ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 816 မဟာအရှင်ကို အနိုင်ကျင့်ခြင်း
” အစွမ်းထက်လိုက်တဲ့ ဆင့်ခေါ်တဲ့စကေးပဲ …”
ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများသည် ရေနှင်းဆီ၏ အဆင့် (၃၉) လက်ရွေးစင်အဆင့် မီးတောက်ပြာကျီးသုံးကောင်ကို မြင်သောအခါ ထိတ်လန့်သွားကြသည်။ ပုံမှန်ဆို ဆင့်ခေါ်သူများက လက်ရွေးစင်တစ်ဦး သို့မဟုတ် သာမန်မွန်းစတားအချို့ကိုသာ ဆင့်ခေါ်နိုင်ကြတာ ဖြစ်သည်။ သို့သော် ရေနှင်းဆီကမူ တစ်ပြိုင်နက်ထဲ လက်ရွေးစင်မွန်းစတားသုံးကောင်ကို ဆင့်ခေါ်ခဲ့၏။ ယင်းက သူတို့အဖွဲ့အတွက် အစွမ်းထက်သည့် အနီးကပ်တိုက်ခိုက်ရေးသမားသုံးဦး ထပ်ထုတ်လိုက်ခြင်းထက် ညီမျှသည်။
ငြိမ်းချမ်းခြင်းလိပ်က သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမဆီ သူမ၏ ဒိုင်းကိုပစ်ထုတ်ပြီးနောက် မကောင်းဆိုးဝါး၏ခေါင်းကို ဒိုင်းဖြင့်ရိုက်လိုက်တော့သည်။ ထိုတိုက်ကွက်က မဟာအရှင်၏ အလွှာနှစ်ဂါထာရွတ်ဆိုမှုကို နှောက်ယှက်နိုင်ခဲ့ရုံသာမက သေကွင်းသေကွက်ကိုလည်းထိသွားပြီ (-၅၀၀၀) နီးပါးထိခိုက်မှု ဖြစ်သွားစေ၏။
သေခြင်းတရားနိမိတ်ပြ မကောင်းဆိုးဝါးမက ဒေါသထွက်သွားသည်။ သူမက ငြိမ်းချမ်းခြင်းလိပ်ကို လက်ညိုးထိုးလိုက်တော့၏။ ချက်ချင်းပင် အနက်ရောင်မြူလှံ ရှစ်စင်းက အစောင့်အရှောက် သူရဲကောင်းဆီ ဦးတည်သွားတော့၏။
အနက်ရောင်လှံများက ထာဝရအလင်းအဖွဲ့ဝင်များ သူမကိုရင်ဆိုင်ရစဥ်က ထာဝရအလင်းအဖွဲ့ဝင်များကို သိသိသာသာထိခိုက်စေခဲ့သည်။ လှံများက မယုံနိုင်စရာကောင်းလှအောင် အစွမ်းထက်ပြီး ထာဝရအလင်း၏ MT များက သူတို့ဒိုင်းဖြင့် တိုက်ကွက်ကို ပိတ်ဆို့သည့်အချိန်ကတောင် သူတို့သည် HP လေးထောင်နီးပါး ဆုံးရှုံးခဲ့၏။ ပိုဆိုးသည်က မကောင်းဆိုးဝါးမသည် လှံရှစ်စင်းဖြင့်တိုက်ခိုက်လိုက်တာ ဖြစ်သည်။ MT တစ်ဦးက လှံလေး၊ ငါးစင်းထိသွားပါက အသက်ဆုံးရှုံးသွားနိုင်သည်။
” ဒါက ငါ့ပေါ်မှာ အလုပ်မဖြစ်ဘူး …”
ငြိမ်းချမ်းခြင်းလိပ်က ကြေညာလိုက်သည်။ နောက်ပြန်ဆုတ်တာထက် သူမက အနက်ရောင်မြူလှံများဆီ တိုးဝင်တိုက်ခိုက်လိုက်တော့၏။ လှံများက သူမနားရောက်သည့်အချိန်တွင် ငြိမ်းချမ်းခြင်းလိပ်က ဒိုင်းကိုမြောက်ပြီး ရှေ့သို့ခုန်ဝင်လိုက်ကာ လှံတစ်စင်းကို ဖျက်ဆီးလိုက်၏။ ကျန်ရှိသည့်လှံများက ငြိမ်းချမ်းခြင်းလိပ်၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားပြီး သူမကို လွဲချော်သွားတော့၏။
ဖုန် …
တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းခြင်းလိပ်သည် နောက်သို့နှစ်လှမ်းခန့် နောက်ဆုတ်သွားသည်။ သူမသည် HP ထောင့်ရှစ်ရာနီးပါး ဆုံးရှုံးသွား၏။ ပြီးနောက် ကုသခြင်းအလင်းက အစောင့်အရှောက်သူရဲကောင်းဆီ ရောက်သည့်အချိန်တွင် သူမ HP အပြည့်အဝ ချက်ချင်း ပြန်ရလာတော့သည်။
” ဒါက ဇီးရိုးဝင်းက MT တစ်ယောက်လား …”
ဆင်းဟတ်ထ်က အံ့သြနေပြီး ငြိမ်းချမ်းခြင်းလိပ်က မကောင်းဆိုးဝါးမ၏ တိုက်ကွက်များကို လှတပတဖြေရှင်းနေတာကိုကြည့်ပြီး မှင်သက်နေ၏။
သူတို့၏ အသန်မာဆုံး MT က အနက်ရောင်လှံများထဲမှတစ်စင်းကို ပိတ်ဆို့သည့်အချိန်ကတောင် သူသည် HP သုံးထောင်လေးရာ ချက်ချင်းဆုံးရှုံးသွားသည်။ ထို့အပြင် လှံများ၏ အယုံနိုင်စရာကောင်းသည့်အရှိန်ကြောင့် သူတို့သည် နောက်ထပ်တိုက်ခိုက်မှုများကို မရှောင်နိုင်ခဲ့ပေ။ သူက သုံးချက်ဆက်တိုက်ထိသွားပြီး HP တစ်ဝက်ကျော်ခန့် ဆုံးရှုံးသွား၏။
တစ်ဖက်တွင်မူ ငြိမ်းချမ်းခြင်းလိပ်က အနက်ရောင်မြူလှံများကို လွယ်လွယ်ကူကူ ဖြေရှင်းသွားလိုက်သည်။ ကျန်သည့် ထာဝရအလင်းအဖွဲ့ဝင်များကလည်း မဟာအရှင်ကို ငြိမ်းချမ်းခြင်းလိပ်ကိုယ်တိုင် ခံတိုက်နေတာကိုမြင်သောအခါ အံ့သြသွားကြ၏။ မည်သူကမှ သူတို့မျက်လုံးသူတို့ မယုံနိုင်ဖြစ်နေကြသည်။
ပုံမှန်ဆို မဟာအရှင်တစ်ဦးကို မမာခံတိုက်ထားနိုင်ရန် အနည်းဆုံး MT လေး၊ ငါးယောက်ခန့် လိုအပ်သည်။ ထိုသို့တိုင် ဘော့စ်ကိုထိန်းထားနိုင်ရန် ကျရှုံးသည့်အချိန်များ ရှိသေးသည်။ ငြိမ်ချမ်းခြင်းလိပ်က သူတို့ထက် သေချာပေါက်ပိုသန်မာပေ၏။
သို့သော် ထာဝရအလင်းအဖွဲ့ဝင်များက ငြိမ်းချမ်းခြင်းလိပ်သည် အလွှာတစ်အစုံချပ်ဝတ်တန်ဆာ ဝတ်ထားမှန်းမသိပေ။ သူမ၏ သံချပ်ကာကတောင် အံ့ဖွယ်အဆင့်ဖြစ်၏။ နတ်ရေခဲသံချပ်ကာက ငြိမ်းချမ်းခြင်းလိပ်ကို ယင်ယန်လျှောက်လှမ်းခြင်းအစုံ ချပ်ဝတ်တန်ဆာ၏ နောက်ဆုံးအစုံအာနိသင်ကို ဆုံးရှုံးစေသော်ငြား နတ်ရေခဲသံချပ်ကာက သူမလက်ခံရရှိသည့် ထိခိုက်မှုကို လျှော့ပေးနိုင်ရုံသာမက အလိုအလျောက်တိုက်ခိုက်သည့်စကေးများထဲမှ တစ်ခုကလည်း မကောင်းဆိုးဝါးမ၏ လှုပ်ရှားမှုအရှိန်နှင့် တိုက်ခိုက်မှုအရှိန်ကို လျှော့ချပေးသည်။ အနက်ရောင်မြူလှံများက အတော်လေး မြန်ဆန်သည့်တိုင် ငြိမ်းချမ်းခြင်းလိပ်က ရှောင်တိန်းရန်အတွက် အရှိန်လျှော့ချသည့်အာနိသင်ဖြင့် အလွယ်တကူလေး ရှောင်သွားနိုင်တာ ဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းခြင်းလိပ်က အစောင့်အရှောက်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူမ၏ မှော်ခုခံမှုက အလွန်မြင့်သည်။ HP ထောင့်ရှစ်ရာကျော်ဖြင့် သူမက အလွှာနှစ်ဂါထာမှ တိုက်ရိုက်ထိခိုက်မှုကိုတောင် အသက်ရှင်နိုင်တာ ဖြစ်သည်။
