ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 817 မွန်းကြပ်စေသော ပေါက်ကွဲရေးစွမ်းအား
” သူဘာလုပ်ဖို့ကြိုးစားနေတာလဲ …”
ဆင်းဟတ်ထ်နှင့် ကျန်သည့်သူများက စိတ်ရှုပ်ထွေးသွားကြပြီး အရိုးစုစစ်သူကြီဆီ ဝင်ရောက်တိုက်ခိုက်သည့် ရှီဖုန်းကို ကြည့်နေကြသည်။
မည်သည့်ဓားသမားကမှ မဟာအရှင်ကို တစ်ကိုယ်တည်း မတိုက်ခိုက်နိုင်ချေ။ ခွန်အားအမျိုးအစားအတွက် နာမည်ကျော်ကြားသည့် ရှေးစစ်သည်တော်တောင် မဟာအရှင်တစ်ဦး၏ တိုက်ကွက်များကို သူတို့လက်နက်နှင့်ပိတ်ဆို့ရန် ကြိုးစားခဲ့ရလျှင် လေထဲကိုပျံသန်းရပေလိမ့်မည်။
ဖန် …
ရှီဖုန်းက အရိုးစုစစ်သူကြီး၏ ကျလာသောပုဆိန်တိုက်ခိုက်မှုများထဲမှတစ်ခုကို ပိတ်ဆို့ရန် သတ်ဖြတ်ခြင်းရောင်ခြည်ကို အသုံးပြုလိုက်သည်။
ငါရဲ့အရည်အချင်းတွေက ဒီမဟာအရှင်ကို ဖြေရှင်းဖို့ လုံလုံလောက်လောက်မမြင့်သေးဘူး။
ရလဒ်က ရှီဖုန်းကို နောက်သို့သုံးလှမ်းခန့်ဆုတ်ရအောင် ဖိအားပေးနိုင်ခဲ့ပြီး သူ၏လက်က အနည်းငယ်ထုံကျင်သွားတော့သည်။ ခေါင်းအထက်တွင် ထိခိုက်မှု (-၇၀၀) ပေါ်လာတော့၏။
သို့သော် ကောင်းကင်ဘုံနဂါး၏ စွမ်းအားကိုအသက်သွင်းပြီးနောက် HP ငါးသောင်းနား ကပ်နေသည့် ရှီဖုန်းအဖို့ ထိုထိခိုက်မှုက ဘာမှမဟုတ်ချေ။ တိုက်ပွဲဝင်ပြန်ကောင်းသည့်နှုန်းက ငါးစက္ကန့်ကို HP ငါးရာနီးပါး ပြန်တက်တာပဲ ဖြစ်သည်။
ခရမ်းတိမ်က သူမ၏တောင်ဝှေးဝှေ့ယမ်းပြီး ချက်ချင်းပင် ရှီဖုန်း၏ ခန္ဓာကိုယ်ကို ရွှေအိုရောင်ရောင်ခြည်က လွှမ်းခြုံသွားတော့သည်။ အစိမ်းရောင်အသက်ဓာတ်က ဓားသမားဆီ စီးဝင်သွားတော့၏။
ရုတ်တရက်တွင် ရှီဖုန်းသည် အခြေခံဘားတွင် ပြန်ကောင်းသည့်ပုံပေါ်လာပြီး (၁•၅) စက္ကန့်တိုင်းတွင် HP ထောင်ခြောက်ရာကို ဆယ့်ငါးစက္ကန့်စာ ပြန်တက်လာတာပဲ ဖြစ်၏။
မျက်တောင်တစ်ခတ်အတွင်း ရှီဖုန်း၏ HP ကပြန်ပြည့်သွားသည်။
၎င်း၏ ပထမတိုက်ခိုက်မှု ကျရှုံးတာကိုမြင်သောအခါ အရိုးစုစစ်သူကြီးသည် ရှီဖုန်းဆီသို့ တိုက်ပွဲဝင်ပုဆိန်ကို နောက်ထပ် လွှဲခုတ်လိုက်တော့သည်။
အရိုးစုစစ်သူကြီး၏ တိုက်ခိုက်မှုကိုကြိုတွေးထားပြီး ရှီဖုန်းက ဘေးသို့ရှောင်လိုက်ရာ ကျလာသည့် တိုက်ပွဲဝင်ပုဆိန်ကိုလက်ခံရန် အသူရာဓားသွားကို အသုံးပြုလိုက်၏။ သတ်ဖြတ်ခြင်းရောင်ခြည်ကို အရိုးစုစစ်သူကြီး၏ သံချပ်ကာဆီ လွဲခုတ်လိုက်တော့သည်။
