ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 892 သတ်မှတ်ချက်ကို ချိုးဖျက်ခြင်း
” မြန်လိုက်တာ …”
” သူတိုက်ကွက်က ပျောက်သွားပြီ …”
” ဒါ ဘယ်လိုနည်းစနစ်လဲ …”
ကြည့်နေကြသည့်သူများက ကြမ်းတမ်းခြင်းဝက်ဝံ၏ တိုက်ပွဲဝင်ပုဆိန် သူတို့မျက်စိရှေ့မှ ရုတ်တရက်ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည့်အချိန်တွင် ထိတ်လန့်သွားကြသည်။
သို့သော် ငှက်မွှေးနီက ယင်းကို မြင်သောအခါ သူ့မျက်လုံးထဲတွင် အမျက်ဒေါသမီးတောက်များ တောက်လောင်လာတော့သည်။
” အဲ့ဒီခွေးသား ငါ့ကို အဲ့လိုနည်းနဲ့ ထိန်းချုပ်သွားတာ …”
ငှက်မွှေးနီက လက်သီးကျစ်ကျစ်ဆုပ်ပြီးနောက် ဖန်သားပြင်ပေါ်ရှိ ကြမ်းတမ်းခြင်းဝက်ဝံကို စိုက်ကြည့်လိုက်သည်။
ကြမ်းတမ်းခြင်းဝက်ဝံသာ သူ့ကိုရင်ဆိုင်ရန် ထိုအကွက်အသုံးပြုခဲ့လျှင် စက္ကန့်သုံးဆယ်တောင် ကြာမှာမဟုတ်ပေ။ ခန်းမထဲရှိ လူသစ်များက အံ့သြနေသော်ငြား လျှို့ဝှက်မျှော်စင်၏ ဝါရင့်များက ထူးမခြားနားဖြစ်နေကြ၏။ သူတို့က ထိုအကွက်ကို မြင်နေကြဖြစ်သည်။
” ဒီလူသစ်ကိုရင်ဆိုင်ဖို့ ဒီလောက်ထိလေးနက်ဖို့ လိုနေလို့လား …”
” သူက တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်နေတာ ဖြစ်နိုင်တယ် …။ ဒါပေမဲ့ ဒီလူသစ်ကတော့ တကယ်ကံဆိုးတာပဲ …။ လေ့ကျင့်ရေးစနစ်ထဲ ဝင်ရောက်ပြီးတဲ့နောက် မြန်မြန်ဆန်ဆန်ပဲ ငါတို့တွေကြားထဲ ကွာဟချက်ကို သဘောပေါက်သွားဖို့ ဖိအားပေးခံရတယ် …။ ယခုလောက်ဆို သူရဲ့ယုံကြည်ချက် တစ်စစီဖြစ်နေပြီလို ထင်တာပဲ …”
အမျိုးမျိုးသော တိုက်ခိုက်ရေးသမားများက တိုက်ပွဲအကြောင်းဆွေးနွေးနေကြစဥ် ကြမ်းတမ်းခြင်းဝက်ဝံက ရှီဖုန်းဆီ ထပ်ခါထပ်ခါရိုက်နှက်ပြီး ဓားသမားကို အသက်ရှူရန်အခွင့်အရေးမပေးချေ။
ထန် … ထန် … ထန် …
ဆယ့်နှစ်ချက်ခန့် ဆက်တိုက်တိုက်ခိုက်ပြီးနောက် ကြမ်းတမ်းခြင်းဝက်ဝံ၏ အမူအရာက သုန်မှုန်လာသည်။ ပြီးနောက် သူက နောက်ဆုတ်ကာ ထိခိုက်မှုမရှိသေးသော ရှီဖုန်းကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။
” သူ ဘယ်သူလဲ …”
ကြမ်းတမ်းခြင်းဝက်ဝံက ရုတ်တရက် သူ့ထဲ လေးလံသည့်ဖိအားသက်ဆင်းလာတာကို ခံစားလိုက်မိသည်။
