ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 945 သူတော်စင်မြေ၏ ကစားသမားများ
တိုက်တန်၏ သူတော်စင်မြို့က ကျန်သည့်မြို့များကဲ့သို့ မဟုတ်ပေ။ ရှီဖုန်းနှင့် ကျန်သည့်သူများက ပို့ဆောင်ရေးခန်းမမှ ထွက်လာသည်နှင့် သူတို့မြင်လိုက်ရသည့်အရာကြောင့် အံ့သြမှင်သက်သွားသည်။
အထပ်တစ်ရာခန့်မြင့်သော အဆောက်အအုံများသည် တိုက်တန်မြို့၌ ပြည့်နှက်နေပြီး ခေတ်မီမြို့တစ်မြို့နှင့် တူနေပေ၏။
အမျိုးမျိုးသော ဘဝပုံစံ NPC များက လမ်းပေါ်တွင် လှည့်လည်သွားလာနေသည်။ နတ်ဘုရားနယ်မြေထဲရှိ NPC မြို့များတွင် ကစားသမားများသည် ဘဝပုံစံ NPC များကို မကြာခဏ ကြုံတွေ့ရခြင်းမရှိပေ။ သို့သော် ဤနေရာကမူ ကြုံတွေ့ရန်မခက်ခဲပေ။ ထိုသို့တိုင် ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုက ထိတ်လန့်ဖွယ်အကောင်းဆုံးဖြစ်နေ၏။
လမ်းပေါ်တွင်ရပ်နေရုံဖြင့် လူတိုင်းသည် မဖော်ပြနိုင်သည့် သောကဝေဒနာကင်းမှုကို ခံစားရသည်။ သူတို့စိတ်က အံ့သြဖွယ်ကောင်းလောက်အောင် ကြည်လင်နေပေ၏။
” အနားယူဖို့အတွက် အံ့သြဖွယ်ကောင်းတဲ့ နေရာတစ်ခုပဲ၊ အပြင်လောကမှာ ပင်ပန်းလာပြီးရင် အေးအေးဆေးဆေးအနားယူဖို့ ပြီးပြည့်စုံတဲ့ နေရာပဲ …”
ရေနှင်းဆီက လတ်ဆက်သည့်လေကိုရှူရှိုက်ကာ သူမဘာသာပြောလိုက်၏။ သွေးစုပ်သူကဲ့သို့ အမှောင်ကစားသမားတစ်ဦးတောင် ထောက်ခံကြောင်း ခေါင်းညိတ်လိုက်မိသည်။
“ကောင်းပြီ၊ ကြည့်နေတာ ရပ်တော့၊ အရင်ဆုံး ဘဝပုံစံကစားသမားတပ်ဖွဲ့ဆီကို သွားစစ်ဆေးကြည့်ရအောင် …”
ရှီဖုန်းက ပြောပြီးနောက် သူ့အဖော်အပေါင်းများ၏ တုံ့ပြန်မှုကို ကြည့်ကာ ရယ်မောလိုက်သည်။
အတိတ်တုန်းက လူများစွာသည် တိုက်တန်မြို့ကို သွားရောက်လည်ပတ်ရန် အိပ်မက်မက်ခဲ့ကြသည်။ သို့သည်မှာ အနည်းစုကသာလျှင် ထိုဇိမ်ခံမှုကို တက်နိုင်ပေ၏။ ထို့ကြောင့် သူတို့အဖွဲ့သည် အဆင့်မြင့်မြင်းလှည်းကိုစီးကာ တိုက်တန်မြို့၏ ဘဝပုံစံအဖွဲ့အစည်းဆီသို့ ဦးတည်သွားလိုက်တော့သည်။