အပြာရောင်အလင်းတန်းက ဖျတ်ခနဲ လှုပ်သွားသည်။
သတ်ဖြတ်ခြင်းရောင်ခြည်က အပိုင်းအစဒဏ္ဍာရီလာအဆင့် ထောင်ချီအသွင်ပြောင်းခြင်းနှင့် မယှဥ်နိုင်သော်ငြား မှော်ကိရိယာကို တပ်ဆင်ပြီးနောက် ၎င်း၏ ထက်မြိမှုသည် ထောင်ချီအသွင်ပြောင်းခြင်းအောက် အနည်းငယ်သာအားနည်းတော့သည်။ ရလဒ်အနေဖြင့် ၎င်းက အရိုးစုစစ်သူကြီး၏ သံချပ်ကာကို ထိုးဖောက်သွားနိုင်သည်။
အရိုးစုစစ်သူကြီး၏ ခေါင်းအထက်တွင် (-၁၅၈၂၄) ထိခိုက်မှုပေါ်လာ၏။
အရှင်က သူထိခိုက်သွားသောကြောင့် ဒေါသထွက်သွားသည်။ ရုတ်တရက်တွင် ၎င်း၏ တိုက်ပွဲဝင်ပုဆိန်က ထူးဆန်းသည့်အစိမ်းရောင်မီးတောက်များ ထုတ်လွင့်လာပြီး လက်နက်ကို မြေကြီးဆီသို့ လွဲရမ်းချလိုက်၏။
မြေပြင်က တစ်စစီဖြစ်သွားပြီး မီးတောက်များကောင်းကင်ထဲတက်သွားကာ ငါးကိုက်အကွာအဝေးကို လွှမ်းခြုံသွားတော့၏။ ရှီဖုန်းက ဤအခိုက်အတန့်အတွက် ပြင်ဆင်ထားတာကြာခဲ့ပြီဖြစ်ရာ ထခုန်ပြီးအရိုးစုစစ်သူကြီး၏ ခေါင်းကိုရိုက်ချလိုက်တော့သည်။ ပြီးနောက် သူသည် သတ်ဖြတ်ခြင်းရောင်ခြည်၏ စကေးများထဲမှတစ်ခုဖြစ်သည့် ဆင့်ခေါ်ခြင်းလျှပ်စီးကို အသုံးပြုလိုက်သည်။
အပြာရောင်လျှပ်စီးများက အရိုးစုစစ်သူကြီး၏ တိုက်ပွဲဝင်ပုဆိန်ကိုထိသွားတော့သည်။
တိုက်မိသွားသည့် သက်ရောက်မှုကကြီးမားလွန်းသည်။ ပြီးနောက် ရှီဖုန်းသည် မီးတောက်များကို ရှောင်ရှားရန်အတွက် သက်ရောက်အားကို တွန်းပေးလိုက်သည်။ ပြီးနောက် တိတ်ဆိတ်ခြင်းခြေလှမ်းကို အသုံးပြုကာ အရိုးစုစစ်သူကြီးနောက်၌ ပေါ်လာပြီး သူ့လက်ထဲရှိမြင့်မြတ်သောဓားက တလက်လက် တောက်ပနေသည့် မီးတောက်များထုတ်လွင့်တော့သည်။
မီးတောက်ပေါက်ကွဲခြင်း
တောက်ပသည့်မီးတောက် ပေါက်ကွဲမှုဆယ့်ငါးခုက အရိုးစုစစ်သူကြီးနောက်၌ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
ထိခိုက်မှုဆယ့်ငါးခုက စစ်သူကြီး၏ခေါင်းအထက်တွင် တစ်ခုပြီးတစ်ခုပေါ်လာတော့သည်။ သတ်ဖြတ်ခြင်းရောင်ခြည်က (၅၀) ရာခိုင်နှုန်း သေစေနိုင်သည့်နှုန်း ရှိသည်။ မျက်တောင်တခက်အတွင်း အရိုးစုစစ်သူကြီးက HP တစ်သိန်းကျော်ဆုံးရှုံးသွားပြီ ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုအတွက် ဆင်းဟတ်ထ်နှင့် ကျန်သည့်သူများက ဆွံ့အနေတော့၏။ သူတို့က မှင်သက်နေပြီး သူတို့မျက်လုံးသူတို့ မယုံနိုင်ဖြစ်နေကြသည်။
