ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 881 ကြယ်သုံးပွင့်အဆင့်တိုးမြင့်ခြင်း အစီအစဥ်
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 881 ကြယ်သုံးပွင့်အဆင့်တိုးမြင့်ခြင်း အစီအစဥ်
ရှီဖုန်း၏ ခန္ဓာကိုယ်တစ်ဝိုက် ရွှေရောင်အလင်းလွှမ်းခြုံလာသည်နှင့် အဖွဲ့၏ ကျန်သည့်သူများကလည်း လင်းထိန်းမှုကို အတွေ့အကြုံ ရသွားကြသည်။ အချို့က ထိုဖြစ်စဥ်ကို နှစ်ကြိမ်တောင်ကြုံတွေ့ခဲ့ရပြီး သူတို့၏ အဆင့်က အဆင့် (၄၀) မှ အဆင့် (၄၂) သို့ရောက်သွား၏။
သန္ဓေပြောင်းနဂါးသည် သူတို့ကို အံ့သြမှင်သက်စေ
လောက်သည်အထိ ကြွယ်ဝသော EXP များထောက်ပံ့ပေးခဲ့သည်။ သူတို့၏ အဆင့်တွင်တောင် သန္ဓေပြောင်းနဂါးက သူတို့ကို အနည်းဆုံးအဆင့်တက်ရန် EXP လုံလောက်အောင် ဆုချီးမြှင့်ခဲ့၏။ သူတို့ရက်ပေါင်းများစွာ အားစိုက်ထုတ်ရမှာ သက်သာသွားသည်။
” အောင်မြင်သွားပြီ …”
” ငါတို့နိုင်ပြီ …”
လူတိုင်းက ပျော်ရွှင်နေကြပြီး လှုပ်ရှားမှုကင်းမဲ့သွားသည့် သန္ဓေပြောင်းနဂါးကို ကြည့်လိုက်သည်။
သန္ဓေပြောင်းနဂါးသည် သူတို့ ရင်ဆိုင်ဖူးသည့် မည်သည့်မွန်းစတားထက်မဆို ပိုသာပေ၏။ သူတို့အဆင့်ဖြင့် အသက်ရှင်ရန် အလွန်ခက်ခဲ၏။ ထိုသို့တိုင် သူတို့အနိုင်ယူနိုင်ခဲ့သည်။ ရှီဖုန်း၏ ခွန်အားကို မှီခိုအားထားခဲ့ရသော်ငြား သူတို့က စိတ်လှုပ်ရှားနေ၏။ အချို့၏ စိတ်လှုပ်ရှားမှုက နဂါးသေပြီးနောက် သူတို့ရရှိသည့် စနစ်အသိပေးသံကြောင့်လည်း ဖြစ်သည်။
စနစ် : ဂုဏ်ယူပါတယ်။ သင်သည် နဂါးသတ်ဖြတ်သူဘွဲ့ကို ရရှိပါပြီ။ ထိုဘွဲ့အမည်ရှိသူသည် လူ့အသိုင်းအဝိုင်းဂုဏ်သတင်းမှတ် (၁၀) ရာခိုင်နှုန်း ရရှ်ပါမည်။ ထိုအမည်သည် သူတို့၏ တိုက်ပွဲဝင်စွမ်းအားပေါ် သက်ရောက်မှုမရှိသော်ငြား ကစားသမားများရရှိရန် အိပ်မက်မက်နေသည့်အရာ ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် လူသားမျိုးနွယ် ဂုဏ်သတင်းမှတ်က အရေးပါပေသည်။
