ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 743 အပြစ်ခုနှစ်ပါးပန်းပွင့်၏ ရှုံးနိမ့်မှု
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 743 အပြစ်ခုနှစ်ပါးပန်းပွင့်၏ ရှုံးနိမ့်မှု
ယွမ်ထျယ်ရှင်း၏ အမြင်တွင် ရှီဖုန်းက သေချာပေါက်သန်မာသော်လည်း သူ့အတွက်ပြိုင်ဘက်မဟုတ်သေးပေ။ သို့သော် ဓားသမား၏ ရုတ်ချည်းလုပ်ဆောင်ချက်က သူ့ကို အမှန်တကယ်အံ့သြဆွံ့အသွားစေသည်။
ယွမ်ထျယ်ရှင်းက စကိုင်း၏ လှံတစ်လက်အသွင်ခြောက်ပါးကို ရင်ဆိုင်ခဲ့ရလျှင် သူက အနိုင်ရရန် (၅၀) ရာခိုင်နှုန်းသာ သေချာ၏။ သို့သော် လှံတစ်လက်ကိုရင်ဆိုင်ရာတွင် စကိုင်းပြသထားသည့် ကိုးပါးသတ်ဖြတ်ခြင်းတွင် ယွမ်ထျယ်ရှင်းက သူအနိုင်ရရန် အခွင့်အရေးရှိမည်ဟု မထင်။ ထိုသို့တိုင် လှံတစ်လက်ကိုးပါးသတ်ဖြတ်ခြင်းကို အသုံးပြုပြီးသည့်တိုင် စကိုင်းက ရှီဖုန်း၏ တိုက်ကွက်တစ်ကွက်အောက်တွင် သေပွဲဝင်သွားရ၏။
ရှီဖုန်း ဓားကို လွဲရမ်းလိုက်သည့်အချိန်တွင် အရာအားလုံးက မြန်မြန်ဆန်ဆန်ဖြစ်သွားတာပင်။ ထို့အပြင် သူတို့ကြားထဲရှိ အကွာအဝေးကြောင့် ယွမ်ထျယ်ရှင်းက တိုက်ပွဲအဆုံးမသတ်သွားခင် ဘာတွေဖြစ်သွားမှန် သဘောပေါက်ပေ။
” ဒီတိုက်ပွဲကို မင်းတို့တွေ မှတ်တမ်းတင်ထားသေးလား …”
ယွမ်ထျယ်ရှင်းက သူနောက်ရှိလူများကို မေးလိုက်၏။
သူတို့က လျှို့ဝှက်မျှော်စင်၏ စုံစမ်းရေးဌာနမှ ဝန်ထမ်းဖြစ်ပေသည်။ သူတို့ကိုင်ဆောင်ထားသည့် မှော်ကြေးမုံက နတ်ဘုရားနယ်မြေထဲရှိ မှော်ကိရိယာတစ်မျိုးဖြစ်သည်။ တိကျသည့်အကွာအဝေးအတွင်းရှိ မြင်ကွင်းများကို မှတ်တမ်းတင်ထားနိုင်၏။
အမျိုးမျိုးသောမြို့များရှိ ဆိုင်များတွင် မှော်ကြေးမုံများကို ဝယ်ယူနိုင်ပေ၏။ သို့သော် သူတို့က အင်မတန်ဈေးကြီးသည်။ အခြေခံမှော်ကြေးမုံက ရွှေပြားသုံးပြား ကျသင့်၏။ သို့သော် အခြေခံမှော်ကြေးမုံသည် ကိုက်လေးထောင်အကွာအဝေးထဲရှိ ကိုက်တစ်ရာပတ်လည်တွင်သာ မှတ်တမ်းတင်နိုင်တာ ဖြစ်၏။ ဤအိုင်တမ်က တိုက်ပွဲများ၏ မှတ်တမ်းကို အစည်းအရုံးကြီးများအား အလွယ်တကူသိမ်းထားခွင့်ပေးထားတာ ဖြစ်သည်။