တိုက်တန်မြို့ထဲတွင် အဆောက်အဦသုံးခု ရှိသည်။ တစ်ခုက ဘဝပုံစံအဖွဲ့အစည်း၏ မျောလွင့်နေသောကျွန်း ဖြစ်သည်။ တိုက်တန်မြို့၏ သူတော်စင်ဆယ်ပါးက ထိုအထူးကျွန်းကို ဖန်တီးခဲ့ပြီး မြို့၏ အနောက်ပိုင်းဧရိယာအထက်တွင် မျောလွင့်နေစေ၏။ ကစားသမားများသည် ကျွန်းသို့ ရောက်နိုင်ရန်အတွက် ဓာတ်လှေကားပျံကို အသုံးပြုရတာ ဖြစ်သည်။
ယို့လန်နှင့် ကျန်သည့်သူများသည် မီတာလေးရာအမြင့်တွင်ရှိသော ဧရာမကျွန်းကို မြင်သည့်အချိန်၌ သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။ ယို့လန်သည် အစက တိုက်တန်မြို့ထဲရှိ ဘဝပုံစံအဖွဲ့အစည်းသည် တိုင်းပြည်နှင့် အင်ပါယာများထဲရှိ မြို့တော်များတွင်ရှိသော အဖွဲ့ထက်ပိုကောင်းရုံသာရှိမည်ဟု ယူဆခဲ့သည်။ သို့သော် ယခုအချိန်၌ သူမတွေးထင်ထားတာနှင့် အင်မတန်ကွာဟနေကြောင်း သိလိုက်ရသည်။ သူတော်စင်မြို့ကို ဘဝပုံစံအဖွဲ့အစည်းသူတော်စင်မြေဟု ခေါ်ဆိုခြင်းသည် ချဲ့ကားမှုတစ်ခုသာ ဖြစ်သည်။ ရှီဖုန်းက ယို့လန်၏ ထိတ်လန့်မှုကို မပြုံးပဲ မနေနိုင်တော့ချေ။
အတိတ်တုန်းက မဟာဘဝပုံစံကစားသမားများတောင် တိုက်တန်၏ သူတော်စင်မြို့ကို လာရောက်လည်ပတ်ခွင့်ရရန် အိပ်မက်မက်နေကြ၏။ အထဲသို့ရောက်ပြီးနောက် ယို့လန်သည် ချက်ချင်းပင် ဤနေရာအကြောင်းစုံစမ်းရန် NPC တစ်ဦးနား ချဥ်းကပ်လိုက်တော့၏။
” ဟယ်လို မစ္စ၊ ဒီနေ့ ဘာများကူညီပေးရမလဲ …”
သုံးမီတာခန့်မြင့်သည့် သတ္ထုစက်ရုပ်က အရှေ့ခုံ၏ နောက်ကနေလှမ်းမေးလိုက်သည်။
” အလုပ်ရုံတစ်ခု ငှားရမ်းချင်လို့ပါ၊ ရှင်းပြပေးနိုင်မလား …”
ယို့လန်က မေးလိုက်၏။ ချက်ချင်းပင် စက်ရုပ်က ရနိုင်သည့် အမျိုးမျိုးသောအလုပ်ရုံများအကြောင်း စတင်ရှင်းပြတော့သည်။
သို့သော် NPC စက်ရုပ်၏ ရှင်းပြချက်က အကြမ်းဖျင်းများသာ ဖြစ်သည်။ ရှီဖုန်း သိထားသည့် အချက်အလက်ထက် နည်းနေသေး၏။ ထိုသို့တိုင် ၎င်းကိုကြားသည့် ပထမဆုံးကစားသမားများအတွက် ထိတ်လန့်သွားစေရန် လုံလောက်သည်။
ဘဝပုံစံအဖွဲ့အစည်းကို ဧရိယာသုံးခု ခွဲခြားထားသည်။ အဆင့်နိမ့်အလွှာ၊ အလယ်အဆင့်နှင့် အထက်မြင့်အဆင့်တို့ ဖြစ်သည်။
