ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 718 ကျွမ်းကျင်မှတ်များ ရယူခြင်း
နာနာဘာဝဆီမှ ကျသည့်ပစ္စည်းများကြားထဲတွင် ရှီဖုန်းက အတော်လေး ရင်းနှီးနေသည့် အိုင်တမ်တစ်ခုကို ရှာတွေ့သွား၏။
ကျွမ်းကျင်ခြင်းစာအုပ်
ထိုအိုင်တမ်များက အလွန်ရှားပါးပြီး ကစားသမားများကို ကျွမ်းကျင်အမှတ်များ အခမဲ့ ထောက်ပံ့ပေးနိုင်တာဖြစ်သည်။ ပုံမှန်ဆို ၎င်းသည် အခြေခံရတနာသေတ္တာများ သို့မဟုတ် တာဝန်များမှသာ ရနိုင်ပေ၏။ အထူးလက်ရွေးစင်ထံမှ အိုင်တမ်ကျတာကို ရှီဖုန်းပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။
ရှီဖုန်း၏ တစ်လက်ကိုင် ဓားကျွမ်းကျင်မှုက အခြေခံဓားပညာရှင်အဆင့်သို့ ရောက်ပြီဖြစ်သည်။ ဓားကျွမ်းကျင်မှုက ၃၀ ရာခိုင်နှုန်း ထိခိုက်မှုဖြစ်စေ၏။ ဂိမ်း၏ ဤအဆင့်တွင် အစွမ်းထက်သော ကျွမ်းကျင်သူများတောင် အဆင့်မြင့်ဓားသမားတစ်ဦးဖြစ်လျှင် အထင်ကြီးဖွယ် ကောင်းနေပြီ ဖြစ်သည်။ သူတို့က နှစ်ဆယ်ရာခိုင်နှုန်း ထိခိုက်မှု တိုးစေနိုင်သည်။ နတ်ဘုရားနယ်မြေထဲရှိ ကျွမ်းကျင်သူအများစုက လက်ရှိတွင် အလယ်အဆင့် ဓားသမားအဆင့် ဓားသမားအနေဖြင့် ပိတ်မိနေကြတာဖြစ်သည်။
“ကြေးနီအဆင့် ကျွမ်းကျင်ခြင်းစာအုပ်…ဟမ် ” ရှီဖုန်းက ကျွမ်းကျင်ခြင်းစာအုပ်ရဲ့ အချက်အလက်များကို စစ်ဆေးပြီးနောက် အတော်လေးစိတ်ပျက်သွားသည်။
၎င်းက ဆန်းကြယ်သံမဏိ ကျွမ်းကျင်စာအုပ်ဖြစ်ခဲ့လျှင် သူသည် ယခုချက်ချင်းအလယ်အဆင့် ဓားပညာရှင်တစ်ဦးဖြစ်နိုင်ပေ၏။
၎င်းတို့အသုံးပြုသည့်အချိန်တွင် ကြေးနီဆန်းကြယ်စာအုပ်က ကစားသမားများကို အခမဲ့ကျွမ်းကျင်မှတ်ငါးမှတ်ကနေ နှစ်ဆယ့်ငါးမှတ်အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်သည်။ ဆန်းကြယ်သံမဏိ ကျွမ်းကျင်စာအုပ်၏ ဆယ်မှတ်မှ အမှတ်ငါးဆယ်အထိ ထောက်ပံ့ပေးနိုင်တာ သိသိသာသာ နည်းပေသည်။
အခြေခံဓားပညာရှင်က ကျွမ်းကျင်အမှတ် တစ်ရာ့ငါးဆယ်လိုအပ်၏။
အလယ်အဆင့်ဓားပညာရှင်က ကျွမ်းကျင်အမှတ် အမှတ် ၂၀၀ လိုအပ်ပေသည်။
သူကကံကောင်းပြီး ဆန်းကြယ်သံမဏိ ကျွမ်းကျင်စာအုပ်ကို ရခဲ့လျှင် သူ၏ ယခင်အခမဲ့ ကျွမ်းကျင်အမှတ်များ စုဆောင်းမှုအပါ သူသည် အလယ်အဆင့် ဓားပညာရှင်အဖြင့်သို့ ချက်ချင်းမြှင့်တင်နိုင်ကောင်း မြှင့်တင်နိုင်ပေသည်။
