ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 786 သန်မာသည့်ပြိုင်ဘက်
အနက်ရောင်အလင်းတန်းများ လွင့်ပြယ်သွားသည့်အချိန်၌ အနိုင်ရသူ၏အမည်က နှစ်ဖက်တိုက်ခိုက်သည့် ကွင်းပြင်အထက်တွင်ပေါ်လာတော့သည်။
ရေနှင်းဆီ
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ရေနှင်းဆီ၏ လုပ်ဆောင်ချက်က ထိတ်လန့်ဖွယ်ကောင်းလွန်း၏။
သူမက သူမအတွက်တိုက်ခိုက်ပေးရန် မွန်းစတားများကို ဆင့်ခေါ်ခဲ့ရုံသာမက သူမ၏ နောက်ဆုံးဝိညာဥ်တိမ်ကလည်း အင်မတန်အစွမ်းထက်လွန်းပေ၏။
” ရီဖုန်းက ပထမပွဲမှာ တိုက်ခိုက်ဖို့ ရေနှင်းဆီကို လွတ်ခဲ့တာ အံ့သြစရာမရှိဘူး …။ သူမမှာ အထင်ကြီးဖို့ကောင်းတဲ့ လျှို့ဝှက်ကတ်တစ်ကတ် ရှိနေတဲ့ပုံပဲ …။ ဂလိုးရီးယပ်စ်လိုင်းရွန်းတောင် ဒီလိုရလဒ်မျိုး မျှော်လင့်ထားမှာမဟုတ်ဘူးလို့ ငါထင်တယ် …”
ဖီးနစ်မိုးက ရေနှင်းဆီ၏ ဝိညာဥ်တိမ်စွဲဆောင်ရည်အကြောင်း ပြန်တွေးမိသည့်အချိန်၌ တုန်ရီသွားမိသည်။
ထောင်ချီဓားသွားသည် တိုက်ကွက်ကိုခုခံရန်အတွက် အသက်ကယ်စကေးများကို ထုတ်ဖော်ခဲ့သော်ငြား ဝိညာဥ်တိမ်က ပိတ်ဆို့၍မရ ရှောင်တိန်းလို့သာ ရသည်။ အရပ်မျက်နှာအနှံမှ ဓားပျံများကို ရင်ဆိုင်ရာတွင် ဘလူးဖီးနစ်တောင် သူမ၏ ပညာဖြင့် အကွက်နှစ်ဆယ်မှ သုံးဆယ်သာရှောင်ရန် ယုံကြည်ချက်ရှိပေသည်။ ဘလင့်ခ်ကိုအသုံးပြုပြီး ထွက်ပြေးရန်က တစ်ခုတည်းသောရွေးချယ်မှု ဖြစ်သည်။ သို့သော် ထောင်ချီဓားသွားက ရိန်းဂျားတစ်ဦး ဖြစ်၏။ သူသည် လုံခြုံစိတ်ချရစေရန် ချက်ချင်းရှောင်တိန်းနိုင်သည့် စကေးမျိုးမရှိပေ။
” ကြည့်ရတာ ငါတို့တွေက ဇီးရိုးဝင်းကို ထင်ထားသလောက် နားမလည်သေးတဲ့ပုံပဲ …”
ဖီးနစ်မိုးက ရေနှင်းဆီကိုကြည့်ပြီး တောက်ပစွာပြုံးလိုက်တော့သည်။
တစ်ကွက်ထဲဖြင့် ရန်သူကိုအပြီးသတ်ခြင်း
ထိုကဲ့သို့ အခြေအနေမျိုးက အမှောင်ပြိုင်ကွင်းထဲတွင် ရှားပါးလွန်းသည်။ ထို့အပြင် ရေနှင်းဆီက သန့်စင်ခြင်းနယ်ပယ်သို့တောင် ခြေမချရသေးပေ။ သူမက သူမ၏ နည်းစနစ်များဖြင့် အောင်ပွဲရရှိရန် မသေချာသောကြောင့် တစ်ခုတည်းသောဖြစ်နိုင်ချေက ကျိန်စာအသုံးပြုသူ၏ လက်နက်နှင့် ချပ်ဝတ်တန်ဆာ ဖြစ်သည်။
