ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 922 အထင်ကြီးဖွယ်ကောင်းသော ပူးပေါင်းဆောင်ရွက်မှု
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 922 အထင်ကြီးဖွယ်ကောင်းသော ပူးပေါင်းဆောင်ရွက်မှု
” ဒါက ကိုယ်ခွဲစကေးပဲ၊ အတော်မာလိမ့်မယ် …”
သွေးစုပ်သူသည် သံမဏိသတ်ဖြတ်သူနှစ်ကိုယ်ကွဲသွားတာကိုမြင်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။ သူက ခံစားချက်မကောင်းတော့ပေ။
စကေးကျွမ်းသောကစားသမားများ၏ အဆိုးဆုံးထဲမှအခြေအနေတစ်ရပ်က တိုက်ခိုက်နေသော ဘော့စ်များတွင် ကိုယ်ခွဲစကေး ရှိနေတာပဲ ဖြစ်သည်။ အထူးသဖြင့် အားနည်းသွားခြင်းမရှိသည့် အရည်အချင်းမျိုးဖြင့် ကိုယ်ခွဲပဲဖြစ်၏။ တစ်ခုတည်းသော အသက်ကယ်နိုင်ခြေက ထိုကဲ့သို့ကိုယ်ခွဲများသည် HP ကိုမျှဝေအသုံးပြုနေတာ ဖြစ်သည်။ ဆိုရလျှင် ဘော့စ်များက အရိုင်းဆန်သည့်အခြေအနေထဲသို့ဝင်ရောက်ပြီးနောက် ၎င်း၏ အရည်အချင်းများမြင့်တင်ထားသည့် ဘော့စ်များထက် ဖြေရှင်းရန်ပိုခက်ခဲမှာ ဖြစ်သည်ေြ
သူတို့အဖွဲ့၏ တစ်ဝက်နည်းပါးသေဆုံးသွားပြီဖြစ်ရာ ခမ်းနားသောအရှင်နှစ်ဦးကို ယှဥ်ပြိုင်နိုင်ချေက အလွန်နိမ့်နေပြီဖြစ်သည်။
ရှေးဦးစွာ သူတို့သည် MT တစ်ဝက်သာရှိတော့သည်။ ဒုတိယအချက်အနေဖြင့် ခမ်းနားသောအရှင်၏ အလုံးစုံတိုက်ပွဲဝင်စွမ်းအားက ရိုးရိုးရှင်းရှင်းနှစ်ဆဖြစ်သွားခဲ့တာ မဟုတ်ပေ။ ခမ်းနားသောအရှင်နှစ်ဦးက သူတို့၏ တိုက်ကွက်များကို ထပ်ခဲ့လျှင် ပူးပေါင်းမှုက နှစ်ဆဖြစ်သွားပေလိမ့်မည်။
အစွမ်းထက်သောတိုက်ကွက်ကိုရင်ဆိုင်ရာတွင် ကိုလာကဲ့သို့ MT တစ်ဦးတောင် သူ့ကို အာရုံစိုက်ပေးမည့် ကုသသူမရှိဘဲ သေဆုံးသွားပေလိမ့်မည်။
“ဒီခမ်းနားတဲ့အရှင်တွေက ထိတ်လန့်ဖွယ်လှိုင်းကို ထက်သုံးခဲ့မယ်ဆိုရင် ငါတို့အားလုံး လက်လျှော့လိုက်ရတော့မှာပဲ …”
ယို့လန်က မျက်မှောင်ကြုတ်ပြီး သူမသည် သံမဏိသတ်ဖြတ်သူနှစ်ဦးကို စိုက်ကြည့်နေမိသည်။ ခမ်းနားသောအရှင်သည် ဖြေရှင်းရ ထိုမျှခက်ခဲမိလိမ့်မည်ဟု သူမ တစ်ခါမှမထင်ခဲ့မိချေ။
” အစည်းအရုံးခေါင်းဆောင် ကျွန်မတို့တွေ ဘာလုပ်သင့်လဲ၊ ရှေးစစ်သည်တော်စကေးတွေ အသက်သွင်းရမလား …”
ရေနှင်းဆီက ရှီဖုန်းကို တီးတိုးပြောလိုက်၏။
