ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 814 ဒဏ္ဍာရီလာအစည်းအရုံး
” ဒီလူတွေမှာ ကောင်းမွန်းတဲ့တိုက်ပွဲဝင်စံသတ်မှတ်ချက်နဲ့ ချပ်ဝတ်တန်ဆာတွေရှိတယ် …။ ဒါပေမဲ့ ဒီအစည်းအရုံးအကြောင်း အရင်ကဘာကြောင့် မကြားဖူးတာလဲ …”
သူမစိတ်ထဲတွေးပြီးနောက် ရေနှင်းဆီက ထိုအစည်းအရုံးကစားသမားများ မည်သည့်နေရာမှန်းမသိ ဖြစ်နေ၏။
အရိုးစုစစ်သူကြီးက ကျောက်ခမန်းလိလိစွမ်းအား ပြသနေ၏။ ၎င်းက အင်မတန်မြင့်မားသည့်ခွန်အား ပိုင်ဆိုင်ထားရုံသာမက အလွန်လည်းမြန်ဆန်ပေသည်။ ကိုလာအတွက်တောင် ဤမဟာအရှင်ကို မမာခံတိုက်ဖို့က ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်မှာပင်။
ထိုကစားသမားများသည် ခုခံမှုအင်မတန်မြင့်မားပြီး ခွန်းအားကြီးမားသည့် ကိုလာကဲ့သို့ MT တစ်ဦး မရှိသော်ငြား သူတို့သည် MT လေးဦး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ခွန်အားချို့ယွင်းမှုကို ဖာထေးနိုင်ပေသည်။ အဖွဲ့၏ ထိခိုက်မှုဖော်ဆောင်သူက ဘော့စ်ကိုဆက်တိုက်စစ်ဆေးနေသည်။ ယင်းက အရိုးစုစစ်သူကြီးကို စီးနင်းတိုက်ခိုက်ရန် ဖြစ်သွားစေ၏။
ထို့အပြင် အဖွဲ့၏ ထိခိုက်မှုဖြစ်စေသူများနှင့် ကုသသူများက အလွန်အစွမ်းထက်သည်။
သူတို့၏ ထိခိုက်မှုက တစ်ကွက်ကို (-၁၀၀၀) ထိခိုက်မှုဖြစ်စေပြီး အရိုးစုစစ်သူကြီး၏ HP ကို ဖြည်းဖြည်းမှန်မှန် လျော့ကျစေ၏။ မဟာအရှင်ကို သူတို့အနိုင်ယူနိုင်ဖို့က အချိန်အတိုင်းအတာတစ်ခုသာ ကြာမှာဖြစ်သည်။
သာမန်အစည်းအရုံးများက ထိုကဲ့သို့မလုပ်ဆောင်နိုင်ကြ။ ယေဘူယျအားဖြင့် ကျော်ကြားသောအစည်းအရုံးကြီးများ၏ ကျွမ်းကျင်သူများသာလျှင် အဆင့် (၄၃) မဟာအရှင်ကို အလွယ်တကူစီးနင်းတိုက်ခိုက်နိုင်မှာ ဖြစ်သည်။
သို့သော် ရေနှင်းဆီက ပုံရိပ်ယောင်ဂိမ်းလောကထဲရှိ ကျော်ကြားသောအစည်းအရုံးတိုင်းနီးပါးကို သိသည်။ ယခင်က ထိုအစည်းအရုံးတံဆိပ်ကို မမြင်ဖူးခဲ့ပေ။
” ကြည့်အုံးအဲ့ဒီ အရိုးစုစစ်သူကြီးက သူ့ရဲ့မဟာမိတ်ကို ဆင့်ခေါ်နေပြီ ထင်တယ် …”
ကိုလာက အော်လိုက်ပြီးနောက် ရင်ပြင်၏အလယ်တွင် သုန်မှုန်သည့်အမူအရာဖြင့်ရပ်နေသော အရိုးစုစစ်သည်ကြီးဆီ ဦးတည်သွားနေသည့် ပတ်ဝန်းကျင်ရှိ မွန်းစတားများကိုကြည့်လိုက်သည်။ ကျန်သည့်သူများကလည်း ထိတ်လန့်သွား၏။
