ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 884 ခရမ်းဧကရီကျောက်စိမ်း
နတ်ဘုရားနယ်မြေထဲတွင် စိတ်လေဟာနယ်စနစ် ရုတ်ခြည်းပေါ်ပေါက်မှုက အပြင်လောကကို သက်ရောက်မှုကြီးဖြစ်စေခဲ့သည်။ စနစ်သည် ယခင်ဘဝတုန်းက ထိုလုပ်ဆောင်ချက်ကို ပြသသည့်အချိန်၌ တစ်လောကလုံးရူးသွပ်သွားကြောင်း ရှင်းရှင်းလင်းလင်းမှတ်မိပေ၏။
စနစ်အသစ်မထုတ်ဖော်ခင် အဓိကကော်ပိုရေးရှင်းအချို့နှင့် ဘဏ္ဍာရေးအင်အားစုကြီးများက နတ်ဘုရားနယ်မြေထဲတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိကြသည်။ အများစုက လေ့လာချင်တာပဲ ဖြစ်၏။ ဥပမာအနေဖြင့် ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာဖြစ်သည်။ ကော်ပိုရေးရှင်း၏ အထက်အရာရှိများက နတ်ဘုရားနယ်မြေအကြောင်းသိသော်ငြား မည်သူကမှ ဂိမ်းကိုအာရုံမစိုက်ခဲ့ကြပေ။ ထိုအစား သူတို့က လေ့ကျင့်ရေးစင်တာ ဖွံ့ဖြိုးတိုးတက်ရန်သာ အာရုံစိုက်ထားကြသည်။ မြို့အတွင်းရှိ ကျန်သည့်ကော်ပိုရေးရှင်းများကလည်း တူညီသည့်အတွေးများရှိပေ၏။ ဆိုရလျှင် အကျိုးအမြတ်ရှင်းရှင်းလင်းလင်းမရှိပဲ ဂိမ်းထဲ၌ မည်သူက အဆင်အခြင်မဲ့စွာ ရင်းနှီးမြှုပ်နှံမည်နည်း။
သို့သော် စနစ်သစ် ရောက်ရှိလာသည့်အချိန်တွင် ထိုအဖွဲ့အစည်းများသည် မတောင့်ခံနိုင်တော့ချေ။ ကော်ပိုရေးရှင်းများက နတ်ဘုရားနယ်မြေထဲတွင် ရင်းနှီးမြှုပ်နှံပြီး အစာသွပ်မုန့်ကို ဝေမျှခွင့်ရရန် မျှော်လင့်နေကြသည်။ ထိုလူများကြောင့် ဂိမ်းငွေကြေးများသည် ဖောင်းပွမှုဖြစ်လာတော့၏။ ရှီဖုန်းသည် တန်ကြေးများမြင့်တက်လာမှုကို အမြတ်ထုတ်ခြင်းဖြင့် ဥစ္စာအချို့တောင် ရခဲ့ပေ၏။ အခြေအနေကို တွေးကြည့်ပြီးနောက် ရှီဖုန်းက လွမ်းဆွေးခြင်းအပြုံးနှင့် ရေနှင်းဆီတို့ကို ချက်ချင်းခေါ်ကာ နတ်ဘုရားနယ်မြေထဲသို့ ပြန်လည်ဝင်ရောက်သည်နှင့် ဂိမ်းငွေကြေးများကို ဝယ်နိုင်သမျှဝယ်ရန် ညွှန်ကြားလိုက်၏။ သူတို့သည် ယခုအချိန်၌ ဂိမ်းငွေကြေးများပိုများလေလေ နောင်တွင်အကျိုးအမြတ်ပိုရှိလေဖြစ်၏။
ခုနှစ်စင်ကြယ်လေ့ကျင်ရေးစင်တာ၏ ဧည့်ကြိုခန်းထဲတွင် လူရွယ်တစ်ဦးက နူးညံ့သောအဖြူရောင်ကျားသစ်သရေဖြင့် ပြုလုပ်ထားသည့် ဆိုဖာပေါ်တွင် ထိုင်နေ၏။ သူ၏ တစ်ဖက်တစ်ချက်ဆီတွင် အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်ရပ်နေသည်။ ထိုအမျိုးသားနှင့် အမျိုးသမီးက အသက် (၁၈) (၁၉) ဝန်းကျင်သာရှိသေးသည်။ သို့သော် သူတို့နှစ်ယောက်လုံးက ကိုယ်ခံပညာရှင်တစ်ဦး၏ အရှိန်အဝါမျိုးရှိသည်။
