ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 794 ခွန်အားယှဥ်ပြိုင်ပွဲ
မြစိမ်းရောင် သက်ဖြတ်ခြင်းရောင်ခြည်နှင့် ကြေးသွေးရောင်မီးတောက်တို့ ထိသွားသည့်အချိန်တွင် တိုက်ခိုက်ရေးကွင်းထဲ၌ ဘုန်းခနဲ ပေါက်ကွဲသွားတော့သည်။
အလယ်တွင် ဓားနှစ်လက်ရှိနေပြီး ကြမ်းပြင်က တစ်စစီဖြစ်သွားကာ လေထဲတွင်ဖုန်များ ပြည့်နေတော့၏။
ထိတ်လန့်ဖွယ်လှိုင်းများ ဖြတ်သန်းသွားသည်နှင့် တိမ်များကြားထဲမှ ပုံရိပ်တစ်ခုက လွင့်စင်ကျလာသည်။ ထိုပုံရိပ်က မြေပြင်သို့ရောက်သည်နှင့် ချက်ချင်းရပ်လိုက်၏။
” ငါလုပ်နိုင်ခဲ့ပြီ …”
ရှီဖုန်းသည် ရေရွတ်ပြောပြီးနောက် ထလိုက်သည်။ သူ၏ တုန်ယင်နေသောလက်ကို တစ်ချက်ကြည့်ပြီး ခါးသက်စွာ ပြောလိုက်၏။
” သူ့မှာ ခွန်အားတွေအများကြီး ရှိတာပဲ …”
နတ်ဘုရားနယ်မြေ၏ ကျော်ကြားသောဓား သုံးဆယ့်ခြောက်လက်က သူတို့၏ ကိုယ်ပိုင်ခွန်အားကိုယ်ဆီ ရှိကြပေသည်။ သူတို့ထဲတွင် မီးတောက်က အဖျက်စွမ်းအားအတွက် အလွန်နာမည်ကျော်ကြားပေ၏။ ၎င်း၏စကေးက မယှဥ်နိုင်လောက်အောင် ကြမ်းတမ်းသည်။ ရှေးစစ်သည်တော်တစ်ဦး၏လက်ထဲတွင် လက်နက်က မြို့တစ်မြို့ကိုတောင် ဖြိုနိုင်လောက်သည်။
သူ၏ အခြေခံအရည်အချင်းက ဆီးရီးယပ်စ်၏ အခြေခံအရည်အချင်းထက် အနည်းငယ်မြင့်သည့်တိုင် ကောင်းကင်ဘုံနဂါး၏ စွမ်းအားကိုအသက်သွင်းပြီး ခွန်အားကို (၁၀၀) ရာခိုင်နှုန်းအထိ မြင့်တင်ထားရာ ရှေးစစ်သည်တော်၏ တိုက်ခိုက်မှုသည် သူ့ကို လွင့်ထွက်သွားစေသေးဆဲ ဖြစ်သည်။
ကံကောင်းသည်မှာ ကောင်းကင်ဘုံနဂါး၏ စွမ်းအားက သူ၏ HP နှင့် ခုခံမှုနှစ်မျိုးစလုံးကို (၃၀၀) ရာခိုင်နှုန်း တိုးမြှင့်ပေးထားသည်။ မိုးကြိုးနတ်ဘုရားသက်ဆင်းခြင်းကလည်း ထိခိုက်မှုကို လျှော့ချပေးသည့် အာနိသင်တစ်ခု ရှိ၏။
ထို့ကြောင့် တိုက်ခိုက်ခံရပြီးသည့်တိုင် သူက HP နှစ်ရာကျော်မျှသာ ဆုံးရှုံးခဲ့တာ ဖြစ်သည်။ ကံကောင်းသည်မှာ ကောင်းကင်ဘုံနဂါး၏ စွမ်းအားဖြင့် ရှီဖုန်း၏ အမြင့်ဆုံးရောက်နိုင်သည့် HP က လေးသောင်းရှစ်ထောင် ရှိသည်။ မိုးကြိုးနတ်ဘုရား၏ သက်ဆင်းခြင်းမရှိလျှင်တောင် ဆီးရီးယပ်စ်၏ တိုက်ခိုက်မှုက ရှီဖုန်းကို ခြစ်ရာထင်စေရုံမျှသာ ရှိ၏။
