ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 876 ထိတ်လန့်အင်အားသင့်ဖွယ်ကောင်းသော ရှီဖုန်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 876 ထိတ်လန့်အင်အားသင့်ဖွယ်ကောင်းသော ရှီဖုန်း
ငွေနဂါး၏ စကားများက ရှီဖုန်းအတွက် အစတညက မက်မောစရာအချို့ ပါနေပြီဖြစ်သည်။ စနစ်အသိပေးသံ၏ အကြောင်းအရာများကိုကြားပြီးနောက် သူက မှင်သက်သွားသည်။
စနစ် : ဂုဏ်ယူပါတယ်။ သင်သည် နဂါးမျိုးနွယ်စု၏ အသိအမှတ်ပြုခြင်းကို ရရှိပါပြီ။
စနစ် : ဂုဏ်ယူပါတယ်။ သင်သည် နဂါးမျိုးနွယ်စု၏ ဘာသာစကားကို သင်ယူပြီးပြီ ဖြစ်ပါသည်။
စနစ် : ပုန်းကွယ်တာဝန် အသက်ကတိ ပွင့်သွားပါပြီ။ ဤတာဝန်ကို လက်ခံလိုသည့် ဆန္ဒရှိပါသလား။
” ဒီတော့ ငွေနဂါးကို ချိတ်ပြန်ပိတ်တာအတွက် ဒီလို အကျိုးအမြတ်ရှိနေတာပေါ့ …”
စနစ်အသိပေးစာကို တစ်ချက်ကြည့်ပြီးနောက် ရှီဖုန်းသည် နဂါးကို ပြန်ကြည့်လိုက်၏။
နဂါးများသည် မယှဥ်သာအောင် အစွမ်းထက်ရုံသာ မကပေ။ သူတို့သည် ရတနာများ စုဆောင်းရတာကိုလည်း နှစ်ခြိုက်၏။ သူသာ နဂါးမျိုးနွယ်စုနှင့် သက်ဆိုင်နေသော ဤတာဝန်ကို လက်ခံခဲ့လျှင် ရရှိသည့်ဆုများက လူသား NPC များက ပေးတာထက် ပိုရမှာဖြစ်သည်။ မူလက အဖြူရောင်ညနှင့် ကျန်သည့်သူများသည် သူ၏ တာဝန်ကိုလက်ခံသင့်သည့်သူများဟု တွေးထင်ခဲ့သည်။ သို့သော် ယခု အချိန်တွင် ရှီဖုန်းက သူတို့ထံမှ ဤအခွင့်အရေးကို မတော်တဆခိုးယူမိသလို ဖြစ်သွားသည်။
” ရတာပေါ့ …။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ငါဘာရမှာလဲ …”
ရှီဖုန်းကမေးပြီး လဲပြိုနေသော ငွေနဂါးကိုကြည့်ပြီး ပြောလိုက်၏။ မည်သည့်နည်းနှင့်မဆို အခြားနေရာကို အဆင်အကျင်မဲ့စွာ သွားမှာမဟုတ်ပေ။ နဂါး၏ စကားကိုနားထောင်ခြင်းက မထိခိုက်စေနိုင်။
” မင်းတို့လူသားတွေက စွမ်းအားနောက်ကို အမြဲတမ်းလိုက်တယ်ဆိုတာ ငါသိတယ် …။ ငါက တိကျတဲ့နေရာတစ်ခု သိထားတယ် …။ အဲ့ဒီနေရာမှာ မင်းတို့ လူသားမျိုးနွယ်စုတွေကြားထဲမှာ ပိုင်ဆိုင်ဖို့အတွက် အမြဲတမ်းအိပ်မက်မက်နေတဲ့ အစွမ်းထက်တဲ့ လျှို့ဝှက်နည်းစနစ်ကျောက်ပြားတစ်ချပ် ရှိတယ် …။ မင်းငါ့ကို လွတ်ပေးပြီး အဲ့ဒီ သန္ဓေပြောင်းကောင်တွေ ပျောက်သွားအောင်ကူညီပေးမယ်ဆိုရင် မင်းကို အဲ့ဒီနေရာဆီ ပို့ပေးနိုင်တယ် …”
