ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 919 တိုက်တန်၏ ဒဏ္ဍာရီ
တိုက်တန်၏သူတော်စင်မြို့သည် နတ်ဘုရားနယ်မြေ မြေအောက်ထဲတွင် မြှုပ်နှံခံထားရကာ တိုက်တန်မြို့ကို ဝန်းရံနေပြီး သဘာဝဝင်္ကပါတစ်ခု ဖွဲ့တည်နေ၏။ ကစားသမားများသည် ဝင်္ကပါအတွင်း အလွယ်တကူ လမ်းပျောက်သွားနိုင်ပြီး သူတို့သည် တိုက်တန်မြို့ကို ဝင်္ကပါအတွင်း ရှာနေရတာဖြစ်သည်။ တိုက်တန်မြို့က မြေအောက်တွင်ရှိသော်ငြား သလင်းများကတောက်ပပြီး အပြာရောင်အလင်းများ ဖြာထွက်နေစေပြီး သူတို့က ဂူ၏အမိုးတွင်ရှိနေသည်။ ထို့ကြောင့် အမြင်အာရုံက ပြဿနာတစ်ရပ်မဟုတ်ပေ။
ရှီဖုန်းနှင့် ကျန်သည့်သူများသည် ရွေ့ပြောင်းတဲ့ဂိတ်ထဲဝင်ပြီးနောက် သူတို့သည် ထိုဝင်္ကပါ၏ ဝင်ပေါက်ဆီသို့ ပို့ခံလိုက်ရ၏။
” ဒီနေရာက အကျယ်ကြီးပဲ …”
ရေနှင်းဆီနှင့် ကျန်သည့်ဇီးရိုးဝင်းအဖွဲ့ဝင်များ ဤနေရာသို့ ပထမအကြိမ်ရောက်လာခြင်းနှင့်အညီ သူတို့က မျက်စိဖမ်းစားခံလိုက်ရသည်။ အဖြူရောင်ညနှင့် သွေးစုပ်သူကဲ့သို့ ကျွမ်းကျင်သူများတောင် မြင်ကွင်းကအံ့အားသင့်ဖွယ်ကောင်းသည်ဟု တွေးမိကြသည်။ ခမ်းနားသောမြင်ကွင်းအပြင် တိုက်တန်၏ မိုးထိအောင်မြင့်မားသော ရုပ်ထုဆယ်ခုက ဝင်ပေါက်တွင်ရှိနေ၏။ ရုပ်ထုများသည် အကန့်အသတ်မဲ့ရောင်ဝါများ ဖြာထွက်နေပေသည်။ ထိုရုပ်ထုများရှေ့၌ သူတို့ကဲ့သို့ ကစားသမားများသည် အင်းဆက်ပိုးမွှားများနှင့် မခြားတော့ပေ။ သူတို့ကူညီပေးရန်အတွက် ရှီဖုန်းသူတို့ကိုခေါ်လာသည့်တာဝန်က မရိုးရှင်းမှန်းသူတို့သိသော်ငြား ယင်းကိုတွေ့ပြီးနောက် သူတို့ပိုလေးနက်တည်ကြည်လာသည်။
ဤဧရိယာသို့ ရောက်လျှင်ရောက်ချင်းတွင် သေခြင်းတရာသတိပေးမှုကို ခံစားမိနေသည်။ အထူးသဖြင့် ဝင်ပေါက်အတွက်မှန်ကန်ပေ၏။ ဧရာမသားရဲ၏ ခံတွင်းနှင့်တူနေပေသည်။
“ဒါတွေက ရုပ်ထုသက်သက်ပဲ၊ ဒါတောင် အစွမ်းထက်တဲ့ရောင်ဝါတွေရှိနေသေးတယ်၊ ရုပ်ထုတွေက အသက်၀င်နေတာလား …”
ရေနှင်းဆီ၏ မျက်ခုံးတစ်စုံက အနည်းငယ်တွန့်ကွေးသွားပြီးနောက် သူမရှေ့ရှိ ရုပ်ထုများကိုကြည့်လိုက်သည်။ ထိုရုပ်ထုဆယ်ရုပ်ဆီမှ ဝန်းရံနေသောဖိအားများကို သူမ ခံစားနေမိသည်။ သူတို့တိုက်ခိုက်နေစဥ် ဤရောင်ဝါရှိနေမည်ဆိုပါက အရေးနိမ့်ပေလိမ့်မည်။