မြန်မြန်ဆန်ဆန်ပင် ကိုလာနှင့် ငြိမ်းချမ်းခြင်းလိပ်တို့က မဟာအရှင်နှစ်ဦးကို ဆွဲချလိုက်သည်။ ယခုအားလုံးက ဘော့စ်နှစ်ဦးကိုသာ ရင်ဆိုင်ရန် လိုအပ်၏။
” အဲ့ဒီ မွန်းစတားတွေက တကယ်ရော မဟာအရှင်ဟုတ်လို့လား …”
ဘလူးဘမ်ဘူးက သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမကို ငြိမ်းချမ်းခြင်းလိပ် ခံတိုက်နေတာကိုကြည့်နေစဥ် အိပ်မက်မက်နေသလို ခံစားလာရသည်။ ယခုအချိန်ထိတိုင် ငြိမ်းချမ်းခြင်းလိပ်က HP အပြည့်အဝထိန်းထားနိုင်သေးဆဲ ဖြစ်သည်။ ပုံမှန်ဆို သူတို့က ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများနှင့်အတူ မဟာအရှင်များကို တိုက်ခိုက်သည့်အချိန်တွင် သူတို့က အနည်းဆုံး MT တစ်ဦးတစ်ခုကိုအာရုံစိုက်ထားရန်အတွက် ကုသသူသုံးဦး လိုအပ်၏။ ထိုသို့တိုင် သူတို့၏ ကုသမှုက မလုံလောက်ပေ။
ယခုအချိန်တွင် မဟာအရှင်တစ်ဦးကို ရင်ဆိုင်နေရသော်ငြား ငြိမ်းချမ်းခြင်းလိပ်ကို အသက်ရှင်စေရန်အတွက် ကုသသူတစ်ဦးသာလိုအပ်သည်။ ဆောင်းဦးဂူ့စ်က ငြိမ်းချမ်းခြင်းလိပ် အင်မတန် အားနည်းပုံပေါ်လားဟုတောင် အံ့သြမိသွားသည်။ MT က ထိခိုက်မှုကိုသာ ရုံစိုက်ရန်အတွက် သူမ၏ ထောက်ပံ့မှုကို လိုအပ်လာသလားဟုတောင် သံသယဖြစ်မိလာသည်။
ဆောင်းဦးဂူ့စ်က အလွန်သတိထားနေ၏။ သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမက အားမနည်းပေ။ ထိုအစား ဇီးရိုးဝင်အဖွဲ့က သန်မာနေသောကြောင့် သဘောတရားကို နားလည်မှုလွဲမှားသွားစေတာပဲ ဖြစ်သည်။ ဒီတော့မှ ရှီဖုန်း ယုံကြည်ချက်ရှိနေရသည့်အကြောင်းအရင်းကို နားလည်သွားပြီ ဖြစ်သည်။ ဇီးရိုးဝင်းမှ ကျွမ်းကျင်သူများအားလုံးက ယုံကြည်ချက်ရှိနေတာကိုလည်း သူမ သိသွား၏။
MT များက ဘော့စ်များကိုထိန်းထားရာ ဇီးရိုးဝင်း၏ အဖွဲ့ဝင်များသည် လုံလောက်သည့် ထိခိုက်မှုများ ဖြေရှင်းရန် အခက်အခဲမရှိတော့ပေ။
လုပ်ကြံသတ်ဖြတ်ရေးအမျိုးအစားက ထိခိုက်မှုပမာဏကို ကျော်လွှားနိုင်ရန်အတွက် အရှိန်ကို မှီခိုအားထားနေရသည်။ သို့သော် မီးလျှံကကြိုးကမူ ကွဲပြားသည့်ကဏ္ဍ၌ ဝင်ပါနေ၏။
