ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 890 နက်နဲသည့် အုတ်မြစ်
ကျယ်ဝန်းသည့် ခန်းမထဲတွင် လေထဲဝဲလွင့်နေသော ဧရာမဖန်သားပြင်နားတစ်ဝိုက် လူတစ်ရာကျော် စုဝေးနေကြသည်။
” ဒီလူသစ်က တကယ်ကံဆိုးတာပဲ …”
” သူက စတင်သူရဲ့ လေ့ကျင့်မှုတောင် မရှဘဲနဲ့ ဝါရင့်တစ်ယောက်ကို တကယ်ကြီး စိန်ခေါ်နေတယ် …”
” လူသစ်တွေအားလုံးက ဒီလိုပါပဲကွာ …။ သူတို့ရဲ့ ကိုယ်ပိုင်အစည်းအရုံးမှာ သန်မာတာကြောင့် ကြမ်းတမ်းခြင်းဝက်ဝံကို အနိုင်ယူနိုင်မယ်လို့ သူတို့က ထင်နေတယ် …။ တိုက်ပွဲဝင်အမှတ်တွေက ရဖို့လွယ်တယ်လို့ သူထင်နေတာလား …”
လူတိုင်းက ဖန်သားပြင်ကိုကြည့်ပြီး ပျော်ရွှင်စွာ ပြောဆိုနေကြသည်။ ထိုကဲ့သို့သော တိုက်ပွဲမျိုးက သူတို့၏ ဘဝအတွက် အကြိုက်တွေ့စေသည် ဖျော်ဖြေမှု ဖြစ်လာခဲ့သည်။
ဝါရင့်တွေကို အနိုင်ယူနိုင်ဖို့ လူသစ်တွေရဲ့ အခွင့်အရေးအတွက်ကရော။ သူတို့အဖြေက ဟား ဟား ဟူသော အဓိပ္ပါယ်ပါသည့် ရယ်သံတစ်ခုသာ ရှိသည်။
” လုံလောက်သွားပြီ …။ ကြမ်းတမ်းခြင်းဝက်ဝံက လူသစ်တစ်ယောက်ကို တကယ်အနိုင်ကျင့်နေတာပဲ …။ လောတလောကမှ လူသစ်တစ်ယောက်ကို လိမ်ပြီတာ …။ အခုထပ်ပြီး လိမ်နေပြန်ပြီ …”
ကုံးဟောက်ရန်က တိုက်ပွဲတစ်ပွဲကို သတိပြုမိသည့်အချိန်တွင် သက်ပြင်းချလိုက်၏။
” ကြမ်းတမ်းခြင်းဝက်ဝံကို စိန်ခေါ်တဲ့လူက လူသစ်လို့ သူတို့ပြောခဲ့တာမလား …။ သူက အသစ်ရောက်လာတဲ့သူကို စိန်ခေါ်တယ်လို့ မင်းတို့ဘာကြောင့်ပြောတာလဲ …”
ရှီဖုန်းက သိချက်စိတ်ဖြင့် မေးလိုက်၏။
” အဲဒါက ဒီလို …။ လူသစ်တွေမှာ တိုက်ပွဲဝက်အမှတ်တစ်ရာပဲ ရှိတယ် …။ ကြမ်းတမ်းခြင်းဝက်ဝံက တိုက်ပွဲဝင်အမှတ်ငါးရာ လောင်းကြေးထပ်တယ် …။ ဒီကိုရောက်လာတဲ့ လူတိုင်းနီးပါးက သူတို့ကိုယ်ပိုင်အစည်းအရုံးမှာ ထိပ်တန်းအလွှာကျွမ်းကျင်သူတွေပဲလေ …။ အဲ့လိုမှမဟုတ်ရင် အလားအလာကြီးမားတဲ့ သူတွေပဲ …။ ဒီလိုလူတွေက သူတို့ရဲ့ခွန်အားကို အတော်လေးယုံကြည်ချက်ရှိတာပေါ့ …”
ကုံးဟောက်ရန်က ရှင်းပြလိုက်၏။
” ဘယ်လိုပဲဖြစ်ဖြစ် လျှို့ဝှက်မျှော်စင်ရဲ့ ကျွမ်းကျင်သူတွေက သာမန်မဟုတ်ဘူးဆိုတာ သူတို့ မမေ့ထားသင့်ဘူး …။ မျှော်စင်ရဲ့ ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေက ဒီလေ့ကျင့်ရေးစနစ်မှာ နေရာတစ်ခုရနိုင်တာလေ …”