” စိတ်အေးအေးထား၊ အဲ့တာတွေက ရုပ်ထုတွေပဲ၊ သူတို့ရဲ့ရည်ရွယ်ချက်က မွန်းစတားတွေကိုခြောက်ဖို့နဲ့ ချဥ်းကပ်မလာအောင် ဟန့်တားထားတာ …”
ရှီဖုန်းက ရှင်းပြလိုက်၏။
ထိုရုပ်ထုဆယ်ခုသည် တိုက်တန်၏သူတော်စင်မြို့ကို ရှာတွေ့ခဲ့သော သူတော်စင်ဆယ်ပါး၏ ရုပ်ထုများ ဖြစ်ပေသည်။ ဒဏ္ဍာရီများအရ သူတော်စင်များက နတ်ဘုရားများကို ယှဥ်ပြိုင်နိုင်သောခွန်အားများ လုံလောက်အောင်ပိုင်ဆိုင်ထားပေ၏။ သူတို့မသေခင်က သူတော်စင်ဆယ်ပါးသည် ကျန်ရှိသောစွမ်းအားများကိုအသုံးပြုကာ တိုက်တန်လက်နက်ကို တည်ဆောက်ခဲ့သည်။ တိုက်တန်လက်နက်များ တပ်ဆင်လိုက်သရွေ့ သူတို့သည် နတ်ဘုရားများကို ရင်ဆိုင်လာနိုင်မှာ ဖြစ်၏။ သို့သော် ကပ်ဘေးများက တိုက်တန်မြို့ပေါ်သက်ရောက်လာပြီးနောက် ထိုတိုက်တန်လက်နက်များ ပျောက်ဆုံးသွားတော့သည်။
သူ၏ ယခင်ဘဝတုန်းက ရှီဖုန်းသည် ကံကောင်းထောက်မပြီး တိုက်တန်၏ လက်နက်ကြီးဆယ်ခုထဲမှ တစ်ခုကိုတွေ့ခဲ့၏။ ယင်းက လက်အိတ်တစ်စုံမျှသာဖြစ်သော်လည်း လက်အိတ်များက ဒဏ္ဍာရီလာဆင့် ဖြစ်ပေသည်။ လက်အိတ်များသည် ဝတ်ဆင်သူ၏ခွန်အားအရည်အချင်းကို တိုးတက်စေ၏။ အပိုင်းအစဒဏ္ဍာရီလာလက်နက်ကို အသုံးပြုနေလျှင်တောင် တိုက်တန်လက်နက်ကို ပိုင်ဆို၈်ထားသော ကစားသူသည် ဒဏ္ဍာရီအဆင့်ပုဆိန် ကိုင်ဆောင်ထားသော ကစားသမားကို ယှဥ်တိုက်ခိုက်နိုင်ပေ၏။
နတ်ဘုရားနယ်မြေထဲရှိ ချပ်ဝတ်တန်ဆာများကြားထဲတွင် လက်နက်များသည် ကစားသမားများကို ပံ့ပိုးမှုအပေးနိုင်ဆုံးဖြစ်သည်။ ထိုသို့တိုင် လက်အိတ်တစ်စုံက ဒဏ္ဍာရီလာလက်နက်နှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသည့် ခွန်အားမျိုးပေးစွမ်းရန် လုံလောက်ပေသည်။ တိုက်တန်လက်နက်များ မည်မျှအစွမ်းထက်ကြောင်း မှန်ဆနိုင်ပေ၏။
ရှီဖုန်း၏အမြင်တွင် ကစားသမားတစ်ဦးသည် တိုက်တန်လက်နက်အပြည့်အစုံကို ရခဲ့လျှင် နတ်ဘုရားတစ်ပါးနှင့်တောင် ယှဥ်နိုင်ပေလိမ့်မည်။
ကံဆိုးသည်မှာ တိုက်တန်လက်နက်များက ကစားသမားများအဖို့ ဆန်းကျယ်မှုတစ်ရပ်ဖြစ်နေသည်။ ဆယ်စုနှစ်တစ်စုကြာပြီးသည့်တိုင် ကစားသမားများသည် တိုက်တန်လက်နက်သုံးခုသာ ရှာတွေ့ခဲ့၏။ ထို့အပြင် မတူညီသည့်ကစားသမားသုံးဦးက ပိုင်ဆိုင်ထားတာဖြစ်သည်။ ထိုကစားသမားများသည် အတိတ်တုန်းက များစွာသောလုပ်ကြံသတ်ဖြတ်မှုများ၏ ပစ်မှတ်များဖြစ်ခဲ့ပေသည်။
” ကောင်းပြီ၊ အထဲဝင်ကြရအောင် …”
