲတွင် အမျိုးအစားတစ်ခု အခြေခံစကေးအများစုကို MPC နည်းပြများထံမှ သင်ယူနိုင်၏။ အချို့ကမူ တာဝန်များမှ အစွမ်းထက်သောစကေးများကို ရနိုင်ပေ၏။ အလွှာမြင့်စကေးများအတွက်မူ စနစ်က ထောက်ပံ့ပေးသည့် အမွေအနှစ်အမှတ်များဖြင့်သာ လဲလှယ်ခြင်းမှသာ ရရှိတာ ဖြစ်၏။
အလွှာသုညစကေးများကို ကွင်းပြင်များ သို့မဟုတ် မြေအောက်စခန်းများတွင် ရှာတွေ့နိုင်၏။ သို့သော် အလွှာတစ်စကေးများက ကျမလာပေ။ သူတို့ကို ရယူရန်အတွက် ခက်ခဲမှုက မြင့်ပေ၏။ အမှန်တကယ်တွင် မွန်းစတားများမှကျသည့် အလွှာတစ်စကေးအများစုက အမွေအနှစ် စကေးမှတ်များထဲ လဲလှယ်ခြင်းဖြင့် ရလာတာသာ ဖြစ်၏။ မွန်းစတားများထံမှ ထိုကဲ့သို့စကေးကို ရခဲ့လျှင် သူတို့က စကေးကိုဖွင့်ရန်အတွက် အမွေအနှစ်အမှတ်များကို ဖြုန်းတီးရန် မလိုတော့ဘဲ ကျန်သည့်စကေးများသင်ယူရန် အမှတ်များကို အသုံးချနိုင်၏။
သာမန်အလွှာတစ်စကေးများသည် သင်ယူရန်အတွက် အမွေအနှစ်စကေးမှတ် နှစ်မှတ်လိုအပ်သည်။ ကစားသမားများက အဆင့် (၃) ဆင့်အတွက် တစ်မှတ်သာ ရနိုင်တာဖြစ်၏။ ထို့ကြောင့် ကစားသမားတစ်ဦးသည် သာမန်အလွှာတစ်စကေးကို သင်ယူရန်အတွက် ခြောက်ကြိမ်ခန့် အဆင့်တက်ရမှာ ဖြစ်သည်။
အလွှာတစ်စကေးများက အလွန်တန်ဖိုးကြီးနေပြီဖြစ်ရာ အလွှာနှစ်စကေူများဆိုလျှင် ပြောနေရန် မလိုတော့ချေ။ သာမန်အကျဆုံး အလွှာနှစ်စကေးက အမွေအနှစ်အမှတ် လေးမှတ် ကျသင့်ပေသည်။ တစ်ခုသင်ယူရန်အတွက် ဆယ့်နှစ်ကြိမ်ခန့် အဆင့်တက်မှ ရပေမည်။ ထို့ကြောင့် နတ်ဘုရားနယ်မြေထဲတွင် စကေးစာအုပ်များက အလွန်တန်ဖိုးရှိ၏။ လက်ရှိတွင် သာမန်အလွှာတစ် စကေးစာအုပ်အတွက် နှုန်းက အဆင့် (၃၀) ရွှေစင်ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ခုဖြင့်တောင် ယှဉ်နိုင်ပေ၏။ ၎င်းက အသက်ကယ်ခြင်း AOE ထိန်းချုပ်မှု ဖယ်ရှားခြင်း သို့မဟုတ် ဝင်ရောက်တိုက်ခိုက်ခြင်းစကေးကဲ့သို့ အစွမ်းထက်သော စကေးမျိုးဖြစ်နေခဲ့လျှင် အဆင့် (၃၀) မဟူရာရွှေ၏ တန်ကြေးပေးလျှင်တောင် မည်သူမှ ရောင်းမှာ မဟုတ်ပေ။
လက်နက်နဲ့ ချပ်ဝတ်တန်ဆာများသည့် ကစားသမားများ အဆင့်တိုးသွားလျှင် ဖယ်ရှားနိုင်၏။ သို့သော် စကေးများကမူ မဟုတ်ပေ။ များပြားသည့်စကေးများအကြောင်း မည်သူကမှ စောတကတက်ကြမှာ မဟုတ်ပေ။
