ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 872 ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့ကို ပြင်ဆင်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 872 ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့ကို ပြင်ဆင်ခြင်း
အဖြူရောင်ည၏ အားပေးမှုအောက်တွင် သူ့အဖွဲ့က သူတို့၏ စိုးရိမ်ပူပန်မှုများကို ကျော်လွှားပြီး သန္ဓေပြောင်းကောင်များဆီ အသီးသီး လှုပ်ရှားကြတော့၏။ သို့သော် ဒိုင်းစစ်သည်တော်တစ်ယောက်က ခဲနေသေးဆဲ ဖြစ်သည့် သာမန်သန္ဓေပြောင်းကောင်၏ ကျူးကျော်မှုကို တိုက်ခိုက်တော့မည့်အချိန်တွင် ဆယ့်စက္ကန့်တာ ကြာရှည်ခံသည့် ရေခဲအာနိသင်က ပျောက်ကွယ်သွား၏။ စီစဥ်ထားခဲ့သလိုပင် သာမန်သန္ဓေပြောင်းကောင်ခြောက်ကောင်က လျင်မြန်စွာ ရွေ့လျားလာပြီး အဆင့် (၃၈) ဒိုင်းစစ်သည်တော်နားကိုဝိုင်းလိုက်ရာ ဘက်ပေါင်းစုံကနေ တိုက်ခိုက်တော့၏။ ပြီးနောက် သူတို့က ရက်စက်ကြမ်းကြုတ်သည့် တိုက်ကွက်များဖြင့် ထိုးနှက်တော့သည်။
ဒိုင်းစစ်သည်တော်က ရှောင်တိန်းရန်ကြိုးစားသော်ငြား သန္ဓေပြောင်းျကာင်များ၏ တိုက်ခိုက်မှုအရှိန်က ကြောက်မက်ဖွယ်ကောင်းလှအောင်မြင်နေသည်။ ဒိုင်းစစ်သည်တော်သည် သန္ဓေပြောင်းကောင်နှစ်ကောင်ကို ရှောင်ရန်တောင် အားကုန်ထုတ်သုံးရတာ ဖြစ်သည်။ ခြောက်ကောင်ဆိုလျှင် ပြောနေရန်မလိုတော့ချေ။ သူ့ကိုသူ ခုခံကာကွယ်ရန် ဒိုင်းကိုအသုံးပြုပြီးသည့်တိုင် သန္ဓေပြောင်းကောင်များက သူ၏ဒိုင်းကို ချိုးဖျက်ပြီး ဝင်ရောက်တိုက်ခိုက်ကြတော့သည်။
ဒိုင်းစစ်သည်တော်သည် နှစ်ဖက်ညှပ်တိုက်ခိုက်မှုများကြောင့် HP တစ်သောင်းနီးပါးဆုံးရှုံးသွားပြီး သူ HP ၏တစ်ဝက်ကျော်က ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။
ဒိုင်းစစ်သည်တော်က နောက်ဆုတ်ရန်တွေးလိုက်သည့်အချိန်တွင် သန္ဓေပြောင်းကောင်လေးကောင်က ရှေ့တိုးပြီး သူ့ကို ဝင်ရောက်တိုက်ခိုက်ကြတော့၏။ သန္ဓေပြောင်းကောင်လေးကောင်က ရှေ့သို့တိုးလာပြီး သူ့ကိုဖမ်းဆီးကာထိန်းချုပ်ထား၏။ သူသည် သန္ဓေပြောင်းကောင်များကိုဖယ်ရှာရန် စကေးတစ်ခုတောင်မထုတ်နိုင်ခဲ့ချေ။ ကျန်ရှိသည့် သန္ဓေပြောင်းကောင်နှစ်ကောင်အတွက်မူ သူတို့က ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ကြပြီး ဒိုင်းစစ်သည်တော်ဆီ သူတို့၏လက်နက်များဖြင့် ဆက်တိုက်တိုက်ခိုက်ရာ ဒိုင်းစစ်သည်တော်ကို အော်ငြီးသံများထွက်ပေါ်သွားစေ၏။
