ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 928 သူတော်စင်မြို့၏ ရတနာ
ဆိုင်လူတီဘန်၏ လက်သည်းများက ပူလောင်သည့်အရာနှင့် ထိမိသွားသည်နှင့် မူလက မထိုးဖောက်နိုင်သော အစိမ်းရောင်လက်ပေါ်တွင် ဆုတ်ပြဲမှုတစ်ခု ပေါ်လာတော့သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေသော ယိုယွင်းပျက်ဆီးခြင်းအငွေ့များက စတင်ပျောက်ကွယ်နေပြီ ဖြစ်သည်။
ဖုန် …
ပေါက်ကွဲမှုတစ်ခုက ဧရိယာကိုလှုပ်ခါသွားစေပြီး ဆိုင်လူတီဘန်၏ တိုက်ခိုက်မှုက ဖယ်ရှားခံလိုက်ရတော့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ရှီဖုန်းက ခြေလှမ်းတစ်လှမ်းသာ နောက်ဆုတ်လိုက်ရသည်။ မည်သည့်ထိခိုက်မှုမှ မရှိပေ။
” သူပိတ်ဆို့လိုက်တာလား …”
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
အနှိုင်းမဲ့အဖွဲ့နှင့် ဇီးရိုးဝင်းတို့အဖွဲ့က သူတို့မျက်လုံးကို သူတို့မယုံနိုင် ဖြစ်နေကြသည်။
ယိုယွင်းခြင်းဘုရင်သည် အဆင့် (၅၅) မဟာအရှင်ကို လွှမ်းမိုးနိုင်သည့် အရည်အချင်းရှိပေသည်။ ထို့အပြင် နောက်ဆုံးအခေါက်က ခမ်းနားသောအရှင်၏ တိုက်ကွက်ကို ရှီဖုန်းပိတ်ဆို့ခဲ့စဥ်က သူသည် ထိခိုက်မှုအနည်းငယ် ရရှိခဲ့သေးသည်။ သို့သော် ယခုအချိန်တွင် အကောင်းပကတိအတိုင်းရပ်နေ၏။ သူတို့သည် ဝင်လာသည့် ရထားတစ်စင်းကို လူတစ်ယောက် လက်တစ်ဖက်ဖြင့် ပိတ်ဆို့တာကို ကြည့်နေသလို ခံစားရ၏။
“ဘော့စ်သွေး အစည်းအရုံးခေါင်းဆောင် သွေးအစွယ်က ရီဖုန်းရဲ့စွမ်းအားနဲ့ ယှဥ်နိုင်လိမ့်မယ်လို့ မထင်ဘူး …”
ကီရင်က ရှီဖုန်းကို ကြည့်ပြီး အထိတ်တလန့်ပြောလိုက်၏။
“ဟုတ်တယ်၊ ခွန်အားစစ်စစ်အရဆို သူက ငါတို့အစည်းအရုံးခေါင်းဆောင်ကို ကျော်နိုင်မှာ …”
သွေးစုပ်သူက သူ့မျက်လုံးထဲတွင် တည်ကြည်လေးနက်သည့် အရိပ်အယောင်တို့ဖြင့် ပြောလိုက်၏။
သူတို့ရှေ့တွင် ဇီးရိုးဝင်းပြသခဲ့သည့်ခွန်အားက အစည်းအရုံးအကြောင်း သူတို့ရထားသည့်အချက်အလက်ကို ကျော်လွန်နေသည်။
ရှီဖုန်းသည် ဆိုင်လူတီဘန်၏ တိုက်ကွက်များထဲမှတစ်ခုကို အောင်မြင်စွာတွန်းကန်ပြီးနောက် ယိုယွင်းခြင်းဘုရင်က ဆက်တိုက်တိုက်ခိုက်တော့သည်။ ရှီဖုန်းသည် သတ်ဖြတ်ခြင်းရောင်ခြည်ကို ထပ်မံအသုံးပြုပြီး ခမ်းနားသောအရှင်၏တိုက်ကွက်များကို ဖယ်ရှားလိုက်ပေ၏။
ဖုန် … ဖုန် … ဖုန် …
ရှီဖုန်းသည် ဆိုင်လူတီဘန်၏ တိုက်ကွက်တိုင်းကို ပိတ်ဆို့ခဲ့သည်။