” ကိုလာ အဖြူကိုဖြေရှင်းလိုက်၊ ငြိမ်းချမ်းခြင်း မင်းက သူ့ကို ပံ့ပိုးပေးလိုက်၊ ကျန်တဲ့ MT သုံးယောက်က အနက်ရောင်တစ်ကောင်ကို ဆွဲထားဖို့ တာဝန်ယူလိုက်၊ တစ်ယောက်နဲ့တစ်ယောက် ကိုက်ငါးဆယ်အကွာမှာ ထားကြ၊ ကုသသူတွေအားလုံး ဘော့စ်နှစ်ယောက်နားမှာ သုံးထောင့်ချွန်ပုံသဏ္ဍာန် နေရာယူပြီး ဝေးနိုင်သမျှခပ်ဝေးဝေးကနေ MT တွေကိုကုသပေး …”
ရှီဖုန်းက တည်ငြိမ်စွာအမိန့်ပေးလိုက်သည်။
သံမဏိသတ်ဖြတ်သူသည် အရေးကြီးသည့် အဆင့်ဘော့စ်တစ်ဦး ဖြစ်သည်။ စနစ်က ကစားသမားများကို ဝင်ခွင့်စမ်းသပ်မှု အလွယ်တကူကျော်ဖြတ်ခွင့်ပေးမှာ မဟုတ်ပေ။
ထို့အပြင် ယို့လန်ခန့်မှန်းသည့်အတိုင်းပင် သံမဏိသတ်ဖြတ်သူ၏ HP (၃၀) ရာခိုင်နှုန်းအောက် ရောက်သွားသည့်အချိန်၌ ခမ်းနားသောအရှင်နှစ်ဦးသည် မိုးကြိုးဖျက်ဆီးခြင်းကို ထပ်မံအသုံးပြုအုံးမှာပဲ ဖြစ်သည်။ စကေးက ယခင်တိုက်ကွက်ထက် အားမနည်းပေ။ ယခင်တုန်းက ကစားသမားများသည် သင့်တော်သည့်တွက်ချက်မှုများရှာမတွေ့ခင်က အဖွဲ့များစွာသည် ထိုအကွက်ကြောင့် သေဆုံးသွားခဲ့ပေ၏။
ရှီဖုန်း နောက်ကွယ်အမိန့်နောက်ကွယ်မှ အကြောင်းအရင်းကို မည်သူမှမသိသည့်တိုင် သူတို့သည် တွေဝေခြင်းမရှိဘဲ သူ့အမိန့်အတိုင်း လှုပ်ရှားကြ၏။ ဆိုရလျှင် ရှီဖုန်း၏ လမ်းညွှန်မှုကြောင့်သာ သူတို့ ဤနေရာထိရောက်လာခဲ့တာဖြစ်၏။
မြန်မြန်ဆန်ဆန်ပင် အားလုံးက နေရာယူလိုက်ကြသည်။ ကိုလာကမူ အဖြူရောင်သံမဏိသတ်ဖြတ်သူကို ဖြေရှင်းရာတွင် အတော်လေး လွယ်ကူနေသေးပြီး ခမ်းနားသောအရှင်၏ သာမန်တိုက်ကွက်များဆီမှ (-၅၀၀၀) (-၆၀၀၀) ထိခိုက်မှုသာ ရခဲ့သည်။ စကေးတစ်ခု သူ့ကိုထိသွားခဲ့လျှင်တောင် သူသည် HP တစ်သောင်းခွဲဝန်းကျင်သာ ထိခိုက်သွား၏။ သူသည် ကျိန်စာအသုံးပြုသူများနှင့် ဘာသာရေးခေါင်းဆောင်များဆီမှ အရံအတားဖြင့် အားဖြည့်ပေးခြင်းခံရသည့်အချိန်တွင် ထိခိုက်မှုက ပိုတောင်လျော့နည်းသွားပေသည်။ အနက်ရောင် သံမဏိသတ်ဖြတ်သူ၏ ဘက်ခြမ်းတွင်မူ ထိုကိုယ်ခွဲအတွက် ဦးဆောင်တိုက်ခိုက်သည့် MT လရောင်သူရဲကောင်းကမူ သေခြင်းရှင်ခြင်း အခြေအနေကြား ရုန်းကန်နေရ၏။