အလယ်အဆင့်ဓားပညာရှင်တွင် ကျွမ်းကျင်မှုက ရှီဖုန်း၏ ထိခိုက်မှုကို လေးဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေ၏။ ၎င်းက မည်သည့်စားသမားများအတွက်ဆို သိသိသာသာ တိုးတက်မှုရှိသည်။ ရှိဖုန်းအတွက်ဆို ပြောနေရန်မလိုတော့ချေ။
ရှီဖုန်းက ကြေးနီကျွမ်းကျင်စာအုပ်ကို အသုံးပြုပြီးအခမဲ့ ကျွမ်းကျင်အမှတ်ကို ရယူလိုက်သည်။ သူစုဆောင်းမိသည့်အရာနှင့် ထပ်ပေါင်းလိုက်သောအခါ သူတွင်ကျွမ်းကျင်အမှတ် ၁၇၇မှတ် ရှိနေပြီဖြစ်သည်။ အမှတ် ၂၀၀ ပြည့်ရန်အတွက် ၂၃ မှတ်သာလိုတော့၏။
အလယ်အဆင့် ဓားပညာရှင်အနေဖြင့် ကျွမ်းကျင်မှုက ရှီဖုန်း၏ ထိခိုက်မှုကို ဓားသိုင်ကျွမ်းကျင်မှုကို ၄၀ ရာခိုင်နှုန်းတို့းမြှင့်စေမှာဖြစ်၏။ ၎င်းက
ကျန်တဲ့ နာနာဘာ၀တွေကရော ကျွမ်းကျင်ခြင်းစာအုပ်တွေ ကျမလားသိချင်မိတယ်”
ရှီဖုန်းက မမျှော်လင့်ဘဲ မနေနိုင်တော့ပေ။ သူကအလွှာသုံးနတ်ဆိုးကို တားမြစ်ဧရိယာအပြင်ဘက်၌ စောင့်ခိုင်းထားပြီး အလွှာသုံးနတ်ဆိုးကို တားမြစ်ဧရိယာအပြင်ဘက်၌ စောင့်ခိုင်းထားပြီး ကျန်သည့် အလွှာသုံးနတ်ဆိုးကို အနားရှိ နာနာဘာ၀များကိုသတ်ရန်အတွက် ထိန်းချုပ်ထားလိုက်၏။
နန်းတော်၏ ကိုက် ၂၀၀ အတွင်းတွင် နာနာဘာ၀သုံးကောင်ထက်ပိုရှိပေ၏။ သို့သော် ရှီဖုန်းက သူတို့ကို သမန်ကာလျှံကာ မခေါ်ရဲပေ။ သူကအဆင့်နိမ့်လွန်းနေ၏။ အမှားလေးတစ်ချက်ကတောင် မိုးကြိုးသားရဲ အစောင့်များ၏ သတိပြုမှုကို ရသါာါးနိုင်သည်။ ထိုအချိန်ကျလျှင် သေမှာသေချာ၏။ ထို့ကြောင့်သူထိုကဲ့သို မစွန့်စားနိုင်ပေ။
ရှီဖုန်းက တိတ်တဆိတ်စောင့်ဆိုင်းနေပြီးနောက် နာနာဘာ၀များ၏ အရေအတွက်ကို ဖြည်းဖြည်းချင်း လျော့ချနေသည်။
သူသည် နာနာဘာ၀အကောင်ငါးဆယ်ကို အကြမ်းဖျင်း သတ်ဖြတ်ခဲ့ပြီး ကြေးနီကျွမ်းကျင်ခြင်း စာအုပ်တစ်အုပ် ရခဲ့၏။ ရှီဖုန်းကို သူကိုယ်တိုင်နှင့် သူ့အစည်းအရုံးကို ခွန်အားမြှင့်တင်စေရန် အကြံကောင်းတစ်ခုပေးလိုက်တာပဲဖြစ်သည်။
ယခုအချိန်တွင် နတ်ဘုရားနယ်မြေ၏ ကစားသမားက သူတို့၏ လက်နက်ကျွမ်းကျင်မှုကို တို့းမြှင့်ရန် အာရုံသိပ်မစိုက်ကြပေ။ သို့သော် ကစားသမားတစ်ဦးက မြင့်မားသည့်အဆင့်သို့ ရောက်သွားသည်နှင့် သူတို့သည် ကျွမ်းကျင်မှုများက မြှင့်တင်ပေးသည့် ခွန်အားများကို ရှာတွေ့သွားကြမှာဖြစ်၏။