ရှီဖုန်း၏ ထိခိုက်မှုက ရူးလောက်စရာပင်။ သူသည် HP တစ်သိန်းကျော်ကို လျှော့ချနိုင်ခဲ့၏။
အဆင့် (၄၀) မျိုးနွယ်စုအကြီးအကဲတောင် ထိုမျှ HP သာရှိသည်။ ရှီဖုန်းက အဆင့် (၄၀) မျိုးနွယ်စုအကြီးအကဲကို ချက်ချင်းသတ်ဖြတ်နိုင်သည့်စွမ်းအား ရှိနေတာပင်။
ယင်းစွမ်းအားက ကစားသမားတစ်ဦး၏ စွမ်းအားမဟုတ်တော့။ ယင်းက လူသားပုံစံမဟာအရှင်၏ စွမ်းအားသာ ဖြစ်သည်။
သို့သော် ရှီဖုန်းက သူ၏ တိုက်ခိုက်မှုကို များများစားစားမတွေးထားပေ။ ဆိုရလျှင် သူ့ခွန်အားအရည်အချင်းက မျိုးနွယ်စုအကြီးအကဲနှင့် အဆင့်တူတွင် ရှိလုနီးပါးပင်။ ကောင်းကင်ဘုံနဂါး၏စွမ်းအားက သူ၏ခွန်အားကို နှစ်ဆဖြစ်သွားစေပြီးနောက် သူသည် အဆင့်တူမဟာအရှင်ကို ကျော်နိုင်သွားသည်။ ပြီးနောက် သူ၏ အကြွင်းမဲ့သတ်ဖြတ်ခြင်း မီးတောက်ပေါက်ကွဲခြင်းကိုလည်း အသုံးပြုလိုက်သည်။ အဆင့်တူမျိုးနွယ်စုအကြီးအကဲကို ချက်ချင်းသတ်ဖြတ်နိုင်သည့်စွမ်းရည်ကို ထင်ထားကြပြီးသားဖြစ်သည်။
မီးတောက်ပေါက်ကွဲခြင်းက မုချသတ်ဖြတ်ခြင်းဟုခေါ်ခြင်းမှာ အကြောင်းပြချက်မရှိတာ မဟုတ်။
ရှီဖုန်း၏ မီးတောက်ပေါက်ကွဲခြင်းက အရိုးစုစစ်သူကြီးကို ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားစေသည်။ ဓားသမားသည် ၎င်း၏ သံချပ်ကာတစ်ဝက်နည်းပါးကို ဖျက်ဆီးနိုင်ခဲ့သည်။ သံချပ်ကာအောက်ရှိအရိုးများစွာတောင် ကျိုးကုန်၏။
” ငါ့ရဲ့အရိုးစုစစ်သူကြီးကိုသတ်ဖို့ အာရုံစိုက်ထားကြ …”
ရှီဖုန်းက သူ့အဖွဲ့ကို အော်ပြောလိုက်သည်။
စစ်သူကြီးက ဒဏ်ရာပြင်းပြင်ထန်ထန်ရသွားပြီးနောက် ၎င်း၏ တိုက်ပွဲဝင်စွမ်းအားအချို့ ဆုံးရှုံးသွားရုံသာမက ခုခံမှုကလည်း သိသိသာသာလျော့ကျသွားသည်။ ထို့ကြောင့် ထိုအရိုးစုစစ်သူကြီးကို ဖြေရှင်းရန်က ကျန်သည့်နှစ်ကောင်ကိုဖြေရှင်းရသည်ထက် ပိုလွယ်ကူ၏။
လုံလောက်သွားပြီပင်။ တစ်မိနစ်မပြည့်မီ၌ အရိုးစုစစ်သူကြီး၏ HP ကငါးသိန်းအောက် ရောက်သွားသည်။
စစ်သူကြီးမသေခင် ရှီဖုန်းက ထပ်အော်ပြီးပြောလိုက်၏။
” အားလုံးပဲ သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးဆီ တိုက်ခိုက်တော့ …။ ငြိမ်းချမ်းခြင်းလိပ် ဒီအရိုးစုစစ်သူကြီးကို ခံတိုက်ထားလိုက် …”
” အကိုကြီးရီဖုန်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ …”