လရောင်သူရဲကောင်းသည် သာမန်တိုက်ကွက်တစ်ကွက်ကြောင့် HP ရှစ်ထောင်ကျော် ကုန်ဆုံးသွားခဲ့သည်။ ကံဆိုးသည်မှာအစောင့်အရှောက်သူရဲကောင်းက HP သောင်းကိုးထောင်ကျော်သာ ရှိသည်။ ကိုလာထက် သုံးထောင်နည်းပေ၏။ သူသည် ခမ်းနားသောအရှင်၏ စကေးများထဲမှတစ်ခုကို မည်သည့်ပံ့ပိုးမှုမှမရှိပဲ လက်ခံခဲ့ရလျှင် ချက်ချင်းသေလောက်ပေ၏။ လရောင်သူရဲကောင်းသည် သူ၏ နည်းစနစ်များကို အားထားပြီး အနက်ရောင်သံမဏိသတ်ဖြတ်သူ၏ တိုက်ကွက်များကိုရှောင်တိန်းရန် နေရာယူနေသော်ငြား ခမ်းနားသောအရှင်၏ အရှိန်နှင့်ခွန်အားကလွှမ်းမိုးနိုင်စွမ်းရှိပေ၏။ ထို့အပြင် ဘော့စ်၏တိုက်ခိုက်မှုများက ကျယ်ဝန်းသည့် ဧရိယာကို လွှမ်းခြုံထားသည်။ နည်းစနစ်များနှင့် နေရာယူမှုတစ်ခုထဲသက်သက်ဖြင့် ကွာဟချက်ကိုဖာထေးနိုင်ရန် အလွန်ခက်ခဲပေသည်။ ဆိုရလျှင် အစောင့်အရှောက်သူရဲကောင်းအမျိုးအစားသည် မြင့်မားသည့်ဖျက်လက်မှုမရှိပေ။ ယင်းက အသားတုံးဒိုင်းတစ်ခုမျှသာ ဖြစ်နေ၏။
ကံကောင်းသည်မှာ MT သုံးဦးသည် ဘော့စ်ကိုအလှည့်ကျခံတိုက်နေသောကြောင့် သေစေနိုင်သည့်တိုက်ခိုက်မှုများကို ရှောင်တိန်းနိုင်ပေ၏။
” အားလုံးပဲ အဖြူရောင်ဘော့စ်ကို တိုက်ခိုက်တဲ့နေရာမှာ အာရုံစိုက်ထား …”
ရှီဖုန်းက အော်လိုက်၏။ ရှီဖုန်း၏ အမိန့်အောက်တွင် အဖွဲ့က သူတို့၏ စကေးများကို အဖြူရောင်သံမဏိသူရဲကောင်းဆီ တိုက်ခိုက်ကြတော့သည်။ သို့သော် ခမ်းနားသောအရှင်၏ ခုခံမှုက အတော်လေးမြင့်မား၏။ ၎င်း၏ မွေးရာပါမှော်ခုခံမှုကလည်း ဓာတ်ကြီးလေးပါးသတ္တဝါတစ်ပါးဖြစ်သည်နှင့်အညီ မြင့်မားပေ၏။ အဖွဲ့ဝင်အများစုက (-၂၀၀၀) ထိခိုက်မှုသာ ဖြစ်ပွားစေခဲ့သည်။ သေကွင်းသေကွက်ကိုထိခဲ့လျှင် (-၄၀၀၀) ဖြစ်စေ၏။ အံ့ဖွယ်လက်နက်ကိုကိုင်ဆောင်ထားကြသည်။ အစွမ်းထက်သော DBS ကစားသမားများဖြစ်သည့် သွေးစုပ်သူနှင့် ကီရင်တို့တောင် သူတို့၏ စကေးများဖြင့် (-၄၀၀၀) မှ (-၅၀၀၀) ဝန်းကျင်သာ ထိခိုက်စေခဲ့သည်။
အဖြူရောင်ညအတွက်မူ သူ၏ အလုံးစုံထိခိုက်မှုက သွေးစုပ်သူထက် အနည်းငယ်ပိုမြင့်ပေသည်။
သို့သော် အဖြူရောင်ညနှင့် သွေးစုပ်သူတို့နှင့်ယှဥ်ပါက ရှီဖုန်းနှင့် မီးလျှံကကြိုး၏ ထိခိုက်မှုက ထိတ်လန့်ဖွယ်ကောင်းနေပေသည်။
အဖြူရောင်ညနှင့် သွေးစုပ်သူကဲ့သို့သော အံ့ဖွယ်လက်နက်ကိုင်ဆောင်သူများက အံ့သြဖွယ်ကောင်းအောင် ထိခိုက်မှုဖြစ်နေစေခဲ့ပြီ ဖြစ်သည်။ သို့သော် ရှီဖုန်းနှင့် မီးလျှံကကြိုးက သူတို့ကိုကျော်တက်သွား၏။
