ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 941 ပြီးပြည့်စုံသည့် အခြေအနေ
ရုတ်တရက်တွင် သေဆုံးခါနီးသည့် ခေါင်းသုံးလုံးနတ်ဆိုးလူဝံဘုရင်က ဟိန်းဟောက်ပြီးနောက် မြေပြင်ကို ကြမ်းတမ်းစွာ ဆောင့်နင်းလိုက်၏။
ဖုန် …
မြေပြင်က ချက်ချင်းပင် ကွဲအက်သွားပြီးနောက် ခမ်းနားသောအရှင်ထံမှ ထိတ်လန့်ဖွယ်လှိုင်းတစ်ခု ပြန့်ကားလာတော့သည်။ HP နှစ်သောင်းအောက် လျော့နေပြီဖြစ်သည့် ကိုလာက သူ့အသက်ကို မစွန့်စားချင်သောကြောင့် AOE စကေး၏ ထိခိုက်မှုကိုလျော့ချရန်အတွက် ကာကွယ်မှုကောင်းချီးကို အသက်သွင်းလိုက်သည်။ ထိုသို့တိုင် ထိုတိုက်ကွက်မှ သူသည် (-၈၀၀၀) နီးပါး ထိခိုက်မှုရရှိသေး၏။ ဘော့စ်သုံးကောင်နှင့် ကိုက်ခြောက်ဆယ်အတွင်းရပ်နေသည့် မည်သည့် ကစားသမားများကလည်း ထိခိုက်မှုအမျိုးမျိုးရရှိကြပြီး အဝေးဆုံးကစားသမားက ထိခိုက်မှုအနည်းဆုံး ဖြစ်၏။ ထိုသို့တိုင် အဖွဲ့၏ အကွာအဝေးကျယ်ကစားသမားများသည် (-၆၀၀၀) ထိခိုက်မှုအသီးသီး ရရှိသွားကြသည်။
စကေးအသုံးပြုပြီးနောက် လူဝံဘုရင်က ကိုလာကိုရိုက်ချလိုက်တော့၏။ အစောင့်အရှောက်သူရဲကောင်းသည် တိုက်ကွက်ကိုပိတ်ဆို့ရန် သူ့ဒိုင်းကို အမြန် မြှောက်လိုက်သည်။ သက်ရောက်မှုက သူ့ကိုသုံးလှမ်းခန့်နောက်ဆုတ်အောင် ဖိအားပေးခံလိုက်ရသည်။ ပြီးမှ သူ့ကိုသူတည်ငြိမ်အောင်လုပ်ပြီးချိန်မှ HP နောက်ထပ် ငါးထောင်နီးပါး လျော့သွားခဲ့ပြီ ဖြစ်၏။
မျက်တောင်တခက်အတွင်း ကိုလာ၌ HP ငါးထောင်အောက်သာ ကျန်တော့သည်။ ကာကွယ်မှုကောင်းချီးကြောင့်သာမဟုတ်လျှင် သူသည် သေနေလောက်ပြီ ဖြစ်သည်။ သို့သော် လူဝံဘုရင်၏ တိုက်ခိုက်မှုပြီးနောက် ကုသမှုများက ကိုလာကို HP များမြင့်တင်ပေးရာ နှစ်သောင်းကျော်အထိ ပြန်ရောက်သွား၏။
ထိုစဉ် မီးလျှံကကြိုးသည် ခမ်းနားသောအရှင်၏နောက်ကျောသို့ ကွေ့ပတ်သွားခဲ့ပြီ ဖြစ်သည်။ ပြီးနောက် ထောင်ချီအသွင်ပြောင်းခြင်းကို ဝှေ့ရမ်းလိုက်တော့၏။ ရုတ်တရက်တွင် ရေများက မြေပြင်ထဲမှ ရုတ်တရက်စတင်ပန်းထွက်လာတော့သည်။
” သွား …”
မီးလျှံကကြိုးက နတ်ဆိုးလူဝံဘုရင်ဆီသို့ ထောင်ချီအသွင်ပြောင်းခြင်းကို ချောမွေ့စွာ လွှဲယမ်းလိုက်တော့သည်။
ရေနှောင်ကြိုး