အလည်အဆင့် ဓားပညာရှင်တစ်ဦးအနေဖြင့် ရှီဖုန်း၏ တစ်ဖက်ကိုင်ဓား၏ ထိခိုက်မှုက ၄၀ ရာခိုင်နှုန်းတို့းမြှင့်သွားမှာဖြစ်၏။ အဆင့်မြင့်ဓားပညာရှင်တစ်ဦးအနေဖြင့် ထိုထိခိုက်မှုက ၅၀ ရာခိုင်နှုန်းတိုးမြှင့်သွားစေမှာဖြစ်သည်။
ရှီဖုန်းက ရှေ့သို့တစ်လှမ်းတက်ပြီး အခြေခံထားပြီး ထိခိုက်မှုကို မြှင့်တင်နိုင်ခဲ့လျှင် အပိုဆောင်းထိခိုက်မှုက ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်သည်။ ချပ်ဝတ်တန်ဆာ အပိုင်းအစ နှစ်ခုသုံးခုကက ၃၀ ရာခိုင်နှုန်း ထိခိုက်မှုကွာဟချက်ကို မဖာထေးပေးနိုင်ပေ။
ထို့ကြောင့် နတ်ဘုရားနယ်မြေထဲရှိ ကစားသမားချင်းတိုက်ခိုက်သည့် ပွဲများကြားထဲတွင် နှစ်ဖက်လုံးက နည်းစနစ် တူညီနေသော်ငြား ပင်ကိုအရည်အချင်းသာလွန်သည့် ကစားသမားက အောင်မြင်ခြင်း အရသာကိုသာ ခံစားရတာဖြစ်သည်။ ၎င်းကကျွမ်းကျင်ခြင်းအဆင့်ရှိ ကွာဟချက် ရလဒ်ကြောင့် ဖြစ်ပေသည်။
သူသည် နတ်ဘုရားနယ်မြေထဲရှိအထက်အရာရှိများ၏ ကျွမ်းကျင်ခြင်းအဆင့်များကို တိုးမြှင့်ပေးနိုင်ခဲ့လျှင် သူတို့သည်အပြစ်ခုနှစ်ပါးပန်းပွင့်၏ လုပ်ကြံသတ်ဖြတ်သူကို ဖြေရှင်းရာတွင် ပိုလွယ်ကူသွားမှာဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်၏ ကျွမ်းကျင်မှုကို ဓားဘုရင်အဆင့်သတ်မှတ်ချက်အထိ တိုးမြှင့်ရန်က အလွန်ခက်ခဲမှာဖြစ်သည်။
အဆင့်မြှင့်ဓားပညာရှင် စံသတ်မှတ်ချက်သို့ ရောက်ရန်အတွက် ကျွမ်းကျင်အမှတ် စုစုပေါင်း ၃၀၀ လိုအပ်ပေသည်။ အခြေခံဓားစဉ်အမှတ်က စုစုပေါင်းကျွမ်းကျင်အမှတ် ၄၅၀ မှတ်လိုအပ်ကာ အခြေခံဓားပညာရှင်တစ်ဦး၏ သုံးဆဖြစ်ပေသည်။
ရှီဖုန်းက နာနာဘာ၀များကို စီးနှင်းတိုက်ခိုက်ပြီး သတ်ဖြတ်ပြီးနောက် တားမြစ်ဒေသအတွင်းရှိ နာနာဘာ၀များကို ထွက်လာမှာကို စောင့်နေစဉ်မြို့အတွင်း၌ အဖြစ်အပျက်ကြီးတစ်ခုဖြစ်သွားခဲ့၏။
လျှို့ဝှက်မျှော်စင်၏ အစည်းအရုံးဂေဟာက ကျောက်တောအုပ်မြို့တွင် ပေါ်ပေါက်လာခဲ့သည်။ ၎င်းက အုရိုဘိုရိုပြီးနောက် မြို့ထဲတွင် တခြားအစည်းအရုံးကို အစည်းအရုံးဂေဟာတည်ဆောက်ခွင့်ပြုတာ ဒုတိယအကြိမ် ဖြစ်သည်။
