ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 742 အဆုံးအဖြတ်တိုက်ကွက်
ငွေရောင်ဝတ်ရုံဖြင့်လူ၏ လှံတစ်လက်အသွင်ခြောက်ပါးကို ရှီဖုန်းရုတ်တရက် ရှောင်တိန်းလိုက်မှုက လျှို့ဝှက်မျှော်စင်အဖွဲ့ဝင်များကို အံ့သြဆွံ့အသွားစေသည်။
” သူဘယ်လိုလုပ်ခဲ့တာလဲ …”
အေးစက်ဆောင်းဦးက မျက်လုံးများမှိတ်လျှက်ရှိသေးသော ရှီဖုန်းကို မျက်လုံးများပြူးကျယ်စွာ စိုက်ကြည့်လိုက်၏။
ရှီဖုန်းသည် ထိုကဲ့သို့ လှံရေးကျွမ်းကျင်မှုကို ရှောင်တိန်းခဲ့သည်။ မျက်လုံးဖွင့်ထားလျှင် ရှောင်ရန်မဖြစ်နိုင်သည်ကို သူက မျက်လုံးမှိတ်လျှက် ရှောင်ခဲ့၏။ ယင်းက လက်မခံနိုင်စရာ ကောင်းလှပေသည်။ ယွမ်းထျယ်ရှင်းကလည်း အံ့သြမှင်သက်နေ၏။
” ဘလက်ဖလိမ်းက တကယ်အံ့သြဖို့ကောင်းတာပဲ …။ သူက စကိုင်းရဲ့ လှံတစ်ဖက်အသွင်းခြောက်ပါးကို ဒီလောက်မြန်မြန် ဖောက်ထွင်းမြင်နိုင်လိမ့်မယ်လို့ မထင်ထားဘူး …”
ယွမ်ထျယ်ရှင်းက ထုတ်ဖော်ပြောလိုက်၏။
” လွန်ခဲ့တဲ့နှစ်တွေတုန်းက စကိုင်းရဲ့ လှံတစ်လက်အသွင်ခြောက်ပါးကို ရင်ဆိုင်တုန်းက အကြိမ်ပေါင်းများသွာ ရှုံးနိမ့်ခဲ့တယ် …။ ဒါတောင် ဘလက်ဖလိမ်းက တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးတဲ့နောက် ဒါကို ဖောက်ထွင်းမြင်သွားတာ …။ သူမွန်းစတားတစ်ကောင်များ ဖြစ်နိုင်လား …”
ငွေရောင်ဝတ်ရုံဖြင့်လူ၏ အမည်က ကောင်းကင်ဖြစ်ပြီး အပြစ်ခုနှစ်ပါးပန်းပွင့်၏ ဝါရင့်လုပ်ကြံသတ်ဖြတ်ရေးသမားများထဲမှ တစ်ဦးဖြစ်သည်။ စူပါအစည်းအရုံးမှ ထိပ်တန်းအလွှာကျွမ်းကျင်သူများက ကောင်းကင်၏ လက်ထဲတွင်ပြင်းပြင်းထန်ထန်ခံစားခဲ့ရ၏။ ကောင်းကင်သည် လေဟာနယ်နယ်ပယ်သို့တက် ရောက်ပြီးသည့် ကျွမ်းကျင်သူများစွာကိုတောင် သတ်ဖြတ်ခဲ့ဖူးသည်။
သူတို့၏ အာရုံငါးပါးကို အကန့်အသတ်ထိ ထုတ်ဖော်နိုင်ပြီး ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်စွမ်းပိုင်ဆိုင်ထားသည့် လေဟာနယ်နယ်ပယ်များသာလျှင် လှံတစ်လက်အသွင်ခြောက်ပါးကို ပိတ်ဆို့နိုင်သည့်စွမ်းရည်ရှိကြတာ ဖြစ်၏။
ယွမ်ထျယ်ရှင်းတောင် လက်တစ်လက်အသွင်ခြောက်ပါးကို ခုခံရန်ရုန်းကန်နေရသည်။ သူက အလွန်ဆုံး လေးကွက်မှ ငါးကွက်သာ ပိတ်ဆို့နိုင်တာဖြစ်၏။ သို့သော် သူက ဒိုင်းစစ်သည်တော်တစ်ဦးဖြစ်၏။ ထို့ကြောင့် ဒိုင်းတစ်လက်ဖြင့် လှံတိုက်ကွက်များကို ဆန့်ကျင်သည့်အချိန်တွင် ပိုလွယ်ကူတာဖြစ်သည်။ သူက ကောင်းကင်နှင့် ရင်ဆိုင်ရသည့်အခါ ခက်ခဲရုံသာရှိ၏။
