ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 805 ရူးမိုက်သည့် အကြံပြုချက်
” ဆိုးတာပဲ …”
ဆောင်းဦးဂူ့စ်က ရေရွတ်ပြောပြီးနောက် ဂူ၏ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ သလင်းဘီးလူးများနှင့် ရေခဲမီးကျားသစ်အပြင် ကင်းလှည့်နေသည့် သလင်းဝံပုလွေတစ်စုကိုလည်း တွေ့လိုက်ရသည်။
သူတို့က ဂူဝန်းကျင်အတွင်း တိုက်ခိုက်နေသရွေ့ သလင်းဝံပုလွေများ၏ အာရုံစိုက်မှုကို ရသွားမှာဖြစ်သည်။ မွန်းစတားများက သူတို့ကို နှစ်ဖက်ညှပ်တိုက်ခိုက်ပေလိမ့်မည်။
သလင်းဝံပုလွေများက အကြမ်းဖျင်း နှစ်မိတာခန့်ရှည်ပြီး သူတို့၏ ကိုယ်ထည်များက အပြာရောင် အလင်းသလင်းဖြင့် ပြုလုပ်ထားတာ ဖြစ်သည်။ ကံဆိုးသည်မှာ သလင်းဝံပုလွေရာချီခန့်က တောအုပ်ထဲ လှည့်လည်နေကြတာ ဖြစ်၏။
[သလင်းဘီလူး] [ဓာတ်ကြီးလေးပါးသတ္တဝါ၊ အထူးလက်ရွေးစင်]
အဆင့် (၄၃)
[ရေခဲမီးကျားသစ်] [ဓာတ်ကြီးလေးပါးသတ္တဝါ၊ အရှင်]
အဆင့် (၄၄)
HP (၄ သန်း/၄ သန်း)
[သလင်းဝံပုလွေ] [ဓာတ်ကြီးလေးပါးသတ္တဝါ၊ သာမန်]
အဆင့် (၄၁)
HP (၄၈၀၀၀/၄၈၀၀၀)
သူတို့သည် ထိုမျှများပြားသည့် မွန်းစတားများကို တစ်ပြိုင်နက်ထဲတိုက်ခိုက်ရလျှင် ဂူထဲသို့ ဝင်ရောက်နိုင်ရန်အတွက် အင်မတန်ခက်ခဲပေလိမ့်မည်။ ထို့အပြင် သူတို့နှင့် ဂူ၏အစောင့်အရှောက်များကြားထဲတွင် အဆင့်ကွာဟချက်ကြီးလည်း ရှိနေသေး၏။ သူတို့က အဆင့် (၃၅) သာရှိနေသေးသော်ငြား အဆင့် (၄၄) အရှင်တစ်ဦးနှင့် အဆင့် (၄၃) အထူးလက်ရွေးစင် တစ်ဒါဇင်ကျော်ခန့်ကို ရင်ဆိုင်ရမှာ ဖြစ်သည်။ ယင်းက လွယ်ကူသည့်အရာ မဟုတ်။
မွန်းစတားတစ်ဦး၏ အဆင့်တိုးလာသည်နှင့် ၎င်း၏ HP တိုးလာရုံသာမက အရည်အချင်းများလည်း တိုးလာသည်။
အဆင့် (၄၄) အရှင်က အဆင့် (၃၀) အဆင်မြင့်အရှင်အောက် ထိခိုက်မှုမလျော့ပေ။ အဆင့် (၄၄) အရှင်က အနည်းငယ်တောင် ပိုသန်မာနိုင်၏။
အဆင့် (၃၀) ကွင်းပြင်အဆင့်မြင့်အရှင်ကို ရင်ဆိုင်ခြင်းက သတ်သေခြင်းသာဖြစ်သည်။ သူတို့က ထိုမျှများပြားသည့် သလင်းဘီလူးများနှင့် သလင်ဝံပုလွေများကိုလည်း တိုက်ခိုက်ရအုံးမှာ ဖြစ်သည်။ မွန်းစတားတိုင်းက မြင့်မားသော HP နှင့် ခုခံမှုရှိကြ၏။