” ရီဖုန်းက သန်မာလိုက်တာ …။ ခေါင်းဆောင်က မီးတောက်နဂါးရဲ့ လျှပ်တပြက်အသုံးပြုပြီးတာတောင် သူက ထိခိုက်မှုနည်းနည်းလေးပဲ ရတယ် …”
ရှီဖုန်း မထိခိုက်ဘဲ ရှိနေသေးတာကိုမြင်ပြီးနောက် သွေးသူရိန်သည် ဆွံ့အလုနီးပါး ဖြစ်သွားခဲ့သည်။
ထာဝရစစ်ပွဲလည်း ဆွံ့အသွားသည်။
ဆီးရီးယပ်စ်၏ မီးတောက်နဂါးလျှပ်တပြက်ပေါ် သူ၏ မှတ်ဉာဏ်က စိတ်ထဲထင်ထင်ရှာရှား ရှိနေသေးဆဲ ဖြစ်သည်။ ဆီးရီးယပ်စ်က သူ့ကို လမ်းညွှန်ပြသခဲ့စဥ်က ရှေးစစ်သည်တော်သည် သူ့ကို အပြီးသတ်ရန် တစ်ကွက်သာအသုံးပြုခဲ့၏။ ထိုသို့တိုင် ရှီဖုန်းက HP နှစ်ရာကျော်သာ ဆုံးရှုံးခဲ့သည်။ ယင်းက အံ့သြဖွယ်ကောင်းလွန်းနေသည်။
ထို့အပြင် ရှီဖုန်းက ဆီးရီးယပ်နှင့် ကြာရှည်တိုက်ခိုက်နိုင်တာ ဖြစ်သည်။ ရှီဖုန်းသည် သူမြင်ဖူးသမျှ လူများထဲတွင် ထိုသို့ဆောင်ရွက်နိုင်သည့် ပထမဆုံးလူဖြစ်၏။
ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့၏ မည်သည့်အဖွဲ့ဝင်ကမှ ဆီးရီးယပ်စ်ကို ဆယ်စက္ကန့်ထက် ပိုမခုခံနိုင်ခဲ့ကြပေ။ သူတို့၏ ရှေးစစ်သည်တော်စကေးများကို အသက်သွင်းပြီးသည့်တိုင် ယင်းကမပြောင်းလဲ။ ဆီးရီးယပ်စ်က ရှေးစစ်သည်တော်စကေးကို မမှီခိုဘဲ ဆယ်စက္ကန့်အတွင်း သူတို့ကို ဇီဝိန်ခြွေနိုင်ခဲ့သည်။
ဆီးရီးယပ်စ်နှင့် သူ၏ လက်အောင်ငယ်သားများကြားရှိ တိုက်ပွဲဝင်နည်းစနစ်ကွာဟချက်က မိုးနှင့်မြေနယ် ကွာခြားလှ၏။
“ရီဖုန်းက ဒီလောက်ခွန်အားတွေ ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့ တစ်ခါမှမသိခဲ့ဘူး …။ သူက မွန်းစတားကြီးနဲ့တောင် တကယ်ယှဥ်ပြိုင်နိုင်တာပဲ …။ သူက သိုင်းနဂါးထက်တောင် ပိုသန်မာသလို ခံစားရတယ် …”
ဘလူးဖီးနစ်၏ မျက်လုံးထဲတွင် အလင်းတစ်ချက်တောက်သွား၏။ ရှီဖုန်၏ ခွန်အားကို လေးစားမိသွားသည်။ သူမသာ ဆီးရီးယပ်စ်နှင့် တိုက်ခိုက်နေခဲ့ရလျှင် ယခုလောက်ဆို ပွဲက အဆုံးသတ်လောက်ပြီ ဖြစ်၏။
