ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 724 မွန်မြတ်သောဓား သတ်ဖြတ်ခြင်းရောင်ခြည်
နတ်ဘုရားဖယ်ရှားခြင်းနယ်မြေက နန်းတော်ကို ကျော်လွန်၍ လျင်မြန်စွာပြန့်ကားသွား၏။ မြူများက မိုးကြိုးသားရဲမြို့ထက်၌ စတင်စုဝေးလာပြီးနောက် မြူထူထပ်နေသော တော်ဝင်မြို့တော်က ဖြေးဖြေးချင်းကြည်လင်ရှင်းလင်းလာတော့၏။
ဆယ့်နှစ်မိနစ်ခန့်ကြာပြီးနောက် တော်ဝင်မြို့တော်ကို လွှမ်းနေသည့်မြူများက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
မြူများ လွင့်ပြယ်သွားသည်နှင့် တော်ဝင်မြို့တော်ကို ပျံ့နှံ့နေသည့် ကျိန်စာ၏ စွမ်းအားက စတင်အားနည်းလာ၏။ လမ်းပေါ်တွင် လှည့်လည်သွားလာနေသည့် နာနာဘာဝများနှင့် ဆင်းရဲဒုက္ခဝိညာဉ်များက စတင်သေဆုံးသွားကြ၏။ နှစ်ရာချီကျောက်ရုပ်ဖြစ်ခဲ့တဲ့လူများကလည်း ကျောက်တုံးဖြစ်နေရာမှ ပြန်ကောင်းလာကြ၏။
စနစ် : အံ့ဖွယမတာဝန်အင်ပါယာ၏ အတိတ်ပြီးမြောက်ပါပြီ။
တာဝန်ဆုကြေး။ ။ EXP သန်း ၅၀
သာမန်ကစားသမားများအဖို့ EXP သန်း ၅၀ သည်များပြားသည်ဟုထင်ရသော်လည်း အဆင့်တက်ရန် သန်း ၅၀ လိုအပ်သည့် ရှီဖုန်းအဖို့ နောက်ထပ်တဆင့်ကို ရောက်ရန်အတွက် EXP သန်းရာချီလိုအပ်ပေ၏။ ထို့ကြောင့် EXP သန်း ၅၀ ကအကန့်အသတ်ဖြစ်နေသည်။ ထို့ကြောင့်
” နောက်ဆုံးတော့ ဒီတာဝန်ပြီးမြောက်သွားပြီ ”
ရှီဖုန်းသည် စနစ်အသိပေးသံကို ကြားသောအခါ စိတ်သက်သာရာရပြီးချလိုက်၏။ သူသည် ကာရီရယ်ဝါကာဆီမှ ဆုများကို သိမ်းဆည်းပြီး ထွက်သွားရန်သာကဖြစ်၏။ အံ့ဖွယ်တာဝန်က ကြွယ်ဝသည့် ဆုကြေးများပေးရုံသာမက ကျရှုံးပါက ပြင်းထန်သည့် ပြစ်ဒဏ်များလည်းပေး၏။ ရှီဖုန်းသည် သူ့အပေါ်ကျောက်ဖြစ်ခြင်းကျိန်စာ မည်သို့ သက်ရောက်မည်မှန်းမသိသော်ငြား အံ့ဖွယ်တာဝန်ကို သူကျရှုံးခဲ့လျှင် အဆင့်တချို့နှင့် အရည်အချင်းတချို့ ဆုံးရှုံးခြင်းမှ လွှတ်မြောက်နိုင်မှာ မဟုတ်ပေ။
ခိုင်ဆာက အသူရာချောက်ကမ်းပါးသို့ သွားသည့် လမ်းကြောင်းကို ချိတ်ပိတ်ပြီးနောက် မဟာနတ်ဆိုးဘုရင် အန်ဒရိုကို ပြန်ပို့လိုက်၏။ ခိုင်ဆာသည် တစ်ကိုယ်တည်းတွင်းနက်ဘေး၌ တိတ်တဆိတ်ရပ်နေတော့၏။
” စွန့်စားသွားလာသူ ဒီမှာမင်းရဲ့ အမှောင်ထု ကျမ်းစာ ” မျက်တောင်တဖြတ်အတွင်း ခိုင်ဆာက ရှီဖုန်းရှေ့၌ ပြန်လာပြီးနောက် သူ့အား အမှောင်ထုကျမ်းစာကို ဂရုတစိုက်ပြန်ပေးလိုက်၏။