အုရိုဘိုရိုက ဇီးရိုးဝင်းနှင့် မဟာမိတ်ဖွဲ့ထားကြောင်း သိထားသင့်ပေသည်။ ထိုသို့ဆိုလျှင် လျှို့ဝှက်မျှော်စင်က မည်သို့သော်အကြောင်းကြောင့် သူတို့သည်လည်း မဟာဖြစ်သည်လော။
ဇီးရိုးဝင်းနှင့် လျှို့ဝှက်မျှော်စင်ကြားရှိ မဟာမိတ်ဖွဲ့ထားနိုင်ခြေကို အစည်းအရုံးကြီးများစွာက တွေးမိသောအခါ သူတို့သည် ဇီးရိုးဝင်းကို မည်သို့ဆက်ဆံသင့်ကြောင်း စတင်ပြန်တွေးတောလာကြသည်။
လျှို့ဝှက်မျှော်စင်က ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် ထုထည်ကြီးမားသည့် တည်ရှိမှုတစ်ခုဖြစ်သည်။ ၎င်းက အစည်းအရုံးများကြားရှိ တိုက်ပွဲများတွင် ဝင်ပါလေ့မရှိသော်လည်း မျှော်စင်ကို မည်သူကမျှ လျော့မတွက်ရဲချေ။ မျှော်စင်နားရှိ စူပါအစည်းအရုံးများတောင် ဂရုစိုက်နေရသည်။ ယခုလျှို့ဝှက်မျှော်စင်က ဝင်ရောက်ခဲ့ပြီဖြစ်ရာ မူလက မြို့ကိုလိုချင်နေကြသည့် သူများက သူတို့၏ အမြင်ကို ပြန်စဉ်းစားရတော့မှာ ဖြစ်သည်။
ယခင်က ကြယ်တာရာမဟာမိတ်ကဲ့သို့ ပထမနှုန်း အစည်းအရုံးက ဦးဆောင်ချိန်မှစပြီး ကြယ်လတိုင်းပြည်ထဲရှိ အမျိုးမျိုးသော အစည်းအရုံးကြီးများကလည်း ဇီးရိုးဝင်းနှင့် ရင်ဆိုင်ရန် ယုံကြည်ချက်အချို့ရှိခဲ့၏။
သို့သော် ကြယ်တာရာမဟာမိတ်နှင့် လျှို့ဝှက်မျှော်စင်ကြား ကွဲပြားခြားနားချက်ကြီး ရှိပေသည်။ လျှို့ဝှက်မျှော်စင်နှင့် ကျောက်တောအုပ်မြို့ကို လုယူရန်ကြိုးစားခြင်းက ကိုယ့်ကိုကိုယ် သတ်သေသည့် အပြုအမူသာဖြစ်၏။
ကြယ်တာရာမဟာမိတ်၏ အစည်းအရုံးဂေဟာထဲတွင်
” ခရမ်း လျှို့ဝှက်မျှော်စင်နဲ့ ပတ်သက်တဲ့ အရေးကိစ္စကို စစ်ဆေးပြီးပြီလား။ ဇီးရိုးဝင်းနဲ့ မျှော်စင်က ဘယ်လိုဆက်ရှိနေတာလဲ ” အစည်းအရုံးခေါင်းဆောင် ပလ္လင်တွင်ထိုင်နေသည့် ဂလက်ဆီပါ့စ်က ခရမ်းညို့ရောင်မျက်ဝန်းကိုမေးလိုက်၏။
မူလက ဂလက်စီပါစ်သည် လတ်တလောတွင် အဆင့်မြင့် ရှားပါးသောတာဝန်တစ်ခုကိုရခဲ့သောကြောင့် စိတ်ထဲပျော်ရွှင်နေတာဖြစ်သည်။
သူက ၎င်းကို ပြီးမြောက်အောင်ပြင်ဆင်နေသည့် အချိန်တွင် စိတ်ဓာတ်ကျဖွယ် သတင်းကို ရလိုက်ပြန်၏။ ထို့ကြောင့် ထိုအခြေအနေကို သေချာသိရန်အတွက် အရေးပေါ် အစည်းအရုံးအစည်းအဝေးကို ခေါ်လိုက်၏။
