ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 874 နဂါး၏ လွှမ်းမိုးခြင်း
ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့ပြန်ပြင်ပြီးသွားသော်ငြား ငွေနဂါးက ဒေါသထွက်နေဆဲ ဖြစ်သည်။
” ဝေါင်း …”
ဟိန်းသံတစ်ချက်က တောင်ကြားကို လှုပ်ခါသွားစေပြီး ရှီဖုန်းက ကိုက်သုံးဆယ်အကွာသို့ လွင်သွားကာ သူ၏ခေါင်းထက်တွင် (-၁၀၀၀) ထိခိုက်မှုပေါ်လာတော့၏။
နဂါးတွေကို ရန်မစသင့်ဘူးပဲ။ ရှီဖုန်းသည် မြေပြင်ပေါ်မှ ထရပ်လိုက်ပြီးနောက် မြင့်မားသောငွေရောင်နဂါးကို အထိတ်တလန့် စိုက်ကြည့်လိုက်သည်။ ယင်းက ငွေနဂါး၏စွမ်းအားအစစ်အမှန် ဖြစ်သည်။ ဟိန်းသံတစ်ချက်ကပင် ထိခိုက်မှုများစွာ ဖြစ်စေ၏။
ကစားသမားသန်းချီကို တိုက်ခိုက်ခဲ့လျှင် သူတို့ သေဆုံးကြပေလိမ့်မည်။
သို့သော် ရှီဖုန်းက ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့က ငွေနဂါး၏ စွမ်းအားများစွာကို စုပ်ယူရန်ကြောင့် မဟုတ်လျှင် နဂါးဟိန်းသံက သူ့အသက်ကို နုတ်နိုင်တာထက် ပိုနေပြီးသားဖြစ်သည်။
ငွေနဂါးဟိန်းသံက ခပ်ဝေးဝေးရှိ သန္ဓေပြောင်းကောင်များနှင့် အဖြူရောင်ည၏ အဖွဲ့ဝင်များကို သတိဝင်သွားစေသည်။
” အစ်ကိုကြီးအဖြူ နဂါးနိုးလာပြီ ကျွန်မတို့ ဘာလုပ်ကြမလဲ …”
ဓာတ်ကြီးလေးပါးအသုံးပြုသူ ရေခဲအိပ်မက်က စိုးရိမ်ပူပန်စွာမေးပြီး မျက်မှောင်ကြုတ်လိုက်၏။
သူတို့သည် သန္ဓေပြောင်းကောင်များနှင့် တိုက်ခိုက်နေရသည်ကပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေပြီဖြစ်ကာ ထိုမွန်းစတားများကို ရင်ဆိုင်တိုက်ခိုက်ရန်က ပြဿနာကြီးတစ်ရပ် ဖြစ်နေပေလိမ့်မည်။ ငွေနဂါးကပါ ပါလာခဲ့လျှင် သူတို့ကံဆိုးမိုးမှောင်ကျမှာပဲ ဖြစ်၏။
ငွေနဂါးအစွမ်းထက်ပုံကို သူမနားလည်သည်။ ယခု သူတို့၌ နဂါးကိုဖိနှိပ်ရန် မှော်အစီအရင်မရှိရာ ၎င်းနှာတစ်ချက်မှုတ်လျှင်တောင် သူတို့အသက် အဆုံးသတ်သွားနိုင်သည်။
သူတို့က သေခြင်းတရားနှင့် ကြုံတွေ့ရမှာ ဖြစ်၏။
သို့သော် အဖြူရောင်ည လက်ခံထားသည့်တာဝန်က အတော်ထူးခြားပေသည်။ တာဝန်ကို ကျရှုံးခဲ့လျှင် နောက်ဆက်တွဲက မတွေးဝံ့စရာပဲ ဖြစ်၏။
” ငါတို့က နဂါးနဲ့ကပ်လွန်းနေတယ် …။ ထပ်ပြီးနောက်ဆုတ်ကြရအောင် …။ အနားမှာ လှိုဏ်ဂူတစ်ခုရှိတာကို မှတ်မိတယ် …။ အဲဒီကို သွားကြမယ် …”
အဖြူရောင်ညက အခြေအနေကို စဥ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။
ငွေနဂါး၏ ခွန်အားကတင် သက်သေပြပြီးသား ဖြစ်သည်။ သို့သော် သူတို့ကို ရှာမတွေ့သရွေ့ ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်နိုင်ပေ။ ထိုသန္ဓေပြောင်းကောင်များက သူတို့၏ အဓိကပြဿနာရပ် ဖြစ်နေသေးသည်။ တစ်ကောင်သတ်ရခြင်းကပင် အင်မတန်ခက်ခဲနေပြီဖြစ်၏။