” ဒီလူတွေက နောင်ကျ လျှို့ဝှက်မျှော်စင်ရဲ့ အလယ်အဆင့်စီမံခန့်ခွဲမှုရဲ့ အဖွဲ့ဝင်တွေဖြစ်လာနိုင်ချေများတယ် …။ ဒါ့အပြင် လေ့ကျင့်ရေးစနစ်ထဲမဝင်ခင်တောင် သူတို့တွေက ဘယ်ပထမတန်းအစည်းအရုံးတွေမှာမဆို ထိပ်တန်းအလွှာကျွမ်းကျင်သူဖြစ်ဖို့ လုံလောက်အောင်သန်မာပြီးသား …။ တစ်လကျော် လေ့ကျင့်ပြီးတဲ့နောက် သူတို့ရဲ့ တိုက်ပွဲဝင်စံသတ်မှတ်ချက်က သိသိသာသာတိုးတက်လာတာ …”
” ကြမ်းတမ်ခြင်းဝက်ဝံက အတော်သန်မာတယ် …။ လေ့ကျင့်ရေးအဖွဲ့ဝင် သုံးရာကြားမှာ သူက အဆင့် (၁၄၁) ပဲ …။ လူသစ်တွေက သူ့ကို ရန်မစသင့်ဘူး …”
ရှီဖုန်းက ကုံးဟောက်ရန်ပြောတာကို ထောက်ခံ၏။ နတ်ဘုရားနယ်မြေထဲတွင် ပထမတန်းအစည်းအရုံးများနှင့် စူပါပထမတန်းအစည်းအရုံးများက ကွဲပြားခြားနားသည့်ကမ္ဘာတွင် နေထိုင်တာဖြစ်သည်။ ပထမတန်းအစည်းအရုံးထဲတွင် ပါရမီရှင်ဟူသည် ကစားသမားတစ်ဦးက စူပါအစည်းအရုံးထဲတွင် အပိုသာဖြစ်နေမှာပင်။ အမှန်တကယ်တွင် နှစ်စဥ်နှစ်တိုင်း အထူးချွန်ဆုံးလူသစ်များက စူပါအစည်းအရုံးများမှ သို့မဟုတ် စူပါပထမတန်းအစည်းအရုံးများမှ လာတာဖြစ်သည်။
ထူးချွန်ထက်မြတ်သောလူသစ်က ပထမတန်းအစည်းအရုံးထဲတွင် ပေါ်ပေါက်လာလျှင်တောင် သူတို့၏ မွေးရာပါကျောက်ခမန်လိလိ ပါရမီကြောင့်သာ ဖြစ်သည်။
ဂျမ်းတဲလ်စနိုးသည် ထိုကဲ့သို့ ဥပမာတစ်ရပ် ဖြစ်ပေ၏။
” ဒါက စိတ်ဝင်စားစရာပဲ …”
ရှီဖုန်းက ရေရွက်ပြောပြီးနောက် ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ကိုကြည့်လိုက်သည်။
ဖန်သားပြင်၏ တစ်ဖက်တွင် ကိုလာထက်တောင် ပိုအရပ်မြင့်ပြီး ပိုကြံ့ခိုင်သည့် လူတစ်ယောက်တောင်ရပ်နေသည်။ ထိုလူက တိုက်ပွဲဝင်ပုဆိန်ကိုကိုင်ဆောင်ထားပြီး ရှေးစစ်သည်တော်အမျိုးအစားကို ရွေးချယ်ခဲ့၏။ ရှေးစစ်သည်တော်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည့်သူက ကြယ်တာရာမဟာမိတ်မှ ဓာတ်ကြီးလေးပါးအသုံးပြုသူဖြစ်ကြောင်း သူမှတ်မိလိုက်သည်။ ငှက်မွှေးနီက နတ်ဘုရားနယ်မြေထဲရှိပုံနှင့် တစ်ထပ်ထဲပင် ဖြစ်သည်။ နတ်ဘုရားနယ်မြေထဲဝင်စဥ်က သူ၏ သွင်ပြင်ကို ရှီဖုန်းကဲ့သို့ မပြင်ဆင်ခဲ့တာ ရှင်းလင်း၏။ ရှီဖုန်းသည် နတ်ဘုရားနယ်မြေထဲကပုံနှင့် အတော်လေးကွဲပြားခြားနေပေ၏။
လက်တလော နတ်ဘုရားနယ်မြေ၏ ကျွမ်းကျင်သူစာရင်း အဆင့်မြင့်တင်ရာတွင် ငှက်မွှေးနီက အဆင့် (၉၃၄) ရှိခဲ့သည်။ သူ၏ အဆင့်က ကျွမ်းကျင်အနည်းငယ်ပေါ်ပေါက်လာမှုကြောင့် အနည်းငယ်ကျသွားသော်ငြား သူကို လျော့မတွက်သင့်ပေ။