သူတို့ကဲ့သို့ ကစားသမားများအတွက် ဤတိုက်ပွဲတွင် ဆွဲသွင်းခံရဖို့က အထူးသဖြင့် လွယ်ကူပေသည်။ ထို့ကြောင့် သူတို့သည် တိုက်ပွဲနှင့် မလှမ်းမကမ်းနေရာ၌ နေနေတာဖြစ်၏။ သူတို့သည် တိုက်ပွဲကိုကြည့်ရန်အတွက် အဝေးကြည့်မှန်ပြောင်းကို အသုံးပြုနိုင်သော်ငြား ထိုအိုင်တမ်များက တိုက်ပွဲကို မှတ်တမ်းတင်ထားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် မှော်ကြေးမုံများက အချက်အလက်စုဆောင်းရန်အတွက် အကောင်းဆုံးကိရိယာများ ဖြစ်၏။ လိုအပ်သည့်အချက်အလက်များ စုဆောင်းပြီးနောက် အသေးစိတ်အချက်အလက်ကို သုသေသနပြုနိုင်သည်။ စနစ်၏ မှတ်တမ်းတင်လုပ်ဆောင်ချက်ထက် ပိုလွယ်ကူပေ၏။
” ကျွန်တော်တို့အာလုံး ရလိုက်တယ် …”
စုံစမ်းစစ်ဆေးရေး အေးဂျင့်များက ခေါင်းညိတ်လိုက်၏။
” ကောင်းတယ် …။ မြန်မြန်တစ်ခုကူးပြီး ပြီးရင် ငါ့ကို ပို့လိုက် …။ ပြီးရင် အစည်းအရုံးခေါင်းဆောင်ကိုလည်း ပို့လိုက်အုံး …”
ယွမ်ထျယ်ရှင်းက အမိန့်ပေးလိုက်တော့သည်။
သူ့ကဲ့သို့ ကျွမ်းကျင်သူတစ်ဉီးအတွက် ရှီဖုန်းနှင့် ကောင်းကင်၏ စံသတ်မှတ်ချက်တွင်ရှိသော ကစားသမားများကြားရှိ တိုက်ပွဲတစ်ပွဲကို ကြည့်ရတာထက် မက်မောစရာကောင်းတာမရှိပေ။ ထို့အပြင် ရှီဖုန်း၏ လုပ်ဆောင်ချက်ကလည်း ဉာဏ်အလင်းပွင့်သွားစေသည်။ ယခုအချိန်တွင် ယွမ်ထျယ်ရှင်းက လျှို့ဝှက်မျှော်စင်နှင့် ဇီးရိုးဝင်းကြားရှိ ဆက်ဆံရေးကို ပြန်မတွေးပဲမနေနိုင်ချေ။ သို့သော် စစ်ပွဲပြီးဆုံးသည့်အချိန်အထိ ထိုဆုံးဖြတ်ချက်ကို စောင့်ရမှာဖြစ်၏။
လျှို့ဝှက်မျှော်စင်အဖွဲ့ဝင်များ ခံစားရသည့် အံ့သြမှုနှင့်ယှဉ်လျှင် အပြစ်ခုနှစ်ပါးပန်းပွင့်၏ လုပ်ကြံသတ်ဖြတ်သူများက ထိုးနှက်ခံလိုက်ရတာ ဖြစ်သည်။
ကောင်းကင်က သူတို့ အထက်အရာရှိများထဲက တစ်ဉီး မဟုတ်သော်လည်း အဖွဲ့အစည်းအတွင်း သူ၏ ဂုဏ်သတင်းက မွှေးပျံ့လှပေသည်။ လူတိုင်းနည်းပါး သူ့အကြောင်းကို ကြားဖူး၏။ ထို့အပြင် အဖွဲ့အစည်းထဲတွင် များပြားသောလေဟာနယ်နယ်ပယ် ကျွမ်းကျင်သူများကြားထဲ၌ ကောင်းကင်တစ်ယောက်သာလျှင် ငွေကို ရင်ဆိုင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်သူတစ်ဉီးဖြစ်၏။ ထိုသို့တိုင် အနည်းငယ်သာ ကျော်ကြားသော ဘလက်ဖလိမ်းက ကောင်းကင်ကို သတ်ခဲ့သည်။