မြေများနှင့် အိမ်များကို ဝယ်ယူရန်အတွက် ဂုဏ်သတင်းအမှတ် လုံလုံလောက်လောက်လိုအပ်သည့်အချက်အပြင် ပိုမြင့်မားသည့်ဂုဏ်သတင်းမှတ်များက ကစားသမားများသည် NPC မြို့များ၌ အိုင်တမ်များပြုပြင်ရာတွင် သို့မဟုတ် အိုင်တမ်များဝယ်ယူရာတွင် လျော့ဈေးများရရှိစေ၏။ ဂုဏ်သတင်းအမှတ် အမြင့်ဆုံးအထိရောက်ရှိပြီးနောက် (၄၀) ရာခိုင်နှုန်း လျှော့ဈေးတောင် ခံစားနိုင်သည်။
ကစားသမားများသည် ဂိမ်းငွေကြေးများရရန်အတွက် နည်းလမ်းများ ပိုရှာဖွေတွေ့ရှိလာသော်ငြား ကစားသမားများက ပိုလိုအပ်နေသေးဆဲ ဖြစ်သည်။
လူသုံးပစ္စည်းများနှင့် အခြားသောအိုင်တမ်များကို ဝယ်ယူသည့်အပြင် အရသာရှိသော စားစရာများကဲ့သို့ အရာများနှင့် ကစားသမားများ၏ ပိုက်ဆံအများစုသည် အပြင်စရိတ်၌ ကုန်နေတာပဲ ဖြစ်သည်။ ထို့အပြင် ကစားသမားများသည် အဆင့်ပိုမြင့်ပြီး အရည်အသွေးပိုမြင့်သည့် ချပ်ဝတ်တန်ဆာများသုံးစွဲလာသည်နှင့် ပြန်ပြင်စရိတ်လည်း တိုးလာတော့သည်။
မြို့များထဲရှိ (၄၀) ရာခိုင်နှုန်းလျော့ဈေးဖြင့် ကစားသမားတစ်ယောက်သည် ငွေကြေးများစွာ ချွေတာနိုင်မှာပဲ ဖြစ်၏။
ထို့အပြင် ကစားသမားများက အဆင့်ပိုတက်လေလေ မြို့တစ်မြို့တွင် လူတစ်ယောက်၏ ဂုဏ်သတင်းမှတ်တိုးမြင့်ရန်က လုံလောက်မှာမဟုတ်ပေ။ မြို့များနှင့် အတော်အတန်းဝေးကွာသည့် အရင်းအမြစ်ကြွယ်ဝသောအဆင့်မြင့်နေရာများသို့ သွားလိုက်ပြန်လိုက် လုပ်ရခြင်းက မသက်မသာဖြစ်စေသည်။ ကစားသမားတစ်ဦးသည် အဆင့်လျက်မြန်စွာတက်ချင်လျှင် သူတို့က မြို့များစွာ၌ မြင့်မားသည့်ဂုဏ်သတင်းမှတ် ရှိရန်လိုအပ်သည်။
သို့သော် ဂုဏ်သတင်းမှတ်က ရရန်မလွယ်ကူချေ။ ယခုအချိန်ထိတိုင် သူတို့၏ မြို့အသီးသီး၌ ကစားသမားများသည် ဂုဏ်သတင်းမှတ်များရရန် ခေါင်းခဲနေသေးဆဲ ဖြစ်၏။
ယခု ထိုကစားသမားများသည် နဂါးသတ်ဖြတ်သူဘွဲ့ ရရှိခဲ့ပြီဖြစ်ရာ သူတို့ သိပ်များများစားစား အားစိုက်ထုတ်စရာလိုတော့မှာ မဟုတ်ပေ။ အထူးသဖြင့် တစ်ကိုယ်တော်ကစားသမားများအတွက် မှန်ကန်ပေ၏။ သို့သော် သူတို့အဖွဲ့က သန္ဓေပြောင်းနဂါး၏ ကျလာသည့်ပစ္စည်းကို ပိုစိတ်ဝင်စားပေသည်။
