ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 832 ရူးကြောင်ကြောင်လေလံပွဲ
ရှီဖုန်းသည် လေလံပွဲစင်မြင့်ထက်ကို မြင်ပြီးနောက် အချိန်တချို့အနည်းငယ်မှင်သက်သွားခဲ့သည်။
လျှို့ဝှက်နည်းစနစ်
ယင်းက ကျွမ်းကျင်သူများရယူရန် အိပ်မက်မက်နေသည့် ရတနာတစ်ပါးဖြစ်သည်။ ဘလက်ဝင်းလေလံအိမ်တော်၏ ပထမအိုင်တမ်က ထိုမျှထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့မိချေ။
သူသာ ထိုရွှေကျောက်ပြားကို ရနိုင်ခဲ့လျှင် ဇီးရိုးဝင်းမှလူများကို အစွမ်းထက်သည့် တိုက်ပွဲဝင်နည်းစနစ်ကို ဖမ်းဆုပ်မိရန် ပိုတောင်ကူညီပေးနိုင်မှာ ဖြစ်သည်။
ရှီဖုန်းက ထိတ်လန့်နေရာမှ သတိဝင်လာစဥ် ရွှေကျောက်ပြားအတွက် လေလံပွဲက စတင်တော့သည်။
ရွှေကျောက်ပြားအတွက် စခေါ်သည့်ဈေးက ရွှေပြားတစ်ရာဖြစ်သည်။ သို့သော် ကစားသမားအချို့သာလျှင် အစ၌ ရူးနေသည့်သူများသဖွယ် ချက်ချင်းပင်ဈေးခေါ်ကြတော့၏။
” ရွှေပြားတစ်ရာ့တစ်ဆယ် …”
” ရွှေပြားတစ်ရာ့နှစ်ဆယ် …”
” ရွှေပြားခုနှစ်ရာ …”
ယင်းက ကစားသမားများစွာကို အံ့သြမှင်သက်သွားစေခဲ့သည်။
ရွှေပြာ၏ လေလံပေးလိုက်သည့်ဈေးက ကစားသမားများစွာကို ကျော်လွန်နေပြီဖြစ်ရာ ယင်းက ကျိုးပဲ့နေသော ကျောက်ပြား၏ အပိုင်းအစတစ်ခုမျှသာဖြစ်ရာ လူတစ်ယောက်သည် ရွှေပြားခုနှစ်ရာပေးရန် ဆန္ဒရှိနေသည်။ တတိယတန်းအစည်းအရုံးတစ်ခုအတွက်တောင် ယင်းက အင်မတန် များပြားသည့်ဈေး ဖြစ်နေသည်။ တတိယတန်းအစည်းအရုံးက အလွန်ဆုံးမှာ ရွှေပြားလေးရာ သို့မဟုတ် ငါးရာသာ ရှိမှာပင်။ ဒုတိယတန်းအစည်းအရုံးနှင့် ဒုတိယတန်းအထက်ရှိ အစည်းအရုံးများသာ ထိုတန်ကြေးကို တက်နိုင်ကြမှာ ဖြစ်သည်။
သို့သော် ဒုတိယတန်းအစည်းအရုံးများကလည်း စိတ်မလွတ်နေလျှင် ထိုအမည်မသိကျောက်ပြား အပိုင်းအစအတွက် သူတို့၏ ဘဏ္ဍာငွေအားလုံးကို သုံးစွဲမှာမဟုတ်ပေ။ ရုတ်တရက်တွင် ပုန်းကွယ်တိမ်က အော်လိုက်၏။
” ရွှေပြားတစ်ထောင် …။ ဒီကျောက်ပြားကို ဘုံကိုးဘုံမျှော်စင်က ပိုင်ရမယ် …”
ကစားသမားများစွာက တဖန်အံ့သြမှင်သက်သွားပြန်သည်။
သူတို့သည် ဘုံကိုးဘုံမျှော်စင်ကဲ့သို့ စူပါအစည်းအရုံးကြီးက ရွှေကျောက်ပြားပေါ် ရွှေပြားတစ်ထောင် သုံးရန် ဆန္ဒရှိပြီး ရူးသွပ်လိမ့်မည်ဟု သူတို့မထင်ထားပေ။
” စကားကြီးစကားကျယ်နိုင်လိုက်တာ …။ ဒီအိုင်တမ်က ရှင်တို့မိသားစုက ပိုင်တာလား …။ ဘာလား …”