ဧရိယာကြီးမားသည့် ငရဲအဆင့် အဖွဲ့လိုက်မြေအောက်စခန်းများတွင် အလွှာတစ်စကေးစာအုပ်များ ကျသည့်နှုန်းက အကြမ်းမျဉ်း (၂) ရာခိုင်နှုန်း ရှိပေသည်။ သို့သော် ဧရိယာကြီးမားသည့် ငရဲအဆင့် အဖွဲ့လိုက်မြေအောက်စခန်းများတွင် အဆင့် (၅၀) နှင့် အထက် ဖြစ်ကြပြီး အလွှာနှစ်စကေးစာအုပ်များ ကျသည့်နှုန်းက (၀•၃) အောက် လျော့ပေ၏။ တစ်ခု ရယူနိုင်ခြင်းက ကံကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် သူသည် ဧရာမကျောက်ကြွက်များက အလွှာနှစ်စကေးစာအုပ်တစ်အုပ် ကျလာကြောင်း သဘောပေါက်သွားသောအခါ ရှီဖုန်း အံ့သြသွားတာ ဖြစ်သည်။ ရှီဖုန်းက စကေးစာအုပ်ကို စစ်ဆေးကြည့်လိုက်သည့်အချိန် ၎င်းက အလွှာနှစ် အနီးကပ်စကေး အမှောင်သရဲ ဖြစ်နေတာ တွေ့လိုက်ရ၏။
အမှောင်သရဲ အလွှာနှစ်စကေး
သင့်ကိုယ်သင် လေးကိုယ် ခွဲပြီးနောက် ဆက်တိုက် တိုက်ခိုက်နိုင်၏။ ကိုယ်ခွဲများသည် ပင်မခန္ဓာကိုယ်၏ (၁၀၀) ရာခိုင်နှုန်း ထိခိုက်မှုကို ထုတ်ပေးနိုင်သည်။ အသုံးပြုနိုင်သည့်ကြာချိန် လေးစက္ကန့် ဖြစ်၏။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန်= နှစ်မိနစ်
အလွှာလိုအပ်ချက် = အလွှာနှစ်အမျိုးအစား သို့မဟုတ် အထက်
တစ်ယောက်ယောက်က အံ့ဖွယ်အိုင်တမ်အတွက် ဒီအမှောင်သရဲစကေးကို လဲလှယ်ခဲ့တာ ငါမှတ်မိတယ်။ ဒီနေရာမှာ ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး။
ရှီဖုန်းက ဆွံ့အနေ၏။
အထွေထွေစကေးစာအုပ်များက အမျိုးအစားစကေးစာအုပ်များထက် ပိုတန်ဖိုးရှိပေ၏။ သူတို့က အမျိုးမျိုးသော တိုက်ပွဲထဲတွင် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ ၎င်းက အထူးသဖြင့် ဤအမှောင်သရဲစကေးအတွက် မှန်ကန်ပေသည်။ သူသာ လေးကိုယ် ရုတ်တရက်ခွဲခဲ့လျှင် သူ့နား မည်သူက သတိလက်လွတ် ကပ်ရဲမည်နည်း။
ထို့ကြောင့် အလွှာနှစ်အထွေထွေစကေးများ ကြားထဲတွင် အမှောင်သရဲက ထိပ်နားရောက်ပေ၏။ ထိုစကေးကို သင်ယူဖူးကြသည့် အနီးကပ်ကစားသမားများလည်း ရှိပေသည်။ သေရေးရှင်ရေး အခိုက်အတန့်တွင် အသုံးပြုခဲ့ပါက စကေးက တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲပစ်နိုင်မှာ ဖြစ်သည်။
အခုမသင်နိုင်သေးတာ နစ်မျောစရာ ကောင်းလိုက်တာ။ ငါအလွှာနှစ် ရောက်တဲ့အထိ စောင့်ရမယ်။ ရှီဖုန်းက အမှောင်သရဲစကေးစာအုပ်ကို စိတ်ကျေနပ်စွာ သိမ်းလိုက်၏။ ပြီးနောက် သူသည် အလွှာသုံးနတ်ဆိုးကို လမ်းဆက်ညွှန်လိုက်သည်။
မြေအောက်စခန်း ဒုတိယအလွှာက ဝင်္ကပါကဲ့သို့ ဖြစ်နေသည်။ အထဲရှိမြေပုံဖြင့်တောင် ရှီဖုန်းက ၎င်းကို ရှေ့ဆက်သွားရန်အလွန်ခက်ခဲနေပေသည်။ ခရီးစဉ်တစ်လျှောက်တွင် သူက ဧရာမကျောက်ကြွက်များ၏ အသိုက်နှင့် ရံဖန်ရံခါ တွေ့မိခဲ့သည်။