ကြယ်တာရာမဟာမိတ်၏ ထိပ်တန်းတိုက်ခိုက်ရေးသမားထဲမှ တစ်ဦးဖြစ်ပြီး အစည်းအရုံး၏ အချက်အလက် မန်နေဂျာထဲမှတစ်ဦးဖြစ်သည့် ခရမ်းရောင်မျက်လုံးဝန်းကလည်း သူမကိုယ်ပိုင် အထူးပိုက်ဆိုင်ထားပြီး ကြယ်တာရာမဟာမိတ်တောင် မရနိုင်သည့် အချက်အလက်များကို ရနိုင်၏။
ထို့ကြောင့် ဂရက်စီပါ့စ်က ခရမ်းရောင်မျက်ဝန်းကို တန်းမေးလိုက်တာဖြစ်သည်။
“စစ်ဆေးချက်အရ လျှို့ဝှက်မျှော်စင်က ဇီးရိုးဝင်းနဲ့ မဟာမိတ်ဖွဲ့ထားတာမဟုတ်ဘူး”
ခရမ်းရောင်မျက်ဝန်းက ညင်သာစွာ ပြောလိုက်၏။
“ဒါပေမဲ့ မျှော်စင်က ဇီးရိုးဝင်းနဲ့ အရောင်းအဝယ်တစ်ခု လုပ်ထားတယ်နဲ့ တူပါရဲ့။ အစည်းမရုံးနှစ်ခု ဘာကို အရောင်းအဝယ် လုပ်ခဲ့လဲဆိုတာကိုတော့ ကျွန်မရဲ့ အရင်းအမြစ်တွေတောင် မသိနိုင်ဘူး ”
” အရောင်းအဝယ်လား “ဂလက်ဆီပါ့စ်က မျက်မှောက်ကြုပ်လိုက်၏။ ” ဘလက်ဖလိမ်းက လူတွေကို ဘယ်လိုအံ့သြအောင် လုပ်ရမလဲဆိုတာ တကယ်သိတာပဲ။ လျှို့ဝှက်မျှော်စင်က ကျန်တဲ့သူတွေနဲ့ အလွယ်တကူ အပေးအယူမလုပ်ဘူး။ လိုလိုမယ်မယ် ငါတို့ဇီးရိုးဝင်းကို ဆန့်ကျင်တာကို နည်းနည်းလက်လျော့ထားလိုက် အခုကစပြီး ဇီးရိုးဝင်းကို ဖြေရှင်းတဲ့အခါ ပိုဂရုစိုက်ရမယ်။ ဖွင့်လှစ်ခြင်း ရင်းမြစ်ကို သူတို့ဖြေရှင်းခိုင်းလိုက်ပါစေ။ ”
ကြယ်တာရာမဟာမိတ်က OSC ၏ ရင်းနှီးမြုပ်နှံမှု လုပ်ထားသော်လည်း အစည်းအရုံးက ထိုလုပ်ငန်းစုအတွက် သူတို့ကိုသူတို့ စတေးမည်ဟု ဆိုလိုတာမဟုတ်ပေ။
အခုကျောက်လက်တက်တောင်တန်း၏ အပြင်ပိုင်းဒေသတွင်
” အခုကျောက်တောအုပ်မြို့ထဲမှာ လျှို့ဝှက်မျှော်စင်က အစည်းအရုံးဂေဟာတစ်ခု တည်ဆောက်ခဲ့ပြီးပြီ။ ဂလက်စီပါ့စ်က စိတ်ပျက်နေမှာသေချာတယ်”
ကျောက်ယွဲ့ယူက မပြုံးပဲမနေနိုင်တောပေ။ “အစ်ကိုကြီး ဘလက်ဖလိမ်း ဘယ်လိုစီမံနိုင်ခဲ့လဲဆိုတာ တကယ်အံ့သြစရာပဲ။ သူကလျှို့ဝှက်မျှော်စင်ကိုတောင် ဆွဲသွင်းနိုင်ခဲ့တယ်။ မျှော်စင်က ဝင်ပါလာရင် ကြယ်တာရာမဟာမိတ်က ကျောက်လက်သည်းတောင်တန်းထဲမှာ စွမ်းအားမဲ့ပြီပဲ။ ”
“အရာရာကိုဆုံးဖြတ်မှု စောလွန်းနေပါသေးတယ်။ လျှို့ဝှက်မျှော်စင်နဲ့ ဇီးရိုးဝင်း ဘာကိုအပေးအယူလုပ်ထားတယ်ဆိုတာ ဘယ်သူမှမတိအကျမသိဘူး။ လျှို့ဝှက်မျှော်စင်က ဇီးရိုးဝင်းကို အမှန်တကယ်ကူညီချင်ရင် သူကဇီးရိုးဝင်းကို မဟာမိတ်အဖြင့် ကြေငြာနေလောက်ပြီ။ မသေချာ မရေရာတဲ့ အခြေနေမျိုး