ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 808 ရီဖုန်း၏ ဖိတ်ကြားချက်
” ရွှေစင်ရတနာသေတ္တာလား …”
ရှီဖုန်း၏ စကားကိုကြားသောအခါ အားလုံးက တောက်ပနေသည့် ယဇ်ပလ္လင်ဆီ အကြည့်ရောက်သွားတော့သည်။
ယဇ်ပလ္လင်တစ်ဝိုက်တွင် သလင်းကျောက်တိုင်ငါးခုရှိနေပြီး အပြာရောင်ဖျော့ဖျော့ လင်းနေ၏။ ယဇ်ပလ္လင်အထက်တွင် ရွှေရောင်ရတနာသေတ္တာတစ်လုံး ရှိနေသည်။
ရတနာသေတ္တာဘေး၌ ကြီးမားသည့် အနက်ရောင်ဥတစ်လုံးရှိ၏။ ရုမ်းများက ဥ၏မျက်နှာပြင်ပေါ်တွင် စီရင်ထားပြီး မှိန်ဖျော့ဖျော့အဖြူရောင်မြူက အထဲသို့စီးဝင်သွားတော့သည်။
” ရိန်း ဒါက နင်ရှာနေတဲ့အိုင်တမ် ဖြစ်လောက်တယ် …”
ဆောင်းဦးဂူ့စ်က ပြောပြီးနောက် ဥကိုလက်ညိုးထိုးပြလိုက်သည်။ ျ
တာဝန်၏ မိတ်ဆက်ကြောင့် ဆုကြေးက စီးတော်ယာဥ်တစ်ခုဖြစ်မှန်း သူတို့က သိပြီးသားပင်။
ထိုဧရာမချိတ်ပိတ်ထားသောဥက သလင်းတောအုပ်ကို လာရောက်ခြင်းအတွက် အကြောင်းပြချက် ဖြစ်သည်။
” အဲ့ဒီတစ်ခု ဖြစ်သင့်တယ် …”
တွေးခေါ်သူရိန်းက ခေါင်းညိတ်လိုက်၏။ သို့သော် ယဇ်ပလ္လင်ကို ကြည့်မိသည့်အချိန်တွင် သူ့အမူအရာက သုန်မှုန်သွားသည်။
ယဇ်ပလ္လင်အထက်တွင် အပြာရောင်ဖျော့ဖျော့ အရံအတားတစ်ခု လွှမ်းခြုံနေ၏။ ယဇ်ပလ္လင်ဘေးတွင် မျက်လုံးပိတ်ထားသည့် NPC တစ်ဦးလည်း ရပ်နေ၏။ ထို NPC ပေါ် အထောက်အထားစစ်ဆေးသည့်စကေး အသုံးပြုလိုက်လျှင် သူက အဆင့် (၁၀၀) အလွှာသုံး မျက်လှည့်ဆရာတစ်ဦးဖြစ်ကြောင်း သူတို့သိသွားမှာပဲ ဖြစ်သည်။
[ဂါရက်] [မျက်လှည့်ဆရာ]
အဆင့် (၁၀၀)
HP (၈ သန်း/၈ သန်း)
ထိုမျက်လှည့်ဆရာအထက်ရှိ ညွှန်ပြမှုက နီနေပြီး ဤအလွှာသုံး NPC က ရန်သူတော်တစ်ဦးဖြစ်ကြောင်း ကစားသမားများကို ညွှန်ပြနေသည်။
အလွှာသုံးအမျိုးအစားက အဆင့်တူမဟာအရှင်တစ်ဦးနှင့် ညီမျှပေ၏။ NPC များက အဆင့်တူမဟာအရှင်များထက် HP နည်းသော်ငြား ကစားသမားများသည် အလွှာသုံး NPC ထက် မဟာအရှင်တစ်ဦးကိုသာ ပိုရင်ဆိုင်ချင်ကြမှာ ဖြစ်သည်။
ထို့အပြင် သူတို့ရှေ့ရှိ မျက်လှည့်ဆရာက အဆင့် (၁၀၀) အလွှာသုံး NPC ဖြစ်သည်။
ချက်ချင်းပင် လူတိုင်းက ဂါရက်၏ တည်ရှိမှုကို သတိပြုမိသွားကြကာ သူတို့ပခုံးပေါ် အလေးတုံးပိကျလာသလို ခံစားလာရသည်။ သုန်မှုန်သည့်လေထုက သူတို့ဆီ သက်ဆင်းလာပြီး အစောပိုင်းက ရှေးစစ်သည်တော်စကေးကို ရှာတွေ့သည့်အပျော်ကို ပျောက်ကွယ်သွားစေတော့၏။
