ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 725 အလယ်အဆင့် မှော်အစီအရင်
အံ့ဖွယ်တာဝန်ကို ပြီးမြောက်ပြီး မြင့်မြတ်သောဓား သတ်ဖြတ်ခြင်း ရောင်ခြည်ကို ရယူပြီးနောက် ရှီဖုန်းသည် နဂါးမေးရိုး၏ အောက်ဆုံးမြေအောက်အလွှာသို့ သွားရန် လမ်းကြောင်းကနေ ဖြတ်သွားပြီး ပြန်လိုက်၏။
အထူးမြေပုံထဲမှ ထွက်ခွာပြီးနောက် ရှီဖုန်းသည် အာကာသရောင်ဝါကို အသက်သွင်းပြီးနောက် လေဟာနယ် လှုပ်ရှားမှုကို သုံးကာ ကာရီရယ်ဝါကာရှေ့၌ ပေါ်လာ၏။
ကာရီရန်ဝေါကာနှင့် ကျန်သည့် NPC များဆီ ရှီဖုန်း ပြန်ရောက် လာသည့်အခါ ထို NPC များ သိသိသာသာ အိုမင်းလာတာကို သတိပြုမိလိုက်၏။
ကျောက်ဖြစ်ခြင်းက သူတို့ကို နှစ်ရာချီ အသက်ရှည်စေခဲ့သော်ငြား ကျိန်စာ လွင့်ပြယ်သွားသည်နှင့် သူတို့၏ ခန္ဓာကိုယ်က စတင် ချို့ယွင်းလာသည်ဖြစ်ကာ လျင်မြန်စွာ အသက်ကြီးသွားစေတော့သည်။ အဆုံးတွင်မူ သူတို့က လူသားသေမျိုးများသာဖြစ်ပြီး နတ်ဘုရားများ မဟုတ်ပေ။ အချိန်ကာလ၏ တိုက်စားမှုမှ မလွတ်မြောက်နိုင်ချေ။
ရှီဖုန်းက ထိုမျှမြန်ရန် လောမနေလျှင်၊
ရှီဖုန်းသာ မြန်မြန်ဆန်ဆန် ပြန်မလာပါက ကာရီရယ်ဝါကာနှင့် ကျန်သည့်သူများသည် သေဆုံးပြီးဖြစ်လောက်သည်။
” စွန့်စားသူလေးကို ကျေးဇူးတင်ပါတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကျိန်စာပျောက်သွားတာကို ခံစားပြီ။ ဒါနဲ့ဆိုရင် ဒီကမ္ဘာလောကနေ နောင်တမရဘဲ ထွက်ခွာသွားနိုင်ပြီ”
ကာရီရယ်ဝါကာက ရှီဖုန်းကို ကြည့်ပြီးနောက် လေးနက်စွာ ဦးညွှတ်လိုက်၏။ ပြီးနောက်သူက ရွှေရောင်စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ရှီဖုန်းအားပေးပြီး ပြောလိုက်၏။
” ဒါက ငါတို့မိုးကြိုးသားရဲ အင်ပါယာရဲ့ ဂုဏ်ယူရတဲ့ မှော်အစီအရင်တစ်ခုဖြစ်တယ်။ ကြယ်ကိုးပွင့် ဝင်ရိုးစွန်းနယ်မြေပဲ။ မင်းကို တစ်နေ့ကျရင် အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”
ရှီဖုန်းသည် လေးလံသည့် မှော်အစီအရင်ကို လက်ခံလိုက်ပြီးနောက် သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်ပေါ်လာ၏။