သန္ဓေပြောင်းနဂါးက အိုင်တမ်ဆယ်ခုကျော် ကျလာခဲ့သည်။ ပြောရန်မလို အစွမ်းထက်သောမွန်းစတား၏ ကျလာသောပစ္စည်းက အံ့သြဖွယ်ကောင်းမှာပင်။ အံ့သြအိုင်တမ်တစ်ခုကျလျှင်တောင် အံ့သြစရာမဟုတ်ပေ။ အိုင်တမ်များကို ရှီဖုန်း စုဆောင်းနေတာကြည့်ပြီး သူတို့က သရေကျလာ၏။ သို့သော် အဖြူရောင်ညက ကျလာသည့်ပစ္စည်းများအားလုံး ရှီဖုန်းယူနိုင်သည်ဟု သူ့အား ကတိပေးခဲ့သည်။ ထို့ကြောင့် သူတို့ မနာလိုအားကျစွာ ကြည့်ရုံသာတက်နိုင်၏။
” ကြည့်အုံး အဲ့တာက အံ့ဖွယ်လက်နက်လား …”
” ပေါက်တက်ကရတွေ အဲ့ဒီ မှော်စာလိပ်ကိုကြည်ကြည့် …။ ဝိညာဥ်ဓာတ်စွမ်းအားကို စုစည်းပေးတယ် …။ အနည်းဆုံးတော့ အလွှာသုံးမှော်စာလိပ် ဖြစ်လောက်တယ်မလား …”
” အဲဒီဒီဇိုင်းက ကြီးလိုက်တာ …”
ထိုအိုင်တမ်များကို ရှီဖုန်း ပိုင်ဆိုင်ရမည်မှန်း ကစားသမားများ သဘောပေါက်သော်ငြား သူတို့ဘာဆိုတာ သူတို့က သိချင်သေးသည်။
ရှီဖုန်းက ပြန့်ကျဲနေသော ဂိမ်းငွေကြေးများနှင့် အိုင်တမ်များကို ကောက်ယူစဥ် သူက ခရမ်းရွှေရောင်စိန်သဏ္ဍာန်တံဆိပ်ပြားကို တွေ့လိုက်၏။ ထိုတံဆိပ်ပြားပေါ်တွင် စကားလုံးတစ်လုံးထွင်းထုထားသည်။
အဆင့်တိုးမြင့်ခြင်း
” နဂါးတစ်ကောင်ဆိုတာ ထင်တဲ့အတိုင်းပဲ …။ သူ့ရဲ့ ကျတဲ့ပစ္စည်းတွေက အံ့သြဖို့ကောင်းလိုက်တာ …”
ရှီဖုန်းက တည်ငြိမ်အောင်ပြုလုပ်ပြီးမှ တံတိပ်ပြားကို ယူလိုက်သည်။ အဖြူရောင်ညနှင့် ကျန်သည့်သူများသာ ရှိမနေခဲ့လျှင် သူသည် အားရပါးရရယ်မောနေလောက်ပြီပင်။ ထိုအဆင့်တိုးမြင့်ခြင်းအဆင့်က သာမန်အဆင့်တိုးမြင့်ခြင်းအဆင့် မဟုတ်ပေ။ ယင်းက ဈေးဆိုင်အဆင့်တိုးမြင့်ခြင်းအဆင့် ဖြစ်သည်။ ထို့အပြင် ယင်းက ကြွယ်နှစ်ပွင့်ဆိုင်အဆင့်တိုးမြှင့်ခြင်းအစီအစဥ်မဟုတ်ပဲ ကြွယ်သုံးပွင်ဆိုင် အဆင့်တိုးမြှင့်ခြင်းအစီအစဥ်ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် ကြွယ်နှစ်ပွင့်ဆိုင် အဆင့်တိုးမြင့်ခြင်း အစီအစဥ်ကပင် ရရန်ခက်ခဲနေပြီ ဖြစ်သည်။
