ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 880 နဂါးတစ်ကောင်ကို သတ်ဖြတ်ခြင်း
” ဘော့စ် နဂါးရဲ့ တုံ့ပြန်တဲ့အရှိန်နဲ့ ခုခံမှုက အတော်လေးတိုးတက်လာတယ် …။ ကျွန်တော်တို့ရဲ့ ကျန်တဲ့အရေအတွက်နဲ့ဆို နောက်ထပ်ချိန်းကြိုးတွေရဲ့ တိုက်ခိုက်မှုကို တောင့်မခံနိုင်မှာ စိုးရိမ်မိတယ် …”
ဝတ်ရုံစိမ်းဖြင့် အဆင့် (၄၀) ဆင့်ခေါ်သူအမျိုးသားက စိတ်ပူပန်စွာ ပြောလိုက်သည်။
သန္ဓေပြောင်းနဂါး ရှေးစစ်သည်တော်အခြေအနေထဲ ဝင်ရောက်သွားသည်နှင့် အမြှီးဖြင့်ရိုက်ချက်များက သူ၏ ဆင့်ခေါ်ထားသောသတတဝါများအားလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုများတောင် သက်ရောက်မှုနည်းလာ၏။ ယခင်က သူတို့သည် အနည်းနှင့်အများ နဂါးကိုထိသွားသည့်အချိန်တွင် သူတို့ထိခိုက်မှုက (-၁၀၀၀)ဝန်းကျင်ဖြစ်စေခဲ့သည်။ သို့သော် ယခုအချိန်တွင် သန္ဓေပြောင်းနဂါးက တိုက်ကွက်တစ်ဝက်နီးပါးကို အမြီးဖြင့် ပိတ်ဆို့ထား၏။ သူတို့၏ တိုက်ကွက်က နဂါးကို ထိသွားခဲ့လျှင်တောင် (-၆၀၀) သာထိခိုက်မှု ဖြစ်စေသည်။
သူတို့သည် အဖွဲ့ဝင်များစွာနှင့် ကုသသူများဆုံးရှုံးခဲ့ပြီးနောက် အလုံးစုံထိခိုက်မှုသည် သန္ဓေပြောင်းနဂါး၏ သွေးပြန်ပြည့်မှုကို မကျော်လွှားနိုင်ပေ။ သူတို့အဖွဲ့လိုက် သုတ်သင်ရှင်းလင်းခံရရန် အချိန်တစ်ခုသာ လိုသည်။
” ဒါက နောက်ဆုံးအချက်ပဲ …။ မင်းတို့တွေအားလုံး ရှိသမျှအကုန်ထုတ်တိုက် …”
အဖြူရောင်ညသည် နောက်တန်းကနေ တိုက်ပွဲကိုကြည့်နေသည်။ ရှီဖုန်း၏ ပုန်းကွယ်အဆင့်အတန်းအပါအဝင် သူ့အဖွဲ့၏ အချက်အလက်ဇယားများက စိတ်ထဲတွင်ပေါ်လာပြီး သန္ဓေပြောင်းနဂါးကို ဆွဲချရန်အတွက် ဖြစ်နိုင်ချေများအားလုံးကို သူတွက်ချက်နေသည်။ သို့သော် သူသည် မည်သည့်လှုံ့ဆော်မှုမျိုးရစေကာမူ သန္ဓေပြောင်းနဂါးအတွက် သူတို့က ပြိုင်ဘက်မဟုတ်ပေ။ သူတို့ကြားရှိ ကွာဟချက်က ကြီးမားလွန်းနေ၏
