ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 823 မွန်းစတားအစစ်တိုက်ပွဲ
” ဂါး …”
တိုက်ပွဲဝင်နတ်ဆိုးက ဘော့စ်၏ ကိုက်နှစ်ရာအကွာသို့ ရောက်သည့်အချိန်တွင် ရေခဲအရိုးနဂါးက နတ်ဆိုး၏ တည်ရှိမှုကို အာရုံခံမိသွားသည်။ ၎င်းက ဒေါသတကြီးဟိန်းဟောက်ပြီး ခမ်းနားသောအရှင်သည် အရိုးတောင်ပံကြီးကို တဖျပ်ဖျပ်ခတ်လိုက်ရာ ကြမ်းတမ်းသည့်လေများက တိုက်ပွဲဝင်နတ်ဆိုး ချဥ်းကပ်လာတာကို ဟန့်တားထား၏။
လေတိုက်ခတ်တာ မပြီးသေးခင် ရေခဲအရိုးနဂါးက ၎င်း၏ ပါးစပ်ကျယ်ကြီးကို ဟလိုက်၏။
ရုတ်တရက်တွင် မုန်တိုင်းတစ်ခုပေါ်ထွက်လာပြီး ကိုက်နှစ်ရာအကွာအဝေးကို လွှမ်းခြုံသွားကာ အရိုးနဂါး၏ ခံတွင်းထဲ၌ အကန့်အသတ်မဲ့ ဝိညာဥ်ဓာတ်စွမ်းအားများ ဖွဲ့စည်းနေပုံပေါ်နေ၏။
” သွားပြီ …။ နဂါးဝင်သက်ငွေ့ကို သုံးနေတာ …”
မြင်လိုက်ရသည့်အရာကို သဘောပေါက်သည့်အချိန်တွင် ရှီဖုန်းက ကမန်းကတမ်းအော်လိုက်သည်။
” အားလုံးပဲ အရိုးနဂါးရှေ့ကနေ မြန်မြန်ဖယ်ကြ …”
ရှီဖုန်း၏ အမိန့်ပေးမှုက ရေနှင်းဆီနှင့် ကျန်သည့်သူများကို စိတ်ရှုပ်ထွေးသွားစေသည်။ သူတို့သည် လက်ရှိတွင် ခမ်းနားသောအရှင်နှင့် ကိုက်သုံးရာအကွာကျော်တွင် ရှိနေတာဖြစ်သည်။ ထိုအကွာအဝေးအတွင်း အရိုးနဂါး၏ ခြိမ်းခြောက်မှုတစ်ခု မဖြစ်သင့်ချေ။ သို့သော် ရှီဖုန်း၏ စိုးရိမ်ပူပန်နေသောအမူအရာကို မြင်သောအခါ ဇီးရိုးဝင်းအဖွဲ့က သတိလက်လွတ် မနေရဲဘဲ ဘေးသို့ရှောင်လိုက်၏။
တိုက်ပွဲဝင်ဟိန်းသံနှင့် မဟူရာကောင်းချီးကြောင့် လူတိုင်း၏ အရည်အချင်းများသည် သိသိသာသာ တိုးတက်သွားပြီ ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုအရှိန်ကလည်း တိုးတက်သွားသည်။ အဆုံးတွင် သူတို့က ခမ်းနားသောအရှင်၏ ကတွင်းထဲရှိ ဝိညာဥ်ဓာတ်စွမ်းအားများ သေစေနိုင်သည့်အဆင့် မရောက်ခင်၌ သူတို့က လှုပ်ရှားလိုက်နိုင်သည်။
သူတို့အဖွဲ့က စိတ်မအေးသေးခင် နောက်ကျောမှစိမ့်တက်လာတာကို ခံစားလိုက်မိပြီး ကျောချမ်းလာမိသည်။
ချက်ချင်းပင် သူတို့နောက်ရှိ အဆောက်အအုံများကို အဖြူရောင်အလင်းတန်းက ဝါးမျိုသွားတော့သည်။
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
ရေနှင်းဆီက သူမမျက်လုံး သူမ မယုံနိုင် ဖြစ်နေ၏။