သူတို့က ကစားသမားများအတွက် သရုပ်ပြနေသည့်အလာ သန္ဓေပြောင်းကောင်သည် ဒိုင်းစစ်သည်တော်ကို သတ်ဖြတ်ရန် အချိန်ယူလိုက်ကြသည်။
ကျန်သည့် ဇီးကွက်အဖွဲ့ဝင်များက ဒိုင်းစစ်သည်တော်ကိုကူညီရန် ကြိုးစားကြသော်ငြား ကျန်သည့်သန္ဓေပြောင်းကောင်များက သူတို့ကို ကာထား၏။ သန္ဓေပြောင်းကောင်များ၏ ထိခိုက်မှုကလည်း အတော်မြင့်ပေသည်။ ချက်ချင်းကုသမှုဖြင့်တောင် ဒိုင်းစစ်သည်တော်က ရန်သူ သူ့ကိုသေသည်အထိ တိုက်ခိုက်တာကိုသာ ကြည့်နေလိုက်ရ၏။ မျက်လုံးထဲတွင် အဆုံးမရှိ ကြောက်လန့််မှုများလည်း ပေါ်နေပြီး သေဆုံးသွားတော့သည်။
လူတိုင်း၏ စိတ်နှလုံးက အေးစက်လာပြီး အကြောက်တရားတို့ စိုးမိုးလာ၏။
” ဒီမွန်းစတားတွေက တကယ်ကြီးမကောင်းဆိုးဝါးတွေလား …”
ထိုအတွေးက ကစားသမားများ၏စိတ်ထဲ ထိုးဖောက်လာတော့သည်။ သူတို့သည် ဤမျှ ပြီးပြည့်စုံစွာ တိုက်ခိုက်သည့် မွန်းစတားများကို ယခင်က တစ်ခါမှမတွေ့ခဲ့ဖူးပေ။
စကေးမျိုးစုံ ရှိနေသည့်အပြင် ကစားသမားများပိုင်ဆိုင်သည့် အကြီးမားဆုံးအားသာချက်က ပူးပေါင်းဆောင်ရွက်တိုက်ခိုက်တာပဲ ဖြစ်သည်။ သူတို့၏ ခွန်အားကိုအသုံးပြုပြီး သူတို့အသင်းဖော်၏ အားနည်းချက်ကို ဖာထေးပေးနိုင်သည်။ ယင်းက အဆင့်နှင့် အလွှာပိုမြင့်သည့် မွန်းစတားများကို စိန်ခေါ်စေနိုင်တာပဲ ဖြစ်သည်။ မွန်းစတားများက ဤအရည်အချင်းကို ဖမ်းဆုပ်နိုင်ခဲ့လျှင် ကစားသမားများက သူတို့အားသားချက်တစ်ဝက်ကျော် ဆုံးရှုံးသွားမှာဖြစ်၏။
” အားလုံးပဲ အဲ့ဒီမွန်းစတားတွေနဲ့ ခပ်လှမ်းလှမ်းမှာနေကြ၊ သူတို့ကို အနားမဝိုင်းစေနဲ့ …”
အဖြူရောင်ညက အမြန်အော်လိုက်သည်။ သူလည်း ထိတ်လန့်သွားသော်ငြား မြန်မြန်ဆန်ဆန်တုံ့ပြန်၏။ သူ၏ တာဝန်မည်မျှခက်ခဲကြောင်း သဘောပေါက်သွားပြီ ဖြစ်သည်။
သို့သော် သန္ဓေပြောင်းကောင်များက အဖြူရောင်ညနှင့် ကျန်သည့်သူများကို မှင်သက်နေရာမှ သတိပြန်ဝင်လာရန် အချိန်ပေးလိုဟန် မရှိပေ။ ကွဲထွက်ပြီးနောက် အုပ်စုငယ်လေးများအဖြစ်ဖွဲ့ကာ အဖွဲ့၏ နောက်တန်းရှိ မှော်အမျိုးအစားဆီ ဝင်ရောက်တိုက်ခိုက်ပြီး သူတို့က MT များ၊ အနီးကပ်အမျိုးအစားများနှင့် အချိန်ဖြုန်းလိုစိတ် မရှိပေ။ ထိုသန္ဓေပြောင်းကောင်များက မွန်းစတားများထက် ကစားသမားများကဲ့သို့ ပြုမူနေပေသည်။ ရုတ်တရက်ပြောင်းလဲမှုကို ဆန့်ကျင်ရန် မည်သည့်ခုခံမှုမှ မရှိဘဲ အဖြူရောင်ညက ဗျူဟာပြောင်းကာ ကစားသမားချင်း ယှဥ်တိုက်ခိုက်သည့်နည်းကိုသာ အသုံးပြုရန်ရွေးလိုက်၏။