အရိုင်းဆန်သည့် အခြေအနေသို့ ဝင်ရောက်သွားပြီးနောက် သန္ဓေပြောင်းနဂါး ထိုမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ သာမန်ဘော့စ်များသည် အရိုင်းဆန်သည့် အခြေအနေသို့ဝင်ရောက်သွားပြီးနောက် သူတို့၏ စွမ်းအားက (၃၀) ရာခိုင်နှုန်းဝန်းကျင် တိုးသွားတာဖြစ်၏။ သို့သော် သန္ဓေပြောင်းနဂါး၏ အလုံးစုံတိုက်ပွဲဝင်စွမ်းအားက အနည်းဆုံး (၅၀) ရာခိုင်နှုန်းတိုးသွားသည်။ အဖြူရောင်ညက သန္ဓေပြောင်းနဂါးသည် အရိုင်းဆန်သည့်အခြေအနေသို့ ဝင်ရောက်သွားပြီးနောက် ၎င်း၏ ခွန်အား နှစ်ဆတိုးသွားသလားဟုတောင် သံသယဖြစ်မိသည်။
ရှီဖုန်း ဝင်ပါသည့်တိုင် သူတို့က နဂါးကို ရင်ဆိုင်နိုင်ရုံမျှသာ ရှိသည်။ ယခုနဂါး၏ ခွန်အားကတိုးလာပြီဖြစ်ရာ အနိုင်ရရန် ယုံကြည်ချက်မရှိတော့ပေ။
အဖြူရောင်ည၏ အမိန့်ကိုကြားသောအခါ ကစားသမားများက သန္ဓေပြောင်းနဂါးကိုရင်ဆိုင်ရန်အတွက် သူတို့၏ အစွမ်းအထက်ဆုံး အကွက်များကို စတင်အသုံးပြုတော့သည်။ အချို့က ရှေးစစ်သည်တော်စကေးများတောင် အသက်သွင်းလိုက်၏။
ဇီးကွက်အဖွဲ့ဝင်တိုင်းက ရှေးစစ်သည်တော်စကေး မပိုင်ဆိုင်ထားသော်ငြား ကျန်ရှိသည့် အယောက်လေးဆယ်သော အဖွဲ့ဝင်တို့က အဖွဲ့ထဲတွင် ခွန်အားအမြင့်ဆုံးကျွမ်းကျင်သူများ ဖြစ်ကြပေသည်။ တစ်ဒါဇင်ကျော်က ရှေးစစ်သည်တော်စကေး သင်ယူဖူး၏။
ချက်ချင်းပင် ထိုတစ်ဒါဇင်သော ကစားသမားများ၏ အရည်အချင်းများက တက်သွားတော့၏။ အဖြူရောင်ညနှင့် ရေခဲအိပ်မက်က အကြီးမားဆုံးတိုးတက်မှုကို တွေ့ကြုံခဲ့ပြီဖြစ်ရာ သူတို့၏ အဓိကအရည်အချင်းများက (၁၀၀) ရာခိုင်နှုန်း တိုးတက်သွားတော့သည်။
” ငါ့အတွက် အချိန်နည်းနည်းဆွဲပေး …”
ရေခဲအိပ်မက်က အော်လိုက်၏။ သူမသည် ဂါထာတစ်ခု စတင်ရွတ်ဆိုလိုက်ရာ အနားတစ်ဝိုက်ရှိ ဝိညာဥ်ဓာတ်စွမ်းအားများက သူမဘေးနား၌ လျင်မြန်စွာစုဝေးလာတော့သည်။
” ကောင်းပြီ …။ အားလုံးပဲ နဂါးရဲ့ အဆစ်တွေကို ချိန်ရွယ်ကြ …”
အဖြူရောင်ညက အော်လိုက်၏။ သူတို့ ယခုအချိန်တွင် အသက်ရှင်နိုင်ခြေမှာ ယခုအခိုက်အတန့်ပေါ် မူတည်နေသည်။