မှော်အစီအရင်ရုပ်ပုံထည့်သွင်းခြင်းက နတ်ဘုရားနယ်မြေထဲတွင် အလွန်ရှားပါးသည်။ အမျိုးမျိုးသော တိုင်းပြည်များနှင့် အင်ပါယာများက အစီအရင်များကို လျို့ဝှက်ထားပြီး ကွင်းပြင်ထဲရှိ သူတို့၏ဝိညာဉ်များကိုပါ သုတေသနများကို လမ်းပြခဲ့ကြသည်။ ပုံမှန်ဆို မည်သည့်ရလဒ်ကိုမှ လျှို့ဝှက်မထားနိုင်ပေ။
သာမန်လူများက မှော်အစီအရင်များ အသုံးပြုသည့်အခါ သူတို့သည် မှော်စာလိပ်များကို အားကိုးရ၏။ ၎င်းက ကစားသမားများအတွက်လည်း တူပေ၏။
ဤမှော်စာလိပ်များသည် မှော်အစီအရင်ကို ရုပ်ပုံသွင်းခြင်းမှ ဖန်တီးထားတာဖြစ်သည်။ တိုးမြှင့်ခြင်း ဖိနှိပ်ခြင်းနှင့် ချည်နှောင်ခြင်းကဲ့သို့သော် မှော်အစီအရင်မျိုးစုံရှိကြပေ၏။ မှော်အစီအရင်ပုံစံက မည်သို့ပင်ဖြစ်စေကာမူ သူတို့အားလုံးက အင်မတန်ရှားပါးပေ၏။
ပုံမှန်ဆို ကစားသမားများသည် တာဝန်များ သို့မဟုတ် ရတနာ သေတ္တာများ မှော်အစီအရင်စာလိပ်များသာ ရနိုင်ခဲ့၏။ ကျောက်လက်သည်းတောင်တန်းက ကစားသမားများအဖို့ အရံအတား ပုလင်းလုံးများ ထုတ်ပေးသော်လည်း သူတို့က အဆင်မပြေပေ။ အသက်သွင်းရန်အတွက် အချိန်အကြာကြီးယူရ၏။ ထို့အပြင် အရံအတား ပုလင်းလုံးများသည် မှော်စာလိပ်များကဲ့သို့ မသန်မာပေ။ ဤအရည်အချင်းများလည်း ကန့်သတ်ခံထားရ၏။ သူတို့သည် ချုပ်နှောင်မှုမရှိ လျင်မြန်စွာ အသက်သွင်းနိုင်သည်။ မှော်စာလိပ်များနှင့် မတူပေ။
မှော်အစီအရင်ရုပ်ပုံသွင်းမှုများသည် အလွန်ရှားပါးပြီး တန်ဖိုးကြီး၏။
ကစားသမားများက သူတို့၏ ကိုယ်ပိုင်မှော်အစီအရင်များကို ရှာဖွေချင်ပါက သူတို့သည် အချိန်ကာလများစွာ စွမ်းအင်နှင့် အရင်းအမြစ်များစွာ လိုအပ်မှာဖြစ်၏။ သာမန်အစည်းအရုံးတစ်ခုအတွက် မှော်အစီအရင်လက်ရာများကို တစ်ခုရယူရန်အတွက်က အင်မတန်ခက်ခဲနေပြီးဖြစ်ကာ ရှာဖွေရန်ဆိုလျှင် ပြောနေရန် မလိုတော့ချေ။ ယခုသူက မှော်အစီအရင်လက်ရာကို ရခဲ့သောကြောင့် ရှီဖုန်းသည် မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲနေမည်နည်း။
မှော်အစီအရင်ရုပ်ပုံလွှာဖြင့် ဇီးရိုးဝင်းသည် ကုန်ကြမ်းအချို့သာ ကုန်ကျပြီး အကန့်အသတ်မရှိ မှော်စာလိပ်များ ထုတ်လုပ်နိုင်တော့မှာဖြစ်၏။