မီးနဲ့ မြင့်မြတ်တဲ့ဓားရဲ့ ပေါင်းစည်းမှုက အံ့သြဖို့ကောင်းလိုက်တာ။ ရှီဖုန်းက ပြုံးလိုက်သည်။
၎င်း၏လှည့်ပတ်သည့်အရှိန် နှေးသည့်အပြင် ဆိုင်လူတီဘန်၌ နောက်ထပ် အားနည်းချက်တစ်ခု ရှိပေသည်။ ယင်းက မီးဖြစ်ပေ၏။
မီးတိုက်ခိုက်မှုသည် ခမ်းနားသောအရှင်ကို ရင်ဆိုင်ရာတွင် ထိခိုက်မှုနှစ်ဆဖြစ်စေ၏။ ရလဒ်အနေဖြင့် ထိုနှစ်ခုပေါင်းစပ်မှုက ရှီဖုန်းကို ခမ်းနားသောအရှင်၏ခွန်အားနှင့် လက်ရည်ညီသွားစေသည်။ ကံဆိုးသည်မှာ မီးတောက်ပေါက်ကွဲခြင်း၏ အသုံးပြုနိုင်မှုက အကန့်အသတ်ရှိပေသည်။ သူသည် ယိုယွင်းခြင်းဘုရင်ကို ကြာရှည်မရင်ဆိုင်နိုင်ပေ။
သို့သော် ရှီဖုန်းက သေမှာကိုစောင့်နေရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ယိုယွင်းခြင်းဘုရင်ကို ပေါ်ပေါက်လာစေခဲ့၏။ လုံလုံခြုံခြုံရှိနေချင်လျှင် အနှိုင်းမဲ့အဖွဲ့ကို တတိယအလွှာသို့ဦးစွာရောက်ခွင့်ပေးရမှာပဲ ဖြစ်သည်။ ဆိုင်လူတီဘန်က သူမရောက်နိုင်သည့် တစ်ခုတည်းသောအကြောင်းပြချက် ဖြစ်သည်။ အတိတ်တုန်းက အဖွဲ့များစွာသည် ဝင်ခွင့်စစ်ဆေးမှု၏ ဒုတိယအဆင့်သို့ ရောက်ခဲ့သည်။ အဖွဲ့များစွာက တစ်ပြိုင်နက်ထဲနီးပါး စစ်ဆေးမှုကို မကြာခဏစိန်ခေါ်ခဲ့ကြသည်။ အစက ကစားသမားများစွာသည် ဆိုင်လူတီဘန်ကို အနိုင်မယူနိုင်သည့်ပုံစံမျိုးဖြင့် ဆက်ဆံခဲ့ကြသည်။ ဘော့စ်ကို ယိမ်းယိုင်စေပြီးနောက် နောက်တစ်ဆင့်သို့ တက်ခဲ့ကြတာပဲ ဖြစ်သည်။ ကစားသမားများသည် ပိုမြင့်သည့်အဆင့်နှင့် ပိုကောင်းသည့် ချပ်ဝတ်တန်ဆာများရပြီးနောက် ကျလာသည့်ပစ္စည်းအတွက် ယိုယွင်းခြင်းဘုရင်ကို သူတို့ စတင်စီးနင်းတိုက်ခိုက်ကြတော့သည်။
အဆုံးတွင်မူ ကစားသမားအဖွဲ့က ဆိုင်လူတီဘန်ကိုသတ်ဖြတ်နိုင်ခဲ့ပြီး ခမ်းနားသောအရှင်က မည်သူမှမထင်ထားသည့် ရတနာတစ်ခု ကျလာခဲ့၏။
သူတော်စင်မြို့၏ တံဆိပ်ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲရှိ အစည်းအရုံးတိုင်းသည် ထိုအိုင်တမ်ကို တန်ဖိုးထားကြပေ၏။ ဆယ်နှစ်ကြာပြီးသည့်တိုင် တိုက်တန်၏သူတော်စင်မြို့ဖြတ်ကျော်ခွင့်က အင်မတန်ရှားပါးပေသည်။ မရေမတွက်နိုင်သည့် အစည်းအရုံးများက ရှာခဲ့ကြပြီး ကစားသမားများသည် တံဆိပ်မရှိပဲ တိုက်တန်မြို့ကို ဝင်ခွင့်မရနိုင်ပေ။ သို့သော် သူတော်စင်မြို့၏တံဆိပ်က ကစားသမားများကို တိုက်တန်မြို့ဆီလည်း ရွှေ့ပြောင်းပေးနိုင်၏။ ကံဆိုးသည်မှာ ကစားသမားဆယ်ဦးသာလျှင် ရွေ့ပြောင်းပေးနိုင်သည်။