ဘလူးဘမ်ဘူးက ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
သူတို့က အရိုးစုစစ်သူကြီးကို အပြီးသတ်နိုင်ခဲ့လျှင် သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမကို ဖြေရှင်းရတာပိုလွယ်ကူသွားမှာ ဖြစ်သည်။ ထိုသို့တိုင် ရှီဖုန်းက အရိုးစုစစ်သူကြီးကိုသတ်ရန် မဆုံးဖြတ်ခဲ့။ မည်သို့ပင်ကြည့်ကြည့် ထိုဆုံးဖြတ်ချက်က ဉာဏ်မရှိရာရောက်သည်။
စိတ်ရှုပ်ထွေးသည်က ဘလူးဘမ်ဘူးတစ်ယောက်သာ မဟုတ်။ တွေးခေါ်သူရိန်းနှင့် ဆောင်းဦးဂူ့စ်ကဲ့သို့ ကျွမ်းကျင်သူများလည်း နားမလည်နိုင်ပေ။
သို့သော် ဇီးရိုးဝင်းအဖွဲ့ဝင် မည်သူကမှ ရှီဖုန်း၏ အမိန့်ကိုသံသယမဖြစ်ကြပေ။ ချက်ချင်းပင် သူတို့က သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမဆီ အာရုံစိုက်လိုက်ကြတော့၏။ ငြိမ်းချမ်းခြင်းလိပ်က ရှီဖုန်းနှင့် ပစ်မှတ်ခြင်းလှဲလိုက်တော့၏။
သို့သော် သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမက ရုတ်တရက်ပြောင်းလဲမှုကို ဂရုမစိုက်ဘဲ အနက်ရောင်မြူလှံများဖြင့် ငြိမ်းချမ်းခြင်းလိပ်ကို ဆက်တိုက်နေ၏။
” ငါက မင်းရဲ့ရန်သူပဲ …”
ရှီဖုန်းက ငြိမ်းချမ်းခြင်းလိပ်နောက်၌ ပေါ်လာပြီးနောက် သတ်ဖြတ်ခြင်းရောင်ခြည်က အလင်းတန်းများစွာအဖြစ် ပြောင်းလဲသွားတော့သည်။
ဖန် … ဖန် … ဖန် …
ကစားသမားများသည် အနက်ရောင်မြူလှံက သူတို့ကို ထိမိလျှင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေကျဖြစ်သည်။ ထိုသို့တိုင် ရှီဖုန်းက လှံတိုင်းကို အလွယ်တကူဖြိုခွဲနိုင်၏။
” ဒါက ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ်အစည်းအရုံးရဲ့ ကျွမ်းကျင်သူတစ်ယောက်လား …”
ဆင်းဟတ်ထ်က အံ့သြမှင်သက်သွားသည်။ သူ၏ ရင်ဘက်များတင်းကြပ်လာပြီး အသက်ရှူရခက်ခဲသလို ခံစားနေရသည်။
ဇီးရိုးဝင်းသည် ကောလဟာလများက ပြောသည့် အစည်းအရုံးထက် ပိုကြောက်မက်ဖွယ်ကောင်းပေသည်။
အမြွှာမျှော်စင်တိုင်ပြည်အတွင်းရှိ ပထမတန်းအစည်းအရုံးဖြစ်သည့် ဧကရာဇ်အလင်းတောင် ဇီးရိုးဝင်းကိုကြောက်ပြီး ကြယ်လတိုင်းပြည်တစ်ခုလုံးကိုတောင် အလျော့ပေးရန်ရွေးချယ်ခဲ့တာ အံ့သြစရာမရှိပေ။
ရှီဖုန်းက အနက်ရောင်မြူလှံများကို ဖြိုခွဲပြီးနောက် သူသည် သေခြင်းတရားနိမိတ်ပြ မကောင်းဆိုးဝါးမရှေ့၌ ပြန်ပျောက်ကွယ်သွားတော့၏။ အပြာရောင်လျှပ်စီးလေးကိုင်းများက သူခန္ဓာကိုယ်ကို ဝိုင်းရံနေတော့သည်။
