ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 896 မိုးထိအောင်မြင့်သော အမှတ်များ
လျှို့ဝှက်မျှော်စင်တွင် တိုက်ပွဲမျှော်စင်အတွက် လမ်းညွှန်ခြင်းမျှော်စင်ဟူသော အခြားအမည်လည်း ရှိပေသည်။
ကုံးဟောက်ရန်၏ မျှဝေချက်အရ တိုက်ပွဲမျှော်စင်သည် ကစားသမားတစ်ဦးကို ကြီးပြင်းလာအောင် နယ်မြေတစ်ခုကိုဖမ်းဆုပ်နိုင်အောင် နည်းလမ်းများရရှိစေရန် လမ်းညွှန်ပေးသည်။ ယခင်က ရှီဖုန်းသည် ထိုစကားများကို တစ်စိတ်တစ်ပိုင်းသာ မြင်ခဲ့၏။ ယခု ထိုစကားများကို သူသံသယမဖြစ်တော့ချေ။
သန့်စင်ခြင်းနယ်ပယ်သို့ရောက်ရန်အတွက် လူတစ်ဦးသည် သူတို့၏ ခန္ဓာကိုယ်ကို အံ့မခမ်း ထိန်းချုပ်မှုရှိရန် လိုအပ်ပြီး ကွေးလွယ်ညွှန်လွယ်စွမ်းရှိမည်ဖြစ်ကာ သူတို့ခန္ဓာကိုယ်ကထုတ်ဖော်သည့် ခွန်အားပမာဏကလည်း အမျိုးမျိုးပြောင်းလဲနိုင်ကမည် ဖြစ်သည်။
ရေစီးဆင်းခြင်းနယ်ပယ်သည် ပြိုင်ဘက်များကို လေ့လာကြည့်ရှုရန် လိုအပ်သည်။ လူတစ်ဦးသည် သူတို့ပြိုင်ဘက်၏ အတွေးများကို ထုတ်ဖော်ပြီး ပြိုင်ဘက်၏လှုပ်ရှားမှုကို လေ့လာကြည့်ရှု့စေရန် လိုအပ်သည်။ လူတစ်ဦးသည် သူတို့ပြိုင်ဘက်၏ အတွေးများကို ထုတ်ဖော်ပြီး ပြိုင်ဘက်၏ လှုပ်ရှားမှုများကို လေ့လာခြင်းဖြင့် သင့်တော်သည့် တုံ့ပြန်မှုများကို ဆောင်ရွက်ရမှာပဲ ဖြစ်သည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် ပြိုင်ဘက်က မလှုပ်ရှားရသေးခင် သူတို့တုံ့ပြန်ရန် လိုအပ်သည်။
လေဟာနယ်နယ်ပယ်က လူတစ်ဦး၏ ပတ်ဝန်းကျင်ကိုထိန်းချုပ်ရန် လိုအပ်သည်။ အမြင်အာရုံတစ်ခုထဲဖြင့် ပတ်ဝန်းကျင်ကို ထိန်းချုပ်ခြင်းအစား လူတစ်ယောက်သည် အာရုံငါးပါးကို အကန့်အသတ်အထိတွန်းတင်ပြီး ထိုအာရုံခံများကို နောက်ခံထဲတွင်ပေါ်လာသည့် လှုပ်ရှားမှုများအားလုံးကို ဆုံးဖြတ်ရာတွင် မှီခိုထားရန်လိုအပ်၏။
တိုက်ပွဲမျှော်စင်၏ ပထမအလွှာပန်းတိုင်က ကစားသမားများ သူတို့ကိုသူတို့ ထိန်းချုပ်ရမည့်ပုံကို သင်ယူစေရန်ဖြစ်ပြီး ခြင်္သေ့အရေအတွက်များစွာနှင့် ရင်ဆိုင်ရသည့်ဖိအားကိုသုံးကာ ရုပ်ချည်းပြောင်းလဲမှုကို လိုက်ရောညီထွေဖြစ်စေရန် သင်ယူစေတာပဲဖြစ်သည်။
ဒုတိယအလွှာက ကစားသမားတစ်ဦး၏ ရုပ်ချည်းလေ့လာမှုစွမ်းအားနှင့် ထိုးဖောက်ဉာဏ်ကို တိုးတက်စေရန်ဖြစ်သည်။