အနည်းဆုံး အဆင့် (၄၀) လက်ရွေးစင်ကစားသမား အယောက်ငါးဆယ်မရှိပါက ထိုမွန်းစတားများကို အနိုင်ယူရန်က အင်မတန်ခက်ခဲမှာပဲ ဖြစ်သည်။
တွေးခေါ်သူရိန်းက ထိုအခြေအနေကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။
” ကျွန်မတို့တွေ ဒီသလင်းဝံပုလွေကို အရင်ရှင်းလိုက်ရင်ရော …”
အနည်းငယ်စဥ်းစားပြီးနောက် တွေးခေါ်သူရိန်းက အကြံပြုလိုက်သည်။
” အင်း …။ ငါထင်တာက သလင်းဝံပုလွေတွေကို အရင်ရှင်းတာက ဉာဏ်ရှိတယ်လို့ ထင်တာပဲ …။ ငါတို့တွေ ဂူထဲဝင်ဖို့ ကြိုးစားရင်းနဲ့ တိုက်ပွဲတစ်ပွဲစတင်လိုက်ရင် ရေခဲကျားသစ်လို အရှိန်အမျိုးအစားဘော့စ်က ငါတို့နောက်လိုက်လာတဲ့အခါ ငါတို့နှစ်ဖက်ညှပ်တိုက်ခိုက်ခံရမှာကို ရှောင်နိုင်တော့မှာ မဟုတ်ဘူး …”
သေခြင်းတရားလေက ထောက်ခံကြောင်းခေါင်းညိတ်လိုက်၏။
“အဲဒီသလင်းဝံပုလွေကို ဖယ်ရှားပြီးရင် ငါက ဘော့စ်ကို ထိန်းချုပ်ထားတဲ့အချိန် မင်းတို့တွေက ဂူထဲကိုဝင်လိုက် …။ ရေခဲမီးကျားသစ်ရဲ့ အရွယ်အစားနဲ့ဆို အထဲဝင်နိုင်မှာ မဟုတ်ဘူး …”
သူက သန်မာလျှင်တောင် အဖွဲ့ထဲတွင် ကုသသူတစ်ယောက်ထဲဖြင့် သူသည် အဆင့် (၄၄) အရှင်ကို အချိန်ကြာမြင့်စွာ ခံမတိုက်နိုင်ပေ။ ဆိုရလျှင် သူ့အရည်အချင်းနှင့် ဘော့စ်၏အရည်အချင်းကြား ကွာဟချက်ရှိနေသေးသည်။ ထို့အပြင် ရေခဲမီးကျားသစ်က အရှိန်အမျိုးအစားဘော့စ်ဖြစ်ပြီး MT ကများပြားလွန်းသည်။ အရှိန်အမျိုးအစား တိုက်ကွက်များကိုရှောင်ရန်က အင်မတန်ခက်ခဲ၏။ အဆင့် ကွာဟချက်က အခြေအနေကို ပိုဆိုးသွားစေရုံပဲ ရှိမည်။
” ခေါင်းဆောင် ဘာအကြံပေးချင်လဲ …”
ဂန်းဖိုင်းယားက မေးပြီး တိတ်ဆိတ်နေသည့် ရှီဖုန်းကို ပြုံးဖြဲဖြဲဖြင့် ကြည့်လိုက်သည်။
အမျိုးမျိုးသောအစည်းအရုံးကြီး၏ အဖွဲ့ဝင်များက သူတို့ပြဿနာများကို ဖြေရှင်းရန်အတွက် အုပ်စုဖွဲ့တိုက်ခိုက်သည့် ဗျူဟာကိုသာ အသုံးပြုကြသည်။ သူတို့တာဝန်အတောအတွင်း မည်သည့်ပြဿနာကို ရင်ဆိုင်တွေ့စေကာမူ သူတို့က ယင်းကို ဖြေရှင်းရန်အတွက် ကစားသမားအဖွဲ့ကြီးတစ်ဖွဲ့ ပို့ရုံသာလိုအပ်သည်။ ယခုမူ သူတို့က အဖွဲ့တစ်ခု၏ ခွန်အားမျှသာရှိ၏။ ထို့အပြင် ဤတာဝန်က အဆင့်မြင့်မြေပုံနေရာတွင် တည်ရှိတာဖြစ်သည်။ အဆင့်မြင့်မွန်းစတားများကို ရင်ဆိုင်နေကြဖြစ်ပြီး ဤကဲ့သို့အခြေအနေတွင် ခေါင်းအေးအေးထားနိုင်သည်။ သေခြင်းတရားလေနှင့် မတူဘဲ ရှီဖုန်းက ဤနေရာတွင် ဘာလုပ်ရမယ်မှန်း သိမှာမဟုတ်။
သူတို့တာဝန်က အတော်ခက်ခဲသည်။ ပုံမှန်ဆိုဟသူတို့က သူတို့ထက် အလွန်ဆုံးအဆင့် (၅) ဆင့်ခန့် ပိုမြင့်သည့်မွန်းစတားများကိုသာ စိန်ခေါ်ကြတာ ဖြစ်သည်။ ထိုသို့တိုင် တိုက်ခိုက်မှုက စွန့်စားရအုံးမှာဖြစ်၏။ ယခု သူတို့သည် အဆင့် (၄၄) အရှင်ကို ရင်ဆိုင်နေသည့် အသေးငယ်လေးသော အမှားတစ်ခုကတောင် တစ်ဖွဲ့လုံး သုတ်သင်ရှင်းလင်းခံရနိုင်၏။
” ငါလား …”
ရှီဖုန်းသည် သလင်းဝံပုလွေများကို ကြည့်ပြီးနောက် ရေခဲမီးကျားသစ်ဆီ ပြန်ကြည့်လိုက်၏။
” ငါတို့တွေ ဂူကို အရင်ဝင်ဖို့အတွက် အကြံပေးချင်တယ် …။ သလင်းဝံပုလွေတွေနဲ့ အချိန်ဖြုန်းနေစရာ မလိုဘူး …။ ငါတို့ ဂူထဲရောက်သွားတာနဲ့ ရေခဲမီးကျားသစ်က မလိုက်လာနိုင်ဘူး …။ ပြောရရင် ငါတို့တွေက သလင်းဘီးလူးနဲ့ သလင်းဝံပုလွေတွေကိုပဲ ဖြေရှင်းဖို့ လိုအပ်တာ …။ ဒါ့အပြင် ဂူက အထဲမှာကျဥ်းတယ် …။ ဒါကြောင့် သလင်းဝံပုလွေတွေက သူတို့ရဲ့ အဖွဲ့လိုက်ဗျူဟာကို သုံးလို့မရဘူး …။ သူတို့ကို သတ်ဖြတ်ဖို့က လွယ်မှာ …”
အမှန်တကယ်တွင် ရှီဖုန်းက ရေခဲမီးကျားသစ် သို့မဟုတ် သလင်းဘီလူးများအကြောင်း စိုးရိမ်ပူပန်နေခြင်း မရှိပေ။ သူ၏ အကြီးမားဆုံးသော စိုးရိပ်ပူပန်မှုက သလင်းဝံပုလွေများသာ ဖြစ်သည်။
တွေးခေါ်သူရိန်းနှင့် ကျန်သည့်သူများက ထိုသလင်းဝံပုလွေများ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မသိကြချေ။
ဝံပုလွေများသည် အုပ်စုဖွဲ့အမဲလိုက်ရတာကို နှစ်ခြိုက်၏။ သလင်းတောအုပ်ထဲတွင် သလင်းဝံပုလွေများအတွက် နေရာဖြစ်နေသည်။ သူတို့က ထိုဧရိယာထဲတွင် ရာဂဏန်းကိုသာ မြင်နိုင်သော်လည်း တိုက်ပွဲစတင်သည်နှင့် ထိုသလင်းဝံပုလွေများက စစ်ကူခေါ်မှာပဲ ဖြစ်သည်။ သူတို့က သလင်းဝံပုလွေများကို မြန်မြန်ဆန်ဆန် အပြီးမသတ်နိုင်ဘဲ မွန်းစတားများကို သူတို့ဆင့်ခေါ်သည့်စကေး အသုံးပြုခွင့်ပေးလိုက်လျှင် သူတို့သည် သလင်းဝံပုလွေရာချီထက်မရ ပိုတိုက်ခိုက်ရတော့မှာပဲ ဖြစ်သည်။