” ငါတို့တွေ သူ့ကို အနိုင်ယူနိုင်မှာလား …”
ဘလူးဘမ်ဘူးက ညင်သာစွာပြောပြီးနောက် ဂါရက်ကို လက်ညိုးထိုးပြကာ သူမအသံ၏ စိုးရိမ်ပူပန်မှုက NPC ၏ အာရုံစိုက်မှုကို ရသွားသည်။
အဖွဲ့ထဲတွင် မည်သူကမှ ဘာသာရေးခေါင်းဆောင်၏ အမေးကို မဖြေနိုင်ကြ။ သူတို့က ဤတာဝန်ကိုပြီးမြောက်ရန်အတွက် ဂါရက်စ်ကို တိုက်ခိုက်ရမည်ဆိုလျှင် ယခုအခေါက်ခရီးစဥ်က အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အဆင့် (၁၀၀) အလွှာတစ် NPC တောင် သူတို့ကို ညိုမဲစွဲအောင်ရိုက်နိုင်ရာ အဆင့် (၁၀၀) အလွှာသုံး NPC ဆိုပိုဆိုးချေမည်။ အဆင့်နှင့် အရည်အချင်းကွာဟချက်က ကြီးမားလွန်းနေ၏။ နတ်ဘုရားနယ်မြေထဲတွင် မည်သည့်ချပ်ဝတ်တန်ဆာကမှ ထိုကွာဟချက်အတွက် မဖာထေးနိုင်ပေ။
အားလုံးက လက်လျှော့တော့မည့်အချိန်တွင်
” မဟုတ်ဘူး ဒီတာဝန်ကို ပြီးမြောက်ဖို့ နည်းလမ်းတစ်ခု ရှိသင့်တယ် …”
ရှီဖုန်း အဖွဲ့လိုက်စကားပြောခန်းကနေ ရုတ်တရက် ထပြောသည်။
” မင်းမှာ အစီအစဥ်ရှိတာလား ..”
အားလုံးက ရှီဖုန်းဘက် တအံ့တဩလှည့်လိုက်၏။
ဂါရက်၏ တိုက်ခိုက်မှုတွင် ရှင်သန်ခြင်းက ဆန်းကျယ်မှုတစ်ရပ် ဖြစ်မည်ပင်။ သူစောင့်ကြပ်နေသော ဧရာမဥကို ခိုးယူရန်ဆို ပြောနေရန်မလိုတော့ချေ။ သူတို့က ထိုဥကိုယူပြီး မည်ကဲ့သို့ထွက်သွားနိုင်မည်နည်း။
သူတို့ စိုးရိမ်ပူပန်မိသလောက် ဤတာဝန်က မဖြစ်နိုင်ပေ။
ယင်းက အဆင့် (၁၀၀) အလွှာသုံး NPC ဖြစ်ပြီး သာမန်မွန်းစတားတစ်ကောင် မဟုတ်ပေ။
“ဟုတ်တယ် …။ အဲ့ဒီ NPC ကခုခံမှုမှော်အစီအရင်ကို ထိန်းသိမ်းထားပြီး သူ့ရဲ့ ဝိညာဥ်ဓာတ်စွမ်းအားအများစုကို ဧရာမဥထဲ သွင်းပေးနေတာ …။ ငါတို့ သူ့နားကပ်ရင် ဖြစ်လာနိုင်ချေ နှစ်ခုရှိတယ် …။ ပထမတစ်ခုက ဂါရက်က မှော်အစီအရင်ကို ထိန်းသိမ်းတာလက်လျော့ပြီး ငါတို့ကို တိုက်ခိုက်မယ် …။ ဒုတိယတစ်ခုကတော့ မှော်အစီအရင်ကို ဆက်ထိန်းသိမ်းနေပြီး ငါတို့ကိုတိုက်ခိုက်ဖို့ သားရဲတစ်ကောင်ဆင့်ခေါ်မှာ …။ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ဂါရက်စ်က သူကိုယ်တိုင် လှုပ်နိုင်တော့မှာ မဟုတ်ဘူး …။ ငါတို့က သူရွတ်ဆိုတာကို နှောင့်ယှက်နိုင်ခဲ့မယ်ဆိုရင် ခုခံခြင်းမှော်အစီအရင် ပျက်သွားမှာပဲ …”
“ဒုတိယတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင် ငါတို့တွေက မှော်အစီအရင်ကို နှောက်ယှက်နိုင်သရွေ့ ဥကိုခိုးယူနိုင်ဖို့ အခွင့်အရေးတစ်ခု ရှိတယ် …။ တစ်ခုတည်းသော ပြဿနာက ဂါရက်ကို နှောင့်နှေးအောင်လုပ်ပြီး ဥကိုခိုးယူဖို့အတွက် ငါတို့ထဲကတစ်ယောက်ကို အခွင့်အရေးတစ်ခု ဖန်တီးဖို့ပဲ …”
လူတိုင်းက ခေါင်းညိတ်ပြီး ရှီဖုန်းပြောသည့် သဘောတရားကို လက်ခံကြသည်။
” ဒါပေမဲ့ ဒီ NPC ကို နှောင့်နှေးအောင် ကျွန်မတို့ထဲက ဘယ်သူက လုပ်မှာလဲ …”
ဆောင်းဦးဂူ့စ်က မေးလိုက်သည်။ြ
” အစ်ကိုကြီးလေက ဒိုင်းစစ်သည်တော်တစ်ယောက် ဖြစ်လျှင်တောင် အဆင့် (၁၀၀) အလွှာသုံး NPC ကိုရင်ဆိုင်ရင် သူသေချာပေါက်သေမှာပဲ …။ ပြီးတော့ ကျွန်မတို့ထဲက ဘယ်သူက ဥကိုခိုးယူဖို့ တာဝန်ယူမှာလဲ …”
ရိုးရိုးရှင်းရှင်းပြောရလျှင် သူတို့က အမြောက်စာဖြစ်ရန်တောင် အရည်အချင်းမမှီ။ သူတို့က ဥကို မည်ကဲ့သို့ အောင်မြင်စွာ ခိုးယူနိုင်မည်နည်း။
” ငါ သူ့ကို ခဏတဖြုတ်တော့ အချိန်ဆွဲထားနိုင်တယ် …။ ဒါပေမဲ့ ဥကိုခိုးယူတဲ့သူက မြန်မှရမယ် …။ လုံလောက်အောင်မမြန်ခဲ့ဘူးဆိုရင် ဒီစစ်ဆင်ရေးက ကျရှုံးသွားမှာ …”
ရှီဖုန်းက စဥ်းစားပြီးနောက် ပြောလိုက်၏။ သူ၏ လက်ရှိခွန်အားဖြင့် သူသည် အလွှာသုံးမျက်လှည့်ဆရာကို အနိုင်ယူရန်မျှော်လင့်ချက်မရှိပေ။ အချိန်ဆွဲထားဖို့ကမူ ဖြစ်နိုင်သေး၏။
ရှီဖုန်းက ညင်သာစွာပြောသော်ငြား သူ့စကားများက သူ့အဖော်အပေါင်းများကို အံ့သြဆွံ့အသွားစေ၏။
ရှီဖုန်း၏ အပြုအမူကို မျက်မြင်တွေ့ပြီးနောက် သူပြောတာကိုကြားပြီး သူတို့က အကြမ်းဖျင်း နားလည်သွားပြီ ဖြစ်သည်။ သူက ကတိတည်သည့်သူဖြစ်ပြီး စကားတည်သည့်သူဖြစ်ကာ ယုံကြည်ရန်ထိုက်တန်သူ ဖြစ်၏။
ရှီဖုန်းက ထိုသို့ပြောသည်ဖြစ်သောကြောင့် သူတို့သည် ဆောင်ရွက်နိုင်သည့် ယုံကြည်ချက်ရှိသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ မဟုတ်လျှင် သူဘာဆိုဘာမှပြောမှာမဟုတ်။
” ဒါပေမဲ့ ကျွန်မတို့ထဲမှာ အရှိန်အမျိုးအစား မရှိဘူး …။ အချိန်မီမလုပ်နိုင်လောက်ဘူး …”
တွေးခေါ်သူရိန်းက ခေါင်းခါလိုက်၏။
NPC ကို ဟန့်တားမည့် ရှီဖုန်းအပြင် ကျန်သည့်သူများက စစ်သည်တော်များသာဖြစ်သည်။ သူတို့က ဥကို ခိုးယူနိုင်ရန် လုံလောက်အောင်မမြန်ပေ။
