ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 878 ရူးမိုက်သောလူသားများ
ရေခဲအိပ်မက်နှင့် ကျန်သည့်ဇီးကွက်အဖွဲ့ဝင်များက သေဆုံးသွားကြသည့် အခြေခံသန္ဓေပြောင်းကောင် တစ်ဒါဇင်ကိုကြည့်ပြီး အံ့သြဆွံ့အနေကြသည်။
အလွှာနှစ် AOE တိုက်ခိုက်ခြင်း မှော်စာလိပ်တစ်ခုလျှင် အနည်းဆုံးရွှေပြားနှစ်ရာ ကျသင့်သည်။ ထိုသို့တိုင် ရှီဖုန်းက စာလိပ်နှစ်ဆယ့်လေးလိပ် အသုံးပြုခဲ့၏။ အံ့ဖွယ်အိုင်တမ်ကို ဝယ်ယူနိုင်သည့် လုံလောက်သည့်ပိုက်ဆံကို အသုံးပြုလိုက်တာပဲ ဖြစ်သည်။ ယင်းက ရှီဖုန်းကို အဆင့်တက်စေရန်အတွက် EXP များစွာ ပေးရုံသာမက အဖွဲ့၏ ကျန်သည့်သူများကိုလည်း အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့်တက်သွားစေသည်။
ယခုဆို ဇီးကွက်အဖွဲ့ဝင်တိုင်းက အဆင့် (၄၀) သို့ရောက်နေကြပြီဖြစ်ကာ အချို့ဆို အဆင့် (၄၁) နှင့် အနည်းငယ်သာ လိုတော့သည်။
” ဒီမွန်းစတားတွေက EXP တွေအများကြီး ပေးတာပဲ …”
” ဟား … ဟား … ဟား … တကယ်အံ့သြဖို့ကောင်းတာပဲ …။ အဆင့်တက်ပြီးသွားရင် ငါအပြည့်အဝပြန်ကောင်းမှာပဲ …”
ပျော်ရွှင်မှုက ထိုကစားသမားများ၏ မျက်လုံးထဲပြည့်လာတော့သည်။
ဝိညာဥ်ဓာတ်းစွမ်းအားများ ကုန်ခမ်းသွားကြသည့် ကုသသူများနှင့် မှော်အမျိုးအစားများက ဝိညာဥ်ဓာတ်စွမ်းအားဘားများ ပြန်ပြည့်နေပြီဖြစ်သည်။ ကျန်ရှိသည့် အဆင့်ငါးဆယ်လက်ရွေးစင်နှင့် မျိုးနွယ်စုအကြီးအကဲသန္ဓေပြောင်းကောင်များကိုဖြေရှင်းရန် သူတို့ ယုံကြည်ချက်ရှိနေကြပြီ ဖြစ်သည်။
ယခင်က ထိုကစားသမားများသည် အောင်မြင်ရန်မျှော်လင့်ချက်ဆုံးရှုံးသွားကြ၏။ ထိုကစားသမားများကို သူတို့ကြာရှည်ရင်မဆိုင်နိုင်မှန်း သိနေခဲ့ကြသည်။ အခြေခံသန္ဓေပြောင်းကောင်များက များလွန်း၏။ အဖွဲ့ထဲရှိလူတိုင်းက သူတို့အားလုံးကို အဆုံးမသတ်ရသေးခင် သေမှာဖြစ်သည်။
” သူ ဒီလောက်တည်ငြိမ်နေတာ အံ့သြစရာမရှိဘူးပဲ …။ ဒီမွန်းစတားတွေကို သူ့ဘာသာသူဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှိနေတာ …”