သို့သော် တိုက်တန်မြို့ဖြတ်ကျော်ခွင့်နှင့်မတူပဲ သူတော်စင်မြို့၏တံဆိပ်က တစ်ခါသုံးမဟုတ်ပေ။ အကန့်အသတ်မရှိ အသုံးပြုနိုင်ပေ၏။ ထို့အပြင် တံဆိပ်က ကစားသမားများကို သူတော်စင်မြို့ဆီ တိုက်ရိုက်ပို့ပေးနိုင်သည်။ သူတို့သည် ဝင်ခွင့်စစ်ဆေးမှုကို စိန်ခေါ်ရန် မလိုအပ်ပေ။
ယခု ဒုတိယအဆင့်၌ အဖွဲ့နှစ်ဖွဲ့ရှိနေပြီဖြစ်ရာ ရှီဖုန်းသည် ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်။ ယိုယွင်းခြင်းဘုရင်က အနိုင်မယူနိုင်သည့်အရာမဟုတ်ပေ။ အတိတ်တုန်းက မရေမတွက်နိုင်သည့်အဖွဲ့များစွာက စမ်းသပ်မှုများပြုလုပ်ပြီးနောက် ဆိုင်လူတီဘန်ကိုအနိုင်ယူနိုင်မည့် အထိရောက်ဆုံးနည်းလမ်းကို နောက်ဆုံး၌ ရှာဖွေခဲ့သည်။ သူ၏ လက်ရှိအဖွဲ့ခွန်အားဖြင့် ထိုနည်းလမ်းကိုအသုံးပြုခဲ့လျှင် တူညီစွာလုပ်နိုင်ပေလိမ့်မည်။
ပြီးနောက် ရှီဖုန်းသည် လေစီးနင်းခြင်းကို အသက်သွင်းပြီးနောက် ပို့ဆောင်ရေးမှော်အစီအရင်ဆီသို့ ပျံသန်းသွားလိုက်၏။ ရှီဖုန်း မည်သည့်နေရာကိုသွားမှန်း သဘောပေါက်သွားချိန်တွင် ဆိုင်လူတီဘန်ကလည်း ပို့ဆောင်ရေးမှော်အစီအရင်ဆီ တစ်ဟုန်ထိုးဝင်သွားတော့သည်။
” ဘော့စ် အဲ့ဒီလူက ကျွန်တော်တို့ဆီ ပြန်လာနေပြီ၊ ကျွန်တော်တို့ ထွက်သွားဖို့လိုတယ်၊ မွန်းစတားသာ ဒီကိုရောက်လာခဲ့မယ်ဆိုရင် လွတ်မြောက်ဖို့ခက်ခဲသွားမှာ …”
ဘလိပ်က အလျင်စလိုအကြံပေးလိုက်၏။
ယိုယွင်းခြင်းသားရဲများက ပို့ဆောင်ရေးမှော်အစီအရင်နား ချဥ်းကပ်လာခြင်းမရှိသော်ငြား ယိုယွင်းခြင်းဘုရင် ချဥ်းကပ်မလာဟု အာမခံချက်အရှိပေ။ အခွင့်အရေးရသည်နှင့် ပို့ဆောင်ရေးမှော်အစီအရင်ထဲ ဝင်လာပါက နောက်ဆက်တွဲက မတွေးဝံ့စရာဖြစ်လာမှာပင်။
အနှိုင်းမဲ့က အံ့ကြိတ်လိုက်သည်။ သူက ထွက်သွားရန်အမိန့်ပေးလိုက်သေး၏။
” သွားရအောင် …”
သူသည် တွေဝေနေသော်ငြား ရှီဖုန်းနှင့်သူ့အဖွဲ့က သူထင်ထားသည်ထက် အနည်းငယ်ပိုသန်မာသည်ဟု ဝင်ခံရမှာပဲ ဖြစ်သည်။ သူတို့ထိပ်တိုက်ရင်ဆိုင်ရလျှင် ဤစစ်ဆေးမှု၌ ရှုံးနိမ့်ကောင်းရှုံးနိမ့်နိုင်ပေသည်။ ယခုက သူတို့၏ နောက်ဆုံးအခွင့်အရေး ဖြစ်သည်။ ကျရှုံးမှုအတွက် နောက်တမရှိချေ။
ပြီးနောက် အနှိုင်းမဲ့နှင့် သူ့အဖွဲ့က ပို့ဆောင်ရေးမှော်အစီအရင်ကိုအသက်သွင်းပြီးနောက် အလင်းတန်းအဖြစ်အသွင်ပြောင်းသွားကာ ရင်ပြင်ထဲမှ ပျောက်ကွယ်သွားတော့သည်။
အနှိုင်းမဲ့၏အဖွဲ့ ထွက်သွားပြီးမကြာမီ၌ ရှီဖုန်းသည် ပို့ဆောင်ရေးမှော်အစီအရင်ထဲ ဝင်ရောက်သွားတော့သည်။