ယခင်က ရီဖုန်းသည် အခြေခံအရည်အချင်းအရာတွင် လွှမ်းမိုးနိုင်စွမ်းရှိသော တစ်ပန်းသာမှုကို ပြသခဲ့သည်။ ယခု ရေနှင်းဆီတွင်လည်း တူညီသည့်တစ်ပန်းသာမှုများ ရှိနေတာကို သူတို့သဘောပေါက်လိုက်၏။
ဂလိုးရီးယပ်စ်လိုင်းရွန်းက စူပါအစည်းအရုံး တိုက်ပွဲဝင်ဝံပုလွေ၏ ထောက်ပံ့မှုရှိသည်။ အနည်းစုကသာလျှင် ဂလိုးရီးယပ်စ်လိုင်းရွန်း၏ ချပ်ဝတ်တန်ဆာနှင့် လက်နက်များကို ယှဥ်ပြိုင်နိုင်တာ ဖြစ်သည်။ ထို့ကြောင့် ဇီးရိုးဝင်း၏ ရေနှင်းဆီက ထောင်ချီဓားသွားထက် ပိုကောင်းသည့်ချပ်ဝတ်တန်ဆာများရှိသည်ဆိုတာ စိတ်ကူး၍တောင် မရနိုင်လောက်ပေ။
ဖီးနစ်မိုးက ဇီးရိုးဝင်းဟူသော အစည်းအရုံးအကြောင်း သိချင်စိတ်ပိုတိုးလာတော့သည်။ သို့သော် လာမည့်ပွဲစဥ်များက အသူရာတိုက်ပွဲဝင်အဖွဲ့အဖို့ စစ်မှန်သည့်အခက်အခဲအကြပ်အတည်များကို ကျော်လွှားရတော့မှာပဲ ဖြစ်သည်။
အဖွဲ့တစ်ဖွဲ့သည့် ပွဲစဥ်ငါးခုတွင် သုံးပွဲအနိုင်ရရမှာဖြစ်သည်။ သို့သော် ဂလိုးရီးယပ်စ်လိုင်းရွန်း၌ မွန်းစတားကဲ့သို့ ကျွမ်းကျင်သူတစ်ယောက် ရှိသည်။ တိုက်ပွဲဝင်အဖွဲ့က အနည်းဆုံးအိတ်ထဲတွင် တစ်ပွဲရှိနေပြီးသားဟု ဆိုနိုင်ပေသည်။ အသူရာတိုက်ပွဲဝင်အဖွဲ့က ကျန်သည့်သုံးပွဲတွင် နှစ်ပွဲမနိုင်ခဲ့လျှင် သူတိုရှုံးသွားမှာပဲ ဖြစ်၏။
သို့သော် ပထမပွဲစဥ်ကနေ လူတိုင်းက အသူရာတိုက်ပွဲဝင်အဖွဲ့၏ခွန်အားကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ ရေနှင်းဆီ မည်မျှအစွမ်းထက်ကြောင်းလဲ သိသွား၏။
တစ်ကွက်ထဲဖြင့် အနိုင်ယူခြင်း
နောင်တွင် ရေနှင်းဆီကိုစိန်ခေါ်သည့် မည်သူမဆို ယနေ့တိုက်ပွဲကို တွေးတောမိကြမှာပဲ ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုအတွက် အမျိုးမျိုးသော အင်အားစုများက ရေနှင်းဆီကို အာရုံစိုက်လာကြသည်။ သူတို့က သူမ၏ အတိတ်ကိုတောင် စတင်စုံစမ်းလာတော့၏။
” သူမက ဆည်းဆာပဲ့တင်သံရဲ့ ဂုဏ်သရေဆောင်အကြီးအကဲတစ်ယောက် ဖြစ်ခဲ့တာလား …။ ဆည်းဆာပဲ့တင်သံရဲ့ အထက်အရာရှိတွေက တကယ့်စိတ်ဝင်စားစရာပဲ …။ သူတို့က ဒီလိုပါရမီရှင်မျိုးကိုတောင် အစည်းအရုံးထဲက ထုတ်ခဲ့တယ် …”
