ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 792 လျှော့တွက်၍မရသော ရီဖုန်း
ပြိုင်ကွင်းထဲ ရှီဖုန်း ချဥ်းကပ်လာတာကိုမြင်သောအခါ ဖီးနစ်မိုးက မျက်မှောင်ကြုတ်လိုက်သည်။
” ရီဖုန်းက ငယ်ရွယ်ပြီး ရန်လိုသေးတာပဲ …”
အစွမ်းထက်သောကျွမ်းကျင်သူကို စိန်ခေါ်ရန် ရှီဖုန်း၏ စိတ်ဆန္ဒကို ဖီးနစ်မိုးနားလည်နိုင်သော်ငြား သူသည် အချိန်နှင့်နေရာကိုလည် စဥ်းစားသင့်ပေသည်။ ဆီးရီးယပ်စ်က ရှီဖုန်း ယခုအချိန်တွင် ရင်ဆိုင်နိုင်စွမ်းမရှိသော မွန်းစတားအိုကြီးတစ်ကောင် ဖြစ်သည်။
သူက ဆီးရီးယပ်စ်ကို စိန်ခေါ်ချင်လျှင်တောင် အနည်းဆုံးတော့ သူ၏နယ်မြေ ပထမဆုံးနိုးထရန် လိုအပ်သည်။ မဟုတ်ပါက ဆိုးဆိုးဝါးဝါးရှုံးနိမ့်သည့်ရလဒ်တစ်ခုသာ ပေါ်ထွက်လာမှာ ဖြစ်သည်။
ယင်းကို ဘလူးဖီးနစ် မြင်သောအခါ သူမသည် ရှီဖုန်းကို တစ်နည်းနည်းဖြင့် အားကျသွား၏။
ဆီးရီးယပ်စ်ကဲ့သို့ မွန်းစတားကြီးများက နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေတာဖြစ်သည်။ ထို့ကြောင့် ဂိမ်းကျွမ်းကျင်သူများစွာ၏ ပန်းတိုင်က ဆီးရီးယပ်စ်ကဲ့သို့ မွန်းစတားများကို စိန်ခေါ်ပြီး သူတို့သည်လည်း ထိပ်သီးတွင်ရပ်တည်ရန် ထိုက်တန်ကြောင်း သူတို့ကိုသူတို့ သက်သေပြဖို့ အောင်ပွဲများ ဆွတ်ခူးချင်ကြတာ ဖြစ်သည်။
ထိုသို့တိုင် ဘလူးဖီးနစ်က မွန်းစတားအိုကြီးများကို စိန်ခေါ်ရန်အရည်အချင်း မပြည့်မီသေးပေ။ သို့သော် ရှီဖုန်းက စိန်ခေါ်နိုင်ခဲ့၏။ သူမ အဘယ်ကြောင့် အားမကျဘဲ နေရမည်နည်း။
ဆီးရိးယပ်စ်က ရှီဖုန်းကို ရန်စရန်ရည်ရွယ်ခဲ့သော်ငြား ယင်းက ဓားသမား၏ခွန်အားကို သူသိထားတာကို ပြသလိုက်တာပဲ ဖြစ်သည်။ ရှီဖုန်းသည် သူ့ကိုစိန်ခေါ်ရန် အရည်အချင်းရှိမှန်း သူယုံကြည်၏။ မဟုတ်လျှင် ဆီးရီးယပ်စ်ကဲ့သို့ မွန်းစတားကြီးက လူငယ်တစ်ယောက်ကို ရန်စလောက်သည်အထိ နိမ့်ကျမှာမဟုတ်။
သူမသာ ရှီဖုန်း နေရာတွင်ဆိုခဲ့လျှင် သူမ ရောက်နိုင်သည့်အမြင့်ကို မြင်နိုင်ရန် ထိုစိန်ခေါ်မှုကို လက်ခံမှာပဲ ဖြစ်သည်။
” ဒီကောင်က တကယ်ရူးတာပဲ …။ သူက ဆီးရီးယပ်စ်ကို တကယ်ကြီးစိန်ခေါ်နေတယ် …”