“တကယ်ဟုတ်တယ် …။ ရီဖုန်းက သိုင်းနဂါးထက်ပိုသန်မာတယ် …။ ဒါပေမဲ့ ဒါက စကေးနဲ့အရည်အချင်းနေရာမှာပဲ ရှိသေးတာ …။ ဇီးရိုးဝင်းက ဒီလောက်များတဲ့ အံ့ဖွယ်လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ ဘယ်လိုရသလဲဆိုတာ တကယ်အံ့သြစရာပဲ …”
ဖီးနစ်မိုးက အတွေးနက်နေပြီး တိုက်ခိုက်ကွင်းထဲတွင် ဝင့်ကြွားစွာရပ်နေသော ရှီဖုန်းကို ကြည့်လိုက်၏။
ဤပွဲစဥ်ကို ကြည့်ပြီးနောက် သူမသည် ရှီဖုန်းကို အနည်းငယ်နားလည်သဘောပေါက်လာပြီ ဖြစ်သည်။
ဆီးရီးယပ်စ်၏ ခွန်အားက သူကိုယ်တိုင်အတွက် စကားပြောသွားပေသည်။ ထိုသို့တိုင် ဆီးရီးယပ်စ်ကဲ့သို့ မွန်းစတားကြီးနှင့် ရင်ဆိုင်နေရသော်ငြား ရှီဖုန်းသည် သူ၏ ချို့ယွင်းချက်အတွက် ဖာထေးဖို့ရာ အခြေခံအရည်အချင်းများကို မှီခိုအားထားနိုင်ခဲ့သည်။ သူ၏ အခြေခံအရည်အချင်းများ မည်မျှအစွမ်းထက်ကြောင်း မှန်းဆနိုင်ပေ၏။ ထိုကဲ့သို့ အရည်အချင်းရရန်အတွက် မဟူရာရွှေချပ်ဝတ်တန်ဆာကိုသာ မှီခိုအားထား၍မရပေ။ အံ့ဖွယ်အိုင်တမ်များကသာလျှင် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်၏။
သို့သော် အံ့ဖွယ်အိုင်တမ်များသည် မည်မျှတန်ဖိုးရှိသနည်း။ ယခုအချိန်ထိတိုင် နဂါးဖီးနစ်ပွဲကြည့်စင်၌ အနည်းငယ်သာရှိ၏။ ထိုသို့တိုင် အသူရာတိုက်ပွဲဝင်အဖွဲ့ကြားထဲတွင် အဖွဲ့ဝင်တစ်ယောက်ထက်မနည်း သူတို့ကိုယ်ပိုင် အံ့ဖွယ်အိုင်တမ်များ ဝတ်ဆင်ထားကြ၏။
သူမတွေးဆချက်ဖြင့် ရေနှင်းဆီနှင့် မီးလျှံကကြိုးနှစ်ယောက်လုံးသည် အနည်းဆုံးအံ့ဖွယ်အိုင်တမ်တစ်ခုဆီ ပိုင်ဆိုင်ထားကြသည်။ ခရမ်းတိမ်အတွက်မူ ဘာသာရေးခေါင်းဆောင်က မတိုက်ခိုက်ရသေးသောကြောင့် သူမ မသိပေ။
သို့သော် ဤအရာကတင် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ ဖီးနစ်မိုးက ထိုအံ့ဖွယ်အိုင်တမ်များသည် ဇီးရိုးဝင်းထံမှ ရလာတာဖြစ်မှန်း ကောင်းကောင်းသိနေ၏။
ရှီဖုန်းက ရှေးစစ်သည်တော်စကေးကို အသက်သွင်းပြီးနောက် သူအချိန် ဖြုန်းမနေတော့ပေ။ ဆီးရီးယပ်စ်ဆီ ချက်ချင်း ဝင်ရောက်တိုက်ခိုက်လိုက်၏။