ကြယ်လတိုင်းပြည်နှင့် ၎င်း၏ အိမ်နီးချင်းတိုင်းပြည်များထဲတွင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းမှအပ မည်သည့်ကုန်သွယ်ရေးလုပ်ငန်းကမှ ကြယ်နှစ်ပွင့်ဆိုင် မပိုင်ဆိုင်ထားပေ။ မဟူရာနဂါးအင်ပါယာထဲရှိ နဂါးဖီးနစ်ပွဲကြည့်စင်သာလျှင် ကြယ်နှစ်ပွင့်ဈေးဆိုင် ရှိတာဖြစ်သည်။ ထို့အပြင် စူပါပထမတန်းအစည်းအရုံးက လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ တစ်ဆိုင်ရလာခဲ့တာ ဖြစ်သည်။
လက်ရှိ ကစားသမားများသည် ကြယ်သုံးပွင့်ဈေးဆိုင်ရရန် မျှော်လင့်ချက်မရှိပေ။ တစ်ခုရရန်အတွက် ကစားသမားများသည် အဆင့်မြင့် အလွှာမြင့် ကွင်ပြင်ဘော့စ်များစွာကို သတ်ဖြတ်ရန်လိုအပ်ပြီး အဆင့်မြင့်ရတနာသေတ္တာတစ်လုံးကိုဖွင့်ခြင်း သို့မဟုတ် စိန်ခေါ်မှုတာဝန်တစ်ရပ်ကို ပြီးမြောက်ရန်လိုအပ်၏။ ကြွယ်သုံးပွင့်ဈေးဆိုင် အဆင့်တိုးမြင့်ခြင်းအစီအစဥ်ကို ကွင်းပြင်ဘော့စ်မှရရန်က လက်တွေ့မကျပေ။ အဆင့် (၅၀) သို့မဟုတ် အလွှာလေးကွင်းပြင်ဘော့စ်များသာလျှင် ပစ္စည်းများကျရန် အခွင့်အရေးရှိ၏။
ရတနာသေတ္တာများအတွက်မူ အဆင့်တိုးမြှင့်ခြင်းအစီအစဥ်က အဆင့် (၅၀) သို့မဟုတ် ထိုအထက်ရှိမြေပုံရှိ မဟူရာရွှေရတနာသေတ္တာများထဲတွင်သာ ပေါ်လာတာဖြစ်သည်။
စိန်ခေါ်ခြင်းတာဝန်အတွက်မူ ၎င်း၏ ခက်ခဲမှုက ဒဏ္ဍာရီလာတာဝန်နား ကပ်နေပြီဖြစ်သည်။ တာဝန်ကိုလက်ခံရန်အတွက် လိုအပ်သည့်ပိုက်ဆံက မည်သည့်အစည်းအရုံးများတွင်မဆို ကျော့စိမ့်သွားစေနိုင်၏။
နဂါးနက်အင်ပါယာထဲရှိ အလွှာနှစ်စကေးဆိုင်ကို ဥပမာယူနိုင်ပေသည်။ နဂါးဖီးနစ်ပွဲကြည့်စင်သည်။ ထိုဆိုင်ကို တိုးမြင့်ရန်အတွက် စိန်ခေါ်ခြင်းတာဝန်ကို လက်ခံခဲ့၏။ သို့သော် စူပါပထမတန်းအစည်းအရုံးသည် မအောင်မြင်ခင် တာဝန်ကို သုံးကြိမ်သုံးခါတိုင်တိုင် စိန်ခေါ်ခဲ့ရပြီး စိန်ခေါ်မှုတစ်ခုဆီက ရွှေပြားခြောက်ထောင် ကျသင့်ခဲ့၏။ သာမန်အစည်းအရုံးများက ယခုအချိန်တွင် တက်နိုင်မှာမဟုတ်ပေ။ စူပါပထမတန်းအစည်းအရုံးများနှင့် စူပါအစည်းအရုံးများက စိန်ခေါ်မှုတာဝန်ကို လက်ခံယူရန် လုံလောက်တာပဲရှိသည်။