တတိယအလွှာက ကစားသမားတစ်ဦး၏ လေ့လာမှုနှင့် အကွာအဝေးကို အကဲဖြတ်မှုကို တိုးတက်စေရန်အတွက် ဖြစ်သည်။ အကွာအဝေးကို တိတိကျကျအကဲဖြတ်ခြင်းက စိန်ခေါ်သည့်အလုပ်တစ်ခု ဖြစ်သည်။ သို့သော် ထိုအရာကိုအောင်မြင်သွားသရွေ့ သူတို့သည် ရေစီးဆင်းခြင်းနယ်ပယ်ထဲ တရားဝင်ဝင်ရောက်သည်ဟု သတ်မှတ်နိုင်ပေသည်။
ရှီဖုန်းသည် တိုက်ပွဲမျှော်စင်က ထောက်ပံ့ပေးသည့် ဤလမ်းညွှန်ပေးသည် စိတ်ချလက်ချရှိသည်ဟု ဝန်ခံရမှာဖြစ်၏။ စူပါအစည်းအရုံးများသည် ထိပ်တန်းကျွမ်းကျင်သူများစွာကို ပြုစုပျိုးထောင်နိုင်တာ အံ့သြစရာမရှိပေ။
မီးတောက်ဖဲလ်ကွန်နှင့် မီးတောက်လင်းယုန်က ကောင်းကင်ထဲတွင် ပျံဝဲနေကာရှီဖုန်းကို အချိန်များများစားစား ပေးလိုစိတ်မရှိချေ။ သူတို့၏ စီကနဲအော်သံများက တောင်ကြားတောက်လျှောက် ပဲ့တင်သံထွက်ပေါ်လာပြီး ကြမ်းတမ်းသည့်ငှက်များက ရှီဖုန်းဆီသို့ တညီတညွတ်ထဲ မီးတောက်များမှုတ်လွတ်တော့၏။
” တတိယအလွှာကို ရှင်းလင်းဖို့က သူ့အတွက် ခက်ခဲမှာပဲ …”
တိုက်ပွဲခံတပ်ထဲတွင် ရှိနေသည့်သူများကြားထဲတွင် တတိယအလွှာကိုရောက်ခဲ့ဖူးသည့် လူအချို့ရှိပေသည်။ ထို့ကြောင့် ထိုအလွှာမည်မျှခက်ခဲကြောင်း သူတို့ ရှင်းရှင်းလင်းလင်းသိပေ၏။
လူတစ်ယောက်သည် အရပ်မျက်နှာအနှံ့မှ မီးတောက်များဖြင့် တိုက်ခိုက်ခံရရုံသာမက တောင်ကြားကြမ်းပြင်သည်လည်း အမြဲတမ်းပြောင်းလဲနေ၏။ မူလက လုံခြုံသောဧရိယာဖြစ်ခဲ့သောနေရာများသည် နောက်တစ်စက္ကန့်တွင် အန္တရာယ်များသည့် နေရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤကြမ်းပြင်ကိုခြေချသည့်အချိန်၌ အာရုံစိုက်ထားရန် လိုအပ်ပေ၏။
ထို့အပြင် ထိုဧရိယာတွင် မွန်းစတားများ၏ မီးတောက်တိုက်ခိုက်မှုကိုပိတ်ဆို့နိုင်ရန် အရာဝတ္ထုများမရှိပေ။
တတိယအလွှာခက်ခဲမှုကို မှန်းဆနိုင်ပေ၏။ ပျံသန်းနေသည့်မွန်းစတားများကို တိုက်ခိုက်ရန်မဆိုထားနှင့် ဤအလွှာသို့ရောက်ရှိသည့် ကစားသမားအများစုသည် သင့်တော်စွာမရှောင်တိန်းနိုင်ကြပဲ နောက်ဆုံးတွင် လောင်ကျွမ်းနေသောမြေပြင် သို့မဟုတ် မီးတောက်တိုက်ကွက်များကြား၌ သေဆုံးခဲ့ရ၏။
” သူဘာလုပ်ဖို့ကြိုးစားနေတာလဲ …”
ယင်းကို လူတိုင်းက ရုတ်တရက်သတိပြုမိလိုက်၏။ သူ့နားကို မီးတောက်ဆယ်ခုချဥ်းကပ်လာသော်ငြား ရှီဖုန်းသည် ရပ်မြဲတိုင်းရပ်နေရန် ရွေးချယ်ခဲ့သည်။