လူဝံဘုရင်၏ ခြေထောက်နားတစ်ဝိုက်တွင် ရှိသည့်ရေအိုင်က ကြိုးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီးနောက် ခမ်းနားသောအရှင်၏ ခြေလက်နှင့် ခန္ဓာကိုယ်ကို တင်းကြပ်စွာချည်နှောင်ထားသည်။ လူဝံဘုရင်သည် ရေကြိုးကိုပျက်အောင် အကြိမ်မည်မျှ ကြိုးစားစေကာမူ ကြိုးသည် ခမ်းနားသောအရှင်၏ ခန္ဓာကိုယ်တစ်ဝိုက်၌ အမြဲတမ်းရှိနေပြီးနောက် ကိုလာအား မရိုက်နိုင်အောင်ဟန့်တားထား၏။
လူဝံဘုရင်၏ တိုက်ခိုက်မှုက ကိုလာဆီရောက်သွားသည့်တိုင် ရေ၏ချုပ်နှောင်ထားမှုကြောင့် သာမန်ထိခိုက်မှုက (၇၀) ရာခိုင်နှုန်းဝန်းကျင်သာ ထိခိုက်စေခဲ့သည်။ လူဝံဘုရင်က ကိုလာကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
” အစွမ်းထက်လိုက်တဲ့ စကေးပဲ၊ မဟာအရှင်တစ်ပါးကိုတောင် ထိခိုက်စေနိုင်တယ် …”
နတ်ဆိုးလူဝံဘုရင်၏ တိုက်ပွဲဝင်စွမ်းအား သိသိသာသာလျော့ကျသွားတာကိုမြင်သောအခါ အားလုံးက မှင်သက်သွားကြသည်။
လူတိုင်း တွေဝေမှင်သက်နေစဉ် မီးလျှံကကြိုးက ပိုတောင် အံ့သြဖွယ်ကောင်းသည့်အကွက်ကို ထုတ်ဖော်ပြသလိုက်၏။
မီးလျှံကကြိုးသည် သူမ၏ ဓားတိုကိုလေထဲလွှဲယမ်းလိုက်စဉ် ရေကြာပွတ်က မြေကြီးထဲမှ ပေါ်ထွက်လာပြီးနောက် လူဝံဘုရင်၏ လက်သီးကို ရိုက်ချလိုက်တော့၏။
ဖုန် …
ကြာပွတ်သည် သက်ရောက်မှုကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသော်ငြား လူဝံဘုရင်၏ တိုက်ခိုက်မှုကလည်း ရပ်တန့်သွားတော့သည်။ ပြီးနောက် မီးလျှံကကြိုးသည် ထပ်မံရိုက်နှက်ပြန်ရာ နောက်ထပ်ရေကြာပွတ်သည် လူဝံဘုရင်၏ နောက်ကျောဆီသို့ ကျရောက်သွားသည်။ (-၁၀၀၀၀) ထိခိုက်မှုက ခမ်းနားသောအရှင်၏ ခေါင်းအထက်၌ ချက်ချင်းပေါ်လာရာ သူမ၏ အဖွဲ့ဝင်များကို အံ့သြသွားစေ၏။
” ဒါက ဘာစကေးလဲ …”
ယို့လန်သည် မီးလျှံကကြိုး၏ တိုက်ခိုက်မှုကိုကြည့်နေစဉ် နှုတ်ခမ်းက အလိုလိုရှုံ့မဲ့သွားတော့၏။ မီးလျှံကကြိုးက သူမ၏ ဓားသွားနှစ်ခုကို လွှဲယမ်းပြီး မြဲမြံစွာ ရပ်နေသေးဆဲ ဖြစ်သည်။ နတ်ဆိုးလူဝံဘုရင်ကို အကူအညီမပါပဲ သူမက ဟန့်တားထားနိုင်၏။ ဤတိုက်ပွဲကွင်းပြင်၌ မီးလျှံကကြိုးထက် ပိုအံ့သြစရာကောင်းသည့်သူ မရှိတော့ချေ။ တိုက်တန်စာကြည့်တိုက်ထဲတွင် သူမ သင်ယူခဲ့သည့်စကေး ထိုမျှအစွမ်းထက်လိမ့်မည်ဟု သူမတစ်ခါမှ မထင်ခဲ့မိချေ။
