ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 895 တားဆီးပိတ်ပင်၍ မရသောစံချိန်
” သူဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ …”
စံချိန်ကျိုးသွားတာကိုမြင်သောအခါ ပင်မခန်းမထဲရှိ ကစားသမားများသည် အုတ်အော်သောင်းတင်း
ဖြစ်ကုန်တော့သည်။ မည်သူမှ ယင်းကို မယုံနိုင် ဖြစ်နေကြသည်။
တိုက်ပွဲမျှော်စင်၏ ပထမအလွှာအတွက် စံချိန်က အချိန်အတော်ကြာရပ်တည်နေခဲ့တာ ဖြစ်သည်။
ပထမအလွှာရှိ မွန်းစတားများကိုဖြေရှင်းရန်အတွက် လူအများစုက နှစ်နာရီနီးပါး အချိန်လိုအပ်သည်။ အနည်းဆုံးတော့ စံချိန်တင်ထားတာ၏ နှစ်ဆဖြစ်၏။ လျှို့ဝှက်မျှော်စင်၏ မဟာပါရမီရှင်သုံးဦးတောင်မှ ထိုစံချိန်နှင့် ဝေးနေသေးသည်။ ထိုသို့တိုင် ရှီဖုန်းက စံချိန်ကို အလွယ်တကူချိုးဖြတ်ခဲ့၏။
သုံးဆယ့်ခုနှစ်မိနစ် နှစ်ဆယ့်လေးစက္ကန့်
ထိုစံချိန်အသစ်ကို မြင်သည့်အချိန်တွင် လူတိုင်းက စမ်းသပ်ခြင်းမျှော်စင်ထဲတွင် ဖြစ်ပျက်နေသည့်အရာကို အလွန်အမင်သိချင်သွားသည်။ ပထမအလွှာကို ဒီလောက်မြန်မြန်ဆန်ဆန် ရှင်းလင်းဖို့အတွက် ရှီဖုန်း ဘာတွေလုပ်ခဲ့တာလဲ။
” ညီမဝန်ဟွား အဲဒီလူက ဘယ်သူလဲ …”
အေးစက်ဆောင်းဦးသည် စံချိန်သစ်ကို မြင်သောအခါ မမေးဘဲ မနေနိုင်တော့ချေ။
တိုက်ပွဲမျှော်စင်၏ စံချိန်သည် ယခုအချိန်ထိတိုင်း နှစ်ပေါင်းများစွာ မပြောင်းမလဲရှိနေခဲ့တာ ဖြစ်သည်။ တစ်စုံတစ်ယောက်က စံချိန်ကိုချိုးနိုင်ခဲ့လျှင်တောင် ရှီဖုန်းကဲ့သို့လူငယ်မျိုး သေချာပေါက်မဖြစ်နိုင်လောက်ပေ။ မည်သို့ပင်ဆိုစေကာမူ အခြားသောအစည်းအရုံးမှ လူသစ်သည် ဆယ်မိနစ်အသာဖြင့် အကောင်းဆုံစံချိန် ရသွားခဲ့၏။
” ရှင်လည်း ဒီလူကို အရင်ကတွေ့ဖူးပါတယ် …”
ဝန်ဟွားက ရယ်မောပြီးပြန်ပြောလိုက်၏။
” သူ့ကို အရင်က တွေ့ဖူးတာလား …”
အေးစက်ဆောင်းဦးက ထိုစကားကြောင့် သိချင်စိတ်တိုးလာ၏။ သို့သော် ရှီဖုန်းကို သူအရင်က မည်သည့်နေရာတွင်တွေ့ခဲ့မှန်း မတွေးနိုင်ဖြစ်နေသည်။
” သူက ရီဖုန်း …။ တိုက်ပွဲဝင်ဝံပုလွေဘုရင်တွေထဲက တစ်ပါးကိုအနိုင်ယူခဲ့တဲ့ ထိပ်သီးဓားသမားရီဖုန်းပဲ …”