ခန္ဓာကိုယ်လှလှဖြင့် အမျိုးသမီးဓာတ်ကြီးလေးပါးအသုံးပြုသူက ပျက်ရယ်ပြုကာရယ်မောလိုက်သည်။
” ရွှေပြားတစ်ထောင့်ငါးရာ …”
” ငြိမ့်ညောင်းခြင်းသံစဥ် မင်းဘာကြောင့် တိုက်ခိုက်နေတာလဲ …။ မြင့်မြတ်တဲ့ကျောင်းတော်က ဘုံကိုးဘုံမျှော်စင်နဲ့ တကယ်ယှဥ်နိုင်တယ်လို့ ထင်နေတာလား …”
ပုန်းကွယ်တိမ်က ရယ်မောလိုက်သည်။ ပြီးနောက် သူက ဈေးမြင့်ပြီး ပြောလိုက်၏။
” ရွှေပြားတစ်ထောင့်ခြောက်ရာ …”
ဖွံ့ဖြိုးပြီးအစည်းအရုံးတစ်ခုအဖို့ မြင့်မြတ်သောဘုရားကျောင်းက မြေနှင့် မှော်သလင်းများဝယ်ယူရန်အတွက် ဂိမ်းငွေကြေးများစွာ လက်တလောတွင်သုံးစွဲခဲ့သည်။ ထို့ကြောင့် ဘုရား ကျောင်းသည် ယခုအချိန်တွင် ငွေကြေးချို့တဲ့နေလောက်မည်။ ဘုံကိုးဘုံမျှော်စင်၏ ဘဏ္ဍာအင်အားနှင့် ယခုအချိန်တွင် မယှဥ်နိုင်ပေ။
သူ၏ မှတ်ချက်ထဲတွင် ပန်းတိုင်တစ်ခုရှိပေ၏။ ရှေးဦးစွာ သူက ငြိမ့်ညောင်းခြင်းသံစဥ်ကို နောက်ဆုတ်စေချင်သည်။ ဒုတိယပန်းတိုင်က အချိန်ဆွဲချင်တာဖြစ်သည်။ ပုန်းကွယ်တိမ်က လေလံပွဲကို အာရုံမစိုက်ခဲ့ပေ။ သူက ဂျမ်းတဲလ်စနိုးနှင့် အဓိကလိုက်ပေးခဲ့တာ ဖြစ်သည်။ ထို့ကြောင့် သူနှင့်အတူ ပိုက်ဆံများများသယ်မလာခဲ့။ သူနှင့် သူ့အဖော်အပေါင်းများသယ်လာသဟ့် ပိုက်ဆံများကို ပေါင်းစည်းပြီးနောက် သူတို့က ရွှေပြားနှစ်ထောင်ဝန်းကျင် ရခဲ့သည်။ သာမန်လေလံပွဲသာဆိုလျှင် ယင်းက လုံလောက်တာထက်ပိုပေ၏။ သူတို့သည် အံ့ဖွယ်ချပ်ဝတ်တန်ဆာ၏ အပိုင်းအစတစ်ခုကိုတောင် ဝယ်နိုင်သည်။
သို့သော် ယခုအချိန်တွင် ရွှေကျောက်ပြားကို အနိုင်ရဖို့ မလုံလောက်ပေ။
ဆိုရလျှင် ထိုကျောက်ပြားက မည်သည့်အံ့ဖွယ်အိုင်တမ်ထက်မဆို ပိုပြီးတန်ကြေးရှိပေသည်။ လက်ရှိနတ်ဘုရားနယ်မြေ၏ အမျိုးမျိုးသောစူပါအစည်းအရုံးကြီးများက ထိုကျောက်ပြားများကို ရှာနေသည်။ လူ့စွမ်းအားအရင်းအမြစ်များစွာ မြှုပ်နှံပြီးသည့်တိုင် သူတို့က ထိုအိုင်တမ်များရှိသည်နေရာနှင့် ပတ်သက်သည့်သဲလွန်စများ ရှာမတွေ့ခဲ့ပေ။ ထိုအိုင်တမ်များကို စုံစမ်းနိုင်ခြင်းလည်းမရှိ။ ကံပေါ်သာမူတည်နေ၏။ ယခုထိုကျောက်ပြားပေါ်လာရာ သူသည် ရွှေကျောက်ပြားကို ဝယ်နိုင်မည်ဆိုလျှင် ရွှေပြားတစ်သောင်းထက် ပိုသုံးမှာပဲ ဖြစ်၏။