သန္ဓေပြောင်းနဂါးသည် အရိုင်းဆန်သည့်အခြေအနေတွင် သူတို့တစ်ဖွဲ့လုံးကို သုတ်သင်ရှင်းလင်းနိုင်မည်လား သို့မဟုတ် သူတို့သည် သန္ဓေပြောင်းနဂါး၏ HP ရှစ်သန်းကို သူတို့ ရှေးစစ်သည်တော်အခြေအနေထဲ ဝင်ရောက်နေစဥ် သုတ်သင်ရှင်းလင်းနိုင်မည်လား။
ဂါထာနှင့် မြားများက သန္ဓေပြောင်းနဂါးဆီ တိုးဝင်သွားတော့သည်။ ယင်းကိုမြင်သောအခါ နဂါးက လက်သည်းကို လွဲရမ်းလိုက်၏။
ဖန် … ဖန် …
နဂါး၏ ဧရာမခြေထောက်ကြီးက တိုက်ကွက်တစ်ဝက်နည်းပါးကို အလွယ်တကူပိတ်ဆို့လိုက်သည်။ အဖြူရောင်ညထံမှ အင်မတန်တိကျသည့် တိုက်ကွက်များကသာ နဂါးကိုထိစေတာဖြစ်၏။
(-၃၃၄၈)
(-၁၄၄၈)
(-၁၂၇၉)
(-၁၃၅၄)
များစွာတိုက်ကွက်များ ကျရောက်သော်ငြား အဖြူရောင်ည၏ တိုက်ခိုက်မှုကသာလျှင် သုံးထောင်ကျော်စေတာ ဖြစ်သည်။ လူတိုင်းသည် (-၁၀၀၀) ဝန်းကျင်သာ ထိခိုက်မှုဖြစ်စေ၏။ သူတို့၏ အလုံစုံထိခိုက်မှုက နဂါး၏ ကျန်ရှိသည့် HP တွင် ချိုင်းတစ်ခုမျှသာဖြစ်စေသည်။
အဖြူရောင်ညနှင့် ကျန်သည့်သူများက မတိုက်ခိုက်ရသေးခင် သန္ဓေပြောင်းနဂါးက ၎င်း၏ အမြှီးကို ထက်မြောက်လိုက်ပြန်၏။
” သူအမြီးနဲ့ရိုက်မှာကို ကြည့်ထားကြ …။ နောက်ပြန်ဆုတ် …”
အဖြူရောင်ညက ညွှန်ကြားပြီးနောက်နောက်ဆုတ်နေစဥ် သန္ဓေပြောင်းနဂါး၏ ဧရာမအမြီးကို တိုက်ခိုက်တော့၏။
သို့သော် အမြှီးတိုက်ခိုက်မှုအရှိန်နှင့် အကျယ်အဝန်းက သူတို့အတွက် များပြားလွန်းနေသည်။ ရှီဖုန်းတောင် တိုက်ကွက်ကိုအချိန်မီမရှောင်နိုင်ပဲ အသက်ကယ်စကေးကိုသာသုံးရန် ဖိအားပေးခံလိုက်ရသည်။ လူတိုင်းသည် သန္ဓေပြောင်းနဂါးနှင့် ခပ်ဝေးဝေးတွင်နေနေသော်ငြား သူတို့သည် ထိတ်လန့်ဖွယ်လိုင်း၏ အကွာအဝေးအတွင်း ရှိနေရာ အမြှီးဖြင့် အရိုက်ခံရနိုင်သည်။ ထိုလိုင်းများက အဖြူရောင်ညနှင့် သူ့အဖော်အပေါင်းများကို အဆုံးသတ်သွားစေရန် လုံလောက်၏။
ဖုန် …
ပေါက်ကွဲသံ ပေါ်ထွက်လာပြီး နဂါးအမြှီးက ဇီးကွက်အဖွဲ့ဝင်များဆီ လွဲရမ်းလိုက်ပြီးနောက် အမြှီး၏ တိုက်ခိုက်မှုအကျယ်အဝန်းက အဖွဲ့၏ တစ်ဝက်ကျော်နီးပါး ရောက်ရှိလာတော့သည်။ သို့သော် ရုတ်တရက်တွင် အပြာရောင်အလင်းတန်းက လွဲရမ်းနေသောအမြှီးကို ခုတ်ပိုင်းလိုက်၏။
