ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 727 စစ်ပွဲ စစ်ပွဲ စစ်ပွဲ
မြစ်ဖြူမြို့ ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာတွင် ကြယ်တာရာမဟာမိတ်၏ ရုတ်တရက် ရန်စမှုကြောင့် ဇီးရိုးဝင်းသည် ကဆစ်ကလျားဖြစ်ကုန်၏။ ယခင်က အမှာင်နတ်ဘုရားတပ်မဟာ သုတ်သင်ရှင်းလင်းခံရမှုအပေါ် အစည်းအရုံး၏ တုန့်ပြန်မှုချို့ယွင်းချက်ကြောင့် အစည်းအရုံးအတွင်းရှိ အဖွဲ့ဝင်များစွာက စိတ်ပျက်အားငယ်ခဲ့ကြသည်။ ရေနှင်းဆီသာ အားလုံးကို မထိန်းထားခဲ့လျှင် အဖွဲ့ဝင်များစွာက လက်စာချေရန်အတွက် ကျောက်လက်သည်းတောင်တန်းသို့ ကမူးရှူးထိုး ပြေးသွားကြမှာ ဖြစ်၏။
ယခုကြယ်တာရာမဟာမိတ်က ထိုကဲ့သို့ စိန်ခေါ်မှု ပြုသောအခါ သူတို့က ဒေါသကို မည်ကဲ့သို့ ထိန်းနိုင်မည်နည်း။
တစ်ကိုယ်တော်ကစားသမား အရေအတွက်အနည်းငယ်ကို တည်နေရာရှာရန် ခက်ခဲနေသည်နှင့်အညီ သူတို့က ယခင်လုပ်ကြံခံရမှုကို လျစ်လျူရှု့ထားနိုင်၏။ သို့သော် ကြယ်တာရာမဟာမိတ် ကိစ္စကမတူတော့ပေ။ သူတို့၏ ပြိုင်ဘက်က တိုက်ပွဲကွင်းပြင်တောင် ပြင်ဆင်နေပြီဖြစ်သည်။ ကြယ်တာရာမဟာမိတ်က ပထမနှုန်းအစည်းအရုံးတစ်ခုဖြစ်ပြီး ထောင်ချောက်တစ်ခုဆင်ခဲ့လျှင် ဇီးရိုးဝင်းက ရန်စရန် အစည်းအရုံးတစ်ခုမဟုတ်ကြောင်း အားလုံးကို ပြသရန်လိုအပ်၏။ အဆိုးဆုံးမှာ သူတို့အားလုံး တပြိုင်နက်တည်းသေရုံသာဖြစ်သည်။
“ဒုခေါင်းဆောင်ရေ အစည်းအရုံးထဲက လူတိုင်းက တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ တစ်ခွန်းပြောတာနဲ့ ကျွန်တော်တို့ ချက်ချင်းပဲ ထွက်ပြီး ကြယ်တာရာမဟာမိတ်ကို သုတ်သင်ရှင်းလင်းပစ်မယ် ”
ပင်မအဖွဲ့ဝင်များစွာက ရှေ့တက်ပြီး ကြွေးကြော်လိုက်တော့သည်။
ဇီးရိုးဝင်းသည် ယခင်က တည်ထောင်ခါစကဲ့သို့ အားနည်းသည့် အစည်းအရုံးမဟုတ်တော့ချေ။ ယခုမြစ်ဖြူမြို့၏ အရှင်သခင် ဖြစ်နေခြင်းဖြစ်သည်။ အစည်းအရုံးက အဖွဲ့ဝင် တစ်သိန်းကျော်ရှိကာ လက်ရွေးစင်အဖွဲ့ဝင်က နှစ်သောင်းနီးပါးတောင်ရှိနေ၏။ ကျန်သည့် သူများက လက်ရွးစင်များမဟုတ်သော်လည်း သိပ်ဝေးကွာခြင်းမရှိကြချေ။
