ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 729 စစ်ပွဲ၏ စည်းမျဉ်းများ
ကျောက်တောမြို့တွင် ရှီဖုန်း၏ အမိန့်အောက်၌ ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့နှင့် အမှောင်နတ်ဘုရားတပ်မဟာတို့က ကျောက်တောမြို့၏ အစည်းအရုံးဂေဟာတွင် မြန်မြန်ဆန်ဆန် စုဝေးလိုက်ကြ၏။
” ကြယ်တာရာမဟာမိတ်က ကျွမ်းကျင်သူတွေအများကြီး စုဆောင်းထားတယ်လို့ ငါကြားတယ် …။ နောက်ဆုံးတော့ ငါ့ရဲ့ ကြွက်သားတွေ ဆန့်ဖို့ အခွင့်အရေးရပြီပဲ …”
ရှေးစစ်သည်တော်တစ်ဦးဖြစ်သည့် အရိပ်ဓားက သူ၏ အလွှာတစ်လက်နက် မိုးသက်မုန်တိုင်းဝင်သက်ငွေ့ကို ပွတ်သပ်ပြီးနောက် ပြောကာ သူ၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်များ တောက်လောင်နေတော့၏။
အရိပ်ဓားဘေးတွင်ရပ်နေသည့် ကိုလာ၊ ယဲ့ဝူမြန်၊ ကြမ်းတမ်းခြင်းဓားသွား၊ အရိပ်ပျံသန်းခြင်း၊ မိုင်နာလေ၊ ငြိမ်းချမ်းခြင်းလိပ်နှင့် ကျန်သည့် ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ဝင်များကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
အပြစ်ခုနှစ်ပါးပန်းပွင့်က ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ကို ပသ်မှတ်ထားချိန်မှစပြီး ရှီဖုန်းသည် သူတို့ကို မြို့ထဲတွင်သာနေရန် အမိန့်ပေးခဲ့ပြီး အံ့ဖွယ်အားကစားရုံထဲတွင်သာ လေ့ကျင့်ခိုင်းခဲ့၏။ သူတို့၏ EXP ဘားများသည် ပြီးခဲ့သည့် ရက်ပိုင်း၌ အနည်းငယ်သာ တိုးတက်လာခဲ့သော်ငြား တိုက်ပွဲဝင်နည်းစနစ်က သိသိသာသာတိုးတက်လာ၏။ လူတိုင်း၏ စကေးပြီးမြောက်သည့်နှုန်းက နှစ်တစ်ရာဘယ်ရီဝိုင်၏ အကူအညီဖြင့် အဆပေါင်းများစွာ ခုန်တက်သွားပြီ ဖြစ်သည်။
ယခင်က မီးလျံကကြိုး၊ ခရမ်းတိမ်နှင့် ရေနှင်းဆီတို့သာလျှင် သူတို့၏ စကေးပြီးမြောက်သည့်နှုန်းကို (၈၅) ရာခိုင်နှုန်းနှင့်အထက်တွင် ထိန်းထားနိုင်တာ ဖြစ်၏။ သို့သော် ယခုမူ သူတို့သည်လည်း လုပ်နိုင်လာ၏။
