ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 862 မှော်လက်နက်များ၏ ပုန်းကွယ်အာနိသင်
အသူရာဓားသွားကို နှစ်ကြိမ်ဆက်တိုက် အဆင့်မြင့်ပြီးနောက် မှော်လက်နက်၏သွင်ပြင်က သိသိသာသာ ပြောင်းလဲသွားသည်။
ဓားက ယခု သွေးနီရောင်ရုန်းများဖြင့် သန့်စင်သည့်ငွေရောင် တလက်လက်ထနေသည်။ ဓားကို လွှမ်းခြုံနေသည့် အနက်ရောင် မြူဖျော့ဖျော့လည်း ရှိနေ၏။ ဓားရိုးက အနက်ရောင်နဂါးနှင့် တူနေပြီး အံ့သြဖွယ်ကောင်းလှအောင် အသက်ဝင်နေသည်။ ဓားသွားတစ်စိတ်တစ်ပိုင်းက ဓားသွားထဲတွင် မြှုပ်နှံခံရသော်ငြား ရှီဖုန်းသည် လက်နက်မှပြင်းထန်သည့်ခွန်အားကို ခံစားမိသည်။ သူတောင် အနည်းငယ် မသက်မသာဖြစ်လာသည်။
ရှီဖုန်းက အသူရာဓားသွားကို မြဲမြန်စွာကိုင်ထားသည့်တိုင် ဖိနှိပ်ခံရသည့်ခံစားချက်က မပျောက်ကွယ်သွားပေ။
အဆင့် (၄၀) မှာ ဒီလောက်အစွမ်းထက်နေတာ ငါသာ နောက်ထပ်နှစ်ကြိမ်သုံးကြိမ် အဆင့်ထပ်မြှင့်လိုက်ရင် တိုက်ပွဲထဲမှာ ကိုင်နိုင်မှာမဟုတ်တော့ဘူး။
ရှီဖုန်းသည် ငွေရောင်အသူရာဓားသွားကိုကြည့်ပြီး စိတ်ပျော်လည်းပျော် ကူကယ်ရာလည်းမဲ့နေ၏။
နတ်ဘုရားနယ်မြေထဲတွင် ကစားသမားများကို စိတ်ပိုင်းဆိုင်ရာ ဖိအားပေးနိုင်သည့် လက်နက်များ ရှိပေသည်။ သို့သော် အသုံးပြုသူကိုလည်း ဖိအားပေးနိုင်သည့် လက်နက်တစ်ခုကို ရှီဖုန်း ပထမဆုံး တွေ့ဖူးတာသေချာသည်။
ကျွမ်းကျင်ကစားသမားများက သာမန်ကစားသမားနှင့်တိုက်ခိုက်သည့်အချိန်တွင် သူတို့သည် သိသာသည် စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုကို သိနိုင်ကြသည်။ ထိုစိတ်ပိုင်ဆိုင်ရာ ဖိနှိပ်မှုက အပြင်ပန်း၏ တုံ့ပြန်မှုကို ထုံသွားစေပြီး သူတို့၏ လှုပ်ရှားမှုကို လေးလံသွားစေကာ တိုက်ပွဲဝင်စွမ်းအားကို သိသိသာသာ လျော့ကျသွားစေ၏။ သို့သော် စံသတ်မှတ်ချက်ချင်းတူသည့် ကျွမ်းကျင်သူများကို ရင်ဆိုင်ရာတွင် စိတ်စွမ်းအားဖိနှိပ်မှုက လျစ်လျူရှူ့ထား၍ ရသည်။
သို့သော် နတ်ဘုရားနယ်မြေထဲရှိ လက်နက်နှင့်ချပ်ဝတ်တန်ဆာများမှ ထုတ်ပေးသည့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုက ကစားသမားများထံမှ ထွက်ပေါ်လာသည်နှင့် မတူပေ။
ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုမျိုးက ကစားသမားများသည် ခမ်းနားသောအရှင်အဆင့် မွန်းစတားများကို ရင်ဆိုင်ရသည့်အခါတွင် ခံစားရတာနှင့် ဆင်တူ၏။ ယင်းက ကစားသမားများ၏ တွေးခေါ်မှုဖြစ်စဥ်ကို ထုံပေပေဖြစ်သွားစေရုံသာမက ကစားသမား၏ သက်လုံအား ကုန်ဆုံးသည့်နှုန်းကိုလည်း တိုးမြင့်စေသည်။ ထို့ကြောင့် ခမ်းနားသောအရှင်များသည် ဖြေရှင်းရခက်တာဖြစ်သည်။ ခမ်းနားသောအရှင်ကို အနိုင်ယူရန် အရေအတွက်ပေါ်မှီခို၍ မဖြစ်နိုင်ပေ။
ကျွမ်းကျင်ကစားသမားများတောင် ခမ်းနားသောအရှင်၏ စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုကို ရင်ဆိုင်ရာတွင် ဝေဒနာများစွာ ခံစားရပေမည်။ ကျွမ်းကျင်သူတစ်ဦးက သူတို့တိုက်ပွဲဝင်စွမ်းအား (၆၀) ရာခိုင်နှုန်း သို့မဟုတ် (၇၀) ရာခိုင်နှုန်းကို ထုတ်ဖော်နိုင်ခဲ့လျှင် အထင်ကြီးဖွယ်ကောင်းနေပြီ ဖြစ်သည်။
ထိုသို့တိုင် အသူရာဓားသွားမှ ထုတ်လွင့်နေသည့် စိတ်စွမ်းအားဖိနှိပ်မှုက ခမ်းနားသောအရှင်များထက် ပိုသန်မာ၏။ ရှီဖုန်းအဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက်တောင် ထိုစိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုအောက်တွင် ထိခိုက်ကာ သူတို့၏ တိုက်ပွဲဝင်စွမ်းအားကို အနည်းငယ်သက်ရောက်ခံရသည်။
ပြီးနောက် ရှီဖုန်းသည် အသူရာဓားသွားကို တင်းကြပ်စွာဆုပ်ကိုင်ပြီးနောက် သူရှေ့ရှိ ရှင်းလင်းနေသည့်လေဟာနယ်ကို ပိုင်းဖြတ်လိုက်သည်။
မြေကမ္ဘာခွင်းခြင်း
ဝှီ …
ငွေရောင်အလင်းတန်းက မြေကြီးကို ပိုင်းဖြတ်သွားပြီး ကိုက်သုံးဆယ်အကွာထိ ပြန့်ကားသွား၏။ အလင်း ပျောက်ကွယ်သွားသည့်အချိန်တွင် မြေပြင်ပေါ်၌ လူသုံးယောက် ပခုံးတန်းရပ်နိုင်လောက်အောင်အထိ ကျယ်ဝန်းသော ချိုင့်နက်ကြီးတစ်ခု ဖြစ်သွားသည်။ ထိုချိုင့်က ငါးမီတာနီးပါး နက်ရှိုင်းသည်။ မြေကမ္ဘာခွင်ခြင်း၏ စွမ်းအားက အတိတ်တုန်းက သူ စကေးကို အသုံးပြုသည့်အချိန်ကထက် ယခုပိုသန်မာလာပြီ ဖြစ်သည်။ ထို့အပြင် အသူရာဓားသွားကို လွဲရမ်းခြင်းကလည်း ကွဲပြားခြားနားသည့် ခံစားချက်မျိုး ရစေသည်။