“ငါ့ကိုကူညီပေးတာကျေးဇူးပဲ။ မင်းရဲ့အကူအညီမရှိဘဲ ကျိန်စာက မြို့တော်ရဲ့ မြို့သားတွေပေါ် ချုပ်နှောင်ထားအုံးမှာ မင်းပိုများများစားစား ကျေးဇူးတင်စရာမရှိဘူး။ ဒီတော့ ငါငယ်ရွယ်စဉ်က အသုံးပြုခဲ့တဲ့ဓားကို ပေးမယ်”
ထိုသို့ပြောပြီးနောက် ခိုင်ဆာသည် သန့်စင်ပြီးဓား တစ်လက်ကို ထုတ်ပြီးနောက် ရှီဖုန်းအားပေးလိုက်၏။ အစက ရှီဖုန်းသည် ခိုင်ဆာ၏ ခါးတွင်ချိတ်ထားသော မွန်မြတ်သောဓားများထဲမှ တစ်လက်ကို ရယူရန် စိတ်ကူးယဉ်ခဲ့၏။ လေဟာနယ်ကို ခဲသွားစေနိုင်သော လက်နက်ကို ရှီဖုန်း ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။
သို့သော် မိုးကြိုးဧကရာဇ် ပေ့သည် ဓားရှည်ကလည်း ထူးခြားပေသည်။ ဓားအိမ်က ဓားရိုးက ဖြူစွတ်နေပြီး ဓားသွားများက အစိမ်းရောင်ဖြစ်သည်။ မွန်မြတ်သည့်ရွှေရောင် ရုန်းများက မြစိမ်းရောင်ဓားသွားပေါ်တွင်ရှိနေ၏။ ခြုံပြောရလျှင် ၎င်းက ကြည့်လင်သည့် ကျောက်ရိုင်းတုံးဖြင့် ပြုလုပ်ထားသလိုပင် ဓားတဝိုက်တွင် လျှပ်စီးများ စီးနေတာကိုတွေ့ရပေ၏။
ရှီဖုန်းက ဓားရိုးပေါ် လက်တင်လိုက်သည့်အချိန်တွင် အေးစက်သည့်အတွေးကို ရလိုက်၏။ ရုတ်တရက်တွင် သူ၏ စိတ်များ ကြည်လင်သွားတာကို ခံစားမိလိုက်သည်။ သူက ဓားကို လှုပ်ရှားလိုက်သည့် အချိန်တွင် ဓားသွားမှ လေဟာနယ်များ အဝေးသို စီးဆင်းသွားတာကို တွေ့လိုက်ရသည်။ ငြင်သာစွာ လွဲရမ်းမှုဖြင့် မြစိမ်းရောင်ဓားရှည်က လျှပ်စီးအသွင် ပြောင်းလဲသွားပြီးနောက် တစ်ဖက်သို့ ချက်ချင်းရွေ့လျားသွားတော့၏။
ဒီဓားက နည်းနည်းအထင်ကြီးစရာကောင်းမနေဘူးလား …။
ရှီဖုန်းသည် မြစိမ်ရောင်ဓားရှည်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူသည် အသူရာဓားသွားထက် ဤဓားဖြင့် သဟဇာတနှုန်း ပိုမြင့်မားတာကို ခံစားမိနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဓား၏ အရှိန်က သူ့ကိုအလန့်စေဆုံးဖြစ်၏။ သူက အသူရာဓားသွားဖြင့် အမြင့်ဆုံးအရှိန်ကို ထုတ်ဖော်သည့် အချိန်တွင်တောင် မှော်လက်နက်က ဤဓားထက် သိသိသာသာ နှေးနေသေး၏။ ဓားသည် သူ၏ အရှိန်ကို တိုးမြှင့်ပေးနိုင်သယောင်ပင်။
” ရှေးအပျက်အစီးနယ်မြေတစ်ခုမှာ စူးစမ်းရှာဖွေရင်းနဲ့ ဒီမွန်မြတ်တဲ့ဓားကို ရှာတွေ့ခဲ့တာ။ ဒီဓားရဲ့ နာမည်က သတ်ဖြတ်ခြင်းရောင်ခြည် မင်း ဒါကို တန်ဖိုးထားပါလို့ ငါပြောပါရစေ “