မြို့တွင်းရှိဘော့စ် ထိုကဲ့သို့လှုပ်ရှားလာလိမ့်မည်ဟု သူတို့မထင်ထားပေ။ ထိုအရာဖြင့် အရိုးစုစစ်သူကြီးကို သတ်ဖြတ်ရန်က ပိုခက်ခဲသွားမှာပဲ ဖြစ်သည်။ ဆိုရလျှင် မဟာအရှင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန် အစွမ်းကုန်တိုက်ရတာဖြစ်သည်။ မွန်းစတားများက တိုက်ပွဲထဲပိုပါလာပါက သူတို့အောင်နိုင်ချေက ပိုလျော့နည်းသွားမှာပဲ ဖြစ်၏။
ရှီဖုန်းသည် သူတို့လာသည့် လမ်းတစ်လျှောက် ဝိုင်းနေသည့်မွန်းစတားများကို သူတို့ သုတ်သင်ရှင်းလင်းပစ်ရသည့် အကြောင်းအရင်းကို လူတိုင်းက နောက်ဆုံးတော့သဘောပေါက်သွားပြီ ဖြစ်သည်။ ယင်းက ထိပ်တိုက်ရင်ဆိုင်မှာကို ရှောင်ခြင်းထက်ပိုအဆင်ပြေသည်။
” ဒီဘော့စ်က အစွမ်းထက်လွန်းတယ် …။ သူက နောက်ထပ်မဟာအရှင်ကိုတောင် မျှားခေါ်နေပြီ …”
ရင်ပြင်ထဲတွင် ပုန်းကွယ်နေသည့်အရိပ်ပျံသန်းခြင်းက ထုတ်ဖော်ပြောပြီးနောက် အရိုးစု စစ်သည်တော်တစ်ဦးဆီ ပျံသန်းသွားလိုက်၏။
[သေခြင်းနိမိတ်ပြမကောင်းဆိုးဝါး] [မသေမျိုး၊ မဟာအရှင်]
အဆင့် (၄၀)
HP (၁၇ သန်း/၁၇ သန်း)
သေခြင်းနိမိတ်ပြမကောင်းဆိုးဝါးက အရိုးစုစစ်သူကြီးထက် HP နည်းသော်ငြား ယင်းက မှော်အမျိုးအစားမွန်းစတားတစ်ကောင် ဖြစ်သည်။ ပထမမသေမျိုးထက် ပိုပြီးခြိမ်းခြောက်နိုင်ပေ၏။
သေခြင်းနိမိတ်ပြမကောင်းဆိုးဝါးရောက်လာသည်နှင့် သူမက နားစူးဖွယ်အော်သံမျိုး ထုတ်လွင့်ပြီး ကစားသမားများကို စိတ်ရှုပ်ထွေးသည့်အခြေအနေထဲရောက်အောင် ဖိအားပေးလိုက်ရာ ထိုကစားသမားများသည် သူတို့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားပြီး အရူးများကဲ့သို့ စတင်ပြုမူလာတော့သည်။ ရုတ်တရက်ပြောင်းလဲမှုက အဖွဲ့အတွက် ကြိုတင်သတိထားစရာဖြစ်သွား၏။
” သွားကြည့်ကြရအောင် …”
ရှီဖုန်းက ပြောပြီး ကစားသမားတပ်ဖွဲ့ကို စုပြုံသတ်ဖြတ်နေသည့် သေခြင်းနိမိတ်ပြ မကောင်းဆိုးဝါးကိုကြည့်ပြီး ရယ်မောလိုက်သည်။
ရေနှင်းဆီက ထိုအစည်းအရုံးအကြောင်း မကြားဖူးတာ သာမန်ပဲဖြစ်သည်။ ဆိုရလျှင် အစည်းအရုံးက နာမည်မကျော်ကြား။ တည်ထောင်ခါစအစည်းအရုံး ဖြစ်သည်။ အစည်းအရုံး၏ အမည်က ထာဝရအလင်းဖြစ်၏။
ထာဝရအလင်းက အမှောင်မျှော်စင်တိုင်းပြည်ထဲတွင် အခြေစိုက်တာဖြစ်သည်။ အမှောင်မျှော်စင်တိုင်းပြည်နှင့် ကြယ်လတိုင်းပြည်က တစ်ခုနှင့်တစ်ခု ဘေးခြင်းကပ်ရှိနေကြတာပင်။ ထို့ကြောင့် ရှီဖုန်းက အမြွှာမျှော်စင်တိုင်းပြည်အကြောင်း အနည်းငယ်သိပေ၏။