ရှီဖုန်း ကွင်းထဲသို့လျှောက်လာတာကို မြင်သောအခါ ဟွားချိုရွှေ၏ မျက်နှာက အောင်နိုင်သူအပြုံးတစ်ပွင့် ပေါ်လာတော့သည်။
ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့အတွက် ဆီးရီးယပ်စ်ကို ခေါ်နိုင်ဖို့ရာ သူမသည် တိုက်ပွဲဝင်ဝံပုလွေကို ကတိကြီးတစ်ခု ပေးခဲ့ရသည်။ မဟုတ်လျှင် တိုက်ပွဲဝင်ဝံပုလွေက ဆီးရီးယပ်စ်ကိုအဖွဲ့ထဲ ဝင်ပါခွင့်ပေးမှာမဟုတ်။ ဟွားချိုရွှေတောင် ဆီးရီးယပ်စ်၏ ခွန်အားအစစ်အမှန်ကို သေချာမသိပေ။ သို့သော် သေချာတာတစ်ခုတော့ ရှိ၏။ သူမ ဆီးရီးယပ်စ်ကို ပထမဆုံးမြင်သည့်အချိန်၌ ထိုလူ၏စကေးကို သူမ စမ်းသပ်ချင်ခဲ့သည်။ ထို့ကြောင့် ထိပ်တန်းအမျိုးအစားကျွမ်းကျင်သက်တော်စောင့် ဆယ်နှစ်ယောက်ကို ငှားရမ်းပြီး ထိုအဖိုးကြီးနှင့် တိုက်ခိုက်ခိုင်းခဲ့သည်။ တိုက်ပွဲ၏ ရလဒ်က သူမထင်ထားတာကို ကျော်လွန်နေ၏။
သူမ ငှားရမ်းထားည့် သက်တော်စောင့်များက ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထိုသို့တိုင် မည်သည့်သက်တော်စောင့်ကမှ ဆီးရီးယပ်စ်ပေါ် လက်တစ်ချောင်းတောင် မတင်နိုင်ခဲ့ပေ။ အဖြစ်အပျက်ကို
သဘောမပေါက်သေးခင် သူမ သက်တော်စောင့်များအားလုံးက ကြမ်းပြင်ပေါ်လဲကျကုန်ပြီ ဖြစ်သည်။ သူမက အနည်းငယ်လေးတောင် မလှုပ်ရှားရဲ။ ချိန်းကြိုးများ သူမကို ချည်နှောင်ထားသလို ခံစားလာရသည်။ ထိုစဥ်က ပုံရိပ်ယောင်ဂိမ်းလောက၏ ကျွမ်းကျင်သူများကို သူမ မည်မျှလျှော့တွက်ခဲ့မှန်း သဘောပေါက်သွားတာပဲ ဖြစ်သည်။
ဆိုရလျှင် ရှီဖုန်းက သူမ အယုံကြည်ရဆုံး သက်တော်စောင့်ထာဝရစစ်ပွဲကိုတောင် တစ်ကွက်ထဲဖြင့် အနိုင်ယူခဲ့သည်။
ဟွားချိုရွှေသည် ထိုကဲ့သို့ အခြေအနေကို ယခင်က တွေ့ခဲ့ဖူးသည်။ သို့သော် သာမန်လူများကို သက်တော်စောင့်အဖြစ် ငှားရမ်းသည့်အချိန်တွင်သာ ဖြစ်ခဲ့တာမျိုး ဖြစ်သည်။ ဆီးရီးယပ်စ်ရှေ့တွင် ကျွမ်းကျင်သူများတောင် ပုရွတ်ဆိတ်နှင့် မခြားတော့ပေ။
ထို့အပြင် ယင်းက အပြင်လောကတွင် ဖြစ်ခဲ့တာပင်။
ရှီဖုန်းနှင့် ဆီးရီးယပ်စ်က တိုက်ခိုက်ရေးကွင်းထဲရပ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြစဥ် ကွင်း၏ပတ်ဝန်းကျင်က အေးခဲသွားပုံရသည်။
” မဆိုးဘူးပဲ …”
ဆီးရီးယပ်စ်က ခေါင်းအနည်းငယ်ညိတ်ပြီးနောက် ရှီဖုန်းကို ကြည့်လိုက်သည်။
“မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ကိုရောက်နေပြီးပြီ …။ ငါရဲ့ စိတ်စွမ်းအားဖိနှိပ်မှုကိုတောင် ခံနိုင်ရည်ရှိတယ် …။ အလားအလာရှိတဲ့ ကောင်စုတ်ကို မတွေ့ရတာ အတော်ကြာပြီ …။ မင်းကလည်း ငါနဲ့တိုက်ခိုက်ဖို့ သဘောတူခဲ့တယ် …။ ပွဲမစခင်မှာ လောင်းကြေးအဖြစ် မင်း ဘာပြောချင်လဲ …”
” လောင်းတာလား …”
ရှီဖုန်းက ထိုစကားကို ကြားသောအခါ မရယ်ပဲမနေနိုင်တော့ပေ။
” ဘာကို လောင်းချင်လဲ …”
“မင်းတို့အဖွဲ့က မီးလျှံကကြိုးလို့ခေါ်တဲ့ ကောင်မလေးက သိပ်ကိုအလားအလာ ရှိတယ် …။ မင်းတို့အဖွဲ့မှာ ကျန်နေဖို့က နှမျောစရာကောင်းတယ်ကွာ …။ သူ့မှာပိုတောက်ပတဲ့ အနာဂတ်တောင် ရှိနေတယ် …။ ဒါကြောင့် ငါရဲ့ တပည့်အဖြစ် လက်ခံချင်တယ် …။ သူမရဲ့ လမ်းကြောင်းပေါ်ရအောင် ကူညီပေးနိုင်တယ် …။ နောင်ကျ သူမက ငါထက်ကျော်သွားမှာ …။ ဒါကြောင့် မင်းတို့ အသူရာတိုက်ပွဲဝင်အဖွဲ့ ရှုံးသွားခဲ့ရင် မီးလျှံကကြိုးကို ငါ့တပည့်ဖြစ်ခွင့် ပေးရမယ် …”
” ဒါပေါ့ …။ ငါတို့ ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့ ရှုံးနိမ့်ခဲ့ရင် မင်းရဲ့တိုက်ပွဲဝင် စံသတ်မှတ်ချက်ကို ဘယ်လိုမြင့်တင်ရမလဲဆိုတာ ပြောပြမယ် …။ ဘယ်လိုထင်လဲ …”
” ကျုပ်ရဲ့ တိုက်ပွဲဝင်စံသတ်မှတ်ချက်ကို ဘယ်လိုတိုးမြှင့်ရမလဲဆိုတာလား …”
ရှီဖုန်းက သွေးဆောင်ခံလိုက်ရမှန်း ဝင်ခံရတော့မှာ ဖြစ်သည်။
သူ့အဆင့်သို့ရောက်ပြီးနောက် ရှေ့ဆက်တိုးတက်ရန်က အလွန်ခက်ခဲသွားတာပင်။ နယ်မြေတစ်ခုနိုးထရန်က ရိုးရှင်းသည့်ကိစ္စ မဟုတ်။ မရေမတွက်နိုင်သည့် ပါရမီရှင်များသည် ဤနေရာ၌ ပိတ်ဆို့နေကြပြီး ထိုနယ်ပယ်သို့ မဝင်ရောက်နိုင် ဖြစ်နေကြ၏။
သူ၏ နယ်မြေနိုးထခြင်းအကြောင်း မည်သည့်သဲလွန်စမှ သူတောင် ရှာမတွေ့သေးချေ။ ထိုသို့တိုင် ဆီးရီးယပ်စ်က သူ့တွင် ထိုကဲ့သို့နည်းလမ်းရှိကြောင်း ကြေညာခဲ့သည်။ ရှီဖုန်း အမြင်တွင် ဖြစ်နိုင်ချေတစ်ခုက ရှိသင့်ပေသည်။