အနှိုင်းမဲ့ခန့်မှန်းသည့်အတိုင်းပင် ဒေါသထွက်နေသော ယိုယွင်းခြင်းဘုရင်က ပို့ဆောင်ရေးအစီအရင်ကို လျစ်လျူရှူ့ထားပြီး စင်မြင့်ပေါ်သို့ခုန်တက်လာတော့သည်။
သို့သော် ဆိုင်လူတီဘန်က ရှီဖုန်ူရပ်နေသည့် အစီအရင်၏အလယ်သို့ မရောက်သေးခင် ရှီဖုန်းက အစီအရင်ထဲရှိ ဝိညာဥ်ဓာတ်စွမ်းအားစီးဆင်းမှုကို ပြောင်းပြန် ဖြစ်သွားစေတော့သည်။ ပို့ဆောင်ရေးမှော်အစီအရင်က ချက်ချင်းပင် မှော်အရံအတားတစ်ခု ဖြစ်သွားတော့၏။ ဆိုင်လူတီဘန်နားရှိ အစိမ်းရောင်မြူများကလည်း တစ်စစီဖြစ်သွားပြီး အခြေခံအရည်အချင်းများကလည်း လျော့ကျသွားတော့သည်။
HP သန်းရှစ်ဆယ်ရှိသော ခမ်းနားသောအရှင်သည် သန်းခြောက်ဆယ်အထိ လျော့ကျသွားသည်။
အတိတ်တုန်းက ရင်ပြင်၏အလယ်တွင်ရှိသော ပို့ဆောင်ရေးမှော်အစီအရင် ထိုကဲ့သို့လုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သူမှမထင်ပေ။ လူတိုင်းက ယိုယွင်းခြင်းဘုရင်ကို သတ်ဖြတ်ရန်အတွက် ခွန်အားကိုအသုံးပြုရန်သာ တွေးခဲ့တာဖြစ်သည်။ မှော်အရံအတားအသက်ဝင်သွားသရွေ့ ယိုယွင်းခြင်းဘုရင်သည် ဧရိယာထဲမှ ထွက်သွားနိုင်ခြင်းမရှိတော့ချေ။ ကစားသမများသည်လည်း ပို့ဆောင်ရေးမှော်အစီအရင်ကို အသုံးပြုနိုင်ခြင်းမရှိပေ။ ယင်းက ပြန်ဆုတ်နိုင်သည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်တာနှင့် ညီမျှသည်။ သူတို့က ယိုယွင်းခြင်းဘုရင်ကိုအနိုင်မယူနိုင်လျှင် တတိယအဆင့်ကို သွားနိုင်သည့် နည်းလမ်းမရှိတော့ချေ။
ယခုယိုယွင်းခြင်းဘုရင်က HP လျော့နည်းနေပြီဖြစ်ရာ မီးတောက်ပေါက်ကွဲခြင်း မရှိလျှင်တောင် ရှီဖုန်းသည် ခမ်းနားသောအရှင်ကိုတိုက်ခိုက်မှုမှ (-၃၀၀၀) ထိခိုက်မှုဝန်းကျင်သာ ရရှိသည်။ သို့သော် ရှီဖုန်းက ဆိုင်လူတီဘန်၏ တိုက်ကွက်များကို ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိတော့ချေ။ ထိုအစား သူသည်ဘော့စ်၏ သာမန်တိုက်ကွက်များကို ရှောင်တိမ်းလိုက်တော့၏။
ကောင်းကင်ဘုံနဂါး၏စွမ်းအား အဆုံးသတ်သွားပြီးနောက် ရှီဖုန်းသည် အမှောင်ထုစွမ်းအားကို အသက်သွင်းကာ သူ၏ အရည်အချင်းများအားလုံးကို (၆၀) ရာခိုင်နှုန်း တိုးမြင့်လိုက်သည်။ ပြီးနောက် ရေ၏ရောင်ဝါ၏ အသက်သွင်းသောစကေး အသက်ဖူးပွင့်ခြင်းကို အသုံးပြုလိုက်သည်။ ထိုစကေး၏အစွမ်းထက်သောကုသမှုဖြင့် သူသည် တစ်ဖွဲ့လုံးမှော်အရံအတားထဲ ဝင်ပြီးသည်အထိ ယိုယွင်းခြင်းဘုရင်ကို ခံတိုက်ထားနိုင်မှာပဲ ဖြစ်သည်။