သူတို့၏ နည်းစနစ်က မီးလျံကကြိုးနှင့် ကျန်သည့်အမျိုးသမီးနှစ်ယောက်အောက် အားနည်းနေသေးသော်ငြား သူတို့၏ အလွှာသုံးချပ်ဝတ်တန်ဆာ၊ အလွှာသုံးကျောက်ရိုင်းတုံးတို့ဖြင့် အပြစ်ခုနှစ်ပါးပန်းပွင့်၏ လုပ်ကြံသတ်ဖြတ်သူများသည် သူတို့ကို လွယ်ကူသည့် ပစ်မှတ်များဟူ၍ မမှတ်သင့်ပေ။
ခဏတာစောင့်စားပြီးနောက် ရှီဖုန်းသည် အစည်းအရုံးပို့ဆောင်ရေးစာလိပ်တစ်လိပ်ကို အသုံးပြုပြီးနောက် ဂေဟာ၏ ခန်းမထဲမှ ပေါ်လာတော့သည်။ ဇီးရိုးဝင်းအဖွဲ့ဝင်များက တလေးတစား ချက်ချင်းအသုံးပြုကြတော့၏။
” ရေ … မှော်အမျိုးအစားအဖွဲ့တွေ စီစဉ်ပြီးပြီလား …”
ရှီဖုန်းက ရေနှင်းဆီဘက်လှည်ပြီး မေးလိုက်၏။
သူသည် ဂျမ်းတဲလ်စနိုးထံမှ ကြယ်တာရာမဟာမိတ်နှင့် သက်ဆိုင်သည့် အချက်အလက်များစွာ ရခဲ့ပြီဖြစ်၏။ လက်ရွေးစဉ်အဖွဲ့ဝင်တစ်သောင်းမျှဖြင့် သူတို့သည် လက်ရွေးစဉ်ကစားသမားတစ်သိန်းကျော် တပ်ဖွဲ့တစ်ဖွဲ့ကို ရင်ဆိုင်နိုင်ရန် အခွင့်အရေးမရှိပေ။ သူတို့က ထိုကဲ့သို့ တပ်ဖွဲ့ကြီးကို စိန်ခေါ်ချင်ပါက သူတို့သည် ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေကို မှီခိုအားထားရမှာ ဖြစ်သည်။
ယခုအချိန်တွင် ကစားသမားများအတွက် အလယ်အဆင့် မှော်အစီအရင်များကို ထိန်းသိမ်းရန်အတွက် ဝိညာဉ်ဓာတ်စွမ်းအားများရှိခြင်းက အလုံခြုံဆုံး ဖြစ်ပေ၏။ ထို့ကြောင့် ရှီဖုန်းသည် ရေနှင်းဆီကို ဉာဏ်ရည်ပေါ်တွင် အခမဲ့အရည်အချင်းမှတ်များ အလေးပေးထားသည်။ မှော်အမျိုးအစား ကစားသမားများကို ရွေးချယ်ရန် ခိုင်းထားတာဖြစ်၏။
” အားလုံးစီစဉ်ပြီးပါပြီ …။ ခေါင်းဆောင်ရဲ့ လမ်းညွှန်ချက်အတိုင်း ကစားသမားကိုးယောက် အဖွဲ့နှစ်ဆယ်ဆီ ဖွဲ့ထားပါတယ် …။ ကစားသမားတစ်ယောက်ဆီက သီးခြားစာလိပ်နဲ့ ကိုယ်ပျောက်ဆေးရည်တွေကိုလည်း ထောက်ပံ့ပေးထားပြီးပါပြီ …”
ရေနှင်းဆီက သတင်းပို့လိုက်၏။
” ကောင်းပြီ …။ သူတို့ကို ဒါပေးလိုက် …။ လူတစ်ယောက်ကို စာလိပ်တစ်လိပ်ထက်မပိုဘူး …”
ရှီဖုန်းသည် အသစ်ထုတ်ထားသည့် ကြယ်ကိုးပွင့် ဝင်ရိုးစွန်းနယ်မြေ မှော်စာလိပ်ကို ထုတ်ပြလိုက်၏။