” ဟား … ဟား … ဟား … ဆည်းဆာပဲ့တင်သံက ကြွယ်ဝတာသေချာတယ် …။ အခြားသူတွေက ထိပ်တန်းအလွှာကျွမ်းကျင်သူတွေကို ပြုစုပျိုးထောင်ဖို့ ကြိုးစားနေတဲ့အချိန် ဆည်းဆာပဲ့တင်သံက သူတို့ကို မောင်းထုတ်နေတာ …။ အစည်းအရုံးမှာ ပါရမီရှင်တွေ များလွန်းနေတာပဲ ဖြစ်ရမယ် …”
” လက်တလောနှစ်တွေမှာ ဆည်းဆာပဲ့တင်သံက ကောင်းကောင်းမဆောင်ရွက်နိုင်ခဲ့တာ အံ့သြစရာမရှိဘူးပဲ …။ ဒါက သူတို့ရဲ့ ပြဿနာဖြစ်နေတာကို …။ အခု ရေနှင်းဆီက ဇီးရိုးဝင်းလို အစည်းအရုံးလေးကိုဝင်ခဲ့ပြီး ငါတို့တွေ သူ့ကိုသိမ်းသွင်းဖို့ အခွင့်အရေးရှိနိုင်တယ် …”
ခန်းမထဲရှိ အမျိုးမျိုးသောအင်အားစုများက ဆည်းဆာပဲ့တင်သံကို မကဲ့ရဲ့ပဲ မနေနိုင်ကြချေ။ တိုက်ပွဲကိုလာကြည့်ကြသည့် ဆည်းဆာပဲ့တင်သံက အထက်အရာရှိများ၏ အမူအရာက ရှုံ့မဲ့နေတော့သည်။ ရေနှင်းဆီက ပါရမီရှိ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီး အတွေ့အကြုံရှိသော မန်နေဂျာတစ်ဦးဖြစ်မှန်း သူတို့သိသော်ငြား ထိုမျှသန်မာလာလိမ့်မည်ဟု သူတို့မထင်ထားပေ။
ဂလိုးရိးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့၏ နားနေသည့်ဧရိယာတွင် အဖွဲ့ဝင်များက တိုက်ပွဲ၏ရလဒ်အကြောင်း သမန်ကာရှန်ကာသာ ကြည့်နေကြသည်။ သူတို့က ပထမပွဲစဥ်ရှုံးတာ သူတို့ကိစ္စမဟုတ်သလိုသာ ပြုမူနေကြ၏။
” ဒီအသူရာတိုက်ပွဲဝင်အဖွဲ့က စိတ်ဝင်စားစရာပဲ …။ သူတို့က ငါထင်ထားတာထက် နည်းနည်းပိုသန်မာတယ် …။ ရေနှင်းဆီ ဇီးရိုးဝင်းရဲ့ ဒုခေါင်းဆောင်ဖြစ်နေတာ အံ့သြစရာမရှိပါဘူး …။ ဒီတစ်ခေါက် ထောင်ချီဓားသွားက ကံဆိုးသွားတာပဲ ဟေ့ …”
ဓားသမား သွေးသူရိန်က စိတ်ပျက်လက်ပျက်ဖြင့် မှတ်ချက်ပြုလိုက်သည်။ သူသည် ထောင်ချီဓားသွား၏ ရှုံးနိမ့်မှုပေါ် အာရုံစိုက်မနေ။ ဆိုရလျှင် သူတို့တိုက်ပွဲဝင်အဖွဲ့အဖို့ ဤပြိုင်ပွဲကို ရှုံးနိမ့်စရာအကြောင်း မရှိပေ။
ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့ဘက်တွင် ထောင်ချီဓားသွား၏ ခွန်အားက အလယ်အဆင့်သာ ရှိသည်။ သူတို့၏ အသန်မာဆုံး တိုက်ခိုက်ရေးသမားများက ပြိုင်ပွဲထဲဝင်မပါရသေးပေ။ တစ်ဖက်တွင်မူ အသူရာတိုက်ပွဲဝင်အဖွဲ့က အသန်မာဆုံးတိုက်ခိုက်ရေးသမားကို ထုတ်ခဲ့ပြီဖြစ်၏။
ပြိုင်ပွဲ၏ရလဒ်က ကိုယ်တိုင်ပဲသက်သေပြသွားပြီးသား ဖြစ်သည်။
” အသူရာတိုက်ပွဲဝင်အဖွဲ့ နောက်ထပ်ဘာလုပ်မလဲဆိုတာ ကြည့်ကြတာပေါ့ …။ သူတို့ ဘယ်လိုလှည့်ကွက်ထုတ်ဖို့ ကြိုးစားမလဲဆိုတာ မရေးမကြီးပေမယ့်ပေါ့လေ …”
လုပ်ကြံသတ်ဖြတ်ရေးသမား သက်တံရှည်က သန်းဝေပြီး ပြောလိုက်၏။
ပထမပွဲစဥ်တွင် ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့က ကွင်းထဲတိုက်ခိုက်ရေးသမားပို့ရသည်။ ဒုတိယပွဲစဥ်အတွက် အသူရာတိုက်ပွဲဝင်အဖွဲ့အဖို့ ကိုယ်စာလှယ်တစ်ဦး လွတ်ရတော့မှာ ဖြစ်သည်။ ရှီဖုန်းက ဤပြိုင်ပွဲကို ဆွဲချင်စိတ်မရှိပေ။ ထို့ကြောင့် နှစ်ယောက်တိုက်ခိုက်သည့်ပွဲစဥ်အတွက် သူသည် မီးလျှံကကြိုးနှင့် ခရမ်းတိမ်ကို လွတ်လိုက်၏။
” ဘာတွေဖြစ်ကုန်တာလဲ …။ သူတို့က ဘာသာရေးခေါင်းဆောင်တစ်ယောက်ကို တကယ်ပို့နေတာလား …”
” အသူရာတိုက်ပွဲဝင်အဖွဲ့က ဒီပွဲတစ်ခုလုံးကို လက်လျော့လိုက်ပြီလား …”
” နေအုံး …။ မီးလျှံကကြိုးက ဇီးရိုးဝင်းပင်မတပ်ဖွဲ့ရဲ့ ကွန်မန်တာပဲ …”
အသူရာတိုက်ပွဲဝင်အဖွဲ့၏ ဒုတိယပွဲစဥ်အတွက် ကိုယ်စာလှယ်များက လူအုပ်ကြီးကို ဇဝေဇဝါဖြစ်သွားစေသည်။ ဘာသာရေးခေါင်းဆောင်များက အသုံးမဝင်တာ မဟုတ်သော်ငြား ပုံမှန်ဆို နှစ်ယောက်တိုက်ခိုက်သည့်ပွဲထဲသို့ ဘာသာရေးခေါင်းဆောင်တစ်ဦး ပို့လေ့မရှိပေ။ ဆိုရလျှင် ရန်သူက ဘာသာရေးခေါင်းဆောင်ကို အာရုံစိုက်နေခဲ့လျှင် ပွဲစဥ်က နှစ်ယောက်တစ်ယောက်အခြေအနေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်သည်။ အခြေအနေများကို ပိုဆိုးသွားစေသည်က အစောင့်အရှောက်သူရဲကောင်းနှင့် ဒိုင်းစစ်သည်တော်အမျိုးအစားကဲ့သို့ ကစားသမားများကို လုပ်ကြံသတ်ဖြတ်ရေးသမားများက စွဲချနိုင်ခြင်းမရှိချေ။
” အဲ့ဒီလူရဲ့ စိတ်ထဲမှာ ဘာတွေရှိနေတာလဲ …။ သူက ပွဲကိုလက်လွတ်ခံဖို့ ကြိုးစားနေတာလား …”