ရှီဖုန်းကပြောပြီး လက်ခုပ်တီးလိုက်၏။ လူတိုင်းက သူတို့နေရာယူပြီးနောက် တိုက်တန်၏ ဝင်ခွင့်စစ်ဆေးမှုသို့ တရားဝင် ဝင်ရောက်ကြတော့သည်။
လမ်းကြောင်းသို့ဖြတ်သန်းသွားလာပြီး မိနစ်အနည်းငယ်ကြာပြီးနောက် လူတိုင်း ရပ်တန့်လိုက်ကြသည်။
” ခေါင်းဆောင် ရှေ့မှာလမ်းကြောင်းလေးခု ရှိတယ်၊ ဘယ်လမ်းကိုရွေးရမလဲ …”
ရေနှင်းဆီက ရှီဖုန်းကို မေး၏။
” ကင်းထောက်ဖို့အတွက် တစ်ယောက်ပို့ရမလား …”
လမ်းကြောင်းတိုင်းက သူမအတွက် အန္တရာယ်များနေပေသည်။ ထို့ကြောင့် မည်သည့်လမ်းကြောင်းကို ရွေးရမည်မှန်း မဆုံးဖြတ်နိုင်ဖြစ်နေသည်။
” ပြီးခဲ့တဲ့တစ်ခေါက်က မင်းတို့ဘယ်လမ်းကြောင်းကိုသွားခဲ့တာလဲ …”
ရှီဖုန်းသည် သူတို့ရွေးသင့်သည့်လမ်းကြောင်းကို သိနေသော်ငြား ယို့လန်ကို မေးနေသေးဆဲ ဖြစ်၏။
“ပြီးခဲ့တဲ့အခေါက် ရောက်လာတုန်းက လမ်းကြောင်းလေးခုလုံးကို ကျွန်မတို့စစ်ဆေးခဲ့တယ်၊ သူတို့တွေထဲမှာ ပထမဆုံးလမ်းကြောင်းကို မဟာအရှင်တစ်ဦး စောင့်ကြပ်နေတာ၊ နောက်ထပ်လမ်းကြောင်းနှစ်ခု ထောက်ချောက်တွေနဲ့ ချုံခိုတိုက်ခိုက်မဲ့ မွန်းစတားတွေ ရှိတယ်၊ နောက်ဆုံးလမ်းကြောင်းမှာကတော့ အစုလိုက်အပြုံလိုက်စောင့်ကြပ်နေတာတွေ ရှိတယ်၊ ကျွန်မတို့တွေ အဲ့ဒီမွန်းစတားတွေကို သတ်ဖြတ်ပြီးတဲ့နောက် အဲ့ဒီလမ်းကြောင်းက နောက်ထပ်လမ်းခွဲတစ်ခုကို ဦးတည်သွားတယ်ဆိုတာ တွေ့လိုက်ရတယ်၊ အဆုံးမှာ ခမ်းနားတဲ့အရှင်ရှိတဲ့လမ်းကြောင်းပဲ ရွေးလိုက်ရတယ်၊ ဒါပေမဲ့ ခဏကြာပြီးတဲ့နောက် မဟာအရှင်သုံးဦးက ကျွန်မတို့ကို သတ်ဖြတ်လိုက်တာပဲ …”
ယို့လန်က ရှင်းပြ၏။ အမှန်အတိုင်းဆိုရလျှင် သူတို့သည်အဆုံးထိမရောက်ခင်အထိ အချက်အလက် မရလုနီးပါးဖြစ်နေခဲ့သည်။ ထို့ကြောင့် ယို့လန်သည် ဘော့စ်သုံးဦးကို စိန်ခေါ်ရန်အတွက် ကျွမ်းကျင်သူများ ရှာရန် တွေးခဲ့တာဖြစ်သည်။
လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များသည် သူတို့ကို အုပ်စုဖွဲ့တိုက်ခိုက်သည့် မဟာအရှင်သုံးဦးကို ပြန်တွေးမိသည့်အချိန်၌ ကျောစိမ့်လာတော့၏။ မဟာအရှင်နှင့်ရင်ဆိုင်နိုင်သည့် ကစားသမား များများစားစား မရှိပေ။ မဟာအရှင်သုံးဦးက တစ်ပြိုင်နက်ထဲပေါ်လာသည့် အချက်အလက်လည်း ရှိနေသေး၏။