သို့သော် ရှီဖုန်း အထိတ်လန့်ဆုံးအရာက ဤစကေးကို အသက်သွင်းသည့်အချိန်တွင် စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုကို ရုပ်ချည်းခံစားလိုက်ရတာပဲ ဖြစ်သည်။ ထိုစိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုအောက်တွင် ရှီဖုန်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်တောင် သူ့တိုက်ပွဲဝင်စွမ်းအား၏ (၄၀) ရာခိုင်နှုန်းနီးပါး ဆုံးရှုံးသွားသည်။ အားနည်းသည့် ကျွမ်းကျင်သူများဆို (၅၀) ရာခိုင်နှုန်းတောင် ဆုံးရှုံးသွားနိုင်သည်။ အံ့အားသင့်နေပြီး စိတ်စွမ်းအားဖိနှိပ်မှုက ပိုတောင်တိုးလာတော့၏။
သန်မာလိုက်တာ။ လုံလောက်သွားပြီ။ မှော်လက်နက်တွေက တကယ်ကြောက်ဖို့ ကောင်းတာပဲ။ ရှီဖုန်းသည် ပြောစရာစကားများမဲ့သွားပြီး အသူရာဓားသွား၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
[အသူရာဓားသွား] [တစ်လက်ကိုင်ဓား၊ မှော်လက်နက်]
တိုက်ခိုက်မှုစွမ်းအား (+၁၂၀၄)
အရည်အချင်းအားလုံး (+၇၂)
တိုက်ခိုက်မှုအရှိန် (+၂၀)
လျစ်လျူရှူ့နိုင်သည့်အဆင့် (+၁၅)
တိုက်ခိုက်မှုတွင် ရှိသည့်အရာ ။ ။ (၂၀၀) ရာခိုင်နှုန်း ထိခိုက်မှုဖြစ်စေရန် (၆၀) ရာခိုင်နှုန်း အခွင့်အရေး ရှိသည်။ (၃၀၀) ရာခိုင်နှုန်းထိခိုက်မှုဖြစ်စေရန် (၃၀) ရာခိုင်နှုန်းအခွင့်အရေး ရှိသည်။
တိုက်ခိုက်မှုတိုင်းက (၂) ရာခိုင်နှုန်းဆီတိုးသွားပြီး အမြင့်ဆုံး (၂၀) ရာခိုင်နှုန်းအထိ တိုးမည်။
ကိုင်ဆောင်သူသည် ဓားသမားနှင့်သက်ဆိုင်သည့် အမျိုးအစားဖြစ်ခဲ့လျှင် အရည်အချင်းများအားလုံး (+၄)
လွတ်လပ်သည့်အရည်အချင်းအမှတ်များ တိုးမြင့်မှုကို အဆင့်တစ်ခါတိုးတိုင်း နှစ်မှတ်ရရှိသည်။
ချပ်ဝတ်တန်ဆာ = အဆင့် (၄၀) အဆင့်မြှင့်တင်နိုင်သည်။ အဆင့် (၄၅) သို့မြှင့်တင်နိုင်ရန်အတွက် အဆင့် (၄၅) ရွှေစင်လက်နက်သုံးဆယ်နှင့် အဆင့် (၄၅) မဟူရာရွှေလက်နက်ဆယ်ခုကို ဝါးမျိုရမှာဖြစ်သည်။
ချပ်ဝတ်တန်ဆာ = အလွှာတစ် ဆင့်ကဲပြောင်းလဲနိုင်
ဝိညာဥ်ဓာတ်စွမ်းအားသလင်းဆယ်ခုကို ဝါးမျိုပြီး အလွှာနှစ်သို့ ဆင့်ကဲပြောင်းလဲနိုင်သည်။
ထပ်တိုးစကေးတစ်= ပုံရိပ်ယောင်စကေး၊ ပုံရိပ်ယောင်သတ်ဖြတ်ခြင်း အလွှာတစ်
ချက်ချင်းပင် အသုံးပြုသူ၏ ထိန်းချုပ်မှုအောက်တွင် ကိုယ်ခွဲတစ်ခုကို ဖန်တီးပေးသည်။ ကိုယ်ခွဲ၌ လက်နက်အသုံးပြုသူ၏ အရည်အချင်းနှင့် စကေးများအားလုံး၏ (၈၀) ရာခိုင်နှုန်းရှိသည်။ ကိုင်ဆောင်သူသည် ကိုယ်ခွဲနှင့် အချိန်မရွေးနေရာချင်း လဲနိုင်၏။