အလွှာနှစ် တားမြစ်စကေး
ရုတ်ခြည်းထိုးနှက်ချက်
သုံးစက္ကန့်အတွက် ရှီဖုန်း၏ တိုက်ခိုက်မှုအရှိန်က (၅၀၀) ရာခိုင်နှုန်း၊ ထိခိုက်မှုက (၄၀၀) ရာခိုင်းနှုန်း တိုးလာသည်။
သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမက မတုံ့ပြန်ရသေးခင် အပြာရောင်အလင်းတိုက်ခိုက်မှု တစ်ဒါဇင်ခန့်က သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်ရစ်ပတ်လာပြီ ဖြစ်သည်။
မျက်တောင်တခတ်အတွင်း သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမ၏ အာရုံစိုက်မှုက ရှီဖုန်းဆီ ရောက်လာတော့သည်။
သို့သော် ရှီဖုန်းက မဟာအရှင်ကို ယခုအချိန်တွင်မျှားထားသည့်တိုင် အခြေအနေက မပြောင်းလဲသွား။ သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမက မှော်အမျိုးအစားမွန်းစတားဖြစ်သည်။ မဟာအရှင်တစ်ဦးအနေဖြင့်တောင် သူမ၏ခွန်အားက ရှီဖုန်း ရှေးစစ်သည်တော်စကေး အသက်သွင်းထားချိန်တွင်တောင် မယှဥ်နိုင်ပေ။ မကောင်းဆိုးဝါးမသည် နောက်ထပ်ဂါထာတစ်ခု စတင်ရွတ်ဆိုသည်နှင့် ရှီဖုန်းက သူမ ရွတ်ဆိုတာကို နောက်ရှုပ်လိုက်တော့သည်။
သုံးစက္ကန့်တာအတွက် သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမသည် ဂါထာတစ်ခုမှ အသုံးမပြုနိုင်ဖြစ်နေသည်။ ချက်ချင်းပင် သူမက HP တစ်သန်းကျော်ဆုံးရှုံးသွားခဲ့၏။ ရုတ်တရက်တွင် မီးလျှံကကြိုးက မကောင်းဆိုးဝါးမနောက်တွင် ပေါ်လာပြီးနောက် ချုံခိုတိုက်ခိုက်ခြင်းကိုအသုံးပြုပြီး သူမကို မေ့သည့်အခြေအနေထဲ နှစ်စက္ကန့်တာကျရောက်သွားစေသည်။ ပြီးနောက် အလွှာတစ်စကေး ကြယ်ငါးပွင့်ပေါက်ကွဲခြင်းကို အသုံးပြုလိုက်သည်။
နံပါတ်ငါးခုက သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမ၏ ခေါင်းအထက်တွင် ဆက်တိုက် ပေါ်လာပြီးနောက် ရှီဖုန်း၏ သာမန်ထိခိုက်မှုထက် အနည်းငယ်သာနိမ့်သည်။
ပြီးနောက် မကောင်းဆိုးဝါးမသည် တစ်ဖက်သက်အရိုက်ခံနေရပြီး သူမ၏ HP များက စီးဆင်းနေသောရေသဖွယ် ခမ်းခြောက်သွားတော့သည်။ HP (၃၀) ရာခိုင်နှုန်းသို့ ရောက်သည့်အချိန်တွင် မဟာအရှင်က ဒေါသထွက်လာ၏။ မကောင်းဆိုးဝါးမက နားစူးဖွယ်အော်သံမျိုး ထုတ်လွတ်ပြီး အနက်ရောင်မှော်အစီအရင်တစ်ခုက ကောင်းကင်ထဲတွင် ပေါ်လာတော့သည်။