နယ်မြေအားသားချက်နှင့် မှော်စာလိပ်အမြောက်အများနှင့် ကိရိယာများကိုသာ သူတို့မပိုင်ဆိုင်ထားခဲ့လျှင် သူတို့ ယခုလောက်ဆို သေနင်းပြီးဖြစ်နေမှာပင်။
” ဘော့စ် ကြည့်လိုက်အုံး …။ ကောင်းကင်ပေါ်မှာ တစ်ယောက်ယောက်ရှိတယ် …”
အမြင်အာရုံစူးရှသည့် ရိန်းဂျားတစ်ဦးက ခပ်ဝေးဝေးရှိ တိမ်တိုက်များဆီကြည့်ပြီး ရုတ်တရက်ကြေညာလိုက်သည်။
” ဟမ် …”
အဖြူရောင်ညက ဇဝေဇဝါဖြစ်သွားသည်။ သူသည် ရိန်းဂျားလက်ညိုးထိုးပြသည့်နေရာကို အလိုလိုကြည့်လိုက်မိ၏။
သူတို့က အသူရာမွန်းစတား၏ အသိုက်အတွင်းရှိနေတာ ဖြစ်သည်။ တာဝန်က ထောက်ပံ့ပေးသည့်ပို့ဆောင်ရေးမှော်အစီအရင်ကြောင့်သာလျှင် လုံလုံခြုံခြုံရောက်လာခဲ့တာ ဖြစ်သည်။ ဤနေရာ၌ တစ်စုံတစ်ယောက်ရှိနေတာကို မှန်းဆရန်ခက်ခဲလှသည်။
အနီးကပ်တစ်ချက်ကြည့်ပြီးနောက် အဖြူရောင်ညက ကောင်းကင်ထဲတစ်စုံတစ်ယောက်ပျံသန်းနေတာကို သတိပြုမိလိုက်၏။ သို့သော် နှစ်စက္ကန့်ခန့်ကြာပြီးနောက် အဖြူရောင်ည၏ အမူအရာကသုန်မှုန်သွားပြီး အဖွဲ့ဝင်များ၏ အမူအရာကလည်း သုန်မှုန်ကုန်၏။
ငွေနဂါးက ထိုကစားသမားနောက် နီးကပ်စွာလိုက်နေတာကို သူတို့သတိပြုမိသည်။ ငွေနဂါး၏ သွင်ပြင်အရ ယင်းက ဒေါသထွက်နေပုံပေါ်သည်။ ထို့အပြင် ငွေနဂါးက မှော်အစီအရင်၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီဖြစ်ရာ ယခင်ကထက် ပိုသန်မာလာပုံပေါ်နေသည်။
ယခင်က သူတို့ရင်ဆိုင်ခဲ့သည့် ငွေနဂါးသည် ရယ်စရာကောင်းသည့် ကြောင်တစ်ကောင်ကဲ့သို့ခံစားနေရပြီး ယခုကမူ ဒဏ္ဍာရီထဲက သားရဲတစ်ကောင်နှင့် တူနေတော့သည်။
” သေစမ်း …။ အဲ့ဒါက ဘယ်သူလဲ …”
ထိုကစားသမားများက နဂါးဆီမှ ထွက်ပြေးနေသည့်လူကိုကြည့်ပြီး မှင်သက်သွားမိသည်။ ထိုလူသည် ကစားသမားတစ်ဦးထက် NPC တစ်ဦးဖြစ်နေလျှင်တောင် သူတို့အံ့သြမိမှာ ဖြစ်သည်။ သို့သော် ကစားသမား၏ ဦးခေါင်းထက်ရှိ အစိမ်းရောင်စိန်အမှတ်အသားက သူသည် ကစားသမားတစ်ဦးဖြစ်ကြောင်း ပြသနေ၏။ သူတို့က အမှန်တရားကို ငြင်းဆိုချင်လျှင်တောင် ရှေ့ရှိအချက်အလက်များကို ရင်ဆိုင်ရမှာပဲ ဖြစ်သည်။
ကောင်းကင်ထဲတွင် ရှီဖုန်းက အမှောင်ထုစွမ်းအားကို အသက်သွင်းပြီး သူ၏ အရည်အချင်းများအားလုံးကို ဆယ်မိနစ်တာ (၆၀) ရာခိုင်နှုန်း တိုးမြင့်လိုက်၏။ ထို့အပြင် သူက လေစီးနင်းခြင်းကိုအသက်သွင်းလိုက်သည်။ တိုရလျှင် သူက ငွေနဂါးထက်အနည်းငယ် ပိုမြန်သွားပြီဖြစ်၏။