အသုံးပြုနိုင်သည့်ကြာချိန် = တစ်မိနစ် ဆယ်စက္ကန့်
ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန် = ၅ မိနစ်
ထပ်တိုးစကေးနှစ်= အသူရာနှောင်ကြိုး အလွှာတစ်
ရန်သူများကို ချည်နှောင်ထားနိုင်ပြီး မလှုပ်ရှားနိုင်အောင် ဟန့်တားထားကာ ခုခံမှုကို (၁၀၀) ရာခိုင်နှုန်း လျှော့ချပေး၏။
ကြာချိန် = ၄ စက္ကန့်
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = စက္ကန့် ၅၀
ထပ်တိုးစကေးသုံး နဂါးကိုးကောင်ပိုင်းဖြတ်ခြင်း အလွှာတစ်
ချက်ချင်းပင် အသုံးပြုသူအတွက် အသူရာဓားသွား၏ ပုံရိပ်ယောင်ဆယ့်နှစ်ခုကို ဖန်တီးပေးသည်။ ဓားပုံရိပ်ယောင်တစ်ခုချင်းဆီက (၆၀) ရာခိုင်နှုန်း ထိခိုက်မှု ဖြစ်စေ၏။
အသုံးပြုနိုင်သည့်ကြာချိန် = ၃၀ စက္ကန့်
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ၅ မိနစ်
ထပ်တိုးစကေးလေး= အသူရာကျိန်စာ အလွှာတစ်
ကိုက်သုံးဆယ်အတွင်းရှိ ပြစ်မှတ်များအားလုံးကို လှုပ်ရှားမှုနှင့် တိုက်ခိုက်မှုကို ခြောက်စက္ကန့်တာ ဟန့်တားပြီး သူတို့၏ အရည်အချင်းအားလုံးကို (၂၀) ရာခိုင်နှုန်း ဆယ်မိနစ်တာ လျှော့ချပေးသည်။ အကွာအဝေးအတွင်း၌ ပစ်မှတ်တစ်ဦးသာရှိလျှင် သက်ရောက်မှုက နှစ်ဆဖြစ်သည်။
ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန် = မိနစ် ၃၀
ထပ်တိုးနက်နဲသည့်အမွေအနှစ်= မဟူရာဧကရာဇ် အလွှာတစ်
အသက်သွင်းသည့်အချိန်တွင် သေစေနိုင်သည့် ထိခိုက်မှုတိုင်းက သေခြင်းတရားရောင်ဝါတစ်စ စုဆောင်းမိသည်။ အစုတိုင်းက အရည်အချင်းများအားလုံးကို (၂) ရာခိုင်နှုန်း တိုးမြင့်ပေးပြီး တိုက်ခိုက်မှုအရှိန်နှင့် လှုပ်ရှားမှုအရှိန်ကို ဆယ်စက္ကန့်တာ တစ်ရာခိုင်နှုန်းတိုးပေးကာ စကေးတစ်ခု၏ ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန်ကို သုံးစက္ကန့်တာ လျှော့ချပေးသည်။ သေခြင်းတရားရောင်ဝါ သုံးဆယ့်သုံးခုအထိ စုဆောင်းနိုင်၏။
အသုံးပြုနိုင်သည့်ကြာချိန် = ၁၀ မိနစ်
ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန် = ၁၀ နာရီ