သလင်းဝံပုလွေများက သလင်းဝံပုလွေဘုရင်ကို ဆင့်ခေါ်ခဲ့လျှင် ကံဆိုးမိုးမှောင်ကျတော့မှာပဲ ဖြစ်သည်။
သလင်းဝံပုလွေဘုရင်က သလင်းတောအုပ်၏ အုပ်စိုးသူဖြစ်သည်။ ယင်းက အဆင့် (၅၅) မဟာအရှင်လည်း ဖြစ်၏။ ရှီဖုန်း ယခင်ဘဝတွင် သတ္ထုရိုင်းများကို သလင်းတောအုပ်ထဲတွင် လာရောက်ရှာဖွေကြသည့် မရေမတွက်နိုင်သည့် ကစားသမားများသည် သလင်းဝံပုလွေ၏ လက်သည်းအောက်တွင် သေဆုံးခဲ့ကြသည်။ ထို့ကြောင့် ထိုသားရဲအကြောင်း လူအများသိကြပြီးနောက် ကစားသမားများသည် သလင်းဝံပုလွေများကို ရန်စခြင်းမှရှောင်ရန် ကြိုးစားကြသည်။ သူတို့အဖွဲ့က သလင်းဝံပုလွေကို တိုက်ခိုက်ခဲ့လျှင် သူတို့အတွက် သေခြင်းတရားသာ စောင့်နေမှာဖြစ်၏။
” ဂူထဲပဲ ဝင်ရမှာလား …”
ဆောင်းဦးဂူ့စ်က အံ့သြဆွံ့အသွားသည်။
” ကျွန်မတို့တွေက သလင်းဘီလူးတွေကို ဘယ်လိုဖယ်ရှားပြီး ဂူထဲဝင်ရမှာလဲ …”
သေခြင်းတရားလေသည် ရေခဲမီးကျားသစ်ကို ခဏတဖြုတ်ထိန်းထားနိုင်သော်ငြား ကျန်သည့်သူများက ဂူထဲဝင်ချင်လျှင် သူတို့သည် သလင်းဘီးလူးများကို ဖြေရှင်းရအုံးမှာပဲ ဖြစ်သည်။ သလင်းဘီးလူးများက အဆင့် (၄၃) အထူးလက်ရွေးစင်များ ဖြစ်ကြပြီး လူသစ်များတောင် အနိုင်ယူနိုင်သည့် သာမန်မွန်းစတားများ မဟုတ်ပေ။ သူတို့က လွယ်ကူသည့် ရန်ဘက်များမဟုတ်။ သူတို့ အမှားအသေးလေး လုပ်မိလျှင်တောင် သလင်းဘီလူးများ၏ လက်သီးများအောက် သူတို့ ပြားပြားဝပ်သွားမှာပဲ ဖြစ်သည်။
သူတို့က အထူးလက်ရွေးစင်များကို ဖြေရှင်းနေချိန် သလင်းဝံပုလွေများက တိုက်ပွဲထဲဝင်ပါရန် အချိန်လုံလောက်သွားမှာ ဖြစ်သည်။ အဆုံးတွင် သူတို့က ဆုတ်စရာလမ်းကြောင်း မရှိတော့ဘဲ နှစ်ဖက်ညှပ်တိုက်ခံရတော့မှာ ဖြစ်သည်။
” ရေခဲမီးကျားသစ်ကို ငါနဲ့ထားခဲ့ …။ သေခြင်းတရားလေက သလင်းဘီလူးတွေကို မျှားခေါ် …။ ဘလူး မင်းက သေခြင်းတရားလေကိုပဲ ကုသပေးဖို့ အာရုံစိုက်ထား …။ ရိန်း မင်းက ခပ်ဝေးဝေးကနေ သလင်းဘီလူးတွေကို ထိန်းချုပ်ထားပြီး သေခြင်းတရားလေကို ကူညီပေးလိုက် …။ အားလုံးပဲ ဂူကို သွားကြမယ် …”
