ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 765 ကွင်းပြင်ဘော့စ်များကို စီးနင်းတိုက်ခိုက်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 765 ကွင်းပြင်ဘော့စ်များကို စီးနင်းတိုက်ခိုက်ခြင်း
ရှီဖုန်းက မီးလျှံကကြိုး၏ စိုးရမ်ပူပန်မှုကို တုံ့ပြန်သည့်အနေဖြင့် အနည်းငယ်ရယ်မောလိုက်သည်။ ငရဲရွှေက လက်ရှိကစားသမားအဆင့်ကို ကျော်လွန်ပေ၏။ ပန်းပဲပညာရှင်များ သို့မဟုတ် ပိုတော်သည့်သူများသာ ငရဲရွှေကို အသုံးပြုနိုင်တာ ဖြစ်သည်။ ယင်းက အံ့ဖွယ်သို့မဟုတ် ဒဏ္ဍာရီလာအဆင့်၏ ရှားပါးသောကုန်ကြမ်းများကို အရည်ပျော်စေရန် အသုံးပြုသည့်အရာ ဖြစ်သည်။
သတ္ထုတုံးတစ်ခုက အံ့ဖွယ်အိုင်တမ်ကဲ့သို့ တန်ဖိုးကြီးပြီး အံ့ဖွယ်နှင့် ဒဏ္ဍာရီလာအိုင်တမ်ကို ထွင်းထုရာတွင် လိုအပ်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။
ယခင်ဘဝတုန်းက ရှီဖုန်းသည် ငရဲရွှေကို ရှာဖွေရန်အတွက် အဖွဲ့ကိုမကြာခဏ ဦးဆောင်သွားလေ့ရှိသည်။ သို့သော် ငရဲရွှေက ရှာရန်ခက်ခဲပြီး သူတို့ များစားစား မစုဆောင်းနိုင်ခဲ့ပေ။ ကွင်းပြင်ဘော့စ်များသာလျှင် သတ္ထုတုံးများကျရန် အခွင့်အရေးတစ်ခုရှိ၏။ ထို့အပြင် ဘော့သ်များက အဆင့် (၅၀) မဟာအရှင် သို့မဟုတ် ထိုအထက်တွင် ရှိရပေမည်။
အဆင့် (၅၀) ကွင်းပြင်မဟာအရှင်များက နတ်ဘုရားနယ်မြေထဲတွင် အလွန်ရှားပါး၏။ ယင်းမွန်းစတားများက လမ်းလျှောက်နေသည့် ရတနာသိုက်ဖြစ်သည်။ လုံလောက်သည့်ခွန်အားရှိသော အစည်းအရုံးများက ထိုမဟာအရှင်များကို သတ်ရန် သူတို့တပ်ဖွဲ့များကို စေလွှတ်ပြီး ပစ္စည်းများ ယူချင်ကြ၏။
ကွင်းပြင် မဟာအရှင်၏ ငရဲရွှေကျသည့်နှုန်းက သိပ်မမြင့်။ ပျမ်းမျှ (၃) ရာခိုင်နှုန်း ဝန်းကျင်မျှသာရှိသည်။ ပန်းပဲပညာရှင်များက အံ့ဖွယ်လက်နက် ထုတ်လုပ်ရန်အတွက် သတ္ထုများကို လိုအပ်သောကြောင့် ငရဲရွှေ၏ ဈေးကွက်တန်ဖိုးက အတိတ်တုန်းကထက် ကျော်လွန်းပြီး တိုးလာရုံသာရှိသည်။
ဇီးရိုးဝင်း၏ လက်ရှိသတင်းအချက်အလက် စုဆောင်းမှုကို စစ်ဆေးကြည့်လိုက်ရာ မီးလျှံကကြိုးသည် တန်ဖိုးကြီးသတ္ထုနှင့် သက်ဆိုင်သည့်အကြောင်း ရှာမတွေ့တာ သဘာဝကျ၏။ သူမက အင်တာနက်တွင် ရှာခဲ့လျှင်တောင် မတွေ့ဖို့များသည်။