ဂိမ်းထဲတွင် စကေးများစွာရှိသည်။ အကွာအဝေးကျယ်တိုက်ခိုက်ရေးကဲ့သို့ စကေးများလည်းရှိ၏။ ကောင်းကင်နှင့် ခပ်ဝေးဝေးတွင်နေပြီး တိုက်ခိုက်နိုင်၏။ ဆိုရလျှင် ရှေးစစ်သည်တော်တစ်ဦး၏ တိုက်ခိုက်နိုင်သည့် အကျယ်အဝန်းက ဝေးကွာ၏။ လှံရှည်က လူတစ်ယောက်၏ တိုက်ကွက်ဧရိယာကို ထိုမျှများစွာ မတိုးချဲ့နိုင်ပေ။
သို့သော် နီးကပ်သည့်အကွာအဝေးတွင် ဤကဲ့သို့ အရှိန်မြင့်တိုက်ပွဲများတွင် အသက်ကယ်စကေးများအပြင် သွေးတစ်ချက်ဖြင့် ၎င်းကို ထုတ်ဖော်နိုင်သည်က ကောင်းကင်၏ စကေးများကို ဆန့်ကျင်ဖို့က မဖြစ်နိုင်ပေ။ စကေးများသည် များသောအားဖြင့် မထုတ်ဖော်ခင် အထူးလှုပ်ရှားမှုများ လိုအပ်၏။ ထိုအရာက ကျွမ်းကျင်ကစားသမား၏ အဆင်မပြေသည့် အာရုံတစ်ခုကို ဖန်တီးသည်။ သူတို့၏ တိုက်ကွက်များက စကေးကိုအသုံးပြုထားလျှင် သာမန်တိုက်ကွက်များကဲ့သို့ မြန်ဆန်ပြီး သဘာဝကျနေမှာ မဟုတ်ပေ။ ထို့ကြောင့် ပုံမှန်ဆို မပိုင်ဆိုင်ထားသည့် အားနည်းချက်များကိုထုတ်ဖော်ရာ ရောက်ပေလိမ့်မည်။
သန့်စင်ခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူများ သို့မဟုတ် သန့်စင်ခြင်းနယ်ပယ်အထက်ရှိ ကျွမ်းကျင်သူများသည် ကျန်သည့်ကစားသမားများနှင့် ဆန့်ကျင်ပြီး အနီးကပ်တိုက်ပွဲဝင်ရာတွင် စကေးများကို အသုံးပြုတာရှားသည့် အကြောင်းအရင်းက ယင်းကြောင့်ပင် ဖြစ်သည်။ အားနည်းချက်က သူတို့၏ ကံဆိုးမိုးမှောင်ကျမှုကို ဆင့်ခေါ်နိုင်သောကြောင့် ဖြစ်၏။
ရှီဖုန်းသည် လေဟာနယ်နယ်ပယ်သို့ မရောက်သေးပေ။ သို့သော် မည်သည့်စကေးမှ အသုံးမပြုဘဲ ကောင်းကင်၏ လှံတစ်လက်အသွင်ခြောက်ပါးအာနိသင် ပျက်ပြယ်သွားအောင် ဆောင်ရွက်နိုင်သေး၏။ ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို ယွမ်ထျယ်ရှင်း ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။
စစ်မြေပြင်ပေါ်တွင် ကောင်းကင်က သူအနည်းငယ် အံ့သြသွားပြီးနောက် မျက်လုံးထဲတွင် တိုက်ခိုက်ရေးဝိညာဥ်များ တောက်လောင်လာသည်။ သူက လှံတစ်လက်အသွင်ခြောက်ပါးကို ထပ်မံထုတ်ဖော်လိုက်ပြန်၏။
စကိုင်းသည် သူ၏ အထူးနည်းစနစ်ကို တစ်ဆက်ထဲအကြိမ်ပေါင်းများစွာ ထုတ်ဖော်ခဲ့သည်။ ထိုသို့တိုင် ရှီဖုန်းက မျက်လုံးမှိတ်ပြီး သူ့တိုက်ကွက်များအားလုံးကို ရှောင်တိန်ခဲ့ကာ အကြိမ်တိုင်း တန်ပြန်တိုက်ခိုက်ခဲ့၏။ အစတွင် ရှီဖုန်းက တန်ပြန်တိုက်ခိုက်နေစဥ် တစ်ချက်သာထိနိုင်ခဲ့၏။ ယခု နှစ်ချက်ထိသွားသည်။ ကောင်းကင်က ရှီဖုန်း၏ တိုက်ကွက်တိုင်းကို ပိတ်ဆို့ခဲ့သော်ငြား ထိခိုက်မှုများစွာ ရရှိသေး၏။ ရှီဖုန်း၏ တိုက်ကွက်တစ်ခုချင်းဆီက (-၅၀၀) ထိခိုက်မှု ဖြစ်စေသည်။ ရှီဖုန်း၏ ခွန်အားက အံ့သြဖွယ်ကောင်းလှပေသည်။