တစ်စုံတစ်ယောက်က တိုက်ပွဲဝင်သည့်အချိန်တွင် သီးခြားစာလိပ်နှင့် ကိုယ်ပျောက်ဆေးရည် နှစ်ခုလုံး၏ အာနိသင်ကို ရှုံးနိုင်ပေ၏။ သို့သော် သူတို့က ချုံခိုတိုက်ခိုက်ရာတွင် အလွန်အသုံးဝင်၏။ ရုတ်တရက်တွင် လွမ်းဆွေးခြင်းအပြုံးက အစည်းအရုံးခန်းမထဲသို့ ကမူးရှူးထိုး ဝင်လာပြီး အလောတကော ပြောလိုက်၏။
” အစည်းအရုံးခေါင်းဆောင် ရှင် တောင်းဆိုထားတာ သယ်လာပါပြီ …”
” ကောင်းပြီ …။ အဲ့တာတွေကို ပင်မတပ်ဖွဲ့နှင့် အမှောင်နတ်ဘုရားတပ်မဟာဆီ ဖြန့်ဝေပေးလိုက် …။ လူတစ်ယောက်ဆီကို အဆင့်မြင့်ရေခဲလက်ပစ်ဗုံး ဆယ်လုံးနဲ့ အလယ်အဆင့် ရေခဲလက်ပစ်ဗုံး အလုံးတစ်ရာရမယ် …။ ဒါအပြင် ပင်မတပ်ဖွဲ့ဝင်တိုင်းက အလင်းဗုံး နှစ်လုံးရမယ် …။ နောက်ဆုံး စစ်ပွဲထဲ ဝင်ပါတဲ့ လက်ရွေးစဉ်အဖွဲ့ဝက်တွေက အလယ်အဆင့် ရေခဲလက်ပစ်ဗုံး ဆယ်လုံးဆီ ရမယ် …”
ရှီဖုန်းက ညွှန်ပြလိုက်၏။ အလင်းဗုံးများက အင်ဂျင်နီယာများအတွက် ထုတ်လုပ်ရန် လွယ်ကူသည်။ ၎င်းက ရေခဲလက်ပစ်ဗုံးများကဲ့သို့ အသုံးပြုနိုင်ရန် ကြာချိန်က မတူညီပေ။ ထို့အပြင် ရေခဲလက်ပစ်ဗုံးများကဲ့သို့ အလင်းဗုံးများသည် စစ်ပွဲအတွက် အဖိုးမဖျက်နိုင်သော ကိရိယာဖြစ်သည်။ ကံဆိုးသည်မှာ ရှီဖုန်းသည် ရိုးရှင်းသည့် ဒီဇိုင်းတစ်မျိုးသာ ရှာတွေ့ခဲ့တာ ဖြစ်၏။ ကြယ်ကြွေကုန်သွယ်ရေးလုပ်ငန်း၏ အလယ်အဆင့် အင်ဂျင်နီယာက သူတို့ကို ချက်ချင်းထုတ်ပေးသည့်တိုင် သူသည် ဗုံးအလုံးနှစ်ရာခန့်သာ စီမံနိုင်ခဲ့သည်။ ပင်မတပ်ဖွဲ့ကို ထောက်ပံ့နိုင်ရုံမျှသာ ရှိ၏။
ရှီဖုန်း၏ စကားများက အေးအေးလူလူဖြစ်နေသော်ငြား လက်အောက်ငယ်သားများက ထိတ်လန့်သွားတော့၏။
သူတို့သည် ယခင်က ရေခဲလက်ပစ်ဗုံးကို အသုံးပြုခဲ့ဖူးသည်။ ၎င်းက အစည်းအရုံး၏ မဟာဗျူဟာအိုင်တမ်များထဲမှ တစ်ခုဖြစ်ပြီး သူတို့က စီစစ်သုံးရတာဖြစ်သည်။ ထိုအိုင်တမ်ကို ဘလက်ဝင်းမြို့တွင်သာ ရောင်းမှန်းသိသော်လည်း မည်သည့်နေရာတွင် ဝယ်ရမှန်း မသိကြပေ။ လက်ရှိတွင် ရှီဖုန်းက ရေနှင်းဆီနှင့် လွမ်းဆွေးခြင်းအပြုံးကို တည်နေရာထုတ်ဖော်ပြလိုက်၏။
အလယ်အဆင့် ရေခဲလက်ပစ်ဗုံး
သက်ရောက်မှုက အဆင့် (၇၀) အောက်ရှိ မွန်းစတားများနှင့် ကစားသမားများကို ဆန့်ကျင်နိုင်သည်။