” ဦးလေးယွမ် …။ ဒီရှီဖုန်းက မောက်မာလွန်းတာပဲ …။ သုက ကျွန်တော်တို့ကို ဒီလောက်အကြာကြီး စောင့်ထားနိုင်တယ် …။ ခုနှစ်စင်ကြယ်ရဲ့ ဒါရိုက်တာတောင် ဒီလို လျစ်လျူမရှုရဲဘူး …”
ဝတ်ရုံပြာ ကိုယ်ခံပညာဝတ်စုံကိုဝတ်ထားသည့် လူငယ်က စိတ်မရှည်လက်မရှည် မျက်မှောင်ကြုတ်လိုက်၏။
လျှို့ဝှက်မျှော်စင်သည် စူပါအစည်းအရုံးများနှင့် မတူသော်ငြား အပြင်လောကတွင်မူ သိသာသည့်လွှမ်းမိုးမှုရှိနေသေးသည်။ ထို့အပြင် လျှို့ဝှက်မျှော်စင်က လက်တလောတွင် နိုင်ငံတကာကော်ပိုရေးရှင်းတသ်ချို့နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားခဲ့ပြီး ၎င်း၏ အဆင့်အတန်းကို မြင့်တင်ခဲ့သည်။ ဤမြို့အတွင်းရှိ ကော်ပိုရေးရှင်းတိုင်းက မျှော်စင်၏ မျက်နှာသာပေးမှုကိုရရန် စိတ်အားထက်သန်တာထက် ပိုနေကြသည်။ ထိုသို့တိုင် သူတို့ လူကိုယ်တိုင်လာရောက်လည်ပတ်ပြီးသည့်နောက် ရှီဖုန်းက ကိုယ်တိုင်မကြိုဆိုရုံသာမက ဆယ်မိနစ်ကြာပြီးသည့်တိုင် ရှီဖုန်းကို မည်သည့်နေရာတွင်မှ ရှာမတွေ့ရပေ။ သူက သူတို့ကို အလေးမထား။
” ငါတို့ အလျင်မလိုဘူး …။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကိုတွေ့ဖို့အတွက် သူမငြင်းခဲ့ဘူးလေ …”
ယွမ်ထျယ်ရှင်းကပြောပြီး ရယ်မောလိုက်၏။
” ဒါအပြင် ငါတို့တွေက ဇီးရိုးဝင်းနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့သူတွေလေ …။ အနည်းအကျင်းစောင့်စားရတာက အရေးမကြီးဘူး …။ မင်းက မထီလေစားနိုင်လွန်းတယ် …။ ဒါကြောင့် မင်းရဲ့စိတ်ကိုထိန်းဖို့ အသည်းအရုံးခေါင်းဆောင်က ပြောတာပဲ …။ ဝန်ဟွားဆီကနေ မင်းသင်သင့်တယ် …”
ယွမ်ထျယ်ရှင်း၏ စကားများကိုကြားသောအခါ လူငယ်က ယွမ်းထျယ်ရှင်း၏ဘေးတွင် ရပ်နေသည့် မိန်းမလှဘက်ကိုလှည့်ကြည့်ပြီး တိတ်ဆိတ်သွားတော့သည်။ သူက ပြန်ပြောရန် အရည်အချင်းမမှီပေ။
လျှို့ဝှက်မျှော်စင်အတွင်းပိုင်း၌ ပြုစုပျိုးထောင်ထားခဲ့သည့် ကျွမ်းကျင်သူများကြားထဲတွင် မဟာပါရမီရှင် သုံးယောက်ရှိသည်။ သုံးယောက်ထဲတွင် နာမည်အကြီးဆုံးက အေးစက်ဆောင်းဦးဖြစ်ပြီး သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် သန့်စင်ခြင်းနယ်ပယ်တစ်ဝက်ကို တက်လှမ်းနိုင်ခဲ့ရာ သန့်စင်ခြင်းနယ်ပယ်သို့ တရားဝင်ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ အေးစက်ဆောင်းဦးထက် အနည်းငယ်စောစီးစွာ ဝင်ခဲ့သည့် ဝန်ဟွားကလည်း နောက်မှ ကပ်ပါလာ၏။
လျှို့ဝှက်မျှော်စင်၏ မွန်းစတားအိုကြီးများသာ ဝန်ဟွား၏ တိုက်ပွဲဝင်ပါရမီကို ထပ်ခါထပ်ခါချီးကျူးကြသည်။ သူမက နယ်မြေပိုင်ဆိုင်နိုင်ရန် အခွင့်အရေး အတော်လေးမြင့်သည့်ဟု သူတို့ ကောက်ချက်ချကြသည်။