ဖုန် …
သန္ဓေပြောင်းနဂါး၏ တိုက်ခိုက်မှုက ဟန့်တားခံလိုက်ရသည်။ တစ်ချိန်ထဲတွင် ပုံရိပ်တစ်ရိပ်က မြေပြင်ပေါ်ပြုတ်ကျလာပြီးနောက် ကစားသမားအောက်တွင် အက်ကွဲကြောင်းကြီး ဖန်တီးလိုက်တော့၏။
” သူ ပိတ်ဆို့လိုက်တာလား …”
အဖြူရောင်ညက ပါးစပ်အဟောင်းသားဖြစ်နေပြီး ထိုလူကို မယုံနိုင်စွာ ကြည့်နေမိသည်။
သူသည် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့သော်ငြား ရှီဖုန်းသည် သူ့ဓားကို သန္ဓေပြောင်းနဂါး၏ အမြှီးဆီလွဲရမ်းလိုက်တာ သူမြင်လိုက်ရသည်။ ဓားနှင့်အမြှီး ထိသွားသည်နှင့် ရှီဖုန်းက ပျောက်ကွယ်သွားတော့သည်။
သန္ဓေပြောင်းနဂါး၏အမြှီးက ၎င်း၏ ခြေထောက်ထက် ပိုအစွမ်းထက်ပေသည်။ နဂါးသည် အရိုင်းဆန်သည့် အခြေအနေထဲ ရောက်နေတာဖြစ်သည်။ ထိုသို့တိုင် ရှီဖုန်းက တိုက်ခိုက်မှုကို ပိတ်ဆို့ခဲ့၏။ ခဏအကြာတွင် ရှီဖုန်းက တွင်းထဲမှ တက်လာတော့သည်။ သူသည် အတော်လေးစိတ်ပျက်နေသော်ငြား သူ၏ HP ဘားတန်းက သူထိခိုက်မှု အနည်းငယ်သာရသည်ဟု ပြသနေ၏။
” ကောင်းကင်ဘုံနဂါးရဲ့ ဝင်သက်ငွေ့ တိုးတက်လာမှုက တကယ်အံ့သြဖို့ကောင်းတာပဲ …။ ဒါနဲ့ဆိုရင် သန္ဓေပြောင်းနဂါးရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့ ဘာပြဿနာမှ မရှိတော့ဘူး …”
ရှီဖုန်းက အနည်းငယ်အကြောဆန့်လိုက်၏။ တိုက်ခိုက်ခံရမှုကြောင့် သူ့တစ်ကိုယ်လုံး နာကျင်နေသည်။ ဆိုရလျှင် သူ၏ တိုက်ပွဲဝင်စွမ်းအားကမှု များများစားစားမထိခိုက်ပေ။
ကောင်းကင်ဘုံနဂါး၏ စွမ်းအားက သူ၏ HP (၅၀၀) ရာခိုင်နှုန်း တိုးစေရုံသာမက စကေးကလည်း သူ့ခွန်အားကို (၁၅၀) ရာခိုင်နှုန်း တိုးစေသည်။ လျင်မြန်ဖျက်လက်မှုကို (၅၀) ရာခိုင်နှုန်း၊ ခုခံမှုကို (၃၀၀) ရာခိုင်နှုန်း တိုးစေ၏။ လက်ရှိတွင် သူက HP နှစ်သိန်းခြောက်သောင်းကျော် ရှိသည်။ သူ၏ တိုးမြင့်ထားသော ခုခံမှုဖြင့် တိုက်ရိုက်ထိခိုက်ခံရပြီးနောက် (-၃၀၀၀) ဝန်းကျင်သာ ရသွားသည်။