သံမဏိသတ်ဖြတ်သူနောက် ရောက်လာပြီးနောက် ရှီဖုန်းသည် သတ်ဖြတ်ခြင်းရောင်ခြည်ကို ထုတ်ဖော်လိုက်တော့သည်။ ချက်ချင်းပင် ဘော့စ်၏ခေါင်းအထက်တွင် (-၆၀၀၀) ထိခိုက်မှုက ဆက်တိုက်ပေါ်လာတော့သည်။ ထို့အပြင် တိုက်ကွက်တိုင်းက သေစေနိုင်သည့် ပုံမှန်တိုက်ကွက်ဖြစ်နေသည်။ ရှီဖုန်းက စကေးတစ်ခုကိုအသုံးပြုသည့်အချိန်တွင် သူ၏ ထိခိုက်မှုက ဆယ်ဆ၊ အဆနှစ်ဆယ် တစ်သောင်း၊ နှစ်သောင်းအထိ တက်သွားပေ၏။
လုပ်ဆောင်မှုက ပြောင်မြောက်ပေ၏။ အမျိုးမျိုးသောကစားသမားများသည် ရှီဖုန်း၏ လုပ်ဆောင်ချက်က ထိုမျှခမ်းနားနေခဲ့လျှင် ကြောက်လန့်မိမှာမဟုတ်ပေ။ သူဘေးတွင် တိုက်ခိုက်နေသည့်မီးလျှံကကြိုးကလည်း လူ့အသွင်အရှင်နှင့် ဆင်တူပေ၏။ လွှမ်းမိုးနိုင်စွမ်းရှိသော ဦးဆောင်မှုဖြင့် သူတို့နှစ်ယောက်သည် ဘော့စ်၏ထိခိုက်မှု၌ ပထမနှင့် ဒုတိယနေရာယူထားသည်။ သူတို့ထဲတွင် ရှီဖုန်းက အနည်းငယ်ဦးဆောင်မှုဖြင့် ပထမနေရာကို ရောက်နေတာဖြစ်သည်။
မီးလျှံကကြိုးသည် အပိုင်းအစဒဏ္ဍာရီလာလက်နက် ထောင်ချီအသွင်ပြောင်းခြင်းကို ပိုင်ဆိုင်ထားသော်ငြား ရှီဖုန်း၏ အသူရာဓားသွားနှင့် ကောင်းကင်ဘုံဝင်သက်ငွေ့ နှစ်ခုစလုံးက တိုးတက်လာပြီ ဖြစ်သည်။ သူတို့နည်းစနစ်နှင့် စကေးကြား ကွာဟချက်အပါအဝင် မီးလျှံကကြိုးက ရှီဖုန်းထက်မသာပေ။
ထို့အပြင် သူတို့နှစ်ယောက်လုံးက အလွန်မြင့်မားသည့် ခွန်အား၊ အရည်အချင်းပိုင်ဆိုင်ထားပေသည်။ သူတို့နှစ်ယောက်တိုက်ခိုက်သည့်အချိန်တွင် သူတို့၏ တိုက်ကွက်များက နေရာတစ်ခုထဲကိုသာ ဦးတည်တိုက်ခိုက်ပေ၏။ လူတစ်ဦး၏ခွန်အားက သိသာသည့်ထိခိုက်မှုမဖြစ်စေသော်ငြား ဤခွန်အားပေါင်းစည်းသွားသည့်အခါ သူတို့၏ တိုက်ခိုက်မှုက သံမဏိသတ်ဖြတ်သူကို ထိခိုက်စေတော့သည်။ ကံဆိုးသည်မှာ ထိုပေါင်းစည်းတိုက်ကွက်များကို ဖော်ဆောင်ရန်ခက်ခဲပေသည်။ နှစ်ဖက်လုံးက တိကျသည့်တိုက်ပွဲဝင်စံသတ်မှတ်ချက်မရောက်သေးလျှင် ထိုသို့တိုက်ခိုက်နိုင်ရန်က မဖြစ်နိုင်ပေ။
ဆိုရလျှင် ရှီဖုန်းနှင့် မီးလျှံကကြိုးက သံမဏိသတ်ဖြတ်သူ၏ အဆစ်များဆီသို့ ရံဖန်ရံခါ ပူးပေါင်းတိုက်ခိုက်နေရာ ကိုလာနှင့် ငြိမ်းချမ်းခြင်းလိပ်ပေါ်ရှိ ဝန်ထုတ်ဝန်ပိုးများကို လျော့ကျစေ၏။ ကုသသူများက သူတို့၏ အာရုံစိုက်မှုကို ဖြန့်ဝေနိုင်ပြီး သူတို့၏ အာရုံစူးစိုက်မှုကို လျော့ချနိုင်ပြီး ကျန်သည့်တစ်ဖက်ရှိ MT များပေါ် ပိုအာရုံစိုက်လာနိုင်မည် ဖြစ်သည်။
” သူတို့ ဒါကို ဘယ်လိုလုပ်လုပ်နိုင်တာလဲ …”
