ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 825 ခမ်းနားသောအရှင်၏ ပစ္စည်းများ
” နောက်ဆုံးတော့သေသွားပြီ …”
ရေခဲအရိုးနဂါး မြေကြီးပေါ်သို့လဲကျသွားပြီး ခမ်းနာသောအရှင်၏ HP မရှိတော့တာကို မြင်သောအခါ သူတို့သည် စိတ်သက်သာရပြီး သက်ပြင်းချလိုက်ကြ၏။
ရေခဲအရိုးနဂါး မြေပြင်ပေါ်လဲကျသွားသည်နှင့် အားလုံး၏ အတွေ့အကြုံဘားများကလည်း တက်သွားတော့သည်။
” များလိုက်တဲ့ EXP တွေ …”
ရွှေရောင်အလင်းက ဆောင်းဦးဂူ့စ်၊ သေခြင်းတရားလေ၊ ဘန်းဖိုင်းယား၊ တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးတို့ဆီ ရစ်ဝဲနေပြီး သူတို့က အဆင့် (၃၈) မှ အဆင့် (၃၉) သို့တက်သွားကြပြီး သူတို့၏ မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာများ ပေါ်လာတော့သည်။
ယခင်က သူတို့မဟာအရှင် အကောင်နှစ်ဆယ်ကိုသတ်ပြီးရခဲ့သည့် EXP စုစုပေါင်းကတောင် ရေခဲအရိုးနဂါးတစ်ကောင်ကို သတ်ခြင်းမှရရှိသည့် EXP နှင့်မယှဥ်နိုင်ချေ။
အားလုံးက ရေခဲအရိုးနဂါးကို သတ်ဖြတ်ရာတွင် အောင်မြင်သောကြောင့် အောင်ပွဲခံနေကြစဥ် စနစ်အသိပေးသံတစ်သံက အားလုံးကို အံ့သြသွားစေ၏။
စနစ် : ဂုဏ်ယူပါတယ်။ သင်သည် အစောင့်အရှောက်ဘော့စ်ရေခဲအရိုးနဂါးကို သတ်ဖြတ်နိုင်ခဲ့သည်။ စစ်နတ်ဘုရား၏ ဘုရားကျောင်းဂုဏ်သတင်းမှတ် အမှတ်နှစ်ဆယ်ရရှိသည်။ ဆုကြေး = အခြေခံဆုငါးခု ချီးမြှင့်သည်။
” ဟာ … ငါတို့တွေ ဒီတစ်ခေါက်ချက်ကောင်းထိမိတာပဲ …။ ငါတို့ အခြေခံဂုဏ်ထူးဆောင်တံဆိပ်ငါးခုရပြီ …”
ဆောင်းဦးဂူ့စ်နှင့် ကျန်သည့်သူများက အခြေအနေကြောင့် မှင်သက်နေကြသည်။ သူတို့သည် ရေခဲအရိုးနဂါးကို သတ်ဖြတ်ခြင်းအတွက် ထိုမျှကြီးမားသည့်ဆု ရလိမ့်မည်ဟု မထင်ထားပေ။
များစွာသောအစည်းအရုံးကြီးများသည် မြို့များကို သိမ်းပိုက်ရန်အတွက် ကုန်ကျစရိတ်များစွာရှိသည်ဟု သူတို့ကြားဖူးသည်။ ဂုဏ်ကျက်သရေပမာဏများစွာ လိုသည့်အပြင် ငွေကုန်ကြေးကျများရသည့် နောက်ထပ်အကြောင်းအရင်းတစ်ချက်မှာ စစ်နတ်ဘုရား၏ဘုရားကျောင်းဂုဏ်သတင်းမှတ်ကို တိုးမြှင့်ရန်အတွက် ဖြစ်သည့် အခြေခံဂုဏ်ထူးဆောင်ဆု ရရှိရန်ဖြစ်သည်။
စစ်နတ်ဘုရား၏ ဘုရားကျောင်းဂုဏ်သတင်းမှတ်က ပိုမြင့်လေလေ သူတို့သည် ဂုဏ်ကျက်သရေမှတ်များဖြင့် ဝယ်နိုင်သည့်အိုင်တမ်များအတွက် လဲလှယ်သည့်အချိန်တွင် လျော့ဈေးပိုရလေ ဖြစ်သည်။ တစ်ချိန်ထဲတွင် လူတစ်ယောက်၏ ဂုဏ်သတင်းမှတ်က အဆင့်တစ်ခုထိရောက်ရှိသွားခဲ့လျှင် သူတို့က ပိုအဆင့်မြင့်သည့်အိုင်တမ်များကို လဲလှယ်နိုင်မှာ ဖြစ်သည်။