ဆယ့်နှစ်ကိုက် အကွာအဝေးအတွင်းရှိ ပစ်မှတ်များကို ငါးစက္ကန့်တာ ခဲသွားစေနိုင်ပြီး ရေခဲထိခိုက်မှု ရှစ်ရာဖြစ်စေကာ လှုပ်ရှားမှုအရှိန်ကို ဆယ့်နှစ်စက္ကန့်တာ (၆၀) ရာခိုင်နှုန်း လျှော့ချပေးသည်။
တန်ကြေး = ငွေပြားဆယ်ပြား
အဆင့်မြင့် ရေခဲလက်ပစ်ဗုံး
အဆင့် (၁၂၀) အောက်ရှိ မွန်းစတားများနှင့် ကစားသမားများကို ရင်ဆိုင်ရာတွင် သက်ရောက်မှုရှိသည်။
ဆယ့်ငါးကိုက်အတွင်းရှိ ပစ်မှတ်များကို ငါးစက္ကန့်တာ ခဲသွားစေသည်။ ရေခဲထိခိုက်မှု နှစ်ထောင်ဖြစ်နေကာ သူတို့၏ လှုပ်ရှားမှုအရှိန်ကို ဆယ့်နှစ်စက္ကန့်တာ (၆၀) ရာခိုင်နှုန်း လျော့ချပေး၏။
တန်ကြေး = ငွေပြားခုနှစ်ဆယ်
ထိုကိရိယာများသည် ကစားသမားများကို ဆန့်ကျင်ရာတွင် တစ်ဝက်သာ သက်ရောက်မှု ရှိသော်လည်း ထိခိုက်မှုတစ်ခု ရှိနေသေးဆဲ ဖြစ်၏။ ထိုအိုင်တမ်များသည် မယုံနိုင်လောက်အောင်ပင် ဈေးကြီး၏။
ထိုသို့တိုင် ထိုတိုက်ပွဲအတွက် ရှီဖုန်းက များစွာပြင်ဆင်ထားခဲ့ပေသည်။
အစည်းအရုံးသည် ပင်မတပ်ဖွဲ့နှင့် အမှောင်နတ်ဘုရားတပ်မဟာအတွက် ရွှေပြားခြောက်ထောင်ရှစ်ရာ သုံးခဲ့သည်။ လက်ရွေးစဉ်အဖွဲ့ဝင်တစ်သောင်းအတွက် ထည့်တွက်ပြီးနောက် အစည်းအရုံး စုစုပေါင်းရွှေပြား တစ်သောင်းခြောက်ထောင်ရှစ်ရာ သုံးခဲ့တာဖြစ်သည်။
ဖွင့်လစ်ခြင်းရင်းမြစ် ကော်ပိုရေးရှင်းလုပ်ငန်းစုမှ ဘဏ္ဍာရေးထောက်ပံ့မှုဖြင့် ကြယ်တာရာမဟာမိတ်တောင် ထိုမျှများပြားသည့် ဂိမ်းငွေကြေးများကို တစ်ခါထဲ အသုံးပြုနိုင်ခြင်း မရှိပေ။ ကြယ်တာရာမဟာမိတ်က ထိုမျှများပြားသည့် ပိုက်ဆံကိုထုတ်ရန် ဆန္ဒရှိမှာ မဟုတ်ပေ။ ထိုသို့တိုင် ရှီဖုန်းက တွေဝေမနေချေ။
ဇီးရိုးဝင်းအဖို့တောင် ရွှေပြားသောင်းခြောက်ထောင်ရှစ်ရာက အိတ်ကပ်ထဲရှိ အကြွေ မဟုတ်ခဲ့ပေ။ ဇီးရိုးဝင်းသည် ခက်ခဲမှုများစွာကို ကျော်ပြီး ရလာသည့် ပိုက်ဆံသာ ဖြစ်၏။
သို့သော် ရှီဖုန်းက ကုန်ကျမှုကို စိတ်ထဲမထားပေ။ သူက လွမ်းဆွေးခြင်းအပြုံးကို ရေခဲလက်ပစ်ဗုံးများ ဝယ်ယူရန် တောင်းဆိုခဲ့ရုံသာမက ပိုတောင်အစွမ်းထက်သည့် အရာများကိုတောင် တောင်းဆိုခဲ့သေး၏။ ထိုအိုင်တမ်က သူတို့ ဝယ်ယူထားသည့် ရေခဲလက်ပစ်ဗုံးများအားလုံးထက် တန်ဖိုးကြီးပေသည်။
