ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 801 စီးတော်ယာဥ်ကို ယဥ်ပါးအောင်ပြုလုပ်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 801 စီးတော်ယာဥ်ကို ယဥ်ပါးအောင်ပြုလုပ်ခြင်း
အမျိုးသမီးဧည့်ကြိုက မြင်းအိမ်ဒီဇိုင်းကို လက်ခံပြီးနောက် သူမရှေ့ရှိ မှော်သလင်းလုံးကို နှိပ်လိုက်သည်။
ချက်ချင်းပင် တစ်ဝက်ဖောက်ထွင်းမြင်နေရသော အဆောက်အအုံအသေးစားလေးက ရှီဖုန်းရှေ့၌ ပေါ်လာတော့၏။ ယင်းက မြင်းအိမ်အတွက် တည်ဆောက်သည့် မော်တယ်ဖြစ်သည်။ ယင်းက ကစားသမားများကို အဆောက်အအုံပြုပြင်ရန် ရွေးချယ်ခွင့်ပေးထားတာ ဖြစ်သည်။
သာမန်နှင့် တန်ဖိုးကြီးဟူ၍ အဆင့်သက်မှတ်ချက်ဖြင့်ခွဲထားသည့် ကျန်သည့် အဆောက်အအုံများနှင့်မတူဘဲ မြင်းအိမ်က အရွယ်အစားဖြင့် ခွဲထားတာ ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ လောကထဲတွင် တောရိုင်းသတ္တဝါများနှင့် နတ်ဆိုးသားရဲများစွာရှိပေရာ ထိုမွန်းစတားများက အရွယ်အစားမတူညီကြပေ။ မွန်းစတားတစ်ကောင်က အရွယ်အစား ပိုကြီးလေလေ မြင်းအိမ်က ပိုကြီးရန်လိုအပ်လေ ဖြစ်၏။
မြင်းအိမ်က ပိုကြီးလေ တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်ပိုများလေဆိုတာ သိသာသည်။
အရွယ်အစားသေးသည့် မြင်းအိမ်တစ်ခုက တည်ဆောက်ရန်အတွက် ရွှေပြားနှစ်ထောင်မှ သုံးထောင် ကျသင့်မှာဖြစ်သည်။
အရွယ်အစားအလယ်အလတ်ရှိသော မြင်းအိမ်သည် ရွှေပြားလေးထောင်မှ ရွှေပြားငါးထောင် ကျသင့်မှာဖြစ်၏။
အရွယ်အစားကြီးမားသည့် မြင်းအိမ်တစ်ခုက ရွှေပြားရှစ်ထောင်မှ ရွှေပြားတစ်သောင်းဝန်းကျင် ကျသင့်မှာဖြစ်သည်။
ဧရာမမြင်းအိမ်က ရွှေပြားလေးသောင်းမှ ရွှေပြားငါးသောင်း ကျသင့်မှာပဲ ဖြစ်သည်။
မိုကြိုးဝံပုလွေကဲ့သို့သော ရှားပါးသောစီးတော်ယာဥ်အတွက် ရှီဖုန်းသည် အနည်းဆုံးအလယ်အလတ် အရွယ်အစားမြင်းအိမ်ကို လိုအပ်ပေသည်။
