ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 754 နတ်ဘုရားနယ်မြေအနှံ့အပြား နာမည်ကျော်ကြားခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 754 နတ်ဘုရားနယ်မြေအနှံ့အပြား နာမည်ကျော်ကြားခြင်း
နတ်ဘုရားနယ်မြေကျွမ်းကျင်သူစာရင်းထဲရှိ ထိပ်တန်းအယောက်တစ်ရာထဲရှိ ကျွမ်းကျင်သူထဲက ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် နှစ်ပေါင်းများစွာ နာမည်ကျော်ကြားသူများဖြစ်ကြသေး၏။ ထိုကျွမ်းကျင်သူများသည် နေရာတစ်ခုတည်း၌သာ လွှမ်းနိုင်သူများမဟုတ်ပဲ ပုံရိပ်ေယာင်အဆင့်ဂိမ်းများစွာတွင်လည်း လွှမ်းမိုးနိုင်စွမ်းရှိ၏။ တစ်ယောက်ချင်းဆီက မရေမတွက်နိုင်လောက်အောင် ဆရာသခင်အဆင့်ဇာတ်ကောင်များဖြစ်ကြပေသည်။ ထွက်ပေါ်ခါစ ကျွမ်းကျင်သူများက ပြောင်မြောက်သည့်တိုက်ပွဲများဖြင့် ဆရာသခင်အဆင့် ဇာတ်ကောင်များ ဖြစ်ကြပေသည်။ ထွက်ပေါ်ခါစကျွမ်းကျင်သူများက ထိုဆရာသခင်များနှင့် ယှဥ်ရန် မျှော်လင့်ချက်မရှိပေ။
ထိပ်တန်းအယောက်တစ်ထောင်အတွင်း ဝင်ရန်က အင်မတန်ခက်ခဲနေပြီဖြစ်၏။ အောင်မြင်ခါစ ကျွမ်းကျင်သူတစ်ယောက်အတွက် ထိပ်တန်းအယောက်တစ်ရာအတွင်း ဝင်နိုင်ခဲ့ခြင်းက အင်မတန် အရမ်းကို ဆန်းကြယ်လွန်းပေသည်။ ထိုသို့တိုင် ဘလက်ဖလိမ်းက ထိုဆန်းကြယ်မှုကို ရရှိရုံသာမကအဆင့် ၅၁ သို့လည်း ခုန်တက်သွားခဲ့၏။ နတ်ဘုရားနယ်မြေအနှံအပြား ထိုတိုးတက်မှုအသစ်ကို စိတ်လှုပ်ရှားနေကြတော့သည်။
ထိုအယောက်တစ်ရာကျွမ်းကျင်သူများထဲတွင် အများစုက နတ်ဘုရားနယ်မြေ၏ အမျိုးမျိုးသော အင်ပါယာထဲတွင် အခြေချနေထိုင်တာဖြစ်၏။ အင်ပါယာကစားသမားထဲတွင် တိုင်းပြည်၏ ကစားသမားများကို အမြဲတမ်း အထင်အမြင်သေးပေ၏။
အင်ပါယာမှ သူတို့အတွက် တိုင်းပြည်ကစားသမားများက ယှဥ်ပြိုင်နိုင်လိမ့်မည်ဆိုတာ မည်သူကမှ မယုံကြည်နိုင်ချေ။ ထို့သို့တိုင် ကြယ်လတိုင်းပြည်မှလာပြီး ဘလက်ဖလိမ်းက ကျွမ်းကျင်သူစာရင်းတွင် အဆင့် ၅၁ ရနိုင်ခဲ့၏။ ကြယ်လတိုင်းပြည်၏ ကစားသမားများကလည်း ဂုဏ်ယူဝံ့ကြွားနေကြတော့သည်။
လျှို့ဝှက်မျှော်စင်က ဒီအောင်မြင်ခါစ ကျွမ်းကျင်သူကို မျက်နှာချိုသွေးဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတာသေချာတယ်။ အစည်အရုံးစစ်ပွဲတစ်ပွဲပြီးတာနဲ့ အဆင့် ၅၁ ကို တင်ပေးလိုက်တာ။ သူက လျှို့ဝှက်မျှော်စင်က တစ်ယောက်ယောက်ရဲ့ သားများလား။