” ငါတွေ့နေတာ အမှန်ရောဟုတ်ရဲ့လား၊ သူတို့က ဒီလိုအစွမ်းထက်တဲ့ခမ်းနားသောအရှင်ကို တုန်လှုပ်သွားအောင် ပူးပေါင်းတိုက်ခိုက်နိုင်တယ်ပေါ့ …”
လူတိုင်းက ရှီဖုန်းနှင့် မီးလျှံကကြိုး၏ တိုက်ကွက်စီးချက်ကိုကြည့်နေစဥ် အံ့သြဆွံ့အနေကြ၏။ စီးချက်က တစ်ယောက်နှင့်တစ်ယောက် ဆင်တူနေပေသည်။ ကစားသမားများသည် ဘော့စ်များကို ဖြေရှင်းရာတွင် ထိုနည်းလမ်းအသုံးပြုနိုင်လိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးခဲ့မိချေ။
သူတို့သည် ကျွမ်းကျင်သူများဖြစ်ပြီး ကျန်သည့်သူများနှင့် တိုက်ကွက်ကို စီးချက်လိုက်မှီနိုင်သော်ငြား ရှီဖုန်းနှင့် မီးလျှံကကြိုး၏ လုပ်ဆောင်ချက်က ထိုမျှမရိုးရှင်းပေ။ သူတို့နှစ်ယောက်က ကြိုတင်ညှိနှိုင်းဆွေးနွေးထားသည့်အလာ တူညီသည့်နေရာဆီသို့ တိကျစွာတိုက်ခိုက်နိုင်စွမ်းတောင် ရှိပေသည်။ ထို့အပြင် သူတို့က မယုံနိုင်စရာကောင်းလှအောင်မြန်ဆန်ပြီး ထိုလုပ်ဆောင်ချက်၏ ခက်ခဲမှုကို မြင့်တက်စေ၏။
ခွန်အား၏ ရင်းမြစ်နှစ်ခုကိုပေါင်းစည်းရန် လိုအပ်သော ထိန်းချုပ်မှုက ကျွမ်းကျင်သူတစ်ဦးကို ရူးသွပ်သွားစေနိုင်ပေသည်။ ယင်းက နည်းစနစ်ချို့တဲ့မှု မဟုတ်တော့ပေ။ ထိုလုပ်ဆောင်ချက်က သူတို့နှစ်ယောက်သည်အချိန်ကိုက်ဖြစ်သည့်နှုန်းကို ပိုင်ဆိုင်ထားရန်လိုအပ်သည်။
သို့သော် လူတိုင်းမသိသည်က သူတို့နှင့် အပြင်လောက၌ လေ့ကျင့်နေသည့်အချိန်အတောအတွင်း ရှီဖုန်းက မီးလျှံကကြိုးနှင့် ရံဖန်ရံခါယှဥ်ပြိုင်လေ့ရှိသည်။ ထို့ကြောင့် သူတို့က တစ်ယောက် တိုက်ခိုက်သည့်ပုံကို တစ်ယောက်အလွန်ရင်းနှီးနေကြတာ ဖြစ်သည်။ မဟုတ်လျှင် ဤကဲ့သို့ပူးပေါင်းဆောင်ရွက်နိုင်မှာမဟုတ်။
” သူတို့အရည်အချင်းတွေ ဘယ်လောက်မြင့်တာလဲ …”
သွေးစုပ်သူနှင့် အဖြူရောင်ညသာ သူတို့နှစ်ယောက်၏ ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုကို သတိပြုမိတာမဟုတ်ပေ။ ရှီဖုန်းနှင့် မီးလျှံကကြိုး၏ အခြေခံအရည်အချင်းအကြောင်းကို ပိုသိချင်လာ၏။ လုံလောက်သည့်ခွန်အားမရှိဘဲ ရှီဖုန်းနှင့် မီးလျှံကကြိုးက ပူးပေါင်းတိုက်ခိုက်လျှင်တောင် သူတို့က သံမဏိသတ်ဖြတ်သူကို ထိခိုက်စေမှာမဟုတ်ပေ။
ယခင်က သွေးစုပ်သူသည် ရှီဖုန်းနှင့် မီးလျှံကကြိုးက သူထက်အရည်အချင်းအရာတွင် အနည်းငယ်သာပိုသန်မာသည်ဟု ထင်ခဲ့တာဖြစ်သည်။ မျက်မြင်တွေ့ပြီးနောက် နောက်ဆုံးတွင် သူတို့ကြားရှိ ကွာဟချက် မည်မျှကြီးကြောင်း သဘောပေါက်သွားပြီ ဖြစ်သည်။