ငါအစည်းအရုံးရဲ့ အချက်အလက်စုဆောင်းမှုကို မြှင့်တင်ဖို့ အချိန်ရှာရအုံးမှာပဲ။
မီးလျှံကကြိုး၏ အမေးထုတ်မှုက ရှီဖုန်းကို သတိပေးသလို ဖြစ်သွားခဲ့သည်။
နတ်ဘုရားနယ်မြေထဲတွင် အစည်းအရုံးသို့ ဝင်ခဲ့သည့်ကစားသမားများသည် အဓိက အကျိုးအမြတ် သုံးခုရှိ၏။ ကျွမ်းကျင်သူများ ပြုစုပျိုးထောင်ပေးခြင်း၊ အစည်းအရုံးသိုလှောင်ရုံနှင့် အစည်းအရုံး၏ သတင်းအချက်အလက် စုဆောင်းမှု ဖြစ်သည်။
ထိုအကျိုးအမြတ် သုံးခုကလည်း ကစားသမားများက အစည်းအရုံးတစ်ခုကို ရွေးချယ်ရာတွင် ထည့်စဥ်းစားဖြစ်သည့် အရေးကြီးဆုံးသော အရာများဖြစ်ပေသည်။
ပြောရန်မလို မည်သည့်အစည်းအရုံးမဆို သူတို့၏ ကိုယ်ပိုင်ကျွမ်းကျင်သူများကို ပိုသန်မာစေချင်သည်။ သို့သော် ကျွမ်းကျင်သူများကို ပြုစုပျိုထောင်ဖို့က အင်မတန်ခက်ခဲပေ၏။ သာမန်အစည်းအရုံးများက မလုပ်နိုင်ဘဲ ပထမတန်းအစည်းအရုံးများနှင့် ထိုအထက်ရှိ အစည်းအရုံးများသာ သင့်တော်သည့် ပတ်ဝန်းကျင်အနေအထား ရှိကြသည်။
ဆိုရလျှင် တာဝန်များက လူ့စွမ်းအား ရင်းမြစ်များစွာ လိုအပ်၏။ ယင်းက ပထမတန်းအစည်းအရုံးတစ်ခုလုံး၏ ကုန်ကျစရိတ်ဖြစ်ပေသည်။ ဒုတယတန်းအစည်းအရုံးများ၏ နောက်ခံက လုံလောက်အောင်မသန်မာပေ။ ဒုတိယတန်းအစည်းအရုံးများက ကော်ပိုရေးရှင်းများမှ ဘဏ္ဍာရေးထောက်ပံ့မှု လက်ခံသော်ငြား သူတို့လက်ခံမှုက ပထမတန်းအစည်းအရုံးများ၏ ဘဏ္ဍာငွေအောက် လျော့နေသေးသည်။ သာမန်စစ်ဆင်ရေးများကို ထိန်းသိမ်းရသည်က ဘတ်ကျပ်များကို ထိစေပြီးဖြစ်သည်။ ဒုတိယတန်းအစည်းအရုံးများက ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ရန်အတွက် အချိန် သို့မဟုတ် ပိုက်ဆံလုံလုံလောက်လောက် မရှိကြချေ။
ယင်းအချက်က ပထမတန်းနှင့် ဒုတိယတန်းအစည်းအရုံးများကြားရှိ ကွာဟချက်ကြီး ဖြစ်နေတာပဲဖြစ်၏။
အစည်းအရုံးသိုလှောင်ရုံတစ်ခုက သူတို့လိုချင်သည့် ချပ်ဝတ်တန်ဆာများနှင့် အိုင်တမ်များကို အဖွဲ့ဝင်များအား လှဲလှယ်ခွင့်ပေးထား၏။ တစ်ကိုယ်တော်ကစားသမားများနှင့်မတူ အစည်းအရုံး ကစားသမားများသည် လေလံအိမ်တော် သို့မဟုတ် ကုန်သွယ်ရေးလုပ်ငန်းများမှ အိုင်တမ်များ ဝယ်ယူရန်မလိုပေ။ အစည်းအရုံး သိုလှောင်ရုံက လိုအပ်သည့်အိုင်တမ်များ ပေးထား၏။