သူတို့ကဲ့သို့ လူများအတွက် နယ်မြေဟူသည် မက်မောစရာပဲဖြစ်သည်။ သို့သော် သန့်စင်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရသည်ကပင် အင်မတန်ခက်ခဲနေပြီဖြစ်ရာ နယ်မြေဘုံသို့ရောက်ရှိရန်ဆို ပြောနေရန်မလိုတော့ချေ။
စူပါအစည်းအရုံးများထဲတွင်တောင် ထိုကဲ့သို့သောလူမျိုးကို အင်မတန်ရှားပါးလှ၏။
ဝန်ဟွားအပေါ် သူတို့၏ မြင့်မားသောအမြင်များအကြောင်း မြင့်မားစွာပြောဆိုလေ့ရှိကြပြီး မိစ္ဆာအိုကြီးများ၏ အကဲဖြတ်မှုကလည်း မြင့်လွန်းနေ၏။
လူငယ်က ဝန်ဟွားနှင့် ယှဥ်ရန်ကြိုးစားခဲ့လျှင် သူတို့ကြားရှိ ကွာဟချက်က မိုးနှင့် မြေနယ်ဖြစ်နေမှာပင်။ သူမကို သူမယှဥ်နိုင်ချေ။
ယွမ်ထျယ်ရှင်းပြောပြီးသည်နှင့် ရှီဖုန်းက လျန်ကျန်းနှင့်အတူ ဝင်လာ၏။
” စောင့်ထားခိုင်းရတဲ့အတွက် တောင်းပန်ပါတယ် …”
ရှီဖုန်းက ပြောပြီးနောက် ယွမ်ထျယ်ရှင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။ သူက ယွမ်ထျယ်ရှင်းဘေးရှိ အမျိုးသားနှင့် အမျိုးသမီးကိုဟတစ်ချက်ကြည့်သောအခါ အံ့သြမှင်သက်သွား၏။ သို့သော် ထိုအမူအရာကို မပြလိုက်ပေ။ ရှီဖုန်းသည် ယွမ်းထျယ်ရှင်းဘေးရှိ မဟာအလှလေးကို သိသည်။
ခရမ်းဧကရီကျောက်စိမ်း
ယင်းက ဂိမ်းဇာတ်ကောင်နှင့် အနည်းငယ်ကွာခြားနေသော်ငြား ကွာဟချက်က အနည်းအကျင်းမျှသာ ဖြစ်သည်။ သို့သော် သူမက အလွန်ငယ်ရွယ်နေပြီး ရင့်ကျက်ပုံရ၏။ အတိတ်တုန်းက သူမ ပိုင်ဆိုင်ခဲ့သည့် မောက်မာထောင်လွှားသော အရှိန်အဝါများလည်း မရှိပေ။
ရှီဖုန်းက ခရမ်းဧကရီကျောက်စိမ်းနှင့် ရင်းနှီးနေပေသည်။ အကြောင်းမှာ သူမထံမှ လေဟာနယ်ခြေလှမ်းကို သင်ယူခဲ့ဖူးသောကြောင့် ဖြစ်၏။ သူမ၏ တိုက်ပွဲဝင်ဗွီဒီယိုများကို အချိန်မည်မျှများမျ ကြည့်ခဲ့လည်းဆိုတာကို မေ့သွားပြီဖြစ်သည်။ သူမ၏ ရုပ်ရည်သွင်ပြင်က အနည်းငယ်ကွဲပြားနေလျှင်တောင် တစ်ချက်ကြည့်ရုံဖြင့် သူမကို မှတ်မိသေးသည်။
သူဒီကို ဘာကြောင့် ရောက်လာတာလဲ။ ရှီဖုန်းက တွေးတောနေမိသည်။
ရှီဖုန်း နားလည်သဘောပေါက်ပုံအရ ခရမ်းကျောက်စိမ်းသည် လျှို့ဝှက်မျှော်စင်၏ ပါရမီရှင်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ မျှော်စင်၏ အထက်အရာရှိများက သူမကို မျက်နှာသာပေးပြီး မျှော်စင်အတွင်းရှိ သူမအဆင့်အတန်းက အစည်းအရုံးအကြီးအကဲများနှင့် ယှဥ်နိုင်ပေ၏။ ချဲ့ကားပြောရလျှင် သူမ၏ ရာထူးက ယွမ်းထျယ်ရှင်း၏ရာထူးထက် မနိမ့်ပေ။ လျှို့ဝှက်မျှော်စင်သည် ထိုကဲ့သို့သော ကျောက်စိမ်းကို ဤနေရာသို့ လာခွင့်အဘယ်ကြောင့် ပေးသနည်း။