ထိုအိုင်တမ်က နတ်ဘုရားနယ်မြေ၏ ရွှေမြေများကဲ့သို့ ဖြစ်သည်။ ပြိုင်စံရှားရုံတင်မက ၎င်း၏ တန်ကြေးကလည်း နောင်တွင်တိုးလာမှာပဲ ဖြစ်၏။ ထိုကဲ့သို့ ရတနာမျိုးကို တစ်ခါသာလျှင် ကြုံတွေ့နိုင်မှာ ဖြစ်သည်။
သို့သော် သူ၏ အစည်းအရုံးက ပိုက်ဆံစုဆောင်းရန် အချိန်လိုအပ်သည်။ ယင်းက ပုန်းကွယ်တိမ်ကို အတော်လေးစိုးရိမ်ပူပန်မိစေ၏။
” ဟား … ဟား … ဟား … ကျော်ကြားတဲ့ပုန်းကွယ်တိမ်က ဒီလောက်မောက်မာထောင်လွှားလိမ့်မယ်လို့ တစ်ခါမှမထင်ထားမိဘူး …”
ငြိမ့်ညောင်းခြင်းသံစဥ်က ပါးစပ်ကို လက်ဖြင့်ကာလျက် ရယ်မောလိုက်သည်။ သူမ၏ ရယ်သံက လေလံပွဲအတွင်းရှိ အမျိုးသားများ၏ စိတ်နှလုံးထဲ စွဲသွားစေသည်။
” အခုအချိန် ရှင့်လက်ထဲ ပိုက်ဆံများများစားစား တကယ်မရှိတဲ့ပုံပဲ …။ ကောင်းပြီ ရှင့်ကိုယ်စား ဒီရွှေကျောက်ပြားကို ဝမ်းမြောက်ဝမ်းသာစွာ ဝယ်ယူတော့မှာပေါ့ …”
” ရွှေပြားသုံးထောင် …”
လေလံပွဲတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ အမျိုးမျိုးသောအစည်းအရုံးကိုယ်စားလှယ်များနှင့် တစ်ကိုယ်တော်ကစားသမားများက သူတို့ကြားလိုက်တာကို မယုံနိုင်ဖြစ်နေကြသည်။
” ရွှေပြားသုံးထောင်လား …”
ထိုမျှ များပြားသည့်ပိုက်ဆံဖြင့် တော်ဝင်မြို့တော်တွင် သာမန်မြေနေရာတစ်ကွက် ဝယ်နိုင်ပေသည်။ စူပါအစည်းအရုံးများအတွက်တောင် ယင်းက များပြားသည့်ပိုက်ဆံပမာဏ ဖြစ်သည်။ ထိုသို့တိုင် လူတစ်ယောက်က ကျိုးပဲ့နေသောကျောက်ပြားအပိုင်းအစ တစ်ခုအတွက် ဝယ်ရန်ဆန္ဒရှိနေသည်။ ယင်းက ရူးသွပ်တာပဲဖြစ်၏။
” ဒါက ဘယ်လိုအိုင်တမ်မျိုးလဲ …”
ဂျမ်းတဲလ်စနိုးက ငြိမ့်ညောင်းခြင်းသံစဥ်၏ ဈေးခေါ်သည့်ကြေးကိုကြားသောအခါ အံ့သြမှင်သက်သွားသည်။
မြင့်မြတ်သောဘုရားကျောင်း၏ ဒုတိယသခင်ဟူသည် ထင်သည့်အတိုင်းပင်။ တစ်ဖက်တွင် ရှီဖုန်းက လှပသည့်ငြိမ့်ညောင်းခြင်းသံစဥ်ကို တိတ်တဆိတ်ချီးကျူးနေသည်။ ပုန်းကွယ်တိမ်၏ အခက်အခဲများကို တစ်ချက်ကြည့်ရုံဖြင့် ထိုအမျိုးသမီးမြင်နိုင်လိမ့်မည်ဟု သူမထင်ထားချေ။
ဘလက်ဝင်းလေလံအိမ်တော်တွင် အိုင်တမ်တစ်ခုကို ဈေးပြိုင်ခေါ်နေစဥ် အိုင်တမ်ကအပြိုင်ဈေးခေါ်မှု မရှိသည့်ကာလကိုကျော်သွားသည်နှင့် အမြင့်ဆုံးဈေးဖြင့် ရောင်းထွက်သွားမှာ ဖြစ်သည်။ ထို့အပြင် ပိုက်ဆံလုံလုံလောက်လောက်မရှိလျှင် သူတို့က ခေါ်၍မရပေ။