ဂုဏ်သတင်းကျော်ကြားသည့် စမစ်အိုလစ်သည် အသူရာဓားသွားကို ဖန်တီးနေစဥ် မဟူရာနဂါးဘုရင်၏ အစွယ်ကို ကုန်ကြမ်းအဖြစ် အသုံးပြုခဲ့သည်။ ယင်းက ဂုဏ်သတင်းကျော်ကြားသည့် ဓားသုံးဆယ့်ခြောက်လက်ထဲတွင် ပါဝင်ပြီး အဆင့် (၃၁) ဝင်ခဲ့သည်။ သို့သော် မဟူရာနဂါးကိုယ်တိုင်က ဤဓားကို ကျိန်စာတိုက်ခဲ့ပေသည်။ ဓားသွားသည် ပြင်းထန်သည့် ခွန်အားပေးသည့်အပြင် ကိုင်ဆောင်သူက အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ပြန်ကန်ခြင်းကို ရင်ဆိုင်ရမှာ ဖြစ်သည်။ သို့သော် ဂျက်က အသူရာဓားသွားကို ကြယ်တာရာသလင်းဖြင့် ပြန်ပြင်ပြီးနောက် ပြန်ကန်သည့်ခွန်အား သိသိသာသာလျော့ကျသွားသည်။ ကိုင်ဆောင်သူသည် ပြန်ကန်မှုကို မဖိနှိပ်နိုင်ခဲ့လျှင် ကိုင်ဆောင်သူက မဟူရာနဂါးဘုရင်၏ ကျိန်စာကိုလက်ခံရရှိမည်ဖြစ်ကာ အရည်အချင်းများအားလုံး (၅၀) ရာခိုင်နှုန်း ထာဝရ လျှော့ချခံရမည်။
မပြုတ်ကျနိုင်။ လဲလှယ်၍မရ။ ဖျက်ဆီး၍မရနိုင်။
အရည်အချင်းအဆင့်များအရ အရည်အချင်းသတ်မှတ်ချက်သက်သက်ဖြင့် အသူရာဓားသွားသည် အံ့ဖွယ်လက်နက်အောက် အားမနည်းပေ။ ယခုအချိန်တွင် စိတ်စွမ်းအားဖိနှိပ်ခြင်းဟူသည့် ပုန်းကွယ်အာနိသင်ရရှိလာရာ ယင်းသည် သတ်ဖြတ်ခြင်းအတွက် လက်နက်တစ်ခုဖြစ်နေသည်။
” ဒီစိတ်စွမ်းအားဖိနှိပ်မှုကို အသားကျသွားဖို့ အချိန်တချို့ လိုအုံးမယ်နဲ့တူတယ် …”
ယခုအချိန်ထိတိုင် ရှီဖုန်းက သူစကေးတစ်ခုကို အသုံးပြုသည့်အချိန်၌ စိတ်စွမ်းအားဖိနှိပ်မှု ခံစားရကြောင်း တွေးမိသောအခါ အတော်လေးကြောက်လန့်နေသေးသည်။ သို့သော် အစွမ်းထက်သည့်ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ စိတ်စွမ်းအားဖိနှိပ်မှုက သူ့ကို သေစေနိုင်သည့်အခြေအနေ၌ သက်ရောက်စေမည်ဖြစ်ကာ တိုက်ပွဲဆုံးရှုံးသွားခဲ့လျှင် သူ့ကိုယ်သူ အပြစ်တင်ရုံသာ ရှိသည်။
သို့သော် ရှီဖုန်းက အသူရာဓားသွားကို ၎င်း၏ဓားအိမ်ထဲ ပြန်ထည့်သည့်အချိန်တွင် စိတ်စွမ်းအားဖိနှိပ်မှုက ပပျောက်သွားသည်။
” ဪ တစ်ယောက်ယောက်က ဒီကို တကယ်ရဲတယ်ပေါ့ …”
ရှီဖုန်း ထွက်သွားတော့မည့်အချိန်တွင် တစ်စုံတစ်ယောက် သူ့ကို ခိုးကြောင်ခိုဝှက်ထောက်လှမ်းနေတာကို သတိပြုမိလိုက်သည်။ ထိုလူ၏ ပုန်းကွယ်ခြင်းစကေးက အရည်အချင်းမြင့်သည်။ ထိုလူ၏ ကိုယ်ဖော့သိုင်းက ဒုတိယအချက်သာ ဖြစ်သည်။ ထိုလူ၏ လှုပ်ရှားမှုများကြိမ်နှုန်းက အရေးပါသည်။ ထိုလူက သူ၏ ကိုယ်ပိုင်ခြေလှမ်းနှင့် သူတို့၏ခြေလှမ်းကို တစ်ထပ်ထဲကျအောင် လုပ်နိုင်သည်။
