ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 781 ဖုံးကွယ်ထားသောခွန်အား
ဟွားချိုရွှေက စံထားမိုးမခ၏အမေးကို သေချာမဖြေ။
” ဘာမှမဟုတ်ပါဘူး …။ သမီးဆုံးရှုံးမှုအတွက် မင်းရဲ့ ဒေါ်လေးဟွား လဲ့စားချေတာကိုပဲ ကြည့်နေ …”
” ကျေးဇူးပါ ဒေါ်ဘေးဟွား …”
စံထားမိုးမခက ချိုမြိန်စွာပြုံးပြီး သူမ စိတ်အခြေအနေက ကောင်းလာတော့၏။
ပြီးနောက် ဟွားချိုရွှေက ထာဝရစစ်ပွဲကို ဆက်သွယ်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်၏။
” ထာဝရ …။ အသူရာတိုက်ပွဲရဲ့ ခွန်အားပေါ် မင်းဘယ်လိုမြင်လဲ …”
” ကျုပ်အမြင်လား …”
ထိုမေးခွန်းကို ဟွားချိုရွှေ အဘယ်ကြောင့်မေးမှန်း မသိပေ။
” အသူရာတိုက်ပွဲဝင်အဖွဲ့က အလွန်သန်မာတယ် …။ သူတို့ အဖွဲ့ဝင်အချို့က ခြိမ်းခြောက်နိုင်တယ် …။ အဖွဲ့ခေါင်းဆောင် ရီဖုန်းအတွက်တော့ သူက သန့်စင်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် …။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ခွန်အားအရ နိုင်ဖို့က ပြဿနာတစ်ခုတော့ မဟုတ်ဘူး …”
ဤပြိုင်ပွဲတွင် စုစုပေါင်းပွဲစဥ် ငါးခုရှိသည်။ နှစ်ပွဲက တစ်ယောက်ချင်း တိုက်ခိုက်ရမှာဖြစ်ပြီး တစ်ပွဲက နှစ်ယောက်နှစ်ယောက် တိုက်ခိုက်ရမှာဖြစ်ကာ ကျန်သည့်နှစ်ပွဲသည် သုံးယောက်ချင်း တိုက်ခိုက်ရမှာဖြစ်၏။ အနိုင်ရဖို့ သေချာစေရန် တိုက်ပွဲဝင်အဖွဲ့သည် သုံးပွဲအနိုင်ယူရန် လိုအပ်ပေ၏။
တိုက်ပွဲဝင်အဖွဲ့က ထူးချွန်ပြောင်မြောက်သည့် ကျွမ်းကျင်သူတစ်ဦးရှိခဲ့လျှင်တောင် အလွန်ဆုံးမှာ တစ်ပွဲသာအနိုင်ရမှာ ဖြစ်သည်။ ယှဥ်ပြိင်ပွဲတစ်ခု မဟုတ်ပေ။ ထို့အပြင် ရီဖုန်းက ပြိုင်ဘက်ကင်းသူမဟုတ် ထာဝရစစ်ပွဲက ရီဖုန်းကို အနိုင်ယူရန် (၆၀) ရာခိုင်နှုန်းသေချာသည်။
” ဒါဆို ပြဿနာမရှိလောက်ဘူးမလား …”
ဟွားချိုရွှေ၏ အမူအရာက တည်တင်းနေ၏။ သူမအတွက်တောင် ယင်းက အင်မတန်ကြီးမားသော လောင်းကြေးဖြစ်နေသည်။ အသူရာတိုက်ပွဲဝင်အဖွဲ့၏ အလုပ်ရှင်က အရူးမဟုတ်ခဲ့လျှင် သူတို့၏ တိုက်ပွဲဝင်အဖွဲ့ကို အကြွင်းမဲ့ယုံကြည်ချက် ရှိနေတာပဲ ဖြစ်ရမည်။
ဟွားချိုရွှေက ထာဝရစစ်ပွဲ၏ တွတ်ချက်မှုကို ယုံကြည်သော်ငြား အသူရာတိုက်ပွဲဝင်အဖွဲ့၏ အလုပ်ရှင်က ကံကိုသာလောင်းကြေးထပ်ထားလိမ့်ဟု မထင်။ ဤနေရာတွင် အရူးတစ်ယောက်က ထိုကဲ့သို့လုပ်မှာမဟုတ်။
” ထာဝရ လုပ်ဖို့လိုတာ လုပ်လိုက် …။ ငါတို့တွေ အဖွဲ့နှစ်ကို ပို့မယ် …”
အနည်းငယ်စဥ်းစားပြီးနောက် ဟွားချိုရွှေက ပြောလိုက်သည်။
” ကျွန်တော်တို့တွေ အဖွဲ့နှစ်ကို တကယ်ပဲ သံုးတော့မလို့လား …”
ထာဝရစစ်ပွဲက ထိတ်လန့်သွား၏။
” လက်ရှိမှာ အဖွဲ့အစည်းက လူတွေကို စိန်မခေါ်ခင် ပွဲစဥ်တစ်ချို့ ရှိသေးတယ် …။ အဖွဲ့နှစ်ကို ရွှေ့
ဖို့လိုလို့လား …။ ကျွန်တော်ရဲ့ ခွန်အား စောစောစီးစီး ထုတ်ဖော်လိုက်ရင် နောင်လာမယ့် ပြိုင်ဘက်တွေက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ရှာတွေ့ဖို့ ပိုလွယ်ကူသွားမှာ …”
ဂလိုးရီးယပ်စ်လိုင်းရွန်း၏ လူရွေးပွဲစဥ်အတွင်း လူကိုးယောက် ရွေးချယ်ခံခဲ့ရ၏။ ထာဝရစစ်ပွဲအပါအဝင် သူတို့က တိုက်ပွဲဝင်အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့သည်။
သို့သော် ထာဝရစစ်ပွဲသည် ထိုကိုးယောက်က သက်သက်သာဖြစ်မှန်း သိလိုက်ရသည်။ တိုက်ပွဲဝင်အဖွဲ့၏ တရားဝင်အဖွဲ့များကို အစောထဲက ဆုံးဖြတ်ချက်ချခဲ့ပြီ ဖြစ်သည်။ ဟွားချိုရွှေက လူရွေးပွဲမတိုက်ခင်က ထုတ်ပြောခဲ့ခြင်း မရှိပေ။ ယင်းက ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့၏ လျှို့ဝှက်ချက် ဖြစ်ပေ၏။ သူသည် ကျန်သည့် တရားဝင်အဖွဲ့ဝင် ကိုးယောက်ထဲမှ နှစ်ယောက်နှင့် မိတ်ဆက်ခဲ့ရသည်။ သို့သော် ထိုနှစ်ယောက်လုံးက ထာဝရစစ်ပွဲကို ထိတ်လန့်သွားစေရန် လုံလောက်အောင်သန်မာပေ၏။
လူရွေးပွဲဖြည့်သော အဖွဲ့ဝင်များက သူတို့သည် အရံအဖွဲ့ဝင်များမျှသာဖြစ်မှန်း သိသည့်အချိန်၌ စိတ်မကျေမနပ်ဖြစ်ခဲ့ကြသည်။ ရလဒ်အနေဖြင့် သူတို့ကိုးယောက်က တိုက်ပွဲဝင်အဖွဲ့ထဲရှိ တရားဝင်အဖွဲ့ဝင်နှစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည်။ အဆုံးတွင် တရားဝင်အဖွဲ့ဝင်နှစ်ယောက်ကသာ အနိုင်ရခဲ့၏။ တိုက်ခိုက်နေသည့်အတောအတွင်း နှစ်ယောက်လုံးက HP တစ်စက်မှ ဆုံးရှုံးမှုမရှိချေ။
လူရွေးပွဲအောင်မြင်ခဲ့သည့် အဖွဲ့ဝင်ကိုးယောက်က ရွေးချယ်စရာမရှိဘဲ သူတို့အရှုံးကို ဝင်ခံရတော့သည်။ ခွန်အားကွာဟချက်က ကြီးမားလွန်း၏။