မူလက ရှီဖုန်းသည် စိတ်ပျက်အားငယ်နေပြီး သေရန်အသင့်ပြင်ထားကာ အသူရာရှေးစာအုပ်ကို ဆုံးရှုံးရန်ပါ စိတ်ပြင်ဆင်ထားသည်။ သို့သော် ငွေနဂါး၏ အချက်အလက်များကို စစ်ဆေးပြီးနောက် သူစိတ်သက်သာရာရသွား၏။
ကောင်းကင်ဘုံနဂါး ဝင်သက်ငွေ့က သူစွမ်းအားများစွာကို စုပ်ယူလိုက်မှုကြောင့် ငွေနဂါးသည် အင်မတန်အားနည်းသည့်အခြေအနေထဲရောက်နေသည်။ ဟိန်းသံက ငွေနဂါး၏နောက်ဆုံး စွမ်းအားမျှင်ဖြစ်သည်။ ယခု ၎င်း၏ အဆင့်နှင့် အလွှာက သိသိသာသာလျော့ကျသွားတော့သည်။
[ငွေနဂါး] [နဂါး၊ အလွှာလေး]
အဆင့် (၅၅)
HP
အလွှာအားနည်းခြင်း
ရှီဖုန်းက အဆင့် (၅၅) အလွှာလေးဘော့စ်အတွက် ပြိုင်ဘက် သေချာပေါက်မဟုတ်သော်ငြား သူ့ကိုထောက်ပံ့ပေးထားသည့် အမှောင်ထုစွမ်းအားနှင့် လက်တလောကမှရထားသည့် ကောင်းကင်ဘုံနဂါးဝင်သက်ငွေ့တို့ကြောင့် သူ၏အရည်အချင်းများသည် အဆင့်တူ အလွှာနှစ်ကို ကျော်လွန်နိုင်ပေသည်။ သူ၏အရှိန်ကို တိုးမြင့်ပေးနိုင်သည့် လေစီးနင်းကဲ့သို့ စကေးလည်းရှိထား၏။ ထွက်ပြေးဖို့က ဖြစ်နိုင်သည်။
ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့ လက်စွပ် အပိုင်းအစဒဏ္ဍာရီလာအဆင့်
ချပ်ဝတ်တန်ဆာလိုအပ်ချက်
ခွန်အား (၄၀၀)
လျင်မြန်ဖျတ်လတ်မှု (၄၀၀)
ဉာဏ်ရည် (၂၀၀)
ဝတ်ဆင်သည့်အချိန်တွင် အရည်အချင်းများအားလုံး (+၅၀) အဆင့် (၄၀)
ခွန်အား (+၅၀) ရာခိုင်နှုန်း
လျင်မြန်ဖျက်လက်မှု (+၅၀) ရာခိုင်နှုန်း
ဉာဏ်ရည် (+၃၅)
ခံနိုင်ရည် (+၅၀) ရာခိုင်နှုန်း
လှုပ်ရှားမှုအရှိန် (+၃၅) ရာခိုင်နှုန်း
တိုက်ခိုက်မှုအရှိန် (+၃၀) ရာခိုင်နှုန်း
လျစ်လျူရှူ့နိုင်သည့်အဆင့် (+၁၅)
အိုင်တမ်အားလုံး၏ ချပ်ဝတ်တန်ဆာလိုအပ်ချက် တစ်ဆင့်လျော့ချနိုင်သည်။
ထပ်တိုးစကေး= နဂါး၏အာဏာ
ကောင်းကင်ဘုံနဂါး၏ စွမ်းဆောင်ရည်ဝန်းကျင်တွင်ရှိသော လူများအားလုံးကို ဖိနှိပ်ထားနိုင်ပြီး ကိုက်ငါးဆယ်အတွင်းရှိ ရန်သူအားလုံးကို ကြောက်လန့်မှုဖြစ်စေကာ သူ၏ တိုက်ခိုက်မှုစွမ်းအားကို (၄၀) ရာခိုင်နှုန်း၊ တိုက်ခိုက်မှုအရှိန်ကို (၄၀) ရာခိုင်နှုန်း၊ လှုပ်ရှားမှုအရှိန်ကို (၄၀) ရာခိုင်နှုန်း တစ်မိနစ်တာလျှော့ချပေးသည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ၃ မိနစ်
ထပ်တိုးစကေးနှစ်= နဂါးဝင်သက်ငွေ့
သင့်ရှေ့ရှိ ကိုက်ရှစ်ဆယ့်ငါးကိုက် ပတ်လည်အတွင်းရှိ ထိခိုက်မှုကို ဆယ်ဆဖြစ်ပေါ်စေသည်။ သတိလစ်သည့်အခြေအနေထဲ သုံးစက္ကန့်တာ ကျရောက်စေရန် (၃၀) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ၄ မိနစ်
ထပ်တိုးစကေးသုံး= ကောင်းကင်ဘုံနဂါး၏ စွမ်းအား