အဆင့်နိမ့်အလွှာသည် ကတော့ချွန်ဧရိယာကို ရည်ညွှန်း၏။ ထိုနေရာတွင် အခြေခံမှ အထူးအဆင့်အလုပ်ရုံများကို မြင်တွေ့နိုင်ပေ၏။ သို့သော် ကျန်သည့် NPC မြို့များထဲတွင်ရှိသည့် အလုပ်ရုံများနှင့်မတူပဲ ဤနေရာရှိ ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုက ပိုမြင့်ပေးသည်။ ဤနေရာရှိ အထူးအလုပ်ရုံများက အကျယ်ဆုံးဆိုင်ထဲရှိ အခြေခံတရားထိုင်ခန်းထက်တောင် သာလွန်ပေသည်။ ငှားရမ်းခကလည်း အလွန်ဈေးကြီးသည်။
တစ်ရက်လျှင် အဆင့်မြင့်အလုပ်ရုံငှားရမ်းခက ရွှေပြားဆယ်ပြားဖြစ်သည်။ အထူးအလုပ်ရုံက တစ်ရက်လျှင် ရွှေပြားနှစ်ဆယ့်ငါးပြား ကျသင့်မှာ ဖြစ်သည်။ ယင်းက သာမန်ဘဝပုံစံကစားသမားများအတွက် များပြားသည့်ပမာဏ ဖြစ်ပေ၏။
ထိုစဥ် အလယ်အဆင့်က မျောလွင့်နေသောကျွန်းပေါ်ရှိ သာမန်အဆောက်အဦများကို ရည်ညွှန်းသည့်ကျွန်း၌ အမျိုးမျိုးသောသုသေသနများကို အခြေခံအဆင့်မှ အဆင့်မြင့်အထိခွဲခြားထားပြီး အကန့်အသတ်မရှိပေ။
သုသေသနအခန်းများက သာမန်အလုပ်ရုံများနှင့် ကွဲပြားခြားနားပေသည်။ ကစားသမားများသည် သူတို့၏ ကိုယ်ပိုင်ဒီဇိုင်းများကို တီထွင်ရန်၊ သုသေသနပြုရန်လိုအပ်သည့် ဒေတာအချက်အလက်များစွာကို သိုလှောင်နိုင်ပေ၏။
ပညာရှင်အဆင့်သို့ရောက်ရန်အတွက် ဘဝပုံစံကစားသမားများသည် သူတို့ကိုယ်ပိုင်အိုင်တမ်ကို ဖန်တီးရန်လိုအပ်သည်။ ထို့အပြင် အဆင့်မြင့်အိုင်တမ်များကို ဖန်တီးရန်လိုအပ်ပေ၏။ ရှိပြီးသားဒီဇိုင်းတစ်ခုမှ အိုင်တမ်တစ်ခုကို ထုတ်လုပ်ရသည်ထက် ပိုမိုခက်ခဲပေသည်။
ထိုသုသေသနအခန်းဖြင့် အဆင့်မြင့်ဘဝပုံစံကစားသမားများသည် ဘဝပုံစံပညာရှင်ကစားသမားဖြစ်လာရန် အခွင့်အရေးပိုမြင့်မားပေ၏။
တိုက်တန်၏ သူတော်စင်မြို့ကို ဘဝပုံစံကစားသမားများအတွက် သူတော်စင်မြေဟုသိကြတာ ထိုအကြောင်းအရင်းကြောင့်လည်း ဖြစ်ပေသည်။ အတိတ်တုန်းက မရေမတွက်နိုင်သည့် ဘဝပုံစံကစားသမားများစွာသည် သူတော်စင်မြို့၏ မြေရာတစ်နေရာရရန်အတွက် ရွှေရာချီသုံးစွဲခဲ့ကြသည်။ သို့သော် မည်သည့်အစည်းအရုံးကမှ သူတို့၏နေရာကို ရောင်းချသည်အထိ ရူးမိုက်သည့်သူများ မဟုတ်ကြချေ။ ထိပ်တန်းအလွှာ စွန့်စားသူအဖွဲ့အစည်းသာလျှင် ဝင်ခွင့်တံဆိပ်ပြားများ ရောင်းချကြ၏။ သို့သော် အမျိုးမျိုးသောအစည်းအရုံးကြီးများက ပုံမှန်ဆို ထိုတံဆိပ်ပြားများကို ဝယ်ယူခဲ့ကြသည်။ တစ်ကိုယ်တော်ဘဝပုံစံကစားသမားများက ရနိုင်ရန် မျှော်လင့်ချက်မရှိပေ။
ထိုသို့ များပြားသည့်အကျိုးအမြတ်ဖြင့် သူသေသနအခန်း၏ ငှားရမ်းခက မသက်သာပေ။ အခြေခံသုသေသနအခန်းတစ်ခန်းက တစ်ရက်လျှင် ငှားရမ်းခရွှေပြားနှစ်ရာ ဖြစ်သည်။ ကစားသမားတိုင်းက ငှားရမ်းနိုင်မှာမဟုတ်ပေ။
အလယ်အဆင့် သုသေသနအခန်းများကမူ တစ်ရပ်လျှင်ရွှေပြားငါးရာ ကျသင့်ပေ၏။ ထို့အပြင် ထိုအခန်းများကို ငှားယူနိုင်ရန်အတွက် ဂုဏ်ထူးဆောင်မြို့သားတစ်ဦးဖြစ်ရန် လိုအပ်ပေသည်။ ထို့အပြင် အခန်းကို ကျန်သည့်သူများအား ငှားရမ်းခွင့်တားမြစ်ထားသည်။
အဆင့်မြင့်အဆင့် သုသေသနအခန်းက တစ်ရပ်လျှင် ရွှေပြားထောင့်နှစ်ရာ ကျသင့်သည်။ တိုက်တန်မြို့၏ အထက်တန်းလွှာများသာလျှင် ထိုအခန်းများသို့ ဝင်ရောက်ခွင့်ရှိပေ၏။ ရှီဖုန်းသည် သူတော်စင်မြို့၏ ဂုဏ်သတင်းအမှတ်များကိုရရန် ကျားကုတ်ကျားခဲကြိုးစားနေရသည့် အကြောင်းအရင်းများထဲမှတစ်ရပ်လည်း ဖြစ်ပေသည်။ လုံလောက်သည့်ဂုဏ်သတင်းများမရှိပဲ သူသည် ငွေကြေးမည်မျှရှိစေကာမူ အဆင့်မြင့်သုသေသနအခန်းကို ငှားရမ်းနိုင်မှာ မဟုတ်ပေ။
လက်တွေ့တွင် လုံလောက်သည့်ဂုဏ်သတင်းမှတ်မရှိပဲ ငှားရမ်းခကတင် ဂိမ်း၏ ဤအဆင့်ရှိ အစည်းအရုံးများစွာကို ဟန့်တားရန်လုံလောက်နေပြီး ဖြစ်သည်။ သို့သော် ကုန်ကျစရိတ်ကို ဂရုတစိုက် တွက်ချက်ကြည့်လျှင် အခန်းများမည်မျှဈေးသင့်မှန်း သဘောပေါက်သွားမှာပဲ ဖြစ်သည်။ အစည်းအရုံးတစ်ခုက ဘဝပုံစံပညာရှင်ကစားသမားတစ်ဦးကို ပြုစုပျိုးထောင်ပြီး သုသေသနအခန်းများထဲမှတစ်ခန်းကို ငှားရမ်းပေးခဲ့လျှင် ထိုကစားသမားသည် ငှားရမ်းခထက်ပိုများသည့်အကျိုးအမြတ်ကို အစည်းအရုံးဆီ သယ်ဆောင်လာပေးနိုင်မှာပဲ ဖြစ်၏။