သူတို့သည် ကြယ်တာရာမဟာမိတ်ကို ဆန့်ကျင်ရန် တိုက်ပွဲတစ်ခုသေချာပေါက်ပြင်ဆင်နိုင်၏။
“မင်းတို့တွေက ဒီအခြေအနေကို ပေါ့ပေါ့လေး တွေးနေကြတာပဲ။ ကြယ်တာရာမဟာမိတ်က ငါတို့ကို ပြောင်ပြောင်တင်းတင်း ရန်စရဲတယ်ဆိုမှတော့ သူတို့က ငါတို့ကိုအနိုင်ယူဖို့ ယုံကြည်ချက်ရှိနေတာပဲ။ ဒါ့အပြင် ကြယ်တာရာမဟာမိတ်လည်း ငါတို့ရဲ့ ရန်သူမဟုတ်ဘူး ”
ရေနှင်းဆီက ပြောလိုက်၏။ ဖိုရမ်ပေါ်ရှိ စာကိုတွေ့ပြီးတဲ့နောက် သူမဒေါသမထွက်ဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သူမက သာမန်အဖွဲ့ဝင်အစည်းအရုံးဆိုပါက ယခုအချိန်တွင် တိုက်ပွဲကွင်းပြင်ပေါ်၌ ကြယ်တာရာမဟာမိတ်အဖွဲ့ဝင်များကို ထုတ်ပယ်ပစ်မှာဖြစ်သည်။ သို့သော် သူမက အစည်းအရုံး၏ သာမန်အဖွဲ့ဝင်မဟုတ်။ ထို့ကြောင့် ထိုကဲ့သို့မလုပ်နိုင်ပ။ အစည်းအရုံးတစ်ခုလုံးကို ထည့်သွင်းပေးရမှာဖြစ်သည်။ အစည်းအရုံး၏ အရေးပါသော ပုဂ္ဂိုလ် မဟုတ်သ၍ သူတို့က ဆယ်ကြိမ်သေလျှင်တောင် အစည်းအရုံးအပေါ် သက်ရောက်မှုရှိမှာမဟုတ်ပေ။ သို့သော် လက်ရွေးစင်အဖွဲ့ဝင်တိုင်း သေသွားလျက် အစည်းအရုံးက ထိခိုက်တော့မှာဖြစ်သည်။ ထိုသို့ဖြစ်ပွားခဲ့လျှင် အကောင်းဆုံးအခြေအနေတွင် အစည်းအရုံး၏ ဖွံ့ဖြိုးတိုက်တက်မှုက နှေးကွေးသွားပြီး ယခင်အောင်မြင်မှုများ ဆုံးရှုံးသွားမှာဖြစ်၏။ ပြင်းထန်သည့် အခြေအနေဆို အစည်းအရုံး၏ ဖွံ့ဖြိုးတိုးတက်မှုများရပ်တန်းကာ ထိုအချိန်မှစပြီး အစည်းအရုံးသည် နတ်ဘုရားနယ်မြေထဲတွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မှာမဟုတ်ပေ။ သူတို့၏ အချိန်များ ကြိုးစားအားထုတ်မှုများ အားလုံးက အချည်းနီးဖြစ်သွားမှာပင်။ ပုံရိပ်ယောင်ဂိမ်းလောက၏ သမိုင်းကြောင်းထဲတွင် ထိုသို့သောအခြေနေမျိုး အကြိမ်ပေါင်းများစွာ ကြုံတွေခဲ့ရသည်။ အစည်းအရုံးများက ကြာပြီဖြစ်သောကြောင့်ဝင်ပါတာ မေ့လျော့နေပြီဖြစ်သည်။ ထို့ကြောင့် အစည်းအရုံးတစ်ခုသည် ဂရုတစိုက်လှမ်းနေရ၏။