အရွယ်အစား ပိုကြီးမားသည့် မြင်းအိမ်၏ အကန့်အသတ်က နေရာပိုကျယ်ရုံသာမကပေ။ အရွယ်အစားပိုကြီးမားသောမြင်းအိမ်က အစည်းအရုံးတစ်ခုကို စီးတော်ယာဥ်များကို ပိုမြန်မြန်ဆန်ဆန် ယဉ်ပါးအောင် လုပ်နိုင်အောင် သင်ပေသည်။ အစည်းအရုံးကစားသမားများသည် သူတို့၏ စီးတော်ယာဥ်များကို ကြီးပြင်းလာစေရန်အတွက် ပိုလွယ်ကူသည့်အချိန် ရှိလာစေမှာလဲဖြစ်သည်။ ပိုအရေးကြီးသည်က အစွမ်းထက်သောသားရဲထိန်းကျောင်းသူကို ပိုကြီးမားသည့်မြင်းအိမ်ဖြင့် ဖိတ်ခေါ်နိုင်တာဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် စီးတော်ယာဥ် ယဉ်ပါးအောင်ပြုလုပ်ခြင်းက ဗဟုသုတနယ်ပယ် တစ်ရပ်အဖြစ် သတ်မှတ်ထားသည်။ သားရဲထိန်းသူများသည် စီးတော်ယာဥ်၏စွမ်းအားကို ထိန်းချုပ်ရာတွင် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်၏။ အစည်းအရုံးစီးတော်ယာဥ်၏ ကြီးထွားနှုန်းတစ်ဝက်ခန့်က သားရဲထိန်းကျောင်းသူပေါ် မူတည်နေပေသည်။ ထို့ကြောင့် အစွမ်းထက်သော သားရဲထိန်းကျောင်းသူကို ငှားရမ်းဖို့က အစည်းအရုံးတစ်ခုအတွက် မရှိမဖြစ် လိုအပ်သည်။
” ဒီအရွယ်အစားကြီးတဲ့ မြင်းအိမ်လိုချင်တယ် …”
ရှီဖုန်းက စတိုင်တစ်ခုဖြင့်မြင်းအိမ်ကို ရွေးချယ်ပြီးနောက် အတည်ပြုဟူသည့်ခလုတ်ကို နှိပ်လိုက်သည်။
” ဆရာ …။ ဆရာက မြင်းအိမ်နံပါတ် (၀၅၉) ကိုရွေးချယ်ခဲ့တာပါ …။ စုစုပေါင်းကုန်ကျစရိတ်က ရွှေပြားကိုးထောင်လေးရာငါးဆယ် ဖြစ်ပါတယ် …။ ဒါအပြင် မြင်းအိမ်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ကုန်ကြမ်းတွေကိုလည်း ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ် …”
ဧည့်ကြိုဝန်ထမ်းမလေးက ပြုံးပြပြီးနောက် ကုန်ကြမ်းကုန်ကျစရိတ်ကို ပြလိုက်သည်။ မြင်းအိမ်တည်ဆောက်ရန်အတွက် လိုအပ်သော ကုန်ကျစရိတ်များအားလုံးကို စာရင်းတွင် ပြသထားသည်။
” ဒီမှာ ကုန်ကြမ်းနဲ့ ပိုက်ဆံ …”
ရှီဖုန်းက တွေဝေမနေဘဲ အားလုံးထုတ်ပေးလိုက်၏။ သူသည် အမှောင်ပြိုင်ကွင်းထဲတွင် အချီကြီးပွခဲ့တာ ဖြစ်သည်။
ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့မှ သူရလာခဲ့သည့် လောင်းကြေးအကျိုးအမြတ်အပြင် ပြိုင်ပွဲ၏ အနိုင်ရသည့်အဖွဲ့ဝင်အနေဖြင့် အသူရာတိုက်ပွဲဝင်အဖွဲ့ကလည်း ပရိသတ်၏ လောင်းကြေးထဲမှ ဝေစုအနည်းငယ်လည်း ရခဲ့သည်။ ထို့အပြင် ပရိသတ်သည် အသူရာတိုက်ပွဲဝင်အဖွဲ့၏ ခွန်အားကိုလျော့တွက်ခဲ့သောကြောင့် လူများစွာသည် ဂလိုးရီးယပ်စ်လိုင်းရွန်းဘက်၌ လောင်းခဲ့ကြသည်။ ရလဒ်အနေဖြင့် ဖီးနစ်မိုးနှင့် အကျိုးအမြတ်တစ်ဝက်ခွဲပြီးသည့်တိုင် အကျိုးအမြတ်များစွာရပြီး ထွက်လာနိုင်ခဲ့တာ ဖြစ်သည်။