ဒုတိယအလျင်က ရန်သူကိုလှည့်စားရန်အတွက် ပုံရိပ်ယောင်များစွာကို အသုံးပြုသည့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ဖြစ်သည်။ အဆင့်တူကျွမ်းကျင်သူတစ်ဦးတောင် သူ့တိုက်ကွက်များကိုရင်ဆိုင်ရာတွင် ရုန်းကန်နေရမှာဖြစ်၏။ ထိုသို့တိုင် ရှီဖုန်းက ခုတ်ထစ်မှုတိုင်းကို ရှောင်တိန်းပိတ်ဆို့ခဲ့သည်။ ထို့ကြောင့် ကြမ်းတမ်းခြင်းဝက်ဝံနောက်ဆုတ်ခဲ့တာ မဟုတ်ပေ။
သူ၏ ပုဆိန်ကို လွှဲယမ်းလိုက်သည်နှင့် ရှီဖုန်း၏ဓားက သူ၏အသွားနှင့် ဆုံတွေ့မိသွားပြီး သူလက်နက်ထဲတွင် လုံလောက်သည်အဟုန်ကို မစုဝေးနိုင်အောင် ဟန့်တားထား၏။ ရလဒ်အနေဖြင့် ရှီဖုန်း၏ ဓားက ပုဆိန်ကိုအလွယ်တကူဖယ်ရှားပြီး ရှေးစစ်သည်တော်ကိုခုခံရသည့်အခြေအနေရောက်အောင် ဖိအားပေးခဲ့သည်။
သို့သော် ရှီဖုန်းက ကြမ်းတမ်းခြင်းဝက်ဝံကို အနားပေးရန် စိတ်ကူးမရှိပေ။
ရှေ့သို့တိုးသွားပြီးနောက် ကြမ်းတမ်းခြင်းဝက်ဝံကို တိုက်ရိုက်ခုတ်ပိုင်းကာ သူ၏ ခန္ဓာကိုယ်သည် ရှောင်တိန်းလိုက်၏။ ပြီးနောက် ဓားက ကွယ်ပျောက်သွားတော့သည်။ ပွဲကြည့်ပရိတ်သတ်က ရှီဖုန်း၏လက်မှ ချန်ထားရစ်ခဲ့ပြီး အဖြူရောင်အလင်းဖျတ်ခနဲ လှုပ်ရှားသွားတာကိုသာ မြင်နိုင်သည်။
ကြမ်းတမ်းခြင်းဝက်ဝံက ထိတ်လန့်သွား၏။ ရှီဖုန်း၏ ဓားအရိပ်အယောင်ကို သူမြင်တောင်မမြင်ခဲ့ပေ။ သို့သော် လေပွေပိုင်းဖြတ်ခြင်းကို အလိုလိုအသုံးပြုလိုက်၏။ ကံဆိုးသည်မှာ ကြမ်းတမ်းခြင်းဝက်ဝံနောက်ကျသွားခဲ့ပြီ ဖြစ်သည်။
သူသည် လေပွေပိုင်းဖြတ်ခြင်းကို မထုတ်ဖော်ရသေးခင် ကြမ်းတမ်းခြင်းဝက်ဝံသည် သူ၏ ရင်ဘတ်မှသွေးများစီးကျလာတာကို မြင်လိုက်ရ၏။ သွေးများစီးကျလာပြီးမှ လေပွေပိုင်းဖြတ်ခြင်းက ပေါ်ပေါက်လာတာ ဖြစ်သည်။ သို့သော် သူ၏ ပုဆိန်လှည့်ပတ်မှုက ရှီဖုန်းကို မထိသေးခင် လက်နက်သည် နံရံကိုထိမိသည့်အလာ ရပ်တန့်သွားပြီး မီးပွင့်များပေါ်ထွက်လာတော့၏။ ရုတ်ခြည်းဟန့်တားခံရမှုက ရှေးစစ်သည်တော်ကို နောက်သို့တစ်လှမ်းဆုပ်သွားရစေသည်။