ရှီဖုန်းက သူ၏ လက်ထဲရှိ မှော်အစီအရင်ရုပ်ပုံလွှာကို သိပ့်မကြည့်ပဲ မမေနိုင်တော့ချေ။ သူ ရထားသည့် မှော်အစီအရင်က မည်သို့သော အမျိုးအစားဆိုတာ သိချင်သည့် စိတ်များနေ၏။
” ဘာကြောင့် အလယ်အဆင့် မှော်အစီအရင်ဖြစ်နေတာလဲ ” ရှီဖုန်းက အချက်အလက်များကို မြင်သောအခါ ထိတ်လန့်သွားတော့၏။ မှော်အစီအရင်များသည်လည်း အဆင့်သတ်မှတ်ထား၏။ အခြေခံ၊ အလယ်အဆင့်၊ အဆင့်မြင့်ပညာရှင်၊ မဟာပညာရှင်၊ လက်မှုပညာရှင် ဟူ၍ ဖြစ်သည်။
လက်ရှိတွက် မှော်အစီအရင် ကစားသမားများကြုံတွေ့ရသည့် မှော်အစီအရင်အများစုက အခြေခံမှော်အစီအရင်များသာဖြစ်၏။ သို့သော် အခြေခံမှော်အစီအရင်များကတောင် နည်းမျိုးစုံဖြင့် အထောက်အကူပြုနိုင်၏။ မဟာပညာရှင်အဆင့် သို့မဟုတ် ထိုအောက်ရှိ မွန်းစတားများကို ဖိနှိပ်နိုင်ခြင်းကဲ့သို့ဖြစ်သည်။
အခြေခံအဆင့်အထက်ရှိ မှော်အစီအရင်များက အလွန်ရှားပါးပေ၏။ အလယ်အဆင့် မှော်အစီအရင်များသည် ဒဏ္ဍာရီအဆင့်ရှိ မွန်းစတားများနှင့် ဒဏ္ဍာရီအဆင့်အောက်ရှိ မွန်းစတားများကို ဖိနှိပ်နိုင်စွမ်းရှိသောကြောင့်ဖြစ်၏။
လက်ရှိအယောက်တစ်ရာအဖွဲ့ရှိ မြေအောက်စခန်းများ၏ ဖိုင်နယ်ဘောစ့်များသည် မဟာအရှင်အဆင့်မျှသာ ရှိ၏။ အလယ်အဆင့် မှော်အစီအရင်အဆင့် ကစားသမားများသည် ဘော့စ်တစ်ကောင်ကို အလွယ်တကူဖိနှိပ်နိုင်သည့် မြေအောက်စခန်း၏ ခက်ခဲမှုကို လျှော့ချနိုင်မှာဖြစ်သည်။
သို့သော်ငြား ရှီဖုန်းကို စိတ်အလှုပ်ရှားစေဆုံးအရာက ကာရီရန်ဝေါကာပေးခဲ့သည့် မှော်အစီအရင်က ထိပ်တန်းအလွှာ ဖိနှိပ်ခြင်းအမျိုးအစား အစီအရင်ဖြစ်နေသည်။
ကြယ်ကိုးပွင့် ဝင်ရိုးစွန်းနယ်မြေ အလယ်အဆင့်မှော်အစီအရင်
ကိုက်တစ်ရာပတ်လည်အတွင်းရှိ ရန်သူများအားလုံးကို ဖိနှိပ်နိုင်သည်။ ရွတ်ဆိုရန် လူကိုးယောက် လိုအပ်၏။ မှော်အမျိုးအစားသာလျှင် အသုံးပြုနိုင်သည်။
လိုအပ်သောကုန်ကြမ်း …
မှော်သလင်းသုံးခု အလယ်အဆင့် စာလိပ်တစ်ခု ကြယ်အလင်းကျောက်ကိုးလုံး ရေဒြပ်စင်တစ်ပုလင်း
ဒီလိုဧရိယာကြီးတဲ့မှော်အစီအရင်ကို ရွတ်ဆိုဖို့အတွက် မှော်အမျိုးအစား ကိုးယောက်ပဲ လိုအပ်တာလား။ဒါ့အပြင် အထူးအမျိုးအစားတွေလည်း မလိုအပ်ဘူး။ ကာရီရယ်ဝါကာက ဒါက မိုးကြိုးသားရဲအင်ပါယာရဲ့ တန်ဖိုးထားရတဲ့ အစီအရင်လို့ပြောတာ အံ့သြစရာမရှိဘူးပဲ။