ဆိုင်တစ်ဆိုင်ကို ကြယ်သုံးပွင့်အထိတိုးမြင့်ခြင်းက အင်မတန်ခက်ခဲသော်လည်း အခကြေးငွေတက်နိုင်သည့် မည်သည့်အစည်းအရုံးမဆို တိုးမြင့်ကြပေလိမ့်မည်။ ဆိုရလျှင် ကြယ်သုံးပွင့်ဈေးဆိုင်နှင့် ကြယ်နှစ်ပွင့်ဈေးဆိုင်ကြား ကွာဟချက်ကြီးရှိနေ၏။
အကြီးမာဆုံးကွာဟချက်က ဈေးဆိုင်တစ်ခုသည် ကြယ်သုံးပွင့်အဆင့်သို့ရောက်သွားသည်နှင့် ကြယ်တစ်ပွင့်ဈေးဆိုင်သည် ကြယ်နှစ်ပွင့်ဈေးဆိုင်သို့ အဆင့်တိုးမြင့်နိုင်၏။ ထိုတစ်ခုထဲကပဲ အမျိုးမျိုးသောအစည်းအရုံးကြီးများကို တောင့်ခဲသွားစေနိုင်ရန် လုံလောက်တာထက်ပိုသည်။ ထို့အပြင် ကြယ်သုံးပွင့်ဈေးဆိုင်က ကြယ်နှစ်ပွင့်ဈေးဆိုင်ထက် လုပ်ဆောင်ချက်ပိုများပေ၏။ ကြယ်နှစ်ပွင့်အဆင့်အတန်းသို့ရောက်ပြီးနောက် ဈေးဆိုင်တစ်ခုသည် အထူးအလုပ်ရုံများ ရရှိလာမည်ဖြစ်သည်။ ကြယ်သုံးပွင့်အဆင့်အတန်းသို့ရောက်ရှိပြီးနောက် အခြေခံကျင့်ကြံခြင်းအခန်းတောင် ရလာမည်ဖြစ်သည်။ ၎င်း၏ အမည်အတိုင်းပင် တရားထိုင်ခြင်းအခန်းက ကစားသမားများကို သူတို့၏ အတွေးများသုံသပ်နိုင်အောင် ခွင့်ပြုပေးသည့်နေရာ ဖြစ်သည်။ ထိုအပြင် တရားထိုင်အခန်းထဲရှိ သိပ်သည်းသောဝိညာဥ်ဓာတ်စွမ်းအားများကြောင့် ကစားသမားများသည် ကြည်လင်သည့်စိတ် ရရှိလာမည်ဖြစ်ကာ သူတို့၏ အရည်အချင်းများကို ဖော်ဆောင်ရာ၌ ပိုတော်လာပေလိမ့်မည်။ တစ်ဖက်တွင်မူ အထူးအလုပ်ရုံများကမူ လူတစ်ယောက်၏ စိတ်အခြေအနေကို ပတ်ဝန်းကျင်နှင့် လိုက်လျော့ညီထွေဖြစ်အောင် ပြောင်းလဲပေးရုံသာရှိသည်။
တရားထိုင်အခန်းများကလည်း အထူးအလုပ်ရုံများပိုင်ဆိုင်သည့် လုပ်ဆောင်ချက်တိုင်း ပါဝင်သည်။ ကစားသမားတစ်ဦးကို အခန်း၏ ပတ်ဝန်းကျင်အလိုက် အလိုက်သင့်ပြောင်းလဲပေသည်။
အတိတ်တုန်းက အမျိုးမျိုးသော ဘဝပုံစံသခင်များသည် အဆင့်မြင့်ဆိုင်များဆီသွားရန် ရွေးချယ်ရသည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ရပ်ဖြစ်ပေ၏။ ကောင်းမွန်သည့် ပတ်ဝန်းကျင်အခြေအနေက ဘဝပုံစံကစားသမားများအတွက် အရေးပါသည်။ သို့သော် အခြေခံတရားထိုင်အခန်းများက ကြယ်သုံးပွင့်ဈေးဆိုင်တွင်သာ ရှိသည်။ သို့သော် ကြယ်သုံးပွင့်ဈေးဆိုင်ထဲရှိ အခြေခံတရားထိုင်အခန်းများက မကောင်းသည့်အချက်နှစ်ချက်ရှိသည်။ ပထမအချက်က ကုန်ကျစရိတ်ဖြစ်၏။ အခန်းထဲရှိ ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုကို ထိန်းသိမ်းထားရန်အတွက် မှော်သလင်းများစွာသုံးစွဲရန် လိုအပ်သည်။ တစ်ရက်အတွက် ဝိညာဥ်ဓာတ်စွမ်ူအားသိပ်သည်းမှုကို ထိန်းသိမ်းထားနိုင်ရန် ကျသင့်ငွေက စုစုပေါင်းမှော်သလင်းသုံးရာ ဖြစ်သည်။ မှော်သလင်းတစ်ခု၏ တန်ကြေးက ငွေပြားနှစ်ဆယ့်ငါးပြားရောက်နေပြီ ဖြစ်သည်။ သလင်းအခုသုံးရာက ရွှေပြားခုနှစ်ဆယ့်ငါးပြားနှင့် ညီမျှ၏။ ထို့ကြောင့် တရားထိုင်အခန်းများက အဆင့်မြင့်အိုင်တမ်များ ထုတ်လုပ်ရာတွင်သာ အသုံးပြုကြ၏။
ဒုတိယအချက်ကမူ ၎င်း၏ အရည်အတွက်မလုံလောက်မှု ဖြစ်သည်။ ကြယ်သုံးပွင့်အဆင့်အတန်းတွင် ဈေးဆိုင်တစ်ဆိုင်က အခြေခံတရားထိုင်ခန်း သုံးခန်းသာပေးသည်။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကဲ့သို့ အဆောက်အဦးမျိုးအတွက်ဆို ဘဝပုံစံကစားသမားများစွာကို စိတ်ကျေနပ်စေရန် ဝေးသေးသည်။
” ထားလိုက်ပါတော့ …။ ပြောရရင် တစ်ခုမှမရှိတာထက်တော့ ကောင်းတာပဲလေ …။ လွမ်းဆွေးခြင်းက ဒါကို နောက်မှပူပန်လိမ့်မယ် …”
ရှီဖုန်းက ရယ်မောလိုက်၏။ ပြီးနောက် သူက အဆင့်တိုးမြင့်ခြင်းအစီအစဥ်ကို သိမ်းလိုက်၏။ လက်ရှိတွင် သူက မြစ်ဖြူမြို့သို့ပြန်ပြီး ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို ကြယ်သုံးပွင့်အဆင့်အတန်းသို့ မြင့်တင်ရန် စိတ်အားထက်သန်နေ၏။
ကျလာသည့်အိုင်တမ်များထဲတွင် အလွှာသုံးမှော်စာလိပ်၊ ပရောကဆေးရည် လေးပုလင်း၊ ပန်းပဲဒီဇိုင်းသုံးခုပါသည်။ ကျန်သည်က လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ ဖြစ်၏။ ထိုအိုင်တမ်များထဲတွင် တန်ဖိုးအရှိဆုံးမှာ အဆင့်တိုးမြင့်ခြင်းအစီအစဥ်မှအပ အံ့ဖွယ်အိုင်တမ်နှစ်ခု ဖြစ်သည်။ တစ်ခုက ကြေးခွံများလွှမ်းမိုးနေသော ဒိုင်းတစ်ခုဖြစ်ပြီး နတ်ရုမ်းများစွာ ထွင်းထုထားကာ နောက်တစ်ခုက အပြာနုရောင်ဝတ်ရုံ ဖြစ်သည်။