ကြမ်းတမ်းခြင်းဝက်ဝံက အသက်မရှုနိုင်သေးခင် ရင်ဘက်ပေါ်မှ သွေများပိုစီးကျလာတော့၏။ သူ၏ HP သည်လည်း ရေစီးဆင်းသကဲ့သို့ ခမ်းခြောက်သွားတော့သည်။ အဆုံးတွင် သဲမြေပေါ်၌ သတ္တမမြောက်သွေးပွင့် စီးကျလာပြီးနောက် ကြမ်းတမ်းခြင်းဝက်ဝံသည် လှုပ်ရှားမှုမရှိတော့ပေ။ တိုက်ပွဲအဆုံးသတ်သွားသည်နှင့် ရှီဖုန်းက တိုက်ပွဲဝင်အမှတ်ရှစ်ရာရသွားပြီး စုစုပေါင်းအမှတ်ကိုးရာ ဖြစ်သွားတော့သည်။
” သူဘာလုပ်ခဲ့တာလဲ …”
မျှော်စင်၏ လက်ရွေးစင်အများစုက ဇဝေဇဝါဖြစ်ခါ အော်လိုက်၏။
” ကြမ်းတမ်းခြင်းဝက်ဝံ ဘာကြောင့်သေသွားတာလဲ …”
ယနေ့တွင် ရှီဖုန်းသည် ဝါရင့်များ၏ အနိုင်ကျင့်မှုကို လူသစ်များကူကယ်ရာမဲ့စွာ ခံနေရသည့် သတ်မှတ်ချက်ကို ချိုးဖြတ်ခဲ့သည်။
ကြမ်းတမ်းခြင်းဝက်ဝံသည် ပြိုင်ပွဲတွင် တစ်ပန်းသာနေတာသိသာသော်ငြား သူသည် နောက်ဆုတ်ခဲ့ရ၏။ ရှီဖုန်းသည် ရှေးစစ်သည်တော်၏ သွေးများကို စိမ့်သွားစေခဲ့သည်။
ကြမ်းတမ်းခြင်းဝက်ဝံပေါ်၏ စီရင်မှုများကိုမြင်သောအခါ ကြမ်းတမ်းခြင်းဝက်ဝံပိုင်းဖြတ်ခံရမှန်း သိသာနေ၏။ သို့သော် ရှီဖုန်းသူ့ဆီ တိုက်ခိုက်သွားတာကို မတွေ့လိုက်ရပေ။ သေလုနီးပါးတိတ်ဆိတ်မှုက ပင်မခန်းမထဲ နေရာယူသွားသည်။ လူတိုင်းက တိုက်ပွဲကွင်းပြင်ထဲမှ ပြန်လာခါစ ရှီဖုန်းကို အံ့သြသည့်အမူအရာများဖြင့် ကြည့်နေ၏။
” ရီဖုန်း …။ ဟုတ်တယ် သူက ရီဖုန်းပဲ …”
ရှီဖုန်း၏ တိုက်ခိုက်မှုကိုမြင်ပြီးနောက် ငှက်မွှေးနီသည် ထိုရင်းနှီးနေသည့်မျက်နှာကို မည်သည့်နေရာတွင်မြင်ခဲ့လဲဆိုတာ သဘောပေါက်သွား၏။ ထို့အပြင် ရှီဖုန်းနှင့် ရီဖုန်းကြား ကွာဟချက်အချို့ရှိနေသေးသော်ငြား တူညီမှုခပ်ရေးရေးရှိနေ၏။ ခရမ်းမျက်ဝန်းကလည်း ရှီဖုန်းကို မှတ်မိသည်။
ထိုတိုက်ကွက်ကလည်း ရင်းနှီးနေပေ၏။ ခရမ်းမျက်ဝန်းသည် ထိုနည်းစနစ်ကိုအသုံးပြုသည့် ရီဖုန်းမှတစ်ပါး ကျန်သည့်သူများကို မတွေ့နိုင်ပေ။
” သူဒီကို ဘာကြောင့်ရောက်နေတာလဲ …”
ခရမ်းမျက်ဝန်းက အံ့သြမှင်သက်နေ၏။ သူမမျက်လုံး သူမမယုံနိုင်ဖြစ်နေတော့သည်။
ရီဖုန်းသည် နတ်ဘုရားနယ်မြေထဲတွင် နာမည်မကျော်ကြားကောင်းမကျော်ကြားနိုင်သော်ငြား ပထမတန်းအစည်းအရုံးများနှင့် ဂိမ်း၏ အင်အားစုများအတွက်မူ ထိုလူငယ်၏ အမည်က မိုးကြိုးကဲ့သို့ ဖြစ်နေသည်။