ရေခဲအိပ်မက်က ခေါင်းစွပ်ဝတ်ထားသောရှီဖုန်းကို လှည့်မကြည့်ပဲ မနေနိုင်တော့ချေ။ သူမ ယခင်စကားများကို တွေးမိသည့်အချိန်၌ ဖြူဖွေးသောပါးထက်တွင် ရှက်သွားပြီး သူမ အနေရခက်နေသည်။ ရှီဖုန်း၏ အကူအညီကြောင့်သာ မဟုတ်လျှင် ဤနေရာတွင် သူတို့ သေဆုံးနိုင်လောက်ပေသည်။
ရှီဖုန်း၏ ဝင်ပါမှုကို ဆန့်ကျင်သည့်သူက တစ်ခွန်းမှမပြောတော့ပေ။ သူတို့က ခေါင်းစွပ်ဝတ်ဓားသမားကို ကြည်ညိုလေးစားမှု ရှိနေသည်။
ယခုအချိန်တွင် လက်ရွေးစင်ဆယ့်လေးကောင်နှင့် မျိုးနွယ်စုအကြီးအကဲတစ်ကောင်သာ ကျန်သည်။ သူတို့အဖွဲ့သည် နောက်ဆုံးတော့ အရေအတွက်တစ်ပန်းသာခဲ့ပြီ ဖြစ်၏။ ကျန်ရှိသည့်မွန်းစတားများက ဖြေရှင်းရန် ခက်ခဲသေးသော်ငြား သူတို့ဘက်တွင် ရှီဖုန်းကဲ့သို့ ထိခိုက်မှုဖြစ်စေသူကျန်ရှိနေရာ ထိုအကောင်များဖြေရှင်းရန် ပြဿနာမရှိလောက်တော့ပေ။
သန္ဓေပြောင်းကောင်များ၏ အကြောင်းက အားလုံးစိတ်ထဲရောက်လာသည့်အချိန်တွင် ကျန်ရှိသည့်သန္ဓေပြောင်းကောင်များက အနက်ရောင်အရည်အဖြစ် အသွင်ပြောင်းပြီးနောက် လေထဲတွင် စုဝေးလိုက်ပြီး အနက်ရောင်ရောင်ဝါက ပိုသန်မာလာပြီး အရည်တို့စုဝေးလာ၏။
အဖွဲ့က သတိထားစောင့်ကြည့်နေစဥ် လေထဲတွင် အနက်ရောင်အရည်လုံးကြီးဖွဲ့တည်လာတာကို တွေ့လိုက်ရ၏။
” အားလုံး ဂရုစိုက်ကြ …။ သူက ငါရဲ့ခန္ဓာကိုယ်က စွမ်းအားတွေအများကြီး စုပ်ယူခဲ့တာ …”
ငွေနဂါးက ရုတ်တရက်ပြောလိုက်သည်။
ငွေနဂါးသတိပေးပြီးနောက် အနက်ရောင်အရိပ်သည် အနက်ရောင်နဂါးအဖြစ်အသွင်ပြောင်းသွားပြီး ၎င်း၏ အလေးချိန်ဖြင့် မြေပြင်ကို လှုပ်ခါသွားစေသည်။
အနက်ရောင်အရည်ဖြင့်ဖွဲ့တည်သော နဂါးက ငွေနဂါးထက် ပိုသေးပေ၏။ မီတာနှစ်ဆယ်ခန့်သာမြင့်သည်။ သို့သော် ကစားသမားများထက် ပိုမြင့်နေသေး၏။ နဂါးက ခုနှစ်ထပ်တိုက်ကဲ့သို့ မြင့်မားနေ၏။ အစွမ်းထက်သည်လက်သည်းများ တစ်ချက်ဝှေ့ရမ်းမှုဖြင့် ကစားသမားများကို စာရွက်ကဲ့သို့ ပိုင်းဖြတ်သွားနိုင်သည်။
သန္ဓေပြောင်းနဂါး သန္ဓေပြောင်းနဂါး အလွှာနှစ်
အဆင့် (၅၀)
HP (သန်း ၈၀/သန်း ၈၀)
သန္ဓေပြောင်းနဂါး၏ အချက်အလက်များကို ဖတ်ရှု့ပြီးနောက် ရှီဖုန်းက မျက်မှောင်ကြုတ်ကာ မျက်နှာထက်တွင် တည်ကြည်လေးနက်သည့် အမူအရာပေါ်လာ၏။ သန္ဓေပြောင်းကောင်၏အဆင့်က မပြောင်းလဲပဲ အလွှာတစ်မျိုးနွယ်စုအကြီးအကဲမှ အလွှာနှစ်သို့ ပြောင်းလဲသွားတာဖြစ်သော်ငြား သူတို့ ကြားရှိကွာဟချက်ကမှု မိုးနှင့်မြေနယ် ကွာဟချက်ဖြစ်သည်။
ပြဿနာက သူတို့အလွှာများကြား၌ ကွာဟချက်တစ်ခုကို မကန့်သတ်နိုင်တော့တာ ဖြစ်သည်။ ထို့အစား အစာကွင်းဆက်ပေါ်တွင် သူတို့၏ နေရာက ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။
ရှီဖုန်း ယခင်က သတ်ဖြတ်ခဲ့သည့် အလွှာသုံး အထက်အဆင့်ရေခဲအရိုးနဂါးသည် သွင်ပြင်အရ နဂါးဖြစ်သော်ငြား နဂါးအစစ်အမှန်မဟုတ်ပေ။ သူတို့ရှေ့ရှိ သန္ဓေပြောင်းနဂါးကမူ နဂါးအစစ်တစ်ကောင်ဖြစ်သည်။ အစာကွင်းဆက်သည် နတ်သက်ကြွေများထက်တောင် ပိုမြင့်ပေ၏။
အလွှာနှစ်စံသတ်မှတ်ချက်တွင်ရှိပြီး အဆင့်တူဖြစ်သော်ငြား အလွှာသုံးရေခဲနဂါးကို အလွယ်တကူအနိုင်ယူနိုင်သည်။ ထို့အပြင် ဤနဂါးက သန္ဓေပြောင်းဖြစ်နေရာ အမျိုးမျိုးကဏ္ဍများတွင် ကြီးထွားလာရန် အလားအလာရှိနေ၏။
ရှီဖုန်းက သန္ဓေပြောင်းနဂါး၏ စွမ်းအားအစစ်အမှန်ကို မှန်းဆနိုင်ခြင်း မရှိတော့ချေ။
သို့သော် သူသေချာပေါက် တစ်ခုပြောနိုင်ပေ၏။ သန္ဓေပြောင်းနဂါးက သိသိသာသာပိုသန်မာပြီး သူတို့က သန္ဓေပြောင်းနဂါးကို ဆက်လက်ကြီးထွားခွင့်ပေးခဲ့လျှင် နတ်ဘုရားနယ်မြေထဲ၌ အသူရာလမ်းကြောင်းပွင့်ခြင်းထက် အဆပေါင်းများစွာ ပိုပြင်းထန်သည့်ကပ်ဘေးတစ်ခုဟပေါ်ပေါက်လာမှာ ဖြစ်သည်။
သန္ဓေပြောင်းနဂါးသည် သေချာပေါက်ကြီးထွားရုံသာမက ဒေသထဲတွက်လည်း ကန့်သတ်ထားနိုင်မှာ မဟုတ်ပေ။ ၎င်းပေါက်ဖွားရာနေရာနှင့် အိမ်နီးချင်းများသာ သက်ရောက်စေသည့် အသူရာလမ်းကြောင်းနှင့်မတူ သန္ဓေပြောင်းနဂါးသည် ဆန္ဒရှိသည့်နေရာတိုင်းသို့ သွားနိုင်သည်။ အမှန်တကယ်တော့ ရှီဖုန်းတစ်ယောက်သာလျှင် ထိုကဲ့သို့ တောင့်တင်းသွားတာ မဟုတ်ပေ။ ဇီးကွက်အဖွဲ့ဝင်များကလည်း စိုးရိမ်ပူပန်နေ၏။