ထို့ကြောင့် ဂလိုးရီးယပ်စ်လိုင်းရွန်းတိုက်ပွဲဝင်အဖွဲ့၏ အရံအဖွဲ့ဝင်များက အဖွဲ့တစ်၊ အဖွဲ့နှစ်တွင် တိုက်ပွဲဝင်အဖွဲ့၏ တရားဝင်ကစားသမားများ ပါဝင်သည်။ ထာဝရစစ်ပွဲက ဟွားချိုရွှေသည် ထိုကျွမ်းကျင်သူများကို မည်သည့်နေရာကနေ ရှာတွေ့လာမှန်း မသိပေ။
ထာဝရစစ်ပွဲက အဖွဲ့နှစ်၏ ဒုခေါင်းဆောင်မျှသာ ဖြစ်သည်။ ဆန်းကျယ်သောတရားဝင်ခေါင်းဆောင်အတွက်မူ ထာဝရစစ်ပွဲတောင် သူ့ကို မတွေ့ဖူးပေ။ သို့သော် ဟွားချိုရွှေ ထိုလူနှင့် ပြောဆိုတာကို တွေ့ရသည့်အချိန်၌ အမျိုးသမီးက လေးစားမှုပြသည်။ သူမအသံက ထိုလူကို စကားပြောသည့်အချိန်တွင် သုံးနေကျ အမိန့်ပေးသည့် လေသံမျိုးမပါ။
” စွန့်စားဖို့အတွက် လောင်းကြေးက ကြီးလွန်နေတယ် …။ အဖွဲ့အစည်းကို အကြောင်းကြားလိုက် …။ ပြိုင်ပွဲမှ မစသေးတာ …။ ဒီတော့ နောက်ဆုံးမိနစ်အထိ ငါတို့ရဲ့ တည်ချက်ကို ပြောင်းဖို့က ပြဿနာမဟုတ်ဘူး …”
ဟွားချိုရွှေက အမိန့်ပေးလိုက်သည်။ အမှန်တကယ်တွင် အသူရာတိုက်ပွဲဝင်အဖွဲ့က ၎င်း၏ခွန်အားကို ဖုံးကွယ်ထားမှာကို စိုးရိမ်ပူပန်နေသည့်အပြင် ဟွားချိုရွှေက လူရွေးပွဲ အောင်မြင်သော အဖွဲ့ဝင်များသည် အရံအဖွဲ့၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ကြောင်း ရီဖုန်းကို ပြချင်မိသည်။ ရန်သူကို လှည့်စားရန်အတွက် အသုံးချခဲ့သော အသေအမွှားဇာတ်ကောင်လေးမျှသာ ဖြစ်၏။
” ကျွန်တော်နားလည်ပါပြီ …”
ထာဝရစစ်ပွဲက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ သူသည် အသူရာတိုက်ပွဲဝင်အဖွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်ရန် ပြင်းထန်သည့်တိုက်ပွဲတစ်ပွဲကို မြင်ယောင်ခဲ့၏။ ယခုအချိန်တွင်မူ မဖြစ်နိုင်တော့ပေ။ အဖွဲ့တစ်၏ အဖွဲ့ဝင်များက အသူရာတိုက်ပွဲဝင်အဖွဲ့ကို အနိုင်ယူနိုင်စွမ်း ရှိသည်။ သို့သော် အဖွဲ့တစ်နှင့် အဖွဲ့နှစ်ကြား ကွာဟချက်ကြီးရှိပေ၏။ အဖွဲ့နှစ်ကို အနိုင်ယူဖို့ အသူရာတိုက်ပွဲဝင်အဖွဲ့၌ မျှော်လင့်ချက်မရှိချေ။
ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့နှင့် အသူရာတိုက်ပွဲဝင်အဖွဲ့က လောင်းကြေးများ အတည်ပြုပြီး ယှဥ်ပြိုင်မည်အဖွဲ့ဝင်များ စာရင်းသွင်းပြီးနောက် ပင်မပွဲကျင်းပရာနေရာတွင် ဂယှက်ထသွားတော့၏။
” ဒါက ဒါဘာလဲ …”
” ဂလိုးရီးယပ်စ်လိုင်းရွန်းက သူ့အဖွဲ့ဝင်တွေကို ဘာကြောင့် လှဲခဲ့တာလဲ …”
” နေအုံး အဖွဲ့ခေါင်းဆောင် ထာဝရစစ်ပွဲက အဖွဲ့ထဲမှာ ရှိနေသေးတယ် …။ ကျန်တဲ့ အဖွဲ့ဝင်တွေကိုပဲ အစားထိုးတာ …”