ခရမ်းမျက်ဝန်းသည် အမှောင်ပြိုင်ကွင်းထဲ၌ တိုက်ပွဲဝင်ဗွီဒီယိုကို ကြည့်မိသည့်အချိန်တွင် မှင်သက်သွားမိသည်။ ယခု ရှီဖုန်းတိုက်ခိုက်လိုက်တာကို ကိုယ်တိုင်မြင်တွေ့ရသည့်အချိန်တွင် သူမဝိညာဥ်တောင် တုန်လှုပ်သွားမိသည်။
အမှောင်ပြိုင်ကွင်းတိုက်ပွဲထဲတွင် ရှီဖုန်း၏ မြန်ဆန်သောတိုက်ကွက်များက သူသည် ဆီးရီးယပ်စ်ကဲ့သို့ မွန်းစတားအိုကြီးကိုတောင် တိုက်ခိုက်နိုင်သည့်အရည်အချင်းရှိပြီဆိုတာ နားလည်ဘောပေါက်၏။ လက်ရှိတွင်မူ သူက အဆင့် (၃၀) ကစားသမားတစ်ဦး၏ အခြေခံအရည်အချင်းရှိပြီး လက်နက် သို့မဟုတ် ချပ်ဝတ်တန်ဆာများထံမှ အပိုဆောင်းပေးမှုမျိုးမရှိပေ။ ထိုသို့တိုင် သူ၏ တိုက်ခိုက်မှုများက ပကတိမျက်လုံဖြင့် မမြင်နိုင်လောက်သည့်အထိ မြန်ဆန်လွန်းနေ၏။ ထိုတိုက်ကွက်များကို မည်သူကရင်ဆိုင်နိုင်မည်နည်း။
ရှီဖုန်းသည် အံ့မခမ်းချပ်ဝတ်တန်ဆာကြောင့် ဆီးရီးယပ်စ်ကို အနိုင်ရခဲ့တာမဟုတ်ကြောင်း နောက်ဆုံးတော့ ခရမ်းမျက်ဝန်း နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ခွန်အားကတင် ထိုမွန်းစတားအိုကြီးများကို ယှဥ်နိုင်ပေ၏။
ရှီဖုန်း ပင်မခန်းမထဲသို့ ပြန်ရောက်သည့်အချိန်တွင် လျှို့ဝှက်မျှော်စင်အဖွဲ့ဝင်များက အထင်မသေးတော့ချေ။ ထိုလက်ရွေးစင်များ၏ မျက်ဝန်းထဲတွင် အကြောက်တရားသာရှိနေ၏။ တစ်ဖက်တွင်မူ အမျိုးမျိုးသောအစည်းအရုံးကြီးများမှ လာသည့်လူသစ်များက ပျော်ရွှင်နေကြသည်။
လျှို့ဝှက်မျှော်စင်၏ အဖွဲ့ဝင်များသည် သူတို့ကို အနိုင်ကျင့်ဖိနှိပ်ခဲ့ကြသည်။ ယခု မျှော်စင်၏ ကြမ်းတမ်းခြင်းဝက်ဝံ တိုက်ကွက်အနည်းငယ်မျှဖြင့် မြင်ရသည်ကို သူတို့မြင်သောအခါ သူတို့အဘယ်ကြောင့် မပျော်ရွှင်စိတ်မလှုပ်ရှားပဲ နေမည်နည်း။
” ရှီဖုန်း မင်းဘယ်လိုလုပ် ဒီလောက်အစွမ်းထက်ရတာလဲ …”
ကုံးဟောက်ရန်က မေးလိုက်သည်။ သူ့ရှေ့သို့ ရှီဖုန်းလျှောက်လာတာကိုကြည့်ပြီး စိတ်လှုပ်ရှားနေ၏။ ကုံးဟောက်ရန်ဘေးတွင်ရပ်နေသည့် ဟော်ကျန့်ယန်နှင့် တုရှင်းတို့ကလည်း ဓားသမားလျှောက်လာတာကိုကြည့်ပြီး တောင့်တင်းနေ၏။
အကြွင်းမဲ့ကျွမ်းကျင်သူတစ်ဦး