မီးတောက်များက ရှီဖုန်းကို ဝါးမျိုတော့မည့်အချိန်တွင် ဓားသမားက ရှေ့သို့ ရုတ်တရက်တက်သွားပြီး သူ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်များစွာ ချန်ထားရစ်ကာ သူရှိနေခဲ့သည် မြေပြင်လေးဆီသို့ ရွေ့သွားလိုက်၏။ ပြီးနောက် မီးတောက်တစ်စက ရှီဖုန်းထွက်သွားခဲ့သည့် ပုံရိပ်ယောင်ကို ဝါးမျိုသွားတော့သည်။ မီးတောက်ဆယ်ခုကုန်ဆုံးသွားပြီးနောက် ရှီဖုန်းသည် မူလနေရာသို့ အထိအခိုက်မရှိ ပြန်ရောက်လာ၏။
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
အေးစက်ဆောင်းဦးက မှင်သက်သွားတော့သည်။
သူကိုယ်တိုင် တတိယအလွှာကိုရောက်ခဲ့သော်ငြား ထိုမီးတောက်များကိုကာကွယ်ရန် ရှောင်တိန်းခြင်းနှင့် ထွက်ပြေးခြင်းမှအပ သူ၏အသက်ကိုထိန်းနိုင်ရန် အခြားနည်းလမ်းမရှိကြောင်း သူသိနေပေသည်။ မီးတောက်တိုက်ခိုက်မှုအကွာအဝေးက တိုတောင်းလွန်း၏။ ထိုကဲ့သို့ ကန့်သတ်ခံထားရသည့်နေရာထဲတွင် တိုက်ကွက်များစွာကို သေချာပေါက်ရှောင်နိုင်မှာ မဟုတ်ပေ။ မီးတောက်တိုက်ခိုက်မှုများကို သူ့လက်နက်နှင့် ပိတ်ဆို့ရန်အတွက်မူ ယင်းက ပိုတောင်မဖြစ်နိုင်သေးပေ။ ဆန်းကျယ်သံမဏိချပ်ဝတ်တန်ဆာအစုံအပြည့်အဝကို လိုအပ်၏။ သို့မှသာ မီးတောက်ဖဲလ်ကွန်၏ တိုက်ခိုက်မှုများကိုပိတ်ဆို့ခြင်းမှ ဘာထိခိုက်မှုမှ ရမလာနိုင်မှာ ဖြစ်သည်။ မီးတောက်လင်းယုန်၏ တိုက်ကွက်များကို ပိတ်ဆို့ရန်အတွက်မူ အနည်းဆုံးတော့ လျှို့ဝှက်ငွေချပ်ဝတ်တန်ဆာအစုံအပြည့်အဝကို ဝတ်ဆင်ထားရန်လိုအပ်သည်။
သို့သော် စနစ်က တိုက်ပွဲမျှော်စင်ထဲတွင် သူတို့ကို ကြေးနီချပ်ဝတ်တန်ဆာအစုံအပြည့်အဝကိုသာ ဝတ်ပေးလိုက်၏။ မီးတောက်တိုက်ကွက်များကို ခုခံရန်ကြိုးစားခြင်းက သက်သေရာရောက်ခြင်းသာ ဖြစ်သည်။
ယခု ဤကဲ့သို့ ကျဥ်းမြောင်းသည့်ဧရိယာထဲတွင် ရပ်နေသည့်တိုင် ရှီဖုန်းက မီးတိုက်တိုက်ခိုက်မှုများအားလုံးကို ရှောင်တိန်းနိုင်ခဲ့သည်။ မီးတောက်များက သူ၏ ခန္ဓာကိုယ်ကို သမင်တကာရှောင်ကွင်းသည့်အလာ ဖြစ်နေ၏။
” ဒါမဖြစ်နိုင်ဘူး …။ စနစ်က တစ်ခုခုမှားယွင်းတာပဲ ဖြစ်ရမယ် …။ ဒီလောက်နီးကပ်တဲ့အကွာအဝေးမှာ တိုက်ကွက်အားလုံးကို ဘယ်လိုလုပ်အချိန်မီရှောင်နိုင်မှာလဲ …”
ရှီဖုန်းကို စောင့်ကြည့်နေသည့် ကစားသမားများက ဥသြသောင်းတင်ဖြစ်ကုန်၏။ အားလုံးနီးပါးက တစ်ထပ်ထဲအော်ဟေ့လိုက်ကြသည်။