ရေခဲအရိုးနဂါးရှေ့ရှိ ကိုက်ခြောက်ရာအကွာအဝေးက ရေခဲတန်းအဖြစ် ပြောင်းလဲသွားသည်။ သူတို့သာ အချိန်မီ မရှောင်နိုင်ခဲ့လျှင် အသက်ဆုံးရှုံးလောက်ပြီ ဖြစ်၏။
” ခမ်းနားသောအရှင်က ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နိုင်ရတာလဲ …”
လူအုပ်ကြီးက မှင်သက်သွားသည်။
ထိုမျှကြီးမားကျယ်ဝန်းသည့် AOE တိုက်ခိုက်မှုဖြင့် ကစားသမားသောင်းချီပါဝင်သည့် တပ်ဖွဲ့တစ်ဖွဲ့တောင် ချက်ချင်းသေသွားလောက်သည်။
” ကောင်းပြီ …။ တိုက်ပွဲဝင်နတ်ဆိုးကို ရေခဲအရိုးနဂါးကို မျှားထားခိုင်းလိုက်မယ် …။ အားလုံးပဲ နဂါးကို ဘေးကနေ တိုက်ခိုက်ကြ …။ ရှေ့မှာမရပ်နဲ့ …”
ရှီဖုန်းက ချက်ချင်းအမိန့်ပေးလိုက်သည်။ သူက ခမ်းနားသောအရှင်၏ အစွမ်းထက်သောစကေးကို အံ့သြမနေ။
ရေခဲအရိုးနဂါးက မြို့တစ်မြို့ကို အုပ်စိုးသည်။ အုပ်စုဖွဲ့တိုက်ခိုက်သည့် ဗျူဟာက ကစားသမားများအတွက် ယင်းကိုသတ်ဖို့ လုံလောက်မှာမဟုတ်ပေ။
အလွှာသုံးနတ်ဆိုးကို ဆင့်ခေါ်နိုင်သည့် သူ့အရည်အချင်းသာ မရှိလျှင် ထိုကဲ့သို့ဘော့စ်ကို ရန်စခြင်းဖြင့် အားလုံးအသက်ကို သူ မစွန့်စားနိုင်။
ရေခဲအရိုးနဂါးက သူတို့အဖွဲ့ထက် ပိုအစွမ်းထက်သော်ငြား ယင်းက အဆင့် (၄၅) ခမ်းနားသောအရှင်တစ်ဦးသာ ဖြစ်သေးသည်။ သို့သော် သူဆင့်ခေါ်ထားသည့် အလွှာသုံးနတ်ဆိုးက အဆင့် (၅၅) ဖြစ်၏။ ဆယ်ဆင့်ကွာဟချက်ဖြင့် အဆင့်ကွာဟချက်ကို ထိန်းပေးနိုင်လောက်သည်။ သူသည် အလွှာသုံးနတ်ဆိုး၏ ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်လျှင်တောင် ဘော့စ်ကို မျှားထားနိုင်မှာပဲ ဖြစ်၏။
ဝင်သက်ငွေ့တိုက်ခိုက်မှု ပြီးဆုံးသွားသည်နှင့် တိုက်ပွဲဝင်နတ်ဆိုးက ထိုဧရိယာအတွင်းရောက်လာကာ ခမ်းနာသောအရှင်ရှေ့တွင်ပေါ်လာပြီး အလွှာသုံးစကေးကို အသုံးပြုလိုက်၏။
လိမ့်ခြင်းလျှပ်တပြက်
မရေမတွက်နိုင်သည့်အလင်းတန်းများ ရေခဲအရိုးနဂါး၏ ဦးခေါင်းထက်တွင် ပေါ်လာပြီးနောက် မွန်းစတား၏ခေါင်းသည် တလက်လက်ဖြစ်နေသည့် ငွေရောင်တောက်ပမှုနောက်၌ ပုန်းနေတော့သည်။
ရေခဲအရိုးနဂါးက တစ်ချက်အော်လိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က မြေကြီးပေါ်လဲကျသွားကာ အောက်ရှိ အဆောက်အဦများကို ပြားသွားစေသည်။ သက်ရောက်သည့်အားက တောင်ပိုင်းရေအိုင်မြို့ကို တုန်ယင်သွားစေ၏။