အစည်းအရုံး၏ သတင်းအချက်အလက် စုဆောင်းမှုက ကစားသမားများအတွက် ပိုတောင် အဖိုးတန်ပေသည်။ ပုံမှန်ဆို ကစားသမားများသည် တာဝန်နှင့်သက်ဆိုင်သည့်အိုင်တမ်များအကြောင်း သဲလွန်စ ရှာသည့်အခါ အချိန်များစွာ လိုအပ်ပေသည်။ ကံကောင်းသည်မှာ အစည်းအရုံးများက ထိုအချက်အလက်များကို စုဆောင်းနိုင်သည့်ကစားသမားများ ရှိပေ၏။ အစည်းအရုံးအဖွဲ့ဝင်များက အစည်းအရုံး၏ သတင်းအချက်အလက်စုဆောင်းမှုကို သွားကြည့်ခြင်းဖြင့် လိုအပ်သည့် အချက်အလက်များ အလွယ်တကူရနိုင်ရာ တန်ဖိုးရှိသောအချိန် ကုန်တာ သက်သာစေသည်။ အစည်းအရုံးကစားသမားများသည့် တစ်ကိုယ်တော်ကစားသမားများထက် အဆင့်တက်ရတာ ပိုမြန်နေရသည့် အကြောင်းအရင်းများထဲမှ တစ်ချက်ဖြစ်ပေသည်။
ပုံရိပ်ယောင်ဂိမ်းလောကထဲရှိ ဝါရင့်အစည်းအရုံးများက ဂိမ်းအသစ်ထံဝင်ရောက်သည့်အချိန်တွင် ဤအချက်သုံးချက်ကို အာရုံစိုက်ကြတာဖြစ်သည်။ ထို့ကြောင့် ကစားသမားများစွာက သက်တန်းရှည်ကြာပြီး လူသိများသည့် အစည်းအရုံးများသို့ဝင်ရန် လိုလာကြတာပဲ ဖြစ်သည်။
သို့သော် အစည်းအရုံးတစ်ခုချင်းဆီ၏ အချက်အလက်များကြား ကွာခြားချက်ရှိသေးသည်။ ထို့အပြင် သတင်းအချက်အလက် စုဆောင်းခြင်းနှင့် စာရင်းသွင်းခြင်းများက အစည်းအရုံး၏ အချက်အလက် စုဆောင်းမှုတွင် ဖော်ပြထားသကဲ့သို့ မလွယ်ကူချေ။ နတ်ဘုရားနယ်မြေထဲရှိ စာကြည့်တိုက်ထဲတွင် အချက်အလက်များ၏ လွှမ်းမိုးနိုင်စွမ်းရှိသော ပမာဏပါဝင်သည်။ ယင်းတို့ကို အစည်းအရုံး၏ အချက်အလက် စုဆောင်းမှုအဖြစ် ပြောင်းလဲရန်က လူ့စွမ်းအားများစွာ လိုအပ်သည့် ပရောဂျက်ကြီးတစ်ခု ဖြစ်ပေသည်။
ရေနှင်းဆီက ဇီးရိုးဝင်း၏ အချက်အလက်စုဆောင်းမှုထဲ အားစိုက်ထုတ်မှုများစွာ ရင်းနှီးထားသော်ငြား အဆုံးတွင် ဇီးရိုးဝင်းက တည်ထောင်ခါစအစည်းအရုံးမျှသာ ရှိသေးသည်။ အရင်းအမြစ်အရာတွင် ကျန်သည့်အစည်းအရုံးများနှင့် မယှဥ်နိုင်တာ သဘာဝကျပေ၏။ ထို့ကြောင့် ယင်းတို့၏ အချက်အလက် စုဆောင်းမှုက နတ်ဘုရားနယ်မြေတစ်လျှောက် အမြစ်များဖြန့်ကြပ်ထားသည့် မှတ်တမ်းရှည်ကြာသော အစည်းအရုံးများထက် နိမ့်ကျပေသည်။