သူတို့စိတ်များ မည်မျှလှောင်ပိတ်ခံထားရကာမူ ဤမျှနည်းကပ်သည့်အကွာအဝေးမှ တိုက်ကွက်များကိုရှောင်တိန်းခြင်းက မဖြစ်နိုင်ပေ။ တစ်ခုတည်းသောဖြစ်နိုင်ချေက စနစ်တွင် အမှားတစ်ခု ပေါ်ပေါက်လာတာပဲ ဖြစ်ပေမည်။ မဟုတ်လျှင် အစောပိုင်းကမြင်ကွင်းကို သူတို့မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း။
သို့သော် ဝန်ဟွားကမူ ရလဒ်ကြောင့်မအံ့သြသွားပေ။ လူတိုင်းက မီးတောက်လားရာအကွာအဝေးကိုသာ အကဲဖြတ်နေကြတာ ဖြစ်သည်။ သို့သော် သူတို့သည် သုံးဖက်မြင်လောကထဲတွင် နေထိုင်နေကြောင်း သူတို့မေ့သွားပေ၏။ အလျားလိုက်၊ ဒေါင်လိုက်အကွာအဝေးမှ အကွာအဝေးအပြင် အနက်ကိုလည်း သူတို့အမေ့သင့်ပေ။ ဖန်သားပြင်ပေါ်တွင် မီးတောက်ဆယ်ခုတိုက်ခိုက်မှုက တူညီသည့်အကွာအဝေးဟု ထင်ရသော်ငြား အမှန်တကယ်တွင် တိုက်ကွက်များ၏ ရောက်သွားရန်လိုအပ်သည့်အကွာအဝေးက မတူညီကြပေ။ တိုက်ကွက်အားလုံးက ဆက်တိုက်ပေါ်ထွက်လာသည်နှင့် ရှီဖုန်းဆီ ရောက်ရှိသွားသည့်တိုက်ကွက်များက အနည်းငယ်ဆီ အချိန်ကွာဟသွားပေ၏။ ရှီဖုန်းသည် ထိုတိုက်ကွက်များ၏ ရောက်လာသည့်အချိန်ကွာဟချက်ပမာဏလေးကိုသုံးပြီး မီးတောက်များကို တစ်ခုပြီးတစ်ခု ရှောင်တိန်းလိုက်တာပဲ ဖြစ်သည်။
ဤမြင်ကွင်းက ဝန်ဟွားကို အတော်လေးစိတ်ပျက်သွားစေသည်။ သို့သော် ရှီဖုန်း၏ လှုပ်ရှားမှုများထဲတွင် အဆင်မပြေမှု စိတ်ပူပန်မှုတို့ တစ်စွန်းတစ်စမှ သူမ မမြင်မိပေ။ ထိုလူသည့် အေးအေးလူလူဖြေရှင်းသည့်အလာ တိုက်ကွက်များကို သမန်ကာရှန်ကာရှောင်တိန်းသွားပြီး သူ၏ လှုပ်ရှားမှုများတွင် အပိုလှုပ်ရှားမှုများ မပါဝင်ချေ။ ဝန်ဟွားက သူလှုပ်ရှားမှုများ သဘာဝဆန်ပုံကိုမြင်လိုက်ရသည့်အချိန်တွင် ကျောစိမ့်သွားမိသည်။
ပွဲကြည့်စင်ပရိသတ်များထံမှ အံ့သြမှုနှင့် ပင့်သက်ရှိုက်သံများ ပေါ်ပေါက်လာခြင်းက ပင်မခန်းမထဲရှိ ကျန်သည့်သူများ၏ အာရုံစိုက်မှုကို ဖမ်းစားသွားသည်။ အားလုံးက ပွဲကြည့်ပရိသတ်များကို ဇဝေဇဝါကြည့်နေကြ၏။
” သူတို့ ဘာတွေဖြစ်နေတာလဲ …။ သူတို့က တိုက်ပွဲတစ်ပွဲကို ကြည့်နေရုံပဲမလား …။ ဒီလောက်ထိ ရူးသွပ်ပြဖို့လိုနေလို့လား …”
သူတို့၏အမှတ်များကို ဝေခြမ်းပေးရမှာ တွန့်ဆုတ်နေသည့် လူများကိုတောင် သိချင်စိတ်ပေါ်စေရန် နှိုးဆွနေပြီဖြစ်သည်။ ထိုကဲ့သို့အဖြစ်အပျက် ယခင်က မတွေ့ခဲ့ဖူးပေ။ သူတို့အစည်းအရုံး၏ အထက်အရာရှိများက တိုက်ပွဲစတင်ခင်အချိန်တောင် ထိုကဲ့သို့အဖြစ်အပျက်မျိုး မပေါ်ပေါက်ခဲ့ဖူးပေ။
” တိုက်ပွဲမျှော်စင်ထဲမှာ ဘာတွေဖြစ်နေတာလဲ …”