ရေခဲအရိုးနဂါးဆီ စတင်ဝင်ရောက်တိုက်ခိုက်သည့် ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများက ယာယီ မှင်သက်သွားကြသည်။ တစ်ချက်ထိရုံဖြင့် အလွှာသုံးနတ်ဆိုးသည် ရေခဲအရိုးနဂါး၏ HP ကို အတော်လျော့သွားစေ၏။ တိုက်ကွက်တစ်ကွက် ကစားသမားထောက်ချီ စုပေါင်းတိုက်ခိုက်သည်ထက် ပိုအစွမ်းထက်ပုံပေါ်သည်။ ထို့အပြင် အလွှာသုံးသတ္တဝ်အချင်းချင်း တိုက်ခိုက်တာကို သူမ ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်သည်။ ပုံမှန်ဆို မွန်းစတားများတိုက်ခိုက်တာကိုသာ မြင်ရတာ ဖြစ်သည်။ မွန်းစတားနှစ်ကောင် ရင်ဆိုင်တိုက်ခိုက်သည်ကိုကြည့်ရတာ ထိတ်လန့်ဖွယ်ကောင်းလှသည်။
ထိုမြင်ကွင်းက ကစားသမားများ မည်မျှအားနည်းကြောင်း သူတို့ကို သိသွားစေသည်။ ဤမဟာတိုက်ပွဲနှင့်ယှဥ်လျှင် သူတို့၏ မဟာတိုက်ပွဲများက အသေးအမွှားသာဖြစ်နေ၏။
မီတာရာချီမြင့်မားသည့် ရေခဲအရိုးနဂါးအရှေ့တွင် မည်သည့်ကစားသမားမဆို အသေအမွှားသာ ဖြစ်သွားပုံပေါ်၏။ ခမ်းနားသောအရှင်မှ ထုတ်လွင့်သည့်ဖိအားသည် သူတို့ကို အသက်ရှူမရ ဖြစ်စေသည်။
” မရပ်လိုက်နဲ့ ငါတို့တွေ ရေခဲ့နယ်မြေထဲ ဝင်နေပြီးပြီ …။ ဒီနယ်မြေအတွင်းမှာ ရှိနေသရွေ့ ငါတို့သက်လုံအားတွေ မြန်မြန်ဆန်ဆန်လျော့ကျသွားမှာ …။ ငါတို့ မလှုပ်ရှားရင်တောင် သက်လုံအား လျော့မှာပဲ …။ ငါတို့ သက်လုံအားတွေ မကုန်ဆုံးခင် ရေခဲအရိုးနဂါးကို မြန်မြန်ဖယ်ရှားဖို့ လိုတယ် …”
ရှီဖုန်းက သူ၏ အဖွဲ့ကို သတိပေးပြီးနောက် ဆောင်းဦးဂူ့စ်၊ တွေးခေါ်သူရိန်းနှင့် ထိတ်လန့်မှုကြောင့် ရပ်တန့်သွားသည့် ကျန်သည့်သူများကို ကြည့်လိုက်သည်။
” မင်းတို့တွေ တိုက်ပွဲအတွင်း သက်လုံအားကုန်တော့မယ်ဆိုရင် ငါ့ကို ချက်ချင်းသတင်ပေး …”
” ဟုတ် …”
အားလုံး ခေါင်းညိတ်ပြီးနောက် အာရုံပြန်စိုက်လိုက်ကြသည်။
ထိုကဲ့သို့ဘော့စ်ကို ရင်ဆိုင်ရာတွင် ရေနှင်းဆီးနှင့် ဇီးရိုးဝင်း၏ ကျန်သည့်ပင်မအဖွဲ့ဝင်များက အတော်လေး အဆင်ပြေသည်။ ဆိုရလျှင် သူတို့သည် ယခင်က ခမ်းနားသောအရှင်ကို စီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။ ရေခဲအရိုးနဂါးက ထိုခမ်းနားသောအရှင်ထက် အနည်းငယ် ပိုအစွမ်းထက်နေရုံသာ ရှိသည်။