အတိတ်တုန်းက သူသည် ဒုတိယတန်းအစည်းအရုံး၏ အစည်းအရုံးခေါင်းဆောင်မျှသာ ဖြစ်ခဲ့သည်။ သူသည် ပုံရိပ်ယောင်ဂိမ်းလောက၏ ထိပ်တန်းစွမ်းအားအဖြစ် သတ်မှတ်နိုင်သော အချက်အလက်အနည်းငယ်သာ ရှိ၏။ ထိုသို့ထိပ်တန်းစွမ်းအားများက ဆယ်စုနှစ်များအကြာ တည်ရှိနေတာ ဖြစ်သည်။ သူတို့၌ ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ရန် ကိုယ်ပိုင်နည်းလမ်းများ ရှိကြပေသည်။ ထို့ကြောင့် နယ်မြေတစ်ခုနိုးထရန် နည်းလမ်းတစ်ခုကို ရှာတွေ့ဖို့က သူတို့အတွက် လုံးဝမဖြစ်နိုင်တာ မဟုတ်ပေ။ ကံဆိုးသည်က ထိုနည်းလမ်းသည် လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နေ၏။
မဟုတ်လျှင် အမျိုးမျိုးသောစူပါအစည်းအရုံးကြီးများက များစွာသော သန့်စင်ခြင်းနယ် ပယ်ကျွမ်းကျင်သူများကို မည်ကဲ့သို့ ပြုစုပျိုးထောင်နိုင်မည်နည်း။
ယင်းက သာမန်အစည်းအရုံးများနှင့် စူပါအစည်းအရုံးများကြားရှိ ကွာဟချက်ဖြစ်ပေသည်။
အစည်းအရုံးလေးတစ်ခုသည် သူတို့၌ ထိပ်တန်းအလွှာကျွမ်းကျင်သူအနည်းငယ်ရှိနေလျှင်တောင် ကံကောင်းနေပြီ ဖြစ်သည်။ အစည်းအရုံးကြီးများက သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်သူများ ရှိနေခဲ့လျှင် အစွမ်းထက်သည်ဟု သတ်မှတ်နိုင်၏။ သို့သော် စူပါအစည်းအရုံးကြီးများက သူတို့၏ ကိုယ်ပိုင်သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်သူများကို အလွယ်တကူပျိုးထောင်နိုင်ကြသည်။
ကျွမ်းကျင်သူတစ်ဦး ပြုစုပျိုးထောင်ရန်စနစ်က ဇီးရိုးဝင်းအတွက် အစွမ်းထက်သော အထောက်အကူကြီးတစ်ခု ဖြစ်မှာပင်။ ရှီဖုန်းစိတ်တွင် သက်ပြင်းချလိုက်၏။
” မင်းဘယ်လိုထင်လဲ …”
ဆီးရီးယပ်စ်က လေးနက်စွာမေးလိုက်၏။
“ဒါက ကျုပ်ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး …။ မီးလျှံကကြိုးမှာ သူမရဲ့ ကိုယ်ပိုင်အစီအစဥ်ရှိတယ် …။ ဒါပေမဲ့ အခြားတစ်ခုကို လောင်းကြေးအဖြစ် ကမ်းလှမ်းရင်ရော …”
ရှီဖုန်းက ဆီးရီးယပ်စ်၏ အဆိုပြုချင်ကို မက်မောသွားသည်။