“ဟုတ်တယ်။ သူကပထမဆုံးအစည်းအရုံးကို ဆန့်ကျင်ပြီး အနိုင်ယူနိုင်ခဲ့တယ်။ တည်ထောင်ခါစ အစည်းအရုံးကို ဦးဆောင်ရုံပဲမဟုတ်ဘူးလား။ တခြားဂိမ်းတွေမှာလည်း အရင်တုန်းက ဖြစ်ခဲ့ဖူးတာ။ ဒါတောင် လျှို့ဝှက်မျှော်စင်က အဆင့်သတ်မှတ်ချက်ကို ဒီလောက်မြန်မြန်ပြောင်းလိုက်တာ မတွေ့ဖူးဘူး။ ထိပ်တန်းအယောက်တစ်ရာကျွမ်းကျင်သူတွေက မဟာစစ်ပွဲအများကြီးကို အောင်မြင်ခဲ့တဲ့ အတွ့အကြုံရှိနေတာ။ လျှို့ဝှက်မျှော်စင်က ကြယ်လတိုင်းပြည်ရဲ့ ကစားသမားတွေကို မျက်နှာသာပေးနေတာပဲ”
” ဒီကိစ္စမှာ နည်းလမ်းတစ်ခုခုတော့ ရှိနေတာသေချာတယ် ”
” ဘလက်ဖလိမ်းက ရယ်စရာကောင်းလွန်းတယ်။ သူ့ကိုယ်သူ ဓားဘုရင်လို့တောင်ခေါ်နေတာ။ သူက ဓားအသုံးပြုသူတွေထဲမှာ သူ့ကိုသူ တကယ်ဘုရင်လို့ထင်နေတာလား။ ထိပ်တန်းအယောက်တစ်ရာက ဓားသမားတိုင်းက သူ့ကို အလွယ်တကူထိုးနှက်နိုင်တယ်”
နတ်ဘုရားနယ်မြေကျွမ်းကျင်သူစာရင်း ပြောင်းလဲလိုက်သည်နှင့် ကျန်သည့်တိုင်းပြည်နှင့် အင်ပါယာမှ စကားသမားများက နောက်ဆုံးပြောင်းလဲမှုကို စောဒကတက်ကြတော့သည်။ လျှို့ဝှက်မျှော်စင်က ဘလက်ဖလိမ်း၏ အောင်မြင်မှုကို ချဲ့ကားလွန်းရာကျသည်ဟု သူတို့ ခံစားမိသည်။ ထိုကစားသမားများသည် အောင်မြင်ခါစ ကစားသမားတစ်ဦးက သူတို့မော်ကြည့်နေရသည့် နတ်ဘုရားကဲ့သို့ ကျွမ်းကျင်သူများကို အလွယ်တကူဖြတ်ကျော်သွားတာကိုလည်း နာကစ်နေမိပြီ။ လျှို့ဝှက်မျှော်စင်၏ အကဲဖြတ်မှုကိုလည်း ဝေဖန်နေကြ၏။ သို့သော် ပတ္တမြားလျှို့ဝှက်မျှော်စင်က ရှင်းပြမနေချေ။
သူတို့က ထိုအရူးများနှင့် ခွန်းတုံ့ပြန်ပြီး အချိန်ဖြုန်းနေရန် မလိုချေ။ ရှီဖုန်း၏တိုက်ပွဲဝင် Video များက သက်သေပြရန်လုံလောက်နေပြီဖြစ်၏။ ထိုကစားသမားများက နားမလည်န်ိုင်သေးလျှင် သူတို့၏ ဉာဏ်ရည်၌ ပြဿနာတစ်ခုခုရှိနေတာပင်။ ရှင်းပြရန်ကြိုးစားချက်က အသုံးမဝင်။
ရှီဖုန်းက လေဟာနယ် နယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်ကို မသတ်မှတ်နိုင်လျှင် လျှို့ဝှက်မျှော်စင်က သူ့ကို အဆင့် ၅၁ ဟူ၍ သတ်မှတ်မည် မဟုတ်ပေ။