ဝန်ဟွားကထက်ပြောပြီး သူမ၏ စကားထဲတွင် သန်မာသည့်တိုက်ခိုက်လိုစိတ်များ ပြည့်နေ၏။ ယခင်က ရှီဖုန်း၏ တိုက်ပွဲဝင်ဗွီဒီယိုများကိုသာ မြင်တွေ့ခဲ့ရသည့်အချိန်တွင် သူနှင့်တစ်ပွဲလောက်ယှဥ်တိုက်ရန် တွေးခဲ့မိသည်။ သို့သော် ယခုအချိန်တွင် ထိုလူထက်သာချင်၏။ သို့သော် ဆန်ကျူအာရီ၏ လေပြင်းဓားရေးကျွမ်းကျင်သူကို ဦးစွာအနိုင်ယူရမှာပဲ ဖြစ်သည်။
” သူက ရီဖုန်းလား …”
အေးစက်ဆောင်းဦးသည် ရှီဖုန်း၏ ငယ်ရွယ်သောသွင်ပြင်ကြောင့် မှင်သက်သွားသည်။
ရှီဖုန်းသည် နတ်ဘုရားနယ်မြေထဲတွင် အတော်လေးငယ်ရွယ်သည့်ပုံ ပေါ်သည့်တိုင် အေးစက်ဆောင်းဦးက ရှီဖုန်း၏ အသက်အရွယ်ကို နှစ်ဆယ့်ငါး သို့မဟုတ် နှစ်ဆယ့်ခြောက်ရှိသည်ဟု တွေးခဲ့တာပင်။ သို့သော် ယခုအချိန်၌ ထိုလူက အသက်နှစ်ဆယ့်တစ် သို့မဟုတ် နှစ်ဆယ့်နှစ်ဝန်းကျင်သာ ရှိသေးပုံ ပေါ်သည်။ ဝန်ဟွားထက် အသက်သိပ်မကြီး။ ထိုသို့တိုင် ဒဏ္ဍာရီလာဆီးရီးယပ်စ်ကို အနိုင်ယူနိုင်ခဲ့၏။ သူသည် ချပ်ဝတ်တန်ဆာတစ်ပန်းသာမှုနှင့် စကေးတစ်ပန်းသာမှုကို အားထားခဲ့သော်ငြား အနိုင်ရခြင်းက အနိုင်ရမှုတစ်ခု ဖြစ်နေသေးသည်။
” ညီမဝန်ဟွာ နည်းနည်းလေး မလွန်လွန်းဘူးလား …။ သူရီဖုန်းမှန်းသိရင် ဘာကြောင့် မပြောပြခဲ့တာလဲ …။ သူရဲ့ တိုက်ပွဲတွေထဲကတစ်ခုကို ကြည့်ဖို့ လွတ်သွားတော့မလို့ …”
အေးစက်ဆောင်းဦးက ငြီးတွားလိုက်၏။ စိတ်ထဲတွင်မူ သူ ရင်ဖိုလာတော့သည်။ တိုက်ပွဲဝင်အမှတ်သုံးရာကုန်ဆုံးပြီး သူသည် ရှီဖုန်းကဲ့သို့ ကျွမ်းကျင်သူတစ်ဦး၏ တိုက်ပွဲကိုကြည့်ခွင့်ရခဲ့သည်။ ယင်းက ငွေကြေးဖြင့်တောင် ဝယ်ခွင့်မရနိုင်သည့် အခွင့်အရေးတစ်ရပ်ဖြစ်၏။
” လူတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေးရှိကြတယ် …။ ရှင်ဒါကို လွဲချော်သွားရင် ရှင့်ကိုရှင် ကံဆိုးတယ်လို့ပဲ သတ်မှတ်နိုင်မှာ …။ ဂလိုးရီးယပ်စ်လိုင်းရွန်းက အသူရာတိုက်ပွဲဝင်အဖွဲ့ကို တိုက်ခိုက်တဲ့အချိန်တုန်းကလိုပေါ့ …။ အမှောင်ပြိုင်ကွင်းထဲမှာ အမှတ်အရစေဆုံး တိုက်ပွဲတွေထဲက တစ်ပွဲဖြစ်လာလိမ့်မယ်လို့ အဲဒီတုန်းက ဘယ်သူကသိမှာလဲ …”
ဝန်ဟွားက သက်ပြင်းချပြီး ခေါင်းခါလိုက်၏။
” ကောင်းပြီ …။ ပြောတာတော်လောက်ပြီ …။ ကြည့်တာပဲ အာရုံစိုက် …။ ဒီလိုအခွင့်အရေးမျိုး နောင်ကျအလွယ်တကူ ထက်ရမှာမဟုတ်ဘူး …”
ဝန်ဟွားနှင့် အေးစက်ဆောင်းဦးတို့က စကားပြောနေစဥ် လျှို့ဝှက်မျှော်စင်၏ ကျန်သည့်အဖွဲ့ဝင်များကလည်း အံ့ကြိတ်ပြီး ရှီဖုန်း၏ ပွဲကိုကြည့်ရန်အတွက် အမှတ်သုံးရာသုံးခဲ့တော့သည်။