သူမသည် အလွှာတစ် အဆင့်တစ်အထိသို့ အသူရာနှောင်ကြိုးကို အဆင့်မြင့်တင်ရုံသာ ရှိသည်။ ထိုသို့တိုင် စကေးက ခမ်းနားသောအရှင်ကိုအညံ့ခံစေနိုင်ရန် လုံလောက်နေပြီဖြစ်၏။ စကေးကို အလွှာနှစ်အထိ မြင့်တင်နိုင်ခဲ့လျှင် ခမ်းနားသောအရှင်ကို အပြည့်အဝ ဖိနှိပ်နိုင်လောက်ပေသည်။
” ကောင်းတယ်၊ အားလုံးပဲ လူဝံဘုရင်ကို မင်းတို့ရဲ့စွမ်းအားအပြည့်နဲ့ တိုက်ခိုက်ကြ …”
ရှီဖုန်းသည် မီးလျှံကကြိုး၏ စကေးအသစ်ဖြင့် လုပ်ဆောင်ချက်ကိုတွေ့မြင်ပြီးနောက် စိတ်လှုပ်ရှားစွာ အမိန့်ပေးလိုက်တော့သည်။
နတ်ဘုရားနယ်မြေထဲတွင် စကေးများကို အမျိုးအစားသုံးမျိုးခွဲခြားနိုင်သည်။ တိုက်ခိုက်ခြင်းစကေး၊ ကုသခြင်းစကေးနှင့် ထိန်းချုပ်ခြင်းစကေး ဖြစ်ပေ၏။ သို့သော် နယ်မြေစကေးများသာ ဖြစ်သည်။ ဤကဲ့သို့သော စကေးများက အင်မတန်ရှားပါးလွန်းပြီး အလွှာလေးရောက်ရှိပြီးမှသာ ကစားသမားများက ရှာဖွေတွေ့ရှိတာ ဖြစ်၏။ ယင်းက အလွှာသုံးနှင့် အလွှာလေးအမျိုးအစားကြား ကြီးမားသည့် ခွန်အားကွာဟချက် ရှိနေရသည့် အကြောင်းအရင်းများထဲမှ တစ်ရပ်လည်း ဖြစ်ပေသည်။
သို့သော် မီးလျှံကကြိုးသင်ယူခဲ့သည့် နယ်မြေစကေးက စကေးအသုံးပြုသူသည် စကေးသုံးနေစဉ်တွင် လှုပ်ရှား၍မရပေ။ ယင်းက ဟာကွက်ကြီးတစ်ခု ဖြစ်ပေ၏။ ထို့အပြင် စကေး၏ အသုံးပြုနိုင်သည့်ကြာချိန်က သိပ်မကြာပေ။ ရှီဖုန်း ခန့်မှန်းချက်အရ စကေးသည် ဆယ်မိနစ်ကြာရှည်ခံလျှင်တောင် ဆန်းကြယ်နေပြီ ဖြစ်၏။ ထို့ကြောင့် သူတို့သည် မီးလျှံကကြိုးက စကေးကိုဖော်ဆောင်နေစဉ်အတွင်း၌ လူဝံဘုရင်၏ HP ကို လျော့သွားအောင်လုပ်ရန် လိုအပ်သည်။
မီးလျှံကကြိုး၏ ကူညီမှုဖြင့် နတ်ဆိုးလူဝံဘုရင်ကို တိုက်ခိုက်ခြင်းက ပိုမိုလွယ်ကူလာတော့သည်။
လူဝံဘုရင်၏ ခုခံမှုက ယိုယွင်းခြင်းဘုရင်၏ ခုခံမှုနှင့် မယှဉ်နိုင်ပေ။ ယင်းက အမှောင်သတ္တဝါလည်း ဖြစ်ပေ၏။ ရလဒ်အနေဖြင့် ရှေးစစ်သည်တော်စကေးကို အသက်မသွင်းသည့်တိုင် ရှီဖုန်း၏ တိုက်ခိုက်မှုများက (-၂၀၀၀၀) (-၃၀၀၀၀) ဝန်းကျင် ထိခိုက်မှုဖြစ်စေခဲ့သည်။ မီးလျှံကကြိုး၏ ရေနှောင်ကြိုး ပြီးဆုံးသွားသည့်အချိန်၌ နတ်ဆိုးလူဝံဘုရင်သည် HP (၅၀) ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။
ခမ်းနားသောအရှင်၏ HP (၅၀) ရာခိုင်နှုန်းကို ရောက်သွားစဉ် ရှီဖုန်းက အမိန့်ပေးလိုက်တော့၏။