လဲလှယ်နိုင်သည့် အဆင့်မြင့်အိုင်တမ်များက ထိပ်တန်းအလွှာကျွမ်းကျင်ကစားသမားအတွက်တောင် မက်မောစေနိုင်ရာ သာမန်ကစားသမားများဆိုလျှင် ပိုမက်မောပေ၏။
ဥပမာအနေဖြင့် စစ်မြေပြင်စီးတော်ယာဥ်များ၊ ရှားပါးသောစကေးများ၊ အဆင့်မြင့်ရှားပါးသောဆေးရည်များနှင့် ဈေးကွက်ထဲတွင် ရှာမတွေ့နိုင်သော ကျန်သည့်အိုင်တမ်များ ဖြစ်၏။
စစ်မြေပြင်စီးတော်ယာဥ်က အသူရာစစ်မြေပြင်ထဲတွင်သာ အသုံးဝင်သော်ငြား စီးတော်ယာဥ်၏ အရည်အသွေးက အလွန်မြင့်နေပြီ ဖြစ်သည်။ ကစားသမားများသည် ကြေးနီစီးတော်ယာဥ်ကို လဲလှယ်နိုင်ပေ၏။ စစ်နတ်ဘုရား၏ ဘုရားကျောင်းဂုဏ်သတင်းမှတ် တိုးလာသည်နှင့် မဟူရာရွှေစီးတော်ယာဥ်တောင် လဲလှယ်နိုင်မှာဖြစ်သည်။ ထိုစီးတော်ယာဥ်များက အသူရာစစ်မြေပြင်အတွင်း ကစားသမားတစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားကို သိသိသာသာ တိုးတက်စေနိုင်သည့် ရှားပါးသည့်စကေးများလည်း ပိုင်ဆိုင်နေသေး၏။
သို့သော် ဂုဏ်သတင်းမှတ်များ ပမာဏများစွာလိုအပ်သည့်အပြင် အဆင့်မြင့်အိုင်တမ်များကလည်း လဲလှယ်ရန်အတွက် နောက်ထပ်အရာတစ်ခု လိုအပ်သေးသည်။
ထို့အပြင် ထိုအိုင်တမ်က အခြေခံဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည်။ ကြေးနီ စစ်မြေပြင်စီးတော်ယာဥ်တစ်စီးကို လဲလှယ်ရန်အတွက် အခြေခံဂုဏ်ထူးဆောင်ဆုနှစ်ဆယ်နှင့် ဂုဏ်ထူးဆောင်အမှတ် သုံးသောင်းလိုအပ်သည်။
အခြေခံဂုဏ်ထူးဆောင်အမှတ်မရှိဘဲ ဤလောကထဲတွင် ဂုဏ်ထူးဆောင်အမှတ်အားလုံး ရှိနေလျှင်တောင် သူတို့က ကစားသမားများအတွက် အမှန်တကယ်အသုံးဝင်သည့်အိုင်တမ်များကို လဲလှယ်နိုင်မှာ မဟုတ်ချေ။
သို့သော် အခြေခံဂုဏ်ထူးဆောင်တံဆိပ်က ရရှိရန်အတွက် အင်မတန်ခက်ခဲသည်။ သူတို့ ပြီးခဲ့သည့်ရက်က သိခဲ့သည့်ဗဟုသုတများအရ မြို့သိမ်းတိုက်ပွဲအတွင်း ပါဝင်သည့် ကစားသမားများအတွက်သာလျှင် ဂုဏ်ထူးဆောင်တံဆိပ်တစ်ခု ဆုချီးမြှင့်ခံရတာ ဖြစ်သည်။ ယခု တစ်ယောက်ချင်းဆီက တံဆိပ်ငါးခုရတာ ဖြစ်၏။ ယင်းက မြို့ငါးမြို့ကိုသိမ်းပိုက်ခြင်းနှင့် ညီမျှပေသည်။
ကြေးနီစီးတော်ယာဥ်ကို လဲလှယ်ချင်လျှင် သူတို့က စုစုပေါင်းမြို့နယ်နှစ်ဆယ် သိမ်းပိုက်ရန်လိုအပ်သည်။
မြို့တစ်မြို့သိမ်းပိုက်ရခြင်းက အလုပ်ထက်အပြောက ပိုလွယ်ကူပေ၏။