သူ၏ HP ခုခံမှုတို့ဖြင့် ဆီးရီးယပ်စ်၏ တိုက်ခိုက်မှုကို စိုးရိမ်ပူပန်ရန်မလို။ သူက ထိုးနှက်ချက်အတွက် တက်နိုင်သေးသည်။ ရှီဖုန်းသည် ဆီးရီးယပ်စ်ရှေ့သို့မရောက်ခင် လေထဲသို့ ခုန်တက်လိုက်၏။ သက်ဖြတ်ခြင်းရောင်ခြည်ကိုမြောက်လိုက်ပြီး မီးနှင့် လျှပ်စီး၏ စွမ်းအားကို ဓားသွားတစ်ဝိုက် စုစည်းလိုက်တော့သည်။
မိုးကြိုးမီးတောက် ပေါက်ကွဲခြင်း
ချက်ချင်းပင် တိုက်ကွက်က ဆီးရီးယပ်စ်တစ်ဝိုက်ရှိ လေဟာနယ်ကို ဖိနှိပ်လိုက်သည်။
လေဟာနယ်ဖိနှိပ်ခြင်းက ရန်သူများအားလုံး၏ လှုပ်ရှားမှုအရှိန်ကို လျှော့ချပေးသည်။ စကေး၏ ကျယ်ဝန်းသော အကွာအဝေးဖြင့် ဆီးရီးယပ်စ်က ရှောင်စရာနေရာ မရှိတော့ပေ။
ဆီးရီးယပ်စ်က တိုက်ကွက်ကို ရှောင်မည့်ဟန် မပြ။ ထိုအစား သူ၏ ခန္ဓာကိုယ်ရှေ့တွင် မီးတောက်ဓားကို ကိုင်ဆောင်လျက် သက်ဆင်းလသည့်ဓာတ်များကို ခုခံရန်သာ ရည်ရွယ်လိုက်သည်။
ဖုန် …
မီးလျှင့် လျှပ်စီးက ရှေးစစ်သည်တော်ကို ဝါးမျိုသွားသည်။ သို့သော် သဘာဝဓာတ်များက မီးတောက်နှင့် ထိမိသည့်အချိန်တွင် မီးတောက်ဓားက သွေးနက်တစ်ခုနယ် သူတို့အားလုံးကို စုပ်ယူလိုက်၏။
” ဒီစကေးက ထိုးနှက်ချက်တစ်ခုဆိုတာ သေချာတယ် …”
ဆီးရီးယပ်စ်က မီးတောက်နှင့် လျှပ်စီးများကို စုပ်ယူပြီးသည့်အချိန်တွင် စိတ်လှုပ်ရှားသည့်အပြုံး ပေါ်လာတော့၏။ သူ့ခြေထောက်အောက်တွင်လည်း အက်ကွဲရာများ ပိုထင်လာတော့သည်။
” ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ မင်းကြောင့် ဒီစကေးကို အကန့်အသတ်ထိသုံးဖို့ အခွင့်အရေးရလိုက်ပြီ …”
သူသင်ယူထားခဲ့သည့် ရှေးစစ်သည်တော်စကေးက အတော်လေးထူးဆန်းပေ၏။ စကေး၏ အမည်က ပထမဆုံးတိုက်ပွဲအတွေ့အကြုံဟု အမည်ရသည်။ စကေး၏ စွမ်းဆောင်ရည်ကို ပြသရန်အတွက် သူသည် တိုက်ကွက်တစ်ကွက်ထဲမှ တိကျသည့်ထိခိုက်မှုပမာဏကို စုပ်ယူရန်လိုအပ်၏။
ထို့အပြင် သူက ရှေးစစ်သည်တော်၏စကေးကို သူလက်ခံရရှိသည့် ထိခိုက်မှုပေါ်မူတည်ပြီး ပြန်ထုတ်ဖော်နိုင်မှာ ဖြစ်သည်။
အတိတ်တုန်းက သူ၏ ပြိုင်ဘက်များက စကေး၏ စွမ်းဆောင်ရည် (၅၀) ရာခိုင်နှုန်းကို သူ့အား ပြသခွင့်ပေးထားလျှင် သူကံကောင်းနေပြီ ဖြစ်သည်။ သို့သော် ရှီဖုန်း၏ တိုက်ခိုက်မှုက စကေး၏အာနိသင် (၁၀၀) ရာခိုင်နှုန်း ထုတ်ဖော်ရန် ခွင့်ပြုထား၏။