ငွေနဂါးက ဖြည်းဖြည်းခြင်းပြောလိုက်သည်။
” လျှို့ဝှက်နည်းစနစ်ကျောက်ပြားလား …”
ရှီဖုန်းက ထိတ်လန့်သွားသည်။
ပုန်းကွယ်တာဝန်က ထိုမျှကြွယ်ဝသည့်ဆုလာဒ် ကမ်းလှမ်းလိမ့်မည်ဟု ရှီဖုန်း တစ်ခါမှမတွေးခဲ့မိချေ။
သူက လျှို့ဝှက်နည်းစနစ်ကျောက်ပြားကို ရခဲ့လျှင် အစည်းအရုံးကျွမ်းကျင်သူများကို ပိုတောင်ပြုစုပျိုးထောင်နိုင်မှာ ဖြစ်သည်။
” ကောင်းပြီ …။ ကျုပ် ခင်ဗျားရဲ့ကမ်းလှမ်းမှုကို သဘောတူတယ် …”
ရှီဖုန်းက တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်၏။
စနစ် : ပုန်းကွယ်တာဝန် အသက်ကတိပေးခြင်းကို လက်ခံပြီးပါပြီ။ တာဝန်အကြောင်းအရာ သန္ဓေပြောင်းကောင်များကိုသတ်ဖြတ်ရန် ငွေနဂါးကို ကူညီပေးပါ။
ကောင်းမွန်တဲ့ အခွင့်အရေးတွေက အလွယ်တကူ မလာဘူးပဲ။
ရှီဖုန်းက ရွှေရောင်ကျောက်ပြားတာဝန်နှင့် ပတ်သက်ပြီးကူကယ်ရာမဲ့နေသေးတာ ဖြစ်သည်။ ဆန်းကျယ်လူငယ်က အစွမ်းထက်လွန်း၏။ ဤတာဝန်ကို သူ၏ လက်ရှိအဆင့်ဖြင့် အောင်မြင်ရန်အခွင့်အရေး မရှိချေ။ သန္ဓေပြောင်းကောင်များနှင့် ဖြေရှင်းရန်ကမူ တောင်းဆိုချက်နည်းနေသေး၏။
ထိုသန္ဓေပြောင်းကောက်များသည် လက်တလောကမှ ပေါ်လာတာဖြစ်သည်။ သူတို့သည် မည်သည့်ကြီးထွားမှုမျိုးမှ မရှိသေးပေ။ လက်ရှိအခြေအနေက သူတို့၏ အားအနည်းဆုံး အခြေအနေဖြစ်နေသည်။ ထို့ကြောင့် သူတို့ကို သတ်ဖြတ်ရန်အတွက် ပိုလွယ်ကူတာ သိသာနေ၏။ သူသာ သန္ဓေပြောင်းကောင်များကို ဆယ်ရက် သို့မဟုတ် လဝက်ခန့်အချိန်ပေးလိုက်လျှင် သူတို့ကို သူမည်သို့ဖြေရှင်းရမည်မှန်း သိတော့မှာမဟုတ်။
ရှီဖုန်းသည် ကျောက်တုံးယဇ်ပလ္လင်ကို ထပ်မံဖျက်ဆီးပြီးနောက် ငွေနဂါးကို လွတ်ပေးလိုက်၏။
” ငါက အဲ့ဒီ သန္ဓေပြောင်းကောင်တွေနား သိပ်မကပ်နိုင်ပေမဲ့ ဘေးကနေ မင်းကို ကူညီပေးနိုင်တယ် …”
ခန္ဓာကိုယ်ပေါ်တွင် ချီနှောင်ထားသော ချိန်းကြိုးများပျောက်ကွယ်သွားတာကိုကြည့်ပြီး ငွေနဂါးက ရှီဖုန်းဆီသို့ လက်သည်းကိုဆန့်ထုတ်လိုက်၏။
” တွဲခိုထားလိုက် …။ ငါမင်းကို စစ်မြေပြင်ဆီ ပို့ပေးမယ် …။ ကူတိုက်ကြတာပေါ့ …။ အဲ့ဒီ သန္ဓေပြောင်းကောင်တွေက အချိန်ကြာလာတာနဲ့အမျှ ပိုသန်မာလာမှာ ငါတို့တွေ သူတို့ကို မြန်မြန်သုတ်သင်ရှင်းလင်းပစ်ဖို့ လိုတယ် …”