ထိုအပြင် အယောက်တစ်ရာအဖွဲ့တောင် မဟာအရှင်တစ်ဦးကို ရင်ဆိုင်ရန်ခက်ခဲလွန်းနေ၏။ မဟာအရှင်ကိုယ်တိုင်အပြင် မဟာအရှင်နှင့်အတူလိုက်ပါလာသည့် မွန်းစတားများလည်း ရှိနေသေးသောကြောင့် ဖြစ်၏။
သူတို့သည် မဟာအရှင်သုံးဦးကို မရင်ဆိုင်နိုင်ခင် အားနည်းသောမွန်းစတားများက သူတို့ကို သတ်ဖြတ်သွားခဲ့တာဖြစ်သည်။
” ဒီတော့ ဒီလိုကို၊ ဒါဆိုရင် လမ်းခွဲရှိတဲ့လမ်းကြောင်းဆီ သွားကြမယ် …”
ရှီဖုန်းက ခေါင်းညိတ်လိုက်၏။
“ပုံမှန်ဆို ဘော့စ်ရှိတဲ့လမ်းကြောင်းက မှန်ကန်တဲ့ရွေးချယ်မှု ဖြစ်သင့်တယ်၊ လမ်းခွဲရှိတဲ့လမ်းကိုရွေးတာက အချိန်ဖြုန်းတီးရာရောက်မှာပဲ …”
ယို့လန်က ရှင်းပြလိုက်၏။
“တခြားပုံရိပ်ယောင်ဂိမ်းတွေထဲမှာဆိုရင်တော့ မှန်တယ်၊ ဒါပေမဲ့ နတ်ဘုရားနယ်မြေထဲမှာဆိုရင် တစ်ဝက်ပဲမှန်တယ် …”
ရှီဖုန်းက ပြောပြီးရယ်မောလိုက်၏။
“ဒါက ဝင်ခွင့်စစ်ဆေးမှုပဲ၊ ငါတို့ရဲ့ အဓိကပန်းတိုင်က ဝင်္ကပါကိုကျော်ဖြတ်ဖို့၊ ဘော့စ်ကို အနိုင်ယူဖို့မဟုတ်ဘူး၊ ဟုတ်တယ်မလား …”
အမှန်တကယ်တွင် လမ်းကြောင်းလေးခုလုံးက တိုက်တန်မြို့ကို ဦးတည်နေပေ၏။ အဖွဲ့တစ်ဖွဲ့က လုံလောက်အောင်သန်မာလျှင် သူတို့က ဘော့စ်များစွာပါဝင်သည့် အခက်အခဲဆုံးလမ်းကြောင်းကို ရွေးချယ်နိုင်သည်။ ထို့ကြောင့် ထိုလမ်းကြောင်းက တိုက်ရိုက်အကျဆုံးနှင့် အချိန်ကုန်သက်သာဆုံးလည်း ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဖြတ်လမ်းများစွာရှိသည့်လမ်းကြောင်းက ယို့လန်ပြောသလိုမျိုး အချိန်ကုန်စေပေ၏။ သို့သော် လမ်းကြောင်းလေးခုထဲတွင် အလုံခြုံဆုံးလမ်းကြောင်းဖြစ်ပေ၏။ ယို့လန်၏အဖွဲ့က ပြဿနာများကိုဖြေရှင်းရန် ဖိအားသုံးရသည့်သဘောထားနှင့် အသားကျနေခဲ့တာဖြစ်သည်။ ထို့ကြောင့် ဝင်ခွင့်စမ်းသပ်ခြင်းကိုဝင်ရောက်ပြီးနောက် အခက်ခဲဆုံးလမ်းကြောင်းကို စိန်ခေါ်ရန်ရွေးချယ်ခဲ့ပေ၏။ သူတို့အချိန်တိုအတွင်း အဖွဲ့လိုက် သုတ်သင်ရှင်းလင်းခံရလိုက်တာ အံ့သြစရာမရှိပေ။
အတိတ်ဘဝတုန်းက ရှီဖုန်း ထိုနေရာသို့ပထမဆုံးအကြိမ်ရောက်လာစဥ်က သူသည်လည်း မိုက်မဲခဲ့ပေ၏။ သူနှင့်သူ့အဖွဲ့က အခက်ခဲသောလမ်းကြောင်းကိုရွေးခဲ့ပြီး ဘော့စ်များအားလုံးကို သတ်ခဲ့သည်။ အဆုံးတွင်မူ သူတို့က အဖွဲ့လိုက်သုတ်သင်ရှင်းလင်းခံရ၏။