ကုသသူများ၏ ထောက်ကူမှုမရှိပဲနဲ့တောင် သူသည် ထိုတိုက်ကွက်များကို အလွယ်တကူခံနိုင်ရည်ရှိ၏။ အရိုင်းဆန်သည့်အခြေအနေထဲ ဝင်ရောက်သွားသည့် သန္ဓေပြောင်းနဂါးကို ကြောက်စရာမလိုတော့ပေ။
ပြီးနောက် ရှီဖုန်းသည် အရိပ်ခြေလှမ်းကို အသက်သွင်းပြီး သန္ဓေပြောင်းနဂါးနောက်၌ ပေါ်လာတော့သည်။ ပြီးနောက် ပုံရိပ်ယောင်သတ်ဖြတ်ခြင်းနှင့် နဂါးကိုးကောင်ပိုင်းဖြတ်ခြင်းကို အသုံးပြုလိုက်၏။
မီးတောက်ပေါက်ကွဲခြင်း
ပြီးနောက် ရှီဖုန်းကိုင်ဆောင်ထားသည့် အမွှာဓားနှင့် သူ၏ကိုယ်ခွဲက တလက်လက်တောက်ပနေသည့် နေလုံးလေးအဖြစ် ပြောင်းလဲသွားတော့သည်။
ပူလောင်ပြင်းပြသည့် အဖြူရောင်ရောင်ခြည်အလင်းတန်းများက သန္ဓေပြောင်းနဂါး၏ ဂုတ်ကို ပြင်းထန်စွာ ထိမံသွားကာ တစ်ချက်ပြီးတစ်ချက် ထိနေတော့သည်။
တိုက်ကွက်သုံးကွက်က သန္ဓေပြောင်းနဂါး၏ လည်ဂုတ်ပေါ်တွင် ဆက်တိုက်ကျသွားပြီး တိုက်ကွက်သုံးဆယ်က နေရာတစ်ခုထဲကို ထိမံကြတော့သည်။ ထို့အပြင် အသူရာဓားသွား ပုံရိပ်တစ်ဆယ်ကျော်က သန္ဓေပြောင်းနဂါးကို ဆက်လက်တိုက်ခိုက်နေပြီး (-၆၀၀၀) ထိခိုက်မှုဖြစ်စေ၏။
သန္ဓေပြောင်းနဂါးသည် အော်ဟစ်လိုက်ပြီးနောက် မြေကြီးပေါ် ဘန်ခနဲ ရိုက်မိသွားတော့သည်။
သန္ဓေပြောင်းနဂါး၏ HP က ရှစ်သန်းမှ (-၅၆၄၀၀၀၀) ထိကျသွားခဲ့ပြီ ဖြစ်သည်။
ချက်ချင်းပင် ရှီဖုန်းက မီးမုန်တိုင်းနှင့် နဂါးဝင်သက်ငွေ့ကို အသုံးပြုလိုက်၏။ သန္ဓေပြောင်းနဂါး၏ HP က ငါးသန်းအောက် ရောက်သွားတော့သည်။
” ဒါ ရူးလောက်စရာပဲ …”
အနားတွင်ရှိသည့် မျက်မြင်တွေ့လိုက်ရသော ကစားသမားများက ဆွံ့အနေကြပြီး လဲကျသွားသောနဂါးကို ကြည့်နေကြသည်။
အဖြူရောင်ညက ထိတ်လန့်နေ၏။ ရှီဖုန်းတွင် ကတ်မည်မျှများများစားစား ကွယ်ဝှက်ထားသည်ကို မခံမှန်းနိုင်ပေ။ သူ၏ တစ်ဖွဲ့လုံးကူကယ်ရာမဲ့နေချိန် ဘော့စ်ကို ရှီဖုန်းတစ်ယောက်ထဲက တိုက်ခိုက်နိုင်၏။