ခိုင်ဆာက ပြော၏။
မိုးကြိုးဧကရာဇ်က သူ ငယ်ရွယ်စဉ်က မြစိမ်းရောင်ဓားသွားကို ကိုင်ဆောင်ခဲ့သည့် အတိတ်ကို ပြန်မတွေးမိဘဲ မနေနိုင်ချေ။
မိုးကြိုးဧကရာဇ်ဟူသည့် ဘွဲ့အမည်က ဤမွန်မြတ်သောဓားဖြစ်သည့် သတ်ဖြတ်ခြင်း ရောင်ခြည်ကြောင့်ပင် ဖြစ်သည်။
ရှီဖုန်းသည် ဓား၏ အမည်ကိုကြားသည့်အခါ ချက်ချင်းပင် ပျော်ရွှင်ကြည်နူးသွားတော့၏။
သတ်ဖြတ်ခြင်းရောင်ခြည်က နတ်ဘုရားနယ်မြေထဲရှိ ဂုဏ်သတင်းကျော်ဇော်သော ဓား ၃၆ လက်ထဲမှ တစ်လက်ဖြစ်ပြီး သူရှာဖွေနေသည့် စော်လမွန် ဓား၏ အပိုင်းအစများထဲမှ တစ်ခုဖြစ်သည်။
သတ်ဖြတ်ခြင်းရောင်ခြည်က အသူရာဓားသွားနှင့် မတူပေ။ အသူရာဓားသွားက မှော်လက်နက်ဖြစ်သည်။ သို့သော် သတ်ဖြတ်ခြင်း ရောင်ခြည်က မဟုတ်ပေ။ သူ အကြိမ်မည်မျှ အသုံးပြုစေကာမူ သူသည် ကျိန်စာမိမှာ သို့မဟုတ် ပြန်ကန်မှာကို ကြောက်စရာမလိုပေ။
ချက်ချင်းပင် သူက မြင့်မြတ်သောဓား သတ်ဖြတ်ခြင်းရောင်ခြည်အတွက် အရေအချင်းကို စစ်ဆေးကြည့်လိုက်၏။
[သတ်ဖြတ်ခြင်းရောင်ခြည်] (တစ်ဖက်ကိုင် မြင့်မြတ်သောဓား၊ အံ့ဖွယ်အဆင့် )
အဆင့် ၃၀ မှ အဆင့် ၁၂၀
ချပ်ဝတ်တန်ဆာ လိုအပ်ချက်။ ။ ခွန်အား ၇၀၀
အသုံးပြုသူ၏ အရည်အချင်းကို ထိန်းညှိပေးသည်။
တိုက်ခိုက်မှုစွမ်းအား +၇၆၀ အဆင့် ၃၀
ခွန်အား + ၇၀ လျင်မြန်ဖြတ်လတ်မှု + ၆၄ ခံနိုင်ရည် + ၅၅
ခွန်အား ၉၀ ရာခိုင်နှုန်းမြှင့်တင်ပေးသည်။ လျင်မြန်ဖြတ်လတ်မှုကို ၁၀ ရာခိုင်နှုန်း မြှင့်တင်ပေး၏။
တိုက်ခိုက်မှုအရှိန် + ၂၀
တိုက်ခိုက်မှု အရှိန် ၁၀ ရာခိုင်နှုန်းတိုး၏။
ပစ်မှတ်၏ ခုခံမှုကို ၂၀ ရာခိုင်နှုန်း လျစ်ရှူ့ပေးသည်။ ဓားအားလုံး၏ စကေး + ၂
လျစ်ရှူ့သောအဆင့် + ၂၀
အိုင်တမ်အားလုံးသည် ငါးဆင့်လျှော့ချရန် လိုအပ်၏။
တိုက်ခိုက်သူသည် လျှပ်စီးကို ထုတ်ဖော်ရန် ၄၀ ရာခိုင်နှုန်း အခွင့်အရေးရှိပြီး တိုက်ခိုက်သည့်အရှိန်ကို ချိန်ညှိရာတွင် တိုက်ခိုက်မှု အရှိန်၏ ၅၀ ရာခိုင်နှုန်းနှင့် ထိခိုက်မှုကို ၂၄၀ ရာခိုင်နှုန်းတိုးမြှင့်ပေးမှာ ဖြစ်သည်။
ထပ်တိုးစကေး ၁
ဆင့်ခေါ်ခြင်း။ ။ လျှပ်စီးများကို ဆင့်ခေါ်ပြီး ၁၅ ကိုက်အတွင်းရှိ ရန်သူများကို ၄၀၀ ရာခိုင်နှုန်း လျှပ်စီးထိခိုက်မှု ဖြစ်စေပြီး ၅ စက္ကန်သာ ထုံကျင်သည့် အာနိသင်ရစေ၏။ ပြီးနောက်တိုက်ခိုက်မှု ဧရိယာက ၃၀ စက္ကန်သာ ကိုက် ၂၀ ကျယ်သွားမှာဖြစ်သည်။