ပထမအလွှာကိုချိုးနိုင်စွမ်းရှိသည့် လူတစ်ဦးသည် သေချာပေါက်ထူးခြားသည့် အရည်အချင်းများ ပိုင်ဆိုင်ထားမှာ ဖြစ်သည်။
ခဏအကြာတွင် ရှီဖုန်း၏ တိုက်ပွဲကိုကြည့်သည့် လူအရေအတွက် ဆယ့်သုံးယောက်အထိဖြစ်လာပြီး ရှီဖုန်း၏ တိုက်ပွဲဝင်အမှတ်ကလည်း သုံးထောင့်ငါးရာအထိ တိုးသွား၏။
တိုက်ပွဲမျှော်စင်ထဲတွင် ရှီဖုန်းက ဒုတိယအလွှာသို့ ရောက်သည့်အချိန်တွင် မှောင်မည်းနေသည့် အသိုက်တစ်ခုထဲ ရွေ့ပြောင်းခံလိုက်ရသည်။ မြင်နိုင်ချေက အင်မတန်နိမ့်နေပြီး သူ၏ အမြင်အာရုံက အလွန်ဆုံးဆယ်ကိုက်ထိသာ မြင်ရသည်။ သူသည် သူ့နားတစ်ဝိုက်မှ အသံများကြားနေရပြီး အသံများက သူ့ကို ကြက်သီးထစေ၏။
ဒုတိယအလွှာတွင် မွန်းစတားများစွာမရှိ။ အကြမ်းမျဥ်းနှစ်ဆယ်သာရှိသော်ငြား ဤမှောင်မဲသည့် ပတ်ဝန်းကျင်က ထိုမွန်းစတားများ၏ တိုက်ကွက်ကို ရှောင်တိန်းရပိုခက်ခဲစေသည်။
” ဒီပတ်ဝန်းကျင်နဲ့ အသားမကျသေးခင် ငါလည်း ဒီအလွှာမှာ များများလေ့ကျင့်ရတယ် …”
အေးစက်ဆောင်းဦးက ဒုတိယအလွှာသို့ ရှီဖုန်းရောက်နေပြီး ရပ်နေဆဲမြင်တာကို တွေ့သည့်အခါ ပြုံးလိုက်၏။
သူသည် တိုက်ပွဲကွင်းပြင်ပေါ်တွင် ရှိနေတာမဟုတ်သော်ငြား အမြင်အာရုံက ရှီဖုန်းနှင့် သိပ်မကွာပေ။ ထို့ကြောင့် ပွဲကြည့်ပရိတ်သတ်တစ်ဦးအနေဖြင့် ရှီဖုန်းထက်ပိုရှင်းလင်းသည့် တိုက်ပွဲကွင်းပြင်ကိုမြင်နေရပြီး သူတို့၏ အမြင်အာရုံက ရှီဖုန်း၏ အမြင်အာရုံ၏ သုံးဆနီးပါးပိုမြင့်သည်။
ယခုအချိန်တွင် လက်ရွေးစင်အဆင့် ညလျှောက်လှမ်းသူ တာရန်ကျူလာပင့်ကူ ဆယ့်ကိုးကောင်နှင့် အထူးလက်ရွေးစင်အဆင့် တစ္ဆေတာရန်ကျူလာ ပင့်ကူတစ်ကောင်တို့က ရှီဖုန်းကို ဝိုင်းရံထားကြသည်။
[ညလျှောက်လှမ်းသူ တာရန်ကျူလာ] [လက်ရွေးစင်အဆင့် ]
အဆင့် (၃၀)
HP (၇၀၀၀၀/၇၀၀၀၀)
[တစ္ဆေတာရန်ကျူလာ] [အထူးလက်ရွေးစင်]
အဆင့် (၃၀)
ရှီဖုန်းသည် သူသတ်ဖြတ်ခဲ့သည့် ညလျှောက်လှမ်းသူ တာရန်ကျူလာတိုင်းအတွက် တိုက်ပွဲဝင်အမှတ်တစ်မှတ်၊ တစ္ဆေတာရန်ကျူလာကမူ သူသတ်ခဲ့လျှင် စုစုပေါင်းအမှတ်လေးတယ်ပေးမှာ ဖြစ်သည်။ ထိုမွန်းစတားများသည် ပထမအလွှာရှိ မွန်းစတားများထက် အမှတ်ပိုပေးပေ၏။