” ငါတို့မှာ စစ်ဝိညာဥ်ပိုင်ဆိုင်မှုရှိတယ်မလား …”
ရှီဖုန်းက မေးပြီး ရယ်မောလိုက်၏။
စစ်ဝိညာဥ်ပိုင်ဆိုင်မှုစကေးက ကစားသမားတစ်ဦး၏ လျင်မြန်ဖျတ်လတ်မှုကို တိုးစေသည်။ ကစားသမား၏ အရှိန်ကိုလည်းတိုးစေတာ သဘာဝပင်ဖြစ်သည်။ ထို့အပြင် သူ့အိတ်ထဲတွင် အရှိန်စာလိပ်ရှိနေ၏။ ထိုအရာဖြင့် သူတို့သည် ဥဆီအချိန်မီ ရောက်နိုင်လောက်ပေသည်။
” ဒါပေမဲ့ ဒီစကေးက သိပ်ကိုတန်ဖိုးကြီးလွန်းတယ် …။ ဒါ့အပြင် ကျွန်မတို့က ဒီနေရာကို ရီဖုန်း ရှင့်ကြောင့် ရောက်လာတာလေ …။ အပြင်လူတွေကို စစ်ဝိညာဥ်ပိုင်ဆိုင်မှုကို သင်ယူခွင့်ပေးဖို့ တကယ်ပဲ အဆင်ပြေပါ့မလား …”
ဆောင်းဦးဂူ့စ်က အနေရခက်စွာ မေးလိုက်သည်။
ရှေးစစ်သည်တော်စကေးက ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာများ သို့မဟုတ် လက်နက်များထက် ပိုတန်ဖိုးကြီးပေ၏။
” အဲ့ဒါက စကေးစာအုပ်တစ်အုပ်ပါပဲ …။ မင်းစိတ်ထဲမကောင်းဘူးလို့ထင်ရင် ဇီးရိုးဝင်းကို ဝင်လိုက်ပေါ့ …။ မင်းတို့ ကျွမ်းကျင်သူတွေသာ ဇီးရိုးဝင်းကို ရောက်လာခဲ့မယ်ဆိုရင် မဟူရာရွှေချပ်ဝတ်တန်ဆာတစ်စုံ ရလိမ့်မယ် …။ ရှေးစစ်သည်တော်စကေးကိုရတာလည်း ပုံမှန်ပဲ ဖြစ်သွားမှာ …။ ဒါ့အပြင် ဇီးရိုးဝင်းရဲ့ စီမံခန့်ခွဲမှုက မတင်းကြပ်ဘူး …။ ငါတို့အဖွဲ့ဝင်တွေပေါ်မှာ ကန့်သတ်ချက်သိပ်မရှိဘူး …။ စွန့်စားသွားလာချင်ရင် ဒါမှမဟုတ် တာဝန်တစ်ခုလုပ်ဆောင်ချင်တဲ့အခါ အစည်းအရုံးက လိုအပ်တဲ့အထောက်အပံ့တွေအားလုံးတောင် ပေးအုံးမယ် …”
ရှီဖုန်းက ရယ်မောပြီး ကမ်းလှမ်းလိုက်၏။
ကစားသမားသုံးယောက်ကြားထဲတွင် ဆောင်းဦးဂူ့စ်၊ သေခြင်းတရားလေနှင့် ဘန်းဖိုင်းယားတို့က အသိအမှတ်ပြုပွဲ တိုက်ပွဲဝင်စံသတ်မှတ်ချက်ကို ပြသခဲ့ပြီ ဖြစ်သည်။ သူတို့က လမ်းညွှန်မှုအချို့ ချို့တဲ့နေရုံသာရှိသည်။ မဟုတ်လျှင် သူတို့က ဖိအားတစ်ခုဖြစ်လာမှာပင်။
ဇီးရိုးဝင်းက ပိုသန်မာလာပြီ ဖြစ်သည်။ သို့သော် ကျွမ်းကျင်သူအနည်းငယ်သာ ရှိသည်။
ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများ ဇီးရိုးဝင်းကိုဝင်ခဲ့လျှင် အစည်းအရုံးပိုတောင်သန်မာမည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။
ရှေးစစ်သည်တော်စကေးစာအုပ်မျှကိုမဆိုထားနှင့် ရှီဖုန်းက သူတို့သာ အစည်းအရုံးကိုဝင်ခဲ့လျှင် အလွှာတစ်အစုံ ချပ်ဝတ်တန်ဆာပေးရန် ဆန္ဒတောင်ရှိပေ၏။