” DPS တွေအားလုံး မင်းတို့တွေ လူဝံဘုရင်နဲ့ ခပ်လှမ်းလှမ်းမှာနေပြီး ခေါင်းနှလုံးလူဝံတွေကို တိုက်ခိုက်ကြ၊ ကုသသူတွေ မင်းတို့ရဲ့ဝိညာဉ်ဓာတ်စွမ်းအားကို အာရုံစိုက်ထား၊ ပြန်လည်အသုံးပြုနိုင်တဲ့ စောင့်စားရချိန်ကုန်သွားပြီဆိုတာနဲ့ ဆေးရည်ကိုသုံး၊ သူတို့ကို ထိန်းထားဖို့ တွေးမနေနဲ့ …”
နတ်ဆိုးလူဝံဘုရင်၏ HP (၅၀) ရာခိုင်နှုန်းအောက် ရောက်သွားသည့်အချိန်တွင် ယင်းက ကြုံရာကစားသမားတစ်ဉီးကို ပစ်မှတ်ထားပြီး တစ်ဟုန်ထိုးတိုက်ခိုက်မှုကို ထုတ်ဖော်ကာ ကစားသမားကိုမေ့လျော့သည့်အခြေအနေထိရောက်အောင် ဖိအားပေးနိုင်သည်။ ပြီးမှ တိုက်ကွက်များ ဆက်တိုက်ဖော်ဆောင်တာပဲ ဖြစ်၏။ ခမ်းနားသောအရှင်၏ တစ်ဟုန်ထိုးဝင်ရောက်တိုက်ခိုက်မှုက ရှေးစစ်သည်တော်တစ်ဦးထက် ပိုမိုအစွမ်းထက်ပေသည်။ အသက်ကယ်စကေးရှိသည့် MT တစ်ဦးတောင် ထိုကဲ့သို့ရက်စက်မှုကို ရင်ဆိုင်ရာတွင် အသက်ရှုရန် မျှော်လင့်ချက်နည်းပေသည်။
ပစ်မှတ်ထားခံရသော ကစားသမား၌ ဓာတ်ကြီးလေးပါးအသုံးပြုသူ၏ ရေခဲအရံအတားကဲ့သို့သော ထိခိုက်မှုကို လွင့်ပြယ်စေသည့် ကာလရှည်ကြာ စကေးတစ်ခု ရှိမနေခဲ့လျှင် သို့မဟုတ် လူဝံဘုရင်၏ တိုက်ကွက် သူ့ဆီရောက်မလာခင် ရှောင်တိန်းနိုင်ခြင်း မရှိခဲ့ပါက ခမ်းနားသောအရှင်၏ နစ်နာသူဆီ သေခြင်းတရားသာ စောင့်စားနေမှာ ဖြစ်သည်။
သို့သော် ကစားသမားများသည် ခေါင်းနှစ်လုံးနတ်ဆိုးလူဝံကို ဦးစွာဖြေရှင်းခဲ့လျှင် မဟာအရှင်နှစ်ဦး၏ HP (၇၀) ရာခိုင်နှုန်းအောက် ရောက်သွားသည့်အချိန်၌ ခမ်းနားသောအရှင်၏ HP က ထိုအထက်တွင် ရှိနေမည်ဖြစ်ရာ မဟာအရှင်များသည် ရှေးစစ်သည်တော်အခြေအနေသို့ ဝင်ရောက်သွားပြီး ခုခံမှုနှင့် တိုက်ခိုက်မှုအရှိန်က (၃၀) ရာခိုင်နှုန်း တိုးသွားပေလိမ့်မည်။
ထို့ကြောင့် လုံခြုံစိတ်ချရရေးအတွက် လူဝံဘုရင်၏ HP ကို (၅၀) ရာခိုင်နှုန်းအောက် လျော့ချပြီးနောက် သူသည် အဖွဲ့၏ အာရုံစိုက်မှုကို ခေါင်းနှစ်လုံးလူဝံဆီသို့ ပြောင်းရွေ့လိုက်တော့၏။ မဟာအရှင်နှစ်ဦး သေဆုံးခါနီးသည်နှင့် သူတို့သည် ခမ်းနားသောအရှင်ကို ဆက်လက်ဖြေရှင်ကြမှာပဲ ဖြစ်သည်။ သို့သော် ထိုအရာအားလုံးကို အောင်မြင်နိုင်ရန်အတွက် အောက်အဖွဲ့၏ နေရာယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ လိုအပ်ပေသည်။ ထို့အပြင် ရေရှည်တိုက်ပွဲဖြစ်သောကြောင့် ကုသသူများ၏ ဝိညာဥ်ဓာတ်စွမ်းအား သုံးစွဲနိုင်မှုသည် စမ်းသပ်ချက်တစ်ခုဖြစ်နေပေ၏။