ထိုတိုးတက်မှုကို ကျန်သည့်အလွှာကျွမ်းကျင်သူများမြင်သောအခါ ဘလက်ဖလိမ်းသည် သူတို့အာရုံစိုက်သင့်သည့်သူမှန်း သဘောပေါက်သွား၏။ ထိပ်တန်း အယောက်တစ်ရာ ကျွမ်းကျင်သူအတွက် အထူးသဖြင့် မှန်ကန်ပေသည်။
လျှို့ဝှက်မျှော်စင်က ထုတ်ပြန်ထားသည့် အဆင့်သတ်မှတ်ချက် စာရင်းအားလုံးအတွက် အနိမ့်ဆုံး တုံ့ပြန်နိုင်သည့် အကန့်အသတ်သုံးခုရှိသည်။ လျှို့ဝှက်မျှော်စင်ရှိ အကြီးအကဲများနှင့် အင်မတန် နည်းပါးသည့် ကျွမ်းကျင်သူအချို့သာလျှင် ထိုအကန့်အသတ်များပယ်ဆိုတာ အတိအကျ သိပေ၏။
ပထမအနိမ့်ဆုံးအကန့်အသတ်က အယောက် ၄၀၀ ဖြစ်၏။
ကျွမ်းကျင်သူတစ်ဦးသည် သန့်စင်ခြင်းနယ်ပယ်ကို ရွှေချနိုင်ခဲ့သည့်တိုင် သူတို့က ဂိမ်းထဲတွင် မည်မျှပြောင်မြောက်ကြောင်းပြသခဲ့သော်ငြား ထိပ်တန်းအယောက်တစ်ရာထဲဝင်နိုင်မှာမဟုတ်ပေ။ ကျွမ်းကျင်သူ တစ်ဦးက ထိပ်တန်းအယောက် ၄၀၀ ကြားအဆင့်ဝင်ခဲ့လျှင် ထိုကျွမ်းကျင်သူသည် သန့်စင်ခြင်းနယ်ပယ်သို့ ခြေချပြီဖြစ်တာကို သက်သေပြပြီးဖြစ်၏။
ထို့ကြောင့် ရှီဖုန်းသည် အဆင့် ၄၈၁ သာရခဲ့တာဖြစ်၏။ လျှို့ဝှက်မျှော်စင်၏ ယခင်စုံစမ်းစစ်ဆေးချက်ကို အခြေခံလျှင် ရှီဖုန်းက သန့်စင်ခြင်းနယ်ပယ်သို့တောင် မဝင်ရောက်သေးပေ။ သူသည် သန့်စင်ခြင်းနယ်ပယ် တစ်ဝက်သာရောက်သေး၏။ မဟုတ်လျှင် ရှီဖုန်းက ပိုမြန်သည့် အဆင့်သတ်မှတ်ချက်ရှိနိုင်သည်။
ဒုတိယအနိမ့်ဆုံးအကန့်အသတ်က ထိပ်တန်းအယောက် ၂၀၀ ဖြစ်သည်။
ရေစီးဆင်းခြင်းနယ်ပယ်အတွင်းရှိ ကျွမ်းကျင်သူများက ထိပ်တန်းအယောက် ၂၀၀ အတွင်းဝင်ရန် အိမ်မက်တောင် မမက်သင့်ပေ။ အပြောင်မြောက်ဆုံးလုပ်ဆောင်ချက်များဖြင့်တောင် သူတို့အလွန်ဆုံးရနိုင်သည့် အကောင်းဆုံး အဆင့်သတ်မှတ်ချက်က ၂၀၁ ဖြစ်သည်။
တတိယအနိမ့်ဆုံးအကန့်အသတ်က ထိပ်တန်းယောက် ၁၀၀ ဖြစ်သည်။ လေဟာနယ်နယ်ပယ်ထဲရှိသူများသာ ထိပ်တန်းအယောက် ၁၀၀ ထဲဝင်နိုင်၏။ ရှီဖုန်းက သူသည် လေဟာနယ် နယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ကျော်ကြားသည့်စကိုင်းကို အနိုင်ယူလိုက်သည်နှင့် သူ၏ အဆင့်သတ်မှတ်ချက်က ၅၁ သို့ ခုန်တက်သွားခဲ့သည်။ မဟုတ်လျှင် ရှီဖုန်းအောင်မြင်သည့် အကောင်းဆုံးအဆင့်က ၈၀ သို့မဟုတ် ၉၀ ဝန်းကျင်၌သာရှိမှာပင်။