သူ ထိုသို့တွေ့ရသည့် အချိန်တွင် ရွေးချယ်ရာ မရှိတော့ဘဲ ရပ်တန့်ကာ အသိုက်ကို ရှင်းရ၏။ မဟုတ်လျှင် သူက ခရီးမဆက်နိုင်ပေ။ ထို့အပြင် ဤနေရာတွင် ကျောက်ဖြစ်သည့် ပြဿနာကြောင့် ဧရာမကြွက်များကို ဖြေရှင်းရန်အတွက် အလွှာသုံးနတ်ဆိုးကို ထိန်းချုပ်ရတာ ပိုတောင်ခက်ခဲသည်။ အဆုံးတွင် သူက အလွှာသုံးနတ်ဆိုးနှစ်ကောင်ကို လုံးလုံးလျားလျားထိန်းချုပ်တာ လက်လျော့လိုက်ပြီး သူတို့ဘာသာ ဧရာမကြွက်များကို တိုက်ခိုက်စေ၏။ အလွှာသုံးနတ်ဆိုး၏ HP နှင့် ရှီဖုန်း၏ အသက်ဖူးပွင့်ခြင်းတို့ဖြင့် ထိုဧရာမကျောက်ကြွက်များသည် သူတို့ကို သတ်နိုင်မှာ မဟုတ်ချေ။
ကြွက်များကို သတ်ဖြတ်ရခြင်းက အချိန်ကုန်သော်ငြား ထိုလက်ရွေးစဉ်များသည် အလွှာနှစ်စကေးစာအုပ်များ ကျနိုင်ချေက ရှီဖုန်းကို စိတ်အားတက်စေ၏။ ထို့အပြင် သူက များပြားသည့် EXP ပမာဏလည်း ရနိုင်ပေသည်။
ရှီဖုန်းသည် နဂါးမေးရိုး၏ မြေအောက်ဒုတိယလွှာကို စူးစမ်းနေစဉ် သူက အမှောင်နတ်ဘုရားတပ်မဟာကို လမ်းညွှန်ပေးနေ၏။ သူတို့က ကျောက်လက်သည်းတောင်တန်းထဲသို့ ခပ်နက်နက် ဝင်သွားတာ ဖြစ်သည်။
အသူရာအဆင့် ဒေသအတွင်း မြေအောက်စခန်း တစ်ခုအနေဖြင့် ကျောက်လက်သည်းတောက်တန်းက အတော်လေးထူးခြားပေသည်။ မြေအောက်ထဲရှိ မွန်စတားများက ပိုအစွမ်းထက်ရုံသာမက ကျသည့်ပစ္စည်းများကလည်း အခြားနေရာထက် ပိုကောင်းပေသည်။ မွန်းစတားများက မှော်သလင်းများလည်း ကျ၏။ ပိုအရေးကြီးသည်က မွန်းစတားများသည် အရံအတား သလင်းလုံးများကျတာ ဖြစ်၏။
လုံလောက်သည့် အရံအတားသလင်းလုံးများ စုဆောင်းခဲ့လျှင် သူတို့က အရံအတားတစ်ခု ဖွဲ့တည်နိုင်မှာ ဖြစ်သည်။ အရံအတားများသည် ရန်သူများ၏ ခွန်အားကို ဖိနှိပ်နိုင်၏။ ၎င်းက ရေခဲပြာမှုန်တို့အဖွဲ့သည် အဆင့် (၄၀) မဟာအရှင်နိုရာကို ရင်ဆိုင်သည့်အချိန်တွင် အသုံးပြုခဲ့သည့် နတ်ဆိုးဖိနှိပ်ခြင်း အရံအတားနှင့် တူသည်။ အရံအတားက နိုရာ၏ တိုက်ပွဲဝင်စွမ်းအားကို လျော့ချပေးပြီး မဟာအရှင်ကို စီးနင်းတိုက်ခိုက်ရာတွင် ပိုလွယ်စေ၏။ အရံအတားသလင်းလုံးများက ဤကဏ္ဍတွင်လည်း တူညီပေ၏။ အရံအတားသလင်းလုံးများသည် မှောစာလိပ်များနှင့် အတော်လေးကွဲပြားရုံသာ ရှိ၏။ ယေဘူယျအားဖြင့် မှော်စာလိပ်များသည် တစ်ခါသုံးများသာ ဖြစ်၏။ အရံအတားသလင်းလုံးကမူ ကြိမ်ဖန်များစွာ အသုံးပြုနိုင်၏။ အသုံပြုချိန်တိုင်း မှော်သလင်းများစွာကို သုံးစွဲရပေမည်။