ဗဟုသုတက စွမ်းအားဟူသည် နတ်ဘုရားနယ်မြေထဲ၌ သင့်တော်သည့်အသုံးအနှုန်းဖြစ်ပေ၏။
ဇီးရိုးဝင်း၏ လက်ရှိအချက်အလက်က လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ရှဲဒိုးတွင် ရှိခဲ့သည့် အချက်အလက်တစ်ဝက်ခန့်သာ ရှိခဲ့လျှင် ဇီးရိုးဝင်း၏ ခွန်အားက တိုးတက်သွားမှာပဲ ဖြစ်သည်။
ရှီဖုန်းက ရှဲဒိုးစုဆောင်းခဲ့သည့် အချက်အလက်များအားလုံးကို အမှတ်မိသော်ငြား သူသည် လျှို့ဝှက်တာဝန်နှင့် ရှားပါးသောကုန်ကြမ်းအချို့ကို တစ်နည်းနည်းဖြင့် မှတ်မိနေပေ၏။ သူက ထိုအချက်များကို အစည်းအရုံးအချက်အလက်တွင် မှတ်တမ်းတင်ထားခဲ့လျှင် ဇီးရိုးဝင်း အချက်အလက်များနှင့် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းအတွက် အထောက်အကူကြီး ဖြစ်မှာပင်။
ထို့အပြင် သူ၏ နတ်ဆိုးအမဲလိုက်သူ ဘွဲ့အမည်ကြောင့် ရှီဖုန်းသည် ကမ္ဘာအသိအမှတ်ပြု အထက်တန်းလွှာတစ်ဦးဖြစ်၏။ သူသည် ဂုဏ်သတင်းအတွက် တာဝန်များပြီးမြောက်အောင်လုပ်ရန် မလိုအပ်ပဲ အမျိုးမျိုးသောမြို့ကြီးများ၏ စာကြည့်တိုက်ကြည့်တိုက်များဆီ အလွယ်တကူ သွားနိုင်ပေသည်။ သူနှင့်အတူ ကျန်သည့်သူများကိုလဲ စာကြည့်တိုက်သို့ ခေါ်သွားနိုင်၏။ ထိုနည်းဖြင့် ဇီးရိုးဝင်းက အနည်းဆုံးတော့ နတ်ဘုရားနယ်မြေ၏ စာကြည့်တိုက်တိုင်းကို လူတစ်ယောက် ပို့နိုင်မှာပဲ ဖြစ်သည်။ အစည်းအရုံးက ပထမတန်းအစည်းအရုံးတစ်ခုထက် ပိုတောင် မြန်ဆန်သည့် အချက်အလက်များ ရနိုင်မှာဖြစ်သည်။ ဇီးရိုးဝင်းက သူတို့၏ ပထမတန်းအိမ်နီးချင်းများကို ကျော်ဖြတ်ဖို့က သိပ်မလိုတော့ပေ။
ရှီဖုန်းက တွေးစနေစဥ် သူ၏ စနစ်ဆက်သွယ်မှုက အသံမြည်လာတော့သည်။ သူကို ဖုန်းမခေါ်တာကြာပြီဖြစ်သည့် ဖီးနစ်မိုးက ဖုန်းလက်ခံမှာကို စောင့်စားနေ၏။
“အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း ကျောက်လက်သည်းတောင်တန်းထဲမှာ ရှင့်ရဲ့အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ် …။ ဒါနဲ့ဆိုရင် ကျောက်တောမြို့ထဲမှာ ဇီးရိုးဝင်းရဲ့နေရာကို တည်မြဲအောင် လုပ်နိုင်ခဲ့ပြီ …။ ရှင်က တကယ်အံ့သြစရာတွေ ပြည့်နေတာပဲ …။ နတ်ဘုရားနယ်မြေရဲ့ ကျွမ်းကျင်သူစာရင်း ထိပ်တန်းတစ်ရာထဲမှာတောင် ဝင်နိုင်ခဲ့တယ် …။ နတ်ဘုရားနယ်မြေထဲမှာ အခုလောက်ဆို ရှင့်အကြောင်း မကြားဖူးတဲ့အဓိကအင်အားစု ရှိမလားဟုတောင် သံသယဖြစ်မိလေရဲ့ …”