သူသာ အရည်အချင်းကိုတိုးမြှင့်နိုင်သည့် အားထားရဆုံးနည်းလမ်းတစ်ခုရခဲ့ပြီး နည်းလမ်းကိုသူကိုယ်တိုင် ရှာနေတာထက် အချိန်ကုန်သက်သာမှာပဲ ဖြစ်သည်။ ကျန်သည့်သူများကို ပြုစုပျိုးထောင်ပေးရန် ထိုနည်းလမ်းကိုလည်း အသုံးပြုနိုင်၏။
“တခြားတစ်ခုလား …။ မင်းကို အထင်သေးဖို့ ကြိုးစားနေတာတော့မဟုတ်ဘူး …။ ဒါပေမဲ့ ပုံရိပ်ယောင်ဂိမ်းလောကထဲမှာ ကျုပ်ကို မက်မောစေတဲ့အရာမရှိဘူး …”
ဆီးရီးယပ်စ်က ရှီဖုန်းသည် ကမ်းလှမ်းမှုကို ဖယ်ချလိမ့်မည်ဟု မထင်ထား။ သူက မရယ်ပဲမနေနိုင်တော့ကာ ပြောလိုက်၏။
“ဂိမ်းငွေကြေးရော အံ့ဖွယ်အိုင်တမ်ရောက မရနိုင်တာမဟုတ်ဘူး …။ သူတို့ကိုရဖို့ အချိန်နည်းနည်း ရင်းနှီးမြှုပ်နှံဖို့ပဲလိုတာ …။ မင်းက ငါ့ကို အဲဒီပစ္စည်းတွေနဲ့ မျှားဖို့ကြိုးစားနေတယ်ဆိုရင် ပြောမနေနဲ့တော့ …”
” မြင်းအိမ်ဒီဇိုင်းရော …”
ရှီဖုန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
” မင်း ဘာပြောလိုက်တာလဲ …”
ဆီးရီးယပ်စ်က အံ့သြသွားသည်။
” မင်းမှာ မြင်းအိမ်ဒီဇိုင်း ရှိတာလား …”
တိုက်ပွဲဝင်ဝံပုလွေကဲ့သို့ စူပါအစည်းအရုံးက အံ့ဖွယ်အိုင်တမ်ရရန် မခက်ခဲပေ။ သူတို့က စုဆောင်းရန်အချိန်အနည်းငယ်သာ လိုအပ်သည်။ အမှန်တကယ်တွင် တိုက်ပွဲဝင်ဝံပုလွေက အံ့ဖွယ်အိုင်တမ်များစွာ ရှိနေပြီးသား ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်အိုင်တမ်များက ဆီးရီးယပ်စ်ကို မမက်မောစေပေ။
မြင်းအိမ်ဒီဇိုင်းများကမူ မတူတော့ပေ။ နတ်ဘုရားနယ်မြေထဲရှိ အမျိုးမျိုးသောအစည်းအရုံးကြီးများက စီးတော်ယာဥ်များရရန် ရူးသွပ်နေကြတာ ဖြစ်သည်။ သူတို့က မြင်းအိမ်တစ်ခုတည်ဆောက်ရန်အတွက် လိုအပ်သောကုန်ကြမ်းများကို စုဆောင်းနေကြပြီ ဖြစ်သည်။ သို့သော် နတ်ဘုရားနယ်မြေတောက်လျှောက် အစည်းအရုံးများက လိုအပ်သည့်ကုန်ကြမ်းများကို ရနိုင်သော်လည်း ယခုအချိန်အထိ တန်ဖိုးကြီးသော မြင်းအိမ်ဒီဇိုင်းကို မရသေးပေ။ ထိုဒီဇိုင်းကို ရရှိရန်က အလွန်ခက်ခဲပေ၏။