ရှီဖုန်းက ဖြည်းဖြည်းခြင်း ရှင်းပြလိုက်သည်။ သေခြင်းတရားလေက ဒိုင်းစစ်သည်တော်ဖြစ်ပြီး အဖွဲ့လိုက်တိုက်ခိုက်နိုင်သည့်စကေး ရှိသည်။ သူသည် ဘီလူးများ၏ အာရုံစိုက်မှုကို ထိန်းထားနိုင်ရန် အလွယ်ကူဆုံးဖြစ်၏။
သူတို့လမ်းကြောင်းတွင် သလင်းဘီလူးများမရှိဘဲ သလင်းဝံပုလွေများသည် နှစ်ဖက်ညှပ်တိုက်ရန် အချိန်မရှိပေ။ သူတို့က အရှင်၏ ဝင်ရောက်စွတ်ဖက်ခြင်းမရှိဘဲ ဂူထဲဝင်သွားသည်နှင့် သူတို့သည် အထူးလက်ရွေးစင်များနှင့် သာမန်မွန်းစတားများကို ဖြေရှင်းရာတွင် ပိုလွယ်ကူသွားမှာပဲ ဖြစ်သည်။
သလင်းဝံပုလွေများက သလင်းဝံပုလွေဘုရင်ကို ဆင့်ခေါ်လျှင်တောင် ဂူပေါက်ဝက သေးလွန်းသောကြောင့် ဝံပုလွေဘုရင်သည် အပြင်ကနေ ရေခဲမီးကျားသစ်နှင့်အတူ စောင့်နေရုံသာ တတ်နိုင်မှာပင်။
” ရှင်ခံတိုက်ထားနိုင်တာလား …”
တွေးခေါ်သူရိန်းနှင့် ကျန်သည့်သူများက ရှီဖုန်းကို လှည့်ကြည့်လိုက်ကြသည်။
ရှီဖုန်းက ဓားသမားတစ်ဦးသာ ဖြစ်၏။ သူသည် ခေါင်းစွပ်နက်ဖြင့် အဆင့်ကို ဖုံးကွယ်ထားသည့်တိုင် သူက အဆင့် (၄၄) ရေခဲမီးကျားသစ်နှင့် အဆင့်တူနေလျှင်တောင် ၎င်း၏ လက်သည်းများက သူ့ကို နှစ်ချက်သုံးချက်တိုက်ခိုက်ရုံဖြင့် သေသွားစေနိုင်ရန် လုံလောက်သည်။ ထို့အပြင် သူ့ဘက်၌ ကုသသူမရှိ။ အလွန်ဆုံးမှာ ခဏတဖြုတ်သာ ထိန်းထားနိုင်မှာ ဖြစ်သည်။ ယင်းက သူတို့အဖို့ ဂူထဲဝင်ရောက်ရန် အချိန်မလုံလောက်တာ သေချာသည်။
” ရိန်း ဘာပြဿနာမှ မရှိနိုင်ဘူးဆိုတာ သေချာလား …”
ဆောင်းဦးဂူ့စ်က တွေးခေါ်သူရိန်းကို တီးတိုးမေးလိုက်သည်။
သူမက ရှီဖုန်းကို မယုံကြည်တာကြောင့်မဟုတ်။ ဆိုရလျှင် ထိုအစီအစဥ်က အန္တရာယ်များလွန်းနေရုံသာ ဖြစ်သည်။ အသေးငယ်ဆုံးအမှားလေးက သူတို့အသက်ကို ဆုံးရှုံးသွားစေနိုင်သည်။ သူတို့ အဆင့်တစ်ဆင့် ဆုံးရှုံးသွားခဲ့လျှင် တာဝန်ကိုပြီးမြောက်ရန် ပိုခက်ခဲသွားမှာပဲ ဖြစ်၏။
” ငါသူ့ကို ယုံတယ် …”
တွေးခေါ်သူရိန်းက ယုံကြည်ချက်အပြည့်ဖြင့်ပြောပြီး တည်ငြိမ်နေသော ဓားသမားကို ကြည့်လိုက်သည်။