နတ်ဘုရားနယ်မြေအဆင့်သတ်မှတ်ချက်တွင် ကျွမ်းကျင်သူတစ်ဦး၏နေရာက သူတို့၏ ခွန်အားများဖြင့် ဆုံးဖြတ်တာ မဟုတ်ပေ။
သူတို့၏လုပ်ဆောင်ချက်နှင့် ဂိမ်းထဲရှိ တိုက်ပွဲဝင်ပုံစံပေါ်မူတည်ပြီး ကျွမ်းကျင်သူအဆင့်သတ်မှတ်ချက်ကို အဆင့်သတ်မှတ်တာဖြစ်၏။ ကျွမ်းကျင်သူများက ခွန်အားအရ အဆင့်သတ်မှတ်ခဲ့လျှင် အဆင့်သတ်မှတ်ချက်များစွာက ကျွမ်းကျင်သူများအတွက်မဆို အရည်အသွေး ပြည့်မီလိမ့်မည်။ အောင်မြင်ခါစ ကျွမ်းကျင်သူတစ်ဦးက နတ်ဘုရားနယ်မြေကျွမ်းကျင်သူစာရင်းတွင် အဆင့် ၄၀၁ သို့ ရောက်နိုင်ခဲ့လျှင် နတ်ဘုရားနယ်မြေ၏ ကျွမ်းကျင်သူစွမ်းအားက အလွန်ဆုံး ကစားသမားတစ်ဦးကို တချက်သာ ကြည့်ပြီး သူတို့၏တည်ရှိမှုကို မှတ်ချက်ပေးရုံလောက်သာ ဖြစ်သည်။ ထိုလူကို အရေးကြီးကြသည်ဟု တွေးမိကြမှာ မဟုတ်။ ရှီဖုန်းက ထိပ်တန်းအယောက် ၁၀၀ထဲ ဝင်ခဲ့ပြီဖြစ်ကာ ရုတ်တရက်တိုးတက်မှုက အဓိကအင်အားစုကြီးများကို သူ့အား အသိအမှတ်ပြုစေ၏။
” ၅၁ လား .. ဘလက်ဖလိမ်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ”
ဖီးနစ်မိုးက မျက်ခုံးလှလှလေးများကို အနည်းငယ်ပင့်လိုက်ပြီးနောက် နတ်ဘုရားနယ်မြေ ကျွမ်းကျင်သူစာရင်းကို ဖတ်လိုက်၏။
“သူ့ရဲ့ခွန်အားကို ဘယ်လိုထုတ်ဖော်ရမယ်မှန်း ကောင်းကောင်းသိတဲ့သူပဲ။ သူ့ရဲ့တိုက်ပွဲဝင် စံသတ်မှတ်ချက်အစစ်အမှန်ကို သတိပြုမိဖို့ အမှန်တကယ် ကျရှုံးခဲ့တယ်။ သူကသိုင်းနဂါးကို ကံကောင်းရုံအဆင့်သတ်မှတ်ချက်နဲ့ ရခဲ့တာမဟုတ်ဘူးနဲ့ တူပယ်ရဲ့။ ” ယခင်ကရှီဖုန်းသည် ဖီးနစ်မိုး၏ မျက်လုံးထဲတွင်သေးငယ်သည့် ဇာတ်ကောင်တစ်ခုမျှသာရှိခဲ့၏။ သူသည်ကံကောင်းထောက်မပြီး ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာအချို့ကို ရခဲ့ရုံသာဖြစ်သည်။ အလွန်ဆုံးမှသူသည် အချိန်အတိုင်းအတာတစ်ခုအတွက် အချောတက်ခဲ့ရုံမျှပင်။ သို့သော်ငြား ရှီဖုန်းကသန့်စင်ခြင်း ၄၀၂ နယ်ပယ်သို့ ရောက်သွားခြင်းက မတူညီသည့် ဇာတ်ကြောင်းဖြစ်သွားသည်။
ဖီးနစ်မိုးတောင် ရွေးချယ်စရာမရှိဘဲ ရှီဖုန်းကို သာတူညီမျှဆက်ဆံရတော့မှာဖြစ်၏။ ကျွမ်းကျင်သူစာရင်း၏ နောက်ဆုံး မြှင့်တင်မှုအရ နတ်ဘုရားနယ်မြေ၏ ထိပ်တန်းအလွှာကျွမ်းကျင်သူများက တစ်ခုကို နားလည်သွားသည်။ ပုံရိပ်ယောင်ဂိမ်းလောကအတွင်း နောက်ထပ် ထိပ်သီးကျွမ်းကျင်သူတစ်ဦးပေါ်လာပြီဖြစ်၏။