နတ်ဘုရားနယ်မြေထဲတွင် ရလဒ်သက်ရောက်မှုက လက်နက်ပေါ်လည်း မူတည်နေပေ၏။ တိုက်ပွဲဝင်သူများ၏ ခွန်အားကြားထဲတွင် သိသိသာသာကွာဟချက်ရှိနေလျှင် ထိခိုက်မှုအချို့ ပေါ်လာမှာဖြစ်သည်။ သို့သော် ထိုထိခိုက်မှုက လျစ်လျူရှူ့နိုင်လောက်သည်အထိ နိမ့်နေကြဖြစ်သည်။
တိုက်ပွဲဝင်သူများ၏ ခွန်အားကွာဟချက်က အတော်လေးကြီးမားနေခဲ့လျှင် အားနည်းသည့်ဘက်ခြမ်းက သိသိသာသာထိခိုက်မှု ရရှိမှာဖြစ်သည်။ သူတို့က တိုက်ကွက်ကို အောင်မြင်စွာပိတ်ဆို့နိုင်ခဲ့လျှင်တောင် ထိခိုက်အုံးမှာပဲ ဖြစ်သည်။ ကောင်းကင်က ဘလက်ဖလိမ်းကို ဆန့်ကျင်ရာတွင် အရေးသာနေခဲ့၏။ သူ၏ ချပ်ဝတ်တန်ဆာများက နတ်ဘုရားနယ်မြေထဲရှိ ကစားသမားများကြားထဲတွင် လက်ရှိအထွဠ်အထိပ်သို့ ရောက်ပြီဖြစ်၏။
သူက ခွန်အားအတွက် နာမည်ကျော်ကြားသော ရှေးစစ်သည်တော်တစ်ဦးလည်း ဖြစ်သည်။ သူထုတ်ဖော်သည့် ရှေးစစ်သည်တော်စကေးက ခွန်အားအမျိုးအစား ရှေးစစ်သည်တော်စကေးတောင် ဖြစ်နေ၏။ ထိုသို့တိုင် ရှီဖုန်း၏ ခွန်အားက သူ့ခွန်အားထက် ကျော်လွန်နေသေးသည်။ စကိုင်းအဖို့ ထိုကဲ့သို့အခြေအနေကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးတာဖြစ်သည်။ ခွန်အားအရည်အချင်းအရာတွင် နတ်ဘုရားနယ်မြေထဲတွင် မွန်းစတားကဲ့သို့ ကစားသမားများတောင် သူ့ကို ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်း မရှိပေ။
သူသည် နောက်ထပ်ကစားသမားတစ်ဦးကို တိုက်ခိုက်နေရသလို မခံစားရတော့ပေ။ ထိုအစား သူသည် လူပုံစံအရှင်အဆင့်မွန်းစတားတစ်ကောင်ကို တိုက်ခိုက်နေရသကဲ့သို့ ခံစားနေရသည်။ တိုက်ကွက်များကို ခုခံနေစဥ် (-၅၀၀) ထိခိုက်မှု ရရှိသွား၏။ ရှေးစစ်သည်တော်ကေးကို အသက်သွင်းပြီးနောက် သူ၏ HP က သောင်းကိုးထောင်ထက် အနည်းငယ်ပိုရုံသာရှိသည်။
သူ ရှီဖုန်း၏ တိုက်ကွက်များကို ခုခံနိုင်သည့်အကြိမ်အရည်အတွက်ကလည်း အကန့်အသတ်ရှိပေသည်။
စကိုင်းက ရှီဖုန်း၏ တိုက်ကွက်အများစုကို ရှောင်တိန်းနိုင်ခဲ့သော်ငြား အားလုံးကိုမရှောင်နိုင်မှန်း သိလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ကို ထိန်းချုပ်ရာတွင် အစွမ်းထက်သော်ငြား ရှီဖုန်း၏ တိုက်ကွက်များက အင်မတန်မြန်ဆန်လွန်း၏။ သူက ရှီဖုန်း တိုက်ခိုက်များ၏ လားရာကို ကြုံတင်မှန်းဆထားသည့်တိုင် သူ့ကိုသူ မခုခံနိုင်ဖြစ်နေသည်။