အမှောင်ပြိုင်ကွင်းထဲရှိ အဖွဲ့ဝင်တစ်ခု၏ ရှယ်ယာက အဖွဲ့အစည်း၏ တိုက်ပွဲစီစဥ်သူ၏ တိုက်ပွဲဝင်အဖွဲ့နဲ့မတူပေ။ အနိုင်ရသည့်တိုက်ပွဲဝင်အဖွဲ့သာလျှင် ပရိသတ်လောင်းကြေး၏ ဝေစုတစ်ခု ရနိုင်တာဖြစ်သည်။ ရှုံးသူက ဘာမှမရ။ ထို့အပြင် အနိုင်ရသည့်တိုက်ပွဲဝင်အဖွဲ့က ဝေစု (၃) ရာခိုင်နှုန်းရရှိပြီး ပွဲစီစဥ်သူထက် (၂) ရာခိုင်နှုန်း ပိုမြင့်သည်။ ရှီဖုန်းက အသူရာတိုက်ပွဲဝင်အဖွဲ့၏ ပါဝင်ခွင့်ကို ပိုင်ဆိုင်ရုံသာရှိပြီး သူက ဖီးနစ်မိုးနှင့် (၃) ရာခိုင်နှုန်းသာ ခွဲဝေရန်လိုအပ်သည်။
ရှီဖုန်းရရှိသည့် အနိုင်ရသည့် (၁•၅) ရာခိုင်နှုန်းထဲတွင် သူ မလိုအပ်သည်ကုန်ကြမ်းများနှင့် ချပ်ဝတ်တန်ဆာများကို ရောင်းချခဲ့တာဖြစ်သည်။
ရှီဖုန်းသည် (၁•၅) ရာခိုင်နှုန်းသာရခဲ့သော်ငြား သူရရှိလိုက်သည့် လုပ်ခလစာက မနည်းပါးပေ။ အမှောင်ပြိုင်ကွင်း၏ ပရိသတ်တိုင်းက ကြွယ်ဝချမ်းသာသည့်သူများ ဖြစ်ကြ၏။
သူတို့လောင်းကြေးသည် အနည်းဆုံး ရွှေပြားရာချီတန်သည့် ကုန်ကြမ်းများ ပါဝင်တာဖြစ်သည်။ လူများစွာက ဂလိုးရီးယပ်စ်လိုင်းရွန်းဘက်တွင် လောင်းကြေးပိုပိုသာသာထပ်ခဲ့ရာ ရှီဖုန်း၏ ဝင်ငွေက အထင်ကြီးဖွယ်ကောင်းနေတာ သဘာဝကျ၏။
ဤယှဥ်ပြိုင်ပွဲတစ်ပွဲမှ သူသည် ရွှေပြားခုနှစ်ထောင်ကျော်ရလာခဲ့သည်။ သူသည် ဂလိုးရီးယပ်စ်လိုင်းရွန်းမှ မြင်းအိမ်အတွက် လိုအပ်သော ကုန်ကြမ်းများလည်း ရလာခဲ့၏။ သူလိုအပ်သည်များရပြီးနောက် ပိုသည့်ကုန်ကြမ်းများကို ဖီးနစ်မိုးအား ရောင်းချလိုက်ပြီး ရှေးဦးမြသစ်သားကို ရွှေပြားခုနှစ်ဆယ့်ငါးပါးဖြင့် ဝိညာဥ်ကျင့်ကြံခြင်းကျောက်တုံးတစ်တုံးကို ရွှေပြားခြောက်ဆယ်ဖြင့် ရောင်းချခဲ့သည်။ ဆိုရလျှင် သူက ရှေးဦးမြသစ်သားအတုံးနှစ်ဆယ်နှင့် ဝိညာဥ်ကျင့်ကြံခြင်းကျောက်တုံး ဆယ့်နှစ်တုံးရောင်းချခဲ့ရာ နောက်ထပ်ရွှေပြား ၂၂၂၀ ရလာခဲ့သည်။