ဖီးနစ်မိုးက မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ဇီးရိုးဝင်း၏ ကျွမ်းကျင်ကစားသမားသုံးယောက်အကြောင်း သတိပြုမိသည်။ သူတို့က ရေနှင်းဆီ၊ မီးလျှံကကြိုးနှင့် ခရမ်းတိမ်တို့ ဖြစ်ကြသည်။ ထိုကျွမ်းကျင်သူသုံးယောက်ထဲမှ နှစ်ယောက်ကိုပို့ခြင်းက အကွက်ကောင်းဟု ထင်ရသော်လည်း ရင်ဆိုင်တိုက်ခိုက်ရာတွင် သူတို့နှစ်ယောက်လုံး ရှုံးနိမ့်နိုင်၏။ အသူရာတိုက်ပွဲဝင်အဖွဲ့အဖို့ ဤယှဥ်ပြိုင်ပွဲတွင် အနိုင်ရနိုင်ချေအားလုံး ကုန်ဆုံးသွားတာပဲ ဖြစ်သည်။
သူတို့ကို သုံးယောက်ချင်း ယှဥ်တိုက်ခိုက်သည့်ပွဲစဥ်တွင်ထားပြီး ရေနှင်းဆီလုပ်သွားသကဲ့သို့ ပုံစံမျိုးကသာလျှင် ဉာဏ်အရှိဆုံး လှုပ်ရှားမှုဖြစ်သည်။ ထိုသို့တိုင် ရီဖုန်းက အခွင့်အရေးကို ဆုံးရှုံးခံခဲ့၏။
” စိတ်ဝင်စားစရာပဲ …။ ဒီကောင်ရဲ့ နိုင်လိုစိတ်က အထင်ကြီးဖို့ ကောင်းသား …။ သူက နောက်ဆုံးပွဲစဥ်အတွက် မျှော်လင့်ပြီး သူ့ကိုယ်ပိုင်ခွန်အားပေါ် တိုက်ခိုက်ဖို့ နှစ်ပွဲဆက်တိုက် အနိုင်ရချင်နေတာလား …။ သူက ဂလိုးရီးယပ်စ်လိုင်းရွန်းကို လျော့တွက်နေတာပဲ …”
ဆီးရီးယပ်စ်က ရှီဖုန်းကို ဖျတ်ခနဲကြည့်ပြီး ရေရွတ်ပြောလိုက်သည်။ ချက်ချင်းပင် သူက ညွှန်ကြားလိုက်၏။
” သက်တံ၊ သွေး မင်းတို့နှစ်ကောင်လုံး သွားတိုက်ခိုက် …။ ဂလိုးရီးယပ်စ်လိုင်းရွန်းရဲ့ ခွန်အားကို အသူရာတိုက်ပွဲဝင်အဖွဲ့ရဲ့ ခေါင်းဆောင်ဆီ ပြလိုက် …”
သွေးသူရိန်နှင့် သက်တံရှည်၏ တိုက်ပွဲဝင်စွမ်းအားက ဂလိုးရီးယပ်စ်လိုင်းရွန်း၏ တိုက်ပွဲအဖွဲ့တွင် သူ့အောက်အနည်းငယ်သာ အားနည်းပေ၏။
အထူးသဖြင့် သွေးသူရိန်အတွက် မှန်ကန်ပေသည်။ အမှောင်ပြိုင်ကွင်း၏ စီစဥ်ကျင်းပသူတစ်ဦးဖြစ်လာရန် သူတို့အခွင့်အရေးတိုးစေဖို့ရာ တိုက်ပွဲဝင်ဝံပုလွေများက သွေးသူရိန်ကို အံ့ဖွယ်လက်နက်တောင် ပေးခဲ့သည်။ သွေးသူရိန်၏ စကေးနှင့် အံ့ဖွယ်လက်နက်တို့ဖြင့် ဓားသမား၏ တိုက်ပွဲဝင်စွမ်းအားတို့က သူ့စွမ်းအားအောက် အနည်းငယ်သာ လျော့တော့သည်။