” တကယ်အံ့သြဖို့ ကောင်းတာပဲ …။ ငွေတောင် မင်းကို သတိပြုတာ အံ့သြစရာမရှိဘူး …”
ရှီဖုန်းကို စိုက်ကြည့်ပြီး ကောင်းကင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
” ငွေကို စိန်ခေါ်ဖို့အတွက် ဒီကတ်ကို သိမ်းထားဖို့ရည်ရွယ်ခဲ့တာ …။ ဒါပေမယ့် ရွေးချယ်စရာမရှိဘဲ မင်းပေါ်မှာပဲ သုံးရတော့မယ်နဲ့တူတယ် …”
ပြောပြီးသည်နှင့် ကောင်းကင်၏လှံက လှံအရိပ်ကိုးခုအဖြစ် အသွင်ပြောင်းသွား၏။
လှံတစ်ချက် ကိုးပါးသတ်ဖြတ်ခြင်း
ယင်းက ကောင်းကင်အရည်အချင်း၏ အကန့်အသတ်ဖြစသ်သည်။ လှံတစ်လက်အသွင်ခြောက်ပါးပြောင်းလဲမှုထက် အကွာအဝေးကျယ်ရုံသာမက ပိုလည်းမြန်ဆန်၏။ ယခုအခေါက်တွင် ရှီဖုန်းက မျက်လုံးဖွင့်လိုက်သည်။
လှံအရိပ်ကိုးရိပ် ရုတ်တရက် ချဥ်းကပ်လာတာကိုရင်ဆိုင်ရသောအခါ နောက်ဆုတ်မည်ထက် ရှီဖုန်းက ရှေ့သို့ဆက်တိုးလိုက်သည်။ ခပ်ဝေးဝေးကနေကြည့်နေသည့် ယွမ်ထျယ်ရှင်းက ရှီဖုန်း စိတ်လွတ်သွားတာဟု တွေးမိလိုက်၏။
လှံတစ်ချက်အသွင်ခြောက်ပါးကို ရှောင်ရသည်ကပင် ပလိပ်ရောဂါကဲ့သို့ ဖြစ်နေပြီမှန်း ကစားသမားများ သိကြသည်။ တစ်ဖက်တွင် လှံတစ်ချက်သတ်ဖြတ်ခြင်းကိုးပါးက ယွမ်ထျယ်ရှင်းကိုတောင် ကျောစိမ့်သွားစေ၏။ သူ၏ ဒိုင်းကို အချိန်မီမြောက်ခဲ့လျှင်တောင် လှံပုံရိပ်များက သူ့ကိုထိလောက်ပေ၏။ ထိုသို့တိုင် ရှီဖုန်းက လှံမျာကို ထိပ်တိုက်ရင်ဆိုင်နေသည်။ သူက ကောင်းကင်ရဲ့ လှံတစ်လက်အသွင်ခြောက်ပါးကို ပယ်ဖျက်တာ အောင်မြင်သွားတာကြောင့် ယုံကြည်ချက်အရှိလွန်သွားတာများလား။
သို့သော် ယွမ်ထျယ်ရှင်းက ရှီဖုန်းနှင့် ဝေးလွန်းနေ၏။ ရှီဖုန်း၏ ခန္ဓာကိုယ်တစ်ဝိုက် ရစ်ပတ်နေသော အပြာရောင်လျှပ်စီးကြောင်းကို သူ သတိမပြုမိပေ။ ထိုအကွက်က သတ်ဖြတ်ခြင်းရောင်ခြည်၏ ဒုတိယစကေး မိုးကြိုးနတ်ဘုရားသက်ဆင်းခြင်း ဖြစ်သည်။
မိုးကြိုးနတ်ဘုရားသက်ဆင်းခြင်း
ထိန်းချုပ်မှုစကေးအားလုံးကို လွင့်ပြယ်စေသည်။ လှုပ်ရှားမှုအရှိန်နှင့် တိုက်ခိုက်ရေးအရှိန်ကို (၁၅၀) ရာခိုင်နှုန်း တိုးမြင့်စေကာ ထိခိုက်မှုကို (၅၀) ရာခိုင်နှုန်း တိုမြင့်ပေပြီး ရရှိသည့်ထိခိုက်မှုအားလုံးကို သုံးဆယ်စက္ကန့်တာ (၅၀) ရာခိုင်နှုန်း လျော့ချပေး၏။
ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန် = တစ်နာရီ