” အသူရာတိုက်ပွဲဝင်အဖွဲ့က အားနည်းလွန်းတာကြောင့် ပြိုင်ပွဲကို စွန့်စားဖို့ ကြိုးစားနေတာလို့ ငါ့ကို မပြောနဲ့နော် …”
ပရိသတ်များက အပူတပြင်း ဆွေးနွေးနေကြသည်။
အမှောင်ပြိုင်ကွင်းထဲတွင် နောက်ဆုံးမိနစ်အထိ လူစားလှဲမှုများက ရံဖန်ရံခါရှိနေသော်ငြား တစ်ဖွဲ့လုံး အစားထိုးတာကိုတော့ တစ်ခါမှမတွေ့ဖူးပေ။ ခေါင်းဆောင်အပါအဝင် ဖြစ်၏။
” တစ်ခုခုတော့ မဟုတ်တော့ဘူး …”
ဂျမ်းတဲလ်စနိုး၏ အမူအရာက ရုပ်ချည်းပြောင်းလဲသွား၏။
” စနိုး ဘာတွေဖြစ်နေတာလဲ …”
ကျောက်ယွဲ့ရှူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
” ဂလိုးရီးယပ်စ်လိုင်းရွန်းက သူတို့ရဲ့ သန်မာတဲ့အဖွဲ့ဝင်တွေကို အားနည်းတဲ့အဖွဲ့ဝင်တွေနဲ့ အစားထိုးမှာမဟုတ်ဘူး …။ သူတို့ရဲ့ အားနည်းတဲ့အဖွဲ့ဝင်တွေကို သန်မာတဲ့သူတွေနဲ့ အစားထိုးနေတာပဲ …”
ဂျမ်းတဲလ်စနိုးက တည်ကြည်လေးနက်စွာ ပြောနေ၏။
” ဂလိုးရီးယပ်စ်လိုင်းရွန်းက သူတို့ရဲ့ခွန်အားကို ဒီလောက်နက်နက်နဲနဲ ဖုံးကွယ်ထားလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး …။ သူတို့ရဲ့ ခွန်အားအစစ်အမှန်ကို တစ်ချိန်လုံးဖုံးကွယ်ထားတာပဲ …။ အသူရာတိုက်ပွဲဝင်အဖွဲ့တော့ အန္တရာယ်များနေပြီ …”
” စနိုး …။ ဂလိုးရီးယပ်စ်လိုင်းရွန်းက သူတို့ရဲ့ အားနည်းတဲ့ တိုက်ပွဲဝင်တွေကို သန်မာတဲ့သူတွေနဲ့ အစားထိုးတယ်ဆိုတာ ဘယ်လိုသိတာလဲ …။ အဆင့်က အတူတူပဲကို …”
ကျောက်ယွဲ့ရှူက အဖွဲ့ဝင်အသစ်များ၏ အဆင့်ကိုကြည့်လိုက်သည်။ သူတို့ထဲတွင် အမြင့်ဆုံးက အဆင့် (၃၆) ဖြစ်ပြီး အနိမ့်ဆုံးက အဆင့် (၃၅) ဖြစ်သည်။ ယခင်အဖွဲ့ထက် သန်မာသည့်ပုံမပေါ် ထို့အပြင် အဖွဲ့ဝင်သစ်များကို သူမ ယခင်က တစ်ခါမှမတွေ့ဖူးပေ။ သူတို့က ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် ကျော်ကြားသည့်သူများမဟုတ်။
” သူတို့ကိုမသိတာ ငါမအံ့သြပါဘူး …။ အဲ့ဒီလူတွေထဲကတစ်ချို့ကို မတော်တဆတွေ့ခွင့်ရခဲ့တယ် …”
ဂျမ်းတဲလ်စနိုးကပြောပြီး ခါးသပ်စွာ ပြုံးလိုက်၏။