ခေါင်းသုံးလုံးနတ်ဆိုးလူဝံဘုရင်၏ အခြေအနေအတွက်မူ ရှီဖုန်းက ကိုလာကို ထောက်ပံ့ပေးနိုင်ရန် အစောင့်အရှောက်သူရဲကောင်းလေးဦး ရှိပြီးသား ဖြစ်သည်။
အလွှာတစ် အဆင့်တစ် ကာကွယ်မှုကောင်းချီးက ပြန်လည်အသုံးပြုနိုင်ရန် စောင့်စားရသည့်အချိန်က သုံးမိနစ် စက္ကန့်သုံးဆယ် ဖြစ်သည်။ ပိုမြင့်သည့်အဆင့်တွင် ပြန်လည်အသုံးပြုနိုင်ရန် စောင့်စားရချိန်က လျော့သွားမှာ ဖြစ်၏။ အဖွဲ့ထဲရှိ အဖွဲ့ဝင်တိုင်းက ကျွမ်းကျင်သူများဖြစ်ကြသည်နှင့်အညီ သူတို့၏ စကေးအဆင့်က အလွန်မြင့်သည်။ ကိုလာအပါအဝင် အဖွဲ့၏ အစောင့်အရှောက်သူရဲကောင်းငါးဦးက သူတို့၏ ကာကွယ်မှုကောင်းချီးပေါ်၌ စကေးပြန်လည်အသုံးပြုရန် စောင့်စားရချိန်က သုံးမိနစ်ဝန်းကျင်သာ ဖြစ်သည်။
ကိုလာသည် နတ်ဆိုးလူဝံဘုရင်ကို ဖြေရှင်းနေစဥ် ရှီဖုန်းက အစောင့်အရှောက်သူရဲကောင်းကို အသက်ဖူးပွင့်ခြင်း အသုံးပြုထားသည်။ အသက်ဖူးပွင့်ခြင်းက အသုံးပြုနိုင်သည့်ကြာချိန် စက္ကန့်လေးဆယ်ရှိသည်။ ပြန်လည်အသုံးပြုနိုင်ရန်အတွင် တစ်မိနစ်ခွဲစောင့်စားရသည်။ ကုသသူသုံးဦးထံမှ ကုသမှုထည့်တွက်ပြီးနောက် ကိုလာသည် အသက်ဖူးပွင့်ခြင်း၏ သုံးစွဲနိုင်သည့်အတောအတွင်း ပြိုင်ဘက်ကင်းနေမှာပဲ ဖြစ်သည်။
အသက်ဖူးပွင့်ခြင်း၏ အသုံးပြုနိုင်ရန်စောင့်စားရသည့် အချိန်ကုန်သွားသည်နှင့် ကျန်သည့်အစောင့်အရှောက်သူရဲကောင်းလေးဦးက ကိုလာဆီ ကာကွယ်မှုကောင်းချီး အလှည့်ကျစတင်ရွတ်ဆိုပေးကြမှာ ဖြစ်သည်။ ကာကွယ်မှုကောင်းချီးက သုံးစွဲနိုင်သည့်ကြာချိန် စက္ကန့်နှစ်ဆယ်ဖြစ်သည်။ ထို့ကြောင့် ကိုလာသည် အသက်ဖူးပွင့်ခြင်းကို ထပ်မံအသုံးမပြုခင် သုံးကြိမ်ခန့်သာ သူ့ကို ရွတ်ဆိုပေးရန် လိုအပ်၏။ ကာကွယ်မှုကောင်းချီးဖြင့် ရှီဖုန်း၏ အသက်ဖူးပွင့်ခြင်းမရှိလျှင်တောင် ကိုလာ သေမှာမဟုတ်ပေ။ လိုအပ်လျှင် ရှီဖုန်းက ကိုလာကို လူဝံဘုရင်၏တိုက်ခိုက်မှုမှ အသက်ရှင်နိုင်ရန်အတွက် အသက်ကယ်စကေးတစ်ခု အသက်သွင်းပေးရန်လည်း ပြင်ဆင်ထားခဲ့ပြီး အစောင့်အရှောက်သူရဲကောင်းပေါ်ရှိဖိအားကို လျှော့ချပေးမှာ ဖြစ်သည်။ ထိုနည်းဖြင့် သူတို့သည် မာကျောသည့်ခုခံမှုကို အဝန်းအဝိုင်းကို ဖွဲ့တည်ခဲ့ကြ၏။ အချိန်က လျင်မြန်စွာ ကုန်ဆုံးနေသည်။ ခေါင်းသုံးလုံးနတ်ဆိုးလူဝံဘုရင်က တိုက်ပွဲတစ်ခုလုံးအတောအတွင်း ဆွဲချခံနေရ၏။ ကျန်သည့် အဆင့် (၄၅) မဟာအရှင်နှစ်ဦးအတွက်မူ သူတို့က အနည်းဆုံးတော့ ရှီဖုန်း၏ အဖွဲ့အတွက် စိန်ခေါ်မှုတစ်ရပ်မဟုတ်ပေ။ မြန်မြန်ဆန်ဆန်ပင် မဟာအရှင်နှစ်ဦး၏ HP က (၅) ရာခိုင်နှုန်းအောက်နည်းပါးလျော့သွားခဲ့၏။ ပြီးနောက် ရှီဖုန်းသည် မဟာအရှင်ကိုအာရုံစိုက်ထားရန် အဖွဲ့ကိုညွှန်ကြားပြီးနောက် ကျန်သည့်သူများအားလုံးကမူ လူဝံဘုရင်ကို တိုက်ခိုက်ကြတော့သည်။
နတ်ဆိုးလူဝံဘုရင်၏ HP (၅၀) ရာခိုင်နှုန်းအောက် ရောက်သွားသည့်အချိန်တွင် ၎င်းက တစ်ဟုန်ထိုးတိုက်ခိုက်မှုကို စတင်အသက်သွင်းတော့သည်။ ရှီဖုန်း၏ သတိပေးမှုရှိသော်ငြား လူဝံဘုရင်က မြန်ဆန်လွန်း၏ အဆုံးတွင်မူ လူဝံဘုရင်ပစ်မှတ်ထားခံရသည့် လုပ်ကြံသတ်ဖြတ်ရေးသမားကမူ ချက်ချင်းသေဆုံးသွားခဲ့သည်။ တိုက်ခိုက်နေစဥ် အတောအတွင်း လူဝံဘုရင်ကလည်း ကျန်သည့်သုံးယောက်ဆီ ပြေးဝင်သွားကာ နှစ်ယောက်က သေဆုံးခဲ့ပြီး တစ်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထား၏။
ကံဆိုးသည်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသော ကစားသမားသည် ဒိုင်းစစ်သည်တော်ဖြစ်သည်။
ကစားသမားများက ကျောစိမ့်သွားပြီးနောက် သူတို့၏ စိတ်ဓာတ်ခွန်အားများ ထိုးနှက်ခံလိုက်ရသည်။ လူဝံဘုရင်၏ HP နောက်ဆုံးတွင် လျော့ကျသွားသည်နှင့် အဖွဲ့၌ အဖွဲ့ဝင်များဆုံးရှုံးသွားတော့သည်။
လူဝံဘုရင်၏ HP (၁၀) ရာခိုင်နှုန်းသာ ကျန်သည့်အချိန်၌ အဖွဲ့ဝင် ခြောက်ဆယ့်လေးယောက်သာ ရပ်နေတော့သည်။ ကံကောင်းသည်မှာ အသက်ကယ်ရှင်ကျန်ရစ်သည့်သူများသာ လူဝံဘုရင်၏ တိုက်ခိုက်မှုနှင့် ရင်နှီးနေပြီဖြစ်ကာ တိုက်ခိုက်မှုများအရေအတွက်ကို လျှော့ချနိုင်သေး၏။
” ဝေါင်း …”
ထိုကစားသမားများသည် အောင်ပွဲကိုမြင်နေရစဥ် နတ်ဆိုးလူဝံဘုရင်က သူ့ရင်ဘက်ကိုသူထုပြီးနောက် တစ်ကိုယ်လုံးအနီရောင်အဖြစ် ပြောင်းလဲသွား၏။ ယင်းက အရိုင်းဆန်သည့်အခြေအနေသို့ ဝင်ရောက်သွားတာပဲ ဖြစ်သည်။ ပြီးနောက် ကိုလာ၏ ဒိုင်းဆီသို့ လက်သီးဖြင့် ထိုးချလိုက်ပြီးနောက် ကိုလာကို မြေကြီးပေါ်ဖိထားလိုက်တော့၏။
ကာကွယ်မှုကောင်းချီးဖြင့်တောင် ကိုလာသည် (-၉၀၀၀) ထိခိုက်မှု ရရှိခဲ့သေး၏။ ကုသသူအဖွဲ့သည် ကိုလာကိုတစ်ဖက်မှ ကုပေးနေစဥ် လူဝံဘုရင်၏ နောက်ထပ်ထိုးနှက်ချက်က တစ်ဖက်မှရောက်လာတော့၏။ ယခုအခေါက်တွင် ကိုလာ၏ ခန္ဓာကိုယ်က မြေကြီးထဲမြှုပ်သွားပြီဖြစ်ရာ သူ၏ HP သည် (၅၀) ရာခိုင်နှုန်းအောက် ကျသွားခဲ့ပြီဖြစ်၏။