ပြီးနောက် အပြာရောင်အလင်းတန်းများစွာက ဖျက်ခနဲ ပေါ်လာတော့သည်။ အလင်းတန်းက တစ်ဖျပ်ဖျပ်လှုပ်ရှားလာကာ လှံအရိပ်များသည် ရှီဖုန်းပေါ် ကျရောက်လာ၏။ အပြင်လူတစ်ဦး၏အမြင်တွင် လှံပုံရိပ်များက ရှီဖုန်းကို ရှောင်နေသယောင်ပင်။
လေပြင်းတစ်ချက်ကဲ့သို့ပင် ရှီဖုန်းက လှံအရိပ်ကိုးခုကို ကျော်ဖြတ်လျှက် ကောင်းကင်ဆီ ဝင်ရောက်တိုက်ခိုက်လိုက်သည်။ ပကတိမျက်လုံးဖြင့် လိုက်ကြည့်ဖို့တောင် မြန်ဆန်လွန်းနေကာ သတ်ဖြတ်ခြင်းရောင်ခြည်က ကောင်းကင်၏ ခံန္ဓာကိုယ်ကို ထိုးဖောက်သွား၏။
အရာအားလုံးက ခဏအတွင်း ဖြစ်သွားတာပင်။ ကောင်းကင်က ဖြစ်ပျက်နေတာကို သဘောမပေါက်သေးခင် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများစီးကျလာတော့၏။ HP က လျင်မြန်စွာ ယုတ်လျော့သွားသည်။ မျက်တောင်တစ်ခက်အတွင်း သူ၏ HP သောင်းကိုးထောင်က သုညဖြစ်သွားပြီး ကောင်းကင်၏ အလောင်းသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။
” ဒါက …”
ရှီဖုန်း၏ ရုပ်ချည်းတိုက်ခိုက်မှုက ကောင်းကင်ကို သေစေသွားသောကြောင့် ကြည့်နေသည့်သူများ အံ့သြမှင်သက်သွားကြသည်။
အချိန်အခိုက်အတန့်တစ်ခုအတွက် တိတ်ဆိတ်မှုသာ ကြီးစိုးနေတော့သည်။
” ခုနတုန်းက ဘာဖြစ်သွားတာလဲ …”
” သူ လှံအရိပ်ကိုးခုကို ဘယ်လိုပိတ်ဆို့ခဲ့တာလဲ …”
” ကောင်းကင် သေပြီလား …”
လျှို့ဝှက်မျှော်စင်ရှိ လူများ၏ စိတ်ထဲတွင် မေးခွန်းများပြည့်နေတော့သည်။ သူတို့သည် ရှီဖုန်းကို တစ်ချိန်လုံးအာရုံစိုက်ခဲ့သော်ငြား ရှီဖုန်းပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတာကိုသာ မြင့်ခဲ့ရ၏။ ကောင်းကင်မြေပြင်ပေါ် မပြုတ်ကျသွားခင်အထိ ရှီဖုန်း ဓားဆွဲထုတ်လိုက်တာကို သူတို့ အမြင်လိုက်ရပေ။ မည်သူကမှ ဖြစ်ပျက်သွားတာကို အတိအကျမသိတော့ပေ။
ရှီဖုန်းက အစောကပင် စကိုင်းကို ခဲရာခဲဆစ် တိုက်ခိုက်နေရတာကို ရ၏။ ထိုသို့တိုင် တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးနောက် ရှီဖုန်းက တိုက်ကွက်များဖောက်ထွင်းမြင်ကာ ကောင်းကင်၏ အထူးနည်းစနစ်ကို လွင့်ပြယ်စေခဲ့၏။ သူက ကောင်းကင်၏ အသက်ကိုတောင် တစ်ကွက်ထဲဖြင့် ယူသွားခဲ့သည်။ ထိုပြောင်းလဲမှုက မြန်ဆန်လွန်းကာ မယုံနိုင်စရာပင်။
” ဦးလေးယွမ် အခုဘာဖြစ်မလဲဆိုတာ သိလား …။ ဘလက်ဖလိမ်း ဘာလုပ်လိုက်တာလဲ …”
အေးစက်ဆောင်းဦးက နီရဲနေသည့် မျက်လုံးများဖြင့် မေးလိုက်သည်။ သို့သော် သူ့ဘေးတွင် ရပ်နေသည့် ယွမ်ထျယ်ရှင်းကမူ ဇဝေဇဝါဖြစ်နေပြီး မျက်လုံးများပြူးကျယ်နေတော့၏။