သို့သော် ယင်းက ဆောင်းဦးဂူ့စ်၊ သေခြင်းတရားလေ၊ ဘန်းဖိုင်းယား၊ တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးတို့အဖို့ ခမ်းနားသောအရှင်ကို ရင်ဆိုင်ရတာ ပထမဆုံးအကြိမ် ဖြစ်နေသည်။ ထိုမျှ ပြင်းထန်သည့်ဖိအားနှင့် သတ်ဖြတ်လိုသည့်ဆန္ဒကို ရင်ဆိုင်တိုက်ခိုက်နေရသည်က သူတို့အတွက် လှုပ်ရှားမှုကတောင် ရုန်းကန်မှုတစ်ခု ဖြစ်လာခဲ့သည်။ သူတို့၏ ပုံမှန်ခွန်အား (၅၀) ရာခိုင်နှုန်း သို့မဟုတ် (၆၀) ရာခိုင်နှုန်း ထုတ်ဖော်နိုင်လျှင်တောင် ဆန်းကြယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
ခမ်းနားသောအရှင်သည် အဘယ်ကြောင့် ထိုမျှကြောက်မက်ဖွယ်ကောင်းသနည်း။ ဆောင်းဦးဂူ့စ်က နှလုံးခုန်မြန်လာပြီးနောက် တောင်တစ်တောင်အရွယ်အစားခန့်ရှိသည့် ရေခဲအရိုးနဂါးကို ကြည့်လိုက်သည်။ ပြီးနောက် မတွေဝေ မယိမ်းယိုင်ဘဲ ခမ်းနားသောအရှင်ဆီ ဆက်လက် တိုက်ခိုက်နေကြသည်။
မီးလျှံကကြိုးနှင့် ကျန်သည့်သူများကိုကြည့်ပြီး သူမက ခါးသက်စွာ ပြုံးလိုက်၏။
လေနတ်ဘုရားလှံထဲတွင် သူမက စွန့်စားသွားလာရတာကို နစ်ခြိုက်ပြီး စိတ်အားထက်သန်သူဖြစ်သည်။ သို့သော် ရေခဲအရိုးနဂါးနှင့်ယှဥ်လျှင် ထိုစွန့်စားမှုများက ဥယျာဥ်ထဲတွင်လမ်းလျှောက်နေသလိုသာ ဖြစ်နေ၏။ ခမ်းနာသောအရှင်က လုပ်နိုင်စွမ်းက အင်မတန်အစွမ်းထက်လွန်းရာ သူမကို စွမ်းအားမဲ့သည်ဟု ခံစားရစေရန် လုံလောက်ပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ပြင်းထန်သည့်ဖိအားကို ရင်ဆိုင်ရနေသော်ငြား ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက တုံ့နှေးသည့် လက္ခာဏာမပြ။ ထိုအရာဖြင့် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များသည် ဤကဲ့သို့သောတိုက်ပွဲများကို ကျင့်သားရနေပြီဆိုတာ အလွယ်တကူ ပြောနိုင်ပေသည်။
အချို့သောအကြောင်းပြချက်ကြောင့် ကြုံရာအတွေးတစ်စသည် ဆောင်းဦးဂူ့စ်စိတ်ထဲ ထူးထူးဆန်းဆန်း ပေါ်လာတော့၏။ ယင်းက သူမ ရှာဖွေနေသည့်အရာ ဖြစ်သည်။
ဆောင်းဦးဂူ့စ်က မှင်သက်နေစဥ် ရေခဲအရိုးနဂါးက ၎င်း၏ လက်ဖြင့်တိုက်ပွဲဝင်နတ်ဆို့းကို ရိုက်ချလိုက်သည်။ အချိန်မီ မရှောင်နိုင်ဘဲ ရှီဖုန်းက တိုက်ပွဲဝင်နတ်ဆိုးကို သူ့ကိုယ်သူ လက်နက်ဖြင့် ခုခံရန်သာ ညွှန်ကြားလိုက်သည်။
ဖုန်း …