သူမသည် သံသယတချို့ရှိသော်ငြား ရှီဖုန်း၏ တည်ငြိမ်ပြီး ယုံကြည်ချက်ရှိသည့်ပုံကိုကြည့်ပြီး ထိုလူငယ်ကို သူမ ယုံချင်သည်။ မည်သည့်အကြောင်းအကြောင့်ရယ်မသိ ရှီဖုန်း ပုံရိပ်ကိုကြည့်လိုက်သည့်အချိန်တိုင်း သူမ ယခင်က အကြိမ်ရေအနည်းငယ်သာတွေ့ဖူးသည့် ဇီးရိုးဝင်း၏အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းကို တွေ့မိသည်။ ဘလက်ဖလိမ်းက လူတိုင်း မဖြစ်နိုင်ဟု ထင်ထားသည့်အရာကို ဖြစ်မြောက်အောင်ကြိုးစားနိုင်သူ ဖြစ်သည်။ အဆုံးတွင်မူ သူက လူတိုင်းမှားကြောင်း အမြဲတမ်းသက်သေပြနိုင်ခဲ့သည်။
ဘလက်ဖလိမ်းက ဇီးရိုးဝင်းထဲတွင် ဒဏ္ဍာရီတစ်ပါးဖြစ်သည်။ အစည်းအရုံးထဲရှိ အဖွဲ့ဝင်များစွာက သူ့ကို လေးစားကြသည်။
” ဟမ် … ဘာပဲဖြစ်ဖြစ် တစ်ကြိမ်သေရုံပေါ့ …”
ဆောင်းဦးဂူ့စ်က သက်ပြင်းချပြီးနောက် ကျရှုံးမှာအတွက် အသင့်ပြင်ထားလိုက်သည်။ အစီအစဥ် ကျရှုံးခဲ့လျှင်တောင် သူမက တွေးခေါ်သူရိန်းနှင့် ကျန်သည့်သူများ လွတ်မြောက်ရန်အတွက် တခြားအစီအစဥ်တစ်ခု ရှိပြီးသားပင်။
သေခြင်းတရားလေနှင့် ဘန်းဖိုင်းယားအတွက်မူ သူတို့သေရန် ပြင်ဆင်ထားရုံသာ ရှိသည်။
ရှီဖုန်းက အဖွဲ့ကို နေရာချပြီးနောက် သူသည် လေလျှောက်လှမ်းခြင်းကို အသုံးပြုကာ ရေခဲမီးကျားသစ်ဆီ ဝင်ရောက်သွားတော့၏။
ရှီဖုန်းက ကိုက်ရှစ်ဆယ်အတွင်း ရောက်သွားသည့်အချိန်တွင် ရေခဲမီးကျားသစ်က နိုးလာပြီး ဓားသမားတည်ရှိမှုကို ချက်ချင်းသတိပြုမိသွားတော့သည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်လိုက်တော့၏။
” ဂါး …”
၎င်း၏ ဟိန်းသံဖြင့် ရှစ်မီတာခန့်မြင့်သော ရေခဲမီးကျားသစ်က ထရပ်လာပြီး မီးတောက်များ မှုတ်လွှတ်တော့သည်။ ချက်ချင်းပင် မီးလုံးများက ရှီဖုန်းဆီ ဝင်ရောက်လာတော့၏။
” ပြီးသွားပြီ …”
တွေးခေါ်သူရိန်းနှင့် ကျန်သည့်သူများက မီးလုံးများစွာကိုမြင်သောအခါ သူတို့စိတ်လေးသွားသည်။ ရှီဖုန်းက ထိုတိုက်ကွက်များကို မရှောင်ခဲ့ပေ။ သို့သော် သူတို့က သက်ပြင်းမချရသေးခင် ရှီဖုန်းရှေ့မှ အပြာရောင်အလင်းတန်းများ ပိုင်းဖြတ်သွားပြီး မီးလုံးများကို ထက်ဝက်ပိုင်းလိုက်တာကို သူတို့တွေ့လိုက်ရ၏။