ဖီးနစ်မိုးက ပြောပြီး ရယ်မောလိုက်၏။
” မင်းကိစ္စရှိလားဆိုတာ သိခွင့်ရမလား …”
ရှီဖုန်းက ဖီးနစ်မိုးသည် သူ့ကို ဂုဏ်ပြုချင်ရုံသက်သက်ဖြင့် ခေါ်သည်ဟုမထင်ပေ။
” အရေးကြီးကိစ္စ မဟုတ်ပါဘူး …။ အမှောင်ပြိုင်ကွင်းအတွက် ရှင့်ရဲ့ ပထမဆုံးပြုင်ဘက်ကို ဆုံးဖြတ်ပြီးပြီ …။ ဒါကြောင့် ရှင့်ကို သတိပေးဖို့ ခေါ်လိုက်တာ …”
ဖီးနစ်မိုးက တစ်ဖက်သား၏ ရင်ကိုပျော်သွားစေသည့် နစ်လိုဖွယ်အပြုံးမျိုး ပြုံးလိုက်သည်။
” တိုက်ပွဲက သုံးရက်နေရင်စမှာ …။ ကျင်းပမဲ့နေရာက မီးနဂါးအင်ပါယာရဲ့ တော်ဝင်မျိုးတော်မှာပဲ …။ နောက်မကျနဲ့ …။ ရှင်ကိုမှီပြီး ပိုက်ဆံအချို့ယူဖို့ စိတ်အားထက်သန်နေတာ …”
” ကျုပ်တို့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲ …”
ရှီဖုန်းက မေးလိုက်သည်။
” အား … ကျွန်မမေ့တော့မလို့ပဲ …။ ဂလိုးရီးယပ်စ်လိုင်းရွန်းလို့ခေါ်တဲ့ တိုက်ပွဲဝင်အဖွဲ့ပဲ …။ ထာဝရစစ်ပွဲက သူတို့ရဲ့ ခေါင်းဆောင်လေ …။ ဒီတိုက်ပွဲဝင်အဖွဲ့က တစ်ဆက်ထဲ နှစ်ပွဲနိုင်ခဲ့ပြီးပြီ …။ ဒီတော့ အင်မတန်သန်မာတယ် …။ သူတို့အကြောင်း အချက်အလက်တွေ ပို့ပေးလိုက်မယ် …”
ဖီးနစ်မိုးက ပြောပြီးနောက် ဖုန်းချသွားလိုက်သည်။
” ထာဝရစစ်ပွဲက ငါ့ပြိုင်ဘက်တဲ့လား …”
ရှီဖုန်းက ထိုအမည်ကိုကြားသောအခါ မပြုံးပဲမနေနိုင်တော့ချေ။ သူသည် အစက ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့ထဲ ဝင်ရန် စီစဥ်ခဲ့တာဖြစ်သည်။ သူတို့က သူ့ပြိုင်ဘက်ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးခဲ့မိချေ။ သူက မီးလျှံကကြိုးဘက်လှည့်ပြီး ချက်ချင်းပြောလိုက်၏။
” မီး ပင်မအဖွဲ့ဝင်တွေကို ဆက်သွယ်ပြီး ကြယ်လမြို့မှာ စုခိုင်းထားလိုက် …။ အရံအတားသလင်းနဲ့ ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေ မှော်စာလိပ်တွေ ယူခဲ့ဖို့ပြောလိုက် …။ ငါတို့ ဘော့စ်တွေကို စီးနင်းတိုက်ခိုက်ဖို့ သွားရမယ် …”