ထာဝရအလင်းက တည်ထောင်ခါစအစည်းအရုံးတစ်ခုဖြစ်သော်ငြား အမြွှာမျှော်စင်တိုင်းပြည်ထဲတွင် လွှမ်းမိုးမှုအတွက်ကောင်းကောင်းမွန်မွန် ယှဥ်ပြိုင်နိုင်ခဲ့သည်။ ယင်းက ပထမတန်းအစည်းအရုံး ဧကရာဇ်အလင်းဆီမှ မြို့တစ်ဒါဇင်ကျော်ကို ခိုးယူခဲ့သည်။ အမြွှာမျှော်စင်တိုင်းပြည်ထဲရှိ တတိယအကြီးဆုံးမြို့ကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်သည်။ ရှီဖုန်း ယခင်ဘဝတုန်းက ထာဝရအလင်းသည် အရိပ်၏ မဟာမိတ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။ သို့သော် ထာဝရအလင်းသည် အရိပ်ထက်ပိုသန်မာလာခဲ့၏။
နတ်ဘုရားနယ်မြေထဲတွင် အစည်းအရုံးလေးတစ်ခုအဖို့ ရှင်သန်ရန်အလွန်ခက်ခဲသည်။ ထို့ကြောင့် ထိုအစည်းအရုံးများသည် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်၏။
သို့သော် ထာဝရအလင်းက အရိပ်နှင့်မတူပေ။ နတ်ဘုရားနယ်မြေထဲတွင် ဆယ်နှစ်တာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီးနောက် ပထမတန်းအစည်းအရုံးတစ်ခုဖြစ်လာပြီး အမြွှာမျှော်စင်တိုင်ပြည်၏ တစ်ဝက်ကျော်ခန့်ကို သိမ်းပိုက်ခဲ့သည်။ ယင်းက ကျန်သည့်တိုင်ပြည်ရှိ အမျိုးမျိုးသော မြို့ကြီးများကိုတောင် လွှမ်းမိုးနိုင်ခဲ့၏။ ထိုစဥ်က အာရိုဘိုရိုကိုတောင် ယှဥ်ပြိုင်နိုင်သည့် အစည်းအရုံးတစ်ခု ဖြစ်ခဲ့တာပင်။
ထာဝရအလင်း၏ အစည်းအရုံးခေါင်းဆောင် ဆင်းဟတ်ထ်က နတ်ဘုရားနယ်မြေထဲတွင် အလွန်ကျော်ကြားသော ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့သည်။ သူသည် အတိတ်တုန်းက မြင့်မြတ်သည့်ဓာတ်ကြီးလေးပါးအသုံးပြုသူဆယ့်နှစ်ဦးထဲမှ တစ်ဦးဖြစ်ခဲ့သည်။ ထာဝရအလင်းကလည်း အလွှာငါးကျွမ်းကျင်သူများ ရှိ၏။ အုရိုဘိုရိုနှင့် ဧကရာဇ်အလင်းကတောင် အတိတ်တုန်းက ထိုအစည်းအရုံးကို ရန်မစရဲခဲ့ပေ။
ထာဝရအလင်းက အမွှောမျှော်စင်တိုင်းပြည်ထဲတွင် ဒဏ္ဍာရီတည်ရှိမှုဟု ဆိုနိုင်ပေသည်။
နှစ်အနည်းငယ်မျှအတွင်း မည်သည့်နောက်ခံမှမရှိဘဲ အဖွဲ့အစည်းတစ်ခုမှ နာမည်မသိ အစည်းအရုံးတစ်ခုသည် ပုံရိပ်ဂိမ်းလောကထဲရှိ နောက်ခံကြီးကြီးမားမားရှိသည့် ပထမတန်းအစည်းအရုံးကတောင် ကြောက်လန့်လေးစားရသည့်အဖြစ်မျိုး ရောက်လာခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် ခက်ခဲမှုကမမှန်းဆနိုင်ပေ။
ရှီဖုန်းသည် သူက ဤအစည်းအရုံးကို မြန်မြန်ဆန်ဆန်ကြုံတွေ့လိမ့်မည်ဟု မထင်ထား။
” သူတို့ကို သိလား …”
မီးလျှံကကြိုးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