လူတိုင်းက လူဝံဘုရင် ကိုလာကို ထပ်မံထိုးတော့မည်ဟု တွေးမိသည့်အချိန်၌ ခမ်းနားသောအရှင်သည် အနီးရှိကစားသမားများကို ၎င်း၏ လက်ဖြင့် လွှဲယမ်းရိုက်ချလိုက်တော့သည်။ ချက်ချင်းပင် ကစားသမားများက အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် ပျောက်ကွယ်သွားတော့၏ေ
လူဝံဘုရင်၏ ခွန်အားက ကစားသမားများကို ဆွံ့အသွားစေသည်။ေ
” ဘော့စ်မှာ HP သိပ်မကျန်တော့ဘူး၊ မင်းတို့မှာရှိတာတွေ အကုန်ထုတ်ပြီး တိုက်ကြ၊ ဘလက်ကီ ကိုလာကို စောင့်ရှောက်သူအလင်းတန်း ရွတ်ဆိုပေးလိုက် …”
ရှီဖုန်းက အမြန်အော်လိုက်၏။
ထိုသို့ပြောပြီးနောက် ရှီဖုန်းသည် ကောင်းကင်ဘုံနဂါး၏ စွမ်းအားနှင့် မိုးကြိုးနတ်ဘုရားသက်ဆင်းခြင်းတို့ကို အသက်သွင်းပြီးနောက် အားကုန်ထုတ်ကာ လူဝံဘုရင်ကို တိုက်ခိုက်လိုက်တော့၏။ မီးလျှံကကြိုးကလည်း ပုံရိပ်ယောင်စွမ်းအားကို အသုံးပြုလိုက်သည်။ ယခုအချိန်တွင် တစ်ဖွဲ့လုံးက နတ်ဆိုးလူဝံဘုရင်ကို ကျားကုတ်ကျားခဲ တိုက်ခိုက်နေကြတော့သည်။
အများစုကလည်း အစွမ်းထက်သော မှော်စာလိပ်များကိုအသုံးပြုပြီး ခမ်းနားသောအရှင်ကို တိုက်ခိုက်နေကြသည်။
(၇) ရာခိုင်နှုန်း။
(၅) ရာခိုင်နှုန်း။
(၃) ရာခိုင်နှုန်း။
လူဝံဘုရင်၏ HP လျော့ကျနေစဥ် တစ်ဖွဲ့လုံးက တဖြည်းဖြည်းအရေအတွက် လျော့လာသည်။ မြန်မြန်ဆန်ဆန်ပင် ရပ်နေသည့်ကစားသမားများက (၄၀) ဝန်းကျင်သာ ကျန်တော့၏။ ခမ်းနားသောအရှင်၏ HP တစ်ရာခိုင်နှုန်းအောက် ကျသွားသည့်အချိန်တွင် အဖွဲ့သည် မဟာအရှင်နှစ်ဦးကို အဆုံးသတ်ခဲ့ပြီ ဖြစ်၏။ သို့သော် HP သုံးသိန်းအောက်သာကျန်တော့သည့် နတ်ဆိုးလူဝံဘုရင်၏ စွမ်းဆောင်ရည်က အဖွဲ့ကို စိတ်ပျက်အားငယ်စေသေးသည်။
နဂါးကြေးခွံခန္ဓာကိုယ်ကို အသက်သွင်းထားသည့်တိုင် လူဝံဘုရင်က ကိုလာကို သတ်ဖြတ်ခဲ့သေးသည်။
” သတ် …”
ရှီဖုန်းသည် မီးတောက်ပေါက်ကွဲခြင်းကို အသုံးပြုလိုက်၏။ သို့သော် ၎င်း၏ ပြီးပြည့်စုံသည့်အခြေအနေတွင် နတ်ဆိုးလူဝံဘူရင်၏ ခုခံမှုက မြင့်မားလွန်းနေ၏။ ရှီဖုန်းနှင့် သူ၏ ကိုယ်ခွဲသည် တစ်သိန်းနှစ်သောင်း ထိခိုက်မှုသာ ဖြစ်ပေါ်စေခဲ့သည်။