တုံ့ဆိုင်းမနေပဲ ရှီဖုန်းက ငွေနဂါး၏ လက်သည်းကို ကုတ်တွယ်ထားလိုက်သည်။
ငွေနဂါးပြောသည့်အတိုင်းပင် သန္ဓေပြောင်းကောင်များက မည်သည့်မွန်းစတား သို့မဟုတ် ကစားသမားများကို မဝါးမျိုမသတ်ဖြတ်သည့်တိုင် သူတို့က အချိန်ကြာလာသည်နှင့်အမျှ လက်လက်သန်မနေမှာပဲ ဖြစ်သည်။ မည်သည့်ကြားဝင်မှုမှမရှိပဲ သူတို့က ရက်အနည်းငယ်မျှအတွင်း နတ်ဘုရားနယ်မြေထဲ၌ ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။
အတိတ်ဘဝတုန်းက သန္ဓေပြောင်းကောင်တစ်ကောင်သည် ကြယ်လတိုင်းပြည်ထဲသို့ရောက်ရှိလာရာ တိုင်းပြည်ကိုအားနည်းသည့်အခြေအနေသို့ ရောက်သွားစေသည်။ ကစားသမားများက အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်သည့်အချိန်တွင် သန္ဓေပြောင်းကောင်များက ဖြေရှင်းရန်ခက်ခဲသည့် အခြေအနေအထိ ကြီးထွားလာပြီး ကစားသမားသိန်းချီဖြင့်တောင် အနိုင်ယူခဲ့ရသည်။
ငွေနဂါးက သူ၏ အတောင်ပံများကို ဖြန့်ကားပြီး တစ်ဖျပ်ဖျပ်ခက်လိုက်တော့၏။ ပြီးနောက် တွင်းနက်အပြင်ဘက်သို့ တိုက်ရိုက်ပျံထွက်သွားပြီး ကောင်းကင်ထဲသို့ ပျံသွားတော့၏။
” ဘော့စ် ဒီသန္ဓေပြောင်းကောင်တွေက တစ်ခုခုတော့ မူမမှန်တော့ဘူး …”
အဆင့် (၃၈) ဓားသမားက ရုတ်တရက်ပြောသည်။
” သူတို့တွေ ပိုပိုပြီးသန်မာလာနေတယ်လို့ ကျုပ်ခံစားမိနေတယ် …”
” ဟုတ်တယ် …။ ငါလည်း ဒီလိုခံစားမိတယ် …။ သူတို့ရဲ့ HP ကမပြောင်းလဲပေမယ့် ငါရဲ့တိုက်ခိုက်မှုတွေက သူတို့ကို ထိခိုက်စေတာ ပိုပိုနည်းသွားတယ် …”
” ငါရောပဲ …။ ဒါ့အပြင် သူတို့ရဲ့ လှုပ်ရှားမှုနဲ့ တို၇်ခိုက်မှုတွေက နောက်ဆုံးတိုးတက်လာနေပြီ …”
အစက သူတို့သည် အထင်အမြင်လွဲမှားခြင်းဟုသာ တွေးလိုက်သည်။ သို့သော် လူတစ်ယောက်ကပြောလိုက်သည်နှင့် အားလုံးကလည်း တစ်စုံတစ်ခုလွဲချော်နေတာကို သတိပြုမိကြပေ၏။
ဤမွန်းစတားများကို ဆက်လက်သန်မာခွင့်ပေးလိုက်လျှင် ဤအခြေအနေက စိုးရိမ်စရာကောင်းလာပေလိမ့်မည်။ ဆိုရလျှင် အရေအတွက်ကိုကြည့်ပါက သူတို့ အရေးနိမ့်နေပြီ ဖြစ်သည်။