ကျန်သည့်ကျွမ်းကျင်ကစားသမားများအဖို့ စစ်ဝိညာဥ်ပိုင်ဆိုင်ခြင်းက တန်ဖိုးရှိကောင်းရှိနိုင်သော်လည်း ဇီးရိုးဝင်း၏ ကျွမ်းကျင်သူများအဖို့ ယင်းက ဘာမှမဟုတ်ပေ။ ရှီဖုန်းက သူတို့ကို အမှောင်ထုကျမ်းစာပေးနိုင်သည်။ အမှောင်ထုကျမ်းစာက စစ်ဝိညာဥ်ပိုင်ဆိုင်ခြင်းကဲ့သို့ မြင့်တင်မှုများစွာ မထောက်ပံ့နိုင်သော်ငြား သုံးစွဲနိုင်သည့်ကြာချိန်က ရှည်ကြာပေ၏။ အလုံးစုံပြောရလျှင် အမှောင်ထုစွမ်းအားက စစ်ဝိညာဥ်ပိုင်ဆိုင်ခြင်းထက် ပိုသန်မာသည်။
ထို့အပြင် ရှေးစစ်သည်တော်စကေးစာအုပ်များစွာနှင့် ယှဥ်လျှင် ရှီဖုန်းက ရွှေရတနာသေတ္တာကို ပိုပြီး စိတ်လှုပ်ရှားပေ၏။ ထိုရတနာသေတ္တာက ရှေးစစ်သည်တော်စကေးထက်တောင် တန်ဖိုး ပိုကြီးသည်။
ရှီဖုန်းက သူတို့ကို သေချာပြုစုပျိုးထောင်ပေးလျှင် ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများက သူတို့၏ ရွေးချယ်မှုကိုပြန်စဥ်းစားပေလိမ့်မည်။ ယခင်က သူတို့သည် အစည်းအရုံးများကို အထင်သေးမှုသာရှိခဲ့၏။ သို့သော် တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူး၏ ဂိမ်းထဲရှိနေ့စဥ်ဘဝကို တွေ့မြင်ပြီးနောက် ဇီးရိုးဝင်းတွင် ရှီဖုန်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ရှိနေသည်ကလည်း ဇီးရိုးဝင်းအပေါ် သူတို့၏အမြင်များ ပြောင်းလဲသွားစေ၏။
ရှီဖုန်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ကတောင် တွေးခေါ်သူရိန်းကို သူမ၏ တာဝန်များကူညီပေးရန် ဆန္ဒရှိသည်။ ကျန်သည့်အစည်းအရုံးများမတွေးနိုင်သည့်အရာဖြစ်၏။ ထို့အပြင် တွေးခေါ်သူရိန်းက သူတို့အုပ်စုနှင့် ရံဖန်ရံခါစွန့်စားသွားလာသည်။ သူမသည် ဘယ်တော့မှ ထိန်းချုပ်ခြင်းမခံရ ဆန့်ကျင်ဘက်အနေဖြင့် တွေးခေါ်သူရိန်းက သူတို့နှင့် ပူးပေါင်သည့်အချိန်၌ သူမသည် အစည်းအရုံးထံမှ ရလာသည့် အသုံးဝင်သော အချက်အလက်များစွာကိုလည်း ကမ်းလှမ်းခဲ့သည်။
အချက်အလက်က သူတို့တက်နိုင်တာကို ကျော်လွန်နေပြီး တာဝန်ထမ်းဆောင်သည့်အချိန်တွင် မယုံနိုင်လောက်အောင်ပင် အဆင်ပြေချောမွေ့၏။
အဆုံးတွင် သုံးယောက်ကြား အပူတပြင်းဆွေးနွေးပြီးနောက် ဆောင်းဦးဂူ့စ်သည် ရှီဖုန်းရှေ့သို့ လေးနက်တည်ကြည်သည့်အမူအရာဖြင့် လျှောက်သွားတော့သည်။