…
ကြယ်လတိုင်းပြည် မြစ်ဖြူမြို့တွင် ဖြစ်၏။
ရှီဖုန်းမြို့သို့ပြန်ရောက်သည်နှင့် မြစ်ဖြူမြို့၏ ပို့ဆောင်ရေးခန်းမ၌ ကစားသမားများစွာရောက်နေတာကို တွေ့ရှိလိုက်သည်။ ထို့အပြင် ထိုကစားသမားများ၏ပျမ်းမျှအဆင့်က အတော်နည်းပြီး သူတို့ထဲတွင် အနိမ့်ဆုံးက အဆင့် ၃၀ ဝန်းကျင်ဖြစ်၏။ သူတို့ကအစည်းအရုံးလက်ရွေးစင်ကစားသမားတစ်ဦး၏ စံသတ်မှတ်ချက်တွင် မရှိသော်ငြား သာမာန်ကစားသမားများတွင် အဆင့်မြင့်သည်ဟု သတ်မှတ်နိုင်ပေ၏။
ထိုကစားသမားများ ရောက်လာချိန်တွင် သူတို့က ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာရှိသည့်ဘက်ကို ချက်ချင်းမေးကြတော့၏။
” ဇီးရိုးဝင်းရဲ့အစည်းအရုံးဂေဟာသိလား ” ပိန်ပိန်ပါးပါးသူက ရှီဖုန်းနား ချဥ်းကပ်ကာ တယဥ်တကျေး မေးလိုက်၏။ ထိုသူကအသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး အပြာရောင်မှော်ဝတ်ရုံကိုဝတ်ဆင်ထား၏။
လူရွယ်၏ နောက်တွင် နောက်ထပ်လူငါးယောက်ရှိသည်။ ထိုငါးယောက်လုံးကအဆင့် ၃၀ ဖြစ်ကြပြီး သူတို့၏ ချပ်ဝတ်တန်ဆာများက အဆင့် ၂၅ ဆန်းကြယ်သံမဏိအဆင့်တွင် ရှိကြ၏။ အစည်းအရုံးတစ်ခုတွင် ထိုကစားသမားများသည် လက်ရွေးစင်အဖွဲ့ဝင်များနေရာသို့ သေချာပေါက်ဝင်နိုင်မှာဖြစ်၏။ ကံဆိုးသည်မှာ သူတို့ရဲ့အဆင့်က အနည်းငယ်နိမ့်နေရုံသာ ရှိသည်။
သို့သော်ငြား တစ်ကိုယ်တော်ကစားသမားများကမူ အစည်းအရုံးကစားသမားများကဲ့သို့ တူညီသည့် တပန်းသာမှုမရှိချေ။ တကိုယ်တော်ကစားသမားများက အစည်းအရုံးတစ်ခုက ကမ်းလှမ်းသည့် အမျိုးမျိုးသော အကျိုးအမြတ်များ ပိုင်ဆိုင်ခွင့်မရ သူတို့သည် ရွေးချယ်စရာမရှိတော့ပေ။ အချို့သောကဏ္ဍများ၌ သူတို့အချိန်တချို့ကို ရင်းနှီးမြှုပ်နှံရသည်။ ထို့ကြောင့် သူတို့အဆင့်တက်သည့်နှုန်းက အစည်းအရုံးကစားသမားများထံ အနည်းငယ်နှေးပေသည်။
ရှီဖုန်းသည် လက်ရှိ၌ ခေါင်းစွပ်အောက်တွင် ရုပ်ဖျက်ထားတာပြီး မူလရုပ်ကို ပြောင်းထား၏။ ချပ်ဝတ်တန်ဆာကိုလည်း ဖုန်းကွယ်ထားသည်။ ထို့ကြောင့် သူ့ကို မည်သူမှ မမှတ်မိချေ။
ရှီဖုန်းက ထိုကစားသမားတစ်ဖွဲ့ကိုကြည့်လိုက်သည့်အချိန် သူ၏မျက်လုံးက စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်း လက်သွားတော့၏။