” ကိုလာ အမှောင်ထုစွမ်းအားကိုအသက်သွင်းပြီးတော့ အမာခံတိုက်၊ အားလုံးပဲ ဘေးကနေပြီးတော့ ကူပေးကြ၊ ကိုလာရဲ့ ရှေးစစ်သည်တော်စကေးပြီးသွားတာနဲ့ ယဲ့ဝူမြန် မင်းနဲ့ကိုလာနဲ့ နေရာချင်းလဲလိုက်၊ ငြိမ်းချမ်းခြင်းလိပ်က ရှေ့တက် …”
ရှီဖုန်းက သူ့အဖွဲ့ကိုအမိန့်ပေးပြီးနောက် အရံအတားထဲဝင်လိုက်သည်။
” ယို့လန် မင်းရဲ့ ဧရိယာကြီးမားတဲ့ဂါထာကို အသုံးပြု၊ အားလုံးပဲ ဘော့စ်ရဲ့အမြီးကို ကြည့်ထားကြ …”
ရှီဖုန်းက အမိန့်ပေးပြီးသည်နှင့် သူတို့က အသက်တောင်မရှူတော့ပဲ စတင်လှုပ်ရှားကြပြန်သည်။
ကိုလာက အမှောင်ထုစွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်ပြီးနောက် ယိုယွင်းခြင်းဘုရင်၏ခြေထောက်ဆီ အမှန်တရားပိုင်းဖြတ်ခြင်းကို အသက်သွင်းလိုက်တော့၏။ ပြီးနောက် အမျက်ဒေါသဒိုင်းကိုအသုံးပြုကာ ဆိုင်လာတီဘန်ကို မျှားထားလိုက်သည်။
ယို့လန်ကလည်း သူမ၏ ဧရိယာကြီးမားသည် ပံ့ပိုးမှုဂါထာ အိမ်ဂျယ်၏ကောင်းချီးကို အသက်သွင်းလိုက်သည်။
ရုတ်တရက်တွင် ကောင်းကင်ထဲ၌ ရွှေရောင်နတ်သမီးတစ်ပါး ပေါ်ပေါက်လာတော့သည်။ နတ်သမီးက တေးစတင်သီဆိုသည်နှင့် ရွှေရောင်အရံအတားက အဖွဲ့ဝင်များအားလုံးကို လွှမ်းခြုံသွားတော့သည်။ ရွှေရောင်အရံအတားသည် လူတိုင်း၏အရည်အချင်းကို (၂၀) ရာခိုင်နှုန်းတိုးစေရုံသာမက သူတို့ကိုလည်း ကောင်းကင်ဒိုင်း၏ ပံ့ပိုးမှုပေးစွမ်းထားကာ လက်ခံရရှိသည့်ခုခံမှုကို (၂၀) ရာခိုင်နှုန်း လျော့ချပေးသည်။ နှစ်ခုလုံး မိနစ်သုံးဆယ် ကြာရှည်ခံမှာပဲ ဖြစ်၏။
အားလုံး၏ အရည်အချင်းများ သိသိသာသာတက်သွားသော်ငြား ယိုယွင်းခြင်းဘုရင်ကို တိုက်ခိုက်ရာတွင် သူတို့၏ ထိခိုက်မှုက အတော်လေးနိမ့်နေသေးသည်။ ထိခိုက်မှုက (-၁၀၀၀) ဝန်းကျင်သာဖြစ်စေသည်။ ဓာတ်ကြီးလေးပါးအသုံးပြုသူများက မီးဓာတ်ဂါထာဖြင့် တိုက်ခိုက်ရာတွင် (-၃၀၀၀) ဝန်းကျင်သာ ထိခိုက်စေတာဖြစ်သည်။ သို့သော် ဆိုင်လူတီဘန်၌ HP သန်းခြောက်ဆယ် ရှိသည်။ ငါးစက္ကန့်လျှင် HP ခြောက်သိန်းကလည်း ပြန်တက်သေး၏။ ယိုယွင်းခြင်းဘုရင်ကို စီးနင်းတိုက်ခိုက်ခြင်းက သူတို့ထင်ထားတာထက် ပိုခက်ခဲပေသည်။
အဖွဲ့ဝင်များက ခမ်းနားသောအရှင်ကို ရှီဖုန်းကြာရှည်ခံတိုက်ပေးထားနိုင်သည့်အတွက် ရှီဖုန်းမည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း နောက်ဆုံးတော့နားလည်သွားပြီ ဖြစ်သည်။