အစက သန္ဓေပြောင်းကောင် တစ်ရာ့တစ်ကောင် ရှိသည်။ ယခုမူ ရှစ်ဆယ့်ခုနှစ်ကောင် ရှိနေသေး၏။ တစ်ဖက်တွင်မူ သူတို့အဖွဲ့က အယောက်တစ်ရာမှစရာ ခြောက်ဆယ့်လေးယောက်သာ ကျန်တော့သည်။ ထို့အပြင် ယခုအချိန်ထိတိုင် သူတို့က လက်ရွေးစင်သန္ဓေပြောင်းကောင်ကိုတောင် မနိုင်မယူရသေးချေ။ သူတို့က မှော်စာလိပ်များအားလုံးနှင့် သူတို့သယ်လာသည့် ကိရိယာအားလုံးနီးပါးကိုဟအသုံးပြုခဲ့ပြီ ဖြစ်သည်။
အနိုင်ရရန် မျှော်လင့်ချက်မရှိသည့် ခက်ခဲသောတာဝန်ကို ရင်ဆိုင်တွေတာ ပထမဆုံးအကြိမ် ဖြစ်သည်။
မျိုးနွယ်စုအကြီးအကဲ သန္ဓေပြောင်းကောင်ကို တစ်ချိန်လုံးတိုက်ခိုက်နေသည့် အဖြူရောင်ညကလည်း မျက်မှောင်ကြုတ်လိုက်၏။ အမှန်တကယ်တွင် ထိုသန္ဓေပြောင်းကောင်များ ပိုသန်မာလာတာကို သူသတိပြုမိတာ ကြာပြီဖြစ်သည်။ အထူးသဖြင့် သူတိုက်ခိုက်နေသည့် မျိုးနွယ်စုအကြီးအကဲ သန္ဓေပြောင်းကောင် ဖြစ်သည်။
တုံ့ပြန်မှုအရှိန်၊ ခုခံမှု၊ တိုက်ခိုက်မှု သို့မဟုတ် မည်သည့်အရာတွင်ဖြစ်စေ ထိုမွန်းစတားများက တိုးတက်မှု နည်းနည်းဆီရနေတာ ဖြစ်သည်။ သို့သော် အခြေအနေကြောင့် သူလည်းကူကယ်ရာမဲ့နေ၏။
သူသည် ဤတာဝန်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့ပြီ ဖြစ်သည်။ ကျရှုံးမှုဖြင့် အဆုံးသတ်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့မိချေ။
လူတိုင်းက စိတ်ပျက်အားငယ်နေစဥ် ကောင်းကင်ထဲ၌ ဧရာမပုံရိပ်ကြီးက ထပ်မံပေါ်ပေါက်လာပြီး ဟိန်းသံတစ်ချက်က ဇီးကွက်အဖွဲ့ဝင်များကို တုန်ရီသွားစေသည်။
” ပြီးသွားပြီ …။ ဒီတစ်ခေါက် ငါတို့ တကယ်အဆုံးသတ်သွားပြီပဲ …”
သူတို့ဆီ ငွေနဂါးပျံသန်းလာတာကိုမြင်သောအခါ စိတ်ပျက်အားငယ်သွားတော့သည်။ အလွှာလေးငွေနဂါးက သူတို့ရင်ဆိုင်နေရသည့် သန္ဓေပြောင်းကောင်များထက် ပိုအစွမ်းထက်ပေသည်။
သူတို့သည် သန္ဓေပြောင်းကောင်များကို ရင်ဆိုင်နိုင်ရန် အောင်မြင်သည့်အခွင့်အရေးမပိုင်ဆိုင်ထားချေ။ ယခုမူ ငွေနဂါးက ပွဲထဲ ဝင်ပါလာပြီဖြစ်ရာ ခုခံရန်ကြိုးစားလိုစိတ်တောင် မရှိကြတော့ပေ။
” ငွေနဂါးရဲ့ လက်သည်းကိုကြည့်လိုက်အုံး …။ လူတစ်ယောက်ရပ်နေတဲ့ပုံပဲ …”
ရေခဲအိပ်မက်က ခပ်ဝေးဝေးရှိငွေနဂါးကိုကြည့်နေပြီး သူမ၏ မျက်ဝန်းလှလှလေးများက မယုံနိုင်မှုကြောင့် ပြူးကျယ်လာတော့သည်။
ငွေနဂါးက ကြောက်မက်ဖွယ်ကောင်းသည်ထက် ကျော်လွန်၏။ ငွေနဂါး၏ လက်သည်းပေါ်တွင် တစ်စုံတစ်ယောက်ရပ်နိုင်ရန် အရည်အချင်းက မှန်းဆနိုင်ရန် ခက်ခဲလွန်းသည်။