နတ်ဘုရားနယ်မြေ၏ အစောပိုင်းအဆင့်တွင် အဆင့်နိမ့်ကစားသမားများသည် အဆင့်လည်းနိမ့် အလွှာလည်းနိမ့်ကျသည်။ ထို့ကြောင့် အများစုသည် အဆင့်မြင့်မဟာအရှင်အဆင့် မွန်းစတားများကို ဆန့်ကျင်ရာတွင် ကူကယ်ရာမဲ့နေတာ ဖြစ်၏။ မဟာအရှင်ကိုဆိုလျှင် ပြောနေရန် မလိုတော့ချေ။ ထိုမွန်းစတားများကို စီးနင်းတိုက်ခိုက်ရန်အတွက် ဤအဆင့်ရှိ ကစားသမားများကို အချိန်ပိုကုန်စေ၏။ ပင်မနတ်ဘုရားစနစ်က ထိုအချက်အလက်ကို တွေးထားပုံရသည်။ ကစားသမားတစ်ဦး၏ ခွန်အားကို ကန့်သတ်ထားသောကြောင့် ခမ်းနားသောအရှင်အဆင့် ဘော့စ်များကို အနိုင်ယူရန် အခြားနည်းက သူတို့၏ ခွန်အားကို ဖိနှိပ်ရန် ဖြစ်သည်။
သို့သော် တာဝန်များအပြင် ဘော့စ်အဆင့် မွန်းစတားများကို ဖိနှိပ်နိုင်သည့် နည်းလမ်း၊ ကိရိယာများ မရှိကြပေ။
ဧရိယာကြီးမားသည့် အဖွဲ့လိုက် မြေအောက်စခန်း ဘော့စ်များက အတားအစီးတစ်ခု ဖြစ်ပေသည်။ သို့သော် ကျောက်လက်သည်းတောင်တန်း ပေါ်လာပြီးနောက် အမျိုးမျိုးသော အစည်းအရုံးများက မြေအောက်စခန်း၏ အတွင်းပိုင်းဒေသတွင် အရံအတားသလင်းလုံးများ ကျတာကို ရှာတွေ့ခဲ့၏။ ထို့ကြောင့် ထိုအရာသည် ဧရိယာကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းများ၏ ခက်ခဲမှုကို လျှော့ချပေးနိုင်ကာ အစည်းအရုံးများ စီးနင်းတိုက်ခိုက်သည့်အရှိန်ကို တိုးစေ၏။
အစည်းအရုံးတစ်ခုသည် ကျွမ်းကျင်သူ အရေအတွက် ကန့်သတ်ရန်သာ လိုအပ်သည်။ ပုံမှန်ဆို ထိုကျွမ်းကျင်သူများက ဧရိယာကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းများကို ရှင်းလင်းနိုင်ရုံမျှသာ ရှိ၏။ ဧရိယာကြီးမားသည့် အဖွဲ့လိုက် မြေအောက်စခန်းများကလည်း ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန်ရှိပေသည်။ ထို့ကြောင့် ၎င်းက ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာများထဲတွင် ရှားပါးနေတာ ဖြစ်သည်။
သို့သော် အစည်းအရုံးတစ်ခုက ဧရိယာကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်း၏ ခက်ခဲမှုကို လျော့ချပြီး ၎င်းတို့ကို ရှင်းလင်းရန် ကျွမ်းကျင်သူ မဟုတ်သည့် ကစားသမားများကို လွှတ်လိုက်ပါက ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာများ၏ လိုအပ်ချက်က ထိုးတက်သွားမှာ ဖြစ်သည်။