ပြန်လှည်အသုံးပြုနိုင်ရန် ကြာချိန် ။ ။၅ မိနစ်
ထပ်တိုးစကေး ၂
မိုးကြိုးနတ်ဘုရားသန့်စင်ခြင်း။ ။ ထိန်းချုပ်မှု အားလုံးလွင့်ပြယ်သွားသည့်အချိန် လှုပ်ရှားမှုအရှိန်နှင့် တိုက်ခိုက်မှုအရှိန် ၁၅၀ ရာခိုင်နှုန်းတိုးမြှင့်ပေးပြီး ထိခိုက်မှု ၅၀ ရာခိုင်နှုန်းတိုးမြှင့်ပေးကာ လက်ခံရရှိသည့် ထိခိုက်မှု အားလုံး ၃၀ စက္ကန့်သာ ၅၀ ရာခိုင်နှုန်း လျော့ကျမည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန်
ဤမြင့်မြတ်သောဓားက ရှေးနတ်ဘုရားသည် ဆန်ကျယ်ဓားမှအပ အပိုင်းအစတစ်ခုကို အသုံးပြုပြီး သွန်းလုပ်ခဲ့သည့် အရာဖြစ်သည်။ သတ်ဖြတ်ခြင်းရောင်ခြည်က နတ်ဘုရားနယ်မြေ၏ သတင်းကျော်ဇော်သော ဓား ၃၆ လက်မှ တစ်လက်ဖြစ်၏။ မိုးကြိုးဘုရင်ခိုင်ဆာက အသုံးပြုခဲ့ဖူးသည်။ ဤလက်နက်၏ အရှိန်က အသုံးပြုသူကို လျှပ်စီး၏ အရှိန်ဖြင့် လှုပ်ရှားခွင့်ပေးသည်။ အမှောင်သတ္တဝါများကို တိုက်ခိုက်သည့် အချိန်တွင် ထိခိုက်မှု ၁၀၀ ရာခိုင်နှုန်းတိုးမြှင့်ပေး၏။ ဆင့်ကဲ ပြောင်းလဲနိုင်သည်။ ဖျက်ဆီး၍ မရ။
အစွမ်းထက်လိုက်တဲ့အရည်အချင်း …။
ရှီဖုန်းသည် အံ့သသြစွံအနေသည့် သတ်ဖြတ်ခြင်း ရောင်ခြည်၏ အရည်အချင်းများကို စစ်ဆေးလိုက်သည်။ ဂုဏ်သတင်းကျော်ဇောသော ဓား ၃၆ လက်ကြားထဲရှိ အဆင့် ၂၀ အဖြင့် ရပ်တည်ပေးနိုင်တာ အံ့သြစရာ မရှ်ိပေ။ ၎င်းက အသူရာ ဓားသွားထက်တောင် ပိုသန်မာ၏။
တိုက်ခိုက်ရေး စွမ်းအားဖြစ်စေ အခြေခံအရည်အချင်းဖြစ်စေ ရောင်ခြည်က သူ လတ်တလောမှရခဲ့သည့် အံ့ဖွယ်လက်နက် ကျောက်ဆူးထက်တောင် ပိုသန်မာသေး၏။ သို့သော်မြင့်မြတ်သောဓား၏ အရည်အချင်းများက အံ့သြစရာအကောင်းဆုံးကဏ္ဍ မဟုတ်သေးပေ။ သူက ဖျက်ဆီး၍လည်းမရ ခံနိုင်ရည် နည်းနည်း သို့မဟုတ် ပြန်ပြင်ရန်မလို။ ထို့အပြင် အမှောင်သတ္တဝါများကို ထိခိုက်မှု ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်နိုင်သည်။
တစ်ကိုယ်တော်ကစားသမားချင်း တိုက်ခိုက်ရတာ နှစ်သက်သည့် ကစားသမားများအဖို့ ၎င်း၏ အရှိန်က သတ်ဖြတ်ခြင်းရောင်ခြည်၏ အထင်ကြီးဖွယ် အကောင်းဆုံး ကဏ္ဍဖြစ်နေ၏။
အလိုအလျောက်စကေး …။