ရှီဖုန်းက ရုပ်ပုံလွှာကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် သူရရှိသည့် ဆုကြေး မည်မျှလှပကြောင်း သဘောပေါက်သွားပြီဖြစ်သည်။
သူရရှိခဲ့သည့် ကျွမ်းကျင်ခြင်းစာအုပ်နှင့် သတ်ဖြတ်ခြင်းရောင်ခြည်က အထင်ကြီးဖွယ် ကောင်းနေပြီဖြစ်သည်။ ထိုသို့တိုင် ကြယ်ကိုးပွင့် ဝင်ရိုးစွန်းနယ်နမိတ် ဂူနယ်မြေက ပိုတောင် အံ့သြဖွယ်ကောင်း၏။ ၎င်းက အံ့ဖွယ်အိုင်တမ်ထက်တောင် ပိုတန်ဖိုးရှိသေးသည်။
မြေအောက်စခန်းအတွင်းသို့ ကစားသမားများက တစ်ကြိမ်ဝင်နိုင်သည့် အရေအတွက် အကန့်အသတ်ရှိကြောင်း သိထားကြမှာဖြစ်သည်။ အဖွဲ့တစ်ဖွဲ့က ဘော့စ်ကို ဖိနှိပ်ရန်အတွက် မှော်အစီအရင်ကို အသုံးပြုခဲ့လျှင် အစီအရင်ကို ထိန်းသိမ်းနေသည့် ကစားသမားများသည် တိုက်ခိုက်နိုင်မှာ မဟုတ်သလို ခုခံနိုင်မှာလည်း မဟုတ်ချေ။
မှော်အစီအရင်က လူ ပိုလိုအပ်လေလေ အဖွဲ့၏ တိုက်ပွဲဝင်စွမ်းအားအပေါ်သက်ရောက်သည့် အာနိသင်က ပြင်းလေဖြစ်၏။
ထိုကြောင့် လူနည်းနည်းသာလိုအပ်လေ ပိုကောင်းလေဖြစ်၏။
ပုံမှန်ဆို ဘော့စ်များကို ဖိနှိပ်နိုင်သည့် မှော်အစီအရင်များသည် ၎င်းကို ထိန်းသိမ်းရန်အတွက် လူဆယ်ယောက်ကျော်လိုအပ်ပေသည်။ ဥပမာအနေဖြင့် နတ်ဆိုးဖိနှိပ် ရေခဲပြာမှုန့်နှင့် ကျန်သည့်သူများသည် မဟာအရှင်နိုရာကို ဆန့်ကျင်ရန် အသုံးပြုခဲ့သည့် နတ်ဆိုးဖိနှိပ်ခြင်း အရံအတားက ဆယ့်နှစ်ယောက်လိုအပ်သည်။ ထိုသို့ အစွမ်းထက်သည့် မှော်ပညာလိုအပ်သည့်တိုင် လူများသည်ဟု သတ်မှတ်၍ ရနိုင်သည်။ ကြယ်ကိုးပွင့် ဝင်ရိုးစွန်းနယ်မြေကမူ လူကိုးယောက်သာ လိုအပ်၏။
ထို့အပြင် ကြယ်ကိုးပွင့် ဝင်းရိုးစွန်းနယ်မြေ၏ အမျိုးအစား လိုအပ်ချက်က မထူးခြားပေ။ မှော်အမျိုးအစား ကိုးယောက်သာ ရွတ်ဆိုရန် လိုအပ်၏။ တစ်ဖက်တွင်မူ နတ်ဆိုးဖိနှိပ်ခြင်း အစီအရင်က ဓာတ်ကြီးလေးပါး အသုံးပြုသူဆယ့်နှစ်ယောက် လိုအပ်၏။
ထိုလိုအပ်ချက်နှစ်ခုကြား ကွာဟချက်က နည်းသည်ဟု ထင်ရသော်လည်း ယခင်က မှော်အစီအရင်ကို ရှာဖွေကြသည့်သူများအဖို့ သူတို့သည် မှော်အစီအရင်က ပိုအဆင့်မြင့်လေလေ ထိန်းသိမ်းရန် လူ ပိုလိုအပ်လေ ဖြစ်သည်။ ၎င်းအမျိုးအစားက ထူးခြားမှု ပိုလိုအပ်လေဖြစ်၏။ လူတစ်ယောက်တည်းဖြင့် နောက်လိုအပ်ချက်ကို လျော့ချရန် ခက်ခဲနေဆဲဖြစ်ကာ အမျိုးအစားများကို ထိန်းချုပ်ခြင်းအပေါ် လျှော့ချဖို့က ပြောနေရန်တောင် မလိုချေ။ ၎င်းက နှစ်ဆခက်ခဲတာဖြစ်၏။