သူမက ရှီဖုန်းကို အတော်လေးနားလည်သည်။ သူသည် သူ့ကို ဦးစွာမတိုက်ခိုက်လျှင် တစ်စုံတစ်ယောက်ကို အရင်တိုက်ခိုက်တက်သည့်သူမျိုးမဟုတ်။ ထို့အပြင် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ၏ ဂုဏ်သက္ခာအရ သူစိမ်းထံမှဘော့စ်ကို ခိုးယူခွင့်ပေးမှာ မဟုတ်။ သူက ဘော့စ်ကိုခိုးယူချင်လျှင်တောင် မဟာအရှင်နှစ်ဦး ကျန်သည်အဖွဲ့ကို သုတ်သင်ရှင်းလင်းပြီးသည်အထိ သူစောင့်မှာပဲ ဖြစ်သည်။ သို့သော် ရှီဖုန်းက တိုက်ပွဲနားချဥ်းကပ်ရန် ရွေးချယ်လိုက်သောကြောင့် သူသည် အစည်းအရုံးကိုသိတာ ဖြစ်ရမည်။
” ဆိုပါတော့ …”
ရှီဖုန်းက ဝေးဝါးဝါးသာပြန်ပြောလိုက်ပြီး ဤမေးခွန်းအတွက် မည်သို့ဖြေရမည်မှန်း မသိပေ။
အတိတ်တုန်းက သူသည် ထာဝရအလင်းမှ ဤအဖွဲ့နှင့် အသိအကျွမ်းဖြစ်ခဲ့သည်။ ဤဘဝတွင်မူ သူတို့က သူ့ကိုမသိပေ။
ကျယ်ပြောသောရင်ပြင်အထက်တွင် မဟာအရှင်နှစ်ဦး နှင့် အရိုးစုစစ်သည်တော် တစ်ဒါဇင်ကျော်က အယောက်တစ်ရာအဖွဲ့ကို ရင်ဆိုင်နေ၏။
” ဘော့စ်တွေကို ခွဲထုတ် …။ ရိန်းဂျား… အကောင်လေးတွေကိုသတ်လိုက် …”
အဖွဲ့ခေါင်းဆောင် ဆင်းဘတ်ထ်က အော်လိုက်၏။ သူအဖွဲ့သည် ယခုအချိန်တွင် မဟာအရှင်နှစ်ဦးကို ဆက်တိုက်တိုက်ခိုက်နေရသည့်တိုင် သူ၏ ယုံကြည်ချက်ကို ယိမ်းယိုင်ခွင့်မပေးပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက တည်တည်ငြိမ်ငြိမ်ရှိနေပြီး အဖွဲ့ကိုအမိန့်ပေးလိုက်၏။
“အစည်းအရုံးခေါင်းဆောင် ဒီသေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးရဲ့ AOE ဂါထာတွေက သိပ်ကိုအစွမ်းထက်လွန်းတယ် …။ ကျုပ်တို့တွေ လူရှစ်ယောက်ဆုံးရှုံးပြီးသွားပြီ …”
” ထောင်ချီအားလပ်ခြင်း မင်းရဲ့အဖွဲ့ကိုဦးဆောင်ပြီး ငါ့နောက်လိုက်ခဲ့ …။ ငါတို့တွေ မကောင်းဆိုးဝါးကို အတူတကွ ဖိနှိပ်ရမယ် …။ အားလုံးပဲ အရိုးစုစစ်သူကြီးကို အာရုံစိုက်ထား …”
ဆင်းဟတ်ထ်တောင် မကောင်းဆိုးဝါး၏ သိမ်းကြုံးတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ကူကယ်ရာမဲ့နေ၏။ သူက မဟာအရှင်ကို စိတ်ပြယ်လွင့်အောင်ဦးဆောင်ရုံသာ တက်နိုင်သည်။
ချက်ချင်းပင် ဆင်းဟတ်ထ်က ဦးဆောင်ပြီး ကစားသမားဆယ်ယောက်က သေခြင်းတရာနိမိတ်ပြမကောင်းဆိုးဝါးဝန်းကျင်တွင် အရံအတားမှော်အစီအရင်တစ်ခုအသက်သွင်းပြီး မဟာအရှင်ကို ခရမ်းရောင်အရံအတားနောက်၌ ချုပ်နှောင်ထားလိုက်သည်။
” မှော်အစီအရင်ရဲ့ ဧရိယာကိုချုံ့ပေး …”