ယင်းက ပုရွတ်ဆိတ်တစ်ကောင်သည် ခြင်္သေတစ်ကောင်ကို သတ်တာကြည့်နေရသလိုပင် လက်မခံနိုင်စရာ ကောင်းလှ၏။
” အစည်းအရုံးခေါင်းဆောင် …”
မီးလျှံကကြိုးက လုပ်ကြံသတ်ဖြတ်ရေးသမား ဖျောက်စိတ်ကြယ် တောင့်ခဲနေတာကို မြင်သောအခါ သူမကလည်း လုပ်ကြံသတ်ဖြတ်ရေးသမား၏ အကြည့်ဆီ လိုက်ကြည့်လိုက်၏။ ချက်ချင်းပင် ရှီဖုန်းက လုပ်ကြံသတ်ဖြတ်ရေးသမားအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ကို သတ်လိုက်တာကို မြင်လိုက်ရသည်။ မီးလျှံကကြိုးတစ်ယောက်သာ ထိုကဲ့သို့ တုံ့ပြန်တာမဟုတ်ချေ။ ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲမှ လူတိုင်းကလည်း မြေပြင်ပေါ်ရှိ ရှေးစစ်သည်တော်ကို ကြည့်လိုက်သည့်အချိန်၌ သူတို့၏ ခန္ဓာကိုယ်ထဲ စွမ်းအားများစီးဝင်လာတာကို ခံစားမိသည်။
ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့က အဖွဲ့ဝင်ဆယ့်နှစ်ယောက်ကျော် ဆုံးရှုံးသော်လည်း ထိုတစ်ယောက်သေဆုံးခြင်းက အပြစ်ခုနှစ်ပါးပန်းပွင့်၏ အဖွဲ့ခေါင်းဆောင်သုံးလေးယောက်ကို သတ်ဖြတ်ခဲ့ခြင်းထက် ပိုပေ၏။
အပြစ်ခုနှစ်ပါးပန်းပွင့်က တာဝန်ကို ဘယ်တုန်းမှ မကျရှုံးဖူးဘူးမလား။
အဆုံးမှာ သူတို့ရဲ့ အသန်မာဆုံးအသင်းခေါင်းဆောင်တောင် သူတို့အစည်းအရုံးခေါင်းဆောင်ရဲ့ ဓားအောက်မှာ သေရသေးတာပဲမလား။
ကောင်းကင်၏ သေဆုံးမှုကလည်း ချော်ရည်ဘီးလူးကို ပျောက်ကွယ်သွားစေ၏။ ချော်ရည်ဘီလူး မရှိတော့သောအခါ မီးတောင်ချော်ရည်နယ်မြေကလည်း ပျောက်ကွယ်သွားတော့သည်။ မျက်တောင်တစ်ခက်အတွင်း ဇီးရိုးဝင်းမှလူတိုင်း ခံစားနေရသည့်ဖိနှိပ်မှုက ပေါ့ပါးသွားကာ သူတို့၏ အရည်အချင်းများက လျင်မြန်စွာ တိုးတက်သွားတော့၏။ တစ်ဖက်တွင် ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေက အပြစ်ခုနှစ်ပါးပန်းပွင့်၏ လုပ်ကြံသတ်ဖြတ်ရေးသမားများကို ဖိနှိပ်ထားဆဲ ဖြစ်သည်။
” သေစမ်း …။ ကောင်းကင်က ဒီလောက်မြန်မြန် အလွယ်တကူသေသွားတယ် …”