လွှတ်ထားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကြယ်တာရာမဟာမိတ်က မျှော်စင်ကို ကြောက်တာကြောင့် လှုပ်ရှားလာအုံးမှာ မဟုတ်သေးဘူးလို့ ငါခန်းမှန်းမိတယ်။ ငါတို့တွေ ဒီအခွင့်အရေးကို သုံးပြီး ရဲရင့်မြင့်မားတဲ့ ဧရိယာတစ်ချို့ကို ရှာဖွေဖို့ လုပ်ရမယ်။ ” ဂျမ်တဲလ်စနိုးက သတင်းတင်ပြချက်ကို စစ်ဆေးပြီးနောက် သူမ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။
ဖွင့်လှစ်ခြင်းရင်းမြစ်၏ ဘဏ္ဍာရေးကြောင့် ကြယ်တာရာမဟာမိတ်သည် ပြီးခဲ့သည့် ရက်ပိုင်းများတွင် သိသိသာသာ ပိုသန်မာလာခဲ့၏။ သူတို့က အဖွဲ့ဝင်သစ်များနှင့် သူတို့အဖွဲ့ဝင်များ၏ ချပ်ဝတ်တန်ဆာ အရည်အသွေးကိုလည်း တိုးမြှင့်နိုင်ခဲ့သည်။ အစည်းအရုံးက အဖွဲ့ဝင်များကို ပစ္စည်းများ ထောက်ပံ့နိုင်ခဲ့၏။ အုရိုဘိုရိုက ကြယ်တာရာမဟာမိတ်ကို ယှဉ်ရပ်နိုင်ရန် အခွင့်အရေး မရှိချေ။ ထိုအခြေအနေက ကြယ်တာရာမဟာမိတ်အဖို့ ကျောက်လက်သည်း တောင်တန်း၏ အပြင်ပိုင်းဒေသထဲရှိ ဧရိယာများစွာကို သိမ်းပိုက်ထားခွင်ပေးထား၏။
ယခုအချိန်က အဆင့်မြင့်သော ဧရိယာများကို ခိုးယူဖို့ သူတို့အတွက် ပြီးပြည့်စုံသည့် အခွင့်အရေးပင်ဖြစ်သည်။
ခေါင်းစွပ်နက်ကစားသမားတစ်စုက ကျောက်တောအုပ်မြို့၏ ဘားထဲတွင်စုဝေးနေ၏။ ထိုကစားသမားများက အဆင့်အလွန်မြင့်ပြီး သူတို့ကြားထဲတွင် အနိမ့်ဆုံးက အဆင့် ၃၄ ဖြစ်၏။ ကြယ်လတိုင်းပြည်၏ အဆင့်သတ်မှတ်ချက်တွင် သူတို့အားလုံးက ထိပ်တန်းဆယ်ယောက်ထဲတွင် ဝင်နိုင်သည်။ သူတို့၏ အနားရှိလူများကို အကြည့်တချက် ကြည့်လိုက်ရုံဖြင့် တိတ်ဆိတ်သွားစေကာ ကျန်သည့် ကစားသမားများက ကြောက်လန့်မှုကြောင့် တုန်ယင်နေတော့သည်။
ထိုကစားသမားများက ဂုဏ်ထူးတစ်ခုကို ခွဲယူလေ့ရှိကြပြီး သူတို့အားလုံးက တစ်ကိုယ်တော် ကစားသမားများ ဖြစ်ကြသည်။ မည်သူကမှ အစည်းအရုံးမှ မဟုတ်ကြချေ။
ရုတ်တရက်တွင် ငွေရောင်ဝတ်ရုံဖြင့်လူငယ်က ဘားထဲသို့ ဝင်လာရာ တိတ်ဆိတ်မှုကို ချက်ချင်းက ဖြိုခွဲလိုက်တော့၏။ ခေါင်းစွပ်နက်ကစားသမားက ထိုရောက်လာတာကို မြင်ပြီး သူ့ကို လေးနက်တည်ကြည်စွာ ကြည့်လိုက်သည်။ သူက မလေးစားသည့် အမူယာ မပြရဲချေ။
“အားလုံးပဲ အသင့်ပြင်ထားတော့၊ ဖွင့်လှစ်ခြင်းရင်းမြစ်က စိတ်မရှည် ဖြစ်နေပြီ”