ဆင်းဟတ်ထ်က အော်ပြီးနောက် ခုခံနေသည့် မကောင်းဆိုးဝါးကိုကြည့်လိုက်သည်။ မြန်မြန်ဆန်ဆန်ပဲ ကစားသမားဆယ်ဦးက မှော်အစီအရင်ကို ကျုံ့သွားအောင် မှော်အစီအရင်ကိုထိန်းချုပ်ပြီး သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးကို ချိတ်ပိတ်ထားပြီး မဟာအရှင်မလှုပ်ရှားနိုင်အောင် ဟန့်တားလိုက်၏။
” အစည်းအရုံးခေါင်းဆောင် တစ်ယောက်ယောက် ဒီကိုလာနေတယ် …”
” ဒီကို တခြားသူတွေ ဘယ်လိုလုပ်ရောက်လာတာလဲ …”
ယခုအချိန်တွင် ဆင်းဟတ်ထ်တောင် စိတ်ပူပန်လာပြီ ဖြစ်သည်။
အရိုးစုစစ်သူကြီးကို သေချာပေါက်သတ်ဖြတ်နိုင်ရန် သူတို့၏ တန်ဖိုးအကြီးဆုံး အရံအတား မှော်အစီအရင်ကိုတောင် အသုံးပြုခဲ့ရသည်။ သူတို့က နောက်ထပ်အံ့အားသင့်မှုမျိုး မတတ်နိုင်တော့ချေ။
” ဒီအစည်းအရုံးက အထင်ကြီးဖို့ကောင်းလိုက်တာ …။ သူတို့မှာ အလယ်အဆင့်မှော်အစီအရင် ရှိနေတယ် …”
ရေနှင်းဆီက လေပေါ်ပျံဝဲနေသည့် ခရမ်းရောင်သလင်းလုံးကို တွေ့သောအခါ ထုတ်ဖော်ပြောလိုက်သည်။ သူမက တစ်ချက်ကြည့်ရုံဖြင့် အစီအရင်၏ခွန်အားကို မှန်းဆနိုင်သည်။
လက်ရှိတွင် နတ်ဘုရားနယ်မြေထဲ၌ အခြေခံမှော်အစီအရင်တစ်ခုကို ရရန်ကပင် အတော်လေးကြိုးစားရအုံးမှာ ဖြစ်သည်။ အလယ်အဆင့် မှော်အစီအရင်များအရေအတွက်ကို ပိုင်ဆိုင်သည့်သူက လက်တစ်ဆုပ်တောင်မရှိပေ။ ထိုသို့တိုင် ယခုအမည်မသိ အစည်းအရုံးက တစ်ခုထုတ်ပြလာခဲ့သည်။ အစည်းအရုံးက ထူးခြားသည့်နောက်ခံတစ်ခုရှိတာ ရှင်းနေ၏။
“မိတ်ဆွေ ဒီမဟာအရှင်နှစ်ဦး စိတ်ဝင်စားတယ်ဆိုရင် ကျုပ်တို့အတူ တိုက်ခိုက်ပြီး ကျလာတဲ့ပစ္စည်းတွေကို ညီတူမျှတူခွဲယူရင်ရော …”
ဆင်းဟတ်ထ်က အော်လိုက်၏။ ရောက်လာသည့်အဖွဲ့တွင် ကစားသမားအယောက်နှစ်ဆယ်သာ ပါသော်ငြား ထိုအဖွဲ့လေးက ဤနေရာထိရောက်လာသည်ကပင် သူတို့၏ ခွန်အားကိုပြသရာရောက်နေပြီ ဖြစ်သည်။
ရှီဖုန်းနှင့် သူ့အဖွဲ့၏ လှုပ်ရှားမှုကိုမသိဘဲ ဆင်းဟတ်ထ်က မဟာအရှင်ကို အလျော့ပေးလိုစိတ်မရှိပေ။ ထို့ကြောင့် သူသည် သူတို့ကို ကမ်းလှမ်းခဲ့တာပဲဖြစ်၏။ ဆိုရလျှင် ရှီဖုန်း၏ အဖွဲ့ကသန်မာလျှင်တောင် သူတို့သည် မဟာအရှင်နှစ်ဦးကို တစ်ပြိုင်နက်ထဲ မဖြေရှင်းနိုင်ပေ။
” အစည်းအရုံးခေါင်းဆောင် သူတို့က ဇီးရိုးဝင်းကလို့ ထင်တယ် …”
” ဘာ ဇီးရိုးဝင်းလား …။ ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ်အစည်းအရုံးမဟုတ်ဘူးလား …”
ထာဝရအလင်းမှ ကစားသမားများသည် အဆုံးစွန်သို့ ချက်ချင်းရောက်သွားသလို ခံစားလိုက်ရပြီး တည်ကြည်လေးနက်သည့် အမူအရာများပေါ်လာတော့သည်။