တိုက်ပွဲဝင်နတ်ဆိုးခြေထောက်အောက်ရှိ မြေပြင်က အက်ကွဲသွားပြီး တိုက်ပွဲဝင်နတ်ဆိုးက မြေပြင်ထဲအနည်းငယ် နစ်သွားတော့သည်။ သက်ရောက်မှုကြောင့် ပတ်ဝန်းကျင်လေက လှုပ်ခါသွားပြီးနောက် အက်ကွဲရာများက ဆောင်းဦးဂူ့စ်ဆီ ပြန့်ကားသွားတော့၏။
ဆောင်းဦးဂူ့စ်က မှင်သက်နေမိသည်။
ရေခဲအရိုးနဂါး၏ အဖျက်အားနှင့်ယှဥ်လျှင် သူတို့အနိုင်ယူခဲ့သည့် မဟာအရှင်များက ထိခိုက်မှုမပေးနိုင်သည့် ကြောင်ပေါက်လေးများနှင့် မခြားပေ။
သို့သော် ဆောင်းဦးဂူ့စ်က တုံ့ပြန်သေး၏။ သူမ၏ လှုပ်ရှားမှုက အစောင့်အရှောက်ဘော့စ်၏ ဖိအားကြောင့် ချွတ်ချော်နေသော်ငြား လက်နက်ကိုမူ ရှေ့သို့ဆွဲထုတ်နိုင်သေး၏။
ဖန် …
ဝင်ရောက်လာသည့် ထိတ်လန့်ဖွယ်လှိုင်းများက ဆောင်းဦးဂူ့စ်ကို ထိသွားသေပြီးနောက် သူမခေါင်အထက်တွင် (-၈၆၇) ထိခိုက်မှုပေါ်လာတော့သည်။
ကြည့်နေသည့်ကစားသမားများက ပင့်သက်တစ်ချက်ရှိုက်မိသွားသည်။
ခပ်ဝေးဝေးတွင် ရပ်နေသော်ငြား ဆောင်းဦးဂူ့စ်သည် သူမကိုသူမ အောင်မြင်စွာခုခံပြီးနောက် (-၉၀၀) နီးပါး ထိခိုက်မှုရသေးသည်။ သူမလက်နက်ကို အချိန်မီမမြောက်နိုင်ခဲ့လျှင် ချက်ချင်းပင် HP လေးထောင်ကျော် ဆုံးရှုံးသွားနိုင်လောက်သည်။
ရေခဲအရိုးနဂါး၏ လက်သည်းအတွက်မူ ကိုလာတောင် တိုက်ရိုက်ထိသွားလျှင် ချက်ချင်း သေလောက်ပေ၏။ ရှေးစစ်သည်တော်စကေးနှင့် အသက်ကယ်စကေးများအားလုံးကို အသက်သွင်းထားသည့်တိုင် သူသည်အလွန်ဆုံးတစ်ကွက်သာ ခံနိုင်ရည်ရှိမှာ ဖြစ်သည်။
သို့သော် ကံကောင်းသည်မှာ သူတို့အတွက် ရေခဲအရိုးနဂါး၏ ရိုက်ချက်အားလုံးကို အလွှာသုံးနတ်ဆိုးက ခံယူပေးနေသည်။ မဟုတ်လျှင် သူတို့က ခမ်းနားသောအရှင်ကို ရင်ဆိုင်ပြီး အသက်ရှင်ရန် အခွင့်အရေး မရှိချေ။
ရှီဖုန်းက အားလုံး၏ တုံ့ပြန်မှုကို ပြုံးကြည့်လိုက်သည်။
သာမန်ဘော့စ်များက အစောင့်အရှောက်ဘော့စ်နှင့် မယှဥ်နိုင်ပေ။ ထို့အပြင် ရေခဲအရိုးနဂါးက နဂါးမျိုးနွယ်စု၏ အဖွဲ့ဝင်ဖြစ်သည်။ သာမန်ဘော့စ်များထက် ပိုသန်မာပေ၏။ ကိုလာက အဆင့် (၄၅) ရောက်ခဲ့လျှင်တောင် ဘော့စ်ကို သူကိုယ်တိုင် အမာခံမတိုက်နိုင်ပေ။ အနည်းဆုံးတော့ ရေခဲအရိုးနဂါးကို ဖြေရှင်းရန်အတွက် MT သုံးဦး လိုအပ်ပေသည်။
ယင်းက လုံလောက်ရန်ဝေးနေသေး၏။ ရှီဖုန်းက ရေခဲအရိုးနဂါးဘေးသို့ ရောက်လာပြီးနောက် အသူရာဓားသွားကို မြောက်လိုက်တော့သည်။ ပြီးနောက် မှော်လက်နက်ကို ခမ်းနားသောအရှင်ဆီ လွဲခုတ်ချလိုက်၏။
အသူရာကျိန်စာ