ကျန်သည့်သူများအဖို့ လက်ရွေးစဉ်ကစားသမား တစ်သိန်းကျော်ပါသည့် တပ်ဖွဲ့တစ်ဖွဲ့ကို ဖြေရှင်းဖို့က လွယ်ကူမှာ မဟုတ်ပေ။ ဂိမ်းငွေကြေးများ သုံးစွဲဖို့ရှိသည့် ရှီဖုန်းအဖို့ ၎င်းက မခက်ခဲချေ။
ထိပ်တန်းအလွှာကစားသမားများတောင် လက်ရွေးစဉ်တပ်ဖွဲ့၏ မြင်းခွာအောက်တွင် ကန့်သတ်ခံလိုက်ရမှာ ဖြစ်သည်။ ကြယ်တာရာမဟာမိတ်ကို ကျော်လွှားနိုင်ရန် အခွင့်အရေးကို တိုးမြင့်ဖို့ရာ ရှီဖုန်းသည် အစည်းအရုံး၏ အလုံးစုံခွန်အားကို တိုးမြင့်ရန်လိုအပ်၏။ လက်ရွေးစဉ်အဖွဲ့ဝင်တိုင်းကို ဖြေရှင်းရန်အတွက် အလယ်အဆင့် ရေခဲလက်ပစ်ဗုံးများက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
ရှီဖုန်းသည် နတ်ဘုရားနယ်မြေထဲတွင် ဆယ်နှစ်ကျော်ကစားလာခဲ့တာ ဖြစ်၏။ သူသည် မရေမတွက်နိုင်လောက်သည့် အစည်းအရုံးစစ်ပွဲများထဲတွင် ဝင်ပါခဲ့ဖူးသည်။ ထို့ကြောင့် အစည်းအရုံးစစ်ပွဲများ မည်သို့လှုပ်ရှားမှန်း သူအတော်လေး ရင်းနှီးပေ၏။
အစည်းအရုံးစစ်ပွဲထဲတွင် အနိုင်ရရှိမှု သေချာစေရန် လက်ရွေးစဉ်နှင့် ကျွမ်းကျင်ကစားသမားများအပေါ် မှီခိုအားထားခြင်းက အနိုင်ရစေရန် လုံလောက်ဖို့ ဝေးနေသေးသည်။ နတ်ဘုရားနယ်မြေ၏ တိုက်ပွဲထဲတွင် မှော်ကိရိယာများက အချက်အချာကျပေသည်။
ကုန်းပြင်မြင့်တစ်လျှောက်တွင် တစ်ခါက ကျော်ကြားခဲ့ဖူးသော အမြွှာ မြွေလက်စွပ်ကို ဥပမာယူနိုင်ပေ၏။ မဟာဗျူဟာလက်နက်တစ်မျိုးဖြစ်ပြီး သာမန်ကစာသမားတစ်ဦး၏ လက်ထဲတွင်တောင် လက်ရွေးစဉ်နှင့် ကျွမ်းကျင်ကစားသမားသိန်းချီကို အမြှီးကုတ်နေရလောက်အောင် စွဲဆောင်နိုင်သည့် အရာဖြစ်သည်။အမျိုးမျိုးသော တိုင်းပြည်များနှင့် အင်ပါယာများကို ကြောက်လန့်မှုကြောင့် တုန်လှုပ်သွားစေနိုင်သည့် လက်နက်တစ်မျိုး ဖြစ်၏။
အဆုံးတွင် အမျိုးမျိုးသော တိုင်းပြည်များနှင့် အင်ပါယာများမှ မမှန်းဆနိုင်သည့် တန်ကြေးကို ပေးဆပ်ကာ အမွှာမြွေလက်စွပ်ကို ဖျက်ဆီးခဲ့ကြသည်။ ထို့ကြောင့် အတိတ်တုန်းက အမျိုးမျိုးသော အစည်းအရုံးကြီးများသည် ဤကဲ့သို့သော အိုင်တမ်များကို ရှာဖွေရန်အတွက် ပိုက်ဆံများ ရင်းနှီမြှုပ်နှံခဲ့ကြသည်။