လက်ရှိတွင် အမျိုးမျိုးသောအစည်းအရုံးကြီးများက ကျောက်လက်သည်းတောင်တန်း သို့မဟုတ် အဖွဲ့လိုက်မြေအောက်စခန်းများတွင် အလုပ်များနေကြသည်။ ထို့ကြောင့် သူတို့က ကွင်းပြင်ဘော့စ်များကို အမဲလိုက်ရန် အာရုံစိုက်မှာ မဟုတ်ချေ။ အဆင့် (၅၀) ကွင်းပြင်မဟာအရှင်ဆိုလျှင် ပြောနေရန်တောင်မလိုချေ။ အစည်းအရုံးများက ထိုကဲ့သို့ဘော့စ်မျာကို ပလိပ်ရောဂါသဖွယ် ရှောင်ကြဥ်ကြ၏။
ဇီးရိုးဝင်းပင်မတပ်ဖွဲ့၏ ခွန်အားဖြင့် အဆင့် (၅၀) ကွင်းပြင်မဟာအရှင်ကို သတ်ဖို့က အိပ်မက်တစ်ခုမျှသာ ဖြစ်ခဲ့သည်။
ကံကောင်းသည်မှာ သူတို့၌ ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေ မှော်အစီအရင်သည်။ ရှီဖုန်းက အဆင့် (၅၀) ကွင်းပြင်မဟာအရှင်အချို့ကြောင့် စဥ်းစားမိပြီး သူတို့၏ ခွန်အားကို စမ်းသပ်နိုင်မည်ဟု ထင်သည်။
ယခင်က အပြစ်ခုနှစ်ပါးပန်းပွင့်၏ လုပ်ကြံသတ်ဖြတ်မှုကို ရှောင်ရန်အတွက် ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့က အဆင့်တက်ခြင်းကနေ ခဏတဖြုတ် အနားယူခဲ့ကြကာ မြို့ထဲတွင် လုံလုံခြုံခြုံပုန်းနေခဲ့၏။ ထို့ကြောင့် သူတို့အဆင့်က မမြင့်ပေ။
အမှောင်ပြိုင်ကွင်းထဲ၌ အဆင့်ထိန်းချုပ်မှု ခွန်အားဖိနှိပ်မှု ရှိမနေ။ တစ်ဆင့်ကွာဟချက်ကတောင် အရည်အချင်းတွင် ကြီးကြီးမားမား ကွာဟသွားစေ၏။ ဇီးရိုးဝင်းက အရေးနိမ့်နေပေသည်။ ထို့ကြောင့် သူသည် လူတိုင်း၏ အဆင့်ကို မြန်နိုင်သမျှမြန်မြန် မြှင့်တင်ပေးရန်လိုအပ်သည်။
ထိုဘော့စ်များကို သတ်ခြင်းဖြင့် သူက ငရဲရွှေအတွက် ရိတ်သိမ်းနိုင်ရုံသာမက သူအဖွဲ့အဆင့်တက်အောင် ကူညီပေးနိုင်ပြီး ဂဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်နိုင်မှာပဲ ဖြစ်သည်။
“နားလည်ပါပြီ …။ သူတို့ကို အခုချက်ချင်း သတင်းပို့လိုက်ပါ့မယ် …။ အားလုံး ဒါကိုကြားရင် စိတ်လှုပ်ရှားသွားမှာ …”
မီးလျှံကကြိုးက စွမ်းအားအပြည့်ဖြင့် ဖြေလိုက်၏။ ရှီဖုန်းက သူတို့ကို ဘော့စ်များသတ်ရန် မခေါ်သွားတာ အတော်ကြာခဲ့ပြီဖြစ်သည်။ ထို့အပြင် သန့်စင်ခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူမခွန်အားက သိသိသာသာတိုးတက်လာ၏။ ခွန်အားအသစ်ကို အသုံးပြုရန်အတွက် ထိုဘော့စ်များကို အသုံးချချင်သည်။