အဖြူရောင်ညအတွက်မူ သူက ဇီးရိုးဝင်းအစည်းအရုံးအကြောင်း သိချင်လာ၏။ ဘလက်ဖလိမ်း၏ လုပ်ဆောင်ချက်ကို မျက်မြင်တွေ့ပြီးနောက် တည်ထောင်ခါစအစည်းအရုံးအပေါ် သူ့၏အမြင်ကို စတင်တွေ့တောမိလာ၏။ ထိုသို့တိုင် မွန်းစတားနှစ်ဦးက ဇီးရိုးဝင်းထံမှ ထပ်မံပေါ်ပေါက်လာပြန်သည်။
ဖုန်းရွှမ်းယန်က မြေအောက်လောကကို တကယ်ကံဆိုးမိုးမှောင်ကျစေတာပဲ။
ယို့လန်က ဘော့စ်ကိုရင်ဆိုင်တိုက်ခိုက်နေသည့် အဖွဲ့၏ထိခိုက်မှုဇယားကိုကြည့်ပြီး မျက်လုံးများမှေးကျဥ်းလိုက်သည်။ ယခုအချိန်ထိတိုင် ဖုန်းရွမ်းရန်က ဇီးရိုးဝင်းကို သုတ်သင်ရှင်းလင်းပြီး မြစ်ဖြူမြို့၏ အရှင်သခင်နေရာကို အစားထိုးချင်နေသည်။ ထိုအရာကိုမြင်တွေ့ပြီးနောက် ယို့လန်သည် ဖုန်းရွှမ်းယန်၏ ပြုမူပုံများ မည်မျှရူးမိုက်မှန်း သဘောပေါက်သွားပြီ ဖြစ်သည်။
ယခင်က သူမသည် ဇီးရိုးဝင်း၏ ထိပ်တန်းကျွမ်းကျင်သူများကိုရှင်းရှင်းလင်းလင်း ဖမ်းဆုပ်နိုင်ခြင်းမရှိပေ။ ယခု သူမနားလည်သဘောပေါက်သွား၏။ ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့နှင့် သူမကြား ကွာဟချက်မည်မျှကြီးမားမှန်းလည်း သဘောပေါက်သွားပေ၏။ မြေအောက်လောက၏ အဆက်အသွယ်ဖြင့် သူမက တပ်ဖွဲ့ဖွဲ့တည်ထားတာ ဖြစ်သည်။ ဇီးရိုးဝင်းသည် နဂါးဖီးနစ်ပွဲကြည့်စင်ကို မကြောက်ဘဲ ဘုရင့်အပြန်ကို ရန်စရဲတာ အံ့သြစရာမရှိတော့ချေ။
ယခု ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့က နတ်ဘုရားနယ်မြေ၏ အဓိကအင်အားစုများ၏ ပင်မတပ်ဖွဲ့ထက် အားမနည်းချေ။ ထိုအဖွဲ့ထဲတွင် ရှီဖုန်းနှင့် မီးလျှံကကြိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ထိခိုက်မှုဖော်ဆောင်သူများကို ရှာတွေ့ရန်ခက်ခဲပေလိမ့်မည်။ ကိုလာကဲ့သို့ အစွမ်းထက်သော MT တစ်ဦးကလည်း ရှိနေသေး၏။ ထိုကဲ့သို့တည်ဆောက်မှုဖြင့် သူတို့သည် အဓိကအင်အားစုများကဲ့သို့ပင် ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာကို မြန်နိုင်သမျှမြန်မြန် စုဆောင်းနိုင်ပေမည်။
ပြီးနောက် သံမဏိသတ်ဖြတ်သူ၏ HP က ပကတိမျက်လုံးဖြင့်မြင်နိုင်သည့်နှုန်းဖြင့် လျော့ကျသွားတော့သည်။ မြန်မြန်ဆန်ဆန်ပင် ၎င်း၏ HP က (၃၀) ရာခိုင်နှုန်းအထိ လျော့သွား၏။ နှစ်ဖက်လုံးရှိ သံမဏိသတ်ဖြတ်သူက မြေကြီးကိုစောက်နင်းလိုက်ပြီး ကစားသမားများကို လွင့်ထွက်သွားစေတော့သည်။ ြ