လူဝံဘုရင်သည် HP တစ်သိန်းသာကျန်တော့သည့်အချိန်၌ အသက်ရှင်ကျန်ရစ်သူ နှစ်ဆယ်အောက်သာ ရှိတော့သည်။ သို့သော် သူတို့တိုက်ခိုက်မှုများက (-၁၀၀၀) ဝန်းကျင်သာ ထိခိုက်စေရာ အများစုသည် ရာဂဏန်းသာ ဖြစ်စေတော့၏။
လူဝံဘုရင်၏ နောက်ဆုံး HP တစ်သောင်းသည် မဖြိုခွင်နိုင်သည့် နံရံနယ် ဖြစ်နေတော့သည်။
ခမ်းနားသောအရှင်သည် HP ငါးသောင်းအောက် လျော့သွားသည့်အချိန်၌ ကစားသမားဆယ်ဦးသာ အသက်ရှင်လျက် ရှိတော့သည်။ အဖြူရောင်ညတောင် မျှော်လင့်ချက် စတင်ဆုံးရှုံးနေပြီ ဖြစ်၏။
ရုတ်တရက်တွင် လူဝံဘုရင်၏ အကြည့်က ရှီဖုန်းဆီ ရောက်သွားသည်။ တွေဝေမနေပဲ ရှီဖုန်းက မြေကမ္ဘာ၏ အသက်သွင်းခြင်းစကေးဖြစ်သည့် အကြွင်းမဲ့ခုခံခြင်းကို အသက်သွင်းလိုက်တော့၏။
လူဝံဘုရင်၏ ရုတ်ခြည်းထိုးနှင်ချက်က ရှီဖုန်းကို ကိုက်သုံးဆယ်အကွာအထိ လွင့်ထွက်သွားစေသည်။ ရှီဖုန်းက ခမ်းနားသောအရှင်၏ ကြောက်မက်ဖွယ်အဟုန်ကို တွေ့သည့်အချိန်၌ ရှီဖုန်းတောင် တုန်ရီသွားမိသည်။ ကံကောင်းသည်မှာ လူဝံဘုရင်က အကြွင်းမဲ့ ခုခံမှုကို မထိုးဖောက်နိုင်ခဲ့ပေ။
ထိုတိုက်ကွက်တွင် ရှီဖုန်း ရှင်သန်နိုင်ခဲ့တာကို မြင်သောအခါ လူဝံဘုရင်က ဒေါသထွက်လာတော့၏။ ဒေါသတကြီးဟိန်းဟောက်ပြီးနောက် ကစားသမားကို တိုက်ခိုက်တော့သည်။ သို့သော် အကြွင်းမဲ့ခုခံခြင်း၏ သုံးစွဲနိုင်သည့်ကြာချိန်က ငါးစက္ကန့်ဖြစ်ရာ လူဝံဘုရင်က ရှီဖုန်းကို ဘာမှမလှုပ်နိုင်ခဲ့ပေ။ ထိုအမျက်ဒေါသပြင်းပြင်းဖြင့် တိုက်ခိုက်မှုက အဖွဲ့၏ ကျန်သည့်အသက်ရှင်ကျန်သူများအတွက် အချိန်ဆွဲပြီးသား ဖြစ်သွားသည်။
ရုတ်တရက်တွင် ရှီဖုန်းက သူ၏အိတ်ထဲမှ အနက်ရောင်မှော်စာလိပ်တစ်ခုကို ထုတ်လိုက်တော့သည်။ ရှေးမှော်စာလိပ်မှ ဖြာထွက်နေသသည့် ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိသောအခါ လူဝံဘုရင်က ကြောက်လန့်မှုကြောင့် တုန်ယင်သွားကာ သူ့မျက်လုံးထဲတွင် အကြောက်တရားများ ပေါ်လာတော့သည်။
” ဒါကို ငါနောက်မှ အသုံးပြုချင်ခဲ့တာ …”
ရှီဖုန်းက မှော်စာလိပ်ကိုကြည့်နေစဥ် သူ့အကြည့်ထဲတွင် တွေဝေမှုများ ရှိနေသည်။ သူသည် ဖီးနစ်မိုးဆီမှ ရလာသည့် အံ့ဖွယ်ရတနာသေတ္တာထဲမှ ထိုအရာကို ရခဲ့တာ ဖြစ်သည်။ အံ့ဖွယ်ရတာနာသေတ္တာကို ဖွင့်ရန်အတွက် ဝိညာဥ်ဓာတ်စွမ်းအား ကျောက်တုံးများစွာ အသုံးပြုခဲ့ရ၏။ ထိုသို့တိုင် အိုင်တမ်နှစ်ခုသာ ရခဲ့သည်။ နှစ်ခုထဲမှတစ်ခုက သူ့လက်ထဲတွင်ရှိသည့် အနက်ရောင်စာလိပ်ဖြစ်သည်။