အလယ်အဆင့်အထက်ရှိ ဧရိယာက ကျွန်း၏ ဗဟိုတွင်ရှိသော မြင့်မြတ်သောမျှော်စင် ဖြစ်သည်။ တိုက်တန်မြို့ထဲရှိ အဓိကအထက်တန်းလွှာ ကစားသမားများသာလျှင် မျှော်စင်ထဲ ဝင်ခွင့်ရှိပေ၏။ ရှီဖုန်း သိသရွေ့က မြင့်မြတ်သောမျှော်စင်ကို ဝင်ခွင့်ရသည့်ကစားသမားများသည် အတိတ်တုန်းက ဖီးနစ်၏အမွှေးကဲ့သို့ ရှားပါးလွန်းပေသည်။ အများစုက မဟာဘဝပုံစံ ကစားသမားများသာ ဖြစ်ကြသည်။ နတ်ဘုရားနယ်မြေ၏ ထိပ်သီးတွင်ရပ်တည်နိုင်သော ဘဝပုံစံကစားသမားများ ဖြစ်ကြသည်။
မြင့်မြတ်သောမျှော်စင်တွင် ပါဝင်သည့်အရာကို ရှီဖုန်းတောင် မသိပေ။
NPC စက်ရုပ်က ဘဝပုံစံအဖွဲ့အစည်း၏ အမျိုးမျိုးသောအကျိုးအမြတ်များအကြောင်းကို ရှင်းပြပေးသည့်အခါ ရှီဖုန်မှတစ်ပါး ကျန်သည့်သူများက ပင့်သက်ရှိုက်မိသွားကြသည်။
” NPC တွေက တကယ်ကျွမ်းကျင်တဲ့ သူခိုးတွေပဲ …”
ဘဝပုံစံအမျိုးအစားကို အာရုံစိုက်ခြင်းမရှိသည့် သွေးစုပ်သူနှင့် အဖြူရောင်ညတောင် သုသေသနအခန်း၏ တန်ကြေးကြောင့် ထိတ်လန့်သွားသည်။
အဆင့်မြင့် သုသေသနအခန်းတစ်ခန်း ငှားရမ်းခက အံ့ဖွယ်အိုင်တမ်တစ်ခုကဲ့သို့ ကုန်ကျနေတာ ဖြစ်သည်။ စူပါအစည်းအရုံးများတောင် တက်နိုင်မှာ မဟုတ်ပေ။
ယို့လန်သည် NPC စက်ရုပ်၏ ရှင်းပြချက်ကိုကြားသောအခါ ဖြူလျော့သွားတော့သည်။ အလုပ်ရုံများ၏ ငှားရမ်းခကတောင် အံ့သြစရာကောင်းနေပြီ ဖြစ်သည်။
သူမသည် ဘဝပုံစံကစားသမားအယောက်နှစ်ဆယ် ပျိုးထောင်ရန် ကုန်ကျစရိတ်ကို တွက်ချက်ကြည့်လျှင် လူတစ်ယောက်က တိုက်တန်မြို့၌ ခြောက်ရက်ခန့်အချိန်ကုန်ရမှာပဲ ဖြစ်သည်။ သူမက အထူးအလုပ်ရုံကို အသုံးပြုရန် လူနှစ်ဆယ်ခွင့်ပေးခဲ့လျှင် ငှားရမ်းခသီးသန့်က ရွှေပြားသုံးထောင် ကျသင့်လိမ့်မည်။ ကုန်ကြမ်းများနှင့် ကုန်ကျစရိတ်ပါ ထည့်တွက်ပြီးနောက် စုစုပေါင်းကုန်ကျစရိတ်သည် ပထမတန်းအစည်းအရုံးကိုတောင် လက်တွန့်စေပေလိမ့်မည်။ ထို့အပြင် သူမ၏ ကိုယ်ပိုင်ငွေကြေးကို အသုံးပြုရမည်ဖြစ်ကာ ထိုကစားသမားအယောက်နှစ်ဆယ်က ခြောက်ရက်အတွင်း၌ အဆင့်မြင့်အဆင့်သို့ ရောက်နိုင်မည်ဟု အာမခံချက် မရှိသေးပေ။