” ငါတို့တော့ ကံဆိုးပြီပဲ …”
လူတိုင်းက ခမ်းနားသောအရှင်များ မိုးကြိုးဖျက်ဆီးခြင်းကို အသုံပြုတော့မည်ဟု ပြင်ဆင်နေမှန်း သိလိုက်ရချိန် တိုက်ပွဲပြီးဆုံးသွားပြီဟု လူတိုင်းသိလိုက်သည်။ ျ
ထိုစကေးကို ဘော့စ်တစ်ဦးအသုံးပြုတာကပင် သူတို့ကို သေမင်းတံခါးဝတွင် ရပ်နေစေခဲ့ပြီ ဖြစ်သည်။ ဘော့စ်နှစ်ဦးလုံးက စကေးကိုဆက်တိုက်အသုံးပြုခဲ့လျှင် သူတို့က သေမင်းတံခါးဝဆီတန်းရောက်စေမှာ သံသယဖြစ်ဖွယ်မရှိပေ။
“အားလုံးပဲ အဖြူရောင်ဘော့စ်ဘေးမှာ ပုန်းနေကြ၊ လရောင် မင်းတို့သုံးယောက်က အနက်ရောင်ဘော့စ်ဘေးမှာ ပုန်းနေ၊ အဲ့ဒီဘော့စ်တွေကို အမာခံတိုက်ဖို့တာဝန်ယူလိုက်၊ ဘလက်ကီ လရောင်သူရဲကောင်းကို ကာကွယ်မှုအလင်းတန်းပေးလိုက်၊ ကိုလာ နဂါးကြေးခွံခန္ဓာကိုယ်ကို အသက်သွင်း …”
ရှီဖုန်းက အော်လိုက်၏။
အစောင့်အရှောက်အလင်းတန်းက ပစ်မှတ်လက်ခံရရှိသည့်ထိခိုက်မှုကို လျော့ချပေးပြီး ပစ်မှတ်ကို ကုသပေးသည်။ နဂါးကြေးခွံခန္ဓာကိုယ်သည် ကိုလာ၏ ခုခံမှုကို (၂၀၀) ရာခိုင်နှုန်း၊ HP ကို (၃၀၀) ရာခိုင်နှုန်း၊ ပြန်ကောင်းသည့်အရည်အချင်းကို (၅၀၀) ရာခိုင်နှုန်းတိုးစေ၏။ ကာကွယ်မှုကောင်းချီးကို အသက်သွင်းပြီးနောက် ကိုလာသည် မည်သည့်ကုသမှုမှမရှိလျှင်တောင် အသက်ရှင်နေနိုင်ပြီ ဖြစ်သည်။
အနက်ရောင် သံမဏိသတ်ဖြတ်သူက ဝေးလွန်းနေသည်။ MT သုံးဦးအဖို့ အဖြူရောင်သတ်ဖြတ်သူဆီသို့ အချိန်မီရောင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် သူတို့ကိုသူတို့ ခံတိုက်ရန်အတွက် လရောင်သူရဲကောင်းကို MT များနှင့် ထားခဲ့ရမည်ဖြစ်သည်။ ကံကောင်းသည်မှာ သူတို့၌ အစောင့်အရှောက်သူရဲကောင်းကဲ့သို့ အလင်းတန်းတစ်ခုရှိနေ၏။ ထို့ကြောင့် သူတို့သည် အနည်းဆုံး သုံးယောက်ထဲမှတစ်ယောက်ကို ကယ်တင်နိုင်ပေလိမ့်မည်။ မဟုတ်လျှင် အနက်ရောင်သံမဏိသတ်ဖြတ်သူကို ခံတိုက်ရန်မည်သူမှမရှိပဲ မဟာအရှင်နှစ်ဦးက အဖွဲ့တစ်ခုလုံးကို သုတ်သင်ပစ်နိုင်၏။
ရှီဖုန်း အမိန့်ပေးပြီးသည်နှင့် လူတိုင်းက လှုပ်ရှားကြတော့သည်။ ခဏအကြာတွင် သံမဏိသတ်ဖြတ်သူနှစ်ကောင်က မိုးကြိုးဖျက်ဆီးခြင်းကို အသက်သွင်းလိုက်ပြီး သူတို့စကေးထဲတွင် ပါဝင်သောစွမ်းအားများက ပြီးခဲ့သည့်အခေါက်ကထက် မလျော့ပေ။ တစ်ခုတည်သော ကွာဟချက်က သံမဏိသတ်ဖြတ်သူတစ်ကောင်ဆီက ထိတ်လန့်ဖွယ်လှိုင်း ခြောက်ခုအစား သုံးခုကို ထုတ်ခဲ့တာဖြစ်သည်။