လက်ရှိတွင် ဘက်ထရစ်ဖိုင်းယား၏ ပထမဆုံးတိုက်ခိုက်ခြင်း၏ ခွန်အားအပိုဆောင်းက (၁၂၀) ရာခိုင်နှုန်းသို့ ရောက်သွားသည်။ သူ၏ တိုက်ခိုက်မှုအရှိန်က (၁၀၀) ရာခိုင်နှုန်း တိုးသွားပြီး HP က (၂၀၀) ရာခိုင်နှုန်း ခုန်တက်သွား၏။ မီး၏ ဓားသွားခြောက်ခုကလည်း သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပေါ်လာ၏။ ပထမဆုံးအတွေ့အကြုံက တစ်မိနစ်ကြာရှည်ခံပြီး တိုက်ခိုက်မှုကို အဆုံးသတ်ရန် အချိန်လုံလောက်တာထက်ပိုသည်။
ရှီဖုန်းက ဆီးရီးယပ်စ်၏ စကားကိုကြားသောအခါ စိတ်ထဲမကောင်းတော့ပေ။ ရှီဖုန်း မတုံ့ပြန်ရသေးခင် မီးတောက်ဓားခြောက်စင်းက သူ့ဆီရောက်လာတော့၏။
” မြန်လိုက်တာ …”
လျင်မြန်စွာ ချဥ်းကပ်လာသည့် မီးဓားများကိုကြည့်ပြီး ရှီဖုန်းက သတ်ဖြတ်ခြင်းရောင်ခြည်နှင့် အသူရာဓားသွားကို ထုတ်ဖော်လိုက်၏။
ဖန် … ဖန် … ဖန် …
တောက်ပသည့် မီးစခြောက်ခုက သူ့တစ်ဝိုက် လွင့်စင်နေကာ ကြမ်းတမ်းသည့်လက်နက်များကို သူဖယ်ရှားလိုက်သည်။ သို့သော် တိုက်ခိုက်မှုက ရှီဖုန်းကို ဆယ်ကိုက်အကွာထိ လွင့်ထွက်သွားစေ၏။ သူ့ခေါင်းထက်တွင် ထိခိုက်မှု (-၃၀၀) ပေါ်လာတော့သည်။
” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
အသူရာတိုက်ပွဲဝင်အဖွဲ့၏ အဖွဲ့ဝင်တိုင်းက ရှီဖုန်း လေထဲသို့ လွင့်ထွက်သွားတာကိုမြင်သောအခါ ထိတ်လန့်သွားကြသည်။ ရှီဖုန်း၏ အခြေခံအရည်အချင်း မည်မျှသန်မာကြောင်း သူတို့ သိပေ၏။ ကောင်းကင်ဘုံနဂါး၏ စွမ်းအားကို ရှီဖုန်းအသက်သွင်းပြီးနောက် သူလွင့်ထွက်သွားတာကို သူတို့မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
ကောင်းကင်ဘုံနဂါး၏ စွမ်းအားက ရှီဖုန်း၏ ခွန်အားကို (၁၀၀) ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။ ရှီဖုန်း၏ လက်ရှိခွန်အား အရည်အချင်းဖြင့် (၁၀၀) ရာခိုင်နှုန်း တိုးမြှင့်မှုက အဆင့်မြင့်အရှင်ကိုတောင် ရင်ဆိုင်ဖြေရှင်းနိုင်ရန် လုံလောက်ပေ၏။ ထိုသို့တိုင် ဆီးရီးယပ်စ်က သူ့ကို လွင့်ထွက်သွားစေကာ သူတို့ မည်ကဲ့သို့ မထိတ်လန့်ပဲ နေမည်နည်း။ မြေပြင်ပေါ်သို့ ရောက်ပြီးနောက် ရှီဖုန်းက ဆီးရီးယပ်စ်ကို မျက်လုံးထဲအကြောက်တရားဖြင့် ကြည့်လိုက်၏။