ရေခဲအိပ်မက်၏ စကားကိုကြားသောအခါ လူတိုင်းက နဂါး၏ လက်သည်းကို အာရုံစိုက်ပြီး ကြည့်လိုက်ကြသည်။
” အဲ့တာက ခုနတုန်းက ကစားသမားမဟုတ်ဘူးလား …”
” ငါအိပ်မက်မက်နေတာ မဟုတ်ပါဘူးနော် …။ အရင်တုန်းက သူ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့ ငွေနဂါးက အခု သူထိန်းချုပ်မှုအောက် ရောက်သွားပြီလား …။ သူက လူတောင်ဟုတ်သေးရဲ့လား …”
လူတိုင်းက ငွေနဂါး၏ လက်သည်းပေါ်တွင်ရပ်နေသည့် ရှီဖုန်းကို မြင်သောအခါ မှင်သက်သွားကြသည်။
တစ်ချိန်တုန်းက သူတို့သည် အဆင့် (၄၀) သို့မရောက်မီ ကြေးနီ သို့မဟုတ် ဆန်းကျယ်သံမဏိစီးတော်ယာဥ် ပိုင်ဆိုင်ခြင်းကြောင့် ဂုဏ်ယူဝင့်ကြွားခဲ့တာ ဖြစ်သည်။ ရှီဖုန်းကို မြင်ပြီးနောက် သူတို့သည် ရှက်ရွံ့မှုကြောင့် သေသွားနိုင်၏။
သူတို့နား ငွေနဂါးလျင်မြန်စွာချဥ်းကပ်လာသည်နှင့် ပြင်းထန်သောရောင်ဝါက လူတိုင်းကို အသက်ရှူမဝ ဖြစ်စေသည်။ သူတို့နှင့် ကိုက်ရာချီကွာဝေးနေသည့်တိုင် အဆင်မပြေသေးပေ။ ခဏအကြာ၌ ရှီဖုန်းက ငွေနဂါး၏ လက်သည်းပေါ်မှခုန်ဆင်းကာ အားလုံးရှေ့သို့ရောက်လာ၏။
မည်သည့်ဇီးကွက်အဖွဲ့ဝင်ကမှ ရှီဖုန်းကို စကားမပြောခဲ့ပေ။ သူတို့က သူ့ကို ကြောက်လန့်မှုဖြင့် စိုက်ကြည့်မိနေသည်။
ရှီဖုန်းအထက်တွင် ငွေနဂါးပျံဝဲနေသည့်အတွေးကပင် သူတို့ကို တုန်ရီစေ၏။
ငွေနဂါးထံမှ နှာမှုတ်မှုတစ်ချက်ကပင် သူတို့ကို အပြည့်အဝသုတ်သင်ရှင်းလင်းပစ်ရန် လုံလောက်တာထက် ပိုနေသည်။ ယခု သူတို့ကံကြမ္မာက ရှီဖုန်း၏လက်ထဲ ရောက်နေပြီဖြစ်၏။
” မိတ်ဆွေ ဘယ်လိုများ ကူညီပေးရမလဲ …”
ထိုစဥ် အဖြူရောင်ညကတောင် ရှီဖုန်းကို တောင့်တင်းသည့်အမူအရာဖြင့် ကြည့်နေတော့သည်။
ရှီဖုန်းအထက်တွင် ပျံဝဲနေသည့် ငွေနဂါးအပြင် ဓားသမားကိုယ်တိုင်ကလည်း အဖြူရောင်ညကို သူမရောက်နိုင်သည့် တည်ရှိမှုဟူသော ခံစားချက်မျိုး ပေးနေသည်။ အဖြူရောင်ညက ရှီဖုန်းထံမှ မည်သည့်အန္တရာယ်ကိုမှ မခံစားခဲ့မိသည့်တိုင် ရှီဖုန်းထံမှ ဖြာထွက်နေသည့်ရောင်ခြည်က အဆင့်တူအရှင်အဆင့် မွန်းစတားတစ်ကောင်ထက်တောင် သာလွန်နေပေသည်။
ထိုကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက်ရှေ့တွင် သူဂုဏ်ယူဝင့်ကြွားနေလျှင်တောင် သူဂရုတစိုက် ဆက်ဆံရမှာဖြစ်သည်။