သူမသည် သက်တော်စောင့်တစ်ယောက်သဖွယ်ရပ်နေ၏။
ရှီဖုန်းသည် သူ၏ လေ့လာမှုကို ဖုံးကွယ်ထားသော်ငြား ယွမ်ထျယ်ရှင်းကဲ့သို့ မြေခွေးအိုကြီး၏ သတိပြုမှုထံမှ မလွတ်မြောက်နိုင်ပေ။ ဝန်ဟွားအပေါ် ရှီဖုန်း၏ သတိပြုမှုများကိုမြင်သောအခါ ယွမ်ထျယ်ရှင်းက ပြောလိုက်၏။
သူတို့၏ အစည်းအရုံးခေါင်းဆောင်သည် ဇီးရိုးဝင်းကို ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် ဝန်ဟွားကိုပို့ခဲ့တာ ဖြစ်သည်။
လက်တလော၌ ဇီးရိုးဝင်းသည် အဟုန်များများရနေတာ ဖြစ်သည်။ အစည်းအရုံးက လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာရုံသာမက အမှောင်ပြိုင်ကွင်းထဲတွင် အစည်းအရုံး၏ လုပ်ဆောင်ချက်ကလည်း မှင်သက်စရာဖြစ်သည်။ ဇီးရိုးဝင်းက မည်သည့်အစည်းအရုံးကိုမှမကြောက်။ လျှို့ဝှက်မျှော်စင်က ဇီးရိုးဝင်းနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပါက ဇီးရိုးဝင်း၏ဖြစ်စဥ်ကို နောင်နှေးစေရမည်ဖြစ်ကာ သူတို့ကဲ့သို့ ထင်ရှားသူများသည် အပေါ်ယံတွင် ထင်ရသကဲ့သို့ မရိုးရှင်းကြောင်း တည်ထောင်ခါစအစည်းအရုံးကို တင်ပြရမှာဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ညှိနှိုင်းရာတွင် ပိုလွယ်ကူလာပေလိမ့်မည်။
သို့သော် ရှီဖုန်း၏ သိမြင်နားလည်မှုက ယွမ်ထျယ်ရှင်းကို အတော်လေးအံ့သြသွားစေ၏။ ဝန်ဟွား၏ ခွန်အားကို လူငယ်မြန်မြန်ဆန်ဆန် ခန့်မှန်းမိမည်ဟု သူမထင်ထားချေ။
” ကျုပ်နဲ့ ဘာကိစ္စများ ဆွေးနွေးချင်လဲဆိုတာ သိခွင့်ရမလား …”
ရှီဖုန်းသည် အံ့သြနေရာမှ သတိဝင်လာပြီးနောက် မေးလိုက်၏။
” လျှို့ဝှက်မျှော်စင်က ဇီးရိုးဝင်းကို မျက်နှာသာပေးမယ်လို့ မပြောခဲ့ဖူးလား …။ ရိုးရိုးရှင်းရှင်းပြောရရင် ပူးပေါင်းဆောင်ရွက်ဖို့ ဒီရောက်လာတာပဲ …။ ဒါကြောင့် အစည်းအရုံးခေါင်းဆောင်ဘလက်ဖလိမ်းနဲ့ ကျုပ်ကို မိတ်ဆက်ပေးစေချင်တယ် …။ ဒါမှမဟုတ် ဆုံးဖြတ်ချက်ချမှတ်ဖို့ အာဏာရှိတဲ့ အစည်းအရုံးရဲ့ အထက်အရာရှိတွေထဲက တစ်ယောက်ကိုပေါ့ …”
ယွမ်ထျယ်ရှင်းက ဖြည်းဖြည်းခြင်းရှင်းပြလိုက်၏။
” ပူးပေါင်းဆောင်ရွက်ဖို့လား …”
ရှီဖုန်းက ဆက်မေးလိုက်သည်။
” ဟုတ်ပြီ …။ လျှို့ဝှက်မျှော်စင်က ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုး စိတ်ထဲရှိနေတာလဲ …”
” ဇီးရိုဝင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စက လျှို့ဝှက်ထားတာ …။ မင်းမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိလား …။ မရှိရင်တော့ မင်းမသိသင့်တဲ့အရာကို ဝင်မမေးနဲ့ …”
လူငယ်က ဝင်ပြောသည်။