တိုက်ပွဲဝင်ဝံပုလွေက မြင်းအိမ်ဒီဇိုင်းကိုရရှိပြီး သူတို့၏ အစည်အရုံးစီးတော်ယာဥ်ကို ကျန်သည့်အစည်းအရုံးများထက် ပြုစုပျိုးထောင်နိုင်ခဲ့လျှင် အစည်းအရုံးက ယှဥ်ပြိုင်ပွဲကို ကျော်တက်သွားမှာပဲ ဖြစ်သည်။ သူတို့သည် နတ်ဘုရားနယ်မြေထဲတွင် လွှမ်းမိုးမှုအတွက် ယှဥ်ပြိုင်ရာတွင် တစ်ပန်းသာပေလိမ့်မည်။
” မင်းဘာပြောမလဲ …”
ရှီဖုန်းက အစည်းအရုံးတစ်ခုအတွက် မြင်းအိမ်ဒီဇိုင်း အရေးပါပုံကိုနားလည်ပေသည်။ အစည်းအရုံး၏ အလုံးစုံခွန်အားကို မြင့်တင်ပေးနိုင်သည့် အရေးပါသောအိုင်တမ်တစ်ခု ဖြစ်သည်။ မြင်းအိမ်ဒီဇိုင်းက အံ့ဖွယ်အိုင်တမ်များစွာထက် ပိုတန်ဖိုးရှိ၏။ စူပါအစည်းအရုံးများတောင် မြင်းအိမ်ဒီဇိုင်းကိုရရန် ခက်ခက်ခဲခဲ ကြိုးစားနေရ၏။ ဆိုရလျှင် ခွန်အားသက်သက်ဖြင့် ထိုအိုင်တမ်ကိုရရှိရန် မလုံလောက်ပေ။ ကံကောင်းရန်လည်း လိုအပ်သည်။
မြင်းအိမ်ဒီဇိုင်းကို ရှီဖုန်း ပိုင်ဆိုင်ထားတာနှင့်ပတ်သက်ပြီး သူသည် အချက်အလက်ကို ဖုံးကွယ်ရန်အကြောင်း မရှိတော့ပေ။ မည်သည့်နည်းနှင့်မဆို မြင်းအိမ်စတင်တည်ဆောက်သည်နှင့် လျှို့ဝှက်ချက် ပေါက်ကြားသွားမှာပဲ ဖြစ်သည်။
” ငါတစ်ခုတော့ ပြောရမှာပဲ …။ မင်းရဲ့ စိတ်ရင်းမှန်ကြောင့် ရင်ထဲသို့ထိသွားမိသား …”
ဆီးရီးယပ်စ်က ရှီဖုန်းကို ထက်ကြည့်လိုက်သည့်အချိန်တွင် သူ့ရှေ့ရှိ လူငယ်က သူထင်သလိုမရိုးရှင်းဟု ရုတ်တရက် ခံစားမိလိုက်သည်။ စူပါအစည်းအရုံးများတောင် ရရှိရန်ကျရှုံးခဲ့သော မြင်းအိမ်ဒီဇိုင်းက ရှီဖုန်းတွင် ရှိနေသည့်အချက်သည် ထိုလူငယ်၏အရည်အချင်းကို သက်သေပြရန်လုံလောက်ပေ၏။
နှစ်ဖက်လုံးက လောင်းကြေးသဘောတူညီပြီးနောက် အမှတ်စဥ်ရေတွက်တာပြီးသွားသည်။
ဆီးရီးယပ်စ်က ချက်ချင်းပင်ပြုံးပြီး သူ၏နောက်ကျောမှ မီးတောက်နီမဟာဓားကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် ကိုက်နှစ်ဆယ်အကွာတွင်ရှိနေသော ရှီဖုန်းဆီ လက်နက်ဖြင့် ကြမ်းတမ်းစွာလွဲခုတ်လိုက်တော့၏။ ချက်ချင်းပင် တိုက်ခိုက်ရေးကြမ်းပြင်မှ မီးပင်လယ်က ပေါ်ထွက်လာပြီး ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်အဖြစ်ပြောင်းသွားကာ ရှီဖုန်းဆီ ခုန်အုပ်တော့သည်။