တုပခြင်းလေ့ကျင့်ရေးစနစ်က နတ်ဘုရားနယ်မြေကို တုပရာတွင် ပြီးပြည့်စုံလုနီးပါးရှိသည်။ သို့သော် လေ့ကျင့်ရေးစနစ်တွင် လူတိုင်း၏ အခြေခံအရည်အချင်းများက ပုံမှန်ဖြစ်သွားပြီး သူတို့၏အဆင့်က သုံးဆယ်လျော့သွား၏။ ဤချပ်ဝတ်တန်ဆာများက မည်သည့်ထပ်တိုးအပိုဆောင်းအဖည်အချင်းများ မပေးပေ။ သူတို့ပိုင်ဆိုင်ထားသည့် စကေးများကလည်း အမျိုးအစား၏ အခြေခံစကေးများအဖြစ် ကန့်သတ်ခံထားရသည်။ စနစ်တွင် ထူးခြားသည့်စကေး မရှိပေ။ တိုက်ပွဲများက လူတစ်ယောက်၏ နည်းစနစ်ပေါ်သာ မူတည်နေ၏။
တိုက်ပွဲစတင်သည်နှင့် ငှက်မွှေးနီက ရေခဲမြားကိုအသုံးပြုပြီး ရှေးစစ်သည်တော်များ၏ လှုပ်ရှားမှုများကို ဟန့်တားရန် ရေခဲနံရံများသို့မဟုတ် ရေခဲလုံးများဖြင့် ကြမ်းတမ်းခြင်းဝက်ဝံကို တိုက်ခိုက်တော့၏။
သာမန်ကျွမ်းကျင်သူများက ထိုကဲ့သို့ နှစ်ဖက်တိုက်ခိုက်မှုကို ဖြေရှင်းနိုင်မှာ မဟုတ်ပေ။
သို့သော် ကြမ်းတမ်းခြင်းဝက်ဝံက အနှောက်အယှက်မဖြစ်ပေ။ သူက ရေခဲမြားများကို အလွယ်တကူရှောင်တိန်းလိုက်ရုံသာမက သူနှင့် ရန်သူဓာတ်ကြီးလေးပါးအသုံးပြုသူကြားရှိ အကွာအဝေးတိုတောင်းသွားစေရန်အတွက် သူ၏ ရှောင်တိန်သည့်ဗျူဟာကို အသုံးပြုလိုက်သည်။ ကြမ်းတမ်းခြင်းဝက်ဝံက ငှက်မွှေးနီကို ထပ်ခါထပ်ခါနောက်ဆုတ်အောင် ဖိအားပေးနေ၏။
ဆယ့်စက္ကန့်မျှဖြင့် ငှက်မွှေးနီသည် HP တစ်ဝက်ခန့် ဆုံးရှုံးသွားပြီဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကြမ်းတမ်းခြင်းဝက်ဝံသည် ရေခဲမြားအချို့ကို ပိတ်ဆို့ခြင်းနှင့် သူ၏ ပုဆိန်ဖြင့် မီးဘောလုံးများကို ပိတ်ဆို့ခြင်းကြောင့် (၁၀) ရာခိုင်နှုန်းဝန်းကျင်သာ ဆုံးရှုံးသေး၏။ ထို့အပြင် ငှက်မွှေးနီ၏ ဘလင့်ခ်အသုံးပြုမှုက ကုန်ခမ်းသွားပြီဖြစ်ရာ အခုဆိုရှေးစစ်သည်တော်၏ သက်ညှာမှုအောက်တွင် ရောက်နေပြီဖြစ်သည်။
ရှီဖုန်း၏ အမြင်တွင် ငှက်မွှေးနီ၏ လုပ်ဆောင်ချက်က အတော်လေးကောင်းပေ၏။ သူသာ သာမန်ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ခဲ့ရလျှင် သူ၏ အဆုံးမရှိလုပ်ကြံတိုက်ခိုက်မှုနှင့် ရေခဲနံရံများကြောင့် အောင်ပွဲများပေါက်ဖွားနေပြီ ဖြစ်သည်။ ကံဆိုးသည်မှာ ကြမ်းတမ်ခြင်းဝက်ဝံက သာမန်ကျွမ်းကျင်သူမဟုတ်ပေ။