ထိုမှော်လက်နက်များ မည်မျှအစွမ်းထက်ကြောင်း လက်ရှိကစားသမားများက သဘောပေါက်ခြင်း မရှိသေးချေ။ ထို့ကြောင့် သူတို့က တိုက်ပွဲတစ်ပွဲတွင် အနိုင်ရမှုကို သေချာစေရန်အတွက် ကျွမ်းကျင်ကစားသမားအရေအတွက်ကိုသာ မှီခိုအားထားရမည်ဟု ခံစားမိနေကြတာ ဖြစ်သည်။
ရေခဲလက်ပစ်ဗုံး၏ အာနိသင်က ကစားသမားများဆီ တစ်ဝက်သာရမည် ဖြစ်သော်လည်း ကြယ်တာရာမဟာမိတ်၏ လက်ရွေးစဉ်များကို ပိုက်ဆံကုန်သွားစေနိုင်တာထက် ပို၏။ သူတို့က သင့်လျော်စွာ အသုံးပြုခဲ့လျှင် ရေခဲလက်ပစ်ဗုံးများသည် ကြယ်တာရာမဟာမိတ်ကို အရေးကြီးသည့် သင်ခန်းစာတောင် ပေးနိုင်၏။
နတ်ဘုရားနယ်မြေထဲရှိ တိုက်ပွဲများက ပိုကြီးမားသည့် တပ်ဖွဲ့ဖြင့် အနိုင်ရရန် မလိုအပ်ချေ။ သူတို့၏ ပြိုင်ဘက်ကို သေအောင် ပိုက်ဆံဖြင့် ဖို့သတ်နိုင်၏။
ဇီးရိုးဝင်းမှ လူတိုင်းက သူတို့ လိုအပ်သည့်ပစ္စည်းများ ဝတ်ဆင်ပြီးနောက် ရှီဖုန်း၏ ဦးဆောင်မှုအောက်တွင် သူတို့က ကျောက်လက်သည်းတောင်တန်းဘက်သို့ တက်ကြွစွာ ချီတက်ကြတော့သည်။
” မြန်မြန်ကြည့်အုံး ဇီးရိုးဝင်းကပဲ …”
” ဟိုက်ရှားပါး သူတို့ တကယ်ကြီး တိုက်ခိုက်တော့မှာပေါ့ …။ သူတို့ စိတ်လွတ်သွားတာပဲ ဖြစ်မယ် …”
” ဒီလောက် လူနည်းနည်းလေးနဲ့ ဘာလုပ်ဖို့ ရည်ရွယ်နေကြတာလဲ …။ သူတို့ကို သူတို့ သတ်သေချင်နေတာလား …”
တစ်ကိုယ်တော်ကစားသမားများစွာက ကစားသမားတစ်သောင်းကျော်မျှသာပါသည့် ဇီးရိုးဝင်း၏ တပ်ဖွဲ့ကို အထင်တသေး ကြည့်နေကြ၏။
ကြယ်တာရာမဟာမိတ်ဘက်ခြိမ်းတွင် လက်ရွေးစဉ် ကစားသမာတစ်သိန်းကျော်ရှိတာ သိထားသင့်ပေသည်။
” ဘလက်ဖလိမ်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ …။ ဘာကြောင့် ဒီလောက် လူနည်းနည်းလေးပဲ ပို့ရတာလဲ …”
ကျောက်လက်သည်းတောင်တန်း၏ အစည်းအရုံးဝင်ပေါက်တွင် စောင့်နေသည့် ဂျမ်းတဲလ်စနိုးက ဇီးရိုးဝင်း၏ တပ်ဖွဲ့ ချဉ်းကပ်လာတာကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
” သူ အလျှော့ပေးသွားတာ များလား …”