အပြင်လောကနှင့်မတူဘဲ အသူရာစစ်မြေပြင်အတွင်း ကစားသမားများ သေဆုံးသွားလျှင် သူတို့က စစ်မြေပြင်ထဲဝင်ရောက်ရန်အတွက် နောက်တစ်ရက်စောင့်စားရသည်။ ထို့ကြောင့် အသူရာစစ်မြေပြင်ထဲတွင် လူတစ်ယောက်၏အသက်က မရှိမဖြစ်လိုအပ်သည်။ ကစားသမားများသေဆုံးမှာကို ရှောင်ကျဥ်ရန် ဂရုတစိုက်ဆောင်ရွက်ရပြီး မြို့တစ်မြို့ စီးနင်းတိုက်ခိုက်ရန်အတွက် အချိန်ကာလကြာရှည်စွာ သုံးစွဲရသည်။
သို့သော် လက်ရှိတွင် ဈေးကွက်ထဲ၌ ကြေးနီစီးတော်ယာဥ်များ ရောင်းချခြင်းမရှိ။ အခြေခံစီးတော်ယာဥ်သာ ရောင်းချနေပြီး ရွှေပြားလေးဆယ်ကျသင့်သည်။ လူတစ်ယောက်က ကြေးနီစီးတော်ယာဥ်ကို ရောင်းချခဲ့လျှင်တောင် ယင်းက ရွှေပြားရာချီ တန်မည်ဖြစ်သည်။ သာမန်ကစားသမားများက မည်ကဲ့သို့ တစ်စီးဝယ်နိုင်မည်နည်း။
ကြေးနီစီးတော်ယာဥ်ကိုစီးသည့် အတွေ့အကြုံလိုချင်ပါက ထိုသို့ပြုလုပ်နိုင်ရန်အတွက် အမြန်ဆုံးနည်းလမ်းတစ်ခု ရှိသည်။
အသူရာစစ်မြေပြင်အတွင်း စစ်မြေပြင်စီးတော်ယာဥ်များက သာမန်စီးတော်ယာဥ်များထက် အနည်းငယ် ပိုအစွမ်းထက်ပေသည်။ သူတို့က ပိုမြန်ဆန်ရုံသာမက သူတို့၏ တိုက်ပွဲဝင်စွမ်းအားကလည်း တစ်ဆင့်ပိုမြင့်၏။ ရွှေစင်စစ်မြေပြင်စီးတော်ယာဥ်က အဆင့်တူမျိုးနွယ်စုအကြီးအကဲကို ရင်ဆိုင်နိုင်မည် ဖြစ်ကာ မဟူရာရွှေစစ်မြေပြင်စီးတော်ယာဥ် အဆင့်တူအရှင်တစ်ပါးကို ရင်ဆိုင်နိုင်စွမ်းရှိမည်။ ထိုစီးတော်ယာဥ်ဖြင့် ကစားသမားများသည် နောင်၌ အသူရာစစ်မြေပြင်အတွင်း ဂုဏ်ထူးဆောင်အမှတ်များ အလွယ်တကူပိုရရှိလာတာဖြစ်၏။
အားလုံးက မထင်ထားသည့်ရိတ်သိမ်းမှုကြောင့် ပျော်ရွှင်ကြည်နူးနေကြစဥ် ရှီဖုန်းက ရေခဲအရိုးနဂါးကျသည့် အိုင်တမ်များကို အကဲဖြတ်စစ်ဆေးလိုက်သည်။
ရေခဲအရိုးနဂါးက အိုင်တမ်ငါးခုသာ ကျခဲ့သော်ငြား အပိုင်းအစတိုင်းက ထိပ်တန်းအလွှာလက်နက် သို့မဟုတ် ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာ ဖြစ်ပေ၏။
” အစ်ကိုကြီးရီဖုန်း ဘယ်လောက်ပျော်နေလဲဆိုတာ ကြည့်ပါအုံး …။ ဘော့စ်က ဘယ်လိုအိုင်တမ်တွေ ကျလာလို့လဲ …။ မြန်မြန် ကျွန်မတို့ဆီ မျှဝေပေးပါအုံး …။ ရှင်ပဲ သိမ်းမထားနဲ့လေ …”
ဘလူးဘမ်ဘူးသည် ရှီဖုန်း၏ မျက်နှာထက်ရှိ အပြုံးကိုမြင်သောအခါ သိချင်စိတ်တို့ ပေါ်ထွက်လာ၏။
ခမ်းနားသောအရှင်ကို စီးနင်းတိုက်ခိုက်ဖူးတာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် အပြင်လောကတွင် ကောလဟာလတစ်ခုရှိသည်က ခမ်းနားသောအရှင်သည် အံ့ဖွယ်အိုင်တမ်တစ်ခု ကျရန် အခွင့်အရေးရှိသည်ဟု ဆိုကြသည်။