ယှဥ်ပြိုင်ပွဲမတိုင်ခင်က သူလောင်းခဲ့သော ငွေကြေးပါပေါင်းခဲ့လျှင် ယခု ရွှေပြားသောင်းတစ်ထောင် ရှိနေပြီ ဖြစ်၏။ သူက အရွယ်အစားကြီးမားသည့် မြင်းအိမ်ကို အလွယ်တကူဝယ်နိုင်ပေ၏။
ရှီဖုန်းက ဘေလ်ပေးချေပြီးနောက် ဧည့်ကြိုမလေးသည် သူ့ကို မြင်းအိမ်လက်မှတ်ပေးလိုက်သည်။ နောင်တွင် သူက မြင်းအိမ်ကိုပြုပြင်ချင်ပြီး အရွယ်အစားပိုကြီးမားသည့် မြင်းအိမ်အဖြစ် မြှင့်တင်ချင်ပါက ဤလက်မှတ်သည် လိုအပ်သည့်ပြုပြင်မှာများ ပြုလုပ်နေပေးနိုင်မှာပဲ ဖြစ်သည်။ သူက နောက်ထပ်မြင်းအိမ်ဒီဇိုင်းရရန် မလိုတော့ချေ။
ရှီဖုန်းက မြင်းအိမ်တည်ဆောက်မှုကို အတည်ပြုပြီးနောက် NPC ဗိသုကာပညာရှင်တစ်စုက မြစ်ဖြူမြို့အတွင်းရှိ ဇီးရိုးဝင်း၏ အစည်းအရုံဂေဟာသို့ ရောက်လာပြီး မြင်းအိမ်စတင် တည်ဆောက်ကြတော့သည်။
ရုတ်တရက်တွင် ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာထဲတွင် နေရာကျယ်ကြီးတစ်ခုပေါ်လာပြီး ယင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်အဖြစ် ပြောင်းလဲသွားတော့၏။ ခပ်ဝေးဝေးမှ ကစားသမားများက လှမ်းကြည့်နေကြသည်။
” ဘာတွေဖြစ်နေတာလဲ …”
” ငါတို့က အဆောက်အအုံသစ် တည်ဆောက်နေတာလား …”
” ဘာများဖြစ်မလဲ …”
ဇီးရိုးဝင်းအဖွဲ့ဝင်များက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် NPC ဗိသုကာပညာရှင်တစ်စု ဝင်လာတာကိုမြင်သောအခါ သိချင်စိတ်တို့ ကြီးထွားလာသည်။
သူတို့က အစည်းအရုံးသည် ပန်းပဲဖိုတစ်ခု တည်ဆောက်သည့်အချိန် ပျော်ရွင်ကြည်နှူးခဲ့ကြသည်။ ပြန်ပြင်စရိတ် ချွေတာနိုင်ရုံသာမက သူတို့လက်နက်များနှင့် လက်နက်ထိန်းသိမ်းမှုကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီး ကွင်းပြင်ထဲတွင်အချိန်ကာလရှည်ကြာစွာ ပိုသုံးစွဲနိုင်၏။ ကျန်သည့် အစည်းအရုံးများက ကစားသမားများသည် ဤအကျိုးအမြတ်ကို အားကျနေကြတော့သည်။
ယခုမူ သူတို့အစည်းအရုံးက အဆောက်အအုံအသစ် စတင်တည်ဆောက်နေပြီဖြစ်ရာ သူတို့ မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
အခြားသော တစ်နေရာတွင် ရှီဖုန်းက စွန့်စားသူအဖွဲ့အစည်းရှေ့ရှိ အဆင့်မြင့်မြင်းလှည်းထဲဝင်ပြီး ဆင့်ခေါ်သူခရိုင်သို့ ဦးတည်သွားတော့သည်။