သူလျှို့ဝှက်ချက်ပေါ်သွားကြောင်း သိသည့်အချိန်တွင် ပုန်းကွယ်တိမ်၏ အမူအရာက ချက်ချင်းပင် ချဥ်သွားတော့သည်။ ရွှေပြားသုံးထောင်က သူ့အကန့်အသတ်ကို ကျော်လွန်နေသည်။ သူက ငြိမ့်ညောင်းခြင်းသံစဥ်ကို ရန်မစခဲ့ဘဲ လေလံကြေးကိုတိုးမြင့်ခဲ့လျှင် သူ့အစည်းအရုံးက သူ့ဆီပိုက်ဆံပို့ရန် အချိန်တချို့ဆွဲနိုင်အုံးမှာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် အခွင့်အရေးဆုံးရှုံးသွားပြီ ဖြစ်၏။
” စနိုး မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ …။ ငါ့ကို ခဏချေးပါ …။ (၁၀) ရာခိုင်နှုန်း မဟုတ်ဘူး …။ (၂၀) ရာခိုင်နှုန်းအတိုး ပြန်ပေးမယ် ဘယ်လိုလဲ …”
ပုန်းကွယ်တိမ်က စိတ်ပူပန်စွာမေးလိုက်သည်။
” ဒါက …”
ဂျမ်းတဲလ်စနိုးက တွေဝေနေသည်။ ရွှေကျောက်ပြား၏ လုပ်ဆောင်ချက်ကို သူမမသိသော်ငြား သူမက စူပါအစည်းအရုံးကြီးကဲ့သို့ ဈေးပိုမပေးနိုင်ပေ။ သို့သော် ဤနေရာသို့လာရောက်ခြင်းပန်းတိုင်က အစည်းအရုံးအတွက်လိုအပ်သည့် အိုင်တမ်တချို့ ဝယ်ချင်တာဖြစ်သည်။ သူမ၏ ပိုက်ဆံများကို ပုန်းကွယ်တိမ်ဆီ ချေးလိုက်ပါက လိုအပ်သည့်အိုင်တမ်များကိုဝယ်ယူရန် အခက်တွေ့တော့မှာ ဖြစ်သည်။ ဆိုရလျှင် ထိုကဲ့သို့ လေလံပွဲမျိုးက မကြာခဏကြုံနေကြမဟုတ်ပေ။
” (၃၀) ရာခိုင်နှုန်း …”
အခမ်းအနားမှူးက ဈေးကို ဒုတိယအကြိမ်မြင့်တင်လိုက်တာကိုကြားသည့်အချိန်တွင် ပုန်းကွယ်တိမ်က အော်လိုက်သည်။
” ကောင်းပြီ …။ ကျွန်မမှာ ရွှေပြားထောင့်ခုနှစ်ရာ ပါလာတယ် …”
ဂျမ်းတဲလ်စနိုးက စဥ်းစားပြီးနောက် ပြောလိုက်သည်။ ဂျမ်းတဲလ်စနိုးသည် ချက်ချင်းပင် ပုန်းကွယ်တိမ်ဆီ ရွှေပြားထောင့်ခုနှစ်ရာလွဲပေးလိုက်ပြီး သူ၏ ငွေကြေးက ရွှေပြားသုံးထောင်ခုနှစ်ရာ ဖြစ်သွားတော့သည်။
” သုံးထောင့်တစ်ရာ …”
သို့သော် သူဈေးခေါ်ပြီး သိပ်မကြာမီ၌ ငြိမ့်ညောင်းခြင်းသံစဥ်က ထပ်ခေါ်လိုက်ပြန်သည်။
” ရွှေပြားသုံးထောင့်နှစ်ရာ …”
ယခုအချိန်တွင် ငြိမ့်ညောင်းခြင်းသံစဥ်က သူမ၏ တည်ငြိမ်မှုဆုံးရှုံးသွားပြီ ဖြစ်သည်။
သုမသည် လေလံပွဲသို့မလာခင် ငွေကြေးအချို့ ပြင်ဆင်ထားခဲ့သော်ငြား များများစားစားမပြင်ဆင်ခဲ့ပေ။ လက်တလောတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်အတွက် အစည်းအရုံးသည် မြေနေရာများစွာ ဝယ်ယူခဲ့သည်။ ထို့ကြောင့် သူမရနိုင်သည့် ဘဏ္ဍာရေးက ကန့်သတ်ခံထားရတာ ဖြစ်သည်။ ဤလေလံပွဲအတွက် သူမက ရွှေပြားသုံးထောင်ငါးရာသာ သယ်လာခဲ့၏။