လူတိုင်းက ချက်ချင်းပင် သူတို့ခန္ဓာကိုယ်မှ ခွန်အားများထွက်ခွာနေတာကို ခံစားလိုက်မိ၏။
” သွားရော …။ ဒါက ကစားသမားတွေရဲ့ သက်လုံအားကို စုပ်ယူတဲ့ဂါထာပဲ …”
မီးလျှံကကြိုးက မူမမှန်တာက်ု ချက်ချင်းသတိပြုမိလိုက်သည်။ ကစားသမားများက သက်လုံအားကုန်ဆုံးသွားခဲ့လျှင် နတ်ဘုရားကဲ့သို့ တိုက်ပွဲဝင်စွမ်းအားဖြင့်တောင် သူတို့က ကူကယ်ရာမဲ့နေမှာပဲ ဖြစ်သည်။
ဤနှုန်းဖြင့် သူတို့က သုံးဆယ်စက္ကန့်အတွင်း သက်လုံအားကုန်ဆုံးသွားမည် ဖြစ်သည်။ ပြီးနောက် သူတို့သည် အသတ်ခံရသည့်သိုးများဖြစ်လာမှာပင်။
” ဒီနေ့တော့ မဟုတ်ဘူး …”
အခြေအနေအတွက် အစောထဲက ပြင်ဆင်ထားသည့် ရှီဖုန်းက အချိန်၏ရောင်ဝါကိုပြောင်းပြီး အကြွင်းမဲ့အချိန်ကိုအသုံးပြုပြီးနောက် ပတ်ဝန်းကျင်ရှိဝိညာဥ်ဓာတ်စွမ်းအား အတက်အကျဖြစ်မှုကို ခဲသွားစေသည်။
မဟာအရှင်အပေါ် အကြွင်းမဲ့အချိန်၏ အသုံးပြုနိုင်မှုက ဆယ်စက္ကန့်မပြည့်သော်ငြား သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမ၏ ဝိညာဥ်စွမ်းအားကို နှောင့်ယှက်ရန်လုံလောက်နေပြီ ဖြစ်သည်။
ဝိညာဥ်ဓာတ်စွမ်းအားထောက်ပံ့မှု ဆုံးရှုံးသွားပြီးနောက် ဧရာမမှော်အစီအရင်ကလည်း ဖြည်းဖြည်းချင်းပျော်ဝင်သွားတော့၏။
ယင်းကို မြင်သောအခါ သူတို့သည် တောင်ပိုင်းရေအိုင်မြို့၏ မဟာအရှင်များကို စီးနင်းတိုက်ခိုက်နိုင်ရန် တွေးခဲ့ပြီး မည်သို့ထင်မြင်ယူဆခဲ့ကြောင်း နောက်ဆုံးတော့နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ အချိန်က တတိတိကုန်ဆုံးသွား၏။ နောက်ဆုံးတွင် သေခြင်းတရားနိမိတ်ပြမကောင်းဆိုးဝါးမနှင့် အရိုးစုစစ်သူကြီး၏ HP ကတစ်သိန်းအောက်ရောက်သွားတော့သည်။
ရှီဖုန်းက နတ်ဘုရားစောင့်ရှောက်ခြင်းကို အသက်သွင်းလိုက်ပြီး သူ၏ ကံကောင်းသည့်အရည်အချင်းကို သိသိသာသာ တိုးလိုက်၏။ ပြီးနောက် မိုကြိုးလျှပ်တပြက်ကို အသုံးပြုပြီး မကောင်းဆိုးဝါးမကို အပြီးသတ်ကာ အရိုးစုစစ်သူကြီးကို မိုးကြိုမီးတောက်ပေါက်ကွဲခြင်းကို အသုံးပြုလိုက်တော့၏။
ခဏတာရုန်းကန်ပြီးနောက် သေခြင်းတရာနိမိတ်ပြမကောင်းဆိုးဝါးမနှင့် အရိုးစုစစ်သူကြီးက တစ်ကောင်ပြီးတစ်ကောင် မြေကြီးပေါ်သို့ လဲသွားကာ သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အိုင်တမ်းများစွာ ကျလာတော့၏။