သာမန်ကျွမ်းကျင်သူများသည် ရုပ်ပိုင်ဆိုင်ရာထိန်းချုပ်မှု မလုံလောက်ပေ။ ငှက်မွှေးနီ၏ တိုက်ကွက်များကိုရင်ဆိုင်ရာတွင် သူတို့သည် ရှောင်တိန်းခြင်း ပိတ်ဆို့ခြင်းတို့ဖြင့် အလုပ်များနေမှာပဲ ဖြစ်သည်။ တစ်ဖက်တွင်မူ ကြမ်းတမ်းခြင်းဝက်ဝံက သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရာတွင် ထူးချွန်ပေ၏။ သူသည် သေရေးရှင်းရေးအခိုက်အတန့်အတွင်း လိုအပ်သည့်လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပြီး ငှက်မွှေးနီ၏ တိတိကျကျတိုက်ကွက်များကို အလွယ်တကူရှောင်တိန်းကာ သူ၏ ရန်သူနားဖြည်းဖြည်းခြင်းချဥ်းကပ်သွားပြီး ဓာတ်ကြီးလေးပါးအသုံးပြုသူကို ထောင့်ရောက်အောင် တွန်းပို့နိုင်သည်။
တိုက်ပွဲမစတင်ကတောင် ရလဒ်က ဆုံးဖြတ်ထားပြီ ဖြစ်၏။ လက်ရှိတွင် ငှက်မွှေးနီက သန့်စင်ခြင်းနယ်ပယ်တစ်ဝက်သို့တောင် မရောက်သေးပေ။ သူသည် ကြမ်းတမ်းခြင်းဝက်ဝံကို ရင်ဆိုင်ရာတွင် ရပ်တည်နိုင်ချေမရှိ။ ကြမ်းတမ်းခြင်းဝက်ဝံက သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီးပြီဖြစ်၏။ သူတို့၏ တိုက်ပွဲဝင်စွမ်းအားကွာဟချက်က မိုးနှင့်မြေနယ် ကွာဟနေ၏။ နှစ်ဖက်လုံးက အရည်အချင်းမတူညီပေ။ အထူးသဖြင့် စကေးများ၊ လက်နက်များမရှိရာ ငှက်မွှေးနီက အနိုင်ရရန် အခွင့်အရေးမရှိပေ။
မိနစ်ဝက်မပြည့်မီ၌ ကြမ်းတမ်းခြင်းဝက်ဝံက ငှက်မွှေးနီနား ချဥ်းကပ်သွားပြီးနောက် ဓာတ်ကြီးလေးပါးအသုံးပြုသူ၏အသက်ကို လေပွေရိုက်ချက်ဖြင့် နုတ်ယူသွားတော့၏။
” ဟား … ဟား … ဟား … ငတုံးလေး …။ မင်းဆုံးရှုံးသွားတဲ့ အမှတ်တစ်ရာကို ပညာသင်စရိတ်အဖြစ် သတ်မှတ်လို့ရတယ် …။ အမှတ်ထပ်လိုချင်တဲ့အခါ ငါတို့ ထက်ပြိုင်ကြတာပေါ့ …”
ကြမ်းတမ်းခြင်းဝက်ဝံဟု သိကြသည့်သူက ပင်မခန်းမထဲသို့ ဝင်လာပြီးနောက် ငှက်မွှေးနီကို အထင်တသေးကြည့်လိုက်သည်။ ပြီးနောက် သူသည် ပတ်ဝန်းကျင်ကိုလှည့်ကြည့်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်၏။
” အား ဒီခံစားချက်က သိပ်မိုက်တာပဲ …။ အမှတ်တစ်ရာနဲ့ဆို ငါက သင့်တော်တဲ့ပြိုင်ဘက်တစ်ယောက်ကို စိန်ခေါ်လို့ရပြီ …”
” မင်း …”
ငှက်မွှေးနီက ရှေးစစ်သည်တော်ကို စိန်ခေါ်ချင်ခဲ့သည်။ သို့သော် ခရမ်းမျက်ဝန်းက သူ့ကို ထိန်းထား၏။
” အနီ အခုချိန်မှာ နင်က သူ့အတွက် ပြိုင်ဘက်မဟုတ်သေးဘူး …။ သူက အဲ့ဒီနယ်ပယ်ကို ရောက်ခဲ့ပြီးပြီ …”
ခရမ်းမျက်ဝန်းက အကြံပေးလိုက်ပြီး သူမ၏ လေသံထဲတွင် ကူကယ်ရာမဲ့မှုနှင့် စိတ်လှုပ်ရှားမှု ရှိနေ၏။