ဖျောက်စိတ်ကြယ်က မျက်မှောင်ကြုတ်ကာ အရည်အချင်းများတက်လာသည့် မီးလျှံကကြိုးဘက်ကို လှည့်ကြည့်လိုက်သည်။ သူက ဉီးစားပေးရမည့်အရာကို လစ်ဟင်းသွား၏။ အစက မီးလျှံကကြိုးသည် သူ့ထက် အရည်အချင်းပိုမြင့်ပြီးသား ဖြစ်သည်။ သူ၏ တည်ကျသောခန့်မှန်းမှုကို မှီခိုအားထားပြီး မီးလျှံကကြိုး၏ တိုက်ကွက်များကို အမှီလိုက်ရုံသာရှိသည်။ ယခု မီးလျှံကကြိုးက သူမ၏ အရည်အချင်းများပြန်ရပြီး သူကမူ ဖိနှိပ်ခံထားရသောကြောင့် ထိုအမျိုးသမီး၏ တိုက်ကွက်များကို ရှောင်တိန်းပိတ်ဆို့ခြင်းက ပိုခက်ခဲလာသည်။
ဖျောက်စိတ်ကြယ်ဖြစ်စေ၊ အပြစ်ခုနှစ်ပါးပန်းပွင့်၏ ကျန်သည့်အဖွဲ့ဝင်ဖြစ်စေ သူတို့က အားတင်းတိုက်ခိုက်နေရသည်။
” ခုနတုန်းက ငါ့ကိုတိုက်ခိုက်ရင်း ပျော်နေတာမလား …”
HP တစ်ဝက်အောက်သာ ကျန်တော့သည့် အရိပ်ဓားက ပြောပြီးနောက် သန့်စင်ခြင်းနယ်ပယ် အဆင့် (၃၄) အစောင့်အရှောက်သူရဲကောင်းကို မဲ့ပြုံးပြုံးပြပြီး ပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်က အပြုံးတစ်ပွင့်အဖြစ် ကွေးတက်သွားကာ အရိပ်ဓားက ပြောလိုက်၏။
” အခု ငါ့အလှည့်ရောက်ပြီ …”
ထိုသို့ပြောပြီးနောက် အရိပ်ဓားက မီးတောက်ပြာအစွန်းနှစ်ဖက်ဓားကို ကြမ်းတမ်းစွာ လွဲရမ်းလိုက်ပြီးနောက် လေပွေပိုင်းဖြတ်ခြင်းကို ထုတ်ဖော်လိုက်သည်။ သူက အားနည်းချက်များ ထုတ်ဖော်ခံရမှာကို အနည်းငယ်လေးတောင် ဆိုးရွံ့မနေချေ။
အကြွင်းမဲ့ခွန်အားနှင့် အရှိန်ကိုရင်ဆိုင်ရာတွင် အဆင့် (၃၄) အစောင့်အရှောက်သူရဲကောင်းက အရိပ်ဓား၏ လေပွေပိုင်းဖြတ်ခြင်းကို ခုခံရန် ဒိုင်းကိုမြောက်လိုက်သော်ငြား သက်ရောက်သည့်အားကို သူ့ကိုနောက်သို့ခြောက်လှမ်းခန့်ဆုတ်အောင် ဖိအားပေးလိုက်ပြီးနောက် သူ၏ ခေါင်းအထက်တွင် (-၈၀၀) ထိခိုက်မှု ပေါ်လာတော့၏။ သူသည် ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားခဲ့သည်။
အရိပ်ဓားက ချက်ချင်းပင် ကြမ်းတမ်းသည့် ပိုင်းဖြတ်မှုများဖြင့် ဆက်တိုက်တိုက်ခိုက်တော့၏။