” များများစားစားမဟုတ်ပါဘူး …။ ငါတို့တွေ အသူရာအစုံ ပြီးမြောက်သွားတဲ့အတွက်ကြောင့် ပျော်နေရုံပါ …။ ဒါအပြင် ဘော့စ်က အဆင့် (၄၀) မဟူရာရွှေအဆင့်ဒိုင်း၊ အဆင့် (၄၀) မဟူရာရွှေအဆင့်လက်စွပ်နဲ့ ကျုံ့နိုင်၊ ချဲ့နိုင်တဲ့ လက်အိတ်တစ်စုံလည်း ကျလာသေးတယ် …”
ရှီဖုန်းက ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ ပြီးနောက် ဒိုင်းနှင့် လက်စွပ်၏ အချက်အလက်များကို အဖွဲ့လိုက်စကားပြောခန်းကနေ မျှဝေပေးလိုက်သည်။
[ရေခဲအရိုးဒိုင်း] [ဒိုင်း၊ မဟူရာရွှေအဆင့်]
အဆင့် (၄၀)၊ အဆင့် (၄၅)
ချပ်ဝတ်တန်ဆာလိုအပ်ချက် = ခွန်အားငါးရာ
ခုခံမှု (+၂၇၂၀) အဆင့် (၄၀)
ပိတ်ဆို့သည့်နှုန်း = (၃၇) ရာခိုင်နှုန်း
ခွန်အား (+၄၃)
ခံနိုင်ရည် (+၅၁)
ရေခဲခုခံမှု (+၁၀)
ကျူးကျော်မှု (+၁၀)
အားနည်းသည့်ထိခိုက်မှုသည် အရှေ့မှ (၂၀) ရာခိုင်နှုန်း လက်ခံရရှိမည်ဖြစ်သည်။
ဒိုင်းကို ထိသွားသည့်အချိန်၌ ထိခိုက်မှု (၁၀) ရာခိုင်နှုန်းက အသုံးပြုသူ၏ ခုခံမှုအဖြစ်ပြောင်းလဲသွားမည် ဖြစ်သည်။ အမြင့်ဆုံးခုခံမှု နှစ်ထောင်အထိ ပြောင်းလဲနိုင်၏။
HP သည် အမြင့်ဆုံး (၁၀) ရာခိုင်နှုန်းထိ တိုးမည်ဖြစ်သည်။
ထပ်တိုးစကေး။ ။ရေခဲခန္ဓာ
အရှေ့မှလာသည့် ထိခိုက်မှုများအားလုံးကို လေးစက္ကန့်တာ လွင့်ပြယ်စေသည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ၅ မိနစ်
” ဒီဒိုင်းရဲ့ ခုခံမှုက အလွန်မြင့်တယ် …။ ဒီဒိုင်းတစ်ခုထဲနဲ့ ခုခံရင်တောင် ငါရဲ့စုစုပေါင်းခုခံမှုအတွက် ယှဥ်နိုင်နေပြီ …”
ရေနှင်းဆီက ရေခဲအရိုးဒိုင်း၏ အရည်အချင်းများကို မြင်ပြီးနောက် မှင်သက်သွားသည်။
ကိုလာ ယခုလက်ရှိ အသုံးပြုနေသည့် နတ်မီးတောက်ပြာဒိုင်းက ခုခံမှု (၁၉၅၀) သာရှိသည်။ သို့သော် ရေခဲအရိုးဒိုင်း၏ စုစုပေါင်းခုခံမှုက (၄၇၂၀) ထိရောက်သည်။ ဒိုင်းကိုယ်တိုင်၌ အလိုအလျောက်ထိခိုက်မှု လျှော့ချသည့်စကေးနှင့် တိုက်ခိုက်မှုကို ပြန်ခုခံမှုအဖြစ် ပြောင်းလဲနိုင်သည့်စကေးလည်း ရှိနေသေးသည်။
ထိုဒိုင်းဖြင့် သူတို့သည် နောင်၌ စူပါအစွမ်းထက်သည့်ဘော့စ်များ၏ စကေးကိုတောင် ဖြေရှင်းနိုင်မှာ ဖြစ်သည်။ ကုသသူများက ထိခိုက်မှုရရှိနေသည့် MT ကို သွေးမသွင်းပေးနိုင်သည့်အချိန်တွင် MT က ရေခဲခန္ဓာကို အသုံးပြုပြီး ကုသသူများပေါ်ရှိ ဝန်ထုတ်ဝန်ပိုးကို လျှော့ချပေးနိုင်သည်။