လူတစ်ဦး၏ အစောပိုင်းတိုက်ခိုက်မှုအရှိန်ကို သုညထက်စာလျှင် ၅၀ ရာခိုင်နှုန်းမှ စခွင့်ပေးထား၏။ ဆိုလိုသည်က တိုက်ခိုက်နေစဉ်တွင် ကစားသမားက အမြင့်ဆုံးအရှိန်ကို စုဆောင်းရန် သိပ်မကြာပေ။ ကစားသမား၏ ဓားဆွဲထုတ်သည့်နှုန်းက သာမန်ထက် ပိုမြန်မှာဖြစ်၏။ ပြီးနောက် ရှီဖုန်းသည် သတ်ဖြတ်ခြင်း ရောင်ခြည်အတွက် သုတ်သင်ခြင်းအရိပ်ကို ချက်ချင်းလဲလိုက်၏။
ရှီဖုန်းအဖို့ ခွန်အား ၇၀၀ လိုအပ်ချက်က ဘာမှ မဟုတ်ပေ။ သူက ချပ်ဝတ်တန်ဆာထဲတွင် အလွှာသုံး အမျိုးအစား အပြည့်အဝထည့်ထားတာဖြစ်၏။ သူ၏ ခွန်အားအရည်အချင်းသည် အစောထဲက အမှတ် ၇၀၀ကို ကျော်နေတာဖြစ်သည်။
ချက်ချင်းပင် ရှီဖုန်း၏ အလုံးစုံ အရည်အချင်းများက တိုးတက်သွား၏။ ရှီဖုန်းက လက်ရှိတွင် အဆင့် ၃၈ ဖြစ်သည်။ ထို့ကြောင့် သတ်ဖြတ်ခြင်းရောင်ခြည်၏ အဆင့်က သူ၏ အဆင့်အတိုင်း ထိန်းနေပြီဖြစ်သွား၏။ အဆင့် ၃၀ သတ်ဖြတ်ခြင်းရောင်ချည်က တိုက်ခိုက်မှုစွမ်းအား ၇၆၀ ထုတ်ပေးသည်။ ယခုမူ ၁၀၀၂ အထိ ခုန်တက်သွား၏။ ယင်းက ရှီဖုန်း၏ အခြေခံတိုက်ခိုက်ရေးစွမ်းအားကို အမှတ်ပေါင်းရာချီ မြှင့်တင်ပေးလိုက်တာဖြစ်၏။
သတ်ဖြတ်ခြင်းရောင်ခြည်ကို မဝတ်ဆင်ရသေးခင် ရှီဖုန်း၏တစ်လက်ကိုင်ဓားကျွမ်းကျင်မှုက အခြေခံဓားဘုရင် စံသတ်မှတ်ချက်တွင် ရှိနေရာက သူသည် အဆင့်တူ NPCကို အနိုင်ယူရန် တိုက်ကွက်ငါးကွက်သာလိုအပ်၏။ ယခုမူ လေးကွက်သာ လိုတော့တာဖြစ်သည်။ သူက သေစေနိုင်သည့် နေရာများကို ဆက်တိုက်ထိနိုင်ခဲ့လျှင် တိုက်ပွဲကို အဆုံးသတ်နိုင်မှာဖြစ်သည်။
များလိုက်တဲ့ခွန်အားတွေ… ။
ရှီဖုန်းက သတ်ဖြတ်ခြင်းရောင်ခြည်၏ ဓားရိုးကိုကိုင်ပြီးနောက် သူ၏ ထိတ်လန့်မှုကို မဖိနှိပ်ထားနိုင်တော့ချေ။ ထိုခွန်အားဖြင့် သူက ပိုတောင် ပြိုင်ဘက်ကင်းလာမှာဖြစ်၏။
မှော်လက်နက်အသူရာ ဓားသွားကို တစ်ဖက်ကိုင်လျက် တစ်ဖက်တွင် မွန်မြတ်သောဓား သတ်ဖြတ်ခြင်းရောင်ခြည်ကို ကိုင်ဆောင်ထားရာ ရှီဖုန်းက အဆင့်တူ ခွန်အား အမျိုးအစား မျိုးနွယ်စုရဲ့ အကြီးအကဲကိုတောင် ယှဉ်နိုင်သည်ဟု ခံစားနေရသည်။
သူ့တွင်လည်း လျှပ်စီးကဲ့သို့ အလိုအလျောက် စကေးလည်းရှိ၏။
လေဟာနယ်နယ်ပါယ် ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရလျှင်တောင် ကျွမ်းကျင်သူက အင်မတန်မြန်နေလျှင်ပင် ရှီဖုန်းက အချက်ရေ အနည်းငယ်အတွင်း တိုက်ပွဲကို အဆုံးသတ်ရန် ယုံကြည်ချက်ရှိပေ၏။