ယွမ်ထျယ်ရှင်းက လူငယ်၏ စကားကို ပြန်လှန်မပြောပဲ အခြေအနေကိုသာ ကြည့်နေသည်။ သူပြောတာ သံသယဖြစ်စရာ မရှိပေ။ လူငယ်၏ စကားကို သူလက်ခံပေ၏။ ရှီဖုန်းသည် စပ်စုသူဟုသာ သူတွေးနေမိတာ ဖြစ်သည်။ ရှီဖုန်း၌ အလားအလာကောင်းရှိပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ဇီးရိုးဝင်း၏ အလုပ်ရုံအရေးကိစ္စတွင် ပါဝင်ရန်အရည်အချင်းရှိလျှင်တောင် သူသည် ဇီးရိုးဝင်း၏ အလယ်အဆင့်စီမံခန့်ခွဲသူမျှသာ ဖြစ်သည်။ အစည်းအရုံးများကြားရှိ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန်အရည်အချင်းမရှိပေ။
ကံကောင်းသည်မှာ ရှီဖုန်းက လူငယ်၏ လေသံကြောင့် သူ့ကိုဒေါသမထွက်စေပေ။ ဆိုရလျှင် အပြင်လူများအဖို့ သူသည် ဇီးရိုးဝင်း၏ စီမံခန့်ခွဲသည့်အဖွဲ့ဝင်တစ်ဦးမျှသာ ဖြစ်သည်။
” ခင်ဗျားရဲ့ စိုးရိမ်ပူပန်မှုကို ကျုပ်နားလည်ပါတယ် …။ ဒါပေမဲ့ ခင်ဗျားဆွေးနွေးချင်တဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆုံးဖြတ်ချက်ချပိုင်ခွင့် ကျုပ်ပိုင်ဆိုင်တယ် …။ မယုံကြည်ရင် နတ်ဘုရားနယ်မြေထဲက ကျုပ်တို့ရဲ့ အစည်းအရုံးခေါင်းဆောင်ကို ဆက်သွယ်နိုင်တယ် …”
ရှီဖုန်းက ခေါင်းခါပြီးနောက် ရယ်မောလိုက်၏။
ယွမ်ထျယ်ရှင်းသည် ရှီဖုန်း၏ တုံ့ပြန်ချက်ကြောင့် အနည်းငယ်အံ့သြမှင်သက်သွားသည်။ အချိန်အတိုင်းအတာတစ်ခုအတွက် သူပြောစရာမဲ့သွားတော့၏။
” ဇီးရိုးဝင်းက ပါရမီရှင်အသစ်ကိုသုံးဖို့ အတင့်ရဲလွန်းနေတာလား …။ ဒါမှမဟုတ် အစည်းအရုံးမှာ အလုပ်အပ်သရာလူမရှိတာလား …”
” ဒီလို အရေးကြီးတဲ့ အစည်းအရုံးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် လူတစ်ယောက်ကို ခွင့်ပြုစေဖို့ ယုံကြည်ချက် ဘယ်လောက်ပိုင်ဆိုင်ထားရမှာလဲ …”
လက်ရှိအခြေအနေထဲတွင် ဇီးရိုးဝင်းဖွံ့ဖြိုးတိုးတက်မှုက အစည်းအရုံးသည် အစွမ်းထက်သောနောက်ခံပိုင်ဆိုင်ကြောင်း ပြသနေတာပဲ ဖြစ်သည်။ လိမ်နေသူ သို့မဟုတ် မျက်ကန်းအရူးတစ်ယောက်မဟုတ်လျှင် လူတိုင်းက ဒါကို ပြောနိုင်ပေ၏။ ထိုကဲ့သို့ အစွမ်းထက်သောအဖွဲ့အစည်း၏ အမျိုးမျိုးသော အထက်အရာရှိများကလည်း အနည်းဆုံးတော့ အသက်သုံးဆယ်ဝန်းကျင် ရှိနေလောက်သည်။ ကောက်မက်ဖွယ်ကောင်းလှအောင် ထူးချွန်သည့် ပါရမီရှင် သို့မဟုတ် အစွမ်းထက်သည့်နောက်ခံရှိသူမှအပ ဖြစ်သည်။ သို့သော် ယွမ်ထျယ်ရှင်းက ရှီဖုန်းအကြောင်း စစ်ဆေးခဲ့ပြီဖြစ်ရာ သူမည်သည့်ရလဒ်ကိုပဲကြည့်ကြည့် ရှီဖုန်းသည် ဘာကောင်မှ မဟုတ်ပေ။
” မင်းရဲ့ ဂိမ်းအိုင်ဒီကို သိလို့ရမလား …”
ယွမ်ထျယ်ရှင်းက ညင်သာစွာမေးလိုက်သည်။