အရိုးစုစစ်သူကြီးနောက်တွင် ရပ်နေစဥ် မီးလျှံကကြိုးက မဟာအရှင်ဆီ ငွေရောင်အလင်းဖြင့် တိုက်ခိုက်လိုက်တော့သည်။ အရိုးစုစစ်သူကြီး၏ ခုခံမှုက မယုံနိုင်စရာကောင်းသောငြား အမျိုးသမီးလုပ်ကြံသတ်ဖြတ်ရေးသမား၏ ထိခိုက်မှုကလည်း အံ့သြမှင်သက်ဖွယ်ရာ ကောင်းလှပေသည်။
ရှီဖုန်း၏ ထိခိုက်မှုများကလည်း အထင်ကြီးဖွယ်ကောင်းသည်။ သူ၏ မည်သည့်တိုက်ကွက်ကမှ ထိခိုက်မှု (-၆၀၀၀) အောက်မလျော့ပေ။ အချိန်အတိုင်းအတာတစ်ခုအထိ သူ၏ ခုတ်ထစ်မှုသည် သေစေနိုင်သည့်နေရာကိုထိခိုက်သွားကာ တစ်ချက်တိုက်ခိုက်ရုံဖြင့် (-၂၀၀၀) ကျော်ထိခိုက်မှု ဖြစ်သွားစေ၏။ အရိပ်ဓားနှင့် ကြမ်းတမ်းခြင်းဓားသွားကဲ့သို့ ကျန်သည့် အနီးကပ်အမျိုးအစားများအတွက်မူ သူတို့က (-၃၀၀၀) ထက်နည်းအောင် မထိခိုက်စေပေ။
သူတို့၏ စွမ်းအားများပေါင်းစည်းသွားသည့်အချိန်တွင် ထိုကစားသမားများက အရိုးစုစစ်သူကြီး၏ HP ဆယ်ရှစ်သန်းကို ပကတိမျက်လုံးဖြင့် မြင်နိုင်နှုန်းဖြင့် ဝါးမျိုသွားနိုင်၏။
” သူတို့က လူတောင်ဟုတ်ရဲ့လား …”
ထာဝရအလင်းအဖွဲ့ဝင်များက အံ့သြသွားသည်။ ရှီဖုန်း၊ မီးလျှံကကြိုး၊ အရိပ်ဓား၊ ကြမ်းတမ်းခြင်းဓားသွား၊ ဘလက်ကီနှင့် ကျန်သည့်ဇီးရိုးဝင်၏ ပင်မအဖွဲ့ဝင်များ၏ စုစုပေါင်းထိခိုက်မှုက သူတို့အယောက်တစ်ရာအဖွဲ့၏ စုစုပေါင်းထိခိုက်မှုထက် ပိုမြင့်ပေသည်။
ယခင်က သူတို့၏ တိုက်ခိုက်မှုသည် မဟာအရှင်ကို (-၁၀၀၀) ထိခိုက်မှုသာဖြစ်နေခဲ့သည်။ အဖွဲ့ထဲတွင် အစွမ်းအထက်ဆုံး ကစားသမား ဆင်းဟတ်ထ်တောင် အရိုးစုစစ်သူကြီးကို (-၂၀၀၀) ထိခိုက်မှု ဖြစ်စေတာဖြစ်၏။ သို့သော် ရှီဖုန်းနှင့် မီးလျှံကကြိုးက ထိခိုက်မှုတစ်သောင်းကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုအထိ သူတို့က (-၃၀၀၀၀) ထိခိုက်မှုကိုတောင် ဖြေရှင်းနိုင်ခဲ့သည်။
အရိုးစုစစ်သူကြီးနှင့် သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမက မဟာအရှင်နှစ်ဦး ဖြစ်နေသော်ငြား ဇီးရိုးဝင်းကိုရင်ဆိုင်ရာတွင် သူတို့က ကူကယ်ရာမဲ့နေသည့် သာမန်မွန်းစတားများနှင့်မခြားပေ။ ထိုဘော့စ်နှစ်ကောင်က ကစားသမားအဖွဲ့လေးကို ရင်ဆိုင်ရာတွင် ရုန်းကန်နေရရုံသာရှိသည်။ သူတို့ဂုဏ်ယူဝင့်ကြွားရသည့် အရှိန်နှင့် ခွန်အားဖြင့်တောင် အရိုးစုစစ်သူကြီးက အစောင့်အရှောက်သူရဲကောင်းကိုလာအပေါ် မီးလျှံကကြိုးနှင့် ရှီဖုန်း၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု သိပ်မဖြစ်စေပေ။ မဟာအရှင်က အလွှာနှစ်စကေးကို အသုံးပြုသည့်အချိန်တွင်တောင် ကိုလာကအသက်ကယ်စကေးကို အလွယ်တကူသုံးလိုက်၏။ အဖွဲ့၏ ကုသသူများအတွက်မူ သူတို့သည် အရိုးစုအကြီးအကဲထံမှ အစွမ်းထက်သည့်ဖိအားကိုခံစားနေရသော်ငြား သူတို့၏ အဖော်အပေါင်းများကို အသက်ရှင်လျက်ထားထားနိုင်ရန် မဟာအရှင်များကို ဆက်တိုက်ခိုက်နေဖို့သာ လိုသည်။