သူသည် အရံအတားပုလင်းလုံးများဖြင့် ထောင်ချောက်ဆင်ရန် တွေးခဲ့သော်ငြား ဤကြယ်ကိုးလုံး ဝင်ရိုးစွန်းနယ်မြေဖြင့် သူတို့လွတ်ရန် အခွင့်အရေး မရှိတော့ချေ။ ရှီဖုန်းက သူ့လက်ထဲရှိ ရုပ်ပုံလွှာကို ကြည့်ပြီး ပြုံးလိုက်၏။
ကြယ်ကိုးလုံး ဝင်ရိုးစွန်းနယ်မြေက အလယ်ဆင့် မှော်အစီအရင်ဖြစ်သော်လည်း ၎င်းကို ထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြိမ်းများက မရှားပါးပေ။ ရှီဖုန်းတွင် မှော်သလင်းများ မချို့တဲ့ပ။
ထို့အပြင် ကြယ်အလင်းတုံးများက ကြယ်စွမ်းအား ပါဝင်သည့် ကျောက်တုံးများဖြစ်သည်။ သူတို့က အတော်လေး ရှားပါးသော်လည်း ၎င်းတို့ကို ရိတ်သိမ်းနိုင်သည့် နေရာများစွာရှိပေ၏။ ကြယ်ကိုးပွင့် ဝင်ရိုးစွန်းနယ်မြေကို ထုတ်လုပ်ရန်အတွက် အရှားပါးဆုံးကုန်ကြမ်းက ရေဒြပ်စင်ဖြစ်သည်။ ရေဒြပ်စင်က ဝိညာဉ်ဓါတ်များစွာကို အလိုအလျောက် ထုတ်ယူနိုင်ပေ၏။
မှော်စာလိပ် ထုတ်လုပ်ရန် အသုံးပြုသည့်အခါ ၎င်းသည် မှော်အစီအရင် လိုအပ်သည့် ဝိညာဉ်ဓါတ်စွမ်းအားကို လျော့ချနိုင်သည်။ ၎င်းက အလွန်တန်ဖိုးရှိသည့် မှော်စာလိပ်များထုတ်လုပ်ရန် အသုံးပြုသည့်အပြင် ရေဒြပ်စင်များသည် ပန်းပဲပညာတွင်လည်း အသုံးပြု၍ရ၏။ ၎င်းက နည်းမျိုးစုံ အသုံးပြု၍ရသော အိုင်တမ်တစ်မျိုးဖြစ်သည်။
သို့သော် ဧရိယာကြီးမားသည့်အဖွဲ့လိုက် မြေအောက်စခန်းများတွင်တောင် ဒြပ်စင်ကျသည့်နှုန်းက အလွန်နိမ့်သည်။ ရေဒြပ်စင်ကို အမျိုးမျိုးသော အစည်းအရုံးကြီးများက ဗျူဟာကျအိုင်တမ်တစ်ခုနှင့် သတ်မှတ်ထားကြပြီး မလိုအပ်ပဲ မရောင်းချချေ။
ရှီဖုန်းက ပိုက်ဆံအနည်းငယ်ပိုသုံးရန် ဆန္ဒရှိလျှင်တောင် သိသိသာသာ ပမာဏ ရနိုင်ပေ၏။
ရှီဖုန်းက ကြယ်ကိုးလုံး ဝင်ရိုးစွန်းနယ်မြေ မှော်အစီအရင် ရုပ်ပုံလွှာကို သိမ်းပြီးနောက် သူသည် ကာရီရယ်ဝါကာနှင့် ကျန်သည့်သူများကို ကြည့်ပြီး မြစ်ဖြူမြို့သို့ပြန်ရန်အတွက် ပြန်သွားခြင်းစာလိပ်ကို အသုံးပြုလိုက်၏။