ထို့ကြောင့် ဤပွဲကိုအနိုင်ရဖို့က သွေးသူရိန်နှင့် သက်တံရှည်အတွက် အသေးအမွှားသာ ဖြစ်နေသည်။ အမှန်တကယ်တွင် သွေးသူရိန်တစ်ယောက်ထဲက အသူရာတိုက်ပွဲဝင်အဖွဲ့၏ ပြိုင်ပွဲဝင်နှစ်ယောက်ကို အနိုင်ယူဖို့ လုံလောက်တာထက် ပိုနေပြီဖြစ်သည်။
” ခေါင်းဆောင် စိတ်ချထားလိုက် …”
သွေးသူရိန်က ယုံကြည်ချက်ရှိရှိဖြင့် ပြောပြီးနောက် သူက ထရပ်လိုက်သည်။
” သက်တံ ခဏလေးစောင့် …။ ကစားသမားတစ်ယောက်ထဲကို တိုက်ခိုက်တာက ပြင်းဖို့ကောင်းတယ် …။ နှစ်ယောက်လုံးကို ငါဖြေရှင်းခွင့်ပေ …”
သွေးသူရိန်က ပြောပြီးနောက် သက်တံရှည်ကိုတားလိုက်၏။
” ပြိုင်ပွဲပြီးရင် သက်တော်ရှည်ဝိုင် တစ်ပုလင်းပေးမယ် …။ ဘယ်လိုလဲ …”
သက်တော်ရှည်ဝိုင်က မီးနဂါးအင်ပါယာ၏ အထူးထုတ်ကုန်ဖြစ်သည်။ လူသားလောက၏ အရသာခံဖွယ်ဟူ၍ သိကြပေသည်။ ကျိုချက်ရန်လွယ်ကူသော်ငြား လိုအပ်သည့်ကုန်ကြမ်းများက အလွန်ရှားပါးလွန်းသည်။ ကံကောင်းလျှင့် ထိုကုန်ကြမ်းများကို ရနိုင်ပေ၏။ ထိုဝိုင်၏ နှစ်လိုဖွယ်အရသာအပြင် သက်တော်ရှည်ဝိုင်က ကစားသမားတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို မြင့်တင်ပေးနိုင်သည်။ ယင်းက မဟူရာရွှေချပ်ဝတ်တန်ဆာထက်တောင် ပိုတန်ဖိုးကြီးသည်။
” တကယ်လား …”
သက်တံရှည်က သက်တော်ရှည်ဝိုင်ဟူသော စကားကိုကြားသည့်အချိန်တွင် စွဲဆောင်ခံလိုက်ရသည်။
ထိုအိုင်တမ်က သွေးသူရိန်၏ ရတနာဖြစ်သည်။ သူတို့အဖွဲ့ခေါင်းဆောင်တောင် အခက်အခဲများစွာကြုံပြီးနောက် ဓားသမားထံမှ တစ်ပုလင်းရနိုင်ခဲ့တာ ဖြစ်သည်။ ပုံမှန်ဆို သွေးသူရိန်က တစ်ခွက်တောင်မျှလေ့မရှိပေ။
” ဒါပေါ့ …”
သွေးသူရိန်က အာမခံသည်။
သူသည် ဓားအသစ်ကို စမ်းသပ်ချင်နေသောကြောင့် သူအပျော်ရှာနေတာကို သက်တံရှည်ကို မနှောက်ယှက်စေချင်ပေ။
” ကောင်းပြီ …။ ငါသဘောတူတယ် …။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရှုံးတော့မယ်လို့ထင်ရင် ပြိုင်ပွဲအနိုင်ရဖို့အတွက် ငါလည်း ဝင်တိုက်ခိုက်မယ် …။ မင်းက ငါ့ကို သက်တော်ရှည်ဝိုင် ပေးရအုံးမှာပေါ့ …”
သက်တံရှည်က စဥ်းစားပြီးနောက် ပြောလိုက်သည်။
” သေချာတာပေါ့ …”
သွေးသူရိန်က အားပါးတရ ပြောလိုက်၏။