သူ့ကိုစကားလာပြောသည့်သူက ယခင်ဘဝတုန်းက ထိပ်တန်းအလွှာ ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။ စိုင်းလန့်ရီးယား ဖြစ်သည်။ ထိုလူသည် ကြယ်လတိုင်းပြည်၏ နက္ခတ်ဗေဒဆရာများကြားထဲတွင် ထိပ်တန်းအယောက် ၅၀ အထိဝင်ခဲ့ဖူးသူဖြစ်၏။ သူအောင်မြင်ချိန်အထွတ်အထိပ်များ၌ ထိပ်တန်းဆယ်ယောက်သို့တောင် ဝင်ရောက်ခဲ့ဖူး၏။
” အစ်ကိုကြီးစိုင်းလန့်ရီးယား ဒီလူက ဇီးရိုးဝင်းရဲ့ တံဆိပ်ဝတ်ထားတယ်။ သူကဇီးရိုးဝင်းကပဲ ”
စိုင်းလန့်ရီးယားကို ဓာတ်ကြီးလေးပါးအသုံးပြုသူ အမျိုးသမီးက ပြောကာ လက်ညိုးထိုးပြလိုက်၏။ ရုတ်တရက်တွင် စိုင်းလန့်ရီးယားက ထိုအရာကိုသဘောပေါက်သွားသည်။ သူသည် ရှီဖုန်းနောက်မှ ရောက်လာခဲ့တာဖြစ်သောကြောင့် ဓားသမား၏ ရင်ဘတ်ပေါ်ရှိအစည်းအရုံး၏ တံဆိပ်ကို သတိမပြုခဲ့မိပေ။ သူသည် ဇီးရိုးဝင်း၏ အဖွဲ့ဝင်ကို အမှန်တကယ် မေးမိတာလား သို့မဟုတ် အစည်းအရုံးဂေဟာမည်သည့်နေရာတွင်ရှိမှန်းမသိရလားဆိုတာ တွေးမိသွား၏။
” ဇီးရိုးဝင်းရဲ့အစည်းအရုံးဂေဟာက မြို့ရဲ့ဗဟိုလမ်းမှာရှိတယ် ” ရှီဖုန်းက နက္ခတ်ဗေဒဆရာ၏ အူကြောင်ကြောင် မေးခွန်းကို စိတ်ထဲမထားပေ။
” ခင်ဗျားတို့တွေ မြင်းလှည်းစီးလို့ရတယ် ”
ထိုသို့ပြောပြီးနောက် ရှီဖုန်းက လှည့်ထွက်သွားကာ ပို့ဆောင်ရေး ခန်းမထဲမှသွားပြီး စာကြည့်တိုက်သို့ သွားရန် မြင်းလှည်းတစ်စီး ငှားလိုက်၏။
” လုံလောက်ပြီ။ ဇီးရိုးဝင်းက တကယ်အံ့သြဖို့ကောင်းတာပဲ။ ကျွမ်းကျင်သူတစ်ယောက်ရဲ့ ကွင်းပြင် ဖြစ်လာတာက အံ့သြစရာမရှိဘူး။ အဖွဲ့ဝင်တစ်ယောက်ဆီက ဒီလောက်များတဲ့ ဖိအားကို ခံစားမိနေတာ။ ငါတို့ ခရီးထွက်လာတာ ဖြုန်းတီးရာမရောက်တဲ့ပုံပဲ။ ဇီးရိုးဝင်းကို ဝင်ကိုဝင်ရမယ်။ ”
စိုင်းလန့်ရီးယားက ရှီဖုန်း၏ ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ပြီး သူ၏မျက်နှာမှာ ကြည်ညိုလေးစားမှုများ ပေါ်လာတော့သည်။ ဇီးရိုးဝင်းအပေါ် သူအကဲဖြတ်မှုက သူ အလိုလို တိုးလာတော့၏။
သူ သာမန်ကာလျှံကာတုံ့ပြန်မှုက စိုင်းလန့်ရီးယားအနေဖြင့် ဇီးရိုးဝင်းအပေါ် ကြည်ညိုလေးစားမှု တိုးလာစေကြောင်း ရှီဖုန်းသဘောမပေါက်ခဲ့ပေ။