အရိပ်ဓား၏ လျင်မြန်သောတားဆီးမှုကို ခံရသောအခါ အစောင့်အရှောက်သူရဲကောင်းသည် ရွေးချယ်စရာမရှိတော့ဘဲ သူ၏ ဒိုင်းကိုမြောက်ကာ သူ့ကိုသူ ခုခံကာကွယ်နေရ၏။ သို့သော် အရိပ်ဓားက သူ၏ဒိုင်းကို ထိသွားသည့်အချိန်တိုင်း သူက (-၂၀၀) ထိခိုက်မှု ရရှိသည်။ ခန္ဓာကိုယ်က နောက်သို့တစ်လှမ်းပြီးတစ်လှမ်းဆုတ်ရန် ဖိအားပေးခံရ၏။ သူက တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး မရှိချေ။
ခရမ်းတိမ်ဘက်ခြမ်းတွင်မူ နက္ခတ်ဗေဒဆရာက နောက်ဆုံးတွင် စွမ်းအားကို ထုတ်ဖော်လိုက်နိုင်ပြီ ဖြစ်သည်။ ကြယ်တာရာစောင့်ရှောက်မှုကို အသက်သွင်းပြီးနောက် သူမသည် အဆင့် (၃၄) ရှေးစစ်သည်တော် အဖွဲ့ခေါင်းဆောင်ကို လွင့်ထွက်သွားစေ၏။ ပြီးနောက် ဝိညာဥ်ဓာတ်စွမ်းအား ဘောလုံးများဖြင့် တိုက်ခိုက်လိုက်တော့၏။
ဝိညာဥ်ဓာတ်စွမ်းအား ဘောလုံးသုံးဆယ်က သူတို့နားရှိ လေထဲတွင် ပေါ်လာတော့၏။ ထိုတိုက်ကွက်က နှစ်တစ်ရာဘယ်ရီဝိုင်ကို သောက်သုံးပြီးနောက် သူမဆင့်ခေါ်နိုင်သော ဝိညာဥ်ဓာတ်စွမ်းအား သုံးဆယ်ခြောက်လုံးကဲ့သို့ မသန်မာသည့်တိုင် ခရမ်းတိမ်က ဝိညာဥ်ဓာတ်စွမ်းအားဘောလုံးသုံးဆယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိသည်။
ထို့အပြင် သူမ၏ အရည်အချင်းများ ပြန်ရသောကြောင့် ဝိညာဥ်ဓာတ်စွမ်းအားတွင် ပါဝင်သည့် တိုးတက်လာ၏။ ရှေးစစ်သည်တော်အဖွဲ့ခေါင်းဆောင်က ဝိညာဥ်ဓာတ်စွမ်းအား ဘောလုံလိုင်းကို ပိတ်ဆို့ရန်အတွက် စွမ်းဆောင်ရည်အပြည့်အဝ လိုအပ်ပေသည်။ မဟုတ်ပါက ထိုဘောလုံးများသည် သူ့ကို နောက်သို့လွင့်ထွက်သွားစေပြီး အားနည်းချက်များ ပိုမိုပေါ်ပေါက်လာမှာ ဖြစ်၏။
သို့သော် ဝိညာဉ်ဓာတ်စွမ်းအားဘောလုံးသုံးဆယ်၏ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားကို ရင်ဆိုင်ရသောအခါ ရှေးစစ်သည်တော်အဖွဲ့ခေါင်းဆောင်သည် ဝိညာဥ်ဓာတ်စွမ်းအားဘောလုံးနှစ်လုံး၊ သုံးလုံးခန့်ကို ရံဖန်ရံခါလွဲချော်သွားပြီး (-၅၀၀) မှ (-၆၀၀) တစ်ဝိုက်ထိခိုက်မှု ရရှိတော့၏။
ဇီးရိုးဝင်း၏ အရည်အချင်းဖိနှိပ်မှု မရှိဘဲ ဇီးရိုးဝင်းက အသာစီးရသွားပြီး အပြစ်ခုနှစ်ပါးပန်းပွင့်က အပြည့်အဝအရေးနိမ့်နေတော့သည်။