” ဒါက မွန်းစတားကြီးတွေရဲ့ ခွန်အားအစစ်အမှန်လား …”
ရှီဖုန်းက သူ၏ တုန်ယင်နေသောလက်ကိုကြည့်ပြီး မျက်လုံးထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင် ပေါ်လာသည်။
ကျန်သည့်သူများကတော့ ဖြစ်ပျက်သွားတာကို မသိတာဖြစ်နိုင်သည်။ သို့သော် ထိုဓားမီးများ၏ ကွေးညွတ်မှုကို ရင်ဆိုင်ရသည့် လူတစ်ယောက်အနေဖြင့် ရှီဖုန်းက အခြေအနေကို နားလည်ပေသည်။ ခွန်အားအရာတွင် ရှီဖုန်းက ထိုကြမ်းတမ်းသောမီးဓားသွားများထက် ပိုမြင့်မားပေ၏။ သို့သော် ဆီးရီးယပ်စ်က ဓားခြောက်စင်းကို သူတို့၏ အကန့်အသတ်အထိ ထိန်းချုပ်နိုင်ပေသည်။
မီးဓားတစ်လက်က သူ့ကို လွှမ်းမိုးနိုင်ရန် ခွန်အားမလုံလောက်သော်ငြား ဓားနှစ်လက်က ခွန်အားပေါင်းစည်းလိုက်လျှင် သူ့ထက် ပိုသန်မာသွားသည်။
ဓားနှစ်လက်၏ ခွန်အားပေါင်းစည်းမှုက ပြောရသည်မှာလွယ်သော်လည်း အပြုအမူများကို သဘောပေါက်ရန်က အင်မတန်ခက်ခဲသည်။ ထိုလုပ်ဆောင်မှုကို ပြီးမြောက်စေရန်အတွက် လူတစ်ဦးသည် ဓားနှစ်လက်ကို တစ်ချိန်ထဲတစ်နေရာထဲသို့ တိုက်ခိုက်ရန်လိုအပ်သည်။ ဓားနှစ်လက်၏ ခွန်အားအရည်အချင်းများကို ပေါင်းစပ်မှသာ ထိုသို့ပြုလုပ်နိုင်တာ ဖြစ်သည်။ သာမန်ကစားသမားများက ထိုအရာကို မလုပ်နိုင်ပေ။ ယခုအချိန်ထိ သူတောင် ထိုအကွက်ဖြင့် မတိုက်ခိုက်နိုင်ပေ။ သို့သော် ဆီးရီးယပ်စ်က တိုက်ခိုက်နိုင်ခဲ့သည်။ ထို့အပြင် သူက ခပ်ဝေးဝေးကနေ ဓားများကို ထိန်းချုပ်ထားတာ ဖြစ်၏။
“အခုအချိန်ထိ မင်းကိုတိုက်ခိုက်ရတာ အတော်ပျော်ဖို့ကောင်းတာပဲ …။ တန်ပြန်အနေနဲ့ ငါ့ရဲ့ အကြီးမားဆုံးခွန်အား နောက်ဆုံအကွက်ကို ပြမယ် …”
ဆီးရီးယပ်စ်က ပြောပြီးနောက် ရှီဖုန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ပြီးနောက် ခပ်ရေးရေးပြုံးပြီး ရှီဖုန်းကို မီးတောက်ဓားဖြင့် ချိန်ရွယ်လိုက်၏။
ချက်ချင်းပင် မီးအလင်း၏ ဓားခြောက်စင်းက ရှီဖုန်းဆီ ဝင်ရောက်လာကာ ဓားခြောက်စင်းက မီးတောက်လက်နက်တစ်ခုထဲအဖြစ် ပြောင်းလဲသွားတော့၏။