” အဲ့ဒီ ကြေးနီရောင်ပိန်ပါးပါး လုပ်ကြံသတ်ဖြတ်ရေးသမားနာမည်က သက်တံရှည်ပဲ …။ အံ့ဖွယ်တိုက်ပွဲကွင်းပြင်ထဲမှာ သူကိုယ်တိုင် မြေအောက်လောကတစ္ဆေခုနှစ်ဖော်ထဲက လေးယောက်ကို အနိုင်ယူခဲ့တာ …။ သူက မဟာတစ္ဆေခုနှစ်ဖော်ရဲ့ နံပါတ်တစ်ကျွမ်းကျင်သူထက် နည်းနည်းလေးပိုသန်မာတယ် …။ အဲ့ဒီအဆင့် (၃၆) အပြာရောင်သံချပ်ကာဝတ် ဓားသမားရဲ့နာမည်က သွေးသူရိန် …။ သူက စစ်ပွဲဝံပုလွေနဲ့ မိုးပျံမြွေကို အံ့ဖွယ်တိုက်ပွဲကွင်းပြင်ထဲမှာ အနိုင်ယူခဲ့တာ …”
သူမသည် မြေအောက်လောကထဲရှိ သူသျှိုများထံမှ အချက်အလက်များရခဲ့တာ ဖြစ်သည်။
လက်ရှိတွင် မြေအောက်လောကက ချောင်ချန်းဟွားနှင့် ဖြစ်၏။ ထို့ကြောင့် သူမသည်လည်း ကိုယ်ပိုင်တွက်ချက်မှုများ ပြုလုပ်ထားရသည်။
ထိုအဖြစ်အပျက်များက မြေအောက်လောက၏ အထက်အရာရှိများကို အံ့သြသွားစေသည်။ အံ့ဖွယ်တိုက်ပွဲကွင်းပြင်ထဲ ဝင်ရောက်ခဲ့ဖူးသည့် သူတို့၏ ထိပ်တန်းအလွှာကျွမ်းကျင်သူများက အမှတ်များအတွက် ရောက်လာလိမ့်မည်ဟု မည်သူမှတွေးမိမှာ မဟုတ်။
ဂျမ်းတဲလ်စနိုးသည် သတင်းကြားရသည့်အချိန်၌ အတော်လေးစိတ်ကျေနပ်သွားခဲ့သည်။ မြေအောက်လောကအတွက် ဘလက်ဖလိမ်းအပြင် ကျန်တဲ့သူတစ်ယောက်က ထိုမျှပြဿနာကြီးဖြစ်စေလိမ့်မည်ဟု သူမ တစ်ခါမှမတွေးခဲ့မိချေ။ သို့သော် ယခုအချိန်တွင် သူမ မပျော်နိုင်တော့။
” မဟုတ်လောက်ဘူးမလား …။ ဘယ်အချိန်ကစပြီး ဂလိုးရီယပ်စ်လိုင်းရွန်းက ဒီလောက်သန်မာသွားရတာလဲ …”
ကျောက်ယွဲ့ရှူသည် မြေအောက်လောက တစ္ဆေခုနှစ်ဖော်အကြောင်း သိထားပေသည်။ စစ်ပွဲဝံပုလွေ၏ ခွန်အားကိုလည်း မှတ်မိ၏။ သူသည် အုရိုဘိုရို၏ သံမန်တော်ဆယ့်နှစ်ဦးထဲမှ တစ်ယောက်ဖြစ်သည့် ကြမ်းကြုတ်ခြင်းမြွေကို ကစားစရာတစ်ခုသဖွယ် ဆော့ကစားခဲ့တာ ဖြစ်သည်။ ကျောက်ယွဲ့ရှူတောင် ထိုလူ၏ ခွန်အားကို ကြောက်ရွံ့ရ၏။ ထိုသို့တိုင် အစွမ်းထက်သည့် ကျွမ်းကျင်သူက မိုးပျံမြွေ၏ ခွန်အားနှင့် ပေါင်းပြီးသည့်တိုင် ကျရှုံးခဲ့ရသည်။
ဂျမ်းတဲလ်စနိုးကဲ့သို့ပင် အထူးဧည့်သည်တော်ခုန်တန်းတွင် သက်တောင့်သက်သာထိုင်နေသည့် ဖီးနစ်မိုးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
” သေစမ်း …။ သူဒီကို ဘာကြောင့်ရောက်လာတာလဲ …”
ဖီးနစ်မိုးက ဂလိုးရီးယပ်စ်လိုင်းရွန်း၏ အဖွဲ့ခေါင်းဆောင်အသစ်ကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး မကျေမချမ်း ရေရွတ်ပြောလိုက်၏။
” တိုက်ပွဲဝံပုလွေက သူတို့ ဂုဏ်သတင်းကို ဂရုမစိုက်တော့ဘူးလား …”