လူတိုင်းက ရှီဖုန်း၏ တိုက်ပွဲကို စောင့်ကြည့်သင့် မကြည့်သင့်တွေဝေနေကြစဥ် ခမ်းနားသည့်အနီရင့်ရင့် သိုင်းဝတ်ရုံဝတ်ထားသည့် လူရွယ်တသ်ဦးက ခန်းမထဲဝင်လာတော့သည်။ မြန်ဆန်သည့်ခြေလှမ်းဖြင့်လူရွယ်က တိုက်ပွဲမျှော်စင်၏ ပေါ်တယ်ဆီလျှောက်သွားသည်။ ထိုင်ရန်အတွက် တိတ်ဆိတ်သောနေရာရှာပြီးနောက် ရှီဖုန်း၏ပွဲကိုကြည့်ရန် ရွေးချယ်လိုက်တော့သည်။
” ရူးလောက်စရာပဲ …။ ဒါရူးတာပဲ …။ ဒါက ရူးနေတာပဲ …”
” အကြီးအကဲယွမ်က ဘာကြောင့် ရောက်လာတာလဲ …။ ဒီနေရာက အလားအလာရှိတဲ့ လူငယ်တွေကို ပျိုးထောင်ပေးပို့ လေ့ကျင့်ရေးစနစ်မဟုတ်ဘူးလား …”
” သူ ဒီကိုရောက်မလာနိုင်ဘူး …”
ယွမ်ထျယ်ရှင်း တိတ်တိတ်ဆိတ်ဆိတ်ထိုင်ကျပြီး စနစ်မျက်နှာပြင်ကို ခေါ်ထုတ်လိုက်တာကိုမြင်သောအခါ ဖြတ်သွားဖြတ်လာများက ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက်တွေးမိသွားသည်။ သို့သော် သူတို့၏ ထိတ်လန့်ဖွယ်အတွေးကို မည်သူကမှ လက်မခံနိုင်ဖြစ်နေကြသည်။
ချက်ချင်းပင် ရှီဖုန်းကို စောင့်ကြည့်သည့်သူအရေအတွက် ခြောက်ဆယ့်နှစ်အထိ တိုးသွားသည်။
ပွဲကြည့်ရန် အမှတ်များမရှိသည့်သူများက ဤမြင်ကွင်းကြောင့် မှင်သက်နေမိကြသည်။ လျှို့ဝှက်မျှော်စင်၏ အထက်အရာရှိကတောင် တိုက်ပွဲမျှော်စင်ကိုစိန်ခေါ်ရန် ရောက်လာသည့်အချိန်ကတောင် ပွဲကြည့်သည့်သူအရေအတွက်က အလွန်ဆုံးမှာ ဤအရေအတွက်မျှသာ ရှိသည်။ ထို့အပြင် ယနေ့လူများစွာသည် သူတို့ကိုယ်ပိုင်အရေးကိစ္စများနှင့် အလုပ်များနေသောကြောင့် လေ့ကျင့်ရေးစနစ်ထဲ ဝင်မပါနိုင်ကြသည့်နေ့လည်း ဖြစ်သည်။ မဟုတ်လျှင် ယခုအချိန်၌ ပွဲကြည့်ပရိတိသတ်အရေအတွက်က ပိုတောင်မြင့်နေမှာ သေချာ၏။
” ညီလေးရှီဖုန်းက ဘယ်သူများလဲ …”
ယခုအကြိမ်တွင် ကုံးဟောက်ရန်၏ ထိတ်လန့်မှုသည် သူလက်ရွေစင်ကစားသမားတပ်ဖွဲ့ပါသည့် အဖွဲ့တစ်ဖွဲ့ကို ရင်ဆိုင်စဥ်က ခံစားရသည်ထက်တောင် ပိုပြင်းထန်နေ၏။
” ငါရဲ့တိုက်ပွဲကို ဒီလောက်များပြားတဲ့လူတွေ ကြည့်လာမယ်ဆိုရင် ငါ့အသက်ကို လောင်းကြေးထပ်ရဲတယ် …”
ဟော်ကျန့်ယန်က ထိုမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်နေ၏။
” သူရဲ့တိုက်ပွဲကို ဒီလောက်များတဲ့လူတွေ ကြည့်နေခဲ့ရင် တိုက်ပွဲဝင်အမှတ် သူဘယ်လောက်များ ရနိုင်မလဲ …”