ရှီဖုန်း၏ ဗဟုသုတကို အရ မြစ်ဖြူမြို့ထဲတွင် သားရဲသခင်သုံးဦး ရှိပေ၏။
သူသည် အခြေခံသားရဲထိန်းကျောင်းသူ သို့မဟုတ် အဆင့်မြင့်သားရဲထိန်းကျောင်းသူကို အားကိုးခဲ့လျှင် ကြယ်ငါးပွင့်စီးတော်ယာဥ်ကို ယဉ်ပါးအောင်ပြုလုပ်နိုင်ရန် အချိန်အတော်ကြာမှာပဲ ဖြစ်သည်။ အချိန်မည်မျှ လိုအပ်မည်ဆိုတာကို ရှီဖုန်းတောင်မသိချေ။ သို့သော် ကြယ်သုံးပွင့်စီးတော်ယာဥ်ကို ယဉ်ပါးအောင်ပြုလုပ်ရန် အချိန်မည်မျှလိုမည်မှန်း သူသိပေသည်။
အခြေခံသားရဲထိန်းကျောင်းသူက ကြယ်သုံးပွင့်စီးတော်ယာဥ်ကို ယဉ်ပါးစေရန်အတွက် တစ်လအချိန်လိုအပ်ပြီး အဆင့်မြင့်သားရဲထိန်းကျောင်းသူက ရက်နှစ်ဆယ်လိုအပ်သည်။ သားရဲသခင်များသာလျှင် တာဝန်ကို ဆယ်ရက်အတွင်းပြီးမြောက်တာ ဖြစ်၏။
သားရဲသခင်များက အခြေခံသားရဲထိန်းကျောင်းသူများ၏ စွမ်းဆောင်နိုင်ရည် သုံးဆရှိပေသည်။ ထို့အပြင် အခြေခံသားရဲထိန်းကျောင်းသူများက ကြယ်ငါးပွင့်စီးတော်ယာဥ်ကို ယဉ်ပါးအောင် မပြုလုပ်နိုင်။ အဆင့်မြင့်သားရဲထိန်းကျောင်းသူများနှင့် ထိုအဆင့် အထက်သာ လုပ်နိုင်ပေသည်။
သားရဲသခင်က ကြယ်သုံးပွင့်စီးတော်ယာဥ်ကို ယဉ်ပါးအောင် ဆယ်ရက်လိုအပ်ခဲ့လျှင် ကြယ်ငါးပွင့်စီးတော်ယာဥ်ကို ယဉ်ပါးအောင်ပြုလုပ်နိုင်ရန် မည်မျှကြာမည်ဆိုတာ ရှီဖုန်း မမှန်းဆနိုင်ပေ။
ကြယ်သုံးပွင့်စီးတော်ယာဥ်ကို ယဉ်ပါးအောင်ပြုလုပ်သည့်အချိန် နှစ်ဆခန့်ဆိုလျှင် သူအံ့သြသွားပေလိမ့်မည်။ သူသည် အဆင့်မြင့်သားရဲထိန်းကျောင်းသူထံ တာဝန်အပ်ထားခဲ့ပါက လိုအပ်သည့်အချိန်က ပိုတောင်ကြောက်မက်ဖွယ်ကောင်းနေမှာပဲ ဖြစ်၏။ ထို့ကြောင့် မိုးကြိုးဝံပုလွေကို ထိန်းကျောင်းရန်အတွက် သားရဲသခင်တစ်ဦး ငှားရမ်းရန်လိုအပ်သည်။
တစ်နာရီခန့်ကြာပြီးနောက် ရှီဖုန်းသည် ဆင့်ခေါ်သည့်ခရိုင်ထဲရှိ ခြံဝန်းကြီးတစ်ခုရှေ့သို့ ရောက်သွား၏။ ခြံဝန်းထဲတွင် သားရဲများစွာရှိနေသည်။ အဆင့်အနိမ့်ဆုံးသားရဲက အဆင့် (၁၀၀) ဖြစ်ပြီး ပိုအစွမ်းထက်သည့်အကောင်များက အဆင့် (၁၅၀) ဖြစ်သည်။ ရှီဖုန်းက အဆင့် (၁၅၀) အဆင့်မြင့်အရှင်ကိုလည်း မြင်နိုင်၏။ ထိုသားရဲက သာမန်အဆင့် (၁၅၀) အလွှာနှစ်အမျိုးအစားထက်တောင် ပိုသန်မာသည်။