ကံကောင်းသည်မှာ ယို့လန်၏အဖွဲ့နှင့်မတူ။ သူ၏ အဖွဲ့က ရိုးရှင်းသည့်စိတ်ထားရှိသူတွေ မဟုတ်ပေ။ ဘော့စ် သူတို့ကို သတ်ဖြတ်နေစဥ်တွင် အားလုံးကိုပြန်အသက်သွင်းရန်အတွက် အဖွဲ့နှင့်မလှမ်းမကမ်းတွင် ဘာသာရေးခေါင်းဆောင်တစ်ဦးကို ထားခဲ့၏။ ဤနည်းဖြင့် သူတို့သည် ဘော့စ်များကို အဆုံးမရှိစိန်ခေါ်နိုင်တာ ဖြစ်သည်။ ထို့အပြင် ယင်းက ဝင်ခွင့်စစ်ဆေးမှုဖြစ်၏။ ဤနေရာတွင် ကစားသမားများအကြိမ်မည်မျှသေစေကာမူ သူတို့အသက်ပြန်ရှင်လာပြီးနောက် EXP များလျော့မှာမဟုတ်ပေ။ စကေးကျွမ်းကျင်မှုအချို့တော့ ဆုံးရှုံးပေလိမ့်မည်။
ယို့လန်နှင့် ကျန်သည့်သူများက ရှီဖုန်း၏ အကြောင်းပြချက်ကို ကြားသောအခါ သူတို့သဘောပေါက်သွားသည်။
ပြီးနောက် ရှီဖုန်းသည် သူ့အဖွဲ့ကို ဖြတ်လမ်းများရှိသည့် လမ်းကြောင်းဆီသို့ ဦးတည်ခေါ်ဆောင်သွား၏။ ဝင်္ကပါထဲ ဖြတ်သန်းသွားလာနေရသောကြောင့် ရှီဖုန်းက ရံဖန်ရံခါ၌ မှားယွင်းသောလမ်းကြောင်းကိုသွားမိပြီး အဖွဲ့ကို ခက်ခဲသည့်အခြေအနေနှင့် ချောင်များသို့ခေါ်သွားမိသည်။ သို့သော် အဖွဲ့၏ အရည်အချင်းဖြင့် ထောက်ချောက်များကိုကျော်လွှားပြီး အဆင့် (၄၀) သို့မဟုတ် ထိုအထက်ရှိ သတ္တဝါများက ပြဿနာမဟုတ်တော့ပေ။
နှစ်နာရီနီးပါးလမ်းလျှောက်ပြီးနောက် သူတို့အဖွဲ့သည် ဘုရားကျောင်းကြီးအရှေ့သို့ ရောက်သွား၏။ ထိုဘုရားကျောင်းက ဘောလုံးကွင်းငါးကွင်းစာလောက်ကြီးမားပြီး ဝင်ပေါက်တွင် သံမဏိတံခါးတစ်ချပ်ကို တင်းကြပ်စွာပိတ်ထား၏။ အနီရောင်မျက်လုံးများတောက်ပနေသည့် သံမဏိရုပ်ထုက ကြည့်နေသည်။ ၎င်းက ဆယ်မီတာကျော်ခန့် မြင့်မားပြီး သံတံခါးရှေ့၌ အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပေ၏။
လေ့ကျင့်ထားသောစစ်သားများကဲ့သို့ပင် ဘုရားကျောင်းဝန်းကျင်၌ ကင်းလှည့်နေသော သံမဏိရုပ်ထုလေးများလည်း ရှိပေသည်။
[သံမဏိသတ်ဖြတ်သူ] [ဓာတ်ကြီးလေးပါးသတ္တဝါ၊ မဟာအရှင်]
အဆင့် (၄၄)
HP (သန်း ၅၀/သန်း ၅၀)
[သံမဏိအစောင့်အရှောက်] [ဓာတ်ကြီးလေးပါးသတ္တဝါ၊ အရှင်]
အဆင့် (၄၂)
HP (၇ သန်း/၇ သန်း)
[သံမဏိစောင့်ကြည့်သူ] [ဓာတ်ကြီးလေးပါးသတ္တဝါ၊ လက်ရွေးစင်]
အဆင့် (၄၀)
“ကိုလာ သံမဏိသတ်ဖြတ်သူကို နောက်မှခံတိုက်ရမယ်၊ ကျန်တဲ့ MT တွေက အစောင့်အရှောက်တစ်ယောက်ဆီကို ဖြေရှင်းကြ၊ အဖြူ မင်းက လက်ရွေးစင်မွန်းစတားတွေကို ငါတို့ဆီအရင်မျှားခေါ်လာခဲ့၊ မှော်အမျိုးအစားတွေအားလုံးကို လက်ရွေးစင်တွေကိုဖြေရှင်းဖို့ ကူညီပေး၊ သွားကြ …”