သူမသည် ငှက်မွှေးနီထက် အနည်းငယ်ပိုသန်မာသော်ငြား သူမ၏ ခွန်အားက အကန့်အသတ်ရှိသည်။ သူမနှင့် ကြမ်းတမ်းခြင်းဝက်ဝံကြား ကွာဟချက်ကြီးရှိနေသေးသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်၌ သူမသည် ဂလက်ဆီပါ့စ်နောက် လိုက်ခဲ့ပြီးနောက် လူသိများကျော်ကြားသည့် ကျွမ်းကျင်သူများစွာကို အနိုင်ယူနိုင်ခဲ့သည်။ စူပါအစည်းအရုံးမှ ထွက်ခွာလာခဲ့သောကြောင့် သူမသိသိသာသာတိုးတက်လာကြောင်း သိပြီးသားဖြစ်သည်။ သို့သော် နတ်ဘုရားနယ်မြေ၏ အဓိကအင်အားစုက ပြုစုပျိုးထောင်ထားသည့် ကျွမ်းကျင်သူများကို ရင်ဆိုင်ရာတွင် ရှုံးနိမ့်နေလိမ့်အုံးမည်ဟု သူမ တစ်ခါမှ မထင်ထားမိချေ။
နတ်ဘုရားနယ်မြေထဲတွင် သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်သူများက ဤနေရာ၌ ပေါးကြွယ်ဝလွန်းသည်။ ထိုသို့တိုင် ကြမ်းတမ်းခြင်းဝက်ဝံကဲ့သို့ သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးတောင် ဤနေရာတွင် အဆင့် (၁၄၁) သာရထားသည်။ ပုံရိပ်ယောင်ဂိမ်းလောက၏ ဘီလူးများမည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ခရမ်းမျက်ဝန်း နောက်ဆုံးတော့ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ သူမသည် အတိတ်တုန်းက ရေခဲတောင်ထိပ်ဖျားကိုသာ မြင်ခဲ့တာဖြစ်သည်။
ကြမ်းတမ်းခြင်းဝက်ဝံက လှဲလှယ်သည့်ကောင်ဒါဆီသို့သွားသည့်အချိန်တွင် သူ့အကြည့်က ရှီဖုန်းဆီ ရောက်သွား၏။ ဓားသမားဆီ ချက်ချင်းလျှောက်သွားပြီးနောက် ပြုံးကာပြောလိုက်သည်။
” အိုး မင်းကို ငါအရင်က တစ်ခါမှမတွေ့ဖူးပါလား …။ မင်းက လေ့ကျင့်ရေးစနစ်ကို အသစ်ရောက်လာတာပဲ ဖြစ်ရမယ် …။ ဟုတ်တယ်မလား …။ ငါနဲ့ ယှဥ်ဖို့စိတ်ဝင်စားလား …။ ငါနိုင်ရင် မင်းရဲ့ အမှတ်တစ်ရာကိုယူမယ် …။ မင်းအနိုင်ရရင် ငါမင်းကို အမှတ်ငါးရာပေးမယ် ဘယ်လိုလဲ …”
” ဒီနေရာက တိုက်ပွဲဝင်အမှတ်တွေ ဘယ်လောက်တန်ကြေးရှိလဲဆိုတာ မင်းကို သင်ပေးမယ် …။ အဆင့် (၃၀၀) ကို ကျော်တဲ့သူတွေက တစ်ရက်ကို အမှတ်နှစ်ဆယ်ရမယ် …။ မင်း အဆင့် (၂၀၁) ကနေ (၃၀၀) အတွင်းဝင်ရင် မင်းအမှတ်ငါးဆယ်ရမယ် …။ အဆင့် (၁၅၁) ကနေ (၂၀၀) အတွင်းဆို အမှတ်တစ်ရာရမယ် …။ အဆင့် (၁၀၁) နဲ့ (၁၅၀) ကြားရမယ်ဆို အမှတ်နှစ်ရာရမယ် …။ မင်းက အဆင့် (၅၁) နဲ့ (၁၀၀) အတွင်းဝင်မယ်ဆိုရင် အမှတ်သုံးရာရမှာ …။ ထိပ်တန်းအဆင့် (၅၀) ထဲဝင်ဖို့ဆိုတာ အိပ်မက်မမက်နဲ့ပေါ့ …။ ဘယ်လိုလဲ အမှတ်ငါးရာနဲ့ မင်းတစ်ရက်တာလုံး ထိပ်တန်းအလွှာကျွမ်းကျင်သူတွေနဲ့ ရင်ဆိုင်နိုင်မှာ …”
ကုံးဟောက်ရန်က ရှေ့သို့တစ်လှမ်းတိုးပြီးနောက် ကျိန်မောင်းလိုက်သည်။
” ကြမ်းတမ်းခြင်းဝက်ဝံ တော်လောက်ပြီနော် …”