အစည်းအရုံးတစ်ခုအတွက် နတ်ဘုရားနယ်မြေထဲတွင် အရှင်သခင်ဖြစ်ဖို့အတွက် စိတ်ဆန္ဒတစ်ခုတည်း မလုံ လောက်ပေ။ မဟုတ်ပါက ပထမနှုန်းအစည်းအရုံးက ထိုမျှနည်းနေမှာ မဟုတ်ချေ။ ထိုသို့တိုင် မြစ်ဖြူမြို့၏ အရှင်သခင်ဇီးရိုးဝင်းက ကြယ်တာရာမဟာမိတ်၏ ရန်စမှုကို သင့်တော်စွာ မတုန့်ပြန်ခဲ့လျှင် အစည်းအရုံး၏ ဂုဏ်သတင်းက မီးခိုးနဲ့ ကြွေလွင့်သွားမှာဖြစ်၏။ နောင်တွင် မည်သူက ထိုကဲ့သို့သော အစည်းအရုံးကို ဝင်တော့မည်နည်း။
“ကြယ်တာရာမဟာမိတ်က ဒီတစ်ခေါက် နိမ့်ပါးလွန်းတာပဲ။ ဒီလိုယုတ်မာတဲ့ နည်းလမ်းမျိုး ဗျူဟာမျိုးကို သုံးတယ်” မီးလျှံကကြိုးက ပြောပြီး မျက်မှောင်ကြုတ်လိုက်၏။
“ဒါပေမဲ့ ငါတို့က သူတို့ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ရင် သေခါနီးအပြစ်ခုနှစ်ပါးပန်းပွင့်ကို ထောက်ပံ့ပြီး ငါတို့အစည်းအရုံးရဲ့ ကျွမ်းကျင်သူတွေကို ပစ်မှတ်ထားမှာ။ ကျန်တဲ့အစည်းအရုံးတွေကလည်း အခြေအနေကို အမြတ်ထုတ်ပြီး ဝင်တိုက်ခိုက်လာနိုင်တယ်။ ကြယ်တာရာ မဟာမိတ်က ငါတို့ကို ဝါးမျိုသွားမှာ။ ”
” မီး နင်အရင်တုန်းက အပြစ်ခုနှစ်ပါးပန်းပွင့်က ပါတီခေါင်းဆောင်ကနဲ့ တိုက်ခိုက်ခဲ့ဖူးတယ် တယ်မလား။ ငါတို့ပင်မတပ်ဖွဲ့နဲ့ အမှောင်နတ်ဘုရားတပ်မဟာက သူတို့ကိုဆန့်ကျင်ပြီး အမှန်တကယ် ရပ်တည်နိုင်စွမ်းမရှိဘူးလား”
ရေနှင်းဆီက ပြောပြီးနောက် မီးလျှံကကြိုးကို စိတ်ပူပန်စွာ ကြည့်လိုက်၏။
“အပြစ်ခုနှစ်ပါးပန်းပွင့်ရဲ့ ချပ်ဝတ်တန်ဆာတွေ က ငါတို့ ပင်မတပ်ဖွဲ့အောက် မလျော့ဘူး။ ငါတို့ဝတ်ထားတဲ့ အလွှာတစ် အစုံချပ်ဝတ်တန်ဆာတွေက သူတို့ထက် အနည်းငယ် ပိုသန်မာရုံပဲရှိတာ။ ဒါပေမဲ့ သူတို့တွေက စိမ်းသပ်မှုပေါင်းများစွာ ဒုက္ခများစွာကို နှစ်ပေါင်းများစွာ တွေကြုံဖူးတဲ့ ကျွမ်းကျင်သူတွေပဲ။ အဖွဲ့အစည်းရဲ့ သာမန်အကျဆုံးအဖွဲ့ဝင်ကတောင် တိုက်ပွဲဝင်နည်းစနစ်အရာမှာ ကျွမ်းကျင်သူများကတောင် တိုက်ပွဲဝင်နည်းစနစ်အရာမှာ နည်းနည်းလေးပဲ အားလျော့တာ။ သူတို့အဓိက အဖွဲ့ဝင်တွေဆိုရင် ငါ့ထက်အများကြီးပိုသန်မာတယ်။ ငါ့ရဲ့လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေသာမရှိရင် မှော်စာလိပ်နဲ့ အမှောင်ထုစွမ်းအားသာမရှိခဲ့ရင် ငါနောက်ဆုံးအချိန်ထိ တောင့်ခံနိုင်မှာမဟုတ်ဘူး။ နောက်ဆုံးအနေဖြင့် ပါတီခေါင်းဆောင်ကို ရင်ဆိုင်ရတုန်းက သူ့ရဲ့ခုခံမှုကို မထိုးဖေါက်နိုင်ခဲ့ဘူး။ သူက ငါ့တိုက်ကွက်အားလုံးကို အလွယ်တကူ ဝင်နိုင်ပြီး ကြိုတင်ပြင်ဆင်ထားပြီးသား။ ငါတို့အစည်းအရုံးခေါင်းဆောင်ကို တိုက်ခိုက်နေရသလို ခံစားရတယ်”
မီးလျှံကကြိုး၏ အတွေ့အကြုံကိုကြားသောအခါ လူတိုင်းက အေးစက်သည့် လေထုကို ရှုရှိုက်မိသောအခါ သူတို့ယခင်က စိတ်အားထက်သန်မှုများ အပြည့်အဝ ချုပ်ငြိမ်းသွားတော့သည်။ လူတိုင်းက အပြစ်ခုနှစ်ပါးပန်းပွင့် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့သိသွားသည်။
ဇီးရိုးအတွင်း မီးလျှံကကြိုး၏ တိုက်ပွဲဝင်နည်းစနစ်က အဆင့် ၃ ဖြစ်ကာ ရှီဖုန်းတစ်ယောက်သာလျှင် သူမတို့ကို အကြွင်းမဲ့ သေချာပေါက် အနိုင်ရနိုင်တာဖြစ်သည်။ ထိုသို့တိုင် အပြစ်ခုနှစ်ပါးပန်းပွင့်၏ သာမန်အဖွဲ့ဝင်က မီးလျှံကကြိုး၏ တိုက်ပွဲဝင် စွမ်းအားနည်းတူ ညီမျှမှုကို ပိုင်ဆိုင်ထား၏။ လုပ်ကြံသတ်ဖြတ်သူက အယောက် ၅၀ တောင်ရှိသည်။ သူတို့ကို ရင်ဆ်ုင်တိုပ်ခိုက်ခြင်းက မီးလျှံကကြိုး အယောက် ၅၀ နှင့် ရင်ဆ်ိုင်ရခြင်းနှင့် တူမှာပင်။ ထို့အပြင် ထိုအယောက် ၅၀ ကြားထဲတွင် ဘလက်ဖလိမ်းနှင့်တောင်ယှဉ်နိုင်သည့် မွန်းစတား များက ရှိနေသေး၏။ အောင်ပွဲရဖို့က မဖြစ်နိုင်ပေ။ ဘလက်ဖလိမ်းကဲ့သို့ မွန်းစတားတစ်ကောင်က ကစားသမားသောင်းချီကို ရင်ဆိုင်တိုက်ခိုက်သည့် စစ်ပွဲတွင် စိတ်ကူးယဉ်မရလောက်အောင် ကြီးမားသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။ သူတို့က ထိုကဲ့သို မွန်းစတားခြောက်ယောက်ကို ဖြေရှင်းရမှာဖြစ်၏။ အမှန်တကယ်တွင် ဘလက်ဖလိမ်းက လုပ်ကြံသတ်ဖြတ်သူစာရင်းကို မြင်တွေ့ခဲ့လျှင် ပိုတောင်အံ့သြသွားမှာဖြစ်သည်။
” ဒုခေါင်းဆောင်ရေ… ကျုပ်တို့ဘာလုပ်သင့်လဲ ” ဘလက်ကီက အနည်းငယ်ကြောက်လန့်လာ၏။
” တိုက်ခိုက်လို့လည်းမရဘူး။ ပုန်းနေတာကလည်း ရွေးချယ်မှုတစ်ခုမဟုတ်ဘူး”
” ကျွန်မဒီဆုံးဖြတ်ချက်ကို မချနိုင်ဘူး။ အစည်းအရုံးခေါင်းဆောင်ကို အရင်ဆက်သွယ်တာပေါ့”
အမှန်တကယ်တွင် ရေနှင်းဆီတွင် အကြံ တစ်ခုရှိသည်။ အစည်းအရုံးအဖွဲ့ဝင်များကို စစ်ပွဲထဲပို့ပြီး နောက်တွင် အစည်းအရုံး၏ ခွန်းအားချန်ထားရစ်မှာဖြစ်သည်။ ထိုနည်းဖြင့် သူတို့က ကြယ်တာရာမဟာမိတ်ထဲတွင် ရှုံးနိမ့်ခဲ့လျှင်တောင် အစည်းအရုံး၏ ပင်မတိုက်ပွဲဝင်စွမ်းအားကို ထိန်းသိမ်းထားနိုင်အုံးမှာဖြစ်သည်။ သူတို့သည် နတ်ဘုရားနယ်မြေ အမြင့်ဆုံးနေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသေးသည်။ သိုသော်ဘလက်ဖလိမ်းကသာ နောက်ဆုံး ဆုံးဖြတ်ချက် ချရမှာဖြစ်သည်။
လူတိုင်းက သဘောတူညီကြောင်း ခေါင်းညိတ်လိုက်၏။ ရေနှင်းဆီက အစည်းအရုံး ခေါင်းဆောင်အကြောင်း ကြားသည့် အချိန်တွင် သူတို့ရင်ထဲ၌ ယုံကြည်ချက်များ ကြည်ညိုလေးစား ယုံကြည်မှုများ ဖူးပွင့်လာတော့သည်။
သူတို့အစည်းအရုံးခေါင်းဆောင် အမိန့်ပေးသ၍ သူတို့ကနောက်ဆုံးအချိန်အထိ တ်ိုက်ခိုက်ပြီးအဆင့် သုညအထိ ရောက်အောင် ထပ်ခါထပ်ခါ သေရမည်ဆိုလျှင်တောင် သူတို့ထိုသို့လုပ်ရန်ဆန္ဒရှိသည့် အလွန်ဆုံးမှာ သူတို့အစည်းအရုံးခေါင်းဆောင်နှင့်အတူ ပြန်လည်စတင်ရန်သာဖြစ်သည်။ ရုတ်တရက်တွင် အစည်းအရုံးခန်းမတံခါးက ပွင့်သွားတော့၏။
ရင်းနှီးနေသော ပုံရိပ်က ရေနှင်းဆီနှင့် ကျန်သည့်သူများရှေ့တွင် ပေါ်လာသည်။
” အစည်းအရုံးခေါင်းဆောင် ”
” အစည်းအရုံးခေါင်းဆောင်ပြန်လာပြီပဲ ”
ချက်ချင်းပင် ခန်းမထဲရှိအားလုံးက မတ်တပ် ထပ်ရပ်လိုက်ကြသည်။