ငြိမ့်ညောင်းခြင်းသံစဥ်က ဈေးခေါ်ပြီးနောက် မြင့်မြတ်သောဘုရားကျောင်း၏ ကျန်သည့် အဖွဲ့ဝင်များထံမှ ပိုက်ဆံစချေးတော့သည်။
သို့သော် အက်ကွဲကွဲအသံက လေလံပွဲထဲတွင် ပဲ့တင်သံထပ်သွားတော့သည်။
” ရွှေပြားသုံးထောင့်ငါးရာ …။ အားလုံးက အသံသစ်လာရာဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် အသံ၏ ဇစ်မြစ်ဖြစ်သော အင်မတန်လှပသည့် အမျိုးသမီးတစ်ဦးကို သတိပြုမိလိုက်သည်။
” ဖီးနစ်မိုး …”
ပထမအလွှာ၏ နောက်ခုံတွင်ထိုင်နေသည့် ဖီးနစ်မိုးကို မြင်သောအခါ ပုန်းကွယ်တိမ်က စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
“ကျွန်မတကယ်တောင်းပန်ပါတယ် …။ ဒါပေမဲ့ နဂါးဖီးနစ်ပွဲကြည့်စင်က ဒီအိုင်တမ်ကို မျက်စိကျနေတယ်လေ …”
ဖီးနစ်မိုးက ပြောပြီး ညင်သာစွာပြုံးလိုက်သည်။ အဆုံးတွင် သူမက အမှောင်ပြိုင်ကွင်းထဲတွင် အချီကြီး ပွခဲ့တာဖြစ်သည်။ ထိုငွေကြေးဥစ္စာထဲမှအချို့ကိုသုံးပြီးသည့်တိုင် လေလံပွဲအတွက် သူမနှင့်အတူ ရွှေပြားလေးထောင်သယ်လာခဲ့သည်။ ပုန်းကွယ်တိမ်နှင့် ငြိမ့်ညောင်းခြင်းသံစဥ်တို့က သူတို့၏အကန့်အသတ်ကို ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ရွှေကျောက်ပြားကို သူမရယူရန် လုံလောက်တာထက်ပိုနေပြီ ဖြစ်သည်။
” ရွှေပြားသုံးထောင့်ခုနှစ်ရာ …”
ပုန်းကွယ်တိမ်က နောက်ဆုံးတွင် ဈေးတင်လိုက်တော့သည်။ တစ်ချိန်ထဲတွင် သူက ဘလက်စတာကို စာပို့ပြီးပြောလိုက်၏။
” ဘလက်စတာ ပိုက်ဆံမရောက်သေးဘူးလား …”
” ဘော့စ် သူတို့တွေ အခုမှ ပိုက်ဆံစုနေတာ …။ သူတို့ထဲက တချို့ကတော့ ပို့ပြီးပါပြီ …။ ဒါပေမဲ့ လက်ခံဖို့အတွက် နောက်ထပ်မိနစ်အနည်းငယ် ထပ်စောင့်ရအုံးမယ် …”
ဘလက်စတာလည်း တထစ်ထစ်ဖြစ်လာသည်။ သို့သော် နတ်ဘုရားနယ်မြေထဲတွင် ပိုက်ဆံပို့သည့်ဖြစ်စဥ်က ချက်ချင်းရတာမဟုတ်ပေ။ အချိန်အနည်းငယ်ကြာပေ၏။
” ရွှေပြားသုံးထောင့်ရှစ်ရာ …”
ဖီးနစ်မိုးက တုံ့ဆိုင်းခြင်းမရှိ ရွှေပြားတစ်ရာ တိုးလိုက်သည်။
ပုန်းကွယ်တိမ်နှင့် ငြိမ့်ညောင်းခြင်းသံစဥ်တို့က ပိုက်ဆံချေးရန် စဥ်စားနေကြ၏။ သို့သော် ထိုအတွင်း ချေးငှားဖို့က အလုပ်ထက်အပြောက ပိုလွယ်ပေ၏။
ထိုသို့တိုင် ဖီးနစ်မိုးက ဈေးခေါ်ပြီးနောက် ရှီဖုန်းသည် အခမ်းအနားမှူးဆီကြည့်ပြီး ပြောလိုက်၏။
” ရွှေပြားလေးထောင် …”