သူ့တွင် အကွာအဝေးကျယ်အမျိုးအစားကို ဝိုင်းထားရန် အနီးကပ်အမျိုးအစားများရှိပြီး ဝင်လာသည့်သန္ဓေပြောင်းကောင်များကို တက်နိုင်သမျှထိန်းထားပြီး သူတို့က တစ်ပန်းသာသည့် နယ်မြေဆီသို့ စတင်နောက်ဆုတ်ကြတော့သည်။ ြ
မလှမ်းမကမ်းကနေကြည့်နေစဥ် ရှီဖုန်းက အဖြူရောင်ညသည် နတ်ဘုရားနယ်မြေ၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်တာကို ဝန်ခံမိ၏။ သူ၏ ခေါင်းဆောင်သည့်အရည်အချင်းက ပထမတန်းစားဖြစ်နေရုံသာမက သူသည် စကေးများကိုလည်း တိတိကျကျလေ့လာနိုင်သည်။ မယုံနိုက်လောက်အောင် ကြိုတွေးတက်ပေ၏။ သူသည် စက်တစ်ခုကဲ့သို့ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ၏ ရှူ့ထောင့်တိုင်းကို ပြီးပြည့်စုံစွာဖမ်းဆုပ်ပြီး မည်သူက ဘာလုပ်ရမည်မှန်း မည်သည့်နေရာကို စစ်ကူပို့ရမည် မည်သည့်အချိန်တွင် စကေးများအသုံးပြုရမှန်း သိနေ၏
အဖွဲ့ဝင်တိုင်းကလည်း အဖြူရောင်ညကိုယ်တောင် လက်ဆန့်ထုတ်ထားသည့်သဖွယ် လှုပ်ရှားကြသည်။
ကံဆိုးသည်မှာ အဖြူရောင်ညအဖွဲ့ဝင်တိုင်းက နောက်ဆုံးတွင် တစ်ယောက်ပြီးတစ်ယောက် ကျသွား၏။
ဆန့်ကျင်ဘက်အနေဖြင့် သန္ဓေပြောင်းကောင်များကမူ ဆုံးရှုံးမှုမခံစားရသေးပေ။ လူတိုင်း၏ ထိခိုက်မှုက (-၃၀၀) ဝန်းကျင်သာဖြစ်စေကာ သေစေနိုင်သည့်နေရာဆို (-၆၀၀) သာဖြစ်စေခဲ့၏။ ထိုသို့တိုင် သူတို့က သာမန်သန္ဓေပြောင်းကောင်တစ်ကောင်ကို တိုက်ခိုက်ရန်အာရုံစိုက်ခဲ့လျှင်တောင် တစ်ဖက်တွင် HP ဆယ့်ငါးသိန်းရှိနေသည့် သာမန်သန္ဓေပြောင်းကောင်တစ်ကောင်ကို သတ်ဖြတ်ရန်အတွက် သူတို့အဖွဲ့က အချိန်ကြာမြင့်စွာ သုံးရမှာပဲ ဖြစ်သည်။ လက်ရွေစင်နှင့် မျိုးနွယ်စုအကြီးအကဲသန္ဓေပြောင်းကောင်များဆိုလျှင် ပြောနေရန် မလိုတော့ချေ။
သင့်တော်သည့် အမိန့်များနှင့် တုံ့ပြန်မှုများဖြင့်တောင် ဇီးကွက်၏ အဖွဲ့ဝင်များက အရည်အချင်းအရာတွင် ကွာဟချက်ကို မဖာထေးနိုင်ကြပေ။
အဖြူရောင်ညနှင့် ကျန်သည့်သူများက ငွေနဂါးဆီမှ နောက်ဆုံးဆုတ်ခွာသွားသည့်နှင့် သန္ဓေပြောင်းကောင်များက သူတို့နှင့်အတူ လှုပ်ရှားကြတော့သည်။ ယင်းက ရှီဖုန်းအား နဂါးဘက်ခြမ်းဆီသို့ ခိုးကြောင်ခိုးဝှက်သွားရန် အခွင့်အရေးပေးလိုက်၏။