ငါးမိနစ်မျှဖြင့် အရိုးစုစစ်သူကြီး၏ HP ကို (၃၀) ရာခိုင်နှုန်းအထိ ကျသွားသည်။
” ဝူမြန် သူတို့ထဲက တစ်ကောင်ကို ဆွဲထားလိုက် …။ ကျန်တစ်ယောက်ကို ငါ့အတွက်ထား …။ အားလုံးပဲ အရိုးစုစစ်သူကြီး ကိုလာကိုအမာခံတိုက်နေတာကို အာရုံစိုက် …”
ရှီဖုန်းက အရိုးစုစစ်သူကြီး သုံးကိုယ်ခွဲထွက်နေတာငိုမြင်သောအခါ အော်ဟစ်လိုက်၏။ ထိုအကွက်က အစွမ်းထက်လွန်းသော်ငြား ပုံတူသုံးခုက တူညီသည့် HP ကိုမျှဝေနေရတာဖြစ်သည်။ သူတို့က အရိုးစုစစ်သူကြီးသုံးကောင်ကို ခံတိုက်ထားရန် ကစားသမားလုံလောက်သရွေ့ ဖြေရှင်းနိုင်မှာ ဖြစ်သည်။
မကြာမီတွင် အရိုးစုအကြီးအကဲက ပုံတူခွဲတာပြီးသွားသည်။ ယဲဝူမြန်က တစ်ကောင်ကိုမျှားထားပြီး ရှီဖုန်းကမူ ကောင်းကင်ဘုံနဂါးဝင်သက်ငွေ့၏စွမ်းအားကို အသက်သွင်းလိုက်သည်။
ဆိုသည့်အတိုင်းပင် မဟာအရှင်က မဟာအရှင်ဖြစ်နေသေးသည်။ MT နှင်မတူ ရှီဖုန်းက ထိခိုက်မှု လျှော့ချသည့်စကေးများ သို့မဟုတ် အလွန်မြင့်မားသည့်ခုခံမှုများ မပိုင်ဆိုင်ထားပေ။ သူ့၌ ဒိုင်းတစ်ခုတောင်ရှိမနေ။ သူသည် ဘော့စ်၏တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိချင်ပါက သူ၏ ကိုယ်ပိုင်ခွန်အားကို မှီခိုအားထားရမှာ ဖြစ်သည်။ ကံဆိုးသည်မှာ သူသည် အဆင့် (၄၃) မဟာအရှင်ကို သူ၏ ပုံမှန်ခွန်အားအရည်အချင်းဖြင့် မဖြေရှင်းနိုင် ရှေးစစ်သည်တော်စကေးကို အသက်သွင်းပြီးမှ အရိုးစုစစ်သူကြီးကို သူကိုယ်တိုင်ဖြေရှင်းနိုင်မှာ ဖြစ်သည်။
ရှီဖုန်း ပိုင်ဆိုင်ထားသည့် ရှေးစစ်သည်တော်စကေးများကြားထဲတွင် ကောင်းကင်ဘုံနဂါး၏ စွမ်းအားက ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန်အနည်းဆုံးဖြစ်သည်။ သုံးနာရီမျှဖြင့် အမှောင်ထုစွမ်းအားက ခြောက်နာရီကြာလျော့နည်းသွားပြီဖြစ်ကာ ဓားသွားခွဲထွက်စေခြင်းက ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် တစ်နာရီရှိသည်။ နောက်ဆုံးက ဘေးထွက်ဆိုးကျိုးရှိနေသေး၏။ ထိုကြောင့် နဂါး၏စွမ်းအားက ရှီဖုန်း၏ အကောင်းဆုံးရွေးချယ်မှု ဖြစ်နေသည်။ ထို့ကြောင့် ကောင်းကင်ဘုံနဂါး၏ စွမ်းအားက ထိပ်တိုက်ရင်ဆိုင်ရန်အတွက် အသင့်တော်ဆုံးရှေးစစ်သည်တော်စကေး ဖြစ်နေသည်။ ယင်းက ဘော့စ်များကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်၏။