ရှီဖုန်းသည် လျှို့ဝှက်မျှော်စင်ကဲ့သို့ သာလွန်သည့်အစည်းအရုံးမှ အဖွဲ့ဝင်ဖြစ်နေခဲ့လျှင် သူ့ကို ထိပ်တန်းအလွှာကျွမ်းကျင်သူတစ်ဦးဟု သတ်မှတ်နိုင်သေးသည်။ သူတို့သည် ထိုကဲ့သို့ကျွမ်းကျင်သူများကို အမြဲတမ်းမော့ကြည့်နေရတာ ဖြစ်သည်။ တစ်နေ့တွင် ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် တွေ့ကြုံရလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိပေ။
ထိုလူနှင့် ပျော်ပျော်ရွှင်ရွှင် ရယ်ကာမောကာပြောသည့်အချိန်ကို ပြန်တွေ့မိသည့်အချိန်တွင် သူတို့က ရှီဖုန်းကို အငယ်တစ်ယောက်သဖွယ် ဆက်ဆံမိသည့်အကြောင်း တွေးမိသည့်အချိန်၌ သူတို့ ပြောမပြတက်လောက်အောင် အရှက်ရမှုကို ခံစားလိုက်ရသည်။
” မင်းတို့ ဘယ်တုန်းကမှ မမေးခဲ့ဖူးလေ …”
ရှီဖုန်းက ရယ်မောလိုက်၏။
” မင်းက ငါတို့ကို အရူးလုပ်နေတာပဲ ။ ငါတို့မင်းကို ဒီလိုတွေ့သွားခဲ့တာကို အခြားလူတွေသိသွားခဲ့ရင် ထိုင်ရယ်နေမှာ …”
နောက်ဆုံးတွင် ကုံးဟောက်ရန်က စိတ်အခြေအနေကို မြန်မြန်ဆန်ဆန်ပြင်ဆင်လိုက်၏။ ထို့အပြင် သူ့အမြင်၌ ရှီဖုန်းသည် အတော်လေးဖော်ရွေသည့်သူ ဖြစ်သည်။ မောက်မာထောင်လွှားသည် ထိပ်သီးကျွမ်းကျင်သူများကဲ့သို့ မဟုတ်ပေ။
ဟော်ကျန့်ယန်နှင့် တုရှင်းကလည်း ခဏအကြာတွင် စိတ်အေးသွားပြီး ရှီဖုန်းနှင့် စကားတက်ပြောကြတော့၏။ ခန်းမထဲရှိ ကျန်သည့်သူများက ယင်းကိုမြင်သောအခါ ကုံးဟောက်ရန်နှင့် သူ့မိတ်ဆွေကို အားကျနေကြသည်။
သူတို့အားလုံးသည် ရှီဖုန်းကဲ့သို့ ကျွမ်းကျင်သူတစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန် အိပ်မက်မက်နေကြသည်။ ထိုကျွမ်းကျင်သူထံမှ လမ်းညွှန်မှုတစ်ခု ရနိုင်ခဲ့လျှင် နောက်တစ်ဆင့်တက်လာပေလိမ့်မည်။
” အား ဟုတ်သား …။ အဆင့်သတ်မှတ်ပွဲဆိုတာ ဘာလဲ …။ နေ့တိုင်း ဒီနေရာလူတွေကို ရင်ဆိုင်ရမှာလို့ မပြောနဲ့နော် …”
ရှီဖုန်းသည် သူလိုအပ်သည့် တိုက်ပွဲဝင်အမှတ်အကြောင်းသာ ကြားခဲ့သည်။ သို့သော် အမှတ်များကိုရရန် နည်းလမ်းအကြောင်း မသိပေ။ နေ့စဥ်နေ့တိုင်ူ လူများစွာနှင့် တိုက်ခိုက်နေရလျှင် အချိန်ဖြုန်းတီးရာရောက်ပေမည်။ ထို့အပြင် တုပခြင်းလေ့ကျင့်ရေးစနစ်ထဲတွင် သူအချိန်ဖြုန်းရန် သိပ်မရှိပေ။