ဆယ့်ကိုက်မြင်ရသည့်အကျယ်အဝန်းဖြင့် ကစားသမားများသည် တာရန်ကျူလာ၏ တိုက်ကွက်များထံမှရှောင်ရန် အချိန်တိုတောင်းနေမှာပဲ ဖြစ်သည်။ ဤနေရာတွင် အသက်တစ်ရှိုက်စာကတောင် လူတစ်ယောက်၏အသက်ကို ဆုံးဖြတ်ပေးနိုင်၏။
ကစားသမားများသည် အဆင့်တူမွန်းစတားများကို ရင်ဆိုင်ရမည်ဆိုလျှင် ဒုတိယအလွှာ၏ ခက်ခဲမှုက ပထမအလွှာ၏ ခက်ခဲမှုထက်သိသိသာသာပိုမြင့်သည်။ ထို့ကြောင့် လေ့ကျင့်ရေးစနစ်ထဲတွင် ဝင်ပါသူများကြားထဲ၌ ဒုတိယအလွှာကိုရှင်းလင်းနိုင်ခဲ့သည့် ကျွမ်းကျင်သူအရေအတွက်က အင်မတန်နိမ့်ပေ၏။ ကြမ်းတမ်းခြင်းဝက်ဝံကဲ့သို့ သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးတောင် ရှင်းလင်းရန်ကျရှုံးခဲ့သည်။ သို့သော် ရှီဖုန်အတွက်မူ ဤအလွှာက အသေးအမွှားသာဖြစ်သည်။
လေဟာနယ်နယ်ပယ်သို့ရောက်ရှိပြီးနောက် သူ၏ အားနည်းသည့် အမြင်အာရုံတောင် တိုက်ပွဲဝင်စွမ်းအားကို သက်ရောက်မှုနည်းသည်။
ရှီဖုန်းသည် ဆယ်ကိုက်ကျော်အခြေအနေကိုသာ မြင်နိုင်သော်ငြား လေထဲမှတုန်နှုန်းများ အသံလှိုင်းများက အသိုက်အတွင်းရှိ မွန်းစတားများ၏ တည်နေရာကိုထောက်ပြပေးနေသည်။ မွန်းစတားများက သူ့နားဆယ်ကိုက်တောင်မကပ်ရသေးခင် ရှီဖုန်းက သင့်တော်သည့်တွက်ချက်မှုများ ပြုလုပ်ပြီးပြီ ဖြစ်သည်။
ပထအအလွှာရှိ ခြင်္သေ့များနှင့်ယှဥ်လျှင် ဒုတိယအလွှာရှိ တာရန်ကျူလာများက ဖြေရှင်းရပိုလွယ်ကူပေ၏။ တာရန်ကျူလာများသည် ခြင်္သေ့များထက် ပိုမြန်ဆန်သော်ငြား သူတို့၏ခွန်အားက အားနည်းပေ၏။
တိုက်ပွဲအဆုံးသတ်သွားသည့်အချိန်တွင် မည်သည့်တာရန်ကျူလာကမှ ရှီဖုန်းကို တစ်ချက်တောင်မထိနိုင်ခဲ့ပေ။ တစ္ဆေတာရန်ကျူလာ၏ မြင့်မားသောတိုက်ခိုက်မှုအရှိန်က ရှီဖုန်းကို သူ့တိုက်ကွက်များအကြိမ်ရေအနည်းငယ် ပိတ်ဆို့အောင်ဖိအားပေးနိုင်ခဲ့ပြီး ထိခိုက်မှုအနည်းအကျင်းသာ ဖြစ်စေခဲ့သည်။
ရှီဖုန်း၏ ရှောင်တိန်းမှုများနှင့် တိုက်ကွက်များက တိုက်ပွဲကိုကြည့်နေသည့်သူများကို အပြည့်အဝမှင်သက်သွားစေ၏။ ရှီဖုန်းသည် ဥယျာဥ်ထဲတွင် အေးအေးလူလူလမ်းလျှောက်သည့်အလာ မွန်းစတားများကို တိုက်ခိုက်ခဲ့သည်။
ထိုလက္ခဏာရပ်များအပ ရှီဖုန်းသည် ဒုတိယစံချိန်ကို ရှင်းရှင်းလင်းလင်းချိုးဖြတ်ခဲ့သည်။ မူလအချိန်က သုံးဆယ့်နှစ်မိနစ် ငါးဆယ်စက္ကန့်ဖြစ်ပြီး ရှီဖုန်းရှင်းလင်းခဲ့သည့်အရှိန်က နှစ်ဆယ့်ခုနှစ်မိနစ် သုံးဆယ့်စက္ကန့် ဖြစ်သည်။