” ဟမ်၊ ဘာတွေဖြစ်ကုန်တာလဲ …”
မည်သူမှမသေတာကို သတိပြုမိသည့်အချိန်၌ လူတိုင်းက ဇဝေဇဝါဖြစ်သွားကြသည်။
သူတို့သည် ထိခိုက်မှုခြောက်ခု လက်ခံရရှိခဲ့သင့်သည်။ သို့သော် ယခုအချိန်တွင် သုံးခုသာခံစားခဲ့ရ၏။ ထို့အပြင် အနက်ရောင်သတ်ဖြတ်သူ၏ ထိတ်လန့်ဖွယ်လှိုင်းများက သူတို့ကို မထိခဲ့ပေ။ လရောင်သူရဲကောင်းဘက်ခြမ်းတွင်မူ MT သုံးဦးလုံး အသက်ရှင်ခဲ့၏။
” ဒီလှိုင်းလေက တစ်ခုနှင့်တစ်ခု ပြယ်ပျက်သွားတာလား …”
ယို့လန်က သူတို့နေရာယူထားပုံကို ရုတ်တရက်တွေးမိလိုက်သည်။ သူတို့က သံမဏိသတ်ဖြတ်သူများနှင့် တစ်တန်းထဲရပ်နေတာဖြစ်သည်။ ထိုနည်းဖြင့် အနက်ရောင်သတ်ဖြတ်သူထုတ်လွင့်လိုက်သည့် ထိတ်လန့်ဖွယ်လှိုင်းက အဖြူရောင်သတ်ဖြတ်သူ၏ ထိတ်လန့်ဖွယ်လှိုင်းနှင့် ထိမိသွားသည်။ ထို့ကြောင့် အနက်ရောင်သတ်ဖြတ်သူ၏ တိုက်ကွက်များမှ ထိခိုက်မှုကို သူတို့မခံစားရတာဖြစ်သည်။
ဖြစ်ပျက်သွားတာကို ယို့လန်တစ်ဦးထဲသာ သဘောပေါက်တာမဟုတ်ပေ။ သွေးစုပ်သူနှင့် အဖြူရောင်ညသည်လည်း တူညီသည့်ကောက်ချက်ချမိကြသည်။ သူတို့အားလုံးက အဖွဲ့၏ အခင်းအကျင်ကို ပြန်လည်စီစဥ်နေသော ရှီဖုန်းဘက်လှည့်ကြည့်လိုက်၏။ ထိုကဲ့သို့ဖြေရှင်းနည်းကို မြန်မြန်ဆန်ဆန်တွေးတောနိုင်သည့်အတွက် ရှီဖုန်းထက်မြက်ပုံကို လူတိုင်းအံ့သြနေမိကြသည်။ သူတို့တာဝန်ယူရမည်ဆိုလျှင် သူတို့အတွက် သေခြင်းတရားသာစောင့်စားနေမှာ ဖြစ်၏။
သံမဏိသတ်ဖြတ်သူ၏ တိုက်ကွက်ပြီးနောက် ခမ်းနားသောအရှင်နှစ်ဦးသည် AOE စကေးများအသုံးမပြုခဲ့ပေ။ ဆယ်မိနစ်မပြည့်မီ၌ ဘော့စ်နှစ်ဦးက ရှီဖုန်း၏လက်ထဲတွင် သေဆုံးသွားခဲ့ပြီး EXP များစွာကို လူတိုင်းအားရစေတော့သည်။ EXP များမျှဝေပေးပြီးသည့်တိုင် လွှမ်းမိုးခြင်းအပြုံး၏ အဖွဲ့ဝင်အများစုက အဆင့် (၃၈) မှ အဆင့် (၃၉) သို့တက်သွားကြသည်။ ရှီဖုန်း၏ အတွေ့အကြုံဘားကလည်း (၆) ရာခို၈်နှုန်း တက်သွားသည်။ သာမန်ခမ်းနားသောအရှင်ကို သတ်ဖြတ်ခြင်းနှင့်ယှဥ်လျှင် သံမဏိသတ်ဖြတ်သူက EXP များပိုမိုထောက်ပံ့ပေးနိုင်၏။ အကြောင်းမှာနတ်ဘုရားစောင့်ရှောက်မှုကြောင့် သံမဏိသတ်ဖြတ်သူသည် အိုင်တမ်တစ်ဒါဇင်ကျော် ကျလာခဲ့ပေ၏။