” ဒါက သခင်အိုဝမ်ရဲ့နေအိမ်ပဲ …။ သခင်အိုဝမ်က အပြင်လူတွေကို တွေ့ချင်စိတ်မရှိဘူး …။ ဒါကြောင့် ကျေးဇူးပြုပြီး ထွက်သွားပေးပါ …”
ခြံဝန်းဝင်ပေါက်ရှေ့သို့ ရှီဖုန်းရောက်သည်နှင့် ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားသည့် အဆင့် (၁၅၀) အလွှာတစ်အစောင့်အကြပ်နှစ်ဦးက သူ့လမ်းကြောင်းကို ချက်ချင်းပိတ်ဆို့ပြီး အိမ်ထဲမဝင်နိုင်အောင် ဟန့်တားထားသည်။
သားရဲထိန်းကျောင်းသူများသည် ပန်းပဲသမားများ၊ အဂ္ဂိရတ်ပညာရှင်များကဲ့သို့ ဂုဏ်သတင်းမမြင့်မားသော်ငြား ဆရာသခင်အဆင့်ရောက်ရှိပြီးနောက် သူတို့အဆင့်အတန်းက သာမန်အထက်တန်းလွှာများထက် မြင့်သွားသည်။ ထို့ကြောင့် အိုဝမ်သည် သာမန်ဆင့်ခေါ်သူတစ်ဦးဖြစ်သော်ငြား သူ့တွင် သူနေအိမ်ကို ကာကွယ်ရန်အတွက် အဆင့် (၁၅၀) အလွှာတစ်အစောင့်နှစ်ဦး ရှိနေသေး၏။ သာမန်လူများက သူ့အာရုံစိုက်မှုကိုရရန် အရည်အချင်းမမှီပေ။
” ဝင်ဖို့တောင် ငြင်းခံရတယ်လို့ ငါ့ကိုမပြောနဲ့ …”
ရှီဖုန်းက မြစ်ဖြူမြို့၏ မြို့စားဟူသော သူ့အထောက်အထားကို ပြလိုက်သည်။
ချက်ချင်းပင်အလွှာတစ်အစောင့်အကြပ်နှစ်ဦးက ဒူးတစ်ဖက်ထောက်လိုက်ကာ လေစားသည့်အမူအရာ ပေါ်လာတော့သည်။ ထိုမြင်းကွင်းက ဖြတ်သန်းသွားလာသည့် ကစားသမားများကို ဆွံ့အသွားစေ၏။
” သူက ဘယ်သူလဲ …”
“အံ့သြစရာပဲ …။ သူက အလွှာတစ် NPC ကို သူ့ရှေ့မှာ ဒူးထောက်အောင် အမှန်တကယ် ဖိအားပေးနိုင်တယ် …”
ပုံမှန်ဆို အလွှာတစ်အစောင့်တွေက ကစားသမားအနည်းငယ်လေးကိုပဲ တွေးတောပေးမှာ။ ဒါတောင် အခုလူတစ်ယောက်ရှေ့မှာ ဒူးထောက်နေပြီ။ သူတို့ ဘယ်လိုလုပ် မထိတ်လန့်ပဲနေမှာလဲ။
” ဟမ် … ရီဖုန်းလား …။ ဒီကို ဘာကြောင့် ရောက်လာတာလဲ …”
ရှီဖုန်းက သူ၏ သွင်ပြင်အစစ်အမှန်ကို ထုတ်ဖော်ပြီးနောက် သူဘေးမှ အက်ကွဲကွဲအသံကို ကြားလိုက်ရသည်။
အသံလာရာဘက်ကို ကြည့်လိုက်သောအခါ ခရမ်းရောင်မှော်ဝတ်ရုံ ဝတ်ထားသည့် မိန်းမလှလေးတစ်ဦး သူ့နားချဥ်းကပ်လာတာကို တွေ့လိုက်ရသည်။ ထိုမိန်းမလှလေးဘေး၌ ဆံပင်များဖြူဖွေးနေသည့် လူအိုကြီးတစ်ယောက် လိုက်ပါလာပေသည်။