သူသည် နေ့စဥ်နေ့တိုင်း သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်တစ်ဦးကို ရင်ဆိုင်တိုက်ခိုက်လျှင်တောင် ထိုအမှတ်များက အနည်းဆုံးနှစ်လလုံးလုံး အဆင်ပြေစေမှာ ဖြစ်သည်။ တိုက်ပွဲမျှော်စင်၏ တတိယအလွှာတွင် ရှီဖုန်းသည် သူဆီရောက်လာသည့်မီးတောက်များကို ထပ်ခါထပ်ခါရှောင်တိန်းနေ၏။ နယ်မြေပြောင်းလဲသွားသည့်အချိန်တွင်တောင် သူက လုံခြုံသည့်ဧရိယာသို့ ချက်ချင်းသွားနိုင်ခဲ့သည်။ ရံဖန်ရံခါတွင် သူက ပျံသန်းပြီး တိုက်ခိုက်တော့၏။ သူဖြစ်စေသည့် ထိခိုက်မှုကနိမ့်ပြီး (-၅၀၀) ဝန်ကျင်သာရှိသော်ငြား တိုက်ပွဲမျှော်စင်ထဲရှိ မည်သည့်မွန်းစတားကမှ တိုက်ပွဲပြန်ကောင်းသည့်အရည်အချင်းမရှိကြချေ။ ထို့ကြောင့် ထိုမွန်းစတားများကို ဖြည်းဖြည်းခြင်းဆွဲချနိုင်ပေ၏။
ပြီးနောက် မီးတောက်ဖဲလ်ကွန်၏ HP က ဆက်တိုက်လျော့ကျသွားတော့သည်။ တိုက်ပွဲသည် ရှီဖုန်း၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝကျရောက်သွားပြီ ဖြစ်သည်။
” အတွေ့အကြုံယူတာ လုံလောက်သွားပြီ …။ အခုတော့ အဆုံးသတ်ဖို့ အချိန်ကျပြီပဲ …”
ပြီးနောက် သူသည် မီးတောက်ဖဲလ်ကွန်၏ နောက်ဆုံးအသက်အမျှင်ကို ဆွဲနုတ်သည့်တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ မီးတောက်ဖဲလ်ကွန်သေသွားသည်နှင့် ရှီဖုန်းရင်ဆိုင်ရသည့် တိုက်ကွက်များက နှစ်ဆယ်မှ ကိုးအထိလျော့ကျသွားပြီး တိုက်ကွက်များကိုရှောင်တိန်းရ ပိုလွယ်ကူသွားသည်။
သံသယဖြစ်ဖွယ်မရှိပဲ သူသည် မီးတောက်ဖဲလ်ကွန်နှင့် မီးတောက်လင်းယုန်တို့ကိုလည်း ဖြေရှင်းလိုက်ပြီး အလွှာတစ်ခုကို ထပ်မံရှင်းလင်းလိုက်ပြန်၏။
ရှီဖုန်းသည် အကွာအဝေးအမျိုးအစားမဟုတ်။ သူ၏ တိုက်ကွက်များက အကွာအဝေူအမျိုးအစားနှင့်ယှဥ်လျှင် သက်ရောက်မှုနည်းသည်။ ထို့ကြောင့် တတိယအလွှာအတွက် ရှင်းလင်းသည့်စံချိန်ကိုမူ သူမချိုးနိုင်ခဲ့။ ထိုသို့တိုင် ပွဲကြည့်ပရိတ်သတ်များအားလုံကို အံ့သြစေသေး၏။ အားလုံးထိတ်လန့်ရခြင်းအကြောင်းအရင်းမှာ တတိယအလွှာအတွက် ရှီဖုန်း၏ ရှင်းလင်းသည့်အချိန်သည် လက်ရှိစံချိန်တင်ထားသူထက် အနည်းငယ်မျှသာ နိမ့်နေသောကြောင့် ဖြစ်သည်။ သူ၏ အကွာအဝေးလက်နက်က ကောင်းမွန်သည့်စကေးတစ်ခုကို သင်ယူနိုင်လျှင် စံချိန်အလွယ်တကူချိုးနိုင်လောက်သည်။ ပြီးနောက် ရှီဖုန်းသည် တိုက်ပွဲမျှော်စင်၏ စတုတ္ထအလွှာသို့ ဝင်ရောက်သွား၏။ ယင်းက လက်ရှိသင်တန်းသားများရောက်သည့် အမြင့်ဆုံးအလွှာလည်း ဖြစ်ပေသည်။