“ထိုင်ကြ ဘာတွေဖြစ်နေလဲဆိုတာ ငါသိပြီးပြီ” ရှီဖုန်းသည် အားလုံးကို အခန်းထဲရှိ အားလုံးကို မြင်သောအခါ မပြုံးဘဲ မနေနိုင်တော့ချေ။ သူတို့အားလုံးက သူတို့ဘာသာထိန်းထားပြီး အပြစ်ခုနှစ်ပါးပန်းပွင့်ကို တိုက်ခိုက်ရန်အခွင့်အရေး အနည်းငယ်လေးတောင် မပေးပေ။ ယခုသူတို့ အစည်းအရုံးခေါင်းဆောင်က ဖြေရှင်းရန် နေရာယူရမည့် အချိန်ရောက်နေပြီဖြစ်သည်။
” ဘလက်ကီ ငါ့အရင်က ပြောထားတာ အခြေနေဘယ်လိုရှိလဲ ” ရှီဖုန်းကမေးလိုက်၏။
“လိုအပ်တာတွေအားလုံးကို ဝယ်ဖို့ လုပ်ပြီးပါပြီ၊ လွမ်းဆွေးခြင်းက တခြားတိုင်းပြည်ရဲ့ အင်ပါယာတွေကို တောင်သွားပြီး သူတို့ကို ဝယ်ခဲ့တာပါ။ ကျွန်တော်တို့လိုအပ်တာအတွက် လုံလောက်လောက်မှာပါ ” ဘလက်ကီက ယုံကြည်ချက်ရှိရှိပြောလိုက်၏။
“ကောင်းပြီအဲ့ဒီကုန်ကြမ်းတွေကို ငါ့အတွက် စုဆောင်းပေး ” ကုန်ကျစရိတ်အတွက် စိတ်မပူနဲ့။ မူလတန်ကြေးရဲ့ နှစ်ဆထက်မပိုသ၍ အားလုံးကိုဝယ် ” ရှီဖုန်းက ပြောပြီးခေါင်းညိတ်လိုက်၏။
ပြီးနောက်သူက ကြယ်ကိုးပွင့် ဝင်ရိုးစွန်းနယ်မြေကို တည်ဆောက်ရန်အတွက် လိုအပ်သော ကုန်ကြမ်းစာရင်းကို ဘလက်ကီအားပေးလိုက်၏။ ပြီးနောက် ရေနှင်းဆီဘက် လှည့်ကြည့်ကာ ပြောလိုက်၏။
” ကြယ်တာရာမဟာမိတ်က စစ်ပွဲကိုစတင်တယ်ဆိုမှတော့ ငါတို့လည်း သူတို့ကို စစ်ပွဲပေးလိုက်တာပေါ့။ အစည်းအရုံးက လက်ရွေးစင်တစ်သောင်းကိုရွေးပြီး ကျောက်လက်သည်းတောင်တန်းကို သွားဖို့ ပြင်ဆင်ခိုင်းလိုက်”
“ပင်မတပ်ဖွဲ့နှင့် အမှောင်နတ်ဘုရားတပ်မဟာအဖွဲ့ဝင်တွေအားလုံးကလည်း ရှေ့ထွက်ပြီး လိုအပ်တာတွေပြင်ထား”
“အားလုံးပဲ ကြယ်တာရာမဟာမိတ်ကို ဖျက်ဆီးကြရအောင်” ရှီဖုန်းပြောပြီးသည့်အချိန်တွင် သူ့အစည်းအရုံးအဖွဲ့ဝင်များက အံ့သြစွံအသွားကြသည်။ မည်သူကမျှ ရှီဖုန်းထိုမျှ ဆုံးဖြတ်ချက်ပြတ်သားလိမ့်မည်ဟု မထင်ထားပေ။ မျက်တောင်တစ်ခပ်အတွင်း လူတိုင်း၏ ရင်ထဲ၌ ဂုဏ်ယူမှုတို့ ပေါက်ဖွားလာ၏။ သူတို့အစည်းအရုံးခေါင်းဆောင်က သိပ်မိုက်တာပဲ။ ဒီနေ့သူတို့အားလုံး သုတ်သင်ရှင်းလင်းခံခဲ့ရရင်တောင် ဇီးရိုးဝင်းက အလွယ်တကူ အနိုင်ကျင့်ခံမှာ မဟုတ်ဘူးဆိုတာပြရမယ်။