အနက်ရောင်အရည်များက ငွေနဂါးဆီမှ ပေါ်ထွက်လာပြီးနောက် နဂါး၏ ငွေမျှင်ရောင်ခန္ဓာကိုယ်က ငွေရောင်စစ်စစ်အဖြစ် ဖြူရော်သွားသည်။ သတိလစ်နေသော်ငြား နဂါး၏ရောင်ဝါက အင်မတန် ကြောက်မက်ဖွယ်ကောင်းနေသေးဆဲ ဖြစ်သည်။
ရှီဖုန်းက ထိုသတ္တဝါနှင့် ကိုက်သုံးဆယ်အကွာသို့ရောက်သည်နှင့် ရွေ့လျားရန်တောင် ခက်ခဲနေမှန်း သိလိုက်ရသည်။ သာမန်ကစားသမားတစ်ဦးသာ ရှီဖုန်း၏ နေရာတွင်ဆိုလျှင် သူတို့က သတိလစ်နေလောက်ပြီဖြစ်သည်။
သို့သော် ရှီဖုန်းက ငွေနဂါးနားကပ်လာလေလေ ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေတုံ့ပြန်မှုက ပိုပြင်းလေဖြစ်၏။
” သူက ငါ့ကို နဂါးနှလုံးသား စုဆောင်းစေချင်တာလား …”
ရှီဖုန်းက ခေါင်းခဲသွားပြီး ဧရာမငွေနဂါးကို မော့ကြည့်လိုက်သည်။
သူ့ရှေ့ရှိနဂါးက တောင်တစ်တောင်ကဲ့သို့ မြင့်မားသည်။ လက်ထဲတွင် ဓားနှစ်လက်ကိုင်ထားသည်က နဂါးရှေ့တွင်မူ သွားကြားထိုးတံနှစ်ချောင်းနှင့် မခြားပေ။
ထို့အပြင် ငွေနဂါးက သတိလစ်နေသော်ငြား မှော်အစီအရင်က ယင်းကို ဖိနှိပ်ထားခြင်းမရှိတော့ပေ။ မူလအခြေအနေသို့ ပြန်ကောင်းသွားပြီ ဖြစ်သည်။
အဆင့် (၂၂၀) အလွှာငါးမွန်းစတား
ရှီဖုန်းက နဂါးကို ဝင်ရောက်တိုက်ခိုက်နိုင်လျှင်တောင် သူထိခိုက်ဒဏ်ရာမရဖို့က မဖြစ်နိုင်ပေ။
သို့သော် ရှီဖုန်းက ကြိုးစားရန် ဆုံးဖြတ်ချက်ချလိုက်၏။ သတ်ဖြတ်ခြင်းရောင်ခြည်ကို ထုတ်ဖော်ပြီးနောက် သူက နဂါး၏ကြေးခွံများဆီ ဓားဖြင့်ထိုးစိုက်လိုက်၏။
ထန် …
သူ၏ ဓားက ငွေရောင်ကြေးခွံများနှင့် တိုက်မိသည့်အချိန်တွင် မီးပွင့်များပေါ်ထွက်လာသည်။ သတိလစ်နေသည့် ငွေနဂါးက တုံ့ပြန်မှုမရှိ ရှီဖုန်း၏ တိုက်ခိုက်မှုမှ (-၁) တောင်မရခဲ့ပေ။ ထို့အပြင် ငွေနဂါး၏ HP ဘားက နည်းနည်းဆီ တိုးနေသေးဆဲ ဖြစ်၏။
” လုံလောက်သွားပါပြီကွာ၊ ငါရဲ့ခွန်အားနဲ့ နဂါးကိုထိခိုက်စေဖို့ဆိုတာ အိပ်မက်ထက်မပိုဘူး …”
ရှီဖုန်းက ခါးသက်စွာ ရယ်မောလိုက်သည်။
အဖြူရောင်ညနှင့် ကျန်သည့်သူများသည် သူတို့တာဝန်မှရရှိထားသည့် မှော်အစီအရင်ကြောင့် ငွေနဂါးကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်သည်ကို သူနားလည်သော်ငြား ရှီဖုန်းသည် သူကိုယ်တိုင်ကြိုးစားပြီးနောက် ဤသားရဲကို သတ်ဖြတ်ရန်မဖြစ်နိုင်မှန်း သိသွားသည်။
ငွေနဂါးကို မထိခိုက်နိုင်သောကြောင့် ရွေးချယ်စရာမရှိပဲ သူ၏ လက်စွပ်ဦးဆောင်ရာဆီသို့သာ လိုက်သွားရ၏။