ပြီးနောက် ရှီဖုန်း၏ တိုက်ပွဲကိုကြည့်သည့်လူက ဆယ့်ငါးယောက်အထိတိုးလာပြီး ရှီဖုန်း၏ တိုက်ပွဲဝင်အမှတ်က သုံးထောင်ဖြစ်သွားတော့၏။
တတိယအလွှာက အသံတိတ်ငရဲဖြစ်သည်။ ဤအလွှာရှိ မြေပြင်က ခြစ်ခြစ်တောက်နီရဲနေ၏။ အနီရောင်ကြမ်းပြင်ပေါ်တွင် နင်းလျှောက်ရသည်နှင့် ပူလောင်မှုကို ချက်ချင်း ခံစားလိုက်ရ၏။ အနက်ရောင်နေရာများသာ လုံခြုံပေသည်။ သို့သော် ဤကြမ်းတမ်းခြင်းတောင်ကြားထဲတွင် ထိုကဲ့သို့နေရာက အလွန်နည်းပါးသည်။ ကစားသမားများသည် ဤအလွှာတွင် တိုက်ခိုက်နေစဥ် သူတို့၏ လှုပ်ရှားမှုတိုင်းက ထိန်းချုပ်ထားရမှာ ဖြစ်၏။
ယခုအလွှာအတွက် ရှီဖုန်း၏ ရန်သူများကမူ ယခင်ရန်သူများနှင့် မတူတော့ပေ။ ဤအလွှာတွင် မွန်းစတားဆယ်ကောင်သာ ရှိသော်ငြား ဆယ်ကောင်လုံးက လေထဲပျံဝဲနေကြသည်။
[မီးတောက်ဖဲလ်ကွန်][လက်ရွေးစင်အဆင့်]
အဆင့် (၃၀)
HP (၆၀၀၀၀/၆၀၀၀၀)
[မီးတောက်လင်းယုန်] [မျိုးနွယ်စုအကြီးအကဲ]
အဆင့် (၃၀)
” တတိယအလွှာက အဓိကအလွှာပဲ …။ အခုအချိန်ထိ တတိယအလွှာကို ရှင်းလင်းနိုင်တဲ့ ကျွမ်းကျင်သူက အလွန်နည်းတယ် …။ သူ ဘယ်လောက်ထိ သွားနိုင်မလဲ …”
ရှီဖုန်း၏ မလှုပ်မရှားဖြစ်နေသည့်ပုံကိုမြင်သောအခါ လူများစွာက မီးတောက်လင်းယုန်ကို သူမည်ကဲ့သို့ရှောင်မလဲဆိုတာ သိချင်နေကြသည်။
မျိုးနွယ်စုအကြီးအကဲသည် အထူးလက်ရွေးစင်ထက် ပိုသန်မာပေ၏။ ထိုကဲ့သို့ မွန်းစတားထံမှ တိုက်ကွက်များကို ရှောင်တိန်းရခြင်းက အင်မတန်ခက်ခဲမှာပင်။ ရှီဖုန်းကို ဟန့်တားထားသည့် ပတ်ဝန်းကျင်အခြေအနေကလည်း ရှိနေသေးသည်။ မီးတောက်လင်းယုန်ကို ဖြေရှင်းရန် သင့်တော်သည့်နည်းလမ်းမရှိပဲ ရှီဖုန်းသည် တတိယအလွှာ၌ အသက်မြန်မြန်ဆန်ဆန် ဆုံးရှုံးသွားနိုင်ပေ၏။
” ဒါအတော်စိတ်ဝင်စားဖို့ကောင်းတာပဲ …။ တိုက်ပွဲမျှော်စင်က အမျိုးမျိုးသောတိုက်ပွဲဝင်နယ်နယ်ပယ်တွေမှာ လမ်းညွှန်ပေးဖို့ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ထဲမှာ ပါတယ်လိုသူတို့ပြောတာ အံ့သြစရာမရှိဘူးပဲ …”
ရှီဖုန်းသည် သူ၏ ပတ်ဝန်းကျင်နှင့် သူ့အထက်တွင် ပျံဝဲနေသောမီးတောက်လင်းယုန်ကိုကြည့်ပြီး ဖြစ်ပျက်နေသည့်အကြောင်းကို သဘောပေါက်သွား၏။