အသုံးပြုသူကို ကောင်းကင်ဘုံနဂါး၏ စွမ်းအားကို ယာယီပိုင်ဆိုင်စေ၏။ HP (၅၀၀) ရာခိုင်နှုန်း၊ ခွန်အား (၁၅၀) ရာခိုင်နှုန်း၊ လျင်မြန်ဖျတ်လတ်မှု (၆၀) ရာခိုင်နှုန်း၊ ခုခံမှု (၃၀၀) ရာခိုင်နှုန်း တိုးမြင့်စေပြီး ထိန်းချုပ်မှုအာနိသင်အားလုံးကို နှစ်မိနစ်တာ ပပျောက်စေ၏။
ပြန်လည်အသုံးပြုရန်ကြာချိန် = ၃ နာရီ
ထပ်တိုးအလိုအလျောက်စကေး နဂါး၏ လွှမ်းမိုးခြင်း
နဂါးက ထောက်ပံ့ပေးထားသည့် အခြေခံအရည်အချင်းများအားလုံးကို (၁၅) ရာခိုင်နှုန်းတိုးစေပြီး ရန်သူ၏ အခြေခံအရည်အချင်းများကို (၂၀) ရာခိုင်နှုန်း ဖိနှိပ်ထား၏။ ကိုက်တစ်ထောင်အတွင်းတွင် နဂါးတိုင်းက အသုံးပြုသူ၏ အရည်အချင်းကို (၅၀၀) အမှတ်တိုးစေ၏။
နဂါးသတ်သူ မယ်ခါဆယ်လူသည် ကောင်းကင်ဘုံနဂါးဝင်သက်ငွေ့ကို ပိုင်ဆိုင်ခဲ့ဖူး၏။ မူလက နဂါးမျိုးနွယ်စုကို ဖိနှိပ်နိုင်သည့်ခွန်အားကို ပိုင်ဆိုင်ထားသော ဒဏ္ဍာရီလာအဆင့် အိုင်တမ်တစ်ခုဖြစ်သည်။ နတ်ဘုရားများကြားရှိ စစ်ပွဲတစ်ပွဲမှ ထိခိုက်သွားမှုကြောင့် ၎င်း၏ စွမ်းဆောင်ရည်များက အတော်လျော့ကျသွားခဲ့သည်။ သို့သော် ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့က မယှဥ်နိုင်လောက်အောင်သန်မာသည့် မှော်စွမ်းအားနှင့် သူ့ကို့သူပြင်ဆင်ရန်အတွက် အလားအလာကိုပိုင်ဆိုင်ထားသည်။ အတိတ်တုန်းက အောင်မြင်ကျော်ကြားမှုကို ရရှိရန် သလင်းကြယ်သုံးခုဖြင့် ပြန်လည်သိုလှောင်နိုင်၏။ လက်ရှိ သိုလှောင်သည့်အခြေအနေ (၁/၄)
ရှီဖုန်းသည် ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့၏ အရည်အချင်းများကို စစ်ဆေးပြီးနောက် နောက်ဆုံးတော့ ဒဏ္ဍာရီလာ NPC ဖော့စ်သည် ပြန်ပြင်နိုင်သရွေ့ အသူရာဓားသွား၏ ပြန်ကန်မှုကို ကြောက်စရာမလိုတော့ဟု ပြောရခြင်းအကြောင်းအရင်းကို သူနောက်ဆုံးတော့ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
သူသည် လိုအပ်ချက်လေးခုတွင် တစ်ခုသာပြီးမြောက်သေးသော်ငြား အပိုင်းအစဒဏ္ဍာရီလာလက်စွပ်၏ အရည်အချင်းများက အလွန်အစွမ်းထက်နေသည်။ သူအပြည့်အဝပြန်ပြင်ပြီးခဲ့လျှင် မည်မျှအစွမ်းထက်ကြောင်း ပြသနိုင်ပေသည်။
ငွေနဂါးက ဂိမ်း၏ ဤအဆင့်တွင် ပြိုင်ဘက်ကင်းနေလျှင်တောင် နဂါး၏ လွှမ်းမိုးခြင်းစကေးကြောင့် သူသည် အရည်အချင်းများအားလုံး အမှတ်ငါးရာတိုးအုံးမှာပဲ ဖြစ်၏။ လက်ရှိတွင် သူအထွတ်အထိပ်ကာလတွင်ရှိစဥ်ကထက်တောင် ပိုသန်မာနေသည်။ သူက အဆင့်တူအလွှာနှစ် မှော်အမျိုးအစားထက်တောင် ပိုသန်မာနေ၏။ ထို့အပြင် ငွေနဂါး၏ အခြေခံအရည်အချင်းများကို (၂၀) ရာခိုင်နှုန်း ဖိနှိပ်ထားသည်။ ယင်းက ရှီဖုန်းကို လိုက်နိုင်တော့မှာ မဟုတ်ပေ။