ကောင်းကင်ဘုံနဂါးဝင်သက်ငွေ့ကို ပြန်ပြင်နိုင်ရန်အခွင့်အရေးကို သူလက်မလျှော့ချင်ပေ။
ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့က အစတုန်းက အစစ်အမှန်ဒဏ္ဍာရီလာအိုင်တမ်တစ်ခု ဖြစ်ခဲ့သည်။ သူက အပိုင်းအစဒဏ္ဍာရီလာလက်စွပ်အဖြစ် ပြန်ပြင်ချင်လျှင် သူသည် သလင်းကြယ်သုံးခုနှင့် နဂါးနှလုံးသားတစ်ခု လိုအပ်၏။ သူတို့ထဲတွင် နဂါးနှလုံးသားက ရရန်အခက်ခဲဆုံး ဖြစ်သည်။ နဂါးများက နတ်ဘုရားနယ်မြေထဲတွင် အင်မတန်ရှားပါးသည်။ ထို့အပြင် သူတို့က မယှဥ်နိုင်လောက်အောင် အစွမ်းထက်ပေသည်။
သူ့ရှေ့တွင် ဘုရားသခင်ချီးမြှင့်သည့် အခွင့်အရေးရှိနေရာ ရှီဖုန်သည့် အလွယ်တကူ လက်လျှော့မှာ မဟုတ်ပေ။
ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့က အနည်းဆုံးတော့ သတိလစ်နေသော ငွေနဂါးကို မတုံ့ပြန်စေခဲ့ပေ။ သို့သော် ငွေနဂါးသတိလစ်သွားသည်နှင့် လက်စွပ်က စတင်တုံ့ပြန်လာသည်။ ထို့အပြင် ငွေနဂါးနား ပိုကပ်သွားလေလေ လက်စွပ်၏တုံ့ပြန်မှုက ပိုကြီးလေဖြစ်သည်။ နဂါးဘေးတွင်ရပ်နေသည့်တိုင် လက်စွပ်၏ ကြီးပြင်းမှုက ပိုပြင်းထန်လာပြီး သူ့လက်ချောင်းပေါ်တွင် လှုပ်နေသည်မှာ နှလုံးခုန်နေသလို ဖြစ်နေ၏။ ယင်းက ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့ကို ပြန်ပြင်ရန် နည်းလမ်းတစ်ချို့ရှိကြောင်း ညွှန်ပြနေတာပဲ ဖြစ်သည်။ မဟုတ်လျှင် လက်စွပ်က ငြိမ်မြဲတိုင်း ငြိမ်နေမှာပဲဖြစ်၏။
ရှီဖုန်းက နဂါးနှလုံးသားရှေ့သို့ ရောက်သည့်အချိန်တွင် လက်စွပ်၏ တုံ့ပြန်မှုက အထွတ်အထိပ်သို့ ရောက်သွားသည်။
” ဒီနေရာ ဖြစ်နိုင်လား …”
ရှီဖုန်းက သတ်ဖြတ်ခြင်းရောင်ခြည်ကို ထုတ်ဖော်ပြီး နဂါးကို ထိုးစိုက်လိုက်သည်။ သို့သော် ယခင်ကကဲ့သို့ပင် နဂါးကြေးခွံက ထိုးဖောက်၍မရ။ သူ၏ တိုက်ခိုက်မှုက အရာတောင်မထင်။ ရွေးချယ်စရာမရှိဘဲ ရှီဖုန်းက ကောင်းကင်ဘုံနဂါးဝင်သက်ငွေ့ ဝတ်ဆင်ထားသည့်လက်ကို ငွေနဂါး၏ နှလုံးသားပေါ်တင်လိုက်သည်။
ထိုစဥ် စနစ်အသိပေးသံတစ်သံက သူ့နားထဲရောက်လာ၏။ြ
စနစ် : သင်သည် နဂါးနှလုံးသားကို စုပ်ယူလိုစိတ် ရှိပါသလား။
” ဒီတော့ နဂါးနှလုံးသားက နဂါးတစ်ကောင်ရဲ့ တကယ့်နှလုံးသားမဟုတ်ပဲ ဖြာထွက်နေတဲ့ စွမ်းအားပေါ့ …”
ရှီဖုန်းက ချက်ချင်းပျော်ရွှင်သွားသည်။
သူက ထပ်မံစောင့်စားနေပါက အခွင့်အရေးကို ဆုံးရှုံးသွားမှာ ကြောက်နေသည့်ပုံဖြင့် နဂါးနှလုံးသားကို စုပ်ယူရန်ရွေးချယ်လိုက်တော့သည်။