ရှီဖုန်းက အပြစ်ခုနှစ်ပါးပန်းပွင့်ကို ရင်ဆိုင်ရန် ယုံကြည်ချက်မရှိပေ။ ကြယ်တာရာမဟာမိတ်ကို ဆန့်ကျင်ရာတွင် သူက ယုံကြည်ချက်များစွာ ရှိ၏။ ကြယ်တာရာမဟာမိတ်ကို ဖိချေရန် အကောင်းဆုံးနည်းလမ်းက ဇီးရိုးဝင်း၏ အလုံးစုံခွန်အားကို တိုးမြင့်ရန် ဖြစ်သည်။ ဆိုရလျှင် အစည်းအရုံးများကြားရှိ တိုက်ပွဲကို တစ်ယောက်ချင်း၏ စွမ်းအားဖြင့် ဆုံးဖြတ်တာမဟုတ်ပေ။
လက်ရှိတွင် အမျိုးမျိုးသော အစည်းအရုံးကြီးများက ကျောက်လက်သည်းတောင်တန်း အပြင်ပိုင်းဒေသတွင် စီးနင်းတိုက်ခိုက်နေ၏။ သူတို့က အတွင်းပိုင်းဒေသကို ရှောင်ကြဉ်ကြသည်။ အတွင်းပိုင်းဒေသက အန္တရာယ်ပိုမြင့်ပြီး ဆုပိုများသည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
အပြစ်ခုနစ်ပါးပန်းပွင့် ဇီးရိုးဝင်းကို ဖြေရှင်းရန် ပြင်ဆင်ပြီ ဖြစ်သည်။ သို့သော် ရှီဖုန်းအဖို့ ကျောက်လက်သည်းတောင်တန်းထဲသို့ ပင်မတပ်ဖွဲ့ကို ပို့ခြင်းက ဉာဏ်ရှိသည့်အရာ မဟုတ်ပေ။ သို့သော် မဟူရာနတ်ဘုရားတပ်မဟာအတွက်မူ မတူညီတော့ပေ။
မူလက မဟူရာနတ်ဘုရားတပ်မဟာ၏ အဖွဲ့များက တစ်ယောက်ချင်းဆီ အစွမ်းထက်ပြီးသား ဖြစ်၏။ အမှောင်ထုစွမ်းအားပါ ထပ်ပေါင်းလိုက်ပြီးနောက် သူတို့သည် အရံအတားသလင်းလုံးများကို ရယူရန်အတွက် ကျောက်လက်သည်းတောင်တန်း၏ အတွင်းပိုင်းဒေသများကို အလွယ်တကူ စီးနင်းတိုက်ခိုက်နိုင်မှာဖြစ်၏။
ရှီဖုန်း၏ အမိန့်အောက်တွင် မဟူရာနတ်ဘုရားတပ်မဟာက အရံအတားသလင်းလုံးများကို ရယူရန် ပြဿနာမရှိတော့ပေ။ ခက်ခဲသည့်အဆင့် ငရဲအကျဉ်းထောင်ကို စီးနင်းတိုက်ခိုက်ရန် အယောက်တစ်ရာအဖွဲ့ကို လွတ်တာက လုံလောက်ပေ၏။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဒုတိယအလွှာသို့ တစ်ရက်ခန့်သွားပြီးနောက် ရှီဖုန်းသည် အောက်ရှိအလွှာကို ဦးတည်သွားသည့် လှေကားဆီသို့ ရောက်သွား၏။ ယခုအချိန်တွင် ရှီဖုန်းက အဆင့် (၃၇) သို့ ရောက်ပြီဖြစ်ကာ ဆုံးရှုံးသွားခဲ့သည့် လျင်မြန်ဖျတ်လတ်မှု နှစ်ဆယ့်ငါးမှတ် ရပြီဖြစ်သည်။
ရှီဖုန်း၏ ခြေထောက်က လှေကားကို ခြေချလိုက်ချိန်တွင် မြင်ကွင်းက ပြောင်းလဲသွားတော့သည်။ သူသည် မြူများလွှမ်းနေသည့် မြို့တစ်မြို့ကို ပို့ဆောင်ခံလိုက်ရ၏။ စနစ်အသိပေးသံတစ်သံက သူ့နားထဲ ရုတ်တရက် ရောက်လာတော့သည်။
စနစ် : သင်သည် တော်ဝင်မြို့တော်၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိသွားပါပြီ။
စီးနင်းတိုက်ခိုက်ခြင်း ကျွမ်းကျင်အမှတ်