ကျွမ်းကျင်ကစားသမားများသည် သူတို့၏ အရည်အချင်းများကို ခန္ဓာကိုယ်၏ အာရုံငါးပါးနှင့် စွမ်းအားကို အကန့်အသတ်ထိ တွန်းတင်နိုင်သောကြောင့် ကျွမ်းကျင်ကစားသမားများက အစွမ်းထက်သည်။ မြင့်မားသည့်အာရုံခံမှုဖြင့် ငုတ်လျှိုးနေသော ကစားသမားတစ်ဦးက ရှာဖွေတွေ့ခံရခြင်းမှ မလွတ်မြောက်နိုင်ပေ။ ဆိုရလျှင် ပြန်းကွယ်ခြင်းတစ်ခုကသာလျှင် ကစားသမားကို ကိုယ်ပျောက်စေမည်ဖြစ်ကာ ယင်းက ကစားသမားတစ်ဦး၏ တည်ရှိမှုကို မထုတ်ပယ်နိုင်ပေ။
သို့သော် ကျွမ်းကျင်ကစားသမားများအဖို့ သူတို့၏ လှုပ်ရှားမှုကြိမ်နှုန်းနှင့် ကိုက်ညီနိုင်သည့် အရည်အချင်းရရှိရန် ပိုတောင်ခက်ခဲသည်။ ဆိြရလျှင် လူတစ်ယောက်၏ အာရုံငါးပါးက ကွဲပြားခြားနားသည့် ကြိမ်နှုန်းများပေါ် တည်ရှိမှုကို အာရုံခံနေတာပဲ ဖြစ်သည်။ ကစားသမားတစ်ဦးအဖို့ မတူညီသည့်လှိုင်းများကို လျစ်လျူရှူ့ထားဖို့က အလွန်လွယ်ကူသည်။
လုပ်ကြံသတ်ဖြတ်ရေးသမားက သူ၏ ကြိမ်နှုန်းနှင့်ကိုက်ညီစွာ ရှီဖုန်းကို ချောင်းမြောင်းကြည့်နိုင်သည်။ ကံဆိုးသည်မှာ ကစားသမားနှစ်ဦးကြားရှိ ကွာဟချက်က ကြီးမားလွန်းနေ၏။ သူ၏ကြိမ်နှုန်းက ကိုက်ညီသော်ငြား ရှီဖုန်းသည် ကစားသမားကို အလွယ်တကူရှာတွေ့သွားသည်။
” နှမျောစရာပဲ …”
ရှီဖုန်းက ရယ်မောလိုက်ပြီး သူရပ်နေသည့်နေရာမှ ပျောက်သွားတော့၏။
လေဟာနယ်ခြေလှမ်း
ရှီဖုန်း ပျောက်ကွယ်သွားသည့်အချိန်တွင် အဆင့် (၃၈) လုပ်ကြံသတ်ဖြတ်ရေးသမားလူငယ်က ပါးစပ်အဟောင်းသားဖြစ်သွားကာ သူမြင်လိုက်ရသည့်အရာကို မယုံနိုင်ဖြစ်နေသည်။ ဓားသမားသည် သူ့မျက်စိရှေ့မှ အမှန်တကယ်ပျောက်သွား၏။
” သူ ဘယ်လိုလုပ်ပျောက်သွားတာလဲ …။ ဓားသမားတွေက ပုန်းကွယ်ခြင်းစကေးကို သင်ယူနိုင်တာလား …”
လုပ်ကြံသတ်ဖြတ်ရေးသမားက ရှီဖုန်း ပျောက်ကွယ်သွားသည့်နေရာဆီသို့ ပြေးဝင်သွားသည်။ သို့သော် လုပ်ကြံသတ်ဖြတ်ရေးသမားလူငယ်သည် သူသွားလိုသည့်နေရာနား မရောက်သေးခင် ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် ခဲသွားတော့၏။ သူ သဘောပေါက်သွားသည့်အချိန်တွင် ကျောစိမ့်ဖွယ်အပြာရောင်ဓားရှည်က သူ့လည်ဂုတ်ပေါ်၌ ပေါ်လာသည်။ နောက်ထပ်တစ်လှမ်း တိုးလိုက်ပါက အပြာရောင်ဓားရှည်က သူခေါင်းကို ပိုင်းဖြတ်သွားပေလိမ့်မည်။