[ရေခဲဝိညာဥ်လက်စွပ်] [လက်စွပ်၊ မဟူရာရွှေအဆင့်]
အဆင့် (၄၀)၊ အဆင့် (၄၅)
ချပ်ဝတ်တန်ဆာလိုအပ်ချက် = ဉာဏ်ရည်လေးရာ
ခွန်အား (+၁၅)
လျင်မြန်ဖျတ်လတ်မှု (+၁၈)
ခံနိုင်ရည် (+၂၄)
ဉာဏ်ရည် (+၅၅)
ခံနိုင်ရည် (+၃၇)
ရွတ်ဆိုသည့်အကျယ်အဝန်း (+၂)
ရွတ်ဆိုသည့်အရှိန် တိုးမြှင့်ခြင်း = (၁၀) ရာခိုင်နှုန်း
မှော်ထိခိုက်မှုတိုးမြှင့်ခြင်း = (၁၀) ရာခိုင်နှုန်း
တိုက်ခိုက်မှုတွင် ရေခဲအာနိသင်ကို ဖော်ဆောင်နိုင်ခြေရှိပြီး ပစ်မှတ်ကို သုံးစက္ကန့်တာခဲနေစေသည်။
ထပ်တိုးစကေး။ ။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းရချိန်ကို လျင်မြန်စွာလျော့စေခြင်း
အသုံးပြုသူသည် စကေးအားလုံး၏ ကူးဒေါင်းကို အစပြန်ပျိုးနိုင်မည်ဖြစ်သည်။ တစ်ချိန်ထဲတွင် ထိန်းချုပ်ခြင်းအာနိသင်အားလုံးကို ဖယ်ရှားပြီး ရွတ်ဆိုသည့်အရှိန်နှင့် လှုပ်ရှားသည့်အရှိန်ကို ဆယ်စက္ကန့်တာ (၃၀) ရာခိုင်နှုန်း တိုးမြှင့်စေသည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = (၁၀) မိနစ်
ရေခဲဝိညာဥ်လက်စွပ်၏ အချက်အလက်တိုင်းကို လူတိုင်းမြင်ပြီးနောက် သူတို့မျက်လုံးများ ပြူးထွက်လာတော့သည်။
” ဒီလက်စွပ်နဲ့ဆို မှော်အမျိုးအစားထိခိုက်မှုက အနည်းဆုံး (၂၀) ရာခိုင်နှုန်းတိုးသွားမှာ …”
ဘလူးဘမ်ဘူးက ပြောပြီးနောက် ရေခဲဝိညာဥ်လက်စွပ်ကို သဘောကျနေသည်။ ထိုသို့ အံ့သြဖွယ်အရည်အချင်းဖြင့်လက်စွပ်ကို သူတွေ့ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
အသုံးအဆောင်ပစ္စည်းများက နတ်ဘုရားနယ်မြေထဲတွင် အလွန်ရှားပါးသည်။ ယင်းတို့၏ တန်ဖိုးက လက်နက်များထက်တောင် ပိုမြင့်ပေ၏။
ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာ အပြည့်အဝဝတ်ဆင်ထားသော်ငြား သူမ လက်ရှိဝိညာဥ်ထားသည့်လက်စွပ်က အဆင့် (၂၀) ဆန်းကြယ်သံမဏိလက်စွပ်သာဖြစ်သေးသည်။ သို့သော် သူမက အလွန်ကြည့်ကောင်းနေပြီ ဖြစ်၏။ ကစားသမားများစွာက အဆင့် (၁၀) ကြေးနီအဆင့်လက်စွပ်သာ ဝတ်နေသေးဆဲ ဖြစ်သည်။
သို့သော် ရေခဲဝိညာဥ်လက်စွပ်နှင့် ယှဥ်ခဲ့လျှင် သူမ၏ အဆင့် (၂၀) လက်စွပ်က အမှိုက်သာဖြစ်သွားသည်။
” သိပ်စိတ်လှုပ်ရှားမနေနဲ့ …။ ဒိုင်းပဲဖြစ်ဖြစ်၊ လက်စွပ်ပဲဖြစ်ဖြစ် ဒီအိုင်တမ်နှစ်ခုရဲ့ တန်ဖိုးက လက်အိတ်တစ်စုံကို မယှဥ်နိုင်ဘူး …”
ပြီးနောက် ရှီဖုန်းသည် လက်အိတ်၏ အချက်အလက်ကို အားလုံးအားမျှပေးလိုက်၏။