ထိုစဥ် ရေခဲအိပ်မက်က ဂါထာရွတ်ဆိုတာ ပြီးမြောက်သွားပြီး တောင်ဝှေးကို ဝှေ့ရမ်းလိုက်တော့သည်။ အပြာရင့်ရင့်မှော်အစီအရင်က သန္ဓေပြောင်းနဂါးအထက်တွင် ပေါ်လာပြီး ဧရာမရေခဲလှံကြီးက အစီအရင်ထဲမှ ပေါ်ထွက်လာပြီးနောက် သန္ဓေပြောင်းနဂါးဆီ ရောက်လာတော့သည်။
အလွှာတစ်ကျိန်စာ ရေခဲမြေကမ္ဘာ
ရေခဲလှံထိခိုက်မှု ပေါ်လာသည်နှင့် ယင်းက (-၇၀၀၀) ထိခိုက်မှုဖြစ်စေရုံသာမက နဂါး၏ ခြေလက်လေးဘက်လုံးကိုလည်း ခဲသွားစေပြီး ယင်းကို ချုပ်နှောင်ထား၏။ နဂါးက ရေခဲလွှာမှလွတ်မြောက်ရန် ကြိုးစားနေသော်ငြား ရေခဲက ချက်ချင်းပြန်လည်ဖွဲ့တည်သွားသည်။ ထို့အပြင် နဂါးတစ်ကြိမ်လွတ်မြောက်သွားတိုင်း သူက လွတ်မြောက်ရန်အတွက် အချိန်များစွာ အားစိုက်ထုတ်ရသည်။ ရလဒ်အနေဖြင့် သန္ဓေပြောင်းနဂါး၏ တုံ့ပြန်မှုများက အတော်လေးနှေးကွေးသွားတော့၏။
ထိုအခွင့်အရေးကို အမိယူပြီး ရှီဖုန်းက ဆက်တိုက်တိုက်ခိုက်တော့သည်။
ရှီဖုန်းကဲ့သို့ MT တစ်ဦးက သန္ဓေပြောင်းနဂါးကို ဆွဲထိန်းထားစဥ် ကျန်သည့်အဖွဲ့ဝင်များကလည်း ကြမ်းတမ်းစွာတိုက်ခိုက်တော့သည်။
ရလဒ်အနေဖြင့် သန္ဓေပြောင်းနဂါး၏ HP ကလျင်မြန်စွာ ကျသွားတော့၏။
(၄၅) သန်း
သန်း (၄၀)
သန်း (၃၀)
(၁၀) သန်း
သန္ဓေပြောင်းနဂါးက HP ငါးသိန်းအောက်သာ ကျန်တော့သည့်အချိန်တွင် ရှီဖုန်းက နတ်ဘုရားစောင့်ရှောက်မှုကို အသက်သွင်းပြီးနောက် အလွှာနှစ်တားမြစ်စကေးကို ချက်ချင်းအသုံးပြုလိုက်သည်။ မျက်တောင်တစ်ခက်အတွင်း သန္ဓေပြောင်းနဂါးရှေ့၌ သူပေါ်လာပြီး သန္ဓေပြောင်းနဂါး၏ နှလုံးကို ဆယ့်နှစ်ချက်ခန့် ပိုင်းဖြတ်လိုက်တော့သည်။ သန္ဓေပြောင်းနဂါး၏ HP က ချက်ချင်းပင်ကျသွားပြီး ဖုန်ခနဲအသံအကျယ်ကြီးဖြင့် မြေကြီးပေါ် ပြုတ်ကျသွားတော့၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် တလက်လက်တောက်ပနေသော အိုင်တမ်တစ်ဒါဇင်ကျော်ရှိသည်။ ရုတ်တရက် ရွှေရောင်အလင်းတန်းက ရှီဖုန်း၏ ခန္ဓာကိုယ်တစ်ဝိုက်လွှမ်းခြုံလာတော့သည်။ သူက အဆင့် (၄၂) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အတွဲ – ၄၄ ပြီး၏။