အဖြူရောင်ညကဲ့သို့ ကျွမ်းကျင်သူတောင် သန္ဓေပြောင်းနဂါးထံမှ ကြီးမားသောဖိအားကို ခံစားနေရသည်။ သူတို့သည် ကျယ်ပြောသော သမုဒ္ဓရာထဲတွင် လှေငယ်လေးတစ်စင်းနှင့် ရွက်လွင့်နေသလိုခံစားနေရပြီး သူတို့ရှေ့ရှိ ခြိမ်းခြောက်မှုကြီးကို ခံစားမိနေ၏။ အချိန်မရွေး အသက်ဆုံးပါးသွားသလိုပင်။
” ရူးမိုက်တဲ့လူသားတွေ မင်းတို့ကို တကယ်ကျေးဇူးတင်ရမယ် …။ မင်းတို့သာ ဒီစွမ်းအားပိုတွေကို မထုတ်ခဲ့ရင် ငါ့ရဲ့စွမ်းအားအစစ်အမှန်ကို ပြနိုင်မှာ မဟုတ်ဘူး …”
လူသားသဏ္ဍာန် လောင်လိုက်ပြီးနောက် သန္ဓေပြောင်းနဂါးက အေးတိအေးစက်ရယ်မောကာ ပြောလိုက်၏။
” မင်းကိုလည်း ကျေးဇူးတင်ရမယ် ရူးမိုက်တဲ့နဂါး …။ မင်းရဲ့အခု အကူအညီကြောင့်မဟုတ်လျှင် အောင်မြင်မှာမဟုတ်ဘူး …။ ကျေးဇူးတင်တဲ့အနေနဲ့ ငါရဲ့စွမ်းအားကို ပျိုးထောင်ဖို့ မင်းကို ဝါးမျိုပစ်မယ် …”
” မင်းရဲ့ နည်းလမ်းအတိုင်း ဖြစ်ခွင့်မပေးပါဘူး …”
ငွေနဂါးက ပြန်ပြောသည်။ ရုတ်တရက် ငွေရောင်မှော်အစီအရင်က တောင်ကြား၏ တစ်ဝက်နည်းပါးကို လွှမ်းခြုံသွားတော့သည်။ များစွာသော ငွေရောင်ချိန်းကြိုးများက မှော်အစီအရင်ထဲမှပေါ်ထွက်လာပြီး သန္ဓေပြောင်းနဂါးကို ချီနှောင်ကြတော့၏။
” မင်းစိတ်လွတ်သွားပြီပဲ …။ မင်းက ဒီဂါထာကို ရွတ်ဆိုဖို့အတွက် သတ်တမ်းစတေးဖို့ တကယ်ဆန္ဒရှိနေတာလား …”
သန္ဓေပြောင်းနဂါးက ငွေရောင်ချိန်းကြိုးထဲတွင် ပါဝင်သည့်ခွန်အားများကို သတိပြုမိသည်။ သူမည်မျှ ရုမ်းကန်စေကာမူ ယင်းတို့ကို ခြစ်ရာတောင် မထင်စေပေ။
” မင်းက ဒီဂါထာကိုသုံးတော့ရော ဘာအရေးလဲ …။ မင်းရဲ့ သက်တမ်းက ဘယ်လောက်တောင် ထောက်ပံ့ပေးနိုင်မှာလဲ …။ မင်းမောပန်းသွားတာနဲ့ ငါလွတ်မြောက်မှု ပြန်ရမှာပဲ …။ မင်း ငါ့ကို မတားနိုင်ဘူး …”
” လူသား ကျန်တာကို မင်းဆီ လွဲထားတော့မယ် …”
ငွေနဂါးက အားနည်းစွာ ပြောလိုက်၏။ ထိုဂါထာကို ရွတ်ဆိုရခြင်းက သိသာသည့် အားအင်ကုန်ခမ်းမှု ဖြစ်စေသည်။
ရုတ်တရက် စနစ်အသိပေးသံတစ်သံက ရှီဖုန်း၏ နားထဲရောက်လာသည်။
စနစ် : သင်သည် သန္ဓေပြောင်းနဂါးကို နှစ်နာရီအတွင်း သတ်ပစ်ရမည်။ တာဝန်ကို မပြီးမြောက်ခဲ့လျှင် ငွေနဂါးက သက်တမ်းကုန်ဆုံးပြီး သေသွားပေလိမ့်မည်။
တစ်ချိန်ထဲတွင် အချိန်သတ်မှတ်မှုက ရှီဖုန်း၏ စနစ်မျက်နှာပြင်တွင် ပေါ်လာတော့သည်။
တစ်နာရီ ငါးဆယ့်ကိုးမိနစ် ခုနှစ်စက္ကန့်
” ဟား … ဟား … ဟား … ထင်တဲ့အတိုင်း ရူးမိုက်တဲ့နဂါးပဲ …။ သေခြင်းတရားနဲ့ ရင်ဆိုင်ရတာတောင် မင်းရဲ့ မျှော်လင့်ချက်တွေကို ဒီပုရွတ်ဆိတ်လေးတွေပေါ်မှာ ထားလိုက်သေးတယ် …။ ငါရဲ့ခွန်အား အသွင်ပြောင်းပြီးတဲ့နောက်မှာ ဒီပုရွတ်ဆိတ်တွေက ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်းတကယ်ယုံကြည်နေတာလား …”
အနက်ရောင်သန္ဓေပြောင်းနဂါးက ကြမ်းတမ်းစွာရယ်မောလိုက်သည်။
” ကောင်းပြီ …။ မင်းကို ပြရသေးတာပေါ့ နဂါးတွေ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ …”
ထိုသို့ပြောပြီးနောက် သန္ဓေပေ့ာင်းနဂါးက ကစားသမားများဆီသို့ ဦးတည်သွား၏။
” အားလုံးပဲ ဂရုစိုက်ကြ …။ အနီးကပ်သမားတွေ ရှောင်ဖို့ပဲ အာရုံစိုက် …။ မင်တို့တွေ သန္ဓေပြောင်းကောင်ရဲ့ တိုက်ကွက်ကို ပိတ်ဆို့ဖို့ မကြိုးစားနဲ့ …။ အကွာအဝေးကစားသမားတွေ သူ့ရဲ့ အဆစ်တွေကို ချိန်လိုက် …”
အဖြူရောင်ညက ချက်ချင်းအမိန့်ပေးလိုက်၏။
သန္ဓေပြောင်းနဂါးက သူတို့ နတ်ဘုရားနယ်မြေထဲ ဝင်ရောက်ပြီးချိန်မှစပြီး ရင်ဆိုင်ဖူးသမျှထဲတွင် အသန်မာဆုံးဖြစ်သည်။
သန္ဓေပြောင်းနဂါး သန္ဓေပြောင်းနဂါး အလွှာနှစ်
အဆင့် (၅၀)
HP (သန်း ၄၀/သန်း ၄၀)
သူတို့သည် ယခင်က အောင်မြင်ရန် မျှော်လင့်ချက်မရှိလောက်ပေ။ သို့သော် ယခုငွေရောင်ချိန်းကြိုးများက သန္ဓေပြောင်းနဂါးကို ဖိနှိပ်ထားသည်။ ၎င်း၏ အရည်အချင်းနှင့် လှုပ်ရှားနိုင်မှုသည် သိသိသာသာထိန်းချုပ်ခံလိုက်ရသည်။ ထို့အပြင် သူတို့က အထွတ်အထိပ်အခြေအနေသို့ ပြန်ကောင်းလာပြီး အဆင့် (၄၀) တက်သွားရာ အခြေခံအရည်အချင်းများ တိုးတက်သွားတော့၏။ မျှော်လင့်ချက်မဆုံးရှုံးသေးပေ။
လျင်လျင်မြန်မြန်ပဲ အဆင့် (၄၀) MT သုံးဦးက သန္ဓေပြောင်းနဂါးနှင့် ကျန်သူများသူများကြား ရွေ့ပြောင်းကြသည်။ သူတို့ တစ်ယောက်ချင်းဆီက HP သောင်းရှစ်ထောင်ကျော် ပိုင်ဆိုင်၏။ သန္ဓေပြောင်းနဂါးက ၎င်း၏ ဧရာမလက်ကြီး သူတို့ဆီ ဝှေ့ရမ်းလာတာမြင်သောအခါ MT သုံးဦးလုံးက ရှောင်တိန်းရန်တိုင်းတာပြီးနောက် သူတို့၏ အသက်ကယ်စကေးများကို ဆက်တိုက်အသက်သွင်းလိုက်၏။
ပြီးနောက် သူတို့လက်ခံရရှိသည့် ထိခိုက်မှုကို တစ်ဝက်လျော့လိုက်တော့သည်။
သန္ဓေပြောင်းနဂါးတိုက်ခိုက်သည်နှင့် ခပ်ဝေးဝေးရှိ အဖြူရောင်ညက သုံးဆထိုးဖောက်ခြင်းကို အသုံးပြုလိုက်သည်။ ထိုစကေးက သူ၏ အလွှာတစ်စကေးများကြားထဲတွင် သက်ရောက်မှု အကြီးမားဆုံးဖြစ်၏။ သူ၏ စကေးပြီးမြောက်သည့်နှုန်းက (၉၇) ရာခိုင်နှုန်းတောင် ရောက်ရှိနေပြီဖြစ်ကာ မူလမြားသုံးစင်းကို တစ်စင်းထဲပေါင်းစည်းလိုက်၏။ အသစ်စက်စက်ပေါင်းစည်းထားသောမြားက လေကိုခွင်းလျှက် သန္ဓေပြောင်းနဂါး၏ လက်ကောက်ဝတ်ကို ထိုးဖောက်သွားသည်။
ဖုန် …
(-၂၃၁၅)
အဖြူရောင်ည၏ တိုက်ခိုက်မှုက အဆစ်ကိုထိခိုက်သွားသော်ငြား နဂါး၏ ခြေထောက်ကို သက်ရောက်မှုမရှိစေပေ။ လက်သည်းများက ဝေဝါးသွားပြီးနောက် အချိန်မှီမရှောင်နိုင်သည့် အစောင့်အရှောက်သူရဲကောင်းဆီသို့ ထိသွားစေသည်။ အစောင့်အရှောက်သူရဲကောင်း၏ HP က ချက်ချင်းတစ်သောင်းလျော့သွား၏။ သူ၏ အသက်ကယ်စကေးကိုသာ မထုတ်ဖော်ထားခဲ့လျှင် သူ့ဆီရောက်လာသည့် နဂါးလက်သည်းကြောင့် သူသည် နုတ်နုတ်စင်းထားသည့်အသား ဖြစ်သွားမှာပင်။
” ဒီလိုပြီးတဲ့နောက် အားနည်းသွားပြီလား …”
သန္ဓေပြောင်းနဂါး၏ ခုခံမှုနှင့် တိုက်ခိုက်မှုကိုမြင်သည့်အချိန်တွင် ကစားသမားများက မှင်သက်သွားသည်။ မြင့်မားသည့် ခုခံမှု၊ ထိခိုက်မှုနှင့် အရှိန်တို့ဖြင့် သူတို့သည် သန္ဓေပြောင်းနဂါးကို ရင်ဆိုင်ရန် မျှော်လင့်ချက်မရှိတော့ပေ။
ဇီးကွက်အဖွဲ့ဝင်များက စိတ်ပျက်အားငယ်နေစဥ် သန္ဓေပြောင်းနဂါးရှေ့တွင် အနက်ရောင်ပုံရိပ်ပေါ်လာတော့၏။ ထိုပုံရိပ်က ရှီဖုန်းသာဖြစ်ပေသည်။ ဤအရာကိုမြင်သောအခါ သန္ဓေပြောင်းနဂါး၏ မျက်ဝန်းထဲတွင် မနှစ်မျို့သည့် အရိပ်အယောင်ပေါ်လာ၏။ သူ၏ ရှေ့ခြေထောက်ကြီးကို ရှီဖုန်းဆီ လွဲရမ်းလိုက်သည်မှာ ယင်ကောင်ကို ရိုက်ချလိုက်သလိုပင်။
မည်သူမှ မတုံ့ပြန်ရသေးခင် နဂါး၏ခြေထောက်က မြေပြင်ကိုထိသွားပြီး ဆယ်မီတာကျယ်သည့် တွင်းနက်ကြီးဖြစ်သွားစေသည်။