ကောင်းကင်ကို သတ်ပြီးနောက် ရှီဖုန်းသည် ရှေးစစ်သည်တော်ကျခဲ့သည့် ပစ္စည်းများကို ကောက်ရန် ရပ်တန့်မနေပေ။ ထိုအစား ဇီးရိုးဝင်းကို အခြိမ်းခြောက်နိုင်ဆုံးဖြစ်သည့် အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ခေါင်းဆောင်ဆီ တစ်ဟုန်ထိုးဝင်ရောက်သွား၏။ အဖွဲ့ခေါင်းဆောင်များသည် ရေစီးဆင်းခြင်းနယ်ပယ်ထဲရှိ ကျွမ်းကျင်သူများ ဖြစ်ပေသည်။ ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့က သူတို့အရည်အချင်းများ ပြန်ရလျှင်တောင် အဖွဲ့ခေါင်းဆောင်များက အဓိကခြိမ်းခြောက်မှု ဖြစ်နေသေး၏။
ရှီဖုန်း၏ အရည်အချင်းမျာ ပြန်ကောင်းလာပြီးနောက် မိုးကြိုးနတ်ဘုရားသက်ဆင်းခြင်းက သက်ဝင်နေသေးဆဲဖြစ်ကာ သူက ပိုမြန်ဆန်လာသည်။ သူသည် ကောင်းကင်ကို သတ်စဥ်ကလောက် မမြန်သည့်တိုင် သူ၏ အရှိန်က အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ခေါင်းဆောင်များကို ဖြေရှင်းရန် လုံလောက်တာထက် ပိုပေ၏။
အဖွဲ့ခေါင်းဆောင်များတစ်ယောက်နောက်၌ ပေါ်လာပြီးနောက် ရှီဖုန်းဆီ သတ်ဖြတ်ခြင်းရောင်ခြည်ဖြင့် ပိုင်းဖြတ်လိုက်တော့၏။
အပြာရောင်အလင်းတန်းက ဖျတ်ခနဲ ပေါ်လာသည်။
ဒိုင်းစစ်သည်တော်အဖွဲ့ခေါင်းဆောင်ပေါ်တွင် သွေးရာတစ်ရာ ပေါ်လာ၏။ ရှီဖုန်း၏ လားရာက ဒိုင်းစစ်သည်တော်၏ ဒိုင်းပေါ်တွင် ပေါ်လာတော့၏။ ဒိုင်းစစ်သည်တော်က ရှီဖုန်းထက် အနည်းငယ်နှေးပေသည်။ ရုတ်တရက်တွင် HP သောင်းတစ်ထောင်ကျန်သည့် အဖွဲ့ခေါင်းဆောင်က မြေပြင်ပေါ်လဲကျသွားတော့သည်။ လေ့လာစောင့်ကြည့်နေသူများက အံ့သြဆွံ့အသွားပြန်၏။ ရှီဖုန်း၏ တိုက်ကွက်က မြန်ဆန်လွန်းသည်။
ရပ်ကြည့်နေသူများက အပြာရောင်အလင်းတန်း ဖျက်ခနဲပေါ်သွားတာကိုသာ မြင်လိုက်ရ၏။ ပြိုင်ဘက်ကို ထိသွားပြီးနောက် သူ့ဓားအရိပ်ကိုတောင် မမြင်ခဲ့ရချေ။ ဒီလို တိုက်ကွက်မျိုးကို ဘယ်လို ခုခံနိုင်မှာလဲ။
အချိန်အနည်းငယ် ကြာပြီးနောက် အပြစ်ခုနှစ်ပါးပန်းပွင့် အဖွဲ့ခေါင်းဆောင်ခုနှစ်ယောက်တွင် လေးယောက်က ရှီဖုန်း၏လက်ထဲ သေသွားခဲ့ပြီ ဖြစ်သည်။ မီးလျှံကကြိုး၊ ခရမ်းတိမ်နှင့် ရေနှင်းဆီတို့က ကျန်သည့်သုံးယောက်ကို ဖြေရှင်းလိုက်ကြ၏။ အဆုံးတွင် ဇီးရိုးဝင်းက အပြစ်ခုနှစ်ပါးပန်းပွင့်မှ လုပ်ကြံသတ်ဖြတ